← Chapters

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း ၁၇၃

Vol. 18 Ch. 173

173 01

Chapter 173 ဥက္ကဌရှန် သ၀န်တိုနေတယ်။

စီနီယာဟာ အံ့ဩသွားတယ်။ “မ-မင်းမှာ ကောင်လေးရှိတာလား”

“ဟုတ်တယ်” နန်ကောဟာ မျက်တောင်ခတ်တယ်။ဒါ ဘယ်လို မျက်နှာထားမျိုးတုန်း။

သူမမှာ ကောင်လေးရှိတယ်ဆိုတာ ပုံမှန် မဟုတ်လို့လား။

သူတို့နှစ်ယောက် အချင်းချင်း ကြည့်လိုက်ကြတယ်။စီနီယာတစ်ယောက် ပြောစရာစကား ပျောက်ဆုံးနေတဲ့အချိန်မှာပဲ ရုတ်တရက် နန်ကောဟာ ခပ်လှမ်းလှမ်းကို အံ့ဩတဲ့မျက်နှာထားနဲ့ လှမ်းကြည့်နေတာကို မြင်ရတယ်။

သူလည်း နန်ကောကြည့်နေတဲ့ဆီကို လိုက်ကြည့်လိုက်တဲ့အခါ အနက်ရောင် ထီးတစ်ချောင်းကို ကိုင်ထားတဲ့ အရပ်ရှည်ရှည်နဲ့လူတစ်ယောက် မိုးရေထဲမှာ ဖြည်းဖြည်းချင်း လမ်းလျှောက်လာနေတာကို တွေ့လိုက်ရတယ်။

အလောတကောနဲ့ သည်းကြီးမည်းကြီး သွားလာနေကြတဲ့ ကျောင်းသူ၊ကျောင်းသားတွေဟာ နုပျိုသက်၀င်သွားတယ်။

အနောက်တိုင်း၀တ်စုံနဲ့ အမျိုးသားဟာ ရုတ်တရက်ဆန်ပြီး မျက်စိကို ဖမ်းစားနေတယ်။

စာကြည့်တိုက်အရှေ့မှာ ရပ်နေတဲ့ကျောင်းသူ၊ကျောင်းသားတွေဟာ ဆွဲဆောင်ခံလိုက်ရပြီး သူတို့ကို စပ်စပ်စုစုနဲ့ ကြည့်လာကြတယ်။

နန်ကောအရှေ့မှာ ရပ်သွားတဲ့အမျိုးသားဟာ ဖြည်းဖြည်းချင်း ထီးကို မြှောက်လိုက်တယ်။သူဟာ အနက်ရောင်မက်စ်ကို တပ်ဆင်ထားပြီး သူ့ရဲ့မျက်လုံးတွေကိုသာ ဖော်ထားတယ်။မှန်တွေကြားကနေတစ်ဆင့် ဘယ်သူကမှ သူ့ရဲ့မျက်လုံးကို အဝေးကနေ မမြင်နိုင်ဘူး။

နန်ကောရဲ့ အသက်ရှူနှုန်းဟာ မသိမသာ ရပ်တန့်သွားတယ်။သူမ ရှန်ရန်ချင်းကို ဒီမှာတွေ့ရတာ အနည်းငယ် အံ့ဩနေတာ။

စီနီယာဟာလည်း လူတွေရဲ့မျက်နှာထားကို ဖတ်တဲ့နေရာမှာ တော်တယ်။သူဟာ သူတို့အရှေ့မှာ ရပ်နေတဲ့ အမျိုးသားကို ကြည့်ပြီး နောက်ဆုံးလှေကားထစ်မှာ ရပ်နေတဲ့နန်ကောကို ပြန်ကြည့်တယ်။သူဟာ တိုးတိုးလေးမေးတယ်။ “အချင်းချင်း သိကြတာလား”

ဖြစ်နိုင်တာက နန်ကော သူ့ကို ကြားဖို့အထိ မိုးဟာ အရမ်းပြင်း‌နေလို့ ဖြစ်မယ်။

ချက်ချင်းပဲ သူမနဲ့ ဆန့်ကျင်ဘက်က အမျိုးသားဟာ သူမဆီ လက်လှမ်းလာပြီး သူမရဲ့နာမည်ကို ခေါ်တယ်။

“ကိုယ့်ကို အိတ်ပေး”

နန်ကော တုံ့တောင်တုံ့ဆိုင်းမနေဘဲ လှမ်းပေးလိုက်တယ်။အမျိုးသားဟာ အိတ်ကို လက်ထဲ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ကိုင်လိုက်ပြီး “ဒီနေ့ ထိုင်းအစားစာ သွားစားရအောင်”

သူဟာ ပြောရင်းနဲ့ လက်တစ်ဖက်ဆီ ပြောင်းလိုက်ပြီး ထီးကို ကိုင်တယ်။နန်ကောဟာ အလျင်အမြန်ပဲ သူ့ထီးအောက်ကို ၀င်လိုက်တယ်။ “ရှင် ကျွန်မကို စာပို့တော့ ဒီကို ရောက်နေပြီလား”

သူမဟာ သူ့ကို တအံ့တဩကြည့်လိုက်တယ်။

“ဟုတ်တယ် ကိုယ် အဆောင်ကို ရောက်တော့ မင်းရဲ့အခန်းဖော်တစ်ယောက်နဲ့ တွေ့လာတာ။ သူ ပြောတာ မင်း ပြန်မရောက်သေးဘူးဆိုလို့”

ရှန်ရန်ချင်းဟာ အချုပ်ခြာအာဏာကို ကြေငြာပြနေသလိုမျိုး လက်တစ်ဖက်ကို အားအောင်လုပ်ပြီး သူမရဲ့ ကျောအနောက်မှာ နေရာယူလိုက်တယ်။သူဟာ ထွက်မသွားခင် ရပ်နေတဲ့ကောင်လေးကို လှည့်ကြည့်ပြီး ခေါင်းညိတ်ပြတယ်။ “ကျေးဇူးပဲ”

အဲအခါမှပဲ နန်ကောဟာလည်း ကျောင်းသားလေးကို သတိရသွားပြီး အနောက်လှည့်ကာ လက်ပြနှုတ်ဆက်တယ်။ “စီနီယာ ကျွန်မကောင်လေး လာခေါ်ပြီရယ်။ ဒီနေ့အတွက် ကျေးဇူးပါ တာ့တာ!” စီနီယာဟာလည်း ပြန်လက်ပြနှုတ်ဆက်လိုက်ပြီး ဘာမှတော့ မပြောဘူး။

173 02

ခပ်လှမ်းလှမ်းက ပုံရိပ်လေး အမျိုးသားရဲ့လက်မောင်းကို တရင်းတနှီးဖက်ပြီး ထွက်သွားတာကို ကြည့်ရင်း စီနီယာဟာ သက်ပြင်း ချလိုက်တယ်။

သိပ်မဝေးတဲ့နားမှာ ပုန်းနေပြီး ရှိုးပွဲကို ကြည့်နေခဲ့တဲ့ လူတချို့ဟာလည်း ခုန်ထွက်လာပြီး သူတို့လက်တွေကို စီနီယာရဲ့ပုခုံးတစ်ဝိုက်မှာ တင်လိုက်တယ်။ “ကောင်းပြီ ကောင်းပြီ။ သူ့မှာ ကောင်လေး ရှိနေပြီဆိုတော့ မင်း လုပ်နိုင်တာ ဘာမှမရှိတော့ဘူး”

“ဟူးးးး ငါတို့အရင် သူ့ရဲ့ဒိတ်တင်းအခြေအနေကို ‌လိုက်မေးကြည့်ခဲ့ရမှာ။ ပေါ့မိတာ ငါတို့ရဲ့အမှားပဲ”

“ဒါပေမဲ့ ဒီလူက ငါတို့ကျောင်းက မဟုတ်ဘူးမလား။ သူက သူနဲ့မတူဘူး။ ဟင်း...နည်းနည်းတော့ ရင်းနှီးသလိုပဲ”

“မကြည့်နဲ့တော့။ သွားကြမယ်။ ၀မ်းမနည်းပါနဲ့။ ငါတို့ မင်းကို ထမင်း၀ယ်ကျွေးမယ်။ ကိစ္စကြီး မဟုတ်ပါဘူးကွာ”

သူတို့အားလုံးဟာ စကားရည်လုအဖွဲ့က ဖြစ်တယ်။ဒီနေ့ သူတို့ တမင်တကာ ကောင်လေးအတွက် နန်ကောကို သွားကြိုဖို့ အခွင့်အရေးလေး ဖန်တီးပေးပြီး သူတို့ဆက်ဆံရေးကို တိုးတက်စေချင်တာ။

ဒီလိုဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက သိပါ့မလဲ

“ခုဏက ဘယ်သူလဲ” ရှန်ရန်ချင်းဟာ မမေးချင်ဘူး။ဒါပေမဲ့ ခြေလှမ်း အနည်းငယ်လောက် လှမ်းပြီးတဲ့နောက်မှာတော့ သူဟာ မနေနိုင်ဘဲ မေးလိုက်မိတယ်။

“သူက စကားရည်လုအဖွဲ့က စီနီယာလေ။ သူက ဒုတိယစကားပြောတဲ့သူဖြစ်ပြီး အရမ်းတော်တယ်။ မနှစ်က ကျွန်မတို့ကျောင်း ပြိုင်ပွဲသွားပြိုင်တော့ ဒီစီနီယာပေါ့ ပွဲကို ပြောင်းပြန် လှန်ပစ်လိုက်တာ။ အဲနောက်ပိုင်း တက္ကသိုလ်တွေကြားမှာ သူက လုံး၀အကောင်ကြီး ဖြစ်လာတာ”

“အဲစကားရည်လုပွဲက ထူးထူးခြားခြား ရှေးဆန်တယ်။ ကျွန်မဖုန်းထဲမှာ ရှိသေးတယ်။ ပြီးရင် ရှင့်ကို ပြမယ်”

“အင်း” ရှန်ရန်ချင်းရဲ့ တုံ့ပြန်မှုဟာ သာမန်ပဲ။

နန်ကောဟာ ဖုန်းထုတ်ပြီး ထိုင်းဟင်းလျာတွေကို ရှာဖွေကြည့်တယ်။ “ဒါကို ကြည့်ကြည့် ဟွေးဟွေးပြောတာ ဒီဆိုင်က အစားအသောက်တွေက အရသာရှိတယ်တဲ့ သူ မနေ့ကမှ သူ့ကောင်လေးနဲ့ သွားစားထားတာ။ ဟင်း သူ သူ့ကောင်လေးအကြောင်း သိပ်မပြောဘူး။ အခုမှတွဲကြရုံပဲရှိသေးပုံရတယ်။ ကျွန်မတို့ ကျောင်းကလား မသိ”

သူမတို့နှစ်ယောက် နေ့တိုင်း ဖုန်းပြောဖြစ်ကြပေမဲ့ တစ်ယောက်က အလုပ်လုပ်နေပြီး တစ်ယောက်က အတန်းတက်နေတာမလို့ အဆုံးကျတော့လည်း သူတို့မှာ စကားပြောဖို့ အချိန်တွေတော့ အများကြီး ရှိတယ်။

ဒါကြောင့် သူတို့နှစ်ယောက်တွေ့တိုင်း နန်ကောဟာ ရှန်ရန်ချင်းကို ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ဖြစ်ခဲ့တာမှန်သမျှ ပြောပြတတ်တယ်။အကုန်လုံးဟာ အမျိုးမျိုးသော အသေးအဖွဲကိစ္စတွေဆိုပေမဲ့ ရှန်ရန်ချင်းဟာ စိတ်ရှုပ်ဖို့ကောင်းတယ်လို့ မခံစားရဘူး။သူဟာ အကြိမ်တိုင်း ဂရုတစိုက်နဲ့ နားထောင်ပြီး တုံ့ပြန်မှုတစ်ချို့တောင်မှ ပြန်ပေးတတ်သေးတယ်။

ဒါပေမဲ့ ဒီနေ့တော့ မတူဘူး။

နန်ကောဟာ အကြောင်းအရာနှစ်ခုအထိ ပြောပြီးပြီဆိုပေမဲ့ ရှန်ရန်ချင်းဟာ ဘာမှမပြောသေးဘူး။

ဒါပေမဲ့ နန်ကောဟာ စိတ်ထဲ မထားဘူး။သူမဟာ နောက်အကြောင်းအရာကို ဆက်သွားလိုက်ပြီး ကန်တင်းက နေ့လည်စာဟာ နည်းနည်းဆိုးကြောင်းကို ပြောနေတယ်။

သူမ ကွန်ပလိန်းတက်နေတဲ့အချိန်မှာပဲ ရှန်ရန်ချင်းဟာ ရုတ်တရက်ကြီး ထပြောတယ်။ “ကိုယ်လည်း တက္ကသိုလ်တုန်းက စကားရည်လုအဖွဲ့မှာ ပါဖူးတယ်”

“ဟမ်”

နန်ကောဟာ ကြောင်သွားတယ်။

စကားရည်လုအဖွဲ့ ဒီအကြောင်းအရာက ပြီးသွားပြီမဟုတ်လား

သူမအခုပြောနေခဲ့တာက စကားရည်လုအဖွဲ့နဲ့ လုပ်စရာတစ်ခုခုများရှိလို့လား

သူ ဘာလို့ ရုတ်တရက်ကြီး ဒါကို ထပြောတာလဲ

သူမ သိပ်တော့ နားမလည်ပေမဲ့ နန်ကောဟာ သူ အဲဒါကို ပြောတာကြားတော့ အရမ်းပံ့ပိုးပေးလျက် ရှိတယ်။ “တကယ် ဒါဆို ရှင်က အရမ်းတော်တာပဲ”

ရှန်ရန်ချင်းဟာ စောင့်နေခဲ့ပေမဲ့ နန်ကောဟာ သူ လိုချင်တဲ့တုံ့ပြန်မှုမျိုး ပေးမလာခဲ့ဘူး။

သူဟာ ခေါင်းကို လှည့်ပြီး သူမကို မကြည့်ရဲဘဲ ဖြစ်နေတယ်။သူဟာ ချောင်းအသာဟန့်ပြီး သူမကို ဖြည်းဖြည်းချင်း လမ်းကြောင်းပေးတယ်။ “ကိုယ်လည်း ကိုယ့်တက္ကသိုလ်က တော်တော်လေးကောင်းတဲ့ စကားရည်လုပြိုင်ပွဲတွေမှာ ၀င်ပြိုင်ဖူးတယ်။ ကိုယ့်မှာလည်း ဗီဒီယိုတွေရှိတယ်။ မင်းကြည့်ချင်လား”

173 03

သေချာပေါက်ကိုပဲ အသက်ပိုကြီးတဲ့လူဟာ သူ လိုချင်တာကို ဘယ်လိုယူရမလဲဆိုတာ ကောင်းကောင်းသိတယ်။သူ့စကားတွေဟာ နန်ကောရဲ့ အစားစာချင်စိတ်ကို လျော့သွားစေတယ်။

“ကိုယ်တို့ စားပြီးရင် ကြည့်လို့ရတယ်။ အိမ်က ကွန်ပျူတာထဲမှာရှိတယ်” ညစာစားပြီးတဲ့နောက် နန်ကောဟာ ဗီဒီယိုတွေကြည့်ဖို့ အလျင်အမြန်ပဲ သူ့အနောက်ကို လိုက်လာတယ်။

ရိုးရိုးသားသားပြောရရင် သူ ရှန်ရန်ချင်း ခက်ထန်တာကို တစ်ခါမှ မမြင်ဖူးဘူး။အရင်က သူဟာ များသောအားဖြင့် ညင်သာနေခဲ့တာ။

သူ့အလုပ်က စိတ်နေစိတ်ထားကိုတော့ သူမမှာ မြင်ရဖို့ အခွင့်အရေး မရှိခဲ့ဘူးလေ။

ဒါကို တွေးမိတော့ နန်ကောဟာ ရုတ်တရက် အခြားတစ်ခုခုကို တွေးမိသွားတယ်။

စာကြည့်ခန်းထဲမှာ သူမဟာ ရှန်ရန်ချင်း ထိုင်နေကျနေရာမှာ ထိုင်လိုက်တယ်။သူမအကြည့်ဟာ ကွန်ပျူတာစခရင်ကနေ ရွေ့သွားပြီး ဖြည်းဖြည်းချင်း သူမနဲ့ မျက်နှာချင်းဆိုင်ဆီကို ရောက်သွားတယ်။

သူမရဲ့အကြည့်နဲ့ ဆုံတဲ့အခါ ရှန်ရန်ချင်းဟာ သူမ ပြင်ဆင်ထားတဲ့ စာမူတွေကိုချပြီး မျက်ခုံးပင့်ပြတယ်။ “မင်း ကြည့်လို့ ပြီးသွားပြီလား”

“အာ မပြီးသေးဘူး” သူမတစ်၀က်ပဲ ကြည့်ရသေးတယ်။

နန်ကောဟာ လက်ချောင်းကို ထိုးပြီး မဝံ့မရဲနဲ့ မေးတယ်။ “ရှင် ကျွန်မအတွက် တာ၀န်ခံပေးမယ်လို့ မပြောခဲ့ဘူးလား”

ရှန်ရန်ချင်းဟာ အံ့ဩသွားတယ်။သူဟာ ရှင်းရှင်းလင်းလင်းကိုပဲ သက်တောင့်သက်သာ မဖြစ်စွာနဲ့ အကြည့်လွှဲလိုက်တယ်။ “မင်းပြောချင်တာက...”

“ဟုတ်တယ်။ ရှင်ပြောတော့ ရှင် ကျွန်မတို့အတွက် တာ၀န်ခံပြီး ဟွားရှန်အဖွဲ့အစည်းမှာ အလုပ်သင်ဆင်းဖို့ အခွင့်အရေးပေးမယ်ဆို ကျွန်မရော သွားလို့ရလား”

သူတို့နှစ်ယောက်ဟာ တူညီတဲ့အရာကို တွေးမနေဘူးဆိုတာ သိသိသာသာပဲ။

ရှန်ရန်ချင်းဟာ သူ့ရဲ့အထိတ်တလန့်ဖြစ်မှုကို ဖုံးဖို့ ရေတစ်ငုံ သောက်လိုက်တယ်။အဲနောက် သူက “မင်းတကယ် ဟွားရှန်အဖွဲ့အစည်းကို လာချင်တာလား”

သူ ဒီကိစ္စကို မှတ်မိပြီး သဘာ၀အတိုင်းပဲ သူ့စကားကို တည်တယ်။

ဒါပေမဲ့ နန်ကော ဟွားရှန်အဖွဲ့အစည်းမှာ အလုပ်သင်ဆင်းဖို့ တွေးနေမယ်လို့ သူ မထင်ထားတာ။

ဘာလို့လဲဆိုတော့ နန်မိသားစုမှာလည်း ကြီးမားတဲ့စီးပွားရေး ရှိနေတာ။နောက်ပြီး နန်ကျဲ့ဟာလည်း သူ့ညီမကို အရမ်းကာကွယ်ချင်တာ။သူ နန်ကောကို တခြားနေရာမှာတော့ အလုပ်သင် မဆင်းခိုင်းလောက်ဘူး။

“ဟုတ်တယ်” နန်ကောဟာ ခေါင်းညိတ်တယ်။ “ရှင့်၀န်ထမ်းတွေက သိပ်မူမမှန်ဘူးလို့ ထင်ပေမဲ့...အဟမ်း ကျွန်မ ကုမ္ပဏီမှာ တကယ် ၀င်လုပ်ကြည့်ချင်တယ်” ဘာလို့ ဒီစကားတွေက ထူးဆန်းတဲ့အသံ ပေါက်နေရတာလဲ။

“အခြားအထူးတလည် အကြောင်းအရင်းများ ရှိသေးလား”

ဥက္ကဌရှန်ဟာ သေချာပေါက် ဒီအဓိပ္ပာယ်မရှိတဲ့ အကြောင်းအရင်းကို လက်မခံပေးနိုင်ဘူး။

“‌အော် ဟွားရှန်အဖွဲ့အစည်းကို ၀င်ပြီး ဥက္ကဌရှန်နောက် လိုက်မယ်ဆိုရင် ကျွန်မ ကျိန်းသေပေါက် အများကြီး သင်ယူနိုင်မယ်လို့ထင်တယ်”

ဒီအကြောင်းအရင်းကမှ ပိုအားကိုးဖွယ်ရာရှိပြီး လေးနက်တဲ့အသံ ပေါက်တယ်။

ဒါပေမဲ့လည်း ရှန်ရန်ချင်းဟာ မယုံဘူး။

နန်ကောဟာ ရိုးရိုးရှင်းရှင်းပဲ အမှန်တိုင်း ပြောပြလိုက်တယ်။ “ရှင် အလုပ်လုပ်နေတဲ့အချိန်ဆို ဘယ်လိုပုံစံရှိလဲဆိုတာ ကျွန်မ မမြင်ဖူးသေးဘူး။ ဒါကြောင့် ကျွန်မ ရှင့်ကို အနီးက ပ်ကြည့်ချင်လို့”

သူမဟာ ‌တစ်ယောက်သောသူရဲ့ မျက်နှာထားကို အကဲခတ်ကြည့်ပြီး မတ်မတ် ထထိုင်လိုက်တယ်။သူမဟာ မြန်မြန် ထပ်ထည့်ပြောလိုက်တယ်။ “ဒါ‌ပေါ့ အသစ်အသစ်တွေကို သင်ယူတာက ဦးစားပေးပဲ။ ကျွန်မက ကျွန်မရဲ့စူးစမ်းလိုစိတ်ကို ကျေနပ်ချင်တာပါ”

ဒါကို ပြောပြီးတဲ့နောက် သူမဟာ လေးပင်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။မသိရင် သူမရဲ့စကားတွေကို အတည်ပြု‌ချင် နေသလိုလို...

******

All Chapters