အခန်း ၁၈၀
Vol. 18 Ch. 180
180 01
Chapter 180 ကိုယ် မင်းကို ကူညီပေးရမလား
ဒါဟာ ပထမဆုံးအကြိမ် ရှန်ရန်ချင်း နန်မိသားစုရဲ့အိမ်ကို ရောက်ဖူးတာပဲ။အရင်တစ်ခေါက်က သူ နန်မိသားစုရဲ့အိမ်အဟောင်းကိုပဲ လည်ခဲ့တာ။ကံမကောင်းတာတစ်ခုဟာတော့ ဒီတစ်ခေါက် မစ္စတာနန်နဲ့မစ္စနန်ဟာ သူတို့ရဲ့သူငယ်ချင်းကောင်းတွေနဲ့အတူ အားလပ်ရက်မတိုင်ခင်ကတည်းက ပင်လယ်ကို ခရီးထွက်သွားကြပြီး အိမ်မှာ မရှိဘူး။နန်မိသားစုရဲ့ အိမ်အကူအများစုဟာလည်း အားလပ်ရက်အတွင်း အနားယူဖို့ ပြန်သွားကြတယ်။
ဒါကြောင့် ဒီနေ့ ရှန်ရန်ချင်းနဲ့ နန်ကော မရောက်ခင် နန်ကျဲ့ဟာ နန်အိမ်မှာရှိတဲ့ တစ်ယောက်တည်းသောသူပဲ။
ညစာစားပွဲပေါ်မှာ အော်ဒါမှာထားတဲ့ အစားစာတွေရဲ့ အမှိုက်ထုပ်တွေ ရှိနေသေးတယ်။
နန်ကော ပြောခဲ့သလိုပဲ။ သူ့ရဲ့အနာဂတ်ယောက်ဖလောင်းဟာ တကယ်ကို နည်းနည်း အထီးကျန်နေတာပဲ။
“အိမ်မှာ ဘယ်သူမှ မရှိဘူး။ ကိုယ့်ဟာကိုယ် အပေါ်တက်သွားလို့ ရတယ်။ ဒုတိယထပ်ရဲ့ညာဘက်မှာ ဧည့်သည်ခန်း ၂ခန်းရှိတယ်။ မင်း အိပ်ချင်တဲ့အခန်းမှာ အိပ်လို့ရတယ်”
ရှန်ရန်ချင်း အနောက်ကို လိုက်ရင်း လစ်ထွက်သွားဖို့ လုပ်နေတဲ့ နန်ကောကို နန်ကျဲ့ဟာ သူ့အရှေ့ကို လှမ်းဆွဲလိုက်တယ်။
“နင် သူ့ကို ခေါ်လိုက်တာလား”
“အာဟာ”
“ဘာလို့ ငါ့ကို မနေ့က မပြောပြခဲ့တာလဲ”
“နင်မှ မမေးတာ”
“ယွီယွီနဲ့အခြားလူတွေကို မေးဖို့ ငါ မပြောခဲ့ဘူးလား။ သူ့ကို ခေါ်ဖို့ ဘယ်သူ ပြောလို့လဲ”
“ယွီနဲ့အခြားလူတွေမှာက ပလန်တွေ ရှိနေကြပြီးပြီ။ အစ်ကိုယွမ်ချီတစ်ယောက်ပဲ အားတာ။ ငါတို့၃ယောက်တည်းဆို အများကြီး လုပ်လို့မရဘူးလေဟုတ်။ အရမ်းပျင်းစရာ ကောင်းနေလိမ့်မယ်။ ရှန်ရန်ချင်းကို ခေါ်လာရင် အနည်းဆုံးတော့ ငါတို့ မာကျောက်ကစားလို့ရတယ်”
နန်ကျဲ့ “.....”
သူ ဆွံ့အသွား တာ။
အဆုံးမှာတော့ နန်ကျဲ့ဟာ အပြင်ထွက်ဖို့ကို စိတ်ပြောင်းသွားပြီး ဒီမုန်းစရာကောင်းတဲ့ အတွဲကိုပဲ လိုအပ်တဲ့ပစ္စည်းတွေ ၀ယ်ဖို့ တာ၀န်ပေးလိုက်တယ်။
စူပါမားကတ်ထဲမှာတော့ ရှန်ရန်ချင်းဟာ ဈေးလှည်းကို တွန်းရင်း နန်ကောအနောက်ကို တိတ်တဆိတ်ပဲ လိုက်နေတယ်။
နန်ကောဟာ စာရင်းထဲကပစ္စည်းတွေကို ဂရုတစိုက်နဲ့ ရွေးယူတယ်။ “ကျွန်မအစ်ကို ပလန်ပျက်သွားတော့ စိတ်ခံစားချက် မကောင်းဘူး ဖြစ်နေတာ. ဒီတော့ သည်းခံရမှာပဲ။ ကျွန်မ မရှိတုန်း သူ ရှင့်ကိုဆူရင် လစ်လျူသာ ရှုထားလိုက်နော်”
“သူ အစ်မချီယန်ကြောင့် တုန်လှုပ်သွားတာဆိုတော့ ကျွန်မတို့ ဘာမှမတတ်နိုင်ဘူးလေ”
“သူတို့ တွဲနေတာ မဟုတ်ဘူးလား” ရှန်ရန်ချင်းဟာ ကြားထားပြီးသား။
“အင်း ဘယ်သူသိပါ့မလဲ”
နန်ကောဟာ သူတို့နှစ်ယောက်ကို နားမလည်ဘူး။တကယ်ကိုပဲ လူတိုင်းရဲ့ ဆက်ဆံရေးတွေဟာ ကွဲပြားတာပဲ။
သူမမှာ သင်ယူစရာ အများကြီး ကျန်သေးတယ်။
နောက်တစ်နေ့မနက်။
ယွမ်ချီဟာ အချိန်မှန် ရောက်လာတယ်။တံခါးဘဲလ်ဟာ အချိန်အကြာကြီး မြည်နေပေမဲ့ ဘယ်သူကမှ တံခါးကို လာမဖွင့်ကြဘူး။
သူ နန်ကျဲ့ကို ဖုန်းခေါ်တော့မဲ့အချိန်မှာပဲ ရုတ်တရက် ဒုတိယထပ်ကနေ လိုက်ကာပွင့်လာတာကို တွေ့လိုက်ရတယ်။လူတစ်ယောက် ပြတင်းပေါက်ရှေ့မှာ ရပ်ပြီး ပြတင်းပေါက်ကို ဖြည်းဖြည်းချင်းဖွင့်လာတယ်။
အကွာအဝေးကြောင့် ယွမ်ချီဟာ အဲ့လူရဲ့မျက်နှာကို သေချာမမြင်ရပေမဲ့ ယောက်ျားလေး တစ်ယောက်ဆိုတာကိုတော့ သူပြောနိုင်တယ်။
မေးခွန်းက နန်ကျဲ့ရဲ့အခန်းဟာ ဒုတိယထပ်မှာ မဟုတ်တာကို သူသိတယ်။
အမျိုးသား ကြည့်ရတာ သူ့ကို သတိထားမိပုံ ရတယ်။သူဟာ လက်မြှောက်ပြပြီး သူ့ကို ခဏစောင့်ဖို့ အမူအရာပြတယ်။
ယွမ်ချီဟာ တံခါးရှေ့ရပ်ပြီး ခြံထဲကနေ တစ်ယောက်ယောက် လာနေတာကို မတွေ့ရခင်အထိ နောက်ထပ်၂မိနစ်လောက် ထပ်စောင့်နေခဲ့တယ်။
“ဥက္ကဌရှန်!” ဘယ်သူလဲ ဆိုတာကို တွေ့လိုက်ရတဲ့အခါ သူ့လက်ချောင်းတွေ အေးခဲသွားတယ်။ “မင်း...”
ရှန်ရန်ချင်းဟာ တံခါးဖွင့်ပေးတယ်။ “ဟိုနှစ်ယောက် အိပ်နေတုန်းပဲ”
နန်ကောနဲ့ နန်ကျဲ့ဟာ အိပ်နေတုန်းဖြစ်ပြီး သူတို့တင် မဟုတ်ဘူး။ရှန်ရန်ချင်းလည်းပဲ အိပ်ရာထဖို့ကို ခဲယဉ်းနေခဲ့တာ။
မနေ့ညက သူ အိပ်ပျော်တော့မဲ့အချိန် ရုတ်တရက်ကြီး နန်ကျဲ့ဟာ တံခါးကို လာခေါက်ပြီး နန်ကောကို ဆွဲခေါ်လာဖို့ အပေါ်ထပ်ကို တက်သွားတယ်။
သူတို့၃ယောက်လုံး ဖျော်ဖြေရေးအခန်းထဲ ထိုင်ပြီး စစ်ပွဲရုပ်ရှင်တစ်ခုကို ၃နာရီနီးပါးလောက် ကြည့်ခဲ့ကြတာ။သူတို့ ကြည့်ပြီးတဲ့အချိန်ကျ ညသန်းခေါင် ရောက်တော့မယ်။
အဆုံးမှာတော့ နန်ကျဲ့ဟာ ဆက်ပြီး တစ်ခုခုကြည့်ချင်ပေမဲ့ နောက်နေ့ ပျော်ပွဲစားထွက်ဖို့ ရှိတာမို့ သူဟာ သူတို့ကို လွှတ်ပေးခဲ့တယ်။
သူ မနေ့ညက ကောင်းကောင်း မအိပ်ခဲ့ရဘူးဆိုတာ ပုံကြီးချဲ့တာ မဟုတ်ဘူး။ရုပ်ရှင်ထဲက သေနတ်သံဟာ သူ့နားထဲ တောက်လျှောက် တဝီဝီမြည်နေခဲ့တာ။
ယွမ်ချီဟာလည်း ရှန်ရန်ချင်းကြည့်ရတာ သိပ်အဆင်ပြေမနေဘူး ဆိုတာကို သတိထားမိတယ်။သူ တံခါးဘဲလ်သံကြားပြီး နိုးလာတာ ဖြစ်ရမယ်။
180 02
သူဟာ ရှန်ရန်ချင်းအနောက်ကနေ အိမ်ထဲကို လိုက်သွားတယ်။အဲတော့မှပဲ ဒီနေ့ ရှန်ရန်ချင်းဟာ သူတို့နဲ့အတူ ပျော်ပွဲစားထွ က်မယ်ဆိုတာကို သိရတယ်။လူများလေ ပျော်လေပဲ။ယွမ်ချီမှာ ငြင်းစရာ မရှိဘူး။
လူတွေ အများကြီး ပါလာလေ ပိုပြီးပျော်စရာ ကောင်းလာလေ ဖြစ်လိမ့်မယ်။
ယွမ်ချီဟာ သူ ယူလာတဲ့မနက်စာကို စားပွဲပေါ် တင်လိုက်တယ်။သူဟာ အချိန်ကို တစ်ချက် ကြည့်တယ်။နောက်ကျနေပြီ။
“ကျွန်တော် နန်ကျဲ့ကို သွားခေါ်လိုက်မယ်။ မင်း နန်ကောကို သွားခေါ်လိုက်ရင်ရော။ နန်ကျဲ့က စောစော ထတတ်တဲ့သူ မဟုတ်ဘူး။ သူ့ဟာသူ နိုးလာတဲ့အချိန်ထိစောင့်ရင် တစ်နေရာရာသွားဖို့ကို အရမ်းနောက်ကျသွားလိမ့်မယ်”
“ဟုတ်ပြီ”
သူတို့ဟာ လှေကားထိပ်မှာ လမ်းခွဲလိုက်ကြတယ်။
ရှန်ရန်ချင်းဟာ နန်ကောရဲ့တံခါးကို ခေါက်လိုက်ပေမဲ့ အတင်းတော့ မလုပ်ဘူး။သူဟာ အထဲကလူတုံ့ပြန်လာဖို့ကို တိတ်တိတ်လေးစော င့်နေပေးတယ်။
ရုတ်တရက် တံခါးကို တဘုန်းဘုန်းနဲ့ ထုရိုက်နေတဲ့အသံဟာ အပေါ်ထပ်ကနေ ထွက်လာတယ်။ယွမ်ချီရဲ့အသံကပါ အနောက်ကနေ ကပ်ရပ်လိုက်ပါလာတယ်။ “နန်ကျဲ့! နန်ကျဲ့!”
ယွမ်ချီဟာ အော်ဟစ်နေတယ်လို့ ပြောရမယ်။အိုင်ဒေါဇာတ်လမ်းတွဲတွေထဲကလို ဇာတ်ဆောင်မင်းသားနဲ့ ဇာတ်ဆောင်မင်းသမီးတို့ သေရေးရှင်ရေး အခြေအနေမှာ အခွဲခံရတဲ့အတိုင်းပဲ။
သိပ်မကြာဘူး။အပေါ်ထပ်ကနေ ဆဲသံလေးတွေ ထွက်လာတယ်။
ရှန်ရန်ချင်းတစ်ယောက် ကူကယ်ရာမဲ့စွာနဲ့ သက်ပြင်း ချမိတယ်။သူ့လက် မလှမ်းနိုင်သေးခင်မှာဘဲ အရှေ့က တံခါးဟာ ပွင့်သွားတယ်။နန်ကောဟာ အိပ်ချင်မူးတူးနဲ့ တံခါးကို မှီတယ်။
သိသိသာသာကိုပဲ။ သူမဟာ အပေါ်ထပ်က ၀ုန်းဒိုင်းအုန်းဒိုင်းကြောင့် နိုးလာတာ။
သူမရဲ့မျက်နှာအမူအရာကို အကဲခတ်ကြည့်တဲ့အခါ သူမလည်းပဲ အခုမှ အောက်ထပ်ကို ဆင်းလာတဲ့ နန်ကျဲ့နဲ့ တစ်ပုံစံတည်း။
နန်ကောဟာ နည်းနည်း မူးဝေနေတုန်း ဖြစ်တယ်။သူမဟာ မျက်လုံးကို ကျဉ်းပြီး စိတ်နည်းနည်း တိုနေကာ လျှောက်လမ်းက လူကို ကြည့်တယ်။ “အပေါ်ထပ်မှာ ဘာလုပ်နေတာလဲ။ ကျွန်မ အခု မှအိပ်ပျော်ရုံရှိသေးတယ်။ ရှင် သေချင်နေသလား”
အရင်ကဆိုရင်တော့ နန်ကောဟာ နိုးလာရင် အရမ်းစိတ်ဆိုးဒေါသထွက်လိမ့်မှာ မဟုတ်ဘူး။ဒါပေမဲ့ ဒီနေ့ကတော့ သူမ လုံလောက်အောင် မအိပ်ရသေးဘူး။
ရှန်ရန်ချင်းဟာ ရှင်းပြတယ်။အဲ့နောက် အရှေ့ကို တိုးပြီး ညင်ညင်သာသာလေး ပြောတယ်။ “ပြန်ပြီး မိနစ်၂၀လောက် ထပ်အိပ်လိုက်။ ကိုယ် ပြီးရင် မင်းကို လာနှိုးမယ်”
သူဟာ သူမကို အခန်းထဲ ပြန်သယ်သွားတယ်။နန်ကောဟာ အိပ်ရာထဲကို ရောက်တာနဲ့ စောင်ကိုဖက်ပြီး အိပ်ရာအလယ်ကို လှိမ့်သွားတယ်။သူမဟာ ဘာမှမပြောဘူး။သူမဟာ မစဉ်းစားဘဲ မျက်လုံးအကာကို ဆွဲချပြီး ဆက်အိပ်တယ်။
သူမရဲ့ညအိပ်၀တ်စုံ လန်နေတာကို မြင်တော့ ရှန်ရန်ချင်းဟာ မျက်လွှာချပြီး သူမလက်မောင်းနားက စောင်အနားစလေးကို ဆွဲချတယ်။သူဟာ စောင်ကို သူမကိုယ်ပေါ် ဆွဲပေးပြီး လွတ်နေတဲ့သူမရဲ့ ခြေထောက်တွေအပေါ် အုပ်ပေးတယ်။
အချိန်ဖြုန်းဖို့အတွက် ရှန်ရန်ချင်းဟာ ဟိုဟိုဒီဒီလျှောက်ကြည့်ပြီး နောက်ဆုံးမှာတော့ သူမရဲ့အ၀တ်ဗီရိုအခန်းထဲ ၀င်သွားတယ်။သူဟာ သူမအတွက် အပြင်ထွက်လည်ဖို့ သင့်တော်တဲ့၀တ်စုံတွေကို ကူရွေးပေးပြီး အိပ်ရာခေါင်းရင်းနားမှာ ထားလိုက်တယ်။
နန်ကောဟာ တကယ်တော့ အိပ်ရာပေါ်ပြန်လှဲပြီးတဲ့နောက် အိပ်မပျော်တော့ဘူး။သူမအခန်းထဲ တစ်ယောက်ယောက် လမ်းလျှောက်နေတာကို ကြားရတယ်။ကံကောင်းစွာနဲ့ အသံဟာ သိပ်မကျယ်ဘူး။
ဘယ်လောက် ကြာသွားမှန်း မသိလိုက်ရတဲ့ အချိန်အပိုင်းအခြား တစ်ခုအပြီး တစ်ယောက်ယောက်ဟာ သူမရဲ့ပုခုံးကို ဖွဖွလေး လာပုတ်တယ်။သူဟာ ရှင်းရှင်းလင်းလင်းပဲ သူမကို နှိုးချင်တာ။ဒါပေမဲ့ သူဟာ အလွန်တရာမှ နူးညံ့တိုးလျတဲ့အသံမျိုးနဲ့သာ ပြောတယ်။
“ရော့ရော့”
နန်ကောဟာ သူမ အိပ်မက်မက်နေတယ်လို့ ထင်တာ။
နွေးထွေးတဲ့အသက်ရှူသံလေး သူမဆီကို ရစ်ပတ်မလာခင်အထိပေါ့။
“ရော့ရော့ ထရတော့မယ်”
နန်ကောဟာ စောင်ကိုင်ထားတဲ့လက်ကို တင်းလိုက်ပြီး ချက်ချင်းနိုးကြားသွားတယ်။
180 03
တစ်မိနစ်လောက်ကြာတော့ နန်ကောဟာ မျက်လုံးအကာကို ချွတ်ပြီး ကြောင်တောင်တောင်နဲ့ ထထိုင်တယ်။
သူမဟာ ဘေးကို တစ်ချက်ကြည့်လိုက်တယ်။
လိုက်ကာထောင့်ဟာ ဆွဲဖွင့်ခံထားရပြီး အလင်းတန်းလေးဟာ သူမရဲ့ညအိပ်၀တ်စုံအပေါ် လာကျနေတယ်။
သူမဟာ မျက်လုံးကိုကျဉ်းပြီး အချိန်တစ်ခုလောက် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးမှ ဒီနေ့ ပျော်ပွဲစားခရီးကို သတိရသွားတယ်။
တစ်ဖက်မှာတော့ ရှန်ရန်ချင်းဟာ သူမအတွက် ဖိနပ်နဲ့ အ၀တ်တွေကို ယူလာပေးတယ်။ “ဒီနေ့ ဒါကို ၀တ်ရင်ဘယ်လိုလဲ။ ကိုယ်မိုးလေ၀ခန့်မှန်းချက်ကို ကြည့်ပြီးပြီ။ ဒီနေ့အပူချိန်က နည်းနည်းမြင့်တယ်။ ဒါကြောင့် အထူကြီး၀တ်ဖို့က မသင့်တော်ဘူး။ ဒါပေမဲ့ ဒီည တောင်ပေါ်မှာ မင်းအအေးမိမှာကိုလည်း စိုးရိမ်သေးတယ်။ ဒီတော့ ကိုယ် မင်းအတွက် ဒီဂျက်ကတ်လေး ကူသယ်လာပေးမယ်”
“အာဟာ” နန်ကောဟာ သူ့လက်ထဲက အ၀တ်တွေကို ကြည့်ပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်တယ်။ “ဟုတ်ပြီ”
ဖိနပ်စီးပြီးတဲ့နောက် နန်ကောဟာ သူ့ဆီကနေ ရေချိုးခန်းထဲ ခေါ်သွားခံရတယ်။သွားပွတ်တံ တစ်ချောင်း သူမလက်ထဲ ရောက်လာတော့မှသာ သူမဟာ တုံ့ပြန်မိတယ်။သူမဟာ သူမအနောက်က လူကို မှန်ထဲကနေ တစ်ဆင့် ကြည့်လိုက်တယ်။
သူမဟာ ကြောင်နေပြီး မလှုပ်ရှားတာကို မြင်တော့ ရှန်ရန်ချင်းဟာ မေးတယ်။ “မင်း ကိုယ့်အကူအညီ လိုလား”
နန်ကောဟာ လက်ထဲက သွားပွတ်တံကို တစ်ချက်ကြည့်ပြီး တိတ်တဆိတ် ပါးစပ်ထဲ ထည့်လိုက်တယ်။
မျက်နှာသစ်ပြီးတဲ့နောက် နန်ကောမျက်လုံးတောင် မဖွင့်ရသေးခင်မှာဘဲ နွေးထွေးတဲ့ လက်တစ်စုံဟာ သူမရဲ့လည်ပင်းအနောက်ကို အုပ်ကိုင်လာတယ်။မျက်နှာသုတ်ပုဝါ တစ်ထည်ဟာ မျက်နှာပေါ်က ရေတွေကို သုတ်ဖို့ရာ သူမရဲ့မျက်နှာအပေါ် ဖွဖွလေး ဖိကပ်လာတယ်။
သူမ ထိုင်ခုံပေါ်ထိုင်ပြီး အသားအရည်ထိန်းသိမ်းတဲ့ ထုတ်ကုန်တစ်ချို့ လိမ်းလိုက်တယ်။ရှန်ရန်ချင်းဟာလည်း ဒီတိုင်း ရပ်မနေဘူး။သူဟာ သူမရဲ့ရှည်လျားတဲ့ ဆံပင်တွေကို လက်တစ်ဖက်နဲ့ ကိုင်ပြီး ကျစ်လစ်တဲ့ ကျစ်ဆံမြီးတစ်ချောင်း ကျစ်ပေးဖို့ ကြိုးစားတယ်...။
******