← Chapters

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း ၁၆၂

Vol. 17 Ch. 162

162 01

အပိုင်း (၁၆၂) ပြီးရင် အဲဒါကို ထိလိုက်ပါ။

ချီယန် ဆို့နစ်သွားသည်။ ယခု ကစ်ချက်ထဲတွင် ခွန်အား ဘယ်လောက် သုံးလိုက်လဲ ဆိုတာကို တွေးပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

“ရှင် အဆင်ပြေရဲ့လား”

“မင်း ပြောကြည့်လေ”

နန်ကျဲ့က သူမကို ကြိမ်းမောင်းချင်ပုံ ပေါ်သည်။

ချီယန်၏ လက်မှာ တုန်လှုပ်နေသည်။

“ရှင်ဘာလို့ ဆေးရုံကို မသွားတာလဲ”

၎င်းမှာ တကယ်ကို နာကျင်သော်လည်း ဆေးရုံ သွားဖို့ အထိတော့ မလိုအပ်ပေ။

နန်ကျဲ့က သူ၏ လက်ကောက်ဝတ်ကို ပွတ်လိုက်သည်။

“ငါ အဆင်ပြေပါတယ်”

သူသည် သူမကို ဒီတိုင်း လွှတ်ထားလိုက်သည်။

“ရှင် တကယ် အဆင်ပြေရဲ့လား။ ရှင့်ရဲ့ ကုတ်အင်္ကျီကို ချွတ်ပြီး ကျွန်မကို ဘာလို့ မပြတာလဲ”

ထိုသို့ ကြားပြီးနောက် နန်ကျဲ့က သူမကို နောက်နောက်ပြောင်ပြောင်ဖြင့် ကြည့်လိုက်သည်။

“မင်းငါ့ကို ငြင်းပယ်ခဲ့ပြီး အခုတော့ ငါ့အင်္ကျီကို ချွတ်ခိုင်းနေပြီလား။ အဲဒါက မကောင်းဘူး မဟုတ်လား”

သူမ တိတ်ဆိတ်သွားတာကို ကြားပြီးနောက် နန်ကျဲ့က သူမကို မစနောက်ရဲတော့ပေ။

“ကျွန်မ တကယ်ကို အဆင်ပြေပါတယ်။ အကန်ခံရပြီးတဲ့နောက်မှာ ယောကျာ်းတစ်ယောက်က ဘယ်လိုလုပ် ချိနဲ့သွားမှာလဲ။ ငါက ပျော့‌ညံ့ညံ့ မိန်းမတစ်ယောက် မဟုတ်ပါဘူး”

ချီယန်က ခေါင်းညိတ်လိုက်ပြီး သူမ၏ အိတ်ကြိုးကို ကိုင်လိုက်သည်။ သူမက ဖြေးဖြေးချင်း မေးလိုက်သည်။

“ရှင်က နန်ကောနဲ့ လာခဲ့တာလား”

“မဟုတ်ဘူး။ သူမ တစ်ယောက်တည်း ထွက်လာတာကို ငါစိတ်ပူလို့ သူမကို ရှာဖို့ လိုက်လာခဲ့တာ။ သူမက မင်းကို တွေ့ချင်နေတာလို့ မပြောခဲ့ဘူး”

သူမက ဖုံးကွယ်ထားချင်သည်။

“ကျွန်မတို့က ပေါ့ပေါ့ပါးပါးပဲ စကားပြောကြတာပါ။ အများကြီး မဟုတ်ပါဘူး”

“ဘာပဲဖြစ်ဖြစ်ပါ”

နန်ကျဲ့က ပခုံးတွန့်လိုက်ပြီး ထိုအကြောင်းကို လုံးလုံး မစိုးရိမ်ပေ။

“မင်းတို့ ဘာတွေ ပြောခဲ့လဲ ဆိုတာ ငါ့ကို ပြောပြဖို့ မလိုပါဘူး။ အဲဒါက မင်းရဲ့ လွတ်လပ်ခွင့်ပါ”

“နောက်ကျနေပြီ။ ပြန်လိုက်တော့။ အရှေ့က အဆောက်အဦးလား။ အဲ့ကို လိုက်မပို့တော့ဘူး။ မင်းကို ဒီကပဲ ကြည့်နေမယ်”

ချီယန်၏ စကားလုံးများ သူမ၏ လျှာထိပ်ပေါ်တွင် အေးခဲသွားသည်။

“ကောင်းပြီ”

သူမက ခေါင်းညိတ်လိုက်သည်။

“ရှင်လည်း ပြန်သင့်ပြီ”

“အင်း”

တုံ့ပြန်ပြီးနောက်တွင် သူမက လှည့်လိုက်သည်။

သူမ၏ နောက်တွင် နန်ကျဲ့က လှည့်လိုက်ပြီး သူမ၏ နောက်ကျောကို တိတ်တဆိတ် ကြည့်လိုက်သည်။ သူမသည် ထွက်သွားဖို့ကို အရေးမကြီးပေ။ သူမသည် အကွာအဝေးကို မော့ကြည့်ကာ တစ်စုံတစ်ခုကို ကြည့်လိုက်သည်။

သူတို့နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် မနှောင့်ယှက်ဘဲ တိတ်ဆိတ်နေသည်။

သူတို့၏ နားထဲတွင် လေတိုက်သံသာ ကြားနေရပုံ ပေါ်သည်။

နန်ကျဲ့၏ လည်ချောင်း ယားလာသလို ခံစားရကာ သူသည် ရုတ်တရက် ဆေးလိပ် သောက်ချင်လာသည်။

ချီယန်၏ နောက်ကျောကို သူ မျက်နှာမူထားသည်။ ဆုံးဖြတ်ချက် ချပြီးနောက်တွင် သူမသည် အသက်ပြင်းပြင်း ရှူလိုက်သည်။ နန်ကျဲ့သည် ဆေးလိပ်မီးညှိဖို့ရာ တုံ့ဆိုင်းနေချိန်မှာပင် သူမက လှည့်လိုက်သည်။

“အစ်ကိုနန် ကျွန်မ ရှင့်ကို တောင်းပန်ချင်ပါတယ်။ အဲ့နေ့က ဖုန်းထဲမှာ ကျွန်မ နည်းနည်းလေး ရိုင်းသွားတယ်။ အဲ‌ဒီအချိန်က ကျွန်မ နည်းနည်း စိတ်ရှုပ်နေတာကြောင့် မစဉ်းစားဘဲ ပြောလိုက်မိတာပါ”

နန်ကျဲ့နှင့် တွေ့တာဟာ ပထမဆုံးအကြိမ် မဟုတ်ဘဲ သူ၏ အကျင့်စရိုက်ကို မလိုက်နာတာတော့ မဟုတ်ပေ။

ဒါတောင် သူမသည် ထိုစကားများကို လေးလေးနက်နက် ပြောနေဆဲ ဖြစ်သည်။ ဘယ်လိုပဲ ကြည့်နေပါစေ ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်လိုက်ပုံပေါ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က သူမသည် ထိုအကြောင်းကို အချိန်တိုင်း တွေးနေပြီး သူမကို သူမ ရိုက်နှက် ပစ်ချင်နေသည်။

သူမသည် သူ့ကို ငြင်းပယ်ချင်လျှင်တောင် ဖြစ်နိုင်သည်။ နောက်ဆုံး စကားကို သူမ ဘာကြောင့် ပြောရမှာလဲ။ အဲ့ဒါက လုံးဝ မမှန်ပေ။

“ဘာမှားလို့လဲ”

သူ၏ အနက်ရောင် မျက်လုံးများက ဂရုမစိုက်သလို တည်ငြိမ်လွန်းသည်။

ချီယန်က မလှုပ်ရှားပေ။

သူက မေးလိုက်သည်။

162 02

“အဲဒါအပြင် မင်းမှာ ငါ့ကို တခြား ပြောစရာ ရှိလား”

ခဏ ကြာပြီးနောက် ချီယန်က ဆက်ပြောလိုက်သည်။

“ငါတို့ သူငယ်ချင်းတွေ ဖြစ်နေသေးတယ်မလား”

သူ အနည်းငယ် ခေါင်းညိတ်လိုက်တာကို မြင်လိုက်ရသောကြောင့် ချီယန်သည် ခွင့်လွှတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

သို့သော်လည်း နောက်တစ်စက္ကန့်တွင် သူမသည် သူ၏ တိုးတိုးလေး ရေရွတ်သံကို ကြားလိုက်ရသည်။

“ငါကြားလိုက်ရတာကို မကြိုက်ပေမဲ့လည်း”

သူမ၏ နှလုံးခုန်သံများ ကျော်သွားသည်။ သူမ၏ သွားများကို ကြိတ်ကာ ပထမဆုံးအကြိမ် မေးခွန်းကို ရင်ဆိုင်လိုက်ရသည်။

“အစ်ကိုနန် ရှင်းရှင်းလင်းလင်း ‌ရှင်းပြတာက ငါ့အတွက် ပိုကောင်းတယ်”

“အဲဒါက ငါတို့ကြားမှာ တကယ်တော့ မဖြစ်နိုင်ဘူး။ နင်က အရမ်းကို ထူးချွန်လွန်းတယ်လို့ ငါဝန်ခံတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က နင့်ကို မတွေ့ခဲ့ဘူး ဆိုရင်တောင် အဲဒါကို ငါသိတယ်။ အဲ့ဒီအချိန်တုန်းက နင့်အကြောင်းကို ယွမ်ချီဆီကနေ ငါ ကြားခဲ့ရတာကြောင့် နင်က ဘယ်လိုလူမျိုးလဲ ငါသိတယ်”

“အဲ့ဒီနောက် ငါတို့ အရမ်း ရင်းနှီးလာတာကြောင့် ငါတို့ကြားက အကွာအဝေးက တစ်ခြားလူတွေထက် ပိုကောင်းတယ်လို့ ငါယုံကြည်တယ်”

“အဲ့ဒီ အကွာအဝေးက အခုအပါအဝင် နောင်ဆယ်စုနှစ် ကြာသွားမယ် ဆိုရင်တောင် အချိန်အတိုင်းအတာဟာ တိုတောင်းသွားမှာ မဟုတ်ပါဘူး”

“မြေပြင်ပေါ်မှာ ငါတို့က ခြေတစ်လှမ်းပဲ ဝေးတယ်။ ဒါပေမဲ့ ငါ့ရင်ထဲမှာ သိနေတာကို နင် နားလည်သင့်တယ်။ ပြောရရင် ငါတို့ကြားထဲမှာ အဆင့်တွေက မရေမတွက်နိုင်အောင် များပြားတယ်”

“လောလောဆယ်တော့ နင့်ကို အမှီလိုက်ဖို့ အရည်အချင်းလဲ မရှိဘူး နင့်ဘေးမှာ ရပ်နေဖို့လည်း သတ္တိမရှိဘူး”

“ငါက သာမန်လူတစ်ယောက်ပါ။ ငါက သေးသိမ်ပြီးတော့ မထင်ရှားဘူး။ လမ်းမပေါ်မှာ ငါ့လိုလူတွေ အများကြီး ရှိတယ်”

“ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် နင်က ကောင်းကောင်း မလုံလောက်နိုင်တာ မဟုတ်ဘူး။ အဲဒီလို စည်းမျဉ်း စည်းကမ်းတွေနဲ့ နင့်ကို မချုပ်ချယ်နိုင်ပါဘူး။ ငါက အမြဲတမ်း ပြသနာ တစ်ခုမဟုတ် တစ်ခု ကြုံနေရတာ”

သူမကိုယ်သူမ ညှဉ်းပန်း နှိပ်စက် လုနီးပါးပင် ဖြစ်သည်။

သူ့ကို တိတ်တဆိတ် ကြည့်ပြီးနောက် သူမ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်ပြီး သူ၏ နာမည်ကို ခေါ်လိုက်သည်။

“နန်ကျဲ့ အဲဒါက တန်ဖိုး မရှိပါဘူး”

သူမ၏ နှုတ်ခမ်းကို ဖိလိုက်ပြီး သူ၏ မျက်လုံးများကို ထပ်မကြည့်ရဲတော့ပေ။ သူမသည် ထိတ်လန့် ကြောက်ရွံ့စွာ အဝေးကို ကြည့်လိုက်သည်။

“အစ်ကိုနန် ရှင့်လက်မောင်းမှာ ညိုမည်းနေပြီ။ အရမ်းကြီး မနာအောင် ပြန်ပြီး ဆေးလိမ်းလိုက်ပါ”

ချီယန်သည် နန်ကျဲ့ကို ထိုသို့ မပြောချင်ပေ။

ထိုသို့ ပြောပြီးနောက် သူမသည် နန်ကျဲ့နှင့် လုံးဝ အဆက်သွယ် ဖြတ်ဖို့ရာ ပြင်ဆင်ပြီးနေပြီ ဖြစ်သည်။

ထိုညသည် စစ်အေး တိုက်ပွဲ အဆုံး၏ အစဖြစ်လိမ့်မည်ဟု သူမ တွေး‌ထားသော်လည်း ထိုကဲ့သို့ ဖြစ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။

“ပြီးပြီလား။ ဒါပဲလား”

နန်ကျဲ့သည် သူ့အိပ်ကပ်ထဲသို့ လက်ထည့်ပြီး သူ၏ မျက်ခုံးကို ပင့်ကာ မေးလိုက်သည်။

“ဒါဆို ငါ့အလှည့်လား”

ချီယန်က ကြောင်သွားသည်။

သူ၏ အမူအရာက ဘာကြောင့် ပုံမှန် မဟုတ်ရတာလဲ။

“အကြာကြီး ပြောပြီး‌ အဓိပ္ပာယ် မရှိတဲ့ စကားတွေပဲ”

သူ၏ ခေါင်းကို လှည့်ကာ စီးကရက်ကို မီးညှိလိုက်သည်။ သူ၏ အမူအရာမှာ မပြောင်းလဲပေ။

“ငါကြားချင်တဲ့ အသုံးအနှုန်း တစ်ခုမှ မရှိဘူး။ ပြီးတော့ အသုံးဝင်တဲ့ စကားလဲ တစ်ခုမှ မပါဘူး”

ချီယန်

“ငါ”

သူမ၏ ပါးစပ်ကို ဟလိုက်သည်။

နန်ကျဲ့က သူမ၏ အဓိပ္ပာယ် မရှိသော စကားများကို နားမထောင်ချင်ပေ။ သူမကို တားဖို့ရာ သူ၏ လက်ကို မြှောက်လိုက်သည်။

“မင်း ဘာမှ ထပ်ပြောစရာ မလိုဘူး။ ငါ့ရဲ့နားက မင်းပြောတာကို ရှင်းရှင်းလင်းလင်း ကြားနိုင်သေးတယ်။ အခု ငါပြောမယ်”

ထိုအချိန်တွင် သူ၏ အမူအရာမှာ နောက်ဆုံး၌ လေးနက်လာသည်။

“မင်း ငါ့ကို မကြိုက်ဘူးဆိုတာ မဟုတ်ဘူး မလား”

ဆေးလိပ်ငွေ့များကို ဖြတ်ကာ ချီယန်သည် သူမ၏ ပုံရိပ်ကို မလွတ်တမ်း လိုက်ဖမ်းနေသော သူ၏ တည်ငြိမ်သော မျက်လုံးများကို တွေ့လိုက်သည်။

“အဲ့ဒါက အရေးမကြီးဘူး”

ချီယန် သက်ပြင်းချလိုက်သည်။

“ငါတို့ကြားမှာ……”

သူမ ပြောလို့ မပြီးနိုင်ခင်မှာပင် ထိုလူက သူ၏ စီးကရက်ဘူးကို ထုတ်လိုက်ပြီး သူမ၏ လက်ကောက်ဝတ်ကို သူ၏ ရှေ့သို့ ကြမ်းတမ်းစွာ ဆွဲထုတ်လိုက်သည်။

162 03

“အဲဒါက အရေးမကြီးလို့ မင်း အခုလို ပြောလိုက်တာလား”

“မင်း ဒီလို အဓိပ္ပာယ် မရှိတာတွေကို ပြောရတာ ကြိုက်တာကို ငါဘာလို့ အရင်က မသိခဲ့ရတာလဲ”

“အခု မင်းပြောတာတွေ အကုန်လုံးကို ငါကြားတယ်။ အခုက စပြီး ဘာတစ်ခုမှ ထပ်မကြားချင်တော့ဘူး”

“ငါမင်းကို တစ်ခုပဲမေးမယ်။ မင်း ငါ့ကို ကြိုက်လား မကြိုက်ဘူးလား။ ဖြေပြီးရင် ငါမင်းကို သွားခွင့်ပြုမယ်”

ချီယန်၏ မျက်လုံးများ ကျယ်လာပြီး သူ့ကို မော့ကြည့်ရန် ဖိအားပေးလိုက်သည်။

ထိုအခြေ‌အနေမှာ သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းထား ခံရသလို ဖြစ်နေသည်။

၎င်းမှာ နီးကပ်လွန်းသည်။

သူမသည် ဆို့နစ်သွားပြီး သူ၏ ဆန့်ကျင်ဘက်သို့ မရမက တွန်းထုတ်နေသည်။

နန်ကျဲ့က သူ၏ မျက်လုံးနက်များကို မှေးလိုက်ပြီး ရုတ်တရက် ပြုံးလိုက်သည်။

“မင်းက ခေါင်းမာတာပဲ။ ငါ့လိုမျိုး လူကို မင်းက ဘာလို့ မကြိုက်နိုင်ရတာလဲ။ ဒါဆို မင်းရဲ့ နှလုံးခုန်နှုန်းက ဘာလို့ အရမ်း မြန်နေရတာလဲ။ ပြောနေရင်းနှင့် သူ၏ လက်ချောင်းများက သူမ၏ လက်ကောက်ဝတ်ကို ညင်သာစွာ ပွတ်သတ်ရင်း ကျီစယ်နေသည်။

“အို ဒါမှမဟုတ် မင်းရဲ့ သူငယ်ချင်းကောင်းတွေနဲ့ တွေ့တဲ့ အချိန်တုန်းက ဒီလိုလုပ်တာလို့ မင်းပြောနေတာလား”

ရွဲ့ပြောသော လေသံနှင့် သူက တမင်တကာ ပြောလိုက်သည်။ ကျောင်းတွင် ယွမ်ချီနှင့် သူမ အတူ လမ်းလျှောက်နေတုန်းက ပြောခဲ့သော လေသံနှင့် အလွန် ဆင်တူသည်။

“နင့်ငါ့ကို ရုတ်တရက် ‌ဆွဲလိုက်ပြီး လန့်အောင်လုပ်လို့ ငါ့နှလုံးခုန်နှုန်းတွေ မြန်နေတာ‌ပေါ့”

ချီယန် တကယ်ကို စိတ်တိုနေသည်။

“အဲဒီလို လား”

နန်ကျဲ့က သူ၏ လျှာကို လိပ်လိုက်သည်။

“မင်းကြိုက်တဲ့ လူကို တွေ့တဲ့ အချိန်မှာ မင်းရဲ့ နှလုံးခုန်နှုန်းက ပိုမြန်လိမ့်မယ်လို့ ငါထင်တယ်”

ချီယန် ရှက်သွားသည်။

“ဘယ်သူပြောလဲ”

“နင်လေ”

“ဘာ”

“ငါမင်းကို တွေ့တဲ့ အချိန်ဆို ငါလည်း အဲဒီလို ပဲ နှလုံးခုန်တယ်”

“မင်း ငါ့ကို မယုံဘူးလား”

သူ၏ မျက်ခုံးများ လှုပ်ရှားသွားသည်။ သူသည် သူမ၏ လက်ကို ဖမ်းကာ ဂျာကင်ကို ဖြတ်ကာ သူ၏ ရင်ဘတ်ကို တွန်းလိုက်သည်။

“ဒါဆို ဒီနေရာကို ထိပြီး မင်းထက် မြန်မြန် ခုန်နေရတာကို မြင်လိမ့်မယ်”

******

All Chapters