အခန်း ၁၆၉
Vol. 17 Ch. 169
169 01
အပိုင်း (၁၆၉) နောက်ထပ် အစ်ကိုကြီးနဲ့ တွေ့ရင် ဘယ်လို ဖြစ်မှာလဲ။
တံခါးကို တစ်စုံတစ်ယောက်က ခေါက်သော အချိန်တွင် ရှန်ရန်ချင်းမှာ ကြောင်နေဆဲဖြစ်သည်။
သူသည် ထလိုက်ပြီး သူ့ကိုယ်သူ စိတ်ထိန်းကာ တံခါးဖွင့်ရန် လမ်းလျှောက်သွားလိုက်သည်။
တံခါးပွင့်သော အချိန်တွင် နန်ကောသည် သူမ၏ ခေါင်းထဲ၌ အကြပ်ရိုက်နေပြီး သူ့ကို ပြုံးပြလိုက်သည်။
“ဂွတ်မောနင်း”
ရှန်ရန်ချင်းသည် သူ၏ မှတ်ဉာဏ်ထဲရှိ မိန်းကလေး၏ မျက်နှာကို ရုတ်တရက် တွေ့ကာ ကြောင်သွားသည်။
လက်စသတ်တော့ သူတို့ အရင်က တကယ်ကို တွေ့ဖူးသည်။
ယောင်ယောင်… ဒါဆို နာမည်က။
ထိုနေ့က မိန်းမငယ်လေးကို ပြန်မပို့ခင် သူမကို ရှာဖို့ ရောက်လာသော ပုံရိပ်တစ်ခုကို ဝိုးတဝါး မှတ်မိသွားသည်။ မပြီးသေးပေ။
မိန်းကလေး ထွက်သွားသော အချိန်တွင် သူမသည် သူ့ကို ကြည့်ဖို့ရန် စိတ်ပျက်လက်ပျက်ဖြင့် လှည့်ကြည့်လိုက်သည်။
သူက ဘာလို့ မမှတ်မိရတာလဲ။ ကံတရားကြောင့်သာ သူတို့ ဆုံတွေ့ခဲ့ရပြီး စိတ်ထဲမှာ မထားသောကြောင့် ဖြစ်သည်။ နန်ကော ဖြစ်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
“ဟမ်။ ဘာဖြစ်လို့လဲ”
သူသည် သူမကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေတာကို မြင်ပြီး နန်ကောသည် သူမ၏ လက်ကို မြှောက်ကာ သူ၏ မျက်လုံးရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။
သူ၏ ရှေ့ရှိ အလင်းရောင်မှာ တောက်လောင်နေသည်။ ရှန်ရန်ချင်းသည် သတိမြန်မြန် ပြန်ဝင်လာကာ ပြုံးပြလိုက်သည်။
သူတို့ ကြုံတွေ့ခဲ့ရတာကို သတိရလားဟု နန်ကောကို မေးချင်သော်လည်း ဒုတိယ အတွေးတွင် ထိုအချိန်တုန်းက နန်ကောက ငယ်သေးသည်။ နန်ကော မပြောနှင့် သူတောင် မမှတ်မိပေ။
မနက်စာ စားပြီးနောက် အိမ်အကူက အသီးများကို ဆေးကြောကာ စားပွဲပေါ်တွင် တင်ထားသည်။
“မစ္စတာရှန် နည်းနည်းလောက် စားကြည့်ပါ။ ဒီမက်မွန်သီးတွေကို ဒီနေ့ မနက်ကမှ ခူးထားတာ။ အဲဒါတွေက အရမ်း လတ်ဆတ်တယ်”
ရှန်ရန်ချင်း မပြောနိုင်ခင်မှာပင် နန်ကောက သူ့ကို ငြင်းလိုက်တာကို သူကြားလိုက်သည်။
“သူ မက်မွန်သီး စားလို့မရဘူး။ သူက အလက်ဂျစ် ရှိတယ်”
တခြားတစ်ဖက်တွင် အဘိုးကြီးနန်က ထိုအကြောင်းကို ကြားပြီးနောက် အနည်းငယ် အံ့ဩသွားသည်။
“မင်းက မက်မွန်သီးနဲ့ အလက်ဂျစ် ရှိတာလား”
“ဟုတ်ပါတယ်”
ရှန်ရန်ချင်းက ပြုံးကာ သဘောတူလိုက်သည်။
“အရမ်း ပြင်းပြင်းထန်ထန်တော့ မဟုတ်ပေမဲ့ ကျွန်တော်က တကယ့်ကို အလက်ဂျစ် ရှိတယ်”
သူ၏ မက်မွန်သီး အလက်ဂျစ်က အရက် အလက်ဂျစ်နှင့် နှိုင်းယှဉ်လျှင် သိပ်တော့ မပြင်းထန်ပေ။
သို့သော် မက်မွန်သီး အလက်ဂျစ်ဟု ပြောလျင် နန်ကောနှင့် ကြုံတွေ့ခဲ့ရတာကို သူ သတိရသွားသည်။
ထိုနေ့က သူသည် မိန်းကလေးကို အနီးအနားရှိ ကုန်ပစ္စည်းများ တင်သွင်းသော စူပါမားကတ်ကို ခေါ်လာခဲ့သည်။ သူမ ဝင်သွားလိုက်သည်နှင့် အစာပြေ မုန့် အားလုံးက သူမကို သေချာပေါက် ဆွဲဆောင် နိုင်လိမ့်မည်ဟု သူတွေးထားသည်။ လှည့်ပတ်လမ်းလျှောက်ပြီး အဆုံးတွင် မိန်းကလေးသည် စင်ပေါ်ရှိ လှလှပပ ထုပ်ပိုးထားသည့် တစ်ခုတည်းေသာ မက်မွန်သီးကြီးကို ယူဖို့ရာ စိတ်ကူးယဉ်ကြည့်သည်။
မက်မွန်သီးက သူ၏ လက်သီး နှစ်လုံးစာ အရွယ်ရှိသည်ကို ဝိုးတဝါး မှတ်မိသည်။
“ဝိုး ဒါက စွန်းဝူခုန်းစားခဲ့တဲ့ မက်မွန်သီးနဲ့ တူတယ်”
မိန်းကလေး၏ မျက်လုံးများ ပြူးကျယ်သွားသည်။
သူသည် တခြား ရေတစ်ဗူးကို ဝယ်ကာ မိန်းကလေးအတွက် မက်မွန်သီးကို ဆေးကြောပေးသည်။
ပြန်သော လမ်းတစ်လျှောက်တွင် မိန်းကလေးသည် သူ၏ ရင်ခွင်ထဲတွင် ခိုအောင်းကာ မက်မွန်သီးကြီးကို အားရပါးရ စားနေသည်ကို သူမှတ်မိနေဆဲဖြစ်သည်။
“အစ်ကို ဒါကို စားကြည့်ချင်လား။ ဒါက အရမ်းချိုတယ်”
“ဒါကို ကိုက်ကြည့်ချင်လား။ ဒီဘက်က ခုထိ မစားရသေးဘူး”
ပြန်သောလမ်းတွင် ထိုမိန်းကလေးက စကားပြောရတာ မကြိုက်တာ မဟုတ်ဘူးဆိုတာကို သူသတိပြုမိသွားသည်။ ထို့အပြင် သူမက အနည်းငယ် စကားတတ်သေးသည်။ သူ့ကို ပြန်ဖြေခြင်း မဟုတ်ဘဲ သူမကို သူမတောင် စကားပြောနိုင်သလိုပင် ဖြစ်သည်။
169 02
သူမက စိတ်အားထက်သန်လွန်းသည်။ သူမ ဝမ်းနည်းမှာကို စိုးရိမ်သောကြောင့် သူက နောက်ဆုံးတွင် ဘေးနားကို တစ်ကိုက် ကိုက်လိုက်သည်။
သူဟိုင်မြို့ကို ပြန်ပြီး နောက်မှသာ အလက်ဂျစ် ရှိတာကို သဘောပေါက်သွားသည်။ ၎င်းမှာ အရမ်း မပြင်းထန်သောကြောင့် သူရေချိုးသော အချိန်၌ အဖုများ ထွက်နေမှသာ သူသတိပြုမိသွားသည်။
အရင်က အသီးတွေကို မကြိုက်ဖူးလို့ သူပြောပြီး အမြဲတမ်းလိုလို နည်းနည်းပဲ စားတာက တိုက်ဆိုင်မှု တစ်ခုသာဖြစ်သည်။ သူသည် မက်မွန်သီးကို မကောက်မိတာ ဆယ်နှစ်ကျော်ကြာနေပြီ ဖြစ်သည်။
တခြား ဧည့်သည်များက မနက်ခင်းမှ ရောက်လာကြသည်။ နန်ကောက ရှန်ရန်ချင်းကို ဝန်းထဲသို့ လမ်းလျှောက်ရန် ခေါ်လာသည်။
နောက်ဖေးရှိ မဏ္ဍပ်ထဲတွင် သူတို့နှစ်ယောက် ထိုင်လိုက်သည်နှင့် အိမ်အကူကြီးက လက်ဖက်ရည်နှင့် အဆာပြေမုန့်များကို ယူလာပေးသည်။
“ဒီမနက်က ကျွန်တော် ခင်ဗျားကို တွေ့ခဲ့တဲ့ နေရာကို ရုတ်တရက် သတိရသွားပြီ”
ရှန်ရန်ချင်း၏ စကားကို ကြားပြီးနောက် အိမ်အကူကြီးနှင့် နန်ကောက ရှန်ရန်ချင်းကို လှည့်ကြည့်လိုက်သည်။
သူဘာအကြောင်း ပြောနေလဲဆိုတာကို နန်ကော သော်လည်း အိမ်အကူကြီးက စိတ်ဝင်စားကာ လေးလေးနက်နက် မေးလိုက်သည်။
“ဒါဆို ကျွန်တော်တို့ ဘယ်မှာ တွေ့ခဲ့ကြတာလဲ မစ္စတာရှန်”
“နန်ကော ငယ်ငယ်တုန်းက သူမကို ခိုးထုတ်ခဲ့တဲ့ တစ်ကြိမ်ကို ခင်ဗျား မှတ်မိမယ် လို့တော့ ကျွန်တော် မထင်ဘူး။ နောက်ပိုင်း သူ့ကို တွေ့တဲ့ အချိန်မှာ ကျောင်းဝတ်စုံနဲ့ ကောင်လေးတစ်ယောက်က သူ့ကို ပြန်သယ်လာပေးခဲ့တာလေ”
“ခင်ဗျား မှတ်မိသေးလား။ ကျွန်တော် မှတ်မိသလောက်ဆိုရင် ဩဂုတ် ကုန်ခါနီးလောက် ဖြစ်လိမ့်မယ်”
နန်ကော အံ့အားသင့်သွားသည်။ သူမက ဒီအကြောင်းကို ဘာလို့ မသိရတာလဲ။
သူသည် အိမ်အကူကြီးကို လှည့်ကြည့်လိုက်သည်။ ခဏ ကြာအောင် စဉ်းစားကာ ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်တော်လည်း အဲဒီလို ပဲ ထင်တယ်”
ထိုအကြောင်းဖြင့် အိမ်အကူကြီးက ရှန်ရန်ချင်း၏ ရုပ်ရည်သွင်ပြင်ကို အနီးကပ် ကြည့်ခဲ့သည်။
နှစ်များစွာ ကြာပြီးသည့်နောက် သူက ရှင်းရှင်းလင်းလင်း မမှတ်မိနိုင်တော့ပေ။
လူငယ်လေးကို ကြည့်ရတာ ဘာထင်မြင်ချက်မှ မရှိပေ။ လူငယ်လေးက အမြဲတမ်း မျက်မှန်တပ်ပြီး အပြာနှင့် အဖြူရောင် ကျောင်းဝတ်စုံ ကို ဝတ်ဆင်ထားသည်ကိုသာ သူသတိရသည်။ သူက ပိန်ပိန် ရှည်ရှည်……
“Wက မင်းလား”
ရှန်ရန်ချင်း ခေါင်းညိတ်ကာ ရယ်လိုက်သည်။
“ကျွန်တော်လည်း ဒီမနက်မှ သတိရတာ”
“အို ဘုရားရေ ဒါက ကံတရားလား”
အိမ်အကူကြီးက ထိုပုံပြင်ကို တကယ်ပင် မမျှော်လင့် ထားပေ။
“မနေ့ညက ကျွန်တော်ကို အရင်က မြင်ဖူးတယ်လို့ ပြောတာကို သိပေမဲ့ အဲ့ဒီ အပေါ်မှာ ဘာထင်မြင်ချက်မှ မရှိဘူး။ အဲဒါကလည်း ဆယ်နှစ်ကျော်ပြီလေ”
“အဲဒါက အချိန်အတ်ေု ကြာခဲ့ပြီ။ ကျွန်တော် အဲ့ဒီအချိန်တုန်းက နန်ကောကို တွေ့ဖို့ မမျှော်လင့်ထားဘူး”
အိမ်အကူကြီးက သူတို့ကို လက်ဖက်ရည် ငှဲ့ပေးပြီး ပြုံးကာ ပြောလိုက်သည်။
“အဲဒီ အချိန်တုန်းက သခင်လေးက နွေရာသီ အားလပ်ရက်မှာ မမလေးနဲ့ အတူတူ ခဏနေဖို့ ဒီကို လာခဲ့တာ ကျွန်တော် မှတ်မိသေးတယ်။ အဲဒီ အချိန်တုန်းက မမလေးက သခင်လေးကို အရမ်း ကပ်တွယ်တာလေ။ သခင်လေးက မမလေးကို ချော့သိပ်ပြီးတော့မှ သူ့သူငယ်ချင်းတွေနဲ့ ကစားဖို့ ထွက်လာတာလေ။ မမလေး နိုးလာပြီး သူ့ကို ရှာမတွေ့တော့ဘူး ဆိုရင် ပြေးထွက်လာပြီ”
“အဲဒါက ကျွန်မ ဆူမှာ ကြောက်လို့လေ”
“မမလေးကို အိမ်ပြန်ခေါ်ဖို့ လောနေတာနဲ့ ကျေးဇူးတင်စကားတောင် မပြောလိုက်ရလို့ သတိရနေတုန်းပဲ။ မမလေးကို အိမ်ပြန်ခေါ်လာပြီးတဲ့ နောက်ပိုင်းမှာ မမလေးက ကျွန်တော့်လက်ထဲကို ချိုချဉ်အိတ် ထည့်ပေးပြီး တိုက်တွန်းလို့ ခင်ဗျားနောက်ကို ကျွန်တော် ပြေးလိုက်သေးတယ်။ ကံဆိုးတာက ကျွန်တော် ထွက်လာတဲ့ အချိန်မှာ မင်းက ကားထဲကို ဝင်ပြီး သွားနေပြီ”
169 03
သခင်ကြီး သိသွားပြီးတဲ့ နောက်မှာ ကျေးဇူးတင်ချင်လို့ မင်းဆီကို သွားလည်ချင်သေးတယ်။ မင်း ဒီနားလေးမှာပဲ နေတယ်လို့ တွေးပြီး စောင့်ကြည့်နေပေမဲ့ နောက်တစ်ခါ ကျွန်တော်တို့ ထပ်မတွေ့တော့ဘူး”
“အချိန်ကြာလာတာနဲ့အမျှ ဒီကိစ္စ အကြောင်းကို ကျွန်တော်မေ့သွားတယ်”
“အဲဒီတုန်းက ဆွေမျိုးအိမ်မှာ ဧည့်သည် လာလုပ်တာလား”
အိမ်အကူက မေးလိုက်သည်။
“မဟုတ်ပါဘူး”
ရှန်ရန်ချင်းက ဘာကိုမှ ဖုန်းကွယ်မထားဘဲ အိမ်အကူကြီးကို ပြောပြလိုက်သည်။
“ကျွန်တော့် အမေက ဒီနားမှာ နေတာပါ။ အဲဒီ အချိန်တုန်းက သူမနဲ့ အဖေက ကွာရှင်းဖို့ကို ဆွေးနွေးနေကြတာမလို့ ကျွန်တော် သူ့ကို လာရှာတာပါ။ နောက်ပိုင်းတော့ သူတို့ ကွဲကွာ သွားကြတယ်။ ကျွန်တော့် အမေလည်း နိုင်ငံခြားမှာပဲ နေတော့ ကျွန်တော် ဒီကို ဘယ်တော့မှ မလာတော့ဘူး”
“သဘောပေါက်ပြီ…”
သူတို့ နှစ်ယောက် အားရပါးရ စကားပြောနေကာ နန်ကောက စိတ်ရှုပ်နေသည်။
အိမ်အကူကြီး ထွက်သွားသော အချိန်တွင် သူမက သရေစားကို စားပြီးနေပြီ ဖြစ်သည်။ ရှန်ရန်ချင်းသည် အဝေးမှ လှမ်းကြည့်လိုက်ပြီး နန်ကော၏ မေးခွန်း အကြည့်နှင့် ဆုံသွားသည်။
သူမ၏ နှုတ်ခမ်းကို ဖိကာ ဘာမှ မပြောသော်လည်း သူမ ဘာကို ဆိုလိုလည်းဆိုတာကို ရှန်ရန်ချင်း နားလည်သောကြာင့် အိမ်အကူကြီးကို ဘာအကြောင်း ပြောပြနေလဲ ဆိုတာကို ရှင်းပြလိုက်သည်။
ဂရုတစိုက် နားထောင်ပြီးသည့် နောက်တွင် နန်ကော၏ မျက်နှာပေါ်ရှိ အမူအရာမှာ အံ့ဩမှုကို ဖော်ပြရန် အကြာကြီး ထိန်းမထားနိုင်တော့ပေ။
“အတည်ပြောနေတာလား”
သူမသည် ဇာတ်လမ်း၏ စစ်မှန်မှုနှင့် ပတ်သတ်၍ သံသယ အချို့ရှိသွားသည်။
“ကျွန်မကို ရှင်သယ်ခဲ့တယ်ဆိုတာ သေချာရဲ့လား ပြီးတော့ တခြား မိန်းကလေးကော မဖြစ်နိုင်ဘူးလား”
“ရှင်အမှတ်မှား နေတာ ဆိုရင်ကော”
သူက ကူကယ်ရာမဲ့စွာ ရယ်မောလိုက်သည်။
“ဒါဆို အိမ်အကူကြီးကကော။ သေချာတာတော့ သူအမှတ်မှားတာ မဖြစ်နိုင်ဘူး ဟုတ်တယ်မလား”
“တခြား ကောင်းတဲ့ အစ်ကိုကြီးနဲ့သာ တွေ့ရင် ကျွန်မ ဘာဖြစ်သွားမှာလဲ”
ရှန်ရန်ချင်း ဆွံ့အသွားသည်။ “အကယ်၍များ” တွေက ဘာလို့ အဲ့လောက်တောင် များနေရတာလဲ။
သူ၏ လက်ဖက်ရည် ခွက်ကို ကောက်ကိုင်လိုက်ပြီး သူ၏ ဖော်မပြနိုင်သော ခံစားချက်များကို ဖိနှိပ်ရန် လက်ဖက်ရည် တစ်ငုံ ငုံလိုက်သည်။ သူမကို ငြင်းဖို့ရာ အချိန်အတော် ယူလိုက်သည်။
“ဒီလို အခြေအနေမျိုး ဖြစ်နိုင်ဖို့က ပုံမှန် အတိုင်းဆို ဖြစ်နိုင်ချေ သိပ်မမြင့်ဘူးလို့ ကိုယ်ထင်တယ်”
နန်ကောသည် သူမ၏ လက်ချောင်းများကို ကိုက်ကာ ထူးထူးခြားခြား ကြည့်နေသည်။
“ဘာဖြစ်လို့လဲ”
“ဒါပေမဲ့ ရှင်ပြောတာ ဘာတစ်ခုမှ ကျွန်မ နားမလည်ဘူး”
“အဲ့ဒီ အချိန်တုန်းက မင်းက ငယ်သေးတာကြောင့် မင်း မမှတ်မိတာက ပုံမှန်ပါပဲ။ အဆင်ပြေပါတယ်။ ကိုယ်တို့ နှစ်ယောက်လုံးစာ အတွက် ကိုယ် မှတ်မိနိုင်ပါတယ်”
******