အခန်း ၁၇၅
Vol. 18 Ch. 175
175 01
Chapter 175 နင့်ဆီ ကံဆိုးမှုတွေ သယ်လာတဲ့ယောက်ျားအပေါ်မှာ ပိုက်ဆံကို သုံးနေတာ။
ဒါတွေအားလုံးဟာ လျှပ်တစ်ပြက် အသက်ပျောက်သွားစေနိုင်တဲ့ မေးခွန်းတွေ။ကံကောင်းစွာနဲ့ ရှန်ရန်ချင်းဟာ အသိစိတ် ရှင်းရှင်းလင်းလင်း ရှိနေတယ်။အရင်က သူ တကယ် ဘယ်သူ့ကိုမှ မကြိုက်ခဲ့ဖူးတာမို့ သူမကို ဖြေနေတဲ့အချိန် သူ ဘာဖိအားမှ မခံစားရဘူး။
အကုန်လုံးဟာ အမှန်တရားတွေ။
“တချို့မိန်းကလေးတွေတော့ ကိုယ့်ကို ကြိုက်လောက်ပေမဲ့ မင်း ပြောသလောက်ကြီးတော့ မဟုတ်ပါဘူး”
နန်ကောဟာ သူ့ကိုမယုံဘူး။ “ရှင် ရည်းစားစာတွေ ရဖူးလား”
“ရဖူးတယ်”
“ရှင် အဲဒါတွေကို လက်ခံတယ်ပေါ့!” နန်ကောရဲ့မျက်လုံးတွေ ပြူးကျယ်သွားတယ်။
“ကိုယ် သူတို့ကို လူကိုယ်တိုင် ပြန်ပေးတာပါ။ ဒါပေမဲ့ တချို့ကျ ကိုယ် မသိအောင်ပေးတာ။ လွှတ်ပစ်တာက မကောင်းတော့ ကိုယ် အဲဒါတွေကို ဘေးမှာပဲ ဖယ်ထားဖို့ တတ်နိုင်တယ်။ ဒါပေမဲ့ ကိုယ် တစ်ခါမှ ဖွင့်မဖတ်ဖူးဘူး”
“အခြေခံအားဖြင့် ကိုယ်ပြန်ပေးလို့ရတဲ့ ဘာပဲဖြစ်ဖြစ် ပေးပို့သူနာမည်ပါတဲ့ဟာတွေနဲ့အတူ ပြန်ပေးတာ”
“သိပြီ” နန်ကောဟာ မေးစေ့ကိုပွ တ်တယ်။သူမ ဘာတွေးနေလဲဆိုတာ ဘယ်သူမှ မသိဘူး။
ရှန်ရန်ချင်းဟာ ဒီအကြောင်းအရာကို ဂရုမစိုက်ဘူး။သူဟာ တက္ကသိုလ်တုန်းက စခရင်ပေါ်က သူ့ပုံရိပ်အတွက်ကို ပိုစိုးရိမ်နေတယ်။
သူ နန်ကောနဲ့ စတွဲကတည်းက အသက်အရွယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာဟာ တားမြစ်ခံလာရသလိုပဲ။ထည့်ပြောခံရတိုင်း သူ့နှလုံးသားဟာ မွှေနှောက်ခံရတယ်။
သူ ဒီအကြောင်းအရာကို အထူးတလည် မရှောင်ဘူး။ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက် စတွဲပြီးတဲ့နောက်ပိုင်း အသက်အရွယ်နဲ့ ပတ်သက်လာရင် နန်ကောဟာ အရေးမသာဘူးဆိုတာကို သူ ကောင်းကောင်းသိနေလို့။
ဒါကြောင့် သူမ ဘယ်လောက်ပဲ ထည့်ပြောပြော သူ မရှောင်ဘူး။
နန်ကောရဲ့ အသက်အရွယ်မှာဆိုရင် သေချာပေါက်ကို ကျောင်းတွင်း အချစ်ဇာတ်လမ်းဟာ ပိုပြီးခွင့်မလွှတ်ချင်စရာ ကောင်းပြီး ပို့လို့တောင်ချိုသေး။ဥပမာအနေနဲ့ ဒီနေ့ သူမ သူမနဲ့သက်တူရွယ်တူ ကောင်လေးတွေနဲ့အတူ မတ်တပ် ရပ်နေတာကို သူ မြင်ခဲ့ရပြီးပြီ။သူတို့ရဲ့အသွင်အပြင်ကို ဖယ်ထားရင် သူတို့ဟာ တကယ်ကို သဟဇာတ ရှိတယ်။
၈နှစ်ကွာတယ်ဆိုတာဟာ သူ ကျော်လွှားလို့ မရနိုင်တဲ့အရာဘဲ။
ဒါပေမဲ့...အဲဒါဟာ အရှင်းပြောင်းလဲလို့ မရတာမျိုးတော့ မဟုတ်ဘူး။
အပြင်မှာ မိုးရွာနေဆဲ။နန်ကောဟာ ဒီည ရှန်ရန်ချင်းဆီမှာပဲ နေဖို့ရွေးချယ်ကာ သူမရဲ့စာမူကို ပြင်တယ်။
သူမဟာ သူမရဲ့စာမူကို ဖတ်နေတဲ့အချိန် ရှန်ရန်ချင်းဟာ သူ့အိပ်ခန်းထဲက ဗီရိုဆီ ပြန်သွားတယ်။သူ့အကြည့်ဟာ အနက်ရောင် အနောက်တိုင်း၀တ်စုံ အတန်းကနေ နက်ပြာရော င်အနောက်တိုင်း၀တ်စုံအတန်းဆီကို ရောက်သွားတယ်။
ကောလိပ်ကျောင်းသားတစ်ယောက်ဟာ အနောက်တိုင်း၀တ်စုံကို နေ့တိုင်း၀တ်မှာလား အဖြေဟာ နိုး။
သူ သူ့ရဲ့ပုံမှန်၀တ်စုံတွေကို ကြည့်ကြည့်တယ်။သူတို့ဟာလည်း အလွန်အမင်း ထိုင်းမှိုင်းနေတယ်။
သူ ပိုပြီးငယ်ရွယ်ပြီး တောက်တောက်ပပရှိတဲ့ ၀တ်စုံမျိုး ရှာကြည့်ပေမဲ့ အဆုံးမှာတော့ သူ့အတွက် အရမ်းခက်ခဲပုံပေါ်တယ်ဆိုတာကို သဘောပေါက်သွားတယ်။
သူ အလုပ်စလုပ်ကတည်းက အိမ်နေရင်းအ၀တ်တွေက လွဲလို့ ဒီနေ့လို အရောင်စပ်နဲ့ ထင်ရှားတဲ့ အမှတ်တံဆိပ်တွေတောင် ပါလိုက်သေးတဲ့ ကောင်လေး ၀တ်ထားသလိုမျိုး ဘယ်တုန်းကမှ မ၀တ်ဖြစ်ခဲ့ဘူး။
နန်ကောဟာ ဧည့်ခန်းထဲ ပတ်ကြည့်လိုက်ပေမဲ့ ရှန်ရန်ချင်းကို မတွေ့ဘူး။သူမ မာစတာအိပ်ခန်းကို ရောက်တော့ တံခါးကို မှီလိုက်ပြီး သူမကို ကျောပေးထားတဲ့ တစ်ယောက်သော သူကို တွေ့သွားတယ်။သူဟာ ခါးထောက်ထားပြီး အနောက်တိုင်း၀တ်စုံတွေကို ငိုင်ကြည့်နေတယ်။
ရှန်ရန်ချင်းတစ်ယောက် ကြည့်တဲ့ဆီ နစ်မွန်းနေတာ တံခါးမှာ လူရှိတာကိုတောင် သတိမထားမိဘူး။
ဒါဟာ သူ့ဗီရိုကို နန်ကော ပထမဆုံးမြင်ဖူးတာ။ဒါပေမဲ့ ထင်ထားတဲ့အတိုင်းပဲ သန့်ရှင်းသပ်ရပ် နေတယ်။အ၀တ်အစားတွေအားလုံးဟာ အရောင်နဲ့အမျိုးအစားကို လိုက်ပြီး စီစီရီရီရှိတယ်။ဒါပေမဲ့ မြင်ရရင် မြင်ရသလောက်ကို သူမဟာ အမှတ်မထင်ဘဲ စက်ချုပ်ဆိုင်တစ်ဆိုင်ဆီ ရောက်လာသလိုပဲ။
သူမဟာ ခုဏလေးတင် နှိပ်ခဲ့တဲ့ ဗီဒီယိုအကြောင်း တွေးလိုက်မိတယ်။စကားရည်လုပွဲ မဟုတ်ဘဲ တက္ကသိုလ်က ရှန်ရန်ချင်းနဲ့ အင်တာဗျူးတစ်ခု။
စခရင်ပေါ်မှာ သူဟာ အနောက်တိုင်း၀တ်စုံကို မ၀တ်ထားဘူး။အတန်းပြီးပြီးချင်း ရောက်လာသလိုမျိုးပဲ။သူဟာ အပြာနုရောင် ဆွယ်တာကို အထဲမှာ တီရှပ်အဖြူတစ်ထည်နဲ့ ၀တ်ထားခဲ့တယ်။သူ့ပုံစံဟာ လန်းဆန်းနေခဲ့တယ်။
သူမ မျက်လုံးတွေ လင်းလက်သွားတယ်။သူမ အဆုံးထိ မကြည့်ရဲခဲ့ဘူး။သူမဟာ ခပ်မြန်မြန် တစ်ချက်ကြည့်ပြီး အင်တာဗျူးကို ပိတ်လိုက်တာ။
နန်ကောဟာ ရုတ်တရက် အကြံတစ်ခုရလာတယ်။သူမနဲ့ရှန်ရန်ချင်း တစ်ခါမှ ဈေး၀ယ် မထွက်ဖူးတာတော့ မဟုတ်ဘူး။ဒါပေမဲ့ သူမတို့နှစ်ယောက် တစ်ခါမှ ယောက်ျား၀တ်ဆိုင်တွေဆီ မရောက်ခဲ့ဖူးသလိုဘဲ။
အရင်က ရှန်ရန်ချင်းဟာ ဆိုင်တစ်ဆိုင်ကနေ အ၀တ်အစားတွေ မလိုလောက်ဘူးလို့ သူမ ထင်ခဲ့တာ။အခုမှ စဉ်းစားကြည့်တော့ သူလိုလား မလိုလားဆိုတာ အရေးကြီးလို့လား
အရေးကြီးမနေဘူး။
အရေးကြီးတာက သူမရဲ့ ရည်ရွယ်ချက်ကောင်းတွေပဲ။
175 02
သူမအစ်ကိုဟာ သူမကို ကတ်တစ်ကတ် ပေးထားတယ်။သူမ ရှန်ရန်ချင်းရဲ့အ၀တ်တွေကို ပြောင်းလဲပစ်မယ်။
ရလဒ်အနေနဲ့ နောက်တစ်နေ့ နေ့လည်ခင်းမှာတော့ နန်ကျဲ့တစ်ယောက် အစည်းအဝေးခန်းထဲကနေ ထွက်လာတာနဲ့ ငွေဖြတ်ပိုင်း အသိပေးချက်တွေကို လက်ခံ ရရှိလိုက်တယ်။ငွေဖြတ်ပိုင်းတွေဟာ ရှည်လွန်းလို့ သူဆွဲချရတာ ပြဿနာဖြစ်နေတဲ့အခါ သူလက်လျှော့ပြီးသာ တစ်စုံတစ်ယောက်ကို ဖုန်းခေါ်လိုက်တယ်။
“၂နာရီတည်းနဲ့ စုစုပေါင်း ဒေါ်လာ၁.၇၈မီလီယံလောက် သုံးထားတယ်။ ချက်ချင်း ငါကို ဖြေရှင်းချက် ပေးစမ်း”
ဒီအချိန် နန်ကောဟာ ကားပါကင်မှာ ရပ်နေတာ ဖြစ်တယ်။ကားနောက်ဖုံးဟာ ပွင့်သွားပြီး ကောင်တာ၀န်ထမ်းတစ်ချို့ဟာ တောက်ပစွာ ပြုံးနေကြရင်း သူမအနောက်မှာ အမျိုးမျိုးသော အိတ်ကြီးအိတ်ငယ်တွေကို သယ်ထားတယ်။သူတို့ဟာ တစ်ခုပြီးတစ်ခု သေချာထည့်ပြီး သေသေသပ်သပ် လုပ်ပေးတယ်။
ကားနောက်ဖုံးထဲ ပစ္စည်းတွေကို ချပြီးတဲ့နောက် သူတို့ဟာ ပြန်ဖို့ကိုအလျင်မလိုဘဲ နာနာခံခံနဲ့ ဘေးနားမှာ ရပ်နေကြတယ်။နန်ကောဟာ သူတို့ကို ခေါင်းညိတ်ပြပြီး နားကဖုန်းကို ညွှန်ပြကာ သူတို့ အရင်ပြန်နိုင်ကြောင်းကို အမူအရာပြတယ်။
သူတို့ ထွက်သွားတဲ့အခါ နန်ကောဟာ ကားထဲ၀င်ပြီး ပြန်ပြောတယ်။ “ငါပျင်းလို့ ဈေး၀ယ်ထွက်လာတာ”
နန်ကျဲ့က မေးတယ်။ “ဈေး၀ယ်ထွက်ရုံပဲလား ဒါမှမဟုတ် တစ်လမ်းလုံးကိုများ ၀ယ်လိုက်သေးလား”
နန်ကောဟာ သူမ အ၀တ်အစားတစ်ချို့နဲ့ နာရီတစ်လုံး ၀ယ်ခဲ့ကြောင်းကို ရှင်းပြတယ်။
“နာရီ” နန်ကျဲ့ဟာ မျက်မှောင် ကြုတ်သွားတယ်။သူ တွေ့ရသလောက်တော့ နန်ကောဟာ လက်ကောက်၀တ်မှာ တစ်ခုခု၀တ်တာ ရှားပါတယ်။ “ငါ နင် အဲဒါတွေကို ၀တ်ရတာ မကြိုက်ဘူးလို့ ထင်ထားတာလေ”
နန်ကောဟာ သဘောတူပြီး တည်ငြိမ်စွာနဲ့ပြော တယ်။ “ငါ အဲဒါတွေကို ၀တ်ရတာ မကြိုက်ဘူးဆိုတာ ဟုတ်တယ်”
နန်ကျဲ့ ပိုလို့တောင်မှ ရှုပ်ထွေးသွားတယ်။သူ တစ်ခုခု ထပ်မမေးနိုင်ခင်မှာဘဲ တစ်ယောက်သောသူရဲ့ ဆက်ပြောလာတဲ့ စကားဟာ သူ့ကို ဒေါသ ထွက်သွားစေရလွန်းလို့ သွေးအန်လုမတတ် ဖြစ်သွားတယ်။ “ငါ ရှန်ရန်ချင်းအတွက် ၀ယ်လာတာ”
ဖုန်းတစ်ဖက်မှာ အချိန်တစ်ခုအထိ တိတ်ဆိတ် သွားတယ်။တည်ငြိမ်တဲ့အသံထွက်မလာခင် သူဟာ အသက်ကို ၂ကြိမ်လောက် ပြင်းပြင်းရှူခဲ့ရသလိုဘဲ။ “နင် နင့်လူကို ဒေါ်လာ၁.၇၈မီလီယံတန်တဲ့ နာရီတစ်လုံး ၀ယ်ပေးဖို့အတွက် နင့်အစ်ကိုရဲ့ပိုက်ဆံကို သုံးခဲ့တယ်ပေါ့လေ”
သောက်ရေးမပါတာ။
“သေချာပေါက် မဟုတ်ပါဘူး”
ဒါကို ကြားတော့ နန်ကျဲ့ဟာ သူမမှာ အသိတရားတော့ ရှိသေးသားပဲလို့ ထင်သွားတယ်။နောက်တစ်စက္ကန့်မှာပဲ သူမဟာ ပြောလာတယ်။ “ဒီပိုက်ဆံက ငါ သူ့အတွက် ၀ယ်ပေးတဲ့ အ၀တ်အစားတွေနဲ့ အသုံးအဆောင်တွေလည်း ပါတယ်။ ပိုက်ဆံအကုန်လုံး နာရီတစ်လုံးတည်းနဲ့တင် ကုန်တာမဟုတ်ပါဘူး”
ဒါပေမဲ့ ဒေါ်လာ၁.၇၈မီလီယံဟာ ရှန်ရန်ချင်းအတွက် သုံးခဲ့ပြီး ပိုက်ဆံအများစုဟာတော့ နာရီကြောင့် ကုန်သွားတာ။
အဲဒီမှာ ကွာခြားချက် ရှိလို့လား။ အဲဒါတွေ အကုန်လုံး သူ ခက်ခက်ခဲခဲ ရှာထားရတဲ့ ပိုက်ဆံတွေ မဟုတ်ဘူးလား
“နင်ကလေ တကယ် နင့်ကောင်လေးအတွက်ပဲ တွေးတာနော်။ နန်ကော နင် ဒီဆိုရိုးစကားမကြားဖူးဘူးလား။ နင့်အတွက် ကံဆိုးမှုတွေ သယ်လာတဲ့ ယောက်ျားအတွက် ပိုက်ဆံကို သုံးတယ်ဆိုတာ”
“အိုး” နန်ကောဟာ ခဏလောက်တိတ်သွားပြီး ရိုးရိုးသားသား မေးလာတယ်။ “နင် အစ်မချီယန်ကိုရော ဒါကို ပြောခဲ့သေးလား။ ဒါဆို နင် သူ့လက်ဆောင်တွေကို လက်မခံဘဲ နေမှာလား ဒါမှမဟုတ် နင် လက်ခံခဲ့ရင် ပိုက်ဆံ ပြန်ပေးမှာလား”
“ငါ...” ပိုက်ဆံပြန်ပေးတယ်ဆိုတာ သူမ ဘာကို ဆိုလိုချင်တာတုန်းဟ။
နောက်ဆုံးတော့ နန်ကျဲ့ဟာ အံကြိတ်ပြီး ဖုန်းချသွားတယ်။သိပ်မကြာဘူး။နောက်ထပ် ငွေဖြတ်ပိုင်း အသိပေးချက်တွေဟာ သူမ သူ့ကို တမင်တကာဆွနေတဲ့အလား တန်းစီ၀င်လာတယ်။
တစ်ဖက်မှာတော့ နန်ကောဟာ ရှန်ရန်ချင်းကို တွေ့ဖို့ ဟွားရှန်အဖွဲ့အစည်းဆီကို ပျော်ရွှင်စွာနဲ့ သွားတယ်။
လက်ထောက်ယွမ်နဲ့ မြောင်မြောင်ဟာ သူမရဲ့ပစ္စည်းတွေကို ကူသယ်ဖို့ အောက်ကို ဆင်းလာတယ်။သူတို့၃ယောက်အပါအ၀င် တံခါး၀က လုံခြုံရေးနှစ်ယောက်ဟာလည်းပဲ လက်ထဲအပြည့်။သူတို့ဟာ ရှန်ရန်ချင်းရဲ့ရုံးခန်းဆီကို တန်းသွားလိုက်ကြတယ်။
ရှန်ရန်ချင်းဟာ ရုံးခန်းထဲမှာ မရှိဘူး။ဘေးက ဧည့်သည့်နဲ့ တွေ့နေတာ။
လက်ထောက်ယွမ်ဟာလည်း ဘေးမှာပဲ ဒါပေမဲ့ ရှန်ရန်ချင်း နန်ကောရဲ့စာကို တွေ့တဲ့အခါ သူ လက်ထောက်ယွမ်ကို အောက်ဆင်းပြီး သူမကို သွားကြိုခိုင်းလိုက်တာ။
ပစ္စည်းတွေကို ချပြီးတဲ့နောက် လက်ထောက်ယွမ်ဟာ ပြန်သွားဖို့ကို အလျင်လို မနေတော့ဘူး။သူဟာ မနေနိုင်ဘဲ စပ်စပ်စုစုနဲ့ မေးကြည့်တယ်။ “မိန်းကလေးနန်ကော ဘယ်ကောင်တာကို အပီရှင်းခဲ့တာလဲ”
သူမ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။
လျှောက်လမ်းကနေ သူတို့ ဖြတ်လာတော့ အကြည့်တွေ အကြည့်တွေဆိုတာ သူတို့ဆီမှာ။
လူတွေဟာ မနေနိုင်ဘဲ သိချင်ကြတယ်လေ။
သူ့ရဲ့စနောက်မှုကို လစ်လျူရှုရင်း နန်ကောဟာ ပြောတယ်။ “ရာသီအသစ် ရောက်ပြီလေ မဟုတ်ဘူးလား။ ကျွန်မ ဥက္ကဌရှန်ကို ပစ္စည်းအသစ်လေး နည်းနည်းပါးပါး ပေးချင်ရုံပါ”
ဒါကို ကြားတဲ့အခါ လက်ထောက်ယွမ်ဟာ ခေါင်းငုံ့ပြီး ကြမ်းပေါ်က တန်းစီနေတဲ့ စက္ကူအိတ်တွေနဲ့ လက်ဆောင်ဘူးတွေကို ကြည့်လိုက်တယ်...ဒါ ပစ္စည်းအသစ်လေး နည်းနည်းပါးပါးလို့ ထည့်စဉ်းစားလို့ရတာလား။
******