အခန်း ၁၆၈
Vol. 17 Ch. 168
168 01
အပိုင်း (၁၆၈) သူမသည် သင်ဖြစ်ခဲ့တုန်းက သူသည် နန်ကောကို မြင်ခဲ့ဖူးသည်။
ရှန်ရန်ချင်းသည် ပေါ့ပေါ့ပါးပါး ချောင်းဆိုးလိုက်သည်။
“ဒီစကားကို သုံးတဲ့ နည်းလမ်းက သိပ်မှန်တဲ့ပုံ မပေါ်ဘူးနော်”
သူမကို သူ၏ အမေ လုပ်ခိုင်းဖို့ မဖြစ်နိုင်ဘူးမလား။
နန်ကောသည် တစ်ခြားတစ်ဖက်တွင် သူ၏ အကြံဉာဏ်ကို နားထောင်ကာ သူမ၏ စကားကို ချက်ချင်း ပြောင်းလိုက်သည်။
“ဒါဆို ကျွန်မရဲ့ ချစ်သူက ရိုက်ချက်ကြီး ဖြစ်တာကြောင့် အဆင့်အတန်း ရှိသွားတာလား”
ရှန်ရန်ချင်း…..
အဆုံးတွင် သူသည် သူမကို ပြုပြင် မပေးနိုင်တော့ပေ။
“အဘိုးကြီးနန်ရဲ့ အပေါ်ထပ်မှာ သူ့ရဲ့ စုဆောင်းထားတဲ့ ရှေးဟောင်း ပစ္စည်းတွေ အများကြီး ရှိတာပဲ။ လှည့်ပတ်ပြီး လမ်းလျှောက်ပြီးတဲ့ အခါမှာ ပြတိုက်သေးသေးလေးလိုမျိုး ခံစားရတယ်”
နန်ကော ခေါင်းညိတ်လိုက်သည်။
“တချို့ မြို့သေးသေးလေးက ပြတိုက်တွေမှာတောင် အဘိုးကြီးနန် လောက်တောင် ရတနာတွေ အများကြီး ရှိမှာ မဟုတ်ဘူး”
“အဲဒီထဲက အချို့က ကျွန်မတို့ မိသားစုကနေ ပေးလိုက်တာလေ။ အဲ့ဒီတုန်းကတောင် သူက ပြတိုက်အတွက် တစ်ပိုင်းတစ်လေ လှူခဲ့သေးတယ်”
“ကုမ္ပဏီကို အဖေ့ဆီ တရားဝင် လွှဲပြောင်း ပြီးကတည်းက အဖိုးက သူ့ကိုယ်သူ လုံးဝ စွန့်လွှတ်လိုက်ပြီး အဲ့ဒီ အရာတွေ ပေါ်မှာပဲ အာရုံစိုက်တော့တယ်။ ဒါပေမဲ့ သူ ရှင့်ကို အထဲကို ခေါ်တယ် ဆိုတာက သူ့ရှင့်ကို သဘောကျတယ်လို့ ပြသနေတာပဲ”
“ဘာလို့လဲဆိုတော့ ကျွန်မ အစ်ကိုက လွဲရင် ကျွန်မတို့လို အရည်အချင်း မပြည့်မှီတဲ့ အငယ်တန်းတွေကို ဝင်ခွင့် မပေးဘူး”
“အဖိုးက သော့ကို အမြဲတမ်း လုံလုံခြုံခြုံ သိမ်းထားလေ့ရှိတယ်”
ထို့ကြောင့် ရှန်ရန်ချင်း၏ အဆင့်အတန်း ဘယ်လောက် ထူးခြားလဲ ဆိုတာကို သာမန် မျက်လုံးဖြင့် သိနိုင်သည်။
ရှန်ရန်ချင်းသည် နန်ကောနှင့် အချိန်အတော်ကြာ စကားပြောနေသည်။ သူက အချိန်ကို ကြည့်လိုက်သည်။ သူ ကြာကြာ မနေနိုင်တော့ပေ။ သူမကို ဂွတ်နိုက် ပြောပြီးနောက်တွင် ဧည့်သည်ခန်းသို့ ပြန်လာလိုက်သည်။
နန်ကော အခန်းမှ သူထွက်လာသော အချိန်တွင် သူ့ကို တစ်ခုခု ပေးရန် အပေါ်ထပ်သို့ တပ်လာသော အိမ်အကူကို တိုက်မသွားသည်။
“မစ္စတာရှန်”
အိမ်အကူကြီးက သူ့ကို အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
“အဘိုးကြီးနန်က အမွှေးနံ့သာ အချို့ ယူလာပေးဖို့ ပြောလို့ပါ။ ညမှာ ကောင်းကောင်း အိပ်ပျော်နိုင်အောင်လို့ပါ”
“ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ် ယူသွားလိုက်ပါ့မယ်”
ရှန်ရန်ချင်းက ၎င်းကို ယူရန် ဆွဲလိုက်သည်။ လျှောက်လမ်းရှိ အလင်းရောင်၏ အကူအညီဖြင့် သူ့ရှေ့ရှိ အိမ်အကူကို အကဲဖြတ်ပြီး သူ၏ မျက်မှန်အောက်ရှိ မျက်လုံးနက်များကို ကျဉ်းလိုက်သည်။
အိမ်အကူကြီးက လှည့်ကာ လှေကားမှ သွားတော့မည့် အချိန်တွင် ရှန်ရန်ချင်းက သူ့ကို ရုတ်တရက် တားလိုက်သည်။
“ခဏ ကျွန်တော်တို့ အရင်က တစ်နေရာရာမှာ တွေ့ဖူးလား”
အိမ်အကူကြီးက သူ့ကို အံ့ဩစွာ ကြည့်လိုက်သည်။ သူ့ရှေ့ရှိ လူကို အနီးကပ် ကြည့်လိုက်ပြီးနောက် ခေါင်းခါလိုက်သည်။
“ကျွန်တော်တော့ အဲဒီလို မထင်ပါဘူး။ ဟုတ်တယ်မလား”
“မစ္စတာရှန်းနဲ့ ကျွန်တော် တွေ့တာ ပထမဆုံး အကြိမ် ဖြစ်လိမ့်မယ်”
သူသည် နန်မိသားစုတွင် ဆယ်စုနှစ်ကြာ နေခဲ့ပြီး အမြဲတမ်း နန် မိသားစု၏ အိမ်အကူ ဖြစ်နေခဲ့သည်။ သူ့တွင် အရင်က ရှန်ရန်ချင်းလို လူမျိုးနှင့် တွေ့ဖို့ရာ အခွင့်အရေး သို့မဟုတ် အချိန်အခါမျိုး မရှိခဲ့ပေ။
ရှန်ရန်ချင်းလည်းပဲ အရင်က နန်မိသားစုကို ဘယ်တုန်းကမှ မရောက်ဖူးပေ။
ထို့ကြောင့် ဒီညမှာ သူတို့ နှစ်ယောက်တွေ့တာ ပထမဦးဆုံး အကြိမ် ဖြစ်သည်။
တစ်ဖက်လူက သူ့ကို မသိဘူးဟု ပြောတာကို မြင်ရသော အချိန်တွင် ရှန်ရန်ချင်းက ပြုံးလိုက်သည်။
“ခင်ဗျားကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ။ ခင်ဗျားကို တစ်ခြားတစ်ယောက်နဲ့ မှားတာပဲဖြစ်ပါလိမ့်မယ်”
အိမ်အကူကြီးလဲ ပြုံးနေသည်။
“ဒါဆို စောစော နားပါ”
168 02
ဧည့်သည် ခန်းသို့ သူပြန်လာသော အချိန်တွင် အိမ်အကူကြီး၏ မျက်နှာသည် ရှန်ရန်ချင်း၏ စိတ်ထဲတွင် ရှိနေဆဲဖြစ်သည်။
၎င်းမှာ နန်အိမ်တော်သို့ ပထမဆုံး အကြိမ် လာတာ ဖြစ်သော်လည်း ထိုအိမ်အကူနှင့် တွေ့ဖူးတာ ပထမဆုံး အကြိမ် မဟုတ်တာ သေချာသည်။
သို့သော်လည်း ထိုအိမ်အကူကို အရင်က ဘယ်နေရာမှာ တွေ့ဖူးလဲ ဆိုတာကို သူ မမှတ်မိပေ။
ရှန်ာန်ချင်းသည် ထိုအကြောင်းကို ဆက်မတွေးတော့ပဲ စောစော နားလိုက်သည်။
နောက်တစ်နေ့မနက် ဆေးကြောသန့်စင် ပြီးသည့်နောက်တွင် သူသည် ကုလားကာများကို ချက်ချင်း ဆွဲဖွင့်ကာ ပြတင်းပေါက်ကို ဖွင့်လိုက်သည်။
ဧည့်သည်ခန်းမှာ နန်ကော၏ အခန်းနှင့် မျက်နှာချင်းဆိုင် ဖြစ်သည်။ ပြတင်းပေါက်သည် မြောက်ဘက်ကို မျက်နှာမူထားပြီး နောက်ဖေး၏ ဘေးတွင် ဖြစ်သည်။
သူက ငုံ့ကြည့်လိုက်ပြီး ဝန်းထဲတွင် အိမ်အကူများ အလုပ်ရှုပ်နေသည်ကို တွေ့လိုက်သည်။ သူ၏ အကြည့်များကို ပြန်လည် ရုတ်သိမ်းလိုက်ပြီး အဝေးကို ကြည့်လိုက်သည်။
ရုတ်တရက် သူ၏ အကြည့်များ ရပ်တန့်သွားသည်။
ရင်းနှီးပြီးသား တံခါးကို ကြည့်ကာ မှတ်ဉာဏ် အပိုင်းအစများ ရောက်လာပြီး သူ၏ အတွေးများ ဆုတ်ပြသွားသည်။
အဝေးတွင် သူ၏ အမေသည် ကားထဲသို့ ဝင်ကာ တုံ့ဆိုင်းနေခြင်း မရှိဘဲ ထွက်သွားသည်။
သူသည် ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် ရပ်ဖို့ရာ ဖိအားပေးလိုက်သည်။ သူ့နောက်ရှိ ဒရိုင်ဘာက သူ့နောက်သို့ ပြေးလိုက်လာကာ အတော်လေး မောဟိုက်လာသည်။
“ရန်ကျင်း လိုက်နေတာ ရပ်လိုက်တော့။ အဲဒါက အန္တရာယ် ရှိတယ်”
ထိုကဲ့သို့ ကားနောက်မှ လိုက်ခြင်းက ထိခိုက်ဖို့ရာ လွယ်ကူသည်။
ရှန်ရန်ချင်း ရပ်သွားတာကို တွေ့ကာ ကားဆရာက စိတ်သက်သာရာ ရသွားသည်။ ရှန်ရန်ချင်း၏ မျက်နှာပေါ်ရှိ မှင်သက်နေသော အမူအရာကို ဒရိုင်ဘာသည် မနေနိုင်တော့ပေမဲ့ သူ့ကို နှစ်သိမ့်လိုက်သည်။
“မဒမ်က တစ်ယောက်တည်း အေးဆေး နေချင်တာ ဖြစ်နိုင်ပါတယ်။ ဘယ်အမေက ကလေးကို မချစ်ဘဲ နေမှာလဲ”
ရှန်ရန်ချင်းက ဘာမှ မပြောပေ။ ဒရိုင်ဘာက သက်ပြင်းချလိုက်ပြီး ရှန်ရန်ချင်းနှင့် ထောင့်တွင် မှင်သက်စွာသာ ရပ်နေနိုင်တော့သည်။
အချိန်အတော်ကြာပြီးနောက် ဒရိုင်ဘာက ရှေ့သို့ ရောက်လာသည်။
“ရန်ချင်း ဟိုင်မြို့ကို အရင် ပြန်သွားရအောင်။ ဒီမှာ စောင့်မနေနဲ့။ မင်း မနက်ဖြန် အတန်းရှိသေးတယ်လေ။ မဒမ် ပြန်သွားပြီးမှ အဲ့အကြောင်းကို တွေးလိမ့်မယ်”
နောက်ဆုံးတွင် ဒရိုင်ဘာ၏ ဆွဲဆောင်မှု အောက်၌ ရှန်ရန်ချင်းက သူ၏ ထုံထိုင်းနေသော ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။
“ပြန်ကြရအောင်”
သူလှည့်လိုက်သည်နှင့် သူ၏ နောက်မှ တွန်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ သူ့ကို ရှေ့သို့ တိုးသွားစေသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ ခြေလှမ်းများကို အချိန်မှီ ထိန်းချုပ်လိုက်နိုင်ကာ ခလုတ် မတိုက်မိတော့ပေ။
“အစ်ကို”
ဒရိုင်ဘာက သူ့ထက် မြန်မြန် တုံ့ပြန်လိုက်သည်။ သူ၏ နောက်မှ ရုတ်တရက် ပေါ်လာသော ကလေးကို တစ်ချက် ကြည့်လိုက်သည်။
“ကလေးလေး မင်း လူမှားနေပြီနော်”
ရှန်ရန်ချင်း ပြောလိုက်သည်နှင့် ဒရိုင်ဘာသည် ရှေ့သို့သွားကာ သူ့နားတွင် ရစ်ဝဲနေသော ကလေး၏ လက်ကို ဘေးသို့ ဆွဲထုတ်လိုက်ချင်သည်။ ကလေးက ခွန်အားတွေ ဘယ်ကရလဲဆိုတာကို ရှန်ရန်ချင်း မသိသော်လည်း သူ၏ ကျောင်းဝတ်စုံ အင်္ကျီအနားကို ဆွဲကာ သွားဖို့ရာ ငြင်းဆိုလိုက်သည်။ ဒရိုင်ဘာက သူမကို ထိလိုက်သော အချိန်တွင် သူမ ငိုသွားသည်။ အကြောင်းအရာကို ကောင်းကောင်း မသိသော သူတစ်ယောက်ဆိုလျှင် သူမသည် လူကုန်ကူးသူတစ်ယောက်နှင့် ကြုံတွေ့နေရသည်ဟု ထင်နေလိမ့်မည်။
ရှန်ရန်ချင်းသည် ကူကယ်ရာ မဲ့စွာ သူမ၏ လက်ကလေးကို ပုတ်လိုက်သည်။
“ငါ့ကို အရင် လွှတ်လိုက်ပါ။ ငါ မင်းကို သေသေချာချာ မတွေ့ရဘူး”
သူ၏ အသံတွင် တစ်ခုခု မှားနေတာ သူသတိပြုမိတာ ဒါမှမဟုတ် သူ၏ စကားကို တကယ် နားထောင်တာ ဖြစ်နိုင်သော်လည်း မိန်းကလေးက လွှတ်ပေးလိုက်သည်။
168 03
ထို့နောက် သူက လှည့်ကြည့် နိုင်သွားသည်။
သူတို့ မျက်လုံးခြင်း ဆုံသွားသည်။ သူမသည် တစ်စုံတစ်ခုကို ခွဲခြား သိမြင်နိုင်ရန် ကြိုးစားနေသလို မိန်းကလေးက သူ့ကို စိုက်ကြည့်နေသည်။
သူက ထိုင်ချလိုက်သည်။
“မင်း လူမှားနေတာလား”
လူငယ်လေး၏ အသံမှာ နူးညံ့နေကာ သူ၏ မျက်မှန်အောက်ရှိ အနက်ရောင် မျက်လုံးများက အပြုံးများဖြင့် ပြည့်နေသည်။
ကလေး၏ မသိစိတ်က ဆုတ်ခွာသွားသော်လည်း သူ၏ မျက်နှာပေါ်ရှိ အပြုံးကို သူမ မြင်တွေ့ရသော အချိန်တွင် သူမ၏ လမ်းကြောင်းများ ရပ်တန့်သွားသည်။
“ဟမ်”
မိန်းကလေး စကား မပြောတော့ပဲ သူ့ကို ကြောင်တောင်တောင်ဖြင့်သာ ကြည့်နေသည်ကို မြင်ကာ သူဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။
“မင်းရဲ့ အစ်ကိုကို ရှာနေတာလား။ ကလေးလေး မင်းက ဘယ်အဆောက်အဦးမှာ နေတာလဲ။ အိမ်ရဲ့ နံပါတ်ကို မင်းမှတ်မိလား။ ငါပြန်လိုက်ပို့ပေးမယ်”
“အိမ်နံပါတ်ကို မမှတ်မိလဲ ကိစ္စမရှိဘူး။ မင်း အဖေတွေရဲ့ နံပါတ် ဒါမှမဟုတ် မင်းအစ်ကိုရဲ့ နံပါတ်ကို မှတ်မိလား”
သူ၏ ရှေ့ရှိ ကလေးမှာ လေး ငါးနှစ်လောက် ရှိလိမ့်မည် ဖြစ်ကာ မှတ်မိသင့်သည်။
“ရန်ချင်း ဘာလို့ရဲကို မခေါ်တာလဲ”
ကလေးက အချိန်အတော်ကြာ စကားမပြောပဲ ဒရိုင်ဘာက အနည်းငယ် စိတ်မရှည် ဖြစ်သွားသည်။
သူတို့က ပြန်သွားဖို့ရာ အလောကြီးနေဆဲဖြစ်သည်။ သူတို့က ထိုနေရာတွင် အကြာကြီး မနေနိုင်ပေ။
“စကားပြောနေတယ်လို့ မင်း မခံစားရဘူးလား။ အဲဒါကို ဘယ်လိုချရေးမှာလဲ”
လူငယ်လေးက အခွန် စိတ်ရှည်သည်။
မိန်းကလေးက ပန်းဝတ်စုံလေးကို ဝတ်ဆင်ထားပြီး သူမ၏ မျက်နှာမှာ နီနေသည်။ အချိန်အတော်ကြာပြီး နောက်ဆုံးတွင် သူမက စကားပြောလာသည်။
“မဟုတ်ဘူး သမီး မပြန်…..”
သူမ ပြောရင်းနှင့် သူ၏ လက်ကို လှမ်းဆွဲလိုက်သည်။
မိန်းမငယ်လေး၏ လက်မှာ သေးသေးလေးဖြစ်သည်။ သူ၏ လက်နှစ်ချောင်းကို ကိုင်ထားပြီး သွားဖို့ရာ သည်းမခံနိုင်တော့ပေ။ လူငယ်လေး၏ ကျယ်ပြန့်သော ကျောင်းဝတ်စုံ၏ ထောင့်တစ်ထောင့်သည် လေတိုက်ကာ လွင့်သွားပြီး ကြည်လင်သော သံပုရာ မွေးရနံ့ကို ယူဆောင်လာကာ မိန်းကလေးကို သူ့နားသို့ တိုးဖို့ ဖြစ်သွားစေသည်။
သူသည် အနည်းငယ် ကူကယ်ရာမဲ့ ဖြစ်သွားသည်။ ကလေးကို နီးစပ်ရာ လုံခြုံရေး ရုံးသို့ ပို့သင့်သလားဟု တုံ့ဆိုင်းနေချိန်တွင် ညင်သာသော ရှိုက်သံကို သူရုတ်တရက် ကြားလိုက်ရသည်။
“သမီးရဲ့ အစ်ကိုကြီးကိုပဲ လိုချင်တယ်”
“မင်း အစ်ကိုကြီး ဘယ်သွားလဲ ဆိုတာသိလား”
မိန်းကလေးက ငိုတာကို ရပ်ကာ သူမ၏ ခေါင်းကို အားကြိုးမာန်တက်ဖြင့် ခါလိုက်သည်။
“သမီးနိုးလာတော့ သူသွားလိုက်ပြီ”
သူသတိပြုမိလိုက်တာ တစ်ခုက ထိုမိန်းကလေးမှာ ခြေဗလာ ဖြစ်နေဆဲဖြစ်သည်။ မိန်းကလေးက ဖိနပ်ကို မစီးတာလား ဒါမှမဟုတ် ပြေးရင်းနဲ့ ဖိနပ် ကျခဲ့တာလား ဆိုတာကို သူမသိပေ။
သူမကို သူ့ပေါင်ပေါ်သို့ တင်ပြီးနောက် သူမ၏ ခြေဖဝါးမှ ဖုန်မှုန့်များကို တစ်ရှူးဖြင့် သုတ်ကာ မေးလိုက်သည်။
“မင်းရဲ့ မိဘတွေက အိမ်မှာလား”
မိန်းကလေးက သူမ၏ ခေါင်းကို ခါနေဆဲဖြစ်သည်။
“အခု အိမ်မှာ ဘယ်သူရှိလဲ”
မိန်းကလေးက ဘာမှ မပြောခင် အချိန်အတော်ကြာ ကိုင်ထားလိုက်သည်။
“အဖိုး အဖွားနဲ့ သမီးကို အစားကောင်းကောင်း စားခွင့်မပေးတဲ့ မကောင်းတဲ့ အစ်ကို နှစ်ယောက်”
သူမ၏အိမ် ဘယ်မှာလဲ ဆိုတာကို မှတ်မိပြီး အိမ်ကို မပြန်ချင်ပုံ ပေါ်သည်။
အစားအသောက်များကို ပြောရင်းနှင့် ကလေးမလေးက အသည်းအသန် ငိုနေသည်။
“သမီး နိုးလာတဲ့ အချိန် အရသာ ရှိတဲ့ အစားအသောက်တွေ သွားဝယ်ဖို့ ခေါ်သွားမယ်လို့ အစ်ကိုကြီးက ကတိပေးထားတာ။ အစ်ကိုကြီးက လိမ်တယ်”
ဒါဆိုရင်တော့ ပြဿနာပဲ။ သူက ပြုံးကာ ထိုအကြောင်းကို သူမနှင့် ဆွေးနွေးလိုက်သည်။
“ဒါဆိုရင်ကော ဘယ်လိုလဲ။ ဟုတ်ပြီ”
******