အခန်း ၁၇၉
Vol. 18 Ch. 179
179 01
Chapter 179 မိုက်မဲတဲ့သားဖြစ်သူက သူ့ဒိတ်ကို ဖျက်ဆီးသွားတယ်။
ရှန်ရန်ချင်းဟာ သူမကို အဆောင်အထိ လိုက်ပို့ပေးတယ်။
နန်ကောတစ်ယောက် သကြားချောင်းကို စားပြီးသွားပြီ။
ရှန်ရန်ချင်းဟာ လက်ထဲကအထုပ်၂ထုပ်ကို ပေးပြီး သူမကို အခန်းဖော်တွေနဲ့အတူ ဝေစားဖို့ ပြောတယ်။
သူဟာ အမြဲတမ်းစဉ်းစား တွေးတော ပေးတတ်တယ်။သူ သူမအတွက် တစ်ခုခုစားဖို့ ၀ယ်လာတိုင်း သူမရဲ့အခန်းဖော်တွေအတွက်ပါ ၀ယ်လာပေးတတ်တယ်။
“ရှင် ဒီနေ့တကယ် ချောတယ်” နန်ကောဟာ သကြားချောင်းကို ကိုင်ထားပြီး သူမရဲ့အကြည့်ဟာ သူ့အပေါ် တဝဲလည်နေတယ်။သူမရဲ့မျက်လုံးထဲ ဖုံးကွယ်မရတဲ့ မြတ်နိုးမှုတွေနဲ့ ပြည့်နှက်နေတယ်။
“ဒါပေါ့ ရှင် ပုံမှန်ဆိုလည်း အရမ်းချောပါတယ်။ ဒီနေ့ ရှင် ရိုးရှင်းစွာပဲ လူတိုင်းရဲ့မျက်လုံးတွေကို အရောင်လက်သွားစေတယ်”
ရှန်ရန်ချင်းဟာ ပြုံးတယ်။နန်ကော သူ့ကို ချီးကျူးတာကို သူ ဒီနေ့ကြားပြီးသွားပြီ။
သူတို့နှစ်ယောက်လုံး အောက်ထပ်မှာ မတ်တပ်ရပ်ပြီး ခဏလောက် စကားဆက်ပြောကြတယ်။သူဟာ အလုပ်သမားနေ့ကျရင် သူမမှာ အချိန်ရမလားလို့ မေးတယ်။
“ဟင်း ကျွန်မအထင် ရလောက်ပါတယ်” အားလပ်ရက် မရောက်ခင် လ၀က်လောက်ပဲ ကျန်တော့တာ။ပြီးတော့ သူမမှာ အခြားဘာပလန်မှလည်း မရှိဘူး။ “ရှင် တစ်နေရာရာ သွားချင်လား”
“ကိုယ့်ကျောင်းတုန်းက အတန်းဖော်တစ်ယောက်က လက်ထပ်တော့မှာ။ သူပြောဝာာ အဖော် ခေါ်လာလို့ရတယ်တဲ့။ မင်း ကိုယ်နဲ့...သွားချင်လား”
“အဖော် ခေါ်လာခိုင်းတာ” နန်ကောဟာ ချက်ချင်းကြားလိုက်ပြီး သူမရဲ့မျက်နှာထားဟာ တစ်ခဏလောက် ပြေလျော့သွားတယ်။
“ဟုတ်တယ်” ဒါနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတယ်လို့ ရှန်ရန်ချင်းဟာ မထင်မိဘူး။သူ့လေသံဟာ ပုံမှန်အတိုင်းပဲ ရှိတယ်။ “တကယ်တော့ မင်း သူတို့ကို အရင်က တွေ့ဖူးပါတယ်။ ဟိုတစ်ခေါက် မင်းအစ်ကိုရဲ့ စားသောက်ဆိုင်မှာ ကိုယ်နဲ့ညစာ အတူစားကြတဲ့လူတွေလေ”
နန်ကောဟာ ဒီတိုင်းပဲ ခေါင်းညိတ်ပြတယ်။သူမရဲ့ မျက်နှာထားကို ကြည့်ရသလောက်တော့ နားထောင်နေတဲ့ပုံ မပေါ်ဘူး။
သူမရဲ့စိတ်ထဲ ရှန်ရန်ချင်းရဲ့ ခုဏကစကားလုံးတွေနဲ့ ပြည့်နေတာ။
ခဏလောက်ကြာတော့ သူမဟာ မော့ကြည့်လာပြီး ပြုံးပြတယ်။ “သွားမယ်လေ”
အလုပ်သမားနေ့ပိတ်ရက်အတွင်း နန်ကောမှာ ဘာပလန်မှကို မရှိဘူး။ဒီလိုအချိန်ဆို နေရာတိုင်းမှာ လူတွေ အများကြီးမို့ သူမရဲ့စိတ်ကျေနပ်အောင်အထိ အပြင်ထွက်လည်နိုင်မှာ မဟုတ်ဘူး။
အလကားပဲ။
ဒါပေမဲ့ နန်ကျဲ့ကတော့ မတူဘူး။
မေလ၁ရက်နေ့မရောက်ခင် အရင်၂ပတ်က သူ ပလန်တွေ စလုပ်ပြီး ချီယန်ကို အပြင်အတူသွားဖို့ မေးခဲ့တယ်။
ဒါပေမဲ့ ချီယန်ဟာ ချက်ချင်းသဘောမတူခဲ့ဘူး။ “ငါ မသေချာသေးဘူး...အလုပ်မရှိရင်တော့ ရတယ်”
“ကောင်းပြီ ငါ လေယာဉ်လက်မှတ်ကို အရင်ကြိုယူထားလိုက်မယ်။ တစ်ခုခု ပေါ်လာရင် အဲဒီအခါမှ ငါတို့ထပ်ပြောကြတာပေါ့”
သူ ဒါကို ပြောလိုက်ပြီဖြစ်တာမို့ ချီယန်မှာ သဘောတူဖို့သာ တတ်နိုင်တော့တယ်။
အားလပ်ရက် ရောက်လာတဲ့အခါ ချီယန်ဟာ အတတ်နိုင်ဆုံး အချိန်ပိုဆင်းတာကို ရှောင်ပြီး အားလပ်ရက်အတွက် အချိန်ဖယ်ကြည့်ပါတယ်။
ဒါပေမဲ့ အရာရာတိုင်းဟာ သူမ စီစဉ်သလို မဖြစ်လာခဲ့ဘူး။
ချီယန်တစ်ယောက် နန်ကျဲ့ကို ဖုန်းခေါ်တဲ့အခါ သူမဟာ စိုးရိမ်နေမိတယ်။
ဖုန်းဟာ အလိုလို မကျသွားခင် အချိန်အကြာကြီး မြည်နေခဲ့သေးတယ်။သူမမှာ ရွေးချယ်စရာမရှိဘဲ ထပ်ခေါ်ရတယ်။
“ခုဏက ငါ ဖုန်းကို အပေါ်ထပ်မှာ ကျန်ခဲ့လို့ နင်ခေါ်တာ မကြားလိုက်ဘူး”
ဖုန်းခေါ်ဆိုမှု ဆက်သွယ်သွားတဲ့အခါ သူဟာ ချက်ချင်း ရှင်းပြလာတယ်။
ချီယန်ဟာ ပြတင်းပေါက်အပြင်က အနက်ရောင်ကောင်းကင်ကြီးကို ကြည့်လိုက်ရင်း “အစ်ကိုကြီးနန် ငါ မနက်ဖြန် အချိန်ပိုဆင်းရမယ်။ အလုပ်က နည်းနည်းအရေးကြီးလို့ သူတို့၃ရက်နေ့မှာ သုံးဖို့လိုလို့”
179 02
“ငါတောင်းပန်ပါတ။ယ် နင် ဘာလို့ ယွမ်ချီနဲ့အခြားလူတွေကို မမေးကြည့်တာလဲ နင်တို့ အတူတူ တစ်ခုခုသွားလုပ်လို့ရတာပဲ နောက်တစ်ခါမှ တွေ့ကြမယ်လေ”
“ဟုတ်ပြီ။ ငါသိပြီ” နန်ကျဲ့ဟာ တုံ့ပြန်တယ်။သူလေသံဟာ နည်းနည်း စိတ်ရှုပ်သွားတဲ့အသံ ဖြစ်သွားပေမဲ့ သူ စိတ်တော့ မဆိုးဘူး။
တစ်ချိန်တည်းမှာပဲ နန်မိသားစုရဲ့အိမ်မှာတော့။
မီးဖိုချောင်စားပွဲရှေ့ နန်ကောဟာ သူနဲ့ဆန့်ကျင်ဘက်မှာ ထိုင်ပြီး ပါးစပ်ထဲ ပိုက်တစ်ချောင်းနဲ့အတူ ဖရဲသီးဖျော်ရည်ကို သောက်နေတယ်။သူမဟာ သူ ဖုန်းဖြေတာကို တိတ်တိတ်လေး နားထောင်နေတာ ဖြစ်တယ်။
အခုလေးတင် အိမ်အကူဟာ အောက်ဆင်းလာပြီး နန်ကျဲ့ရဲ့မြည်နေတဲ့ဖုန်းကို လာပေးသွားတာ။အဲ့နောက် နန်ကျဲ့ရဲ့မျက်နှာထားဟာ ပျော်တာကနေ ချက်ချင်းပဲ အသက် မဲ့သွားတာကို သူမရဲ့မျက်လုံးတွေနဲ့ မြင်လိုက်ရတယ်။
ဒီလိုအချိန်အခါမျိုးဆို အနားတစ်၀ိုက်မှာရှိနေတာဟာ အကြံဆိုးပဲ။
သူ ဖုန်းချပြီးတာကို မြင်တော့ နန်ကောဟာ ခွက်ကို ယူပြီး မတ်တပ်ထကာ လစ်ဖို့ ပြင်တယ်။ “နင် ဘယ်သွားမလို့လဲ။ အသီးတွေ မစားတော့ဘူးလား”
စကားဆုံးတာနဲ့ သူ သခွားသီးကို ချိုးလိုက်တာကို နန်ကောမြင်လိုက်ရတယ်။
ဟုတ်တယ်။ချိုးလိုက်တာ။လှီးတာ မဟုတ်ဘူး။
နန်ကော တွန့်သွားတယ်။ချက်ချင်းပဲ နန်ကျဲ့ဟာ ပုံမှန်မဆန်စွာ ပိုင်းဖြတ်ခံထားရတဲ့ သခွားသီးကို သူမအရှေ့ ချပေးတယ်။ “စား”
“...အော်” နန်ကောဟာ ခွက်ကိုချပြီး အဆင်ပြေပြေနဲ့ ပိုင်းဖြတ်ခံထားရတဲ့တစ်ပိုင်းကို ယူကာ ပါးစပ်ထဲ ထည့်လိုက်တယ်။ “ကျေးဇူးပါ အစ်ကို”
သူမ သူ့ကို ကျေးဇူးတင်တာကို ကြားရတဲ့အခါ နန်ကျဲ့ဟာ သူမကို ဖာသိဖာသာပဲ ကြည့်လာတယ်။
အခုလေးတင် ပြောထားတဲ့ ဖုန်းခေါ်ဆိုမှုအကြောင်းကို နန်ကော သူ့ကို မမေးရဲဘူး။သူမဟာ ခေါင်းငုံ့ပြီး သခွားသီးကိုသာ တိတ်တဆိတ် စားနေတယ်။
သူမဟာ အမြန်ပြီးအောင်စားပြီး လစ်ပြေးဖို့ ပြင်တယ်။
“နင် မနက်ဖြန် ဟိုက်မြို့ကို ပြန်မှာလား”
“အာ ဟုတ်တယ်...အဟွတ်” သူမဟာ ပါးစပ်ထဲ သခွားသီး ရှိနေသေးတာကို မေ့ပြီး သတိလက်လွတ်နဲ့ ဖြေလိုက်မိတယ်။ဒါကြောင့် စကားပြောလိုက်တာနဲ့ သူမဟာ သီးသွားတယ်။သူမဟာ ခေါင်းငုံ့ကာ ချောင်းဆိုးနေရင်း မျက်နှာဟာလည်း နီလာတယ်။ “အဟွတ် အဟွတ် ရှန်ရန်ချင်းရဲ့အတန်းဖော်က လက်ထပ်တော့မှာ။ အဲဒါ ငါ သူနဲ့အတူ သွားမလို့”
“ဘယ်အချိန် ပြန်လာမှာလဲ”
“အော် သဘက်ခါမှ” တကယ်တော့ နန်ကောဟာ သဘက်ခါပြန်လာဖို့ စိတ်မကူးထားဘူး။သူမ ရှန်ရန်ချင်းနဲ့အတူ ရုပ်ရှင်ကြည့်ချင်သေးတယ်။
ဒါပေမဲ့ သူမရဲ့အစ်ကိုလည်း သဘက်ခါကျ အိမ်မှာ ရှိမှာ မဟုတ်တာမို့ သူမပြောတာဟာ အရေးမကြီးဘူးလေ။
“ညဘက် သူ့အိမ်မှာ နေမှာလား”
နန်ကောဟာ အသာခေါင်းညိတ်ပြတယ်။ “အရမ်းနောက်ကျမှ ကားမောင်းတာ စိတ်မချရလို့လေ”
နန်ကျဲ့ဟာ သူမကို ဆက်ပြီး ဖော်ထုတ်မနေနိုင်တော့ဘူး။ “ဒါဆို သဘက်ခါကျ နင် ငါနဲ့ အပြင်အတူတူ သွားမလား”
“ဟမ်” နန်ကောဟာ ဝါးနေတာ ရပ်သွားတယ်။ “နင် တိဘက်ကို သွားမှာ မဟုတ်ဘူးလား”
“လတ်တလော မသွားဖြစ်သေးဘူး။ ယွီယွီတို့ကိုလည်း အချိန်ရှိလားမေးကြည့် သဘက်ခါကျ ပျော်ပွဲစားထွက်ကြမယ်”
“...အိုကေ” နန်ကောဟာ ဖုန်းဖွင့်ပြီး ယွီယွီကို စာပို့လိုက်တယ်။ယွီ: [ပျော်ပွဲစား ငါတော့ မရလောက်ဘူး။သဘက်ခါကျ ငါ့မှာဒိတ်ဖို့ရှိတယ်။]
[ဟုတ်ပြီ။]
နန်ကောဟာ ယွမ်ချီကို မေးကြည့်တယ်: [အစ်ကိုချီ သဘက်ခါကျအားလား ညီမအစ်ကိုနဲ့ ပျော်ပွဲစား ထွက်ချင်လား]
ယွမ်ချီ: [နင့်အစ်ကို မနက်ဖြန်မနက် တိဘက်ကို သွားမှာ မဟုတ်ဘူးလား]
[သူ ပြောတာတော့ မသွားတော့ဘူးတဲ့။]
[ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ တစ်ပတ်လုံးလုံး ကြွားနေခဲ့တာကို။ငါ သူနဲ့အတူ သွားချင်တယ်လို့ ပြောသေးတယ်။ဒါပေမဲ့ သူက သူ့မှာအဖော် ရှိတယ်ဆိုပြီး ငါ့ကို သူနဲ့အဝေးဆုံးမှာ နေခိုင်းထားတာ။]
ခဏလောက်နားပြီးတော့ ယွမ်ချီဟာ ထပ်မေးတယ်: [သူ တိဘက်ကို ဘယ်သူနဲ့ သွားမှာလဲ]
[အာ။] သူမရဲ့အစ်ကို ဘယ်သူနဲ့သွားမလဲဆိုတာ နန်ကော အကြမ်းဖျင်း မှန်းကြည့်လို့ရပေမဲ့ အဲဒါက အရေးမကြီးတော့ပါဘူး။
[ဘာပဲဖြစ်ဖြစ် သူ မသွားတော့ဘူး။သူ့ကြည့်ရတာ လာမဲ့ရက်ထဲ အားတဲ့ပုံပဲ။ဒီတော့ အစ်ကို သဘက်ခါကျ သူနဲ့အတူ ပျော်ပွဲစားထွက်သင့်တယ်။]
[ယောက်ျားလေးနှစ်ယောက်ထဲ ပျော်ပွဲစား ထွက်ရမှာ]
[ဒါဆိုလည်း အခြားလူတွေကို မေးကြည့်လေ။]
[သူတို့မှာလည်း တစ်ခုခုလုပ်ဖို့ ပလန်ရှိထားပြီး လောက်ပြီ။အော် ဟုတ်သား။နင်ရော မသွားဘူးလား]
သူမ အားလပ်ရက်ကို ရှန်ရန်ချင်းနဲ့အတူ ကုန်ဆုံးချင်သေးတယ်။
ဒါပေမဲ့ အခုလောလောဆယ် သူမအစ်ကို သူမရဲ့အားပေးမှုကို လိုအပ်နေတဲ့ပုံပဲ။
အဆုံးမှာတော့ သူမဟာ အလျှော့ပေး လိုက်တယ်။သူမဟာ ချက်ဂရုထဲက ထွက်ပြီး ရှန်ရန်ချင်းရဲ့ချက်ကို ဆွဲချကာ အီမိုဂျီလေး ပို့လိုက်တယ်။
တစ်ဖက်လူဟာ အမြန်ပဲ စာပြန်လာတယ်။
179 03
နန်ကောဟာ လက်နှစ်ဖက်လုံးနဲ့ ရိုက်တယ်: [ရှင် ကျွန်မအစ်ကိုရယ်၊အရင်တစ်ခေါက်ကတွေ့တဲ့ ကျွန်မအစ်ကိုရဲ့သူငယ်ချင်းရယ်နဲ့ ပျော်ပွဲစားထွက်ချင်လား]
[ဒါပေါ့။မနက်ဖြန်ညကျ လုပ်ရအောင်လေ။လက်ထပ်ပွဲပြီးရင် ကိုယ် မင်းနဲ့အတူ ကျန်းမြို့ကို ပြန်လိုက်မယ်။]
“ဟုတ်ပြီ ဟုတ်ပြီ အကုန်ပြီးပြီ” နန်ကောဟာ စိတ်သက်သာရာရစွာနဲ့ ဖုန်းကိုဖယ်ပြီး နန်ကျဲ့ကို အန္တရာယ်ကင်းစွာနဲ့ ပြုံးပြလိုက်တယ်။
ပျော်ပွဲစားခရီးအတွက် သူမ လူဘယ်နှစ်ယောက်ကို မေးခဲ့လဲဆိုတာ နန်ကျဲ့ မသိဘူး။ဒါပေမဲ့ သူတို့ဟာ သေချာပေါက် သူတို့အနားတစ်ဝိုက်က လူတွေပဲ ဖြစ်မှာမို့ သူ အသေးစိတ် မေးမနေတော့ဘူး။
နောက်တစ်နေ့ညနေခင်းမှာတော့ ရှန်ရန်ချင်းဟာ နန်ကောကို ဟိုတယ်ထဲကနေ ခေါ်ထုတ်လာတယ်။
ကားပေါ်ကို ရောက်တော့လည်း နန်ကောဟာ လက်ထပ်ပွဲအကြောင်း တွေးနေမိဆဲ ဖြစ်တယ်။
သူမ တစ်ယောက်ယောက်ရဲ့လက်ထပ်ပွဲကို တက်ရောက်ခဲ့တဲ့နောက်ဆုံးအကြိမ်ကို နန်ကော မမှတ်မိတော့ဘူး။ဒါပေမဲ့ သူမ ဒီလိုအခမ်းအနားမျိုးတွေကို နည်းနည်းတော့ သဘောကျတယ်။
ဒီနေ့ပြီးသွားတော့ သူမ ရှန်ရန်ချင်းရဲ့သူငယ်ချင်းတွေကို တရား၀င် သိသွားပြီ။
သူတို့ မနက်ဖြန်မနက် ထွက်မှာဖြစ်တာကြောင့်မို့ နန်ကော ဒီည စောစောပြန်လာလိမ့်မယ်ဆိုတာ နန်ကျဲ့ သိတယ်။ဒါကြောင့် သူဟာ သူမကို ခေါ်ပြီး တစ်ခုခု သွား၀ယ်ဖို့ စီစဉ်ထားတယ်။
သူဟာ တံခါး၀မှာ စောင့်နေပြီး နောက်ဆုံးတော့ ကားတစ်စီး ၀င်လာတာကို တွေ့ရတယ်။
နန်ကောရဲ့ကား မဟုတ်ဘူး။
ဒါပေမဲ့ နည်းနည်း ရင်းနှီးနေတယ်။
ကားရပ်သွားတော့ ကားမောင်းသူတံခါးဟာ အရင်ဆုံး ပွင့်လာတယ်။သူတို့ အကြည့်ချင်းဆုံ သွားတယ်။နန်ကျဲ့ဟာ လက်ပိုက်ပြီး ခေါင်းကို စောင်းလိုက်တယ်။ “မင်း ဒီမှာ ဘာလုပ်နေတာလဲ”
သူရဲ့အနာဂတ် ယောက်ဖလောင်းဟာ သူ့ကို ပြုံးပြလာတယ်။ “ကျွန်တော်နဲ့နန်ကော။ မင်းနဲ့အတူ ပျော်ပွဲစားထွက်မလို့လေ”
သူ့ရဲ့ဖော်ရွေတဲ့အကြည့်ဟာ သူ့ရဲ့ယောက်ဖလောင်းနဲ့အတူ ပျော်ပွဲစားထွက်မဲ့ပုံ မပေါ်ဘူး။အဲ့အစား သူ့မိန်းမနဲ့ သူ့ရဲ့ဒိတ်ကို သားဖြစ်သူက ဖျက်ဆီးလိုက်လို့ သူ့ရဲ့မိုက်မဲတဲ့သားကို အပြင်ခေါ်ထုတ်ဖို့လာတဲ့ အတိုင်းပဲ။
နန်ကျဲ့တစ်ယောက် ဆွံ့အ သွားတယ်။သူဟာ အစကတည်းက သိပ်ပျော်မနေဘူး။အခု ပိုတောင် စိတ်တိုလာပြီ...
******