← Chapters

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း ၁၆၇

Vol. 17 Ch. 167

167 01

အပိုင်း (၁၆၇) သားတစ်ယောက် မွေးပြီးတဲ့ မိသားစုက ဂုဏ်ဒြပ်တွေ ရရှိတယ်။

မစ္စတာနန် နှင့် မစ္စစ်နန်တို့က ပို၍ပင် အရေးထားလာသည်။ ပွဲစတင်ပြီးသည့် နောက်ပိုင်းတွင် သူတို့သည် တခြားဧည့်သည်များက နှောက်ယှက်မှာ စိုးသောကြောင့် သူစားပြီးပြီးခြင်းမှာပင် ရှန်ရန်ချင်းကို ခေါ်ထုတ်သွားရန် နန်ကောကို ပြောလိုက်သည်။ တကယ်တော့ ယခု ရှိနေသော လူအများစုသည် ရှန်ရန်ချင်းကို မြင်ဖူးသည်မှာ ပထမဆုံး အကြိမ်ဖြစ်ပြီး သူနှင့် သိခွင့်ရဖို့ အခွင့်အရေးကို လိုချင်ကြသည်။

အဖိုးကြီးနန်နှင့် အဘွားကြီးနန်ကို ရှင်းပြပြီးသည့်နောက်တွင် ဘယ်သူ့ကို မဆို လှည့်စားနိုင်သော နန်ကျဲ့ထံသို့ ရောက်သွားသည်။

ရှန်ရန်ချင်းသည် ကျန်းမြို့နှင့် သိပ်မရင်းနှီးပေ။ ခဏအကြာတွင် နန်ကောသည် သူ့ကို ဘယ်ခေါ်သွားရမလဲ မသိပေ။ မစ္စစ်နန်က သူတို့ကို တစ်နာရီအတွင်း ပြန်လာရန် သတိပေးလိုက်သည်။

လက်ထောက်ယွမ်နှင့် မြောင်မြောင်တို့က လိုက်မလာပေ။

၎င်းမှာ သူတို့ နှစ်ယောက်တည်း ပိုင်သော အချိန်ဖြစ်သည်။

ပင်မ ခန်းမမှ သူမ ထွက်လာလာခြင်းမှာပင် နန်ကောသည် သူမ၏ ပခုံးပေါ်တွင် နွေးထွေးမှု တစ်ခုကို ခံစားလိုက်ရသည်။ ထိုအမျိုးသား၏ နွေးထွေးသော ဂျာကင်ကို သူမပေါ်သို့ ခြုံပေးလိုက်သည်။

“ကိုယ်တို့ ဘယ်သွားကြမလဲ”

ရှန်ရန်ချင်းက မေးလိုက်သည်။

နန်ကောသည် သူ၏ ဂျာကင်ကို ကိုင်ကာ လှည့်ကြည့်လိုက်သည်။

အနီးအနားရှိ ပန်းခြံတွင် သွားထိုင်ဖို့ရာ ပြောတော့မည့် အချိန်တွင် တစ်ခုခုကို ရုတ်တရက် တွေးမိသွားကာ ဝမ်းသာ အားရဖြင့် သူ့ကို လှည့်ကြည့်လိုက်သည်။

“ဒီနားမှာ ကျွန်မ အထက်တန်း ကျောင်းတုန်းက ကျွန်မ အစ်ကို ဝယ်ပေးထားတဲ့ တိုက်ခန်းတစ်ခု ရှိတယ်။ အဲ့ဒီ အချိန်တုန်းက ပုံမှန်ဆို အဲ့မှာပဲ နေတယ်။ ဘာဖြစ်လို့ ရှင့်ကို ကြည့်ဖို့ မခေါ်သွားမိပါလိမ့်”

“ကိုယ်လည်း သဘောကျတယ်”

ရှန်ရန်ချင်းသည် ထုံးစံအတိုင်း ကန့်ကွက်ခြင်း မရှိပေ။

သူမ၏ မှတ်ဉာဏ်အတိုင်း နန်ကောသည် ရှန်ရန်ချင်းကို ရပ်ကွက်ထဲသို့ လမ်းလျှောက်ခေါ်လာသည်။ ၎င်းမှာ ယွမ်ကျန်းအိမ်ယာနှင့် တစ်လမ်းသာ ဝေးသည်။

ကံကောင်းထောက်မစွာဖြင့် အိမ်ခြံမြေ လုံခြုံရေးသည် သူမ၏ မျက်နှာကို မှတ်မိသောကြောင့် နန်ကောသည် အပြင်တွင် သော့မခတ်ထားပေ။ ရှစ်လွှာသို့ ရောက်ပြီးနောက် သူမ၏ ရှေ့ရှိ တံခါးကို ကြည့်ကာ လွန်ခဲ့သော နှစ်အနည်းငယ်က စကားဝှက်ကို ကြိုးစားကြည့်သည်။ ညင်သာသော အသံနှင့် တံခါးက ပွင့်သွားသည်။

“စကားဝှက် မပြောင်းထားတာ အံ့ဩစရာပဲ”

နန်ကောသည် တံခါးကို မြန်မြန် ဖွင့်လိုက်သည်။

“ဝင်ခဲ့ ဝင်ခဲ့”

တိုက်ခန်းမှာ ပုံမှန် အတိုင်း သန့်ရှင်းရေး လုပ်ထားသောကြောင့် အချိန်အတော်ကြာကြီး လူမနေဘူးလို့ တွေးဖို့တောင် သပ်ရပ်နေဆဲဖြစ်သည်။

ပစ္စည်းများကို နေရာချထားခြင်းမှာ နန်ကော၏ ထင်မြင်ချက်များဖြင့် လုံးဝ တူနေသည်။ သူမသည် ဧည့်ခန်းရှိ မီးများကို ဖွင့်လိုက်ပြီး ရှန်ရန်ချင်း၏ ဂျာကင်ကို ဆိုဖာပေါ်တွင် ထားလိုက်သည်။ သူမသည် သူ့ဘက်ကို လှည့်လိုက်ပြီး နေရာကို သူနှင့် မိတ်ဆက်ပေးလိုက်သည်။

“အဲ့ဒီတုန်းက ကျွန်မရဲ့ အတန်းတွေက မကောင်းဘူး။ ကျွန်မရဲ့ အစ်ကိုက ကျောင်းနဲ့ အနီးနားမှာ ဒီတိုက်ခန်းကို ဝယ်ခဲ့ပြီး ကျွန်မနဲ့ စာလေ့လာခဲ့တာ”

“ကျွန်မရဲ့ကျောင်းက စောနက ကျွန်မတို့လာတဲ့ လမ်းရဲ့ ညာဘက် နှစ်လမ်းမှာ ရှိတယ်။ နောက်ပြီး ရှင်ပြန်ရင် ဖြတ်သွားတဲ့ အချိန်မှာ မြင်ရလိမ့်မယ်”

အရင်က ဒီအကြောင်းကို နန်ကျဲ့က ရှန်ရန်ချင်းကို ပြောပြပြီးသားဖြစ်သည်။

သူသည် အခန်း၏ ပတ်ပတ်လည်ကို ကြည့်ကာ သူ၏ အကြည့်များက တီဗွီပုံပေါ်ရှိ ဓာတ်ပုံ ဘောင်ပေါ်သို့ ရောက်သွားသည်။

ဓာတ်ပုံထဲတွင် နန်ကောသည် သူမ၏ ဆံပင်ကို ကျစ်ဆံမြှီး ကျစ်ကာ ချောင်နေသော ကျောင်းဝတ်စုံကို ဝတ်ထားသည်။ သူမသည် ကင်မရာကို လက်နှစ်ချောင်း ထောင်ပြနေသည်။

ထိုအချိန်တွင် နန်ကောမှာ ၁၆နှစ် ဖြစ်သည်။

ကလေးမလေးမှာ လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း လုံးဝ ပြောင်းလဲသွားခြင်း မရှိပေ။ သူမသည် ငယ်ပုံရှိသေးသည်။

“မင်းအစ်ကိုက ဒီမှာ လာပြီး မင်းကို ဂရုစိုက်ပေးတာပေါ့”

“ဟုတ်တယ် ဟုတ်တယ်”

နန်ကော ခေါင်းညိတ်လိုက်သည်။

“သူက နေ့တိုင်း ကျောင်းမှာ လာကြိုပြီးတော့ ကျူရှင် သင်ပေးတယ်။ ညမှည ကျွန်မတို့ အမေက လာပြီးတော့ ညစာပါ ယူလာပေးတယ်”

ထိုတိုက်ခန်းမှာ သိပ်မကြီးပေ။ အိပ်ခန်း သုံးခန်းနှင့် ဧည့်ခန်း တစ်ခန်း ရှိသည်။

“ဒါက ကျွန်မရဲ့ အိပ်ခန်း”

167 02

နန်ကောသည် မီးဖွင့်ကာ ကြည့်ဖို့ရန် သူ့ကို ခေါ်သွားသည်။

“အခုရော ဒီမှာ တစ်ခါတစ်လေ လာနေဖြစ်သေးလား”

ရှန်ရန်ချင်းသည် အထဲရှိ ပစ္စည်းများကို ကြည့်ကာ ထိုတိုက်ခန်းမှာ မကြာသေးခင်ကမှ နေထိုင်ခဲ့ဖူးသည့် ပုံစံ မဟုတ်ကြောင်း ခံစားမိသွားသည်။

စားပွဲပေါ်တွင် ဖတ်စာအုပ်များ၊ အလုပ်စာအုပ်များ၊ အရုပ်နှင့် ပန်းရောင် စာရွက်များဖြင့် ပြည့်နေသည်။ ကုတင်ဘေးတွင် အဖြူရောင် သားမွှေး ဖိနပ်တစ်ရံလည်း ရှိသည်။

“မဟုတ်ဘူး ကျွန်မ အထက်တန်းကျောင်း ပြီးကတည်းက ဒီမှာ မနေတော့ဘူး”

နန်ကောသည် စားပွဲပေါ်ရှိ စာအုပ်များကို ပေါ့ပေါ့ပါးပါး လှန်ကြည့်လိုက်သည်။

“ဒီနေရာကို ကျွန်မအတွက်တော့ အိမ်မက်ဆိုးလို့ ယူဆနိုင်တယ်။ ဘွဲ့ရပြီးတဲ့နောက်မှာ ဘာကိုမှ မတွေးဘဲ အိမ်ပြောင်းခဲ့တယ်။ ကျောင်းစတက်ပြီးတဲ့ နောက်မှာ ကျောင်းဝင်းထဲမှာပဲ နေခဲ့ပြီး အားလပ်ရက်တွေမှာပဲ အိမ်ပြန်ဖြစ်တော့တယ်။ ‌လာဖို့အတွက် အခွင့်မသာခဲ့ဘူး”

“ဒီတိုက်ခန်းက ဗလာ ဖြစ်နေပြီလို့တောင် ကျွန်မထင်တာ။ ကျွန်မ အသက် ၂၅နှစ် မတိုင်ခင် လက်ထပ်မယ် ဆိုရင် ဒီတိုက်ခန်းကို ကျွန်မကို အပိုင်ပေးမယ်လို့ အရင်က ကျွန်မ အစ်ကိုက ပြောဖူးတယ်”

နန်ကောသည် စားပွဲကို မှီကာ ထိုအိမ်၏ တန်ဖိုးကို တွက်နေသည်။

“ပြီးခဲ့တဲ့ နှစ်နှစ် အတွင်း အိမ်တွေရဲ့ ဈေးနှုန်းက အရမ်းကို တက်လာတာ။ ဒီနေရာဆိုရင် အနည်းဆုံး သိန်းနှစ်ဆယ် တန်တယ်”

ရှန်ရန်ချင်းက ရယ်ရင်း မောရင်း ပြောလိုက်သည်။

“ဒါဆို မင်းကိုယ့်ကို စဉ်းစားလို့ရပြီ”

“ဟမ်”

သူဘာပြောလဲ ဆိုတာကို နန်ကော သဘောပေါက်သွားသော အချိန်တွင် သူမ၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။

“စောပါသေးတယ်”

လက်ထပ်ခြင်းမှာ သူမနှင့် အနည်းငယ် ဝေးနေသေးသည်။

သူမ၏ ခေါင်းကို လှည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

“အဟမ်း တက္ကသိုလ်ကနေ ဘွဲ့ရပြီးမှ ပြောကြတာပေါ့”

တိုက်ခန်းမှ သူတို့ ထွက်သွားပြီးသော အချိန်တွင် နန်ကောသည် သူမနှင့်အတူ သေတ္တာ တစ်ခုကို ယူလာသည်။

သေတ္တာထဲတွင် သူမကျောင်းတက်စဉ် ကာလတုန်းက ပြန့်ကျဲနေသော အရာများဖြင့် ပြည့်နေခဲ့သည်။ သူမသည် အိမ်ကိုပြန်ပြီး သေချာကြည့်ဖို့ရာ စီစဉ်ထားသည်။

ပွဲ ပြီးဆုံးသွားသည့်‌ နောက်တွင် နန်ကောသည် ရှန်ရန်ချင်း၏ ကားထဲသို့ ဝင်ကာ နန်မိသားစု၏ အိမ်ဟောင်းကို ပြန်လာခဲ့သည်။

လက်ထောက်ယွမ်သည် ကားမောင်းကာ လိုက်လာပြီး နန်ကျဲ့၏ ကား ရှေ့မှ ဖြစ်သည်။ ထောင့်တစ်ခုကို လှည့်လိုက်ပြီးနောက် သူတို့၏ ရှေ့တွင် ကားတစ်စီးပြီး တစ်စီး ရပ်ထားတာကို တွေ့လိုက်ရကာ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ရင်းနှီးသလို ခံစားနေရသည်။ သူအရင်က ‌ဒီကို ရောက်ဖူးသလို ဖြစ်နေသည်။

သူသည် နောက်ကြည့်မှန်ကို တစ်ချက်ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဥက္ကဌရှန် ကျွန်တော်တို့ အရင်က ဒီကို လာဖူးလား။ ဒီပတ်ဝန်းကျင်ကို အရင်က တစ်နေရာရာမှာ မြင်ဖူးသလို ခံစားနေရတယ်”

ထိုသို့ ကြားပြီးနောက် နန်ကောသည် နောက်ထိုင်ခုံတွင် သူမ၏ အင်္ကျီ ဝတ်နေတာကို ရပ်လိုက်သည်။

လက်ထောက်ယွမ်၏ သတိပေးချက်ကို ကြားပြီးနောက် မနေ့ညက ရှန်ရန်ချင်း၏ အမေကို တွေ့ခဲ့တာ သတိရသွားသည်။

သူမ၏ ခေါင်းကို စောင်းကာ ရှန်ရန်ချင်းကို ကြည့်လိုက်သည်။

“ရှင့်ရဲ့ အမေက ဒီမှာ နေတာတော့ မ….မဟုတ်ဘူးမလား။ ကျွန်မ မနေ့ညက သူမနဲ့ တိုက်မိခဲ့သေးတယ်”

ရှန်ရန်ချင်းက သူ၏ ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်ပေ။ လက်ထောက်ယွမ်၏ စကားကို သူပြောသော အချိန်တွင် သူလှည့်ကာ တံခါး၏ အပြင်ကို ကြည့်တော့မည့် အချိန်တွင် နန်ကျဲ့၏ စကားက သူ့ကို မြန်မြန် ရပ်သွားစေသည်။

“မင်း သူမနဲ့ ထပ်တွေ့သေးတာလား”

သူ၏ အကြည့်များက အနည်းငယ် ကြောင်သွားသည်။

“မင်းကို ထပ်ပြီး ပြသနာ ရှာသေးလား”

ခေါင်းစဉ်မှာ အနည်းငယ် ထိလွယ်ရှလွယ် ဖြစ်ခဲ့သည်။ အရှေ့ခန်းတွင် ထိုင်နေသော လက်ထောက်ယွမ်နှင့် မြောင်မြောင်သည် နားမထောင်ရဲသောကြောင့် ကားထဲမှ အရင် ထွက်လိုက်သည်။

နန်ကောသည် နောက်ထိုင်ခုံကို မှီကာ သူမ၏ ခေါင်းအထက်ရှိ စိတ်ကူးယဉ်ဆန်သော ကားခေါင်မိုးကို ကြည့်ကာ ခေါင်းခါလိုက်သည်။

“ကျွန်မ အစ်ကိုလည်း ရှိတယ်”

ထိုသို့ ကြားပြီးနောက် ရှန်ရန်ချင်း စိတ်သက်သာရာ ရသွားကာ သက်ပြင်းချလိုက်သည်။

နန်ကျဲ့၏ ခွန်အားကို သူကိုယ်တိုင် ခံစားဖူးသည်။ နန်ကျဲ့၏ အနီးအနားတွင် နန်ကောကို ဘယ်သူမှ အနိုင်မကျင့်ရဲပေ။

“ဒါဆို ရှင့်ရဲ့ အမေလည်း ဒီမှာ နေတာလား”

ရှန်ရန်ချင်းသည် ပြတင်းပေါက်၏ အပြင်ဘက်ကို ကြည့်လိုက်သည်။ ပတ်ဝန်းကျင်မှာ တကယ်ကို ရင်းနှီးသည်။

“ဟုတ်တယ်။ သူ့ရဲ့ ပိုင်ဆိုင်မှုတွေက အမြဲတမ်း ဒီနားမှာ ရှိတယ်။ သူနိုင်ငံကို ပြန်လာတဲ့ အချိန် ဒီမှာ နေတာ ဖြစ်နိုင်တယ်”

“အော်”

နန်ကော ခေါင်းညိတ်လိုက်သည်။ သူမသည် တိုက်ဆိုင်မှု အပေါ် မှတ်ချက်ချကာ ဆက်မပြောနိုင်တော့ပေ။

167 03

လူကြီးများက အပြင်မှာ ရှိနေသေးသောကြောင့် ရှန်ရန်ချင်းသည် ဘာမှ မပြောတော့ပဲ နန်ကောနှင့် အတူ ကားအပြင်သို့ ထွက်လိုက်သည်။

အရမ်းနောက်ကျနေပြီး အဖိုးကြီးနန်သည် ရှန်ရန်ချင်းကို အလွန်ကြိုက်သောကြောင့် သူ၏ ရှေးဟောင်းပစ္စည်းများကို ကြည့်ရန် သူ့ကို ဖိတ်ခေါ်လိုက်သည်။ ထို့ကြောင့် သူသည် ထိုညတွင် နန်မိသားစု၏ အိမ်၌ နေရန်သာ ရှိတော့သည်။

လက်ထောက်ယွမ်နှင့် မြောင်မြောင် နေဖို့ရန် အနီးအနားရှိ ဟိုတယ် တစ်ခုကို ရှာတွေ့သွားသည်။

နန်ကောသည် ရေချိုးကာ အဝတ်စား လဲပြီးသည့် အချိန်တွင် အောက်ထပ်ရှိ အဖိုးကြီး၏ ချီးမွမ်းသံကို ကြားလိုက်ရသည်။

သူသည် ရှန်ရန်ချင်းနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိပုံပေါ်သည်။

အဖိုးကြီးနန်သည် ရှန်ရန်ချင်းကို အချိန် အတော်ကြာ သွားခွင့် မပြုခဲ့ပေ။ အဆုံးတွင် နန်ကျဲ့က လှုပ်ရှားကာ သူတို့၏ ဧည့်သည်များကို အနားယူဖို့ အချိန်ကျပြီဟု ပြောလိုက်သည်။ ထိုမှသာ ရှန်ရန်ချင်းသည် အပေါ်ထပ်ကို သွားဖို့ရာ အခွင့်အရေး ရှိသွားသည်။

သူ လှေကားထစ်ပေါ်သို့ နင်းလိုက်သည်နှင့် နန်ကောသည် ဒုတိယထပ်၏ ထောင့်တွင် ပုန်းကာ သူ့ကို လက်ပြနေသည်ကို တွေ့လိုက်ရသည်။

၎င်းကို ကြည့်လိုက်ရာ သူမသည် ထိုနေရာတွင် အချိန်အတော်ကြာ ရှိနေခဲ့သည်။

သူတက်လာလာချင်းမှာပင် နန်ကောသည် သူ့ကို အခန်းထဲသို့ ဆွဲခေါ်လိုက်သည်။

“မင်း အပြင်မှာ နေနေတာ ဘယ်လောက်တောင် ကြာပြီလဲ”

ရှန်ရန်ချင်းသည် သူမ၏ ပါးပေါ်ရှိ ရေတစ်စက်ကို သုတ်လိုက်ကာ ပြုံး၍ ပြောလိုက်သည်။

“အရမ်းနောက်ကျနေပြီ။ ဘာလို့ မအိပ်သေးတာလဲ”

နန်ကောသည် လက်ပိုက်ကာ သူ၏ မေးခွန်းများကို မဖြေခဲ့ပေ။ ထိုအစား သူက ပြောလိုက်သည်။

“အဖိုးက ရှင့်ကို တကယ် ကြိုက်တာပဲ။ သားတစ်ယောက် မွေးပြီးရင် မိသားစု အဆင့်အတန်း မြင့်သွားတဲ့ အရင်ခေတ်က မိန်းမ ‌တစ်ယောက်လိုတောင် ရုတ်တရက် ခံစားမိသွားတယ်”

ရှန်ရန်ချင်းက တုံ့ပြန်လိုက်သည်။

“ဟမ်”

******

All Chapters