← Chapters

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း ၁၇၄

Vol. 18 Ch. 174

174 01

Chapter 174 သူ့ကို ကျော်ပြီး အခြားလူကို ကြည့်နေတာ။

ရှန်ရန်ချင်းမှာတော့ ငြင်းစရာမရှိဘူး။

သူသဘောတူတာကို မြင်တော့ နန်ကောဟာ သူ့အရင်ကပြိုင်ပွဲတွေရဲ့ ဗီဒီယိုကို ကျေကျေနပ်နပ်နဲ့ ဆက်ကြည့်တယ်။

အရင်က ရှန်ရန်ချင်းဟာ စကားရည်လုအဖွဲ့မှာ စတုတ္ထစကားပြောသူဖြစ်တယ်။

အခုလက်ရှိ နန်ကောနဲ့ အတူတူပဲ။

ဗီဒီယိုထဲက ကောင်လေးဟာလည်း ငယ်ရွယ်ပုံပေါ်တယ်။သူ့ကိုယ်သူမိတ်ဆက်ပြီး လူတိုင်းကို နှုတ်ဆက်ပြီးတဲ့အခါ သူ့နှုတ်ခမ်းထောင့်ဟာ ကွေးတက်သွားတယ်။မိုက်ကို ကိုင်ထားတဲ့ သူ့ရဲ့လက်ဟာ သွယ်လျပြီး ဖွေးနေတယ်။

ဒါဟာ တက္ကသိုလ်တုန်းက ရှန်ရန်ချင်း။

ရှန်ရန်ချင်းရဲ့အကျင့်နဲ့ဆိုရင် ငယ်ငယ်ကတည်းက ရင့်ကျက်ပြီး တည်ငြိမ်မယ်လို့ သူမ ထင်ခဲ့တယ်။ဒါပေမဲ့ အဲဒါက ပြဿနာမဟုတ်ဘူး။

နန်ကောဟာ မတတ်နိုင်ဘဲ ရှန်ရန်ချင်းတက္ကသိုလ်မှာတုန်းက သူမဘယ်မှာလဲဆိုတာကို သိချင်မိတယ်။

သေချာစဉ်းစားကြည့်ရင် အဲ့တုန်းက သူမမူလတန်းမှာပဲ ရှိဦးမယ်ထင်တယ်။

သူမတို့နှစ်ယောက်ဟာ ၈နှစ်ကွာတယ်။

နန်ကောဟာ အရင်က ဒီနံပါတ်ကို အထူးတလည်မတွေးခဲ့ဖူးဘူး။

အရင်က သူမရဲ့အစ်ကို သူမနဲ့ ရှန်ရန်ချင်းကြားက အသက်ကွာဟမှုအ‌ကြောင်း ပြောခဲ့တုန်းက သူမမှာ အမှုမဲ့အမှတ်မဲ့ပဲ။၈နှစ်တည်းဖြစ်ပြီး အများကြီး ကွာခြားသွားတာမျိုး မရှိဘူး။တရားမ၀င်တာ မဟုတ်ဘူး။

လက်ခံနိုင်တဲ့ အကွာအဟဖြစ်နေတုန်းပဲ။

ဒါပေမဲ့ အခု သူမ အဲအကြောင်း တွေးကြည့်မိတော့ သူမ ရှန်ရန်ချင်းနဲ့စစတွေ့တုန်းက သေသေချာချာ စကားမပြောခဲ့ရဘဲ ရှန်ရန်ချင်းဟာ အထက်တန်းကျောင်းသား ဖြစ်နေပြီ။

အခု တက္ကသိုလ်နဲ့ မူလတန်းရဲ့ကွာခြားချက်ကို ကြည့်မိတော့ သူမတို့ကြားက အကွာအဟဟာ ၈နှစ်တည်းတင် မဟုတ်ဘဲ ရာစုနှစ် ချီတယ်လို့ ခံစားရတယ်။

သူမ မူလတန်းစတက်တုန်းက တက္ကသိုလ်ဆိုတာ သူမနဲ့ အရမ်းဝေးတယ်လို့ ခံစားခဲ့ရတာ။မသိတဲ့ ဖြစ်တည်မှု တစ်ခုလိုမျိုး။သူမ လက်လှမ်းမမှီနိုင်တဲ့ အနာဂတ် ဖြစ်ခဲ့တာ။

ဒါဟာ သူမနဲ့ ရှန်ရန်ချင်းကြားက အကွာအဝေးပဲ။

ဒါဟာ ပထမဆုံးအကြိမ် နန်ကော လေးလေးနက်နက်နဲ့ ဒီမေးခွန်းကို သေချာဆန်းစစ် ကြည့်ဖူးတာ။

ဒီအကြောင်းတွေးဖို့ နည်းနည်း နောက်ကျနေပြီဆိုပေမဲ့လည်း သူမရဲ့စိတ်ဟာ အမြဲတမ်းအလှည့်အပြောင်းတွေနဲ့ ပြည့်နေခဲ့တော့ သူမ ဂရုမစိုက်ပါဘူး။

ရှန်ရန်ချင်း နန်ကောကို စာမူတွေကူ ပြင်ပေးနေတာ တစ်နာရီရှိပြီ။သူ မနေနိုင်ဘဲ သူ့ရဲ့တက္ကသိုလ်တုန်းက နေ့ရက်တွေကို ပြန်တွေးကြည့်မိတယ်။သူ သူ့ရဲ့စာမူကို အခု‌ပြင်ဆင်နေတာလောက် အလေးအနက်ထားပြီး မပြင်ဆင်ခဲ့သလိုဘဲ။

သူဟာ မျက်မှန်ကို ချွတ်ပြီး စာမူဘေးမှာ တင်လိုက်တယ်။သူ မော့ကြည့်လိုက်တဲ့အချိန် နန်ကောရဲ့ကြည့်နေပြီးသားဖြစ်တဲ့ အကြည့်နဲ့ သွားဆုံတယ်။

ကောင်မလေးဟာ မေးထောက်ပြီး ခေါင်းကို စောင်းကာ ကွန်ပြူတာစခရင်ကို ကျော်ပြီး သူ့ကို ကြည့်နေခဲ့တယ်။

သူ လှမ်းကြည့်တော့လည်း ကောင်မလေးရဲ့မျက်လုံးထဲ ဘာပြောင်းလဲမှုမှမရှိဘူး။သူ သူမဆီ လှမ်းကြည့်နေပြီးပြီဆိုတာကို မသိသလိုမျိုး။

လန့်လန့်နဲ့ သူဟာ ကောင်မလေးရဲ့အကြည့်အောက်မှာ နားမလည်နိုင်တဲ့စိုးရိမ်မှုမျိုးကို ခံစားလိုက်ရတယ်။

သူမရဲ့ကိုယ်နေဟန်ထားကို ကြည့်ရသလောက်တော့ သူမ သူ့ကို တိတ်တဆိတ် အကဲခတ်နေတာ ကြာပြီ။

သူ့ရဲ့ထိုင်တဲ့ကိုယ်နေဟန်ထားကို ထိန်းညှိပြီးတဲ့နောက် သူ သူမကို တစ်ဖန် ထပ်မော့ကြည့်လိုက်တယ်။

ဒီတစ်ခေါက်တော့ ကောင်မလေး သူ့ကို ကြည့်နေပုံမရတာကို သူ နောက်ဆုံးတော့ သတိထားမိသွားတယ်...။

သူမရဲ့မျက်လုံးထဲကနေတစ်ဆင့် သူမဟာ တခြားတစ်ယောက်ယောက်ကို ကြည့်နေပုံ ရတယ်။

ဒါကို သဘောပေါက်သွားတဲ့အခါ ရှန်ရန်ချင်းဟာ မျက်မှောင် ကြုတ်မိတယ်။သူ့နှလုံးသားဟာ မမြင်နိုင်တဲ့လက်တစ်ဖက်ဆီက‌နေ အညှစ် ခံလိုက်ရသလိုပဲ။သူ့ကို အရမ်းနာကျင်စေလွန်းလို့ ရဲရဲတောင် အသက် မရှူရဲတော့တဲ့အထိ။

174 02

နောက်ဆက်တွဲဟာ လုံး၀ဆုံးရှုံးမှုပဲ။

အခြားလူတစ်ယောက်။

“အဟမ်း” အခုချိန်မှာ သူ သူ့ရဲ့ခံစားချက်တွေကို မဖုံးဖိနိုင်ဘဲ နန်ကောကို အသိပြန်၀င်အောင်လုပ်ဖို့ ကြိုးစားတယ်။

ချောင်းဟန့်သံကိုကြားတော့ နန်ကောဟာ ချက်ချင်း သူ့ကို ကြည့်လာတယ်။

သူမအကြည့်ဟာ ရှင်းရှင်းလင်းလင်းကိုပဲ အစကနေ အဆုံးအထိ သူ့ဆီမှာဆိုပေမဲ့ ဒီအခိုက်အတန့်မှာတော့ သူမဟာ အကြည့်ကို အခြားလူတစ်ယောက်ဆီကနေ ပြန်ရုတ်ပြီး သူ့ဆီ ကြည့်လာတာလို့ ခံစားရတယ်။

နန်ကော ရှန်ရန်ချင်းကို ကြည့်လိုက်တဲ့အခါ သူမရဲ့ခန္ဓာကိုယ်ဟာ အနည်းငယ် တောင့်သွားတယ်။သူမတို့နှစ်ယောက် အချင်းချင်း ကြည့်နေကြတယ်။ဘာလို့လဲတော့ မသိပေမဲ့ ရှန်ရန်ချင်းရဲ့မျက်နှာထား နည်းနည်းထူးဆန်းနေတယ်လို့ သူမယောင်ဝါးဝါးလေး ခံစားရတယ်။

သူဟာ ပုံမှန်ဆို မျက်နှာမှာ ဘာခံစားချက်မှ မပြဘူး။အခု သူလည်းပဲ ရေးရေးလေး ပြုံးပြနေပေမဲ့ ဝေးကွာနေသလို ခံစားရတယ်။

“ရှင် ကျွန်မစာမူကို ဖတ်လို့ပြီးပြီလား” သူမဟာ မေးကိုမပြီး စားပွဲပေါ်က သူ တင်ထားတဲ့စာမူဆီကို လက်လှမ်းလိုက်တယ်။

စာရွက်ပေါ်မှာ ဘောပင်နဲ့ အမှတ်အသားတချို့ ရှိနေတယ်။သူ သူမကို ကူပြင်ပေးထားတာ နေမယ်။

သူမ စာရွက်ကို ယူပြီး အနီးကပ်ကြည့်မလို့ လုပ်တဲ့အချိန်မှာပဲ သူဟာ စာရွက်ကို ကိုင်ထားတဲ့ သူမရဲ့လက်ကို လှမ်းကိုင်လာတယ်။သူဟာ သူမကို တည်ငြိမ်တဲ့အကြည့်နဲ့ ကြည့်နေဆဲ။မသိရင် သူကပဲ သူမလက်ကို လှမ်းကိုင်တဲ့သူ မဟုတ်တဲ့အတိုင်း။

နန်ကောဟာ အရှေ့ကို မှီထားရင်းပဲ သတိလက်လွတ်နဲ့ လက်ကိုပြန်ရုတ်တယ်။ဒါပေမဲ့ သူမ ရုန်းလို့ မရဘူး။

“ဟမ်”

“မင်း ခုဏက ဘာတွေတွေးနေတာလဲ”

နန်ကောရဲ့အတွေးတွေဟာ သူမရဲ့မျက်နှာမှာ အကုန်ရေးထားတယ်။သူမမှာ ဖုံးထားနိုင်စွမ်း မရှိသလို တကူးတက ဖုံးထားဖို့လည်း လုပ်မနေဘူး။

ဒါကြောင့် သူမ အမေးခံရတဲ့အခါ သူမဟာ အမြဲအမှန်တိုင်း ပြောလိမ့်မယ်။ဘယ်လိုပဲ ဖြစ်ဖြစ် သူမကို ဖောက်ထွင်းမြင်နိုင်တာမို့။

“ဒါ” သူမဟာ ကွန်ပျူတာစခရင်ကို အခြားလက်တစ်ဖက်နဲ့ နှိပ်လိုက်တယ်။သူမ မြင်ရတာကို သတိထားမိသွားတော့ သူမဟာ စခရင်ကို သူ့ဘက်လှည့်ပေးတယ်။

စခရင်ပေါ်မှာတော့ လူငယ်လေးဟာ သူ့ဘေးက လူ၃ယောက်နဲ့ ဆင်တူတဲ့အင်္ကျီကို ၀တ်ဆင်ထားပြီး ကင်မရာကို အပြုံးလေးတစ်ပွင့်နဲ့ ကြည့်နေတယ်။ဒီဖြစ်စဥ်ဟာ အရပ်ခံထားရတာ ဖြစ်တယ်။

နန်ကောဟာ ဒါကို အချိန်အကြာကြီး ကြည့်နေခဲ့တာ ဖြစ်တယ်။

ဒါပေါ့။ဘယ်သူလဲဆိုတာ ရှန်ရန်ချ င်းသိပေမဲ့ သူ နားမလည်သေးဘူး။သူ့မျက်လုံးတွေထဲ ရှုပ်ထွေးမှုနဲ့ ပြည့်‌သွားတယ်။

သူမဆိုလိုချင်တာကို သူနားလည်မနေတာကို ကြည့်ရင်း နန်ကောဟာ သူ့ကို တိုးတိုးလေးပြောတယ်။သူမဟာ အသံကို တိုးပြီး “ရှင် အဲ့တုန်းက တကယ်ငယ်ငယ်လေးပဲ”

ရှန်ရန်ချင်းဟာ ဘေးက နောက်ကွန်ပျူတာတစ်လုံးကို သတိလက်လွတ် ကြည့်လိုက်မိတယ်။စခရင်ဟာ မည်းနေပြီး သူရဲ့လက်ရှိမျက်နှာ အစိတ်အပိုင်းတွေ ရေးတေးတေးရောင်ပြန်ဟပ်နေတာကို မြင်ရတယ်။

ခဏလောက် ရပ်ပြီးတဲ့နောက် စခရင်ပေါ်က သူ့ကိုယ်သူကို ပြန်လှည့်ကြည့်တယ်။သူဟာ တက္ကသိုလ်ကျောင်းသားလေး ဖြစ်နေတုန်း။ သူနှုတ်ခမ်းကို ဖိလိုက်တယ်။

သူ တကယ်ကို ငယ်တာပဲ။

ချေပစရာကို မရှိတာ။

“အာ ကျွန်မ အခုရှင့်ပုံစံ ဘယ်လိုဖြစ်နေလဲဆိုတာကို ပြောနေတာမဟုတ်ဘူးနော်။ ရှင်လည်း အဲ့တုန်းက ကျွန်မလိုပဲလို့ ပြောတာပါ” သူ့မျက်နှာထား ထပ်ပြီးမည်းမှောင် သွားတာကို မြင်တော့ နန်ကောဟာ ရှင်သန်ဖို့ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့အတူ ရှင်းပြတယ်။ “ရှင်က အခုအရမ်းချောပါတယ်။ ဒါပေမဲ့ ရှင် တက္ကသိုလ်ကျောင်းသား ဘ၀တုန်းက ငယ်ရွယ်ပြီး အားအင်အပြည့်ပဲ။ ဒါ ကျွန်မ ရှင့်ကို ပထမဆုံး အဲ့လိုမြင်ဖူးတာ”

“ကျွန်မ ရုတ်တရက် နည်းနည်းတောင် နောင်တရမိတယ်”

174 03

ဒီစကားဟာ ရှန်ရန်ချင်းရဲ့ သိချင်စိတ်ကို ထိုးဆွသွားတယ်။ “ဘာလို့လဲ”

“ဘာလို့လဲဆိုဝောာ့ ရှင်က ကျွန်မကို ငယ်ငယ်တုန်းက မြင်ဖူးပေမဲ့ ကျွန်မတက္ကသိုလ်ရောက်တော့ ရှင် ကျွန်မကို အရင်ကလို မမြင်တော့ဘူးလေ။ ဒါပေါ့ ရှင် အထက်တန်းတုန်းက ကျွန်မတို့ တွေ့ခဲ့တာဆိုပေမဲ့ ကျွန်မက ငယ်သေးပြီး ဘာမှလည်း မမှတ်မိဘူးလေ”

“အဲဒါကြောင့် ကျွန်မ နည်းနည်းနောင်တရမိတာ။ ပြီးတော့ ရှင် တက္ကသိုလ်မှာတုန်းက ဩဇာရှိတဲ့ လူတစ်ယောက်ဖြစ်ခဲ့မှာပဲ။ ရှင်က ထိပ်တန်းကျောင်းသားဖြစ်ပြီး စကားရည်လုအဖွဲ့ရဲ့ အဓိကအင်အားတစ်ခုလည်း ဖြစ်သေးတယ်။ ရှင့်ကို ကြိုက်တဲ့လူတွေ အများကြီးရှိမှာပေါ့။ ဟုတ်တယ်မလား”

သူမရဲ့စကားဟာ ချဉ်တဲ့လေသံ ပေါက်သွားမယ်ဆိုတာ နန်ကော သတိမထားမိဘူး။

သူမအစ်ကို ပြောခဲ့သလိုပဲ။ရှန်ရန်ချင်းဟာ သူမထက် ၈နှစ်ကြီးတယ်။ဒီလောက်နှစ်တွေ အများကြီး သူ ဘယ်သူနဲ့မှ မတွဲခဲ့ဖူးဘူးဆိုတာဟာ တကယ်ကိုအံ့ဩစရာပဲ။

ရှန်ရန်ချင်းလို တလက်လက် တောက်ပနေတဲ့လူမျိုးဟာ ရည်းစားစာတွေ အများကြီး ရခဲ့မှာပဲ ဟုတ်။

သူမှာ မိသားစုနောက်ခံ ကောင်းကောင်းရှိတယ်။အကျင့်စရိုက်ကောင်းရှိပြီး ချောမောတဲ့ရုပ်ရည်နဲ့ ကျောင်းသားကောင်းတစ်ယောက်လည်း ဖြစ်သေးတယ်။သူဟာ အရာရာတိုင်းမှာ တော်နေတာ။ဘယ်သူက သူတို့ကိုယ်သူတို့ ထိန်းနိုင်မှာလဲ။

အထက်တန်းမှာ ရှန်ရန်ချင်း စာကြိုးစားပြီး အချစ်ရေးတွေ စိတ်မ၀င်စားတာက အကျိုးအကြောင်း သင့်တယ်။ဒါပေမဲ့ တက္ကသိုလ်မှာကျ...

နန်ကောတစ်ယောက် သံသယ၀င်နေတယ်။

သူမအစ်ကို အရင်က ပြောခဲ့တာတွေဟာ အဓိပ္ပာယ် မရှိတာတော့ မဟုတ်ဘူးဘဲ။

“အရင်က ကျွန်မအစ်ကိုပြောတုန်းက ကျွန်မမယုံခဲ့ဘူး။ အခုစဉ်းစားကြည့်တော့မှ တက္ကသိုလ်မှာ ရည်းစား မထားဘူးဆိုတာ ရှင့်အတွက် မူမမှန်ဘူး” နန်ကောဟာ မျက်မှောင် ကြုတ်ပြီး ပါးဖောင်းကာ သူ့ကို ဒေါသတကြီးနဲ့ ကြည့်လာတယ်။ “ကျွန်မ တကယ်ပဲ ဝံပုလွေ‌တွင်းထဲ ကျသွားတာလား” ရှန်ရန်ချင်းဟာ ၀မ်းနည်းစွာနဲ့ ပြုံးပြီး ဆုပ်ကိုင်ထားတဲ့ လက်ကို တင်းကျပ်လိုက်တယ်။ “ကိုယ် တကယ် မရှိခဲ့ဘူး”

“ကိုယ် ကျောင်းတက်နေတုန်းက ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးသလို အလုပ်စလုပ်တော့လည်း ဘယ်သူနဲ့မှ မတွဲခဲ့ဖူးဘူး”

“ဘာလို့လဲ”

နန်ကောဟာ နားမလည်ဘူး။

ရှန်ရန်ချင်းအနားတစ်ဝိုက်က မိန်းကလေးတွေဟာ မဆိုးပါဘူး။

“ဒီတိုင်း ကိုယ် နားမလည်ခဲ့တာ”

“ရှင် ဘယ်သူ့ကိုမှ မကြိုက်ဖူးဘူးလား နည်းနည်းလေးတောင်မှလေ”

ရှန်ရန်ချင်းဟာ သေသေချာချာတွေးကြည့်ပြီး ခေါင်းခါပြတယ်။ “ဟင့်အင်း”

“ရှင့်ကို ကြိုက်တဲ့လူတွေကရော ကျောင်းဂိတ်၀ကနေ အနောက်ပေါက်အထိ တန်းစီလို့ရလောက်အောင်အထိ အများကြီးပဲလား”

******

All Chapters