← Chapters

အခန်း ၁၇၁

Vol. 18 Ch. 171

အခန်း ၁၇၁

Vol. 18 Ch. 171

171 01

Chapter 171 အသနားခံကတ်ကို လာအသုံးချနေတယ်။

“သူတို့ချင်းတွေ့ပြီးပြီဆိုရင် တွေ့ရုံနဲ့တင် မပြီးလောက်ဘူး။ အဲ့မတိုင်ခင်က ဖြစ်ထားတဲ့အကြောင်းကိုလည်း ထည့်ပြောရင် ပြောကြမှာ”

ရှန်ရန်ချင်းဟာ ယောင်ဝါးဝါးနဲ့ ပြောတယ်။

နန်ကောဟာလည်း အမြင်မှန် ရသွားတယ်။

နန်ကျဲ့နဲ့ ချီယန်တို့အတွက် အချင်းချင်း တွေ့တာက ဘယ်လောက်တောင် ကြောင်တောင်တောင် နိုင်မလဲနော်။ဒါပေမဲ့လည်း ကြောင်တောင်ဝောာင်နိုင်တာကို ဖယ်ထားရင် သူတို့အချင်းချင်း တွေ့ပြီဆိုမှတော့ စကားမပြောဖို့က မဖြစ်နိုင်ဘူး။ဒါကြောင့် ဖွင့်ပြောထားတဲ့ကိစ္စဟာလည်း ထည့်ပြောခံရလောက်တယ်။

“ဖြစ်နိုင်တာက” နန်ကျဲ့ ပျောက်သွားတဲ့ ထောင့်ချိုးနားလေးကို ရှန်ရန်ချင်းဟာ တစ်ချက်ကြည့်ပြီး ရယ်တယ်။ “သူတို့ဆက်ဆံရေးကို ပြန်သတ်မှတ်ဖို့ လိုတယ်လေ”

“ရှင် အတည်ပြောနေတာလား”

“ဒါ မနေ့က သူ့ရဲ့မူမမှန်တဲ့အပြုအမူတွေကို ရှင်းပြပြီးသား ဖြစ်မသွားဘူးလား”

တစ်မိနစ်ပြီးတစ်မိနစ် အချိန်တွေကုန်သွားတယ်။ရှန်ရန်ချင်းဟာ တိတ်တဆိတ်လေးပဲ သူမကို သီဟိုဠ်စေ့တွေ ကူခွာပေးတယ်။ခွာလို့ပြီးခါနီးတော့ သူဟာ သီဟိုဠ်စေ့တွေကို သူမအရှေ့က ပန်းကန်‌အသေးလေးထဲ ထည့်ကာ ဖြည်းဖြည်းချင်း ပြောလာတယ်။

“ဒါပေမဲ့ မင်းအစ်ကိုက အရင်စပြောတာ မဟုတ်ပါဘူး။ တခြားတစ်ခုခု ရှိနေလိမ့်မယ်။ အရင်သွားမမေးနဲ့။ တော်ကြာ သူအခြေအနေကို အခွင့်ကောင်းယူပြီး မင်းကို ဆူနေဦးမယ်။ သူ မနေနိုင်တော့တဲ့အခါကျရင် သူ့ဟာသူ မင်းကို ပြောပြလာလိမ့်မယ်” ရှန်ရန်ချင်းဟာ နန်မောင်နှမကို ကောင်းကောင်းသိနေပြီ ဖြစ်တယ်။

နန်ကောဟာ သူ့ကို ကြည့်ပြီး သူ့စကားတွေကို ဂရုတစိုက်နဲ့ စဉ်းစားကြည့်တယ်။သူမဟာ လေးလေးနက်နက်နဲ့ ခေါင်းညိတ်ပြီး “ရှင်ပြောတာ အဓိပ္ပာယ်ရှိတယ်”

အနားမှာ ဒီ “အကြံပေး” ရှိနေတာကြောင့် နန်ကောဟာ အနိုင်ရဖို့ကို ယုံကြည်ချက် ရှိနေတယ်။ဒါဟာ ပထမဆုံးအကြိမ် သူမ ဒီလိုကြီးကျယ်တဲ့တိုက်ပွဲမျိုးကို တိုက်ခဲ့ဖူးတာပဲ။

ရှန်ရန်ချင်းပြောသလိုပဲ နန်ကျဲ့တစ်ယောက် သူမကို ၃ရက်အတွင်း ဖုန်းခေါ်လာတယ်။

ဟိုက်တက္ကသိုလ်ရဲ့ စာကြည့်တိုက်။

နန်ကျဲ့ဆီက ဖုန်းလာတော့ နန်ကောဟာ ပြန်တော့မလို့ လုပ်နေတာ။

သူမ အလျင်အမြန်ပဲ ပစ္စည်းတွေကို သိမ်းပြီး ဖုန်းကိုင်ဖို့ အပြင်ကို ထွက်လာလိုက်တယ်။

“ဘာကိစ္စလဲ”

ပြီးခဲ့တဲ့ရက်တွေထဲ သူ့ဘက်ကနေစပြီး သူမရဲ့တံခါးဆီ လာဖို့ကို နန်ကော စောင့်နေခဲ့တာဖြစ်တယ်။သူ့မှာ သူမကို အကူအညီ တောင်းစရာ ရှိနေတယ်ဆိုတာကို သိတာမို့ သူမရဲ့လေသံဟာ ပုံမှန်ထက် နည်းနည်းတော့ ကွာခြားနေတယ်။

နန်ကျဲ့ဟာတော့ သူမရဲ့လေသံကို သိပ်ပြီးဂရုစိုက်မနေဘူး။ “နင် ကျောင်းဆင်းပြီလား”

“အခုမှ စာကြည့်တိုက်ထဲက ထွက်လာတာ နင် ဘာလို့ ငါ့ကို ဖုန်းခေါ်တာလဲ”

ဒီရက်ပိုင်း ကျောင်းကို ပြန်ရောက်ပြီးတော့ သူမဘက်ကနေစပြီး နန်ကျဲ့ကို ဆက်သွယ်တာမျိုး မရှိပေမဲ့ ဝီချက်ပုံရိပ်တွေကနေ နန်ကျဲ့ရဲ့အကွက်တိုင်းကို အကဲခတ်နေခဲ့တာ။

နန်ကျဲ့ရဲ့ ဝီချက်ပုံရိပ်တွေဟာ သူမဟာတွေလောက်တောင် သိပ်မရှိဘူး။သူဟာ တစ်လမှ တစ်ခါလောက် ဝီချက်ပေါ် ပိုစ့်တင်တတ်တာ။မိန်းမတွေရဲ့ ရာသီစက်ကွင်းထက်တောင်မှ အချိန်မှန်သေး။

ပိုဆိုးတာက သူ့ဝိချက်ပုံရိပ်တွေဟာ ခန့်မှန်းလို့ မရဘူး။

ဒါပေမဲ့ သူတို့နှစ်ယောက်သာ တကယ်တွဲနေပြီဆိုရင် သူမအစ်ကိုရဲ့ အကျင့်စရိုက်အရ သူ ဘာမှမတင်ဘဲတော့ မနေပါဘူး။ဟုတ်တယ်မလား

သူဟာ ရှန်ရန်ချင်းလို ဝီချက်မှာ ဘာမှမတင်တဲ့လူမျိုးမှ မဟုတ်တာ...။

ရှန်ရန်ချင်းဟာ သူမတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ဝီချက်ပေါ်မှာ တရား၀င် မကြေငြာသေးတာကို သွားတွေးမိတဲ့အခါ နန်ကောဟာ နှုတ်ခမ်းကိုဖိပြီး အတွေးစခန်းထဲ ကျသွားတယ်။

နန်ကျဲ့တစ်ယောက် စကားတွေ အများကြီး ပြောနေပေမဲ့ ဘာတုံ့ပြန်မှုမှ ရမလာဘူး။သူမဘက်ကနေ ဆူညံသံတစ်ချို့ကို ကြားရလို့သာမဟုတ်ရင် ဒီကောင်မလေး သူ့ကို ဖုန်းချသွားပြီလို့တောင် ထင်မိမှာ။

“ဟယ်လို… နန်ကော”

သူ သူမကို အကြိမ်ရေအနည်းငယ် ထပ်ခေါ်ကြည့်ပေမဲ့ ဘာအကျိုးသက်ရောက်မှုမှ မရှိဘူး။သူဟာ အားအင်တွေကို စုစည်းနေတဲ့အလား အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်တယ်။ “နန်ရောရော့ နင် သေသွားပြီလား”

နန်ကောဟာ ပြေလျော့သွားပြီး အမြန်ပဲ ဖုန်းကို နားနားကပ်လိုက်တယ်။ “ဟမ် ဘာလဲ”

တစ်ဖက်မှာတော့ နန်ကျဲ့ဟာ ဒေါသကို ထိန်းချုပ်ထားရင်း လက်ဖက်ရည် တစ်ငုံသောက်လိုက်တယ်။သူ ဒါ သောက်ရတာကို မကြိုက်ဘူး။ဒါပေမဲ့ သူ တစ်ခုခုစားဖို့ အိမ်ကို ပြန်လာတော့ အခုလေးတင် အိမ်တော်ထိန်း ဖျော်ပေးထားတဲ့ တရုတ်လက်ဖက်ရည်တစ်အိုးပဲ ရှိတယ်။

“နင် ငါအခုလေးတင် ပြောလိုက်တာတွေကို တစ်လုံးမှ နားမထောင်နေဘူးမလား” နန်ကောဟာ ရပ်ပြီး သူ့ကို မေးတယ်။ “ခုဏက နင် ငါ့ကို စကားပြောနေတာလား”

“.....” နန်ကျဲ့ဟာ မျက်လုံးကို အသာမှိတ်ပြီး တိတ်တဆိတ်ပဲ ဆဲလိုက်မိတယ်။ “မဟုတ်ဘူး”

“နင် ခုဏက ဘာတွေတွေးနေတာလဲ”

“ငါလား” နန်ကောဟာ ဖုံးကွယ်မနေဘူး။ “တွဲနေတယ်ဆိုတဲ့အကြောင်းကို ဝီချက်ပေါ်မှာ ကြေငြာသင့်လားလို့ ငါစဉ်းစားနေတာ”

“နင် မတင်ထားဘူးလား”

“တင်ထားတယ်”

171 02

“ဟမ် ဘယ်တုန်းကလဲ။ ငါက ဘာလို့ မသိရတာလဲ” နန်ကျဲ့ဟာ တကယ် ဒီအကြောင်း မှတ်မိတာမျိုး ရှိမနေဘူး။

ဝီချက်ပုံရိပ်မှာ နန်ကောဟာ မကြာခဏ ပိုစ့်တင်တတ်ဆိုပေမဲ့လည်း သူ ဘယ်အကြောင်းအရာကိုမှ မလွတ်တတ်ပါဘူး။သူ သူမရဲ့ပိုစ့်တွေကို မကြာခဏ အသည်းမပေး ဖြစ်ရင်တောင်မှ ပိုစ့်တိုင်းလိုလိုမှာ မှတ်ချက်တွေတော့ ပေးပြီး ဝေဖန်တတ်တယ်။

သူမ သူမတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို တရား၀င် ကြေငြာပြီးသွားပြီလား။

နန်ကောဟာ ပြဿနာကို အခုမှ ပြန်သတိရသွားပုံပေါ်တယ်။သူမအသံဟာ အရမ်းကိုမှ တိုးတိုးလေး။ “အဲတုန်းက နင် ငါတို့နှစ်ယောက် တွဲတာကို သဘောမတူတော့ ငါ နင်ရယ်၊ယွီရယ်နဲ့ အခြားလူတွေကို ဘလော့ထားတာ”

နန်ကျဲ့ကို ပြန်သံတော်ဦးတင်မဲ့လူမှန်သမျှဟာ သူမရဲ့ “အကျဉ်းထောင်ထဲပို့ခြင်း”ကို ခံထားရတယ်။

[TN: အကျဉ်းထောင်ထဲပို့ခြင်း=ဘလော့ထားခြင်း။]

နန်ကျဲ့ “.....”

သူ ဒီနေ့ ဘယ်သူ့ကိုမှ မဆူချင်ဘူး။ဒါကြောင့် သူ ပစ်မှတ်ကို‌ ပြောင်းလိုက်ပြီး ရှန်ရန်ချင်းဆီ ချိန်လိုက်တယ်။ “ဒါဆို အဲဒီကောင်ရော ငါ့ကို ဘလော့ထားလား”

“ဟင့်အင်း သူက ဘာမှမတင်ထားဘူး”

ရှန်ရန်ချင်းရဲ့ ဝီချက်ပုံရိပ်တွေဟာ ပြောင်းသလင်း ခါနေသလောက်ပဲ။တစ်ခုတည်းသော ပုံမှန်အကြောင်းအရာဆိုလို့ ဟိုတစ်ခေါက် ဖျော်ဖြေပွဲတုန်းက တင်ခဲ့တဲ့ သူမတို့နှစ်ယောက်ရဲ့ ပုံပဲရှိမယ်။

ဒါပေမဲ့ အဲ့နောက်ပိုင်းတော့ သူဟာ ဘာမှမတင်ခဲ့ဘူး။

အဲဒါကို အခုကြည့်ရင်တော့ အဲဒါကတောင်မှ ပိုပြီးတရား၀င်ကြေငြာတာမျိုးနဲ့ တူသေးတယ်။ဒါပေမဲ့ အဲတုန်းက သူမတို့ မတွဲသေးဘူးလေ။

“ဒါက အရမ်းအရေးကြီးလို့လား” ဒါဟာ အသေးအမွှား ကိစ္စလေးတစ်ခုလို့သာ နန်ကျဲ့ခံစားရပြီး ဒီအကြောင်း သူမနဲ့ ဆက်မဆွေးနွေးချင်တော့ဘူး။

“အရေးမကြီးဘူးပေါ့။ အစ်ကို နင် တစ်ယောက်ယောက်နဲ့ တွဲနေရင် အောင်ပွဲခံဖို့ နင့်ရဲ့ဝီချက်မှာ တစ်ခုခု မတင်လောက်ဘူးလား”

“မတင်ဘူး” သူဟာ တုံ့ဆိုင်းမှုမရှိဘဲ ပြန်ဖြေတယ်။ခဏလောက်နားပြီးတော့ သူဟာ ဆက်ပြောလာတယ်။ “ငါ ၁၀ခုလောက် တင်မှာ”

နန်ကောဟာ သီးသွားတယ်။သူရူးနေတာလား။

ဒါပေမဲ့ ဒီစကားဝိုင်းဟာ အဓိပ္ပာယ်မဲ့တာတော့လည်း မဟုတ်ဘူး။အနည်းဆုံးတော့ သူမရဲ့အစ်ကိုသာ တစ်ယောက်ယောက်နဲ့ တွဲပြီဆိုရင် တစ်လောကလုံးကို အိုးစည်သံမောင်းတီးပြီး ပြောပြလိမ့်မယ်ဆိုတာကို သူမ သိတယ်လေ။

ဒီတော့ သူတို့မတွဲသေးဘူးပေါ့။

သူ့ရဲ့မူမမှန်တဲ့အပြုအမူတွေဟာ သူ ထပ်ပြီး နာကျင်ခဲ့ရလို့လား ဟုတ်တယ်။ပြီးခဲ့တစ်ခေါက် သူ ဖွင့်ပြောတုန်းက အငြင်းခံရတယ်လေ။သူ သူမကို ကားအသစ်တစ်စီး ယူလာပြီး လက်၀တ်ရတနာတစ်စုံတောင် ၀ယ်ပေးခဲ့သေးတယ်။

မဖြစ်နိုင်တာ။သူ နောက်ထပ် ထိုးချက်တစ်ချက်နဲ့ ရင်ဆိုင်ခဲ့ရပြန်ပြီလား။

အစက စကားဝိုင်းရဲ့ အကြောင်းအရာဟာ နန်ကျဲ့လမ်းကြောင်းကနေ သွေဖယ်သွားတယ်ဆိုပေမဲ့ အဆုံးမှာတော့ နန်ကျဲ့ဆီပဲ ပြန်ရောက်လာပါတယ်။

ဒါ သူ ဒီနေ့ နန်ကောကို ပြောပြချင်တဲ့အကြောင်း။

“နင် ဟိုတစ်နေ့က ချီယန်နဲ့ တွေ့တုန်းက သူ ငါ့ကို ကြိုက်တယ်လို့ ပြောလား”

ဒီတော့ သူဟာ သတင်းလာနှိုက်နေတာပေါ့လေ။ရက်ပေါင်းများစွာ ချုပ်တည်း ထားပြီးတဲ့နောက် အခု သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့တာလား

“ငါ့ကို ဘာပြောစေချင်တာလဲ နင့်ကို မပြောပြဘူးလို့ ငါ သူ့ကို ကတိပေးထားတယ်”

နန်ကျဲ့က “နန်ကော ငါတို့က မောင်နှမအရင်း‌တွေနော်”

ကောင်းပြီ။သူ အသနားခံကတ်ကို စလာပြီ။

နန်ကျဲ့ သူမကို လာဘ်ထိုးတာကို ခုခံနိုင်တယ်။ဒါပေမဲ့ ဒီလူ အသနားခံကတ်ကို သုံးလာပြီဆိုရင်တော့ မခုခံနိုင်ဘူး။

နန်ကောဟာ လမ်းဆက်မလျှောက်တော့ဘူး။သူမဟာ ခုံတစ်ခုံရှာတွေ့ပြီး ထိုင်ချလိုက်တယ်။သူနဲ့ ရှည်လျားတဲ့တိုက်ပွဲ၀င်ဖို့ စီစဉ်ထားရင်းပေါ့။

171 03

“အစ်ကို သမာဓိဆိုတာ အရေးကြီးတယ်လို့ ငါထင်တယ် ငါ့ကို မေးမဲ့အစား နင် အစ်မချီယန်ကို တိုက်ရိုက် မေးလို့ရမယ်ထင်တယ်”

နန်ကျဲ့ဟာ နားလည်ပြီး သူမကို ဆက်အပူမကပ်တော့ဘူး။ “ဟုတ်ပြီ ငါ နင်ပြော ချင်တာကို နားလည်တယ်”

ဒါကို ကြားတဲ့အခါ နန်ကောဟာ စိတ်သက်သာရာရပြီး သက်ပြင်းချတယ်။အလွယ်တကူ အဆင်ပြေသွားမယ်လို့ မထင်ထားဘူး။ “ငါ ၀မ်းသာ...”

သူမ စကားမဆုံးသေးခင် တစ်ဖက်ဖုန်းထဲကနေ သက်ပြင်းချသံ တစ်သံထွက်လာတယ်။ “နင် ငါနဲ့ သေခန်းပြတ်ချင်တာပဲ”

“သူ နင့်ကို ကြိုက်လား မကြိုက်လားဆိုတာ မပြောဘူး ရပြီလား။ အဲဒါက ဒီတိုင်း...ဟူး” နန်ကောတစ်ယောက် အကြပ်အတည်းထဲ ရောက်နေပြီ။ “ငါ့အမြင်မှာတော့ သူ နင့်အပေါ် ခံစားချက် ရှိတယ်။ အခြားစိုးရိမ်စရာတွေကြောင့် သူမ လက်လျှော့ထားတာဖြစ်ပုံ ရတယ်”

“ဘယ်လိုမျိုး”

နန်ကောဟာ ခဏစဉ်းစားကြည့်ပြီး ပြန်ပြောတယ်။ “ဥပမာ ငါနဲ့ ရှန်ရန်ချင်း တွဲဖို့ ဆုံးဖြတ်လိုက်တုန်းက ငါတို့မှာ စိုးရိမ်စရာသိပ်မရှိဘူး။ ငါတို့အချင်းချင်း ကြိုက်တာမို့ ငါတို့ တွဲဖြစ်သွားတယ်။ ဒါပေါ့ ငါတို့ စိတ်မြန်လက်မြန်နဲ့ မဆင်ခြင်ဘဲ လုပ်တာ မဟုတ်ဘူး။ အဲဒါက ဒီတိုင်း...”

“အစ်ချီယန်က အရမ်းသတိကြီးပြီး ဆင်ခြင်လွန်းနေတာ...”

******

All Chapters