← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

165 01

အပိုင်း (၁၆၅) ဥက္ကဌနန် စိတ်မလှုပ်ရှားပါနဲ့။

အဘိုးကြီးနန်သည် သူ၏ နာကျင်မှုများကို သည်းခံကာ သူ၏ ပန်းချီ စစ်စစ်များကို ပေးလိုက်သည်။ ထိုသို့ပြောပြီးနောက် သူသည် နောက်တစ်စက္ကန့်တွင် အောက်စီဂျင် မျက်နှာဖုံးကို အသုံးပြုရတော့မည့်ပုံ ပေါ်သည်။

သို့သော်လည်း နန်ကျဲ့က ၎င်းကို သဘောမပေါက်ခဲ့ပေ။ သူသည် ယဉ်ကျေး သိမ်မွေ့သော အမျိုးသား မဟုတ်သည့် အတွက် ပန်းချီနှင့် ရှေးဟောင်း ပစ္စည်းလို အရာများ ဘယ်တုန်းကမှ မရှိခဲ့ပေ။

“ကျွန်တော်က ဘာလို့ လိုချင်ရမှာလဲ။ ကျွန်တော် ပြန်သွားတဲ့ အချိန် ဘယ်မှာ ချိတ်ထားရမှာလဲ။ အိမ်သာထဲမှာလား”

အဘိုးကြီးနန်က ဆို့နစ်သွားသည်။ တစ်ဖက်တွင် သူ၏ အဖိုးတန် ပန်းချီများကို စော်ကားသည့်အတွက် ဒေါသထွက်နေသော်လည်း တစ်ခြားတစ်ဖက်တွင် သူသည် ဘေးဥပဒ်မှ လွတ်မြောက်သွားသည်ဟု ခံစားနေရသည်။

“ဒါဆို မင်း ဘာလိုချင်လဲ။ ဒီအတောအတွင်း ကောင်းတာ ဘာတစ်ခုမှ ငါမတွေ့သေးဘူး။ မင်းသဘောကျတဲ့ သစ်ကြားသီးတွေထဲက တစ်ခုကို နောက်ဆုံး အကြိမ်တုန်းက ငါ့လက်ထဲမှာ ရခဲ့တယ်။ ငါ့မှာ ဘာအသစ်မှ မရှိဘူး”

ထိုသို့ ကြားပြီးနောက် နန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်။ အဘိုးကြီးနန် တစ်ခုခု ထူးဆန်းနေသည်ဟု သူခံစားနေရသည်။

“အဲဒီမကောင်းတဲ့ သစ်ကြားသီးကို ဘယ်သူက ဂရုစိုက်မှာလဲ။ ကျွန်တော် ဘာမှ မလိုချင်ဘူး”

သူလိုချင်တဲ့ အရာမှန်သမျှကို အရင်ကတည်းက သူ့အိမ်သို့ ရွှေ့ပြီးသား ဖြစ်သည်။ အခုအချိန်ထိတောင် ၎င်းတို့ကို ချန်ထားလိမ့်မည် မဟုတ်ပေ။

“ရှေးဟောင်း ပစ္စည်းတွေနဲ့ မင်းအခန်းထဲက တစ်ခြား ပစ္စည်းတွေကို မလိုချင်တော့ဘူးဆိုရင် ပြောလိုက်ပါ။ ပစ္စည်းတွေကို ခွဲဖို့ သူတို့ သုံးယောက်ကို ခေါ်လာခဲ့မယ်။ ဒီလို အဓိပ္ပာယ် မရှိတဲ့ ပစ္စည်းတွေကို ခွဲဝေဖို့ ငါ့ကို ဘာလို့ မပြောတာလဲ”

အဘိုးကြီးနန်၏ သေခြင်းတရားနှင့် ရင်ဆိုင်နေရတာကို စိုက်ကြည်းရင်း သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လူသုံးယောက်က သူတို့၏ လက်များကို အကြိမ်ကြိမ် ဝှေ့ယမ်းပြနေသည်။

သူတို့သည် ကမူးရှူးထိုး မလုပ်ရဲကြပေ။

အဘိုးကြီးနန်က သူတို့ကို သတ်လိမ့်မည်။

သူတို့၏ နာခံသော အမူအရာများကို ကြည့်ကာ အဘိုးကြီးနန်သည် သူ၏ အကြည့်များကို ကျေနပ်စွာ ရုပ်သိမ်းလိုက်ပြီး နန်ကျဲ့ကို အပြုံးလေးနှင့် မေးလိုက်သည်။

“ဒါဆို ဘာလို့ မနက်ခင်း စောစောစီးစီး ဒီမှာ ထိုင်နေတာလဲ။ ဘာလို့ အရမ်း စောနေတာလဲ။ မအိပ်ချင်ဘူးလား”

“နေ့လည်ခင်းမှာ လုပ်စရာ အများကြီး မရှိဘူးလေ။ မွေးနေ့ပွဲက ညမှစမှာလေ။ ဒီရက်အနည်းငယ် အတွင်း ကုမ္ပဏီမှာ မင်း အရမ်း အလုပ်ရှုပ်နေတာမလား။ မင်း ပိုနားသင့်တယ်”

မျှော်လင့်ထားသလိုပင် နန်ကျဲ့၏ သဘောထားများက စာရွက်လှန်သော နှုန်းထက် ပို၍ မြန်မြန် ပြောင်းလဲသွားသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော မူလတန်း ကျောင်းသား သုံးယောက်က ၎င်းကို ကျင့်သုံးနေပြီဖြစ်သည်။

မြေးလေးယောက်ကြားတွင် နန်ကျဲ့သည် အစား‌အသောက် ကွင်းဆက်၏ ထိပ်ပိုင်းတွင် သံသယ ရှိသူ တစ်ယောက်ဖြစ်သည်။ သူတို့၏ အသက်အရွယ်များအရ ပိုငယ်ရွယ်လေလေ နှစ်သက်မှု ပိုနည်းလေလေ ဖြစ်သည်။

ဒုတိယနှင့် တတိယ မြေးတို့သည် အဘိုးကြီးနန်၏ ရင်ထဲတွင် ပုံမှန်အားဖြင့် နန်ကောထက် နေရာ ပိုရကြပြီး အဘိုးကြီးက သူတို့ နှစ်ဦးအပေါ် ပို၍ သဘောထား ကြီးပေလိမ့်မည်။ သို့သော်လည်း လက်ရှိတွင် နန်ကျဲ့ ရှိနေသ၍ သို့မဟုတ် နန်ကျဲ့မှ လွဲ၍ သက်ရှိများ အားလုံးသည် တန်းတူဖြစ်ပြီး အဘိုးကြီး၏ မျက်လုံးထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း နန်ကောနှင့် သူတို့၏ ဆက်ဆံရေးမှာ သိပ်မဆိုးပေ။

သူတို့ ငယ်ငယ်တုန်းကတော့ သူတို့အားလုံးက မတုန်လှုပ်ကြပေ။ အဘိုးကြီးနန်နှင့် အဘွားကြီးနန်က နန်ကောသည် စကား‌စပြောတာ နောက်ကျပြီး စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူဟု ပြောတာကို သူတို့ အမြဲတမ်း ကြားခဲ့ရသည်။ ၎င်းကို အချိန်အတော်ကြာ ကြားပြီးသည့် နောက်တွင် ကလေးများက အလေးအနက်ထားကာ သူတို့သည် ကောင်းကောင်း မသိဘဲ နန်ကော၏ ရှေ့တွင် ပြောနေကြသည်။

ထိုအရာများကြောင့် သူတို့၏ ဆက်ဆံရေးများသည် ထိုအချိန်တွင် တင်းမာနေဆဲဖြစ်သော်လည်း နောက်ပိုင်းတွင် တိုးတက်လာသည်။ အခြေခံအားဖြင့် သူတို့ ကြီးပြင်းလာသော အချိန်တွင် သူတို့ နှစ်ယောက်လုံးသည် နန်ကောကို စိတ်ညစ်စေမဲ့ ဘာအကြောင်းမှ မပြောတော့ပေ။

တစ်ဖက်တွင်တော့ အားလုံးမှာ နန်ကျဲ့၏ ကျေးဇူးပင် ဖြစ်သည်။ တစ်ခြားတစ်ဖက်တွင် သူတို့အားလုံးသည် အရွယ်ရောက်လာကြပြီး ပြောသင့် မပြောသင့်ကို သိလာကြသည်။ ဟာသပြောကြသော အချိန်တွင် တစ်ဖက်လူက ရယ်စရာလို့ မြင်လျှင် ၎င်းမှာ သင့်လျော်သည်။ ဒါကို လူကြီးများက သိသည်။

165 02

နန်ကောကို ယခု တွေ့ရတာဟာ သူတို့ အတွက်တော့ အဆင်မပြေပေ။ သူတို့သည် သိပ်မရင်းနှီးကြသော်လည်း ဝမ်းကွဲများ ဖြစ်နေသေးသည်။ တကယ်တော့ သူတို့ကြားတွင် ဘာအငြိုးမှ မရှိပေ။ နောက်ဆုံးတွင် သူတို့သည် မိသားစုများ ဖြစ်ကြသည်။

“ညက ငါအိပ်လို့ မပျော်ဘူး။ ငါအခုထိ မအိပ်ရသေးဘူး။ နောက်မှပဲ အိပ်ဖို့သွားလိုက်မယ်”

“အိပ်မပျော်တဲ့ ရောဂါလား”

အဘိုးကြီးက ၎င်းကို ကြားပြီးသော အချိန်တွင် သူ အံ့ဩသွားသည်။

“အိပ်ယာ အသစ်မှာ အိပ်ရတာ သက်တောင့် သက်သာ မရှိဘူးလား။ ဟင်း…….. အိပ်ယာ မပြောင်းဖို့ မင်းအဖွားကို ငါပြောပေမဲ့ သူမက သေချာပေါက်ကို ပြောင်းလိုက်သေးတယ်။ ဘယ်လို အရူးက သူမကို ထပ်ပြီး ဦးနှောက်ဆေးလိုက်ပြန်ပြီလဲ မသိဘူး။ အရင်က တစ်ခုက သက်တောင့်သက်သာ ရှိတာ ငါသိတယ်။ အဘွားကြီး ဘာတွေ တွေးနေလဲ မသိတော့ဘူး”

နန်ကျဲ့က သတင်းစာကို အေးအေးဆေးဆေး ပြောင်းလိုက်သည်။

“မွေ့ယာနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျွန်တော့်ဘာသာ အိပ်မပျော်တာပါ”

“မ‌ေန့ညက ဘယ်လိုလုပ်ပြီး အိပ်မပျော်နိုင်ရတာလဲ။ ညက ကော်ဖီ အများကြီး သောက်လိုက်မိလို့လား။ မဟုတ်ပါဘူး မင်းသောက်တာလဲ ငါမတွေ့ပါဘူး”

အဖိုးကြီးနန်သည် ထိုကဲ့သို့ အရာမျိုးကို မကြိုက်သော်လည်း နိုင်ငံခြားဝိုင် အချို့ အပါအဝင် တခြား သောက်စရာများကို နန်ကျဲ့ ကြိုက်တတ်သောကြောင့် အိမ်ဟောင်းတွင် အမြဲတမ်း ပြင်ဆင်ထားလေ့ရှိသည်။

အတိုချုပ် ပြောရရင် အဘိုးကြီးနန် သို့မဟုတ် အဘွားကြီးနန်နှင့် သက်ဆိုင်ပုံ မပေါ်သော ဘယ်အရာမဆို ပုံမှန်အားဖြင့် နန့်ကျဲနှင့် သက်ဆိုင်ခြင်းမှာ တခြား ဘယ်သူတွင်မှ ထိုကဲ့သို့ ဆက်ဆံမှုမျိုး မရှိသောကြောင့် ဖြစ်သည်။

“စိတ်ပူနေတာ ရပ်လိုက်တော့။ ကျွန်တော် ပင်ပန်းမှပဲ သွားအိပ်လိုက်မယ်”

နန်ကျဲ့က သူ့ကို စိတ်ရှုပ်သွားသည်။

“တကယ်လို့ အဖိုး သတင်းစာ မဖတ်ချင်ဘူးဆိုရင် အပေါ်ကို သွားလိုက်တော့။ ဒီမှာ တကယ့်ကို နည်းနည်း ဆူညံနေပြီ”

လွတ်ငြိမ်းချမ်းသာခွင့် ရပြီးနောက်တွင် အဖိုးကြီးနန်သည် မြန်မြန် သဘောတူလိုက်ပြီး ကြာကြာမနေဘဲ ပြေးထွက်သွားလိုက်သည်။

မနက်ခင်းတွင် နန်မိသားစု၏ လူတိုင်း ရှိနေကြပြီး ထမင်းစားခန်းမှာ ပြည့်နေသည်။

လေထုသည် အုံ့မှိုင်းကာ တိတ်ဆိတ်နေသည်။

အဘိုးကြီးနန်သည် အစားစားနေစဉ် စကားမပြောတတ်သော အလေ့အကျင့်ကြောင့် မဟုတ်သော်လည်း အဓိကအားဖြင့် လူတိုင်းသည် နန်ကျဲ့ပေါ်တွင် အာရုံ ရောက်နေသောကြောင့် ဖြစ်သည်။

ထိုလူတွေ ထိုင်ချလိုက်ပြီးနောက်တွင် သူသည် စားပွဲထိုး တစ်ယောက်နှင့် တူနေသည်။ တစ်ခဏတော့ သူသည် အဘိုးကြီးနန်နှင့် အဘွားကြီးနန်ကို ဂရုစိုက်ပြီး နောက်တစ်ခဏတွင်တော့ မစ္စတာနန်နှင့် မစ္စ်နန်ကို ဟင်းပွဲများ ချပေးလိုက်သည်။ အရင်က သူဆူတာကို ခံနေရသော ဦးလေးနှင့် အန်တီတောင်မှပင် ထိုအထူး ဝန်ဆောင်မှုကို တန်းတူ ခံစားနိုင်သည်။ သူတို့၏ ပန်းကန်ထဲတွင် ကြက်ဥကြော်တစ်လုံးစီ ပါကြသည်။

အန်တီ နှစ်ယောက်သည် သံသယရှိစွာ ကြည့်နေပြီး မကြာသေးခင်က သူတို့ ဘာအမှားများ လုပ်ခဲ့လဲဆိုတာကို သူတို့ တွေးနေကြသည်။ သူတို့က ဘာကြောင့် ဒီသခင်လေးကို ထပ်ပြီး ရန်စခဲ့ကြတာလဲ။

သူမသည် အမြဲတမ်းလိုလို မပြုံးတတ်သော ဦးလေးကို ကြည့်လိုက်သည်။ ထိုအချိန်တွင် သူတို့သည် ကြက်ဥကြော်ကို ကိုင်ထားကြသည်။ သူတို့သည် အလွန် ထိသောကြောင့် ငိုလုမတတ်ပင် ဖြစ်သည်။ သူတို့သည် ပြောရင်းဖြင့်

“ကျဲ့က တကယ်ကို ကြီးပြင်းလာပြီပဲ”

ဒီနေ့တော့ နန်မိသားစုက လူတိုင်းက နန်ကျဲ့ မူမမှန်တာကို သတိထားမသော်လည်း ဘာကြောင့်လဲ ဆိုတာကို ဘယ်သူမှ မသိပေ။

ထို့ကြောင့် ထိုနေ့တွင် လူတိုင်းက ကြောက်ရွံ့ တုန်လှုပ်နေကြသည်။ သူတို့ဆီမှ နန်ကျဲ့ တစ်ခုခုကို စောင့်နေတယ်လို့ သူတို့ ခံစားနေရသည်။

နန်ကျဲ့ ဒုက္ခရောက်မှာကို သူတို့ စိုးထိတ်နေကြသည်။

ညနေခင်းတွင် ယွမ်ကျန်းအိမ်ကြီး၏ ပွဲခမ်းမမှာ အလွန် အသက်ဝင်နေသည်။

နန်ကောသည် ဖုန်းလက်ခံရရှိပြီးသည့်နောက်တွင် သူမသည် မစ္စတာ နန်ကို မြန်မြန် နှုတ်ဆက်လိုက်ပြီး ရှန်ရန်ချင်းကို ကြိုရန် အထဲမှ ပြေးထွက်သွားသည်။

ပထမထပ်ရှိ ဟောခန်းထဲတွင်…

လက်ထောက်ယွမ်နှင့် မြောင်မြောင်တို့သည် ရှန်ရန်ချင်းနှင့် ပွဲသို့ လိုက်လာသည်။

သူတို့နှစ်ယောက်သည် ပစ္စည်း အများကြီးကို သယ်ကာ ရှန်ရန်ချင်း နောက်မှ လိုက်လာသည်။

နန်ကော ဆင်းလာသော အချိန်တွင် ရှန်ရန်ချင်းသည် သူ၏ ခေါင်းကို စောင်းကာ ပင်မ ခန်းမထဲရှိ မှန်ကို ကြည့်နေသည်။ သူ့ကိုယ်သူ ခေါင်းကနေ ခြေဖျားထိ သုံးသပ်နေသည်။

နန်ကော သူ့အိမ်သို့ ဧည့်သည်အဖြစ် သွားခဲ့သော နောက်ဆုံး အကြိမ်က သူမလည်းပဲ စိတ်လှုပ်ရှားခဲ့သည်။ ‌ဒီနေ့တွင်တော့ အခန်းကဏ္ဍများ ပြောင်းလဲသွားကာ သူ၏ အလှည့် ဖြစ်သည်။

သို့သော်လည်း သူ စိုးရိမ်နေသော အချိန်တွင် သူ၏ အမူအရာမှာ နန်ကောကဲ့သို့ မသိသာပေ။ တကယ်တော့ သူသည် နှစ်ပေါင်းများစွာ မုန်တိုင်းများနှင့် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။

စိတ်အေးအေးထား။

စိုးရိမ်ပူပန်မှု ခံစားနေရသည်ကို မသိသာအောင် သူ၏ နှုတ်ခမ်းကို ဖိလိုက်သည်။

သူသည် တကယ်ကို ပုံမှန်ဖြစ်သည်။

ထိုအရာက အကောင်းဆုံးဖြစ်သည်။

လက်ထောက်ယွမ်က သူ့ကို ညင်သာစွာ နှစ်သိမ့်ပေးသည့် တိုင်အောင်

“ဥက္ကဌရှန် မစိုးရိမ်ပါနဲ့”

ရှန်ရန်ချင်းသည် ကြောင်သွားကာ သူ့ကို အံ့ဩစွာ ကြည့်လိုက်သည်။

165 03

“ငါက စိုးရိမ်နေတာလို့ မင်း ဘယ်လိုလုပ်ပြီး ပြောနိုင်တာလဲ”

လက်ထောက်ယွမ်က သူ၏ နဖူးကို ထိုးပြလိုက်သည်။

“ချွေးတွေ”

“ဟေး ဥက္ကဌရှန် ကမ္ဘာကြီးကို ရှင် မြင်ဖူးလား။ ကြောက်ဖို့ မလိုပါဘူး”

၎င်းမှာ မြောင်မြောင်သည် ရှန်ရန်ချင်းကို ထိုကဲ့သို့ မြင်ဖူးတာ ပထမဆုံး အကြိမ်ဖြစ်သည်။ သူမသည် မနေနိုင်တော့ပဲ သူ့ကို စလိုက်သည်။

လက်ထောက်ယွမ် သက်ပြင်းချလိုက်သည်။

“အဲဒါက ဒီနေ့နဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ။ အဘိုးကြီးနန်နဲ့ အဘွားကြီးနန်က စကားပြောရခက်တယ် ဆိုတဲ့ ကောလဟာလတွေရှိတယ်။ တစ်ခြားလူကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲသည်။ ဥက္ကဌရှန်က ဒီနေ့ တကယ်ကို ခက်ခဲတဲ့ တိုက်ပွဲနဲ့ ရင်ဆိုင်ရတော့မှာ”

နန်မိသားစု၏ အကြီးနှစ်ယောက်သည် ကျန်းမြို့တွင် ကိုင်တွယ်ရန် အလွန်ခက်ခဲသည်ဟု လူအများက အသိအမှတ် ပြုကြသည်။

ထိုအကြောင်းကို ဂရုတစိုက်တွေးကြည့်တော့ အဓိပ္ပာယ် ရှိသည်။

သူမက သက်ပြင်းချလိုက်သည်။

“ဟင်း လက်ထောက်ချန် ကျွန်မတို့ နှစ်ယောက်က တစ်ကိုယ်ရည် သမားတွေဖြစ်နေသေးပြီး ဒီနယ်ပယ်မှာ အတွေ့အကြုံ မရှိဘူး။ ကျွန်မတို့ ဒီနေ့ အများကြီး မကူညီနိုင်ဘူး”

လက်ထောက်ယွမ်က ပြောလိုက်သည်။

“ဒါပေါ့ အနာဂတ်မှာ မိန်းကလေးနန်ကို လက်မထပ်ရမှာ မကြောက်ဖူးဆိုရင် နောက်ပိုင်း ဥက္ကဌ အဆူခံရတဲ့ အချိန်မှာ ကျွန်တော်နဲ့ မြောင်မြောင်က ကူညီပြီး လက်တုံ့ပြန်ပေးနိုင်တယ်”

မြောင်မြောင်က သံယောင်လိုက်သည်။

“ကျွန်တော်တို့မှာ တိုက်ခိုက်ရေး စွမ်းအား နည်းနည်းတော့ ရှိနေတုန်းပဲ”

ရှန်ရန်ချင်းက ယဉ်ကျေး သိမ်မွေ့စွာ ပြုံးပြနေသေးသည်။

“ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီနေ့တော့ မင်းတို့ နှစ်‌ယောက်ကို ငါ မခေါ်လာသင့်ဘူး”

လက်ထောက်ယွမ်နှင့် မြောင်မြောင်က ဆွံ့အနေသည်။

******

All Chapters