အခန်း ၁၇၇
Vol. 18 Ch. 177
177 01
Chapter 177 ငယ်ချင်ယောင်ဆောင်နေတဲ့ လူအိုကြီး။
နန်ကောဟာ ဘက်လိုက်တယ်လို့ နန်ကျဲ့ အမြဲခံစားရတယ်။
အရင်ကဆို နန်ကောတစ်ယောက်ဈေး၀ယ်ထွက်ရင် သူ့ကတ်ကို သုံးပြီး၀ယ်တာမလို့ သူမ သူ့အတွက် တစ်ခုခုတော့ ၀ယ်ပေးတတ်တယ်။
ဒါကြောင့် သူမ ရှန်ရန်ချင်းအတွက် အ၀တ်တွေ၀ယ်ဖို့ တစ်ရက်တည်းနဲ့ ၂မီလီယံ အကုန်သုံးပြီး သူ့အတွက်ကျ ပစ္စည်းတစ်ခုလေးတောင်မှ မ၀ယ်ပေးတာကို သိရတော့ သူ တကယ်ကို မနာလို ဖြစ်မိတယ်။
ကျစ်။ မသိရင် သူ့မှာ ကောင်မလေး မရှိတာ ကျနေရော။
ဒါပေမဲ့ သေချာတွေးကြည့်ရင် တကယ်ပဲ ချီယန်ဟာ သူ့အတွက် တစ်ခါမှ အ၀တ်တွေ မ၀ယ်ပေးဖူးဘူး။
ဒီဝောာ့ ရှန်ရန်ချင်းမှာ ဒီ၀န်ဆောင်မှုကို ခံစားရဖို့ ဘာအခွင့်ရှိလို့လဲ!
သူ ဒါကို တွေးလေ ပိုစိတ်တိုမိလေပဲ။
ဒါကြောင့် သူ ရှန်ရန်ချင်းနဲ့ စာရင်းလာရှင်းတာ ဖြစ်တယ်။တစ်ချိန်တည်းမှာ နန်ကော ဒီကောင်အတွက် ဘာ၀ယ်ပေးလဲဆိုတာကိုလည်း သူ သိချင်တယ်။
ဒါပေမဲ့ ရှန်ရန်ချင်းဆီက ပို့လာတဲ့ဓာတ်ပုံကို မြင်ပြီးတဲ့နောက်မှာတော့ နန်ကျဲ့ အဲ့လောက်ကြီးလည်း မနာလို မဖြစ်တော့ဘူးရယ်။သူ နည်းနည်းတောင် စာနာမိသွားတယ်။
အ၀တ်တွေက အရုပ်ဆိုးတယ်လို့ ထင်တာတော့ မဟုတ်ပါဘူး။အ၀တ်တွေရဲ့ဒီဇိုင်းက ကောင်းပါတယ်။ဒါပေမဲ့ သာမန်လူတွေ ၀တ်ဖို့အတွက်ကျတော့ တကယ်ခက်ခဲတယ်။
နန်ကျဲ့ဟာ အရောင်တွေကို သိပ်ဂျီးမများဘူး။ဒါပေမဲ့ သူလိုလူတောင်မှ စခရင်ထဲက အရောင်တွေဟာ ဘယ်လောက် လွန်ကဲနေလဲဆိုတာ ခံစားလို့ရတယ်။သူ ပုံမှန်ဆို အဲ့လိုဟာမျိုးတော့ မ၀တ်ရဲဘူး။ပုံတုံးတုံးနဲ့ စဉ့်ကူးစစ်သားတွေလို တောင့်တောင့်ကြီး ရှန်ရန်ချင်းဆိုရင်တော့ ပိုဆိုးပြီပေါ့။
အနောက်တိုင်း၀တ်စုံဆိုတာ သူ့ခန္ဓာကိုယ်နဲ့ ဆက်ထားတဲ့အတိုင်းပဲ။
နန်ကျဲ့: [ခုဏက နည်းနည်း ကြမ်းလွန်းသွားတယ်။မင်းအတွက်လည်း မလွယ်ဘူးဘဲ။]
လက်နှစ်ဖက် ရှိတ်နေတဲ့အီမိုဂျီကို အဆုံးနားလေးမှာ ထည့်ထားတယ်။
ရှန်ရန်ချင်းဟာ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားပြီး ဘာမှပြောစရာ ရှိမနေ။
“ရှန်ရန်ချင်း ရှင်ပြီးပြီလား” တံခါးအပြင်မှာတော့ နန်ကောဟာ တံခါနားမှီကာ ဖွဖွလေး တံခါးခေါက်လာတယ်။
ရှန်ရန်ချင်းဟာ အခုမှ အိပ်မက်ကနေ နိုးထလာပုံရတယ်။သူဟာ ဖုန်းကိုချပြီး ဂျက်ကတ်ကို ကိုင်ထားရင်း ပြန်ပြောတယ်။ “ခဏလေး”
သူ အချိန်ကြာနေတော့ အကူအညီများ လိုလို့လားဆိုပြီး နန်ကော ထင်တာ။ဒါကြောင့် သူမဟာ ထပ်မေးကြည့်တယ်။ “ဘယ်လို ၀တ်ရမလဲ မသိတာလား။ အကူအညီလိုလား”
“.....” ရှန်ရန်ချင်းဟာ အကူအညီ မလိုကြောင်း ပြန်ပြောပြီး နောက်ထပ် နည်းနည်းလောက် စောင့်ပေးဖို့ သူမကို ပြောတယ်။
“ကျွန်မ၀ယ်လာတာ ဆိုဒ်မှန်ရဲ့လား” နန်ကောဟာ ထပ်မေးတယ်။
“အဲလိုမဟုတ်ဘူး”
နန်ကောဟာ သူ့ကို ဆက်မနှောင့်ယှက်တော့ဘဲ အပြင်မှာ တိတ်တိတ်လေး ဆက်စောင့်လိုက်တယ်။
ဒါပေါ့။လက်ထောက်ယွမ်နဲ့ မြောင်မြောင်ဟာလည်း ထွက်မသွားပါဘူး။နန်ကောဟာ မျှော်လင့် စောင့်စားနေတာဖြစ်ပြီး သူတို့နှစ်ယောက်ဟာလည်း မထူးမခြားနားပါဘဲ။
တစ်ခဏလောက် စောင့်စားပြီးတဲ့နောက် နားနေခန်းရဲ့တံခါးဟာ ကလစ်သံတစ်ချက်နဲ့အတူ ပွင့်လာတယ်။
ရှန်ရန်ချင်းဟာ တံခါးရှေ့ရပ်ပြီး ခြေလှမ်းတော့မဲ့အချိန်မှာပဲ နန်ကောဟာ သူ့ကို တားတယ်။
သူတို့နှစ်ယောက် မျက်နှာချင်း ဆိုင်လိုက်တယ်။နန်ကောဟာ ကြက်သေ သေသွားကာ သူ့ကို ခေါင်းစခြေဆုံး စကန်ဖတ်လာတယ်။
လက်ထောက်ယွမ်နဲ့ မြောင်မြောင်ဟာလည်းပဲ လှမ်းကြည့်လာတယ်။
ရှန်ရန်ချင်းဟာ ပန်းချီအရောင်စပ်ခွက်လိုမျိုး ၀တ်စားထားတယ်လို့ ပြောရင်တောင်မှ ပုံကြီးချဲ့နေရာ မကျဘူး။
လက်ထောက်ယွမ်နဲ့ မြောင်မြောင်တို့ဟာ ဖုန်းထုတ်ပြီး ဓာတ်ပုံခိုးရိုက်ကာ ဂရုချက်ထဲ တကယ်ပို့ချင်တယ်။ကံမကောင်းစွာဘဲ သူတို့မှာ သတ္တိမရှိဘူး။
နန်ကောဟာ အစက အ၀တ်တွေက ရှန်ရန်ချင်းနဲ့ ဘယ်လိုပဲနေနေ သူမ မျက်စိစုံမှိတ်ပြီး ချီးကျူးမယ်လို့ စိတ်ကူးထားတာ။
ချီးကျူးလိုက်တာဟာ အရာအားလုံးဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်။
ဒါပေမဲ့လည်း တစ်ချက် ကြည့်ကြည့်ပြီးတဲ့နောက်မှာတော့...လျှာထိပ်က ချီးကျူးချင်မှုကို သူမ ပြန်မျိုချလိုက်မိတယ်။
နန်ကောဟာ နှုတ်ခမ်းကိုကိုက်ပြီး တွန့်ဆုတ်နေတယ်။
သူတို့နှစ်ယောက်သား ခေါင်းထဲမှာ အတွေးကိုယ်စီနဲ့ မျက်နှာချင်းဆို င်နေကြတယ်။
သူတို့ထဲက တစ်ယောက်ဟာ သူမ ၀မ်းနည်းသွားမှာကို စိုးရိမ်တာမို့ စိတ်ရောကိုယ်ပါ သတ္တိမွေးပြီး အ၀တ်တွေက အရုပ်ဆိုးတယ်လို့ မပြောရဲဘူး။သူ့မျက်နှာပေါ်က အပြုံးဟာ နည်းနည်း ခါးသက်သက် ဆန်နေတယ်။
177 02
အ၀တ်တွေကို အရမ်းကျေနပ်မှုရှိသလိုမျိုး သူဟာ ဆက်ပြီးပြုံးပြနေတာကို မြင်တဲ့အခါ နောက်တစ်ယောက်ဟာ သူ့ရဲ့စိတ်တက်ကြွမှုကို လျော့သွားစေမှာကို စိုးရိမ်မိတယ်။အရုပ်ဆိုးတယ်ဆိုတဲ့ စကားလုံးဟာ သူမရဲ့လျှာထိပ်မှာ ရှိနေပေမဲ့ သူမဟာ ထုတ်ပြောဖို့ကို မလုပ်နိုင်ဘူး။
ခဏလောက်ကြာတော့ လက်ထောက်ယွမ်ဟာ မတတ်နိုင်ဘဲ အခြေအနေကို ကယ်တင်လိုက်ရတယ်။ “ဥက္ကဌရှန် ဒီအ၀တ်တွေက အလုပ်မှာ သင့်တော်မယ်လို့တော့ ကျွန်တော် မထင်ဘူး...အောက်မှာ လူတွေ နည်းနည်းတော့ ရှိတယ်ဗျ”
တစ်နည်းအားဖြင့် သူသာ ဒီ၀တ်စုံကို ၀တ်သွားရင် နောက်တစ်ပတ်အထိ ဌာနအမျိုးမျိုးက ဂရုချက်တွေကြား သူဟာ တန်းပြီး နာမည်အကြီးဆုံးအကြောင်းအရာ ဖြစ်သွားလိမ့်မယ်။
“အိမ်မှာ ၀တ်ရင်တော့ အဆင်ပြေပါတယ်” သူတို့ အိမ်တံခါးပိတ်ထားတာနဲ့ဆို သူတို့၀တ်ချင်တာ အကုန်၀တ်လို့ရတယ်။ဒီအ၀တ်တွေနဲ့ အပြင်သာ မထွက်သရွေ့ သူ လုပ်ချင်တာလုပ်လို့ ရပါတယ်။
ဒီ၀တ်စုံဟာ သူ့ကို တကယ်ပဲ ငယ်ချင်ယောင်ဆောင်တဲ့ လူအိုကြီးလိုပုံစံမျိုး ဖြစ်သွားစေတယ်။
နန်ကောလည်း သဘောတူတယ်။သူမဟာ လျှောက်ကြည့်ပြီး သူမ ၀ယ်လာတဲ့ထဲက ပိုပြီးသာမန်ဆန်တဲ့ အ၀တ်တွေကို ကောက်ပြီး ရှန်ရန်ချင်းကို ပေးတယ်။ “ဒါတွေက ပိုကောင်းမယ် ထင်တယ်”
သူတို့ဟာ အရောင်နဲ့စတိုင်မှာ သာမန်ဆန်ပြီး ၀ယ်လာတဲ့ဟာတွေထဲမှာ ပုံမှန်ဖြစ်တယ်လို့ ထည့်သွင်းစဉ်းစားလို့ရတယ်။
ရှန်ရန်ချင်းဟာ မတွေးဘဲ ဒုတိယတစ်စုံကို တုံ့ဆိုင်းမှုမရှိ လက်ခံလိုက်တယ်။
အရိုးသားဆုံးပြောရရင် သူလည်း ပထမတစ်စုံနဲ့ အပြင်ကိုမသွားရဲပါဘူး။
နန်ကော ကြည့်ရဖို့အတွက်သာ သူ၀တ်ခဲ့တာ။
၁၀မိနစ်ထပ် စောင့်ပြီးတဲ့နောက် သူ ထွက်လာတာကို မြင်တဲ့အခါ နန်ကောရဲ့မျက်လုံးလေးတွေဟာ လင်းလက်သွားတယ်။ “ဒီတစ်စုံက ကြည့်ကောင်းတယ်!”
ဒီတစ်စုံမှာ ပုံကြီးချဲ့ထားတဲ့ တစ်ခုတည်းသောအရာဆိုလို့ ကျောဘက်က ပရင့်ထားတဲ့အကွက်ပဲ ရှိမယ်။ဒါပေမဲ့ အနက်ရောင်ဂျက်ကတ်ရဲ့အကွက်ဟာ ဖြူပြီး အတော်လေး ရိုးရှင်းတယ်။
သူမ ရိုးသားရမယ်ဆိုရင်တော့ ပရင့်က နည်းနည်းလေး ပိုချစ်ဖို့ကောင်းသွားတာ။
နန်ကောဟာ သူ့မျက်မှန်ကို ချွတ်ပြီး သူ့ဆံပင်ကို ပေါ့ပေါ့ပါးပါးပဲ ပုံသွင်းပေးတယ်။အဲ့နောက် သူမဟာ သူ့အတွက် အသုံးအဆောင်တချို့ ဆင်ပေးပြီး အနောက်ကို ခြေနှစ်လှမ်းဆု တ်လိုက်တယ်။သူမဟာ သူ့ကို သေသေချာချာ ကြည့်လာတယ်။
“အဲလောက်လည်း ကြောင်တောင်တောင် မနိုင်ပါဘူး။ တကယ်ပြောတာ”
ရှန်ရန်ချင်း ထွက်လာတဲ့အခါ သူဟာ မှန်ထဲကို မကြည့်ဘူး။နန်ကောက ကောင်းတယ်လို့ပြောရင် သူ သူမကို ယုံတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လက်ထောက်ယွမ်နဲ့ မြောင်မြောင်ရဲ့တုံ့ပြန်မှုတွေကို အကဲခတ်ကြည့်ရသလောက်တော့ ဒီတစ်စုံက ၀တ်ဖို့အတွက် အဆင်ပြေပါတယ်။
“ရှင်က အခု တက္ကသိုလ်ကျောင်းသားလေးပဲ” နန်ကောဟာ သူ့ကို အမြင့်မားဆုံးသော အကဲဖြတ်မှုကို ပေးတယ်။
ရှန်ရန်ချင်းဟာ ဒါကို ပြန်လည်မချေပပေမဲ့ ယုံလည်း မယုံဘူး။
သူ့မှာလည်း ကိုယ်ပိုင်သတိတော့ ရှိပါသေးတယ်။
သူ ငယ်ငယ်တုန်းက သူဟာ ငယ်ရွယ်ပြီး ရင့်ကျက်တယ်။ငယ်ငယ်လေးကတည်းက အဖိုးနဲ့နေလာခဲ့တာကြောင့်လည်း ပါတယ်။သူဟာ အမြဲတမ်း တည်ငြိမ်ပြီး ထိန်းချုပ်နိုင်တဲ့ပုံပေါ် ခဲ့တယ်။
သူ တက္ကသိုလ်တုန်းကဆိုရင် အခုလက်ရှိထက် ငယ်တဲ့ပုံပေါ်တာကလွဲလို့ သိပ်ပြီး ပြောင်းလဲသွားတာ မရှိဘူး။တစ်နည်းအားဖြင့် ပြောရရင် တက္ကသိုလ်တုန်းကလည်း သူဟာ တက်ကြွတဲ့တက္ကသိုလ်ကျောင်းသားနဲ့ မတူခဲ့ပါဘူး။အခုဆို ပိုဝေး။
“အော် ဟုတ်သား။ပဲ ဒါ ရှင့်အတွက်” နန်ကောဟာ နာရီကို သတိရသွားပြီး သူ့ဆီ အမြန်ကမ်းပေးတယ်။
ဒီနာရီကို မြင်တဲ့အခါ နန်ကျဲ့ သူ့ကို ဘာလို့သေသင့်တယ်လို့ ပြောလဲဆိုတာကို နောက်ဆုံးတော့ ရှန်ရန်ချင်း နားလည်သွားတယ်။
သူ့အရှေ့ကအ၀တ်တွေကို မြင်တုန်းကဆို ဒီဘရန်းတွေရဲ့ ဈေးအတိအကျကို မသိပေမဲ့ သူ ခန့်မှန်းကြည့်လို့တော့ ရတယ်။
ဒါပေမဲ့လည်း စဉ်းစားကြည့်ပြန်တော့ နန်ကျဲ့ဟာ တမင်တကာ ၂မီလီယံဆိုပြီး ပုံကြီးချဲ့ပြောနေတယ်လို့ ထင်ခဲ့တာ။
ဒီနာရီကို မမြင်သေးခင်အထိပေါ့။
177 03
သူ လှုပ်ရှားမှု မရှိတာကို မြင်တော့ နန်ကောဟာ မျက်တောင်ခတ်ကာ သူ့မျက်နှာအမူအရာကို အကဲခတ်တယ်။ “မကြိုက်ဘူးလား”
“မဟုတ်ပါဘူး” ရှန်ရန်ချင်းဟာ အသိပြန်၀င်လာတယ်။သူမရဲ့အကြည့်အောက်မှာတင် သူဟာ လက်ကောက်၀တ်က နာရီကို ချွတ်ပြီး သူမပေးတဲ့နာရီနဲ့ အစားထိုးလိုက်တယ်။
နန်ကောဟာ ဒီနေ့ အပျော်လွန်နေခဲ့တာ။ဒါပေမဲ့လည်း သူမဟာ ရှန်ရန်ချင်းကို အကြာကြီးတော့ အနှောင့်အယှက် မပေးပါဘူး။ဒီည သူမ စကားရည်လုအဖွဲ့နဲ့ ညစာ စားဖို့ရှိတယ်လေ။သူမ မနေ့က သူတို့ကို ငြင်းချင်ခဲ့ပေမဲ့ ရှန်ရန်ချင်းနဲ့ မနေ့က ညစာအတူ စားခဲ့ပြီးပြီ။ဒါကြောင့် ဒီနေ့ သူမ သူတို့နဲ့အတူ သွားလို့ရတာမို့ သဘောတူလိုက်တယ်။
နန်ကော ပြန်သွားတဲ့အခါ ရှန်ရန်ချင်းဟာ သူ့အ၀တ်တွေကို မလဲဘူး။ညဘက် အလုပ်ပြီးလို့ ဓာတ်လှေကားထဲကနေ ထွက်လာတော့ ဧည့်ခန်းထဲက လူတွေဟာ ရပ်ပြီး သူ့ကို ငေးကြည့်ကြတယ်။
ရှန်ရန်ချင်းဟာတော့ ဘာမှကြားပုံ မရဘူး။သူဟာ ဒီည ပြန်ဖို့စီစဉ်ထားပြီး ခဏနေ နန်ကောကို သွားကြိုမှာ။မထင်မှတ်ဘဲ အတန်းဖော်ဟောင်းဆီကနေ ဖုန်းလာပြီး ညစာစားဖို့ အခေါ်ခံလိုက်ရတယ်။
အရင်တစ်ခေါက်က အတန်းဖော်ပါပဲ။ဒီစုဝေးမှုရဲ့ ရည်ရွယ်ချက်ဟာ ရိုးရှင်းပါတယ်။သူတို့ထဲက တစ်ယောက်ဟာ လက်ထပ်တော့မယ်။ “ရန်ချင်း မင်း တကယ်လာပြီး ငါ့ရဲ့သတို့သားအရံ လုပ်ရမယ်”
ရှန်ရန်ချင်းဟာ အကူအညီ မဲ့နေတယ်။ “သူတို့ လုပ်လို့ မရဘူးလား”
“သူတို့နဲ့ မရဘူး။ သူတို့က ရုပ်ဆိုးတယ်။ ငါတို့ကြားထဲမှာ မင်းက ကြည့်အကောင်းဆုံးကောင်ကွ”
ဒါကို ပြောလိုက်တာနဲ့ အခြားလူတွေဟာ မပျော်မရွှင် ဖြစ်ကြကာ သူ့ကို အမ်ပေါင်း မပေးတော့ဘူးဆိုပြီး ခြိမ်းခြောက်ကြတော့တယ်။
ခဏလောက် နောက်ပြောင်နေကြပြီးတဲ့နောက် လက်ထပ်တော့မဲ့လူဟာ ရှန်ရန်ချင်းတစ်ယောက် စိတ်မ၀င်စားတာကို တွေ့ရတာမို့ အတင်း မတိုက်တွန်းတော့ဘူး။
“အချိန်ကျရင် မင်း စားပွဲအတူတူပဲ ထိုင်လို့ရတယ်။ မင်းအဖော်လည်း ခေါ်လာလို့ရတယ်”
“ငါတို့က စကားလေး ဘာလေးပြောဖို့ ထွက်လာကြတာပါ။ မင်း ငါတို့ရဲ့ချို့ယွင်းချက်ကို ဖော်ထုတ်ဖို့လိုလို့လား။ ငါတို့ထဲမှာ ရည်းစားရှိတဲ့ကောင် ပါလို့လား”
သူတို့ဟာ အသက်အရွယ်တစ်ခုရောက်လာပြီ။ဒါပေမဲ့ တစ်ကိုယ်တည်း ဖြစ်နေတုန်း။
ဒီအခိုက်အတန့်မှာပဲ ရှန်ရန်ချင်းဟာ သူ့လက်ဖက်ရည်ခွက်ကို ချပြီး “ဒါဆို ငါ့အတွက် တစ်ခုံလောက် ဖယ်ပေးထား။ ငါ လူတစ်ယောက် ခေါ်လာမယ်”
******