← Chapters

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း ၁၇၆

Vol. 18 Ch. 176

176 01

Chapter 176 သူ တကယ်သေသင့်တယ်။

လက်ထောက်ယွမ်ဟာ အရင်က နန်ကောဒလီပို့တာကို မြင်ဖူးခဲ့ပြီးသား။အခု သူမ ဒီပိုက်ဆံတွေအားလုံးကို သုံးနေတာကို မြင်ရတော့ ဆင်းရဲတဲ့လူတစ်ယောက် ရုတ်တရက် ချမ်းသာလာပြီး လက်တုံ့ပြန်သုံးစွဲနေသလို ခံစားရတယ်။

ထပ်တွေးကြည့်လိုက်ပြန်တော့ နန်ကောရဲ့ နောက်ခံနဲ့ဆိုရင် ဈေး၀ယ်ထွက်ရင် ဆိုင်တစ်ဆိုင်လုံး ပြောင်အောင် ၀ယ်ပစ်တယ်ဆိုတာ ပုံမှန်ပါပဲလေ။အခု ဒါဟာ ကိစ္စကြီး မဟုတ်တော့ပုံ ရတယ်။မြောင်မြောင်ဟာ နန်ကောအတွက် သစ်သီးဖျော်ရည်တစ်ခွက်နဲ့ ကြက်ဥကိတ်လေး ယူပေးတယ်။နန်ကောဟာ နှစ်ခုလုံး ကြိုက်တယ်။

သူတို့နှစ်ယောက် အားနေတာကို မြင်တော့ နန်ကောဟာ နှစ်‌ယောက်သားကို ဆွဲခေါ်ပြီး သူမ ရှန်ရန်ချင်းအတွက် ၀ယ်လာတဲ့အ၀တ်အစားတွေကို တစ်ချက် ကြည့်ခိုင်းတယ်။

မြောင်မြောင်ဟာ သူမလို မိန်းကလေးပဲဖြစ်တာမို့ တူညီတဲ့စတိုင်မျိုးတော့ ရှိရမယ်။

တိုက်ဆိုင်စွာပဲ လက်ထောက်ယွမ်ဟာ ရှန်ရန်ချင်းကို ကောင်းကောင်း သိတယ်။သူတို့ရဲ့ထင်မြင်ချက်တွေကို အားကိုးလို့ ရမယ်။

လက်ထောက်ယွမ်နဲ့ မြောင်မြောင်ဟာလည်း သူမ ဘာတွေ ၀ယ်လာလဲဆိုတာကို သိချင်နေကြတာ။

သူတို့နှစ်ယောက်သား စိတ်ထဲ ခန့်မှန်းကြည့်ပေမဲ့ သူတို့ ဘယ်လောက်ပဲ စဉ်းစားကြည့်ပါစေ နန်ကောတစ်ယောက် ပထမအိတ်ထဲကနေ ဂျက်ကတ်တစ်ထည် ထုတ်လာမယ်လို့တော့ မထင်ထားမိခဲ့ဘူး။

ပြီးတော့ အဲဒါဟာ မိုးပြာရောင်ဂျက်ကတ်။

“ဘယ်လိုနေလဲ” နန်ကောဟာ ယုံကြည်ချက်အပြည့်နဲ့ အ၀တ်တွေကို ထုတ်ကာ သူတို့ကို ပြတယ်။

“ကျွန်မတော့ ဒီတစ်ခုက နည်းနည်းစတိုင်ကျကျ ဒီဇိုင်း ဆင်ထားတယ်လို့ ထင်တယ်”

သူမနဲ့ ဆန့်ကျင်ဘက်က လူနှစ်ယောက်ဟာ ဆွံ့အ သွားတယ်။ “အာ...”

လက်ထောက်ယွမ်ဟာ ဘာပြောရမလဲမသိတာမို့ မြောင်မြောင်ကိုသာ တွန်းထုတ်နိုင်တော့တယ်။မြောင်မြောင်ဟာ နန်ကောလက်ထဲက ကုတ်အင်္ကျီကို တလေးတစား ကြည့်ပြီး စကားပြောဖို့ သတ္တိမွေးလိုက်တယ်။ “ဒါက တကယ်တော့ ကောင်းပါတယ် ဒါပေမဲ့ ဥက္ကဌရှန်နဲ့ မလိုက်ဘူးရယ်!”

နန်ကောဟာ သူမရဲ့စကားကို ကြားတော့ ကျေနပ်သွားတယ်။သူမဟာ ဂျက်ကတ်ကို ဖယ်လိုက်ပြီး နောက်ပစ္စည်းတစ်ခု ထုတ်ပြတယ်။ “ဒီဟာရော”

ဒုတိယပစ္စည်းဟာလည်း ဂျက်ကတ်ပဲ။အဲဒါဟာ ပန်းထိုးထားတဲ့ လေကာအင်္ကျီ ဖြစ်ပြီး ဘရန်းတစ်ခုရဲ့နာမည်နဲ့။အလွန်အမင်းကိုမှ မျက်လုံး ဖမ်းစားတယ်။

သူမနဲ့ ဆန့်ကျင်ဘက်က လူနှစ်ယောက်ဟာ တစ်ဖန်ထပ်ပြီး တိတ်ဆိတ်ငြိမ်သက် သွားပြန်တယ်။

ဥက္ကဌရှန် ဒီလိုဂျက်ကတ်စတိုင်မျိုးကို ၀တ်လောက်လားဆိုတာကို ခဏဖယ်ထားဦး။သူတို့ သိထားသလောက်တော့ ဥက္ကဌရှန်ဟာ သိသာတဲ့ တံဆိပ်တွေ ပါတဲ့အ၀တ်အစားမျိုးကို မကြိုက်ဘူး။

ကူကယ်ရာမဲ့စွာနဲ့ မြောင်မြောင်ဟာ မှတ်ချက် ထပ်ပေးတယ်။ “ခေတ်စားနေတဲ့ပုံတော့ ပေါ်ပါတယ်။ ဒါပေမဲ့...” ဥက္ကဌရှန်သာ ၀တ်ရင် ကြောင်တောင်တောင် နိုင်နေမယ် ထင်တယ်။

တစ်ဖန်ထပ်ပြီး နန်ကောဟာ ပထမစာကြောင်းတစ်၀က်ကိုပဲ ကြားတယ်။အဲနောက် သူမဟာ နောက်ထပ်ပစ္စည်းတစ်ခုကို ထုတ်ဖို့လုပ်တယ်။

လာမဲ့မိနစ်၂၀အတွင်း လက်ထောက်ယွမ်နဲ့ မြောင်မြောင်တို့ဟာ ဘရန်းအကြီးကြီးတစ်ချို့ရဲ့ ထုတ်ကုန်အသစ်တွေ ပါ၀င်တဲ့ ဖက်ရှင်ရှိုးတစ်ခုကို ကြည့်လိုက်ရသလိုပဲ။ခေတ်စားတဲ့အ၀တ်အစားတွေနဲ့ အသုံးအဆောင်တွေဟာ မြင်ကွင်းထဲ ရောက်လာတယ်။ဖန်စီကျတဲ့အကွက်တွေနဲ့ အသစ်အဆန်းစတိုင်တွေဟာ သူတို့ကို အမြင်အာရုံနဲ့ တိုက်ခိုက်နေတယ်။

အားလုံးကို ကြည့်ပြီးတဲ့အခါ သူတို့နှစ်ယောက်လုံး ငေးငေးငိုင်ငိုင်နဲ့ ရေလောင်း ခံလိုက်ရသလိုမျိုး နေရာမှာတင် ရပ်နေကြတယ်။

သံသယ ၀င်စရာမလိုဘဲ နန်ကောမှာ ကောင်းမွန်တဲ့စတိုင် ရှိတယ်ဆိုတာ သူတို့ကျိန်ရဲတယ်။

အ၀တ်အစားတွေဟာ ကောင်းပါတယ်။ဒါပေမဲ့ သူတို့ ဘယ်လောက်ပဲ တွေးကြည့်ပါစေ အဲဒါတွေဟာ ဥက္ကဌရှန်နဲ့ မလိုက်ဘူး။

အစကတော့ နောက်လာမဲ့ ပစ္စည်းဟာ နည်းနည်းပိုသာမန်ဆန်ပြီး ဥက္ကဌရှန်ရဲ့စတိုင်နဲ့ ကိုက်လိမ့်မယ်လို့ သူတို့မျှော်လင့်ခဲ့ပါသေးတယ်။

ကံမကောင်းစွာဘဲ အရာအားလုံးဟာ အရမ်းကို မမျှော်လင့်ထားမိဘူး။

နန်ကောတစ်ယောက် အ၀တ်တွေကို ပျော်ပျော်ရွှင်ရွရွှင်နဲ့ ဖယ်နေတာကို ကြည့်ရင်း လက်ထောက်ယွမ်ဟာ သက်ပြင်းချပြီး တိုးတိုးလေး ကပ်ပြောတယ်။ “ဒါကို စကားလုံးတစ်လုံးတည်းနဲ့ ဖော်ပြကြည့်”

မြောင်မြောင်ဟာ ပြန်တုံ့ပြန်တယ်။ “ရူးချင်စရာပဲ”

“‌၄လုံးဆိုရင်ရော”

“ဒီကမ္ဘာကနေ ထွက်သွားလိုက်တော့”

လက်ထောက်ယွမ်ဟာ ပြင်းပြင်းထန်ထန် သဘောတူတယ်။

နှစ်ယောက်သား နန်ကောကို ပစ္စည်းတွေ ကူဖယ်ပေးလိုက်ကြတယ်။ရုံးခန်းတံခါးဟာ အပြင်ကနေ တွန်းဖွင့်လာတယ်။

“ဘာလုပ်နေကြတာလဲ”

သူ အထဲကို ၀င်လိုက်တာနဲ့ ၃ယောက်သား သူတို့ခြေထောက်နားက ပစ္စည်းတွေ တစ်ပုံတစ်ခေါင်းကြီးနဲ့ ကြမ်းပြင်ပေါ်မှာ ဆောင့်ကြောင့် ထိုင်နေကြတာကို တွေ့လိုက်ရတယ်။သူ နန်ကောကို ထဖို့ ကူညီပေးချင်ပေမဲ့ ဘယ်ကစရမလဲ မသိဘူး။

သူ အချိန်ကိုက်ပဲ ရောက်လာတာကို မြင်တော့ နန်ကောဟာ ပစ္စည်းတွေကို တစ်ခုချင်း ပြန်ထည့်ဖို့ လုပ်မနေတော့ဘူး။သူမဟာ ကြမ်းပြင်ပေါ်က တစ်ပုံတစ်ခေါင်းကြီးကို ညွှန်ပြပြီး သူ့ကို လှိုက်လှိုက်လှဲလှဲ ကြည့်လာတယ်။

အ၀တ်တွေဟာ သပ်သပ်ရပ်ရပ် ခေါက်ထားခြင်း ခံထားရတယ်။ရှန်ရန်ချင်းဟာ ရောင်စုံအကွက်တွေကို မြင်သွားပြီး ခေါင်းညိတ်တယ်။ “ဒီနေ့တစ်ယောက်တည်း ဈေး၀ယ် ထွက်ခဲ့တာလား။ အခန်းဖော်နဲ့ မသွားဘူးလား”

176 02

သူ့ဘေးမှာတော့ လက်ထောက်ယွမ်နဲ့ မြောင်မြောင်တို့ဟာ သူ့တုံ့ပြန်မှုကို မြင်ပြီး သူ အထင်လွဲသွားပြီ ဆိုတာကို သိသွားကြတယ်။

သူတို့ဟာ မျက်လုံးတစ်ဖက် အမြန်မှိတ်ပြတယ်။

ရှန်ရန်ချင်းဟာ မျက်မှောင် ကြုတ်သွားတယ်။ခဏလောက် တိတ်ဆိတ်နေပြီးတဲ့နောက် သူဟာ သတိကြီးကြီးနဲ့ မေးတယ်။ “ဒါတွေက ဘယ်သူ့အတွက်လဲ”

သူ မကောင်းတဲ့ ခံစားချက် ရနေတယ်။

အရောင်တွေကို မြင်တော့ သူ နန်ကော သူမအတွက် သူမ အင်္ကျီအသစ်တွေ ၀ယ်လာတာဖြစ်ရမယ်လို့ပဲ သတိလက်လွတ် ထင်လိုက်တာ။

သူ တခြားဟာကို မတွေးမိဘူး။

“ရှင့်အတွက်လေ” နန်ကောဟာ ကြုံရာဂျက်ကတ်တစ်ထည်ကို ကောက်လိုက်ပြီး “တာဒါ! ကြည့်ကောင်းတယ်လို့ မထင်ဘူးလား”

အဲလောက်ကြီး မဆိုးပါဘူး‌လေ။သူအလိုလို အသက်ပြင်းပြင်း ရှူလိုက်ရတာပဲ ရှိတာ။ဒါပေမဲ့ သူမ အ၀တ်တွေကို ကောက်ယူလိုက်တာကို မြင်တဲ့အခါ တစ်ခုခု သူ့ခေါင်းကို လာထိပြီး တစ်ခဏတာလောက် မူးဝေသွားသလိုခံစားရတယ်။

ရှန်ရန်ချင်းဟာ ချောင်းဟန့်ပြီး အပြင်ပန်းမှာတော့ တည်ငြိမ်နေတယ်။

“ကြည့်ကောင်းသားပဲ”

သူ သူ့အသိတရားကို ဆန့်ကျင်ပြီး ပြောလိုက်ရတယ်။

ဒါပေမဲ့ ဒီတစ်ခုကတော့ မှန်ပါတယ်။ဒါ သူ ပေါ့ပေါ့ပါးပါး အလုပ်အပြင်မှာ ၀တ်လို့ရတဲ့ ဂျက်ကတ်အနက်တစ်ထည်ပဲ။

ကြမ်းပေါ်က တခြားပစ္စည်းတွေရဲ့ အရောင်တွေနဲ့ သူနဲ့ဆန့်ကျင်ဘက်က လူနှစ်ယောက်ရဲ့ တတွန့်တွန့် တဆုတ်ဆုတ်နဲ့ မျက်နှာထားတွေကို ကြည့်လိုက်တော့ ဒါဟာ အမြည်းပဲရှိလောက် သေးတယ်ဆိုတာကို ရှန်ရန်ချင်း သိသွားတယ်။

အဲနောက်ချက်ချင်းပဲ နန်ကောဟာ တစ်ထည်ပြီး တစ်ထည် ထုတ်ပြလာတော့တယ်။ရတနာတွေကို ပြနေတဲ့အလား။

လက်ထောက်ယွမ်နဲ့ မြောင်မြောင်ဟာ ပစ္စည်းတွေကို မြင်ပြီးသားမို့ သူတို့ရဲ့အာရုံဟာ ရှန်ရန်ချင်းဆီမှာ။

ဥက္ကဌရှန်တစ်ယောက် မသိမသာ တွန့်‌တက်နေတဲ့နှုတ်ခမ်းနဲ့ လုပ်ယူထားတဲ့အပြုံးကို ကြည့်ရင်း သူဟာ သူ ဖော်ပြထားသလို တည်ငြိမ်မနေဘူးဆိုတာ သူတို့ သိလိုက်တယ်။ သူတို့လိုပဲ သူလည်း အမြင်အာရုံ ထိခိုက်မှုတစ်ချို့ကို ခံစားနေရပုံပဲ...မဟုတ်ဘူး။ဒါဟာ အမြင်အာရုံထိခိုက်မှုမျှသာ မဟုတ်တော့ဘူး။သူတို့၃ယောက်လုံး အ၀တ်အစားတွေနဲ့ ဗုံးကြဲခံရတယ်လို့တောင် ပြောလို့ရတယ်။

အထူးသဖြင့် ဥက္ကဌရှန်ပေါ့။သူ့ခန္ဓာကိုယ်ဟာ တစ်စစီဖြစ်နေပြီ ဖြစ်ပြီး သူ့ဝိဉာဏ်ဟာ လွင့်ထွက်တော့မဲ့ဆဲဆဲဖြ စ်နေပြီ။

“ဒါ ကျွန်မအကြိုက်ဆုံး တစ်ခုပဲ။ ရှင် ဘာလို့ မ၀တ်ကြည့်တာလဲ”

နန်ကော သူ့လက်ထဲ ထိုးပေးလာတဲ့ တောက်တောက်ပပ အရောင်ခြယ်ထားတဲ့ အနွေးထည်ကို ကြည့်ရင်း ရှန်ရန်ချင်းဟာ ခေါင်းငုံ့ပြီး သူအခုလက်ရှိ ၀တ်ဆင်ထားတဲ့ အ၀တ်တွေကို တစ်ချက်ကြည့်လိုက်တယ်။

သူဟာ မီးခိုးရောင် အနောက်တိုင်း ၀တ်စုံတစ်ထည်ကို ၀တ်ထားတာ။လေးနက်ပြီး တည်ငြိမ်ပုံ ပေါ်တယ်။

အ၀တ်နှစ်ထည်ဟာ စူးရှတဲ့ဆန့်ကျင်ဘက်ကို ဖြစ်တည်စေတယ်။

နောက်ဆုံးမှာတော့ နန်ကောရဲ့ မျှော်လင့်တကြီးစောင့်စားနေတဲ့ အကြည့်အောက်မှာ ရှန်ရန်ချင်းဟာ နားနေခန်းထဲကို အနွေးထည်ရယ် လိုက်တဲ့ဘောင်းဘီရယ်နဲ့ ၀င်သွားတယ်။

သူ့အနောက်မှာတော့ လက်ထောက်ယွမ်နဲ့ မြောင်မြောင်ဟာ မျက်နှာထားတွေကို သေချာ မထိန်းချုပ်နိုင်ကြဘူး။သူတို့ဟာ အံကြိတ်ကာ မတတ်နိုင်ဘဲ သူ့အတွက် စိတ်မကောင်း ဖြစ်မိတယ်။

“သူ့နောက်ကျောကို ကြည့်ပါဦး။ ကြည့်ရတာ ဥက္ကဌရှန် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ခံလိုက်ရတဲ့ပုံပဲ”

“သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ အကာအကွယ်လည်း တစ်စစီ ကွဲအက်သွားပြီ ထင်တယ်”

“အစက ဥက္ကဌရှန်ပုံစံက ပြင်ဆင်ထားပြီး လက်ခံနိုင်တဲ့ပုံ ပေါ်သေးတယ်။ နောက်ဆုံး တစ်ထည်နှစ်ထည်ကိုလည်း တွေ့လိုက်ရော သူ ငေးငိုင်သွားတယ်လို့ ငါ ခံစားရတယ်”

“တကယ်ကို အချစ်မှာ ပျော်၀င်နေတဲ့ ယောက်ျားတွေက သူတို့ကောင်မလေးတွေ စိတ်ချမ်းသာဖို့အတွက် သူတို့အသွင်အပြင်ကို သုံးကြတာပဲ”

နားနေခန်းထဲမှာတော့ ရှန်ရန်ချင်းဟာ အိပ်ရာပေါ်က အ၀တ်ကို ကြည့်နေပြီး အချိန်အကြာကြီး မလှုပ်မယှက်နဲ့။သူ့၀တ်စုံက ကြယ်သီးတွေကို ဖြုတ်ဖို့ လက်ကို မြှောက်လိုက်ပေမဲ့ ပထမတစ်လုံးမှာတင် ရပ်တန့်သွားတယ်။

176 03

ထင်တဲ့အတိုင်းပဲ။ သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ဖို့ လိုသေးတယ်။

သူ လောသွားခဲ့မိတာ။

မိနစ်အနည်းငယ်လောက်ကြာတော့ သက်ပြင်းပြင်း ရေးရေးလေး အခန်းထဲကနေ ထွက်လာတယ်။ရှန်ရန်ချင်းဟာ ဖြည်းဖြည်းချင်း ဒုတိယကြယ်သီးကို ဖြုတ်လိုက်တယ်။နောက်တစ်လုံးကို ဖြုတ်တော့မဲ့အချိန်မှာပဲ စာအသစ်တစ်စောင် အိတ်ကပ်ထဲမှာရှိတဲ့ သူ့ဖုန်းထဲကို ၀င်လာတယ်။

နန်ကျဲ့: [ရှန်ရန်ချင်း မင်း တကယ် သေသင့်တယ်။ငါ ပိုက်ဆံရှာပြီး နန်ကောကို ပံ့ပိုးရရုံတင် မဟုတ်ဘူး။မင်းကိုပါ ပံ့ပိုးရသေးတယ်!]

အဆုံးမှာတော့ သူဟာ ခက်ထန်တဲ့ တစ်ခုခုကို ပြောဖို့ကို မမေ့သွားခဲ့ပါဘူး: [ငါလူးပဲ!]

ရှန်ရန်ချင်းဟာ ဉာဏ်ကောင်းတယ်။နန်ကျဲ့ ဘာလို့ သူ့ကို လာဆူလဲဆိုတာ သူ အကြမ်းဖျင်း နားလည်တယ်။

သေချာစဉ်းစားကြည့်ရင် နားလည်ပေးလို့ရပါတယ်။

သူ တိတ်တိတ်လေးပဲ နေကြည့်တယ်။

နန်ကျဲ့: [သူ မင်းကို ဘာ၀ယ်ပေးလဲ မြန်မြန်လုပ်။ ငါ တစ်ချက် ကြည့်ရအောင်။တကယ်ပဲ သူဈေး၀ယ်ထွက်ရင် ငါ့အတွက်ကျ ဘာမှ မ၀ယ်ပေးတာကို။မင်းကိုပဲ ၀ယ်ပေးတယ်!]

နန်ကျဲ့ဟာ ကွန်ပလိန်း တက်နေဆဲ။ဒါပေမဲ့ နောက်ချက်ချင်းပဲ ရှန်ရန်ချင်း ရိုက်ထားတဲ့ပုံကို တွေ့လိုက်ရတဲ့အခါမှာတော့ သူဟာ စက္ကန့်အနည်းငယ်လောက် တိတ်သွားပြီး အရှေ့က စာတွေကို ပြန်ဖျက်လိုက်တယ်။

သူ တကယ်ကို သေသင့်တာ...။

++++++

All Chapters