အခန်း ၁၆၁
Vol. 17 Ch. 161
161 01
အပိုင်း (၁၆၁) ဖောက်ပြန်သော စတော့ကာ
နန်ကျဲ့ ရေချိုးခန်းထဲမှ ထွက်လာသော အချိန်တွင် အောက်ထပ်ရှိ လှုပ်လှုပ်ရှားရှား အသံများကို သူ ကြားလိုက်သည်။ သူသည် အစကတော့ အာရုံ မထားပေ။ သူ အိပ်မပျော်တော့တာကြောင့် သူ၏ အတွင်းရေးမှူးကို ခေါ်ကာ အောက်ထပ်ကို သွားပြီး အိပ်ပျော်အောင် ကူညီပေးရန် ဝိုင်နီ တစ်ခွက်ကို သောက်လိုက်သည်။
ဧည့်ခန်းသို့ သူရောက်ရောက်ချင်းမှာပင် သူ၏ အမေသည် ဆိုဖာပေါ်တွင် ထိုင်နေသေးသည်ကို တွေ့လိုက်သည်။
“အမေ ညည့်နက်နေတာကို ထိုင်ပြီး ဘာလုပ်နေတာလဲ”
မစ္စစ် နန်သည် ဘာကိုမှ ဖုန်းကွယ်မထားဘဲ အရာအားလုံးကို ပြောပြလိုက်သည်။
နန်ကောနှင့် သူမဝမ်းကွဲ နှစ်ယောက်၏ ဆက်ဆံရေးမှာ အမြဲတမ်း သာမန်မျှသာ ဖြစ်သည်။ နန်ကျဲ့၏ အမေတွင် စိုးရိမ်မှုများ ရှိရန် သင့်တော်သည်။ သူမလိုပင် နန်ကောနှင့် နန်ရှီထွက်သွားတာကို ကြားလိုက်သော အချိန်တွင် နန်ကျဲ့က သောက်ချင်စိတ် ပျောက်သွားသည်။
“သူတို့ ဘယ်ကို သွားတာလဲ”
“ဒီနားလေးက Youyouလို့ ကြားလိုက်တာပဲ။ အဲ့ဒီ နောက်ထပ် နာမည်က ဘာပါလိမ့်”
မစ္စစ်နန်သည် ခဏတာ စဉ်းစားလိုက်ပြီး ဝိုးတဝါး နာမည်ကို ပြောလိုက်သည်။
လမ်းတစ်လျှောက်လုံး နန်ကျဲ့သည် နန်ကောကို ဖုန်းခေါ်သော်လည်း တစ်ယောက်မှ မကိုင်ခဲ့ပေ။ နန်ရှီကို ဖုန်းခေါ်သော်လည်း နန်ရှီလည်းပဲ မကိုင်ခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် သူသည် မကြာခင်တွင် နန်ရှီ၏ ကားကို တွေ့သွားသည်။
“နန်ကောကော”
သူက ငုံ့ကာ ကားထဲကို ကြည့်လိုက်သည်။ နန်ရှီတစ်ယောက်တည်း ဖြစ်သည်။
“အထဲမှာ”
နန်ရှီသည် အပြင်ဘက်ရှိ မီးရောင်နှင့် ဆိုင်းဘုတ်ဟောင်းကြီးကို ညွှန်ပြလိုက်သည်။
“သူမ သူငယ်ချင်းကို သွားတွေ့မယ်လို့ ပြောသွားတာ။ ကျွန်တော်က ဒီမှာ စောင့်နေတာ ဘာဖြစ်လို့လဲ အစ်ကိုကြီး”
“ငါဖုန်းခေါ်တာ မင်းဘာလို့ မကိုင်တာလဲ။ မင်းဖုန်းက ရှိုးပြဖို့လား”
နန်ရှီက သူ့လက်ထဲရှိ ဖုန်းကို ကြည့်ကာ ရှင်းပြလိုက်သည်။
“ကျွန်တော့် ဖုန်းကို မယူလာဘူး။ ဒါက တစ်ခြားတစ်လုံး”
နန်ကျဲ့သည် ဟိတ်ဟန်လုပ်ကာ ရပ်မနေဘဲ သူ၏ ခေါင်းနောက်ကို ရိုက်ရန် လက်ကို မြှောက်လိုက်သည်။
နန်ရှီ
သူလှည့်ထွက်သွားတာကို မြင်ကာ နန်ရှီသည် သူ့နောက်သို့ လိုက်ရန် စဉ်းစားကာ ကားထဲမှ ထွက်လိုက်သည်။
“သူမ တစ်ယောက်တည်း ဝင်သွားတာ ဆယ်မိနစ်လောက်တော့ ရှိပြီ။ သူမ ဘာမှ မဖြစ်ဘူးမလား။ ကျွန်တော် ကားထဲမှာ စောင့်နေပေမဲ့ သူမ ထွက်မလာဘူး”
နန်ကျဲ့သည် သူ့ကို လျစ်လျူရှုထားပြီး သူတို့နှစ်ယောက်သည် တစ်ယောက်ပြီးတစ်ယောက် စားသောက်ဆိုင်ထဲသို့ ဝင်လာသည်။
စားသောက်ဆိုင်မှာ ကြီးကြီးမားမား မဟုတ်ဘဲ တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သည်။
ထို့ကြောင့် နန်ကျဲ့သည် မနီးမဝေးတွင် ထိုင်နေသော နန်ကောနှင့် ချီယန်ကို ချက်ချင်းတွေ့လိုက်သည်။
ချီယန်သည် သူမ၏ ဆံပင်ရှည်ကို တစ်ဝက်စည်းထားကာ သူမ၏ ဂျာကင်က တစ်ဖက်ကို အုပ်ထားသည်။ သူမက အပြာရောင် ရှပ်အင်္ကျီကို ဝတ်ထားသည်။ သူမ၏ မျက်လုံးများကို မှေးကာ ပန်းကန်လုံးထဲရှိ ခေါက်ဆွဲကို လေးလေးနက်နက် စားနေသည်။ နန်ကျဲ့၏ ထောင့်မှ သူမ မျက်နှာပေါ်ရှိ ခံစားချက်ကို မမြင်နိုင်ပေ။ သူမ၏ ခေါင်းအထက်ရှိ အလင်းရောင်မှာ သိမ်မွေ့နေသည်။ အဲဒါကြောင့် ဖြစ်နိုင်သော်လည်း သူမက တကယ်ကို အရပ်ထဲတွင် မမြင်နိုင်သော နူးညံ့သိမ်မွေ့မှုကို ဖော်ထုတ်ပြသည်။
နန်ရှီ ဝင်လာလာချင်းမှာပင် နန်ကောကို သတိပြုမိသည်။
“သူမ ဒီမှာ ရှိနေပါသေးတယ်။ အစ်ကိုကြီး ကျွန်တော့်ကို လာခြောက်နေတာပဲ။ အစ်ကိုကြီးရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး သူမ ပြန်ပေးဆွဲခံရတယ်လို့ ထင်နေတာ”
သူသည် ပြောရင်းနှင့် နန်ကောကို ကြည့်ဖို့ သွားလိုက်သည်။
သူသည် ရှေ့သို့ ခြေလှမ်းလှမ်းလိုက်သည်နှင့် တစ်စုံတစ်ယောက်က သူ၏ ကော်လံကို ဆွဲကာ လည်ပင်း ညှစ်လိုက်သည်။
စားသောက်ဆိုင်ထဲမှ ဆွဲထုတ်ခံရပြီးသည့်နောက်တွင် နန်ရှီသည် သူ၏ လည်ပင်းကို ပွတ်ကာ နန်ကျဲ့ကို မဝံ့မရဲ ကြည့်နေသည်။
သူသည် ဒေါသထွက်သော်လည်း ဘာမှ မပြောရဲပေ။
သူနှင့် မငြင်းခုံ မတိုက်ခိုက်ရဲပေ။
“ငါ ဒီမှာဆိုတာကို နန်ကောကို မပြောနဲ့”
“ဟမ်”
နန်ရှီ စဉ်းစားမရ ဖြစ်သွားသည်။
“ဘာဟမ်လဲ။ ဒီမှာ ဆက်စောင့်နေလိုက်”
ထိုသို့ နန်ကျဲ့သည် လှည့်ထွက်သွားသည်။ နန်ရှီ ကြောင်သွားသည်။
“အာ မဟုတ်……”
သူထပ်လှည့်လိုက်သော အချိန်တွင် နန်ကျဲ့သည် အဝေးကို ရောက်သွားပြီဖြစ်ကာ နန်ရှီက သူ့မျက်နှာတွင် မေးစရာများဖြင့် ကျန်နေခဲ့သည်။
“ဘယ်ကို သွားမလို့လဲ”
သူ စိတ်ရှုပ်သွားသည်။
နန်ကျဲ့ ထွက်သွားပြီး မကြာခင်မှာပင် နန်ကောက ချီယန်နှင့် ထွက်လာသည်။
“အစ်မ ချီယန် ဒါ ကျွန်မရဲ့ ဒုတိယ အစ်ကိုလေ။ ရှင်ဘယ်မှာ နေတာလဲ။ ကျွန်မ ပြန်ပို့ပေးမယ်လေ။ ဒီအချိန်ကြီး တက္ကစီ ငှားရတာ လွယ်မှာ မဟုတ်ဘူး”
161 02
“မင်းကိုယ်မင်း ဒုက္ခရှာဖို့ မလိုပါဘူး”
ချီယန်သည် သူမ၏ ကုတ်အင်္ကျီကို ထုတ်ကာ အသက်ရှူထုတ်လိုက်သည်။ သူမက ပြုံးပြီး ပြောလိုက်သည်။
“ကျွန်မ အမျိုးရဲ့ အိမ်မှာနေတာပါ။ ခြံက ဒီနားလေးမှာပဲမို့ ခြေကျင်သွားလို့ အဆင်ပြေပါတယ်။ မင်းစောစော ပြန်သင့်တယ်”
နန်ကောသည် တစ်ခုခုကို ပြောချင်သော်လည်း ချီယန်သည် သူမကို လက်ပြကာ သူမ၏ အိတ်ဖြင့် လမ်းတစ်ဖက်ကို ကူးသွားသည်။
သူမသည် ချီယန်၏ နောက်ကျောကို စိုက်ကြည့်ကာ အဝေးကို ကြည့်တော့မည့် အချိန်တွင် သူမ၏ အကြည့်မှာ လမ်း၏ တစ်ခြားတစ်ဖက်ရှိ ဘတ်စကား မှတ်တိုင်၏ နောက်ရှိ ဆေးလိပ်သောက်နေသော ပုံရိပ်ကို တစ်ချက်ကြည့်လိုက်သည်။
“သူ့ကို ကြည့်ရတာ ဘာလို့ ရင်းနှီးနေတာလဲ”
ထိုအချိန်တွင် ဘေးဘက်မှ တစ်ယောက်ယောက်က သူမကို ခေါ်လိုက်သည်။
“မင်း မင်း ပြန်တော့မှာလား”
နန်ကောက ပြန်ပြောလိုက်သည်။
“ပြန်မယ်လေ”
ကားထဲသို့ ဝင်ပြီးနောက် ထိုင်ခုံခါးပတ်ကို ချိတ်လိုက်သည်။
“ဒုတိယ အစ်ကို ဒီကို ရောက်ဖူးလား”
“ဒါပေါ့”
“အို”
နန်ကောသည် သူမ၏ ဖုန်းပေါ်ရှိ ဖုန်းအဝင်ကောကို ကြည့်လိုက်ပြီး သူမ၏ ရင်ထဲတွင် တင်းကြပ်သွားသည်။
“ဒုတိယအစ်ကို ကျွန်မအစ်ကို ရှင့်ကို ဖုန်းခေါ်သေးလား”
“ငါတော့ အဲဒီလို မထင်ဘူး။ ငါ့ရဲ့ဖုန်းကို မယူလာခဲ့ဘူး”
နန်ရှီသည် အမှန်တရားကို ပြောနေသော်လည်း အပြစ်ရှိသလို ခံစားနေရဆဲဖြစ်သည်။
နန်ကျဲ့ ဘာဖြစ်လဲ ဆိုတာကို မသိပေမဲ့ သူ့ကို မနာခံပဲ မနေရဲပေ။
နန်ကောက စောနက ပုံရိပ်ကို ရုတ်တရက် တွေးလိုက်သည်။
ဘယ်လိုမှ မဖြစ်နိုင်။
“ကျွန်မ အစ်ကိုကို အပြင်မှာ တွေ့လိုက်တော့”
“ဟင့်အင်း”
နန်ရှီက အရှက်မဲ့စွာ လိမ်လိုက်သည်။
“တစ်ချိန်လုံး ဝင်ပေါက်မှာ ငါစောင့်နေခဲ့ပေမဲ့ အစ်ကိုကြီးကို ငါမတွေ့ပါဘူး။ အရမ်းနောက်ကျနေပြီလေ။ သူက ဒီကို ဘာလို့ လာမှာလဲ”
“ဟုတ်တယ်”
နန်ကောသည် သူ၏ စိုးရိမ်စိတ်များကို ဖယ်ရှားကာ ပြန်ခေါ်လိုက်သည်။
ဖုန်းမချခင် အချိန် အတော်ကြာ မြည်နေခဲ့သည်။
ထို့နောက် ချက်ချင်းပင် Wechatမှ မက်ဆေ့ ဝင်လာသည်။
နန်ကောသည် မြန်မြန်ရှင်းပြကာ ဆင်ခြေတစ်ခုကို ရှာလိုက်သည်။ သူမ အစ်ကိုက သူမကို လွှတ်မပေးဘူးဟု တွေးနေခဲ့သော်လည်း သူမအစ်ကိုက “အို” တစ်လုံးမှ လွဲ၍ တစ်ခြားဘာမှ မပြောခဲ့ပေ။
သူမ အံ့ဩနေဆဲမှာပင် နန်ကျဲ့က တစ်ခြား မက်ဆေ့ကို ပို့လိုက်သည်။
“နားလည်ပြီ။ ပြန်လာပြီး စောစောနားလိုက်တော့”
၎င်းကို ကြည့်ပြီး နန်ကော တုန်လှုပ်သွားကာ သက်ပြင်းချလိုက်သည်။ သူတကယ့်ကို အိမ်မှာရှိနေသည်ဟု ထင်ရသည်။
ချီယန် ထွက်သွားပြီး သိပ်မကြာခင်မှာပင် သူမ နောက်မှ တစ်စုံတစ်ယောက် လိုက်လာသည်ဟု သူမ ခံစားနေရသည်။
သူမသည် တိုက်ကွမ်ဒိုကို ဘာအတွက်မှ မလေ့ကျင့်ခဲ့ပေ။ ယခုမူ သူမ ဗိုက်ပြည့်နေသောကြောင့် စိတ်ဓာတ်ကျသလို ခံစားနေရသည်။ ထိုအခိုက်အတန့်တွင် သူမ၏ လေကို လွှတ်ထုတ်ရန်နေရာ မရှိတော့ပေ။
သူမနောက်မှ တစ်စုံတစ်ယောက် လိုက်လာခဲ့လျှင် သူဒုက္ခရောက်သွားနိုင်သည်။
သူမ၏ ဆံပင် ချည်ကြိုးကို ထုတ်လိုက်ပြီး သူမ၏ ဆံပင်ကို မြင့်မြင့် ချည်လိုက်သည်။
ကောင်လေးက သင်ခန်းစာ ပေးဖို့ရာ တောင်းဆိုနေသည်။ သူမသည် အပြစ်မတင်နိုင်တော့ပေ။
သူ၏ နောက်မှ မနီးမဝေးတွင် နန်ကျဲ့သည် သူ၏ အကွာအဝေးကို ထိန်းထားပြီး နီးနီးကပ်ကပ်မှ မလိုက်ခဲ့ပေ။
သူမ၏ နောက်ကို ပြေးလိုက်ဖို့ရာ ရည်ရွယ်ချက် မရှိပေ။ ဒီလို ညအချိန်မျိုးတွင် မိန်းကလေး တစ်ယောက် အတွက် လမ်းလျှောက်ရတာဟာ မလုံခြုံဘူးဟု သူခံစားနေရသည်။
အချက်အလက်နှင့် ယှဉ်တွဲ ပြောရမည် ဆိုလျှင် သူမ၏ ရပ်ကွက်မှာ ဟောင်းပြီး ကျဉ်းသောကြောင့် ညဘက်တွင် မီးထွန်းထားသော အိမ်အများကြီး မရှိပေ။ အကယ်၍ တစ်ခုခုသာ ဖြစ်ခဲ့လျှင် သူမ အကူအညီတောင်းခဲ့လျှင်တောင် တစ်ယောက်မှ ဂရုစိုက်မည် မဟုတ်ပေ။
သို့သော်လည်း နန်ကျဲ့ အတွေးလွန်နေသည်ကို တကယ်တမ်း သက်သေပြခဲ့သည်။
သူ၏ ပေါ့ပါးသော ခြေလှမ်းများဖြင့် ပေါ့ပေါ့ပါးပါး လိုက်သွားကာ ရှေ့ကလူကို စိတ်အနှောက်အယှက် ဖြစ်မှာ စိုးရိမ်နေသည်။
သူမ ထောင့်ကို ကွေ့သွားပြီး သူ၏ မြင်ကွင်းမှ တဖြေးဖြေး ပျောက်ကွယ်သွားသည်နှင့် နန်ကျဲက သူ၏ အရှိန်ကို တင်လိုက်သည်။
သူသည် ထောင့်သို့ ရောက်သွားပြီး သူရှာနေသော ပုံရိပ်ကို မတွေ့ရသေးခင်မှာပင် sidekickတစ်ဦးက သတိမပေးပဲ ဘေးမှ ရောက်လာသည်။
နန်ကျဲက ၎င်းကို တားဖို့ရာ သူ့လက်ကို မြှောက်လိုက်သော်လည်း သူ့ကိုယ်သူ တည်ငြိမ်အောင် မလုပ်နိုင်သေးပေ။ သူ၏ နောက်ကျောမှာ နံရံကို ထိသွားပြီး ကြမ်းတမ်းသော နံရံက သူ့ခန္ဓာကိုယ်ပေါ်ရှိ နူးညံ့သော အဝတ်အစားကို ပွတ်ဆွဲသွားသည်။
သူ၏ လက်ဖျံမှာ ထုံနေဆဲဖြစ်သည်။ သူက နူးညံ့စွာ ကျိန်ဆဲလိုက်သည်။ သူသည် ဘယ်လူမိုက် လုပ်တာလဲ ဆိုတာကို သိဖို့ မော့ကြည့်ရန် မလိုအပ်ပေ။
161 03
“ချီယန် မင်း ရူးနေလား”
ကံကောင်းထောက်မစွာဖြင့် သူက မြန်မြန် တားဆီးနိုင်ခဲ့သည်။ မဟုတ်လျှင် သူ၏ ခေါင်းမှာ ကစ်ချက်ကြောင့် ကွဲထွက်သွားနိုင်သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် မြန်မြန်ပြောလိုက်ပြီး ချီယန်၏ ဒုတိယ ကစ်ချက်ကို မြန်မြန် တားဆီးလိုက်နိုင်သည်။
သူတို့ မျက်လုံးချင်း ဆုံသွားသည်။ ချီယန်သည် သူမ၏ လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး သူမ၏ ခြေထောက်နှင့် သူ၏ ခါးမှာ လက်မ အနည်းငယ်သာ ဝေးတော့သည်။
နန်ကျဲ့သည် ဆို့နစ်သွားပြီး သူမ၏ ခြေကျင်းဝတ်ကို ဒေါသကြီးစွာဖြင့် ဖိလိုက်သည်။
“ငါ့ရဲ့ ခါးကို ကန်လိုက်မိပြီး သေရာပါ ဒဏ်ရာ ရသွားမယ်ဆိုရင် မင်းကတော့ သေပြီပဲ”
ချီယန်သည် ရှက်ရွံ့ကာ သူမ၏ ခြေကျင်းဝတ်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး တည့်တည့်ရပ်လိုက်သည်။
“အစ်ကိုနန် ဘာလို့ ရှင် ဖြစ်နေရတာလဲ”
“အဲဒါက ငါ့ကို ကြောက်လန့်သွားစေတယ်။ အဲဒါက စိတ်ပိုင်းဆိုင်ရာ စတော့ကာလို့ ကျွန်မ တွေးနေတာ”
နန်ကျဲက သူ့အင်္ကျီကို ဖုန်ခါလိုက်ပြီး သူမကို စိုက်ကြည့်ကာ
“ဒီလို ကြည့်ကောင်းတဲ့ ဖောက်ပြန်သူမျိုးကို တွေ့ဖူးလို့လား”
******