← Chapters

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း ၁၇၂

Vol. 18 Ch. 172

172 01

Chapter 172 အချစ်ပြိုင်ဘက်။

သူမတို့ ဒီအကြောင်းပြောသင့်လားတောင် နန်ကောမသိဘူး။

သူမဟာ နန်ကျဲ့ကို သူမ ခံစားရတာကိုပဲ ပြောပြနိုင်တယ်။ “ဘာပဲဖြစ်ဖြစ် သူနဲ့ နည်းနည်းပါးပါး စကားပြောကြည့်တော့ သူ ဖိအား တော်တော်များနေတယ်လို့ ငါ ခံစားရတယ်”

“သူ အခုမှ နည်းနည်း စိတ်လျှော့နိုင်သွားတာ။ နင်နဲ့အတူရှိရင် သူ ပိုပြီးတောင် ဖိအားများမယ် ထင်တယ်”

“ဒါကြောင့် သူ သူ့ရဲ့သက်‌တောင့်သက်သာရှိတဲ့ ရပ်၀န်းလေးဆီကနေ ထွက်လာဖို့ကို ကြောက်နေတာ ဖြစ်မယ်” သူမစကားဆုံးတော့ နန်ကျဲ့ဟာ အကြာကြီး တိတ်ဆိတ်နေခဲ့တယ်။

“အင်း ဒါက ငါ့ရဲ့ကိုယ်ပိုင်အမြင်ပါ။ ငါက တုံးအပြီး တစ်ချို့အရာတွေကို နားမလည်နိုင်ဘူးလို့ နင်ပဲ အမြဲပြောခဲ့တာလေ။ အစ်မချီယန်လည်း ဒီလိုမျိုး ခံစားရမယ်ဆိုတာ ငါမသေချာပါဘူး...ငါက ဒီတိုင်းပြောတာလေ...သိတယ်မလား”

နန်ကောဟာ ခက်ခဲတဲ့အနေအထားထဲ ရောက်နေတော့တယ်။

ဒီနေ့ သူမကို ဒီအကြောင်းပြောဖို့ နန်ကျဲ့က အရင်စရမှာ မဟုတ်ဘူးလား။ သူ ဘာလို့ သူမဆီ မေးခွန်းကို ပစ်ပေးရတာလဲ

ဒါကို တွေးမိတာနဲ့ နန်ကောဟာ အရင်စမေးကြည့်တယ်။ “နင်တို့ အဲ့နေ့က တွေ့ခဲ့သေးလား။ အဲညက ငါ နင်နဲ့တူတဲ့လူကို တွေ့လိုက်တယ်”

သူမဟာ စစ်ဆေးကြည့်ပြီး နန်ကျဲ့ဆီကနေ ခိုင်မာတဲ့တုံ့ပြန်မှုကို ပြန်ရလိုက်တယ်။ “ဒါဆို...နင်တို့ ဘာတွေပြောခဲ့တာလဲ”

“နင်...နင် ထပ်ပြီး...” နန်ကောဟာ ခဏလောက်တုံ့ဆိုင်းနေပြီး ထုတ်မပြောရဲဘူး။

“မဟုတ်ပါဘူး။ နင့်အစ်ကိုက အဲလောက်တောင် စိတ်ပျက်စရာ ကောင်းနေတာလား” ဒါကို ပြောပြီးတဲ့နောက် နန်ကျဲ့ဟာ မောက်မာစွာနဲ့ နှာတောင် မှုတ်ထုတ်လိုက်သေးတယ်။

ဒီတစ်ခါတော့ သူ ဘာဖြစ်ချင်နေလဲဆိုတာ နန်ကော တကယ်နားမလည်တော့ဘူး။

နန်ကျဲ့ဟာ ကရုဏာ သက်ပေးတယ်။ “ငါတို့တွဲနေတယ်။ ဒါပေမဲ့ အခြားလူတွေကို ပြောပြဖို့ မလုပ်ထားဘူး”

ကြာရှည်တဲ့ တိတ်ဆိတ်မှုအပြီး နန်ကောဟာ မနေနိုင်ဘဲ မေးမိတယ်။ “အစ်ကို နင့်ကြည့်ရတာ အအမ်းသမားကြီးလိုပဲ”

အဆုံးမှာတော့ သူ့မှာ တရား၀င်ကြေငြာဖို့ အခြေအနေလေးတောင် မရှိဘူး။

တကယ်ကို သနား‌စရာ ကောင်းတယ်။

နန်ကျဲ့ဟာ သူမရဲ့ မရည်ရွယ်တဲ့စကားတွေကြောင့် နင်သွားတယ်။

သူ ချီယန်နဲ့ သဘောတူညီချက် လုပ်ထားပြီးပြီ။အချိန်တစ်ခုအထိ သူတို့ဆက်ဆံရေးကို ဘယ်သူ့‌ဆီကိုမှ ထုတ်ဖော်မပြဘူးဆိုတာကို။

အခြားလူတွေရဲ့ အမြင်မှာတော့ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေပဲဖြစ်ပြီး ‌နောက်ကွယ်မှာတော့ အတွဲတွေ ဖြစ်တယ်။

ရှင်းရှင်းပြောရရင် ဖုံးကွယ်ထားတဲ့ ဆက်ဆံရေး။

အဲဒီရှုထောင့်ကနေကြည့်ရင် သူ့ပုံစံက အအမ်းသမားနဲ့ တူနေတော့တာပေါ့။

အစကတော့ ပုံမှန်အတိုင်း သူ သဘောမတူခဲ့ပါဘူး။သူက ဘာလို့ သူ့တို့ရဲ့ဆက်ဆံရေးကို ဖုံးကွယ်ထားရမှာလဲ အဓိပ္ပာယ် ရှိမနေဘူး။

နန်ကောတစ်ယောက် တစ်ခါတလေ ထုံတာတောင်မှ ချီယန့်မှာ စိုးရိမ်စရာတွေ အများကြီး ရှိနေတာကို သူမ ပြောနိုင်တယ်။

ဒါဆို သူ့မှာလည်း အခြားရွေးချယ်စရာ မရှိဘူး။

ဒါပေမဲ့ သူ ဒါကို တစ်သက်လုံးလုပ်ဖို့တော့ မရည်ရွယ်ထားဘူး။

သူတို့နှစ်ယောက် ဆွေးနွေးပြီးတဲ့နောက်မှာတော့ ချီယန်ဟာ ဒါကို တစ်နှစ်ပဲ စမ်းကြည့်မယ်လို့ သဘောတူထားတယ်။

တစ်နှစ်ပြီးလို့ သူတို့ တကယ်ပဲအတွဲတွေအနေနဲ့ တိုးတက်လာနိုင်တယ်လို့ ခံစားရတယ်ဆိုရင် သူတို့ ပွင့်ပွင့်လင်းလင်း အတူရှိကြမယ်။

တကယ်လို့ အလုပ်မဖြစ်ခဲ့ဘူးဆိုရင်...

နန်ကျဲ့ရဲ့မျက်လုံးတွေဟာ နက်မှောင်သွားတယ်။

သူ မလုပ်နိုင်တာ ဘာမှမရှိဘူး။

“မားနဲ့ပါးကို ဒီအကြောင်း မပြောနဲ့” ဖုန်းမချခင် နန်ကျဲ့ဟာ သူမကို စိုးရိမ်စွာနဲ့ သတိပေးသေးတယ်။

နန်ကောဟာ ပူပန်နေတဲ့မျက်နှာထားနဲ့ “မားမေးရင်တော့ ငါ့အတွက် လိမ်ဖို့လွယ်မှာ မဟုတ်ဘူး။ နင် ငါ့ကို လာနောက်နေတာ မဟုတ်ဘူးလား ငါမထိန်းနိုင်ဘူး!”

“နင် မထိန်းနိုင်ရင်တောင် ထိန်းရမယ်။ ဘယ်သူ့ကိုမှ ပြောပြလို့ မရဘူး”

“ဒါဆို နင် ဘာလို့ ငါ့ကို ပြောပြတာလဲ”

“ဘာလို့ဆို ငါလည်း မထိန်းနိုင်လို့ဟ”

ငါလူး…

နောက်တစ်‌နေ့ နေ့လည်ခင်းမှာတော့ ချန်ရှားဟာ ဘွဲ့လွန်သင်တန်း လျှောက်ချင်လားလို့ သူတို့ကို မေးလာတယ်။

သူမဟာ တက္ကသိုလ်တတိယနှစ် ရောက်တော့မယ်။‌ဒီကိစ္စကို အစီအစဉ်ချထားဖို့ အချိန်ကျပြီ။

“ငါ့မှာ အဲလိုရည်ရွယ်ချက် မရှိဘူး” စုဟွေးဟာ ပုခုံးတွ့န်တယ်။သူမဟာ ဘွဲ့ရပြီးရင် အိမ်ပြန်ဖို့ ပြင်ဆင်ထားတာ။

သူမမိသားစုဟာ နန်ကောလောက်တော့ မချမ်းသာပေမဲ့လည်း ချမ်းသာတယ်လို့တော့ ထည့်သွင်း စဉ်းစားလို့ရတယ်။သူမမိသားစုဟာ သူမအတွက် ဘွဲ့လွန်အလုပ်တစ်ခု စီစဉ်‌ပေးထားပြီးပြီ။

172 02

ဖုန်းယွမ်ယွမ်ဟာ ခဏလောက် စဉ်းစားကြည့်တယ်။ “ငါဘွဲ့လွန်တက်ချင်ပေမဲ့ အခြားမေဂျာတစ်ခုယူဖို့ လုပ်ထားတာ ငါ့မိသားစုကတော့ အားမပေးဘူး”

“ဟမ်” သူတို့အားလုံးဟာ အံ့ဩသွားတယ်။

“ငါ စဉ်းစားကြည့်ပါဦးမယ်။ နင်ရော ဘယ်လိုလဲ နန်ကော” ချန်ရှားကတော့ မေးစရာကို မလိုဘူး။သူမရဲ့ ရလဒ်တွေနဲ့ဆို ဘွဲ့လွန်သင်တန်းပရိုဂရမ်ထဲ အထိုင်တစ်ခုကတော့ သေချာပေါက်အာမခံထားပြီးသား။

“ငါ...” နန်ကောဟာ ပါးစပ်ထဲက အစားကို မြိုချလိုက်တယ်။ “ငါ့အထင်တော့ ငါလုပ်ချင်တာက”

“နင့်မိသားစုနဲ့ ဆွေးနွေးချင်တာလား”

“အင်း ပြီးရင် ငါ့အစ်ကိုကို ခေါ်ပြီး မေးမယ်”

“နင့်မိဘတွေကရော”

“များသောအားဖြင့် အစ်ကိုက အားပေးတယ်ဆိုရင် သူ ငါ့မိဘတွေရော အဖိုးကိုပါ ကိုင်တွယ်လို့ ရတယ်”

သူမ ဘာမှလုပ်စရာမလိုဘူး။

သူမ နန်ကျဲ့နဲ့သာ ရင်ဆိုင်ရမှာ။

“ဝူးဝူး အဲတာ ကောင်းတာပေါ့” ဖုန်းယွမ်ယွမ်ဟာ မနာလိုတဲ့အသံမျိုး လုပ်လာတယ်။

ညစာစားပြီးတော့ သူတို့ လမ်းခွဲလိုက်ကြတယ်။

နန်ကောမှာ နောက်အပတ်ထဲ စကားရည်လုပွဲ ရှိတယ်။အချက်အလက်တွေ ခွဲထုတ်ပြီးလို့ စာကြည့်တိုက်ထဲကနေ သူမထွက်လာတော့ ညနေတောင် ရောက်တော့မယ်။

သူမဟာ အိတ်နဲ့အတူ ထွက်လာပြီး လူတစ်ခု တံခါးနားမှာ စုပုံနေကြတာကို တွေ့ရတယ်။သူမအနားကို ရောက်သွားတော့ အပြင်မှာ မိုးရွာနေတာကို သိလိုက်ရတယ်။လူတိုင်းဟာ မိုးကို ရှောင်ဖို့ လုပ်နေကြတယ်။

နန်ကောဟာ သေးသေး‌လေး။သူမဟာ လူအုပ်ကြီးအနောက်မှာ ကွယ်ပြီး ခေါင်းလေးပြူထွက်ကာ မိုးကို အကဲခတ်ကြည့်နေတယ်။

ကြည့်ရတာတော့ သူမသာ ပြန်ပြေးသွားမယ်ဆိုရင် အခြေခံအားဖြင့် လုံး၀စိုရွှဲကုန်လိမ့်မယ်။

စာကြည့်တိုက်ကနေ ထီးငှားလို့ရပေမဲ့ သူမထွက်လာတာ နောက်ကျသွားပြီး ထီးတွေဟာ မရှိတော့ဘူး။

သူမ အဆောင်ဂရုချက်ထဲကို တစ်ချက်ကြည့်လိုက်တယ်။

အခုချိန်ဆို ချန်ရှားဟာ ကျောင်းကောင်စီမှာ ရှိနေပုံရတယ်။ဖုန်းယွမ်ယွမ်နဲ့ စုဟွေးတို့ဟာ အတန်းထဲမှာဆိုတော့ သူတို့လည်း သူမကို လာမခေါ်နိုင်ဘူး။

နန်ကောမှာ ရွေးချယ်စရာမရှိဘဲ မိုးတိတ်မဲ့အချိန်ကိုသာ စောင့်ရင်း ဘေးမှာ ကပ်ရပ် နေရတော့တယ်။

သူမ ဝီချက်ကနေထွက်ပြီး အခြားအချက်အလက်တွေ ကြည့်ရင်း အချိန်ဖြုန်းမလို့ လုပ်လိုက်တဲ့အချိန်မှာပဲ စာတစ်စောင်၀င်လာတယ်။

ရှန်: [မင်း စာကြည့်တိုက်မှာပဲလား]

သူမ နေ့လည်က စာကြည့်တိုက်ကို ရောက်တုန်းက ရှန်ရန်ချင်းကို ပြောခဲ့တယ်။

ဒီအချိန်ဆို သူ သူမကို ညစာအတူစားဖို့ မေးချင်လောက်ပေမဲ့ ရာသီဥတုက...သူမ မိုးရွာနေတဲ့ မီးခိုးရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်။ဒိတ်ဖို့အတွက် မသင့်တော်သလိုဘဲ။

သက်ပြင်းချရင်း သူမ စာပြန်လိုက်တယ်: [ရက်စ်။ဒီနေ့တော့ ညစာ အတူမစားတော့ဘူး။မနက်ဖြန်မှ စားကြမယ်။ ကျွန်မ အရမ်းစားကောင်းတဲ့ ထိုင်းစာသောက်ဆိုင်တစ်ဆိုင် ရှာတွေ့ထားတယ်။ထမင်းကို အချိန်မှန်စားပြီး အလုပ်စောစောဆင်း အိမ်ပြန်အနားယူဖို့ မမေ့နဲ့နော်။ *ပြုံးနေတဲ့မျက်နှာလေး*]

သူမ အီမိုဂျီလေး ရိုက်နေတဲ့အချိန်မှာပဲ သူမအရှေ့မှာ အရိပ်တစ်ခုပေါ်လာတယ်။သူမ တစ်ယောက်ယောက်ရဲ့လမ်းကို ပိတ်နေမိတယ်လို့ ထင်ကာ နန်ကောဟာ ဘေးကို အသာရွှေ့ပေးလိုက်တယ်။

“ဂျူနီယာ”

အသံကို ကြားတော့ နန်ကောဟာ မော့ကြည့်လိုက်တယ်။

သူမအရှေ့က ကောင်‌လေးဟာ အရပ်ရှည်ပြီး ပိန်တယ်။ထီးအကြည်တစ်ချောင်းကို ကိုင်ထားရင်း သူမကို ရှက်ကိုးရှက်ကန်းနဲ့ ပြုံးပြနေတယ်။

“စီနီယာ ဒီမှာဘာလုပ်နေတာလဲ”

ဒါဟာ ကျောင်းစကားရည်လုအဖွဲ့ရဲ့ ဒုတိယစကားပြောသူပဲ။

“ကိုယ် စားသောက်ဆိုင်ကနေ ပြန်လာပြီး မင်း ဒီမှာ စာဖတ်နေတယ်ကြားလို့ မိုးကလည်း နည်းနည်းပြင်းတော့ ကိုယ် မင်းကို လာခေါ်တာ”

နန်ကောဟာ အမြန်ပဲ သူမရဲ့စာရွက်စာတမ်းတွေကို ဖယ်လိုက်တယ်။ “ကျေးဇူးပါ စီနီယာ”

သူမ ဒီမှာ ဆက်စောင့်မနေချင်တော့ဘူး။မိုးက ဘယ်အချိန်ရပ်မလဲဆိုတာ ဘယ်သူကသိမှာလဲ။ သူမ ပြန်ဖို့ကို အလျင်လိုနေပြီး ညစာအတွက် အစားအသောက် မှာရဦးမယ်။

တစ်နေ့လည်ခင်းလုံး စာကြည့်တိုက်မှာ ထိုင်ပြီးတော့ သူမဟာ ဗိုက်ဆာနေပြီ ဖြစ်တယ်။

စီနီယာဟာ ထီးကို ဖွင့်ပြီး “ခြေလှမ်း‌ကို သတိထားဦး မိုးရွာနေတော့ ချောနေတယ်”

“အိုကေ” နန်ကောဟာ သူမရဲ့အိတ်ကို သယ်ထားတယ်။ “စီနီယာ ကျေးဇူး အများကြီးတင်ပါတယ်”

“ရပါတယ်...လမ်းကြုံတာပဲဟာ” စီနီယာဟာ နှာခေါင်းထိပ်ကို မျက်နှာပူပူနဲ့ ထိလိုက်တယ်။သူမပစ္စည်းတွေ သေချာသိမ်းပြီးတာကို မြင်တော့ သူဟာ အလျင်အမြန်ပဲ ထီးကို သူတို့ဦးခေါင်းအထက်မှာ မြှောက်လိုက်တယ်။ “ဂရုချက်ထဲက စာတွေကို မြင်ပြီးပြီလား”

“ဟမ်” နန်ကောဟာ ရပ်လိုက်မိတယ်။ “ဂရုချက် ကျွန်မ မသိဘူးရော် ကျွန်မ တစ်ခုခု လွတ်သွားသေးလား”

172 03

သူမ စကားရည်လုအဖွဲ့ရဲ့ ဂရုချက်ကို တကယ်မကြည့်မိဘူး။

“မဟုတ်ပါဘူး” စီနီယာက ပြောတယ်။ “အဲဒါက ဒီတိုင်း ခေါင်းဆောင်က ကိုယ်တို့ မနက်ဖြန်ည စုဝေးကြမယ်တဲ့ လာဖို့သတိရဦး”

“မနက်ဖြန်” နန်ကောဟာ မျက်မှောင်ကြုတ်တယ်။ “ကျွန်မ မအားလောက်ဘူး”

“မနက်ဖြန် အရေးကြီးတာ တစ်ခုခုလုပ်ဖို့ရှိလို့လား။ မင်း အချိန်ပေးလို့ မရနိုင်ဘူးလား”

“အော် မနက်ဖြန် ကျွန်မကောင်လေးနဲ့ ညစာစားဖို့ လုပ်ထားလို့ပါ”

******

All Chapters