← Chapters

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း ၁၇၈

Vol. 18 Ch. 178

178 01

Chapter 178 ဘယ်သူ့ကောင်မလေး

အခုရှိနေတဲ့လူတွေဟာ ရှန်ရန်ချင်းရဲ့ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေဖြစ်ပြီး ဆက်ဆံရေးကောင်း ရှိကြတယ်။

ဒီလောက်နှစ်တွေကြာပြီးလည်းပဲ လူတိုင်းဟာ အဆက်အသွယ် ရှိကြတယ်။

ဒါကြောင့် လူတိုင်းဟာ ရှန်ရန်ချင်းရဲ့ အခုလက်ရှိ အချစ်ရေးဘ၀အကြောင်းကို သိကြတယ်။

သိပ်မကြာခင်က ‌မမျှော်လင့်ထားတဲ့ ရှန်ရန်ချင်းရဲ့ မိန်းကလေးတစ်‌ယောက်အပေါ် စိတ်၀င်စားတဲ့ဖြစ်စဥ်ကို သူတို့ မျက်မြင်တွေ့ခဲ့ပြီးပြီ။ကံမကောင်းစွာနဲ့ မိန်းကလေးမှာ ကောင်လေး ရှိနေခဲ့တယ်။ရှန်ရန်ချင်းဟာ တစ်ခါမှ ရည်းစား မထားဖူးတဲ့ သစ္စာရှိတဲ့‌ကောင်လေးတစ်ယောက်လိုပဲ။ဒီတော့ အချိန်ခဏလေးလောက်နဲ့ ကျော်လွှားဖို့က သူ့အတွက် ခက်ခဲမှာပဲ။

သူတို့ရဲ့တွက်ချက်မှုအရ ဒီမှာရှိတဲ့ ရွေလူပျိုကြီးတွေထဲ ရှန်ရန်ချင်းဟာ နောက်ဆုံးမှ ရည်းစားရမဲ့သူ ဖြစ်လိမ့်မယ်။

ရှန်ရန်ချင်းဆီက “လူတစ်ယောက်” ဆိုတဲ့ စကားလုံးကို ကြားတော့ သူတို့ တစ်ခဏလောက် ကြောင်အသွားကြပေမဲ့ နောက်တော့လည်း စိတ်သက်သာရာ ရသွားပါတယ်။သိသိသာသာပဲ သူတို့မှားယွင်းစွာ တွေးမိတာ ဖြစ်မယ်။

ရှန်ရန်ချင်းပြောနေတဲ့ လူတစ်ယောက်ဆိုတာ ကျိန်းသေပေါက် သူတို့ထင်တာကို ဆိုလိုချင်တာ မဟုတ်ပါဘူးလေ။

“ဘယ်သူ့ကို ခေါ်လာမှာလဲ။ ၀မ်းကွဲရဲ့ကလေးလား”

“ငါက ဘာလို့ကလေးကို ခေါ်လာရမှာလဲ” ရှန်ရန်ချင်းဟာ ကူကယ်ရာမဲ့စွာနဲ့ ပြုံးပြတယ်။ဒါပေမဲ့ သေချာအနီးကပ် ကြည့်ရင်တော့ သူ့မျက်လုံးထဲမှာ ဘ၀င်မြင့်မှုခပ်ရေးရေးလေး ပုန်းကွယ်နေတယ်။ “ငါ့ကောင်မလေးကို ခေါ်လာမှာ”

ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီးနောက် တစ်ယောက်က မေးလာတယ်။ “ဘယ်သူ့ဟာ”

ဘယ်သူ့ကောင်မလေး။

ရှန်ရန်ချင်းဟာ ပြန်ပြောတယ်။ “...ငါ့ဟာ”

“ငါ့ကောင်မလေး”

သူတို့အားလုံး တုံ့ဆိုင်းစွာနဲ့ ဒီသတင်းကို လက်ခံပြီးတဲ့နောက် သူတို့ဟာ မနေနိုင်ဘဲ မေးလာတယ်။ “မင်းက ဘယ်လိုလုပ် ရုတ်တရက်ကြီး ကောင်မ‌လေး ရသွားတာလဲ။ မင်းမိသားစုက မိတ်ဆက်ပေးတာလား”

“အော် ဟုတ်သား အန်ကယ်ရှန်က မင်းကို ဘလိုင်းဒိတ်စီစဉ်ပေးဖို့ လုပ်သေးတယ်လို့ ငါ ဟိုတလောက ကြားလိုက်တယ်။ ကြည့်ရတာ မင်းအော င်မြင်သွားတာ”

“ရန်ချင်း မင်း ဘာလို့ ငါတို့ကို မပြောပြတာလဲ”

“ငါ သူ့ကို ဘလိုင်းဒိတ်မှာ‌ တွေ့ခဲ့တာ မဟုတ်ပါဘူး။ မင်းတို့ သူ့ကို အရင်က မြင်ဖူးတယ်လေ”

“ဟမ်” သူတို့ဟာ သူ့ကို ခေါင်းထဲကွက်လပ်အပြည့်နဲ့ ကြည့်လာကြတယ်။

ရှန်ရန်ချင်းဟာ လူတွေအများကြီးကို သူ့ရဲ့ဆက်ဆံရေးအကြောင်း တမင်သက်သက်ကြီး ပြောပြနေတာတော့ မဟုတ်ပေမဲ့ သူ့မှာ ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက်လည်း မရှိဘူး။

အနာဂတ်မှာ ဒီအကြောင်းကို ပြောဖို့ အခွင့်အရေးရလိမ့်မယ်လို့ သူထင်ထားပေမဲ့ အခုတော့ ဒီလူတွေဆီကနေ ဒီလောက်ကြီးမားတဲ့တုံ့ပြန်မှုကို ရနေတာ။သူဟာ ခဏလောက်တွေး မိသွားပြီး သူ့အနားပတ်၀န်းကျင်က လူတွေကို ဒီအကြောင်း ပြောပြသင့်တယ်လို့ ခံစားလိုက်ရတယ်။

“ငါတို့ အတူတူ ထမင်းစားတုန်းက တွေ့ခဲ့တဲ့တစ်ယောက်လေ သူ့နာမည်က နန်ကော”

အတန်းဖော်ဟောင်းတွေနဲ့ လမ်းခွဲပြီးတဲ့နောက် ရှန်ရန်ချင်းဟာ အချိန်ကို ကြည့်လိုက်တယ်။နန်ကောကို သွားကြိုဖို့ အချိန်ကိုက်ပဲ။

စကားရည်လုအဖွဲ့ရဲ့ စုဝေးတဲ့နေရာဟာ မြို့ထဲမှာဖြစ်တယ်။ပြီးသွားတဲ့အခါ လူတစ်စုဟာ ကျောင်းဆီကို ‌လမ်းလျှောက်သွားကြတယ်။

“ဟေး နန်ကော ကောင်လေးနဲ့ တွဲနေတာ ဘယ်လောက်ကြာပြီလဲ”

မနေ့က စာကြည့်တိုက်အရှေ့က မတော်တဆဟာ ကျောင်းစကားရည်လုအဖွဲ့တစ်ဖွဲ့လုံးဆီ ပြန့်သွားပြီးနေပြီ။နန်ကောမှာ ကောင်လေး ရှိတယ်ဆိုတာဟာ လျှို့ဝှက်ချက် မဟုတ်တော့ဘူး။

နန်ကောဟာ မေးခွန်းကို မရှောင်ဘူး။ “နှစ်လပဲရှိ ပါသေးတယ်။ သိပ်မကြာသေးဘူး”

“ငါတို့ကျောင်းကလား”

“အင်း ဟုတ်တယ်။ ဒါပေမဲ့ သူက ဘွဲ့ရပြီးပြီ”

178 02

“အော် အရင်ကသိခဲ့တဲ့ စီနီယာလား ဌာနတစ်ခုတည်းပဲလား” လူတိုင်းဟာ သူမရဲ့ကောင်လေးဟာ သိပ်မကြာသေးတဲ့နှစ်တွေလောက်က ဘွဲ့ရထားတာလို့ ထင်သွားကြတယ်။

“ဟုတ်တယ်” နန်ကောဟာ ဘာမှရှည်ရှည်ဝေးဝေး ထပ်မပြောဘူး။ဘာပဲဖြစ်ဖြစ် သူတို့ အဲလိုပြောတာလည်း မှားမနေဘူးလေ။

ရှန်ရန်ချင်းဟာ တကယ်လည်း သူမရဲ့စီနီယာပဲ။

သူမတို့နှစ်ယောက်လုံးဟာ စီးပွားရေးကျောင်းကဖြစ်ပြီး မေဂျာလည်း အတူတူပဲ။

“ဟေး ဟိုနားမှာ သကြားချောင်းရော င်းနေတဲ့လူရှိတယ်။ စားကြမလား ငါ ၀ယ်ကျွေးမယ်” ခေါင်းဆောင်က မေးတယ်။

နန်ကောဟာ သူပြောတာကို ချက်ချင်းကြားတယ်။သူမရဲ့အကြည့်ဟာ ခေါင်းဆောင်ရဲ့လက်ညှိုးဆီကို ရောက်သွားတယ်။

ခပ်လှမ်းလှမ်းမှာ သကြားချောင်းရောင်းနေတဲ့ အသက်ကြီးကြီးလူတစ်ယောက်ဟာ ဆိုင်လေး ဖွင့်ထားတယ်။လုပ်ငန်းလေးဟာ ပျမ်းမျှပဲ။ဘာလို့လဲဆိုတော့ ဆိုင်အရှေ့မှာ ရပ်နေတဲ့၀ယ်သူဟာ တစ်ယောက်ပဲရှိတယ်။

ဒါပေမဲ့ ချက်ချင်းဆိုသလို အမျိုးသားဟာ သကြားချောင်းလေးတွေကို ‌ထုပ်ပိုးနေရင်း ပြုံးနေတာကို နန်ကော သတိထားမိသွားတယ်။သူ့လက်ဟာ ထုပ်ပိုးရင်း အလုပ်ရှုပ်နေတယ်။အထူးသဖြင့် သူမအကြိုက်ဆုံး စတော်ဘယ်ရီချောင်းလေးတွေ။ အဆုံးမှာတော့ အသက်ကြီးကြီးနဲ့ လူဟာ ၀ယ်သူအမျိုးသားဆီကို သကြားချောင်းထုပ် ၄ထုပ် ကမ်းပေးလိုက်တယ်။

ခေါင်းဆောင်ဟာ သူတို့ကို ဘာစားချင်လဲ မေးနေတုန်း။သူ နန်ကောကို မေးတော့မဲ့အချိန်မှာပဲ သူတို့နဲ့ဆန့်ကျင်ဘက်က သကြားချောင်းဆိုင်ဘက်ကို နန်ကောတစ်ယောက် ခြေဖျား‌ထောက်ရင်း လက်ဝှေ့ယမ်း ပြနေတာကို တွေ့လိုက်ရတယ်။ “ဒီမှာ ဒီမှာ!”

သူတို့အားလုံးဟာ ခေါင်းကို တညီတညွတ်တည်း လှည့်လိုက်ကြတယ်။

ခပ်လှမ်းလှမ်းနားမှာ အနက်ရောင် မက်စ်တပ်ထားတဲ့ အမျိုးသားဟာ သူတို့ဆီ လျှောက်လာပြီး နောက်ဆုံးမှာ ရပ်သွားတယ်။

ရှန်ရန်ချင်းရဲ့ ဒီနေ့စတိုင်ဟာ သူ့အတန်းဖော်ဟောင်းတွေကို ရှော့ရသွားစေခဲ့ပြီးပြီ ဖြစ်တယ်။သူတို့ ဒါကို ကျင့်သားမရဘူးလို့ လူတိုင်း ပြောခဲ့ကြပေမဲ့ သူဟာ အရမ်းကြည့်ကောင်း လွန်း‌နေတယ်။အခုလည်း သူဟာ သူနဲ့ဆန့်ကျင်ဘက်က ကျောင်းသား၊ကျောင်းသူတွေရဲ့အာရုံကို ဆွဲဆောင်လိုက်ပြန်ပြီ။

အမျိုးသားဟာ အနက်ရောင်ကို ၀တ်ဆင်ထားတယ်။သူ့ရဲ့လျှောကျနေတဲ့ ဂျက်ကတ်ဟာ သူ့ပုခုံးကို အုပ်ထားလျက်။သူ့ရဲ့ရင်ဘတ်နားမှာတော့ နန်ကော နေ့လည်က ၀တ်ခိုင်းခဲ့တဲ့လည်ဆွဲလေး ရှိတယ်။ငွေရောင်ချိန်းကြိုးဟာ သူ့ရဲ့ခြေလှမ်းတွေနဲ့အတူ ညင်သာစွာ ယိမ်းယိုင်တယ်။သူ့ခန္ဓာကိုယ်ဟာ ကောင်းကောင်း အချိုးအစားကျတယ်။ပြီးတော့ သူဟာ သူနဲ့ဆန့်ကျင်ဘက်က ကောင်လေးထက်တောင်မှ အရပ်ရှည်သေးတယ်။သူ့ဆီမှာ လျစ်လျှူရှုလို့ မရနိုင်တဲ့ လွှမ်းမိုးမှုကြီးတဲ့ အရှိန်အဝါမျိုး ဖြာထွက်နေတယ်။

“အမ်...”

ခေါင်းဆောင်ဟာ သူ့ကို ကြည့်ပြီး နန်ကောကို ကြည့်တယ်။

နန်ကောဟာ တစ်ဖက်ကို လျှောက်သွားပြီးနေပြီဖြစ်ပြီး အမျိုးသားရဲ့လက်မောင်းကို ကျွမ်းကျင်စွာ ကိုင်လိုက်တယ်။သူမရဲ့အပြုအမူတွေဟာ ရင်းရင်းနှီးနှီးရှိ တယ်။

ရှန်ရန်ချင်းဟာ သကြားချောင်းထုပ်၂ထုပ်ကို လှမ်းပေးလာပြီး “မင်္ဂလာပါ ကျွန်တော် နန်ကောရဲ့ကောင်လေးပါ”

အမျိုးသားရဲ့ ဆံပင်ဟာ နဖူးပေါ်ကျနေပြီး သူ့ပုံစံဟာ အလွန်အမင်း ချဉ်းကပ်ချင်စရာ ကောင်းတယ်။ဒါပေမဲ့ သူ့အသံဟာတော့ သူ့အသွင်အပြင်နဲ့ အရမ်းခြားနားတယ်။ခေါင်းဆောင်ဟာ အထုပ်တွေကို ယူပြီး “အိုး တွေ့ရတာ ၀မ်းသာပါတယ်”

“ဒါဆို ကျွန်တော်တို့ အရင်သွားတော့မယ်”

နန်ကောဟာ သူမရဲ့သကြားချောင်းတွေကို စားဖို့အတွက် အလျင်လိုနေတယ်။လူတိုင်းကို စကားလုံးအနည်းငယ် ပြောပြီးနောက် သူမဟာ ရှန်ရန်ချင်းကို ဆွဲခေါ်လာလိုက်တယ်။

သူမရဲ့အနောက်မှာတော့ သူတို့အားလုံးဟာ လက်ထဲသကြားချောင်းကိုယ်စီနဲ့ ရပ်မြဲတိုင်းရပ်ပြီး အရှေ့က အတွဲကို ကြည့်နေကြတယ်။

နန်ကောဟာ ခေါင်းငုံ့ကာ အမျိုးသားရဲ့လက်ထဲက အထုပ်ကို ယူလိုက်တယ်။အမျိုးသားဟာ သူမကို မပေးဘူး။သူဟာ အထုပ်ကိုပဲ ဖွင့်ပေးပြီး သူမ ကြိုက်တာကို ရွေးချယ်စေတယ်။

“အာ အကုန်ရှိတာပဲ!”

စတော်ဘယ်ရီသကြားချောင်းတွေအားလုံးဟာ ဒီထဲမှာ ရှိနေတယ်။

“အာဟာ ကိုယ် မင်းအတွက် ဖယ်ထားတာ” အမျိုးသားဟာ နာရီပတ်ထားတဲ့လက်နဲ့ သူမရဲ့ခေါင်းကို ဖွဖွလေး ပွတ်ပေးတယ်။ “ကိုယ် သူတို့ကို မပေးလိုက်ပါဘူး”

နန်ကောဟာ တစ်ချောင်းယူလိုက်ပြီး သူ့ကို လက်မထောင်ပြဖို့လည်း မမေ့ဘူး။ “တော်တယ်” အနောက်က အတန်းဖော်တွေဟာ အချစ်ငှက်လေးတွေရဲ့ အပြန်အလှန်ဆက်သွယ်မှုကို ကြည့်ရင်း ဆွံ့အသွားကြတယ်။

“‌အိုး အဲ့နာရီက မီလီယံလောက် တန်တာကို ငါမှတ်မိသေးတယ်”

“နန်ကော ကောင်လေးကြည့်ရတာ အရမ်းချမ်းသာပုံပဲ။ ဘရန်းတွေချည်း ၀တ်ထားတာ”

“နန်ကောက ချမ်းသာတဲ့မိသားစုထဲ ၀င်လက်ထပ်မှာလား”

“ငါတော့ မထင်ဘူး နန်ကောမိသားစုက ပိုက်ဆံမရှိတဲ့ပုံ မပေါ်ပါဘူး”

“သူ့ပုံစံကြည့်ရတာ အဲလိုမဟုတ်ဘူး။ သူက များသောအားဖြင့် သိုသိုသိပ်သိပ်ပဲ နေတာပါ”

“သိုသိုသိပ်သိပ်နေတာ သိပ်မကြာသေးခင်တုန်းက သူ မောင်းလာတဲ့ကားကို မတွေ့သေးဘူးလား။ အနိမ့်ဆုံးမော်ဒယ်တောင်မှ ဒီလောက်လောက် ကုန်မယ်!”

178 03

“စကားမစပ် တချို့ကောင်တွေ ပထမနှစ်တုန်းက နန်ကောကို ဖွင့်ပြောကြတာကို ငါ မှတ်မိသေးတယ်။ အငြင်းခံလိုက်ရတော့ နန်ကောအကြောင်း ကောလဟလတွေတောင် လွှင့်ခဲ့သေးတယ်။ ကျောင်းဘက်က တောင်းပန်ဖို့ပြောခဲ့ပြီး အဲ့ပြဿနာက ပြီးသွားတယ်။ ဒါပေမဲ့ နန်ကောရဲ့အစ်ကိုက ကျောင်းကို တိုက်ရိုက် လာခဲ့တာလို့ ကြားတယ်”

“ပြောတော့မှပဲ ငါလည်း နည်းနည်းမှတ်မိတယ်။ အဲတုန်းက တစ်ယောက်က သူ့အစ်ကိုရဲ့ပုံကို ရိုက်ပြီး ဖိုရမ်ပေါ် တင်လိုက်ပေမဲ့ သိပ်မကြာဘူး။ ပျက်သွားတယ်။ ပျက်သွားပေမဲ့ ငါမှတ်မိတယ်။ အဲ့ပုံထဲမှာ သူ့အစ်ကို အကန့်အသန်နဲ့ ထုတ်တဲ့ကားကို မောင်းလာတာ။ နိုင်ငံထဲမှာ နှစ်စီးပဲရှိမယ် ထင်တယ်။ ကားကြောင့်ပဲ လူတွေက ဖိုရမ်ပေါ်မှာ ဆက်ပြောခဲ့ကြတာလေ”

“နန်ကောက ဘယ်ကပါလိမ့်”

“ဟိုက်မြို့ကလား”

“မဟုတ်တာ ငါ တစ်နေ့က ကန်တင်းမှာ သူနဲ့တွေ့လို့ နေ့လည်စာတောင် အတူစားခဲ့သေးတယ်။ သူပြော တာတော့ သူက ကျန်းမြို့ကပေမဲ့ ဟိုက်မြို့က ဟင်းတွေကို နေသားကျနေပြီတဲ့”

“ကျန်းမြို့က နန်ဆိုတဲ့ မျိုးရိုးနာမည်နဲ့ ချမ်းသာတဲ့တစ်ယောက်ယောက်...” အသံဟာ ဆတ်ခနဲ ရပ်သွားတယ်။လက်ထဲ သကြားချောင်းတွေနဲ့အတူ သူတို့ဟာ အချင်းချင်း ကြည့်လိုက်ကြတယ်။ “ခဏလေး သူ့အဖေက နန်ကျန်းနင်းများလား!”

သေစမ်း...ချမ်းသာတဲ့မိသားစုက မိန်းမငယ်လေးတစ်ယောက်ဟာ သူတို့ကြားမှာ လူမသိသူမသိ ရှိနေခဲ့တာဘဲ။

******

All Chapters