← Chapters

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း ၁၈၁

Vol. 19 Ch. 181

181 01

အပိုင်း (၁၈၁) စုံတွဲ ဝတ်စုံ

မိန်းကလေး တစ်ယောက်၏ ဆံပင်ကို ဘယ်လို ချည်ရမလဲ ဆိုတာကို ရှန်ရန်ချင်း လုံးဝ မသိပေ။ အိမ်တွင် သူ့ထက်အငယ် ညီဝမ်းကွဲတစ်ယောက်သာ ရှိပြီး လေ့ကျင့်ပေးဖို့ရာ တစ်ယောက်မှ မရှိပေ။

သို့သော်လည်း သူက တတ်မြောက်လွယ်သည်။ ထိုကဲ့သို့ အရာမျိုးက သူ့အတွက် သိပ်မခက်ခဲပေ။

ထိုအခိုက်အတန့်တွင် နန်ကောကို မြင်းမြီး အမြင့် စည်းပေးဖို့သာ သူတတ်နိုင်သည်။ ပို၍ ရှုပ်ထွေးသော ပုံစံမျိုးကို သူကြိုးစား ကြည့်ချင်လျှင် အွန်လိုင်းပေါ်ရှိ သင်ခန်းစာ အချို့ကို သူကြည့်ဖို့ လိုလိမ့်မည်။

သူမ၏ ဆံပင်ရှည်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ တခြား လက်တစ်ဖက်ဖြင့် ကိုင်ထားသော ဆံပင်ကို ချည်လိုက်သည်။ တခဏတာ စောင့်ကြည့်ပြီး ဘယ်ကနေ စရမလဲဟု ဂရုတစိုက် စဉ်းစားပြီးမှသာလျှင် သူလုပ်ရဲတော့သည်။

ဖြစ်စဉ်တစ်လျှောက်လုံး သူသည် အလွန်နူးညံ့ကာ နန်ကော၏ ဆံပင်ကို ဆွဲဖို့ရာ ကြောက်လန့်နေသည်။

“အဲ့လို အဆင်ပြေလား”

နန်ကောသည် အသားအရေ ထိန်းသိမ်းခြင်း ထုတ်ကုန်များကို အသုံးပြုနေသော်လည်း သူမ၏ မျက်နှာချင်းဆိုင်ရှိ မိတ်ကပ်မှန်ပေါ်သို့ စူးစိုက်ကြည့်ကာ သူမ၏ အကြည့်များက သူမနောက်ရှိ ပုံရိပ်မှ မခွာတော့ပေ။

တစ်ဖက်လူက သူမ၏ ဆံပင်ကို ကိုင်ထားရင်း အလွန် အလုပ်ရှုပ်နေပုံ ပေါ်သည်။ ဆံပင်ပညာရှင် တစ်ယောက်က သူမ၏ ဆံပင်ကို ခေတ်မှီ ဆံပင် ဒီဇိုင်း ဖန်တီးပေးနေသလို သူ၏ အမူအရာက အလွန်လေးနက်နေသည်။

အဆုံးတွင် သူမ၏ ဆံပင်ကို မြင်းမြီး အဖြစ်သာ ချည်နိုင်တော့သည်။

သို့သော်လည်း ဒုတိယ အတွေးအနေဖြင့် မြင်းမြီးကို ရှန်ရန်ချင်း တစ်ယောက်တည်း စည်းပေးနိုင်ရုံဖြင့် လုံလောက်နေပြီ ဖြစ်သည်။

“ပြေပါတယ်”

သူမသည် ကျေနပ်နေသော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

လူတွေအတွက်တော့ နှိုင်းယှဉ်တာဟာ သဘာဝပဲဖြစ်သည်။

သူမငယ်ငယ်တုန်းက သူမ အစ်ကို ဆံပင် ချည်ပေးခဲ့သော မြင်ကွင်းကို မမေ့နိုင်ပေ။ တစ်ဖက်က ကြည့်လျှင် ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်စဉ်တစ်ခုလုံး သူမ၏ ဆံပင် အတော်များများကို ဆွဲထုတ်ပြီးသား ဖြစ်သည်။

ရှန်ရန်ချင်း စိတ်သက်သာရာ ရသွားသည်။ သူသည် လေလွင့်နေသော ဆံပင် အချို့ကို ဆွဲကာ သူမ၏ နားနောက်သို့ သပ်လိုက်သည်။

နန်ကျဲ့သည် အောက်ထပ်တွင် စောင့်နေသော်လည်း သူ မနက်စာ စားပြီးသည့် တိုင်အောင် သူတို့ နှစ်ယောက်က ဆင်းမလာခဲ့ပေ။

သူသည် ထပ်မစောင့်နိုင်တော့ပဲ သူတို့ နှစ်ယောက်ကို အောက်ထပ်သို့ ဆွဲချဖို့ရာ တက်သွားလိုက်ချင်သည်။ ယွမ်ချီသည် ဆန်းဝှစ်ကို ကိုက်ကာ သူ၏ ခြေလှမ်းများကို တားလိုက်သည်။

“နင်က တက်သွားပြီး ဘာလုပ်မှာလဲ”

“ဘယ်လောက်တောင် ကြာနေပြီလဲ။ သူတို့က ဘာလို့ ဆင်းမလာသေးတာလဲ။ သူတို့ အပေါ်မှာ ဘာလုပ်နေကြတာလဲ”

“ဟန်းနီးမွန်း ကာလမှာ အတွဲတွေ အတူတူ ရှိနေတာက ပုံမှန်ပဲ မဟုတ်ဘူးလား”

“ဟန်းနီးမွန်း ကာလက အဲ့လိုပဲလား”

“ဒါပေါ့”

ယွမ်ချီ ခေါင်းညိတ်လိုက်သည်။

“တစ်ယောက်နဲ့ တစ်ယောက် နေ့တိုင်း ချိန်းတွေ့ နေတဲ့အချိန် အထူးသဖြင့် သူတို့ အတူတူ ရှိနေတဲ့ အချိန်ကို ဘယ်သူက မကြိုက်လို့လဲ။ သူတို့က တစ်စက္ကန့်တောင် မခွဲချင်ကြဘူး”

ထိုသို့ ကြားပြီးနောက် နန်ကျဲ့က ပြန်ထိုင်ချကာ စဉ်းစားလိုက်သည်။

ယွမ်ချီသည် သူနှင့် ကြီးပြင်းလာတာ ဖြစ်သောကြောင့် သူ၏ စိတ်ခံစားချက်များ ပြောင်းလဲသွားတာကို ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။

နန်ကျဲ့၏ တိဘက် သွားမည့် အစီအစဉ် ရပ်ဆိုင်းထားတာကို ယွမ်ချီ တွေးလိုက်သောကြောင့် မတ်တပ်ထရပ်လိုက်သည်။

တွေးစရာ မလိုပဲ ထိုလူက ဘယ်သူလဲ ဆိုတာကို သူ ခန့်မှန်းနိုင်သည်။

181 02

“မင်းနဲ ချီယန် ကြားမှာ တစ်ခုခု ရှိနေတာလား”

သူသည် မနေနိုင်တော့ပဲ မေးလိုက်သည်။

နန်ကျဲ့သည် သူ့ကို မော့ကြည့်ကာ ဘာမှ မပြောပေ။

ယွမ်ချီ ပြုံးလိုက်သည်။

“သူမ အားလပ်ရက်မှာ ရုတ်တရက် အချိန်ပို ဆင်းဖို့ ရှိတယ်လို့ သူမရဲ့ WeChat momentsပေါ်မှာ တွေ့လိုက်တယ်။ ဟမ် သူမနဲ့ ချိန်းတွေ့မဲ့ တစ်ယောက်က မင်းများ ဖြစ်နိုင်မလား”

“မင်းမှာ သူမရဲ့ Wechatရှိတာလား”

တစ်စုံတစ်ယောက်၏ အေးစက်သော အကြည့် တချို့က သူ့အပေါ်သို့ ဖုံးလွှမ်းသွားသည်။ ယွမ်ချီ ပြောစရာ စကား မဲ့သွားသည်။

“ငါ အဲဒါကို အတန်းဖော်တွေရဲ့ ဂရုချက်ထဲကနေ addလိုက်တာ။ ငါတို့ ခဏပဲ စကား ပြောကြတာပါ’’

“ငါရဲ့ ရင်ထဲမှာ သူမကို ငါ့ရဲ့ မရီးအဖြစ်သာ အမြဲတမ်း ချစ်မြတ်နိုးတာပါ”

နန်ကျဲ့က သူ့ကို ခေါင်းအုံးဖြင့် ပစ်ပြီး သူ၏ ခေါင်းကို တည်ငြိမ်စွာ ရိုက်လိုက်သည်။

ယွမ်ချီက ဆိုဖာပေါ်သို့ လဲကျသွားကာ သူနှင့် ဟာသ ပြောနေတာကို ရပ်လိုက်သည်။ သူက ဦးတည်ရာသို့ တည့်တည့်မတ်မတ် လျှောက်သွားသည်။

“မင်းတို့ နှစ်ယောက်က အတူတူပဲလို့တော့ ငါ့ကို မပြောနဲ့နော်”

“ဘာအဓိပ္ပာယ် မရှိတာတွေ ပြောနေတာလဲ”

နန်ကျဲ့က ၎င်းကို လက်မခံပေ။

“ဒါဆို မကြာသေးခင်က ဘာလို့ ခံစားချက် ကောင်းတွေ ရှိနေတာလဲ။ မင်းရဲ့ လျှောက်လမ်းတွေတောင် ပြောင်းသွားတယ်။ မကြာသေးခင်က မင်းရဲ့ Wechat Moments ပေါ်မှာ မင်းရဲ့ အစီအစဉ် နှစ်ခုကို တင်ထားခဲ့တယ်။ အဲဒါတွေက ဘယ်သူ့ကို ပြချင်တာလဲ။ ငါတို့တော့ မဖြစ်နိုင်ဘူး မလား”

နန်ကျဲ့နှင့် အတူတူ ကြီးပြင်းလာသော အရင်းနှီးဆုံး သူငယ်ချင်း အနေဖြင့် ယွမ်ချီ၏ လူတွေကို ဒေါသထွက်စေသော စွမ်းရည်မှာ သူ့ကို ယှဉ်နိုင်သည်။

“မင်း ဘယ်လို ပြောနိုင်တာလဲ။ ငါက အခု ခံစားချက် ကောင်းနေလို့လား”

ယွမ်ချီ မျက်တောင် ခတ်လိုက်သည်။ မပြောဘဲနှင့်။

သူပြောသလို သာဆိုလျှင်

“မင်း တကယ် ဘာမှ မသိဘူးလား”

နန်ကျဲ့, “....

သူ့ကို ထိုကဲ့သို့ မြင်ပြီးနောက် ၎င်းမှာ အမှန်တရား ဆိုတာ ယွမ်ချီ သိသွားသည်။

သူက မတ်မတ် ထိုင်လိုက်ကာ ရုတ်တရက် စိတ်ဝင်စားလာသည်။

“မင်းတို့ ချိန်းတွေ့နေတာ ဖြစ်နိုင်တယ်။ အဲတာကို ဘာလို့ ငါတို့ကို ဖုန်းကွယ်ထားတာလဲ။ ငါ မင်းဆီကနေ သူမကို ခိုးသွားမှာ ကြောက်နေတာလား။ ငါသာ သူ့ကို ကြိုက်ရင် ငါ ရလိမ့်မယ်လို့ မင်းကို အကြိမ်ပေါင်း များစွာ ပြောခဲ့တယ်နော်”

သူ ပြောပြီးပြီးချင်းမှာပင် သူ၏ လက်ပေါ်သို့ တစ်ရှူးဘူး ကျလာသည်။

၎င်းမှာ သစ်သီးပန်းကန် သို့မဟုတ် သူ့ဘေးက ဆေးလိပ်ပြာခွက် မဟုတ်တာကြောင့် သူ ဝမ်းသာသွားသည်။

“ကောင်းပြီ ကောင်းပြီ။ ငါဘာမှ မပြောတော့ဘူး”

သူလုံးဝ စိတ်မဆိုးပေ။ ထိုအစား သူက ပုံမှန် မဟုတ်ဘဲ စိတ်လှုပ်ရှားနေသည်။ ကြောင်တစ်ကောင်ကဲ့သို့ ခွေးကြီးကို တမင်တကာ ဒေါသထွက်အောင် လုပ်နေသည်။

“အစ်ကိုနန် မင်း ရှက်ကိုး ရှက်ကန်းနဲ့ ဒေါသထွက်တာလို့တော့ ငါ့ကို မပြောနဲ့နော်”

နန်ကျဲ့က သူ့ကို ဂရုမစိုက်နိုင် သေးသော်လည်း ဆက်လက်၍ ငြင်းခုံ မနေတော့ပေ။ သူနှင့် ချီယန်၏ ပတ်သတ်မှုကို တိတ်တဆိတ် သဘောတူလိုက်သည်။

ယွမ်ချီ၏ ပထမ တုံ့ပြန်မှုမှာ ကမ္ဘာကို ကြော်ငြာဖို့ ဖြစ်သော်လည်း နန်ကျဲ့သည် သတင်းကို နှိမ်နင်းထားပြီး ဘာကိုမှ မပြောကြောင်း သူ သတိရသွားသည်။ အကြောင်းပြချက် ရှိလိမ့်မည်။

တကယ်တော့ နန်ကျဲ့၏ ပင်ကိုယ် စရိုက်အရ အလွန်ကောင်းမွန်သော မိန်းကလေးကို သူရထားပြီ ဆိုလျှင် ပထမဦးဆုံး လုပ်မည့် အရာမှာ သူတို့ကို ပြဖို့သာ ဖြစ်သည်။

အခုလို နန်‌ကျဲ့က ဖုန်းကွယ်ဖို့ ကြိုးစားနေတာ ဆိုရင် အဲဒါက သူ့အတွက် နက်နက်နဲနဲ ဖော်ထုတ်ဖို့က မလွယ်ကူဘူး။

သူတို့လေးယောက် အတူတူ ခရီးစထွက်ကာ ကားကို မောင်းလာသည်။

ငယ်ရွယ်သော စုံတွဲများက သဘာဝ အတိုင်း တစ်ယောက်နှင့် တစ်ယောက် မခွဲခွာချင်ကြပေ။ နန်ကျဲ့က အိပ်ချင်နေပြီး ကားမ မောင်းချင်သောကြောင့် ယွမ်ချီနှင့် ကပ်ကာ စီးသွားလိုက်သည်။

သူတို့၏ ဦးတည်ရာသို့ ရောက်သော အချိန်တွင် နေ့လည်ခင်း ဖြစ်နေပြီ ဖြစ်သည်။ တဲဆောက်ပြီးသည့် နောက်တွင် သူတို့ လေးယောက်က နေ့လည်စာ ပြဿနာကို ဖြေရှင်းကြသည်။

သူတို့ လေးယောက် ကြားတွင် ရှန်ရန်ချင်းသည် ဟင်းချက် အကောင်းဆုံး ဖြစ်သည်။

ယွမ်ချီက သူ့ကို တစ်ယောက်တည်း လုပ်ခိုင်းရမှာကို ရှက်လွန်းသောကြောင့် သူ့ကို ကူညီဖို့ရာ ထသွားလိုက်သည်။

နန်မိသားစုမှ အသုံးမဝင်သော လူနှစ်ယောက် အတွက်တော့ မြစ်ဘေးတွင် ထိုင်ကာ ကြည်လင်သော စိတ်ဖြင့် ငါးမြှားနေသည်။

နန်ကောသည် ထုံးစံအတိုင်း ငါးကို ဘယ်လို မျှားရမလဲ မသိပေ။ သူမသည် ရိုးရိုး ကလေး ငါးမျှားတံကိုသာ ယူပြီး ကစားဖို့ရာ နန်ကျဲ့၏ ဘေးတွင် ထိုင်လိုက်သည်။

ကလေး ငါးမျှားတံကို ယွမ်ချီ၏ ကားထဲက တွေ့ခဲ့သည်။ သူ၏ သုံးနှစ် အရွယ် တူလေးကျန်ခဲ့တာလို့ ပြောသည်။

181 03

သူမသည် ငါးတစ်ကောင်မှ လုံးဝ မဖမ်းမိဘူး ဆိုရင်တော့ အံ့ဩစရာ ဖြစ်ပေလိမ့်မည်။ နန်ကောလည်းပဲ ငါးကို မလိုချင်ပေ။ သူမ၏ ငါးမျှားတံကိုသာ ကိုင်ပြီး အချိန်ကုန်သွားအောင် ရေပက်ချင်သည်။

နန်ကျဲ့သည် သူမ၏ ဘေးတွင် ထိုင်ကာ အံကြိတ်နေပြီး သူမကို မြစ်ထဲသို့ ကန်ချ ချင်စိတ်များကို ခုခံနေသည်။ သူက ထပ်ပြီး သတိပေးခဲ့သည်။

“ငါရဲ့ ဘေးနားမှာ မနေဖို့ မင်းကို ပြောထားတာ ဘယ်နှစ်ကြိမ် ရှိပြီလဲ။ အဲဒီကို သွားပြီး မင်းကိုယ်မင်း သွားဆော့နေလိုက်။ မင်းကြောင့် ငါ့ငါးတွေ ကြောက်ပြီး ပြေးကုန်ပြီ”

“ငါက နင်နဲ့ အတူ လိုက်လာတာ မဟုတ်ဘူးလား”

နန်ကောက ခေါင်းကို စောင်းလိုက်သည်။

“ဒီမှာ တစ်ယောက်တည်း ထိုင်နေရတာက မင်းအတွက် အရမ်း ပျင်းစရာ ကောင်းတယ်။ ငါက နင့် အတွက် လုပ်နေတာ”

နန်ကျဲ့မှ လွဲ၍ သူတို့ သုံးယောက်လုံးက ယနေ့ စခန်းချခြင်း အကြောင်းကို တိတ်တဆိတ် နားလည် ထားကြသည်။ သူတို့၏ ယနေ့ ရည်ရွယ်ချက်မှာ နန်ကျဲ့နှင့်အတူ လိုက်သွားပြီး သူ့ကို ပျော်ရွှင်အောင် လုပ်ပေးဖို့ ဖြစ်သည်။

“.....”

နန်ကျဲ့က သူ၏ မျက်လုံးကို မှိတ်ကာ ဘာမှ မပြောပေ။

နောက်ဆုံးတော့ မောင်နှမနှစ်ယောက် တစ်နာရီလောက် ထိုင်လိုက်ကြသည်။ မျှော်လင့်ထားသလို သူတို့က ငါးတစ်ကောင်တောင် မဖမ်းမိပေ။

နေ့လည်စာ စားပြီးနောက် နန်ကျဲ့သည် နန်ကောကို ရှန်ရန်ချင်း ဆီသို့ ပို့ကာ ယွမ်ချီကို ငါးမျှားဖို့ရာ ခေါ်ထုတ်လာသည်။

ထွက်မလာခင်မှာ ယွမ်ချီက တမင်တကာ မေးလိုက်သည်။

“ဘာဖြစ်လို့လဲ အစ်ကိုနန်။ စုံတွဲတွေကို တစ်ယောက်တည်း မထားခဲ့ဘူးလို့ ငါတို့ သဘောမတူခဲ့ဘူး မလား”

နန်ကောက ယွမ်ချီကို တိတ်တိတ်ကလေး လက်ဟန်ပြပြီး သူက သူမကို အလိုက်တသိဖြင့် ကြည့်နေလိုက်သည်။

သူ့ဘေးရှိ ရှန်ရန်ချင်းက အရာအားလုံးကို မြင်သည်။

သူတို့ နှစ်ယောက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာကို နောက်မှသာ သူ သဘောပေါက်သွားသည်။

ငါးမျှား ပြန်လာပြီးသော အချိန်တွင် နန်ကျဲ့၏ ညှိုးငယ်နေသော အမူအရာကို တွေးကာ ရှန်ရန်ချင်းလဲ ပြောစရာ စကား မဲ့သွားသည်။

၎င်းမှာ ရှားရှားပါးပါး အခွင့်အရေး ဖြစ်သောကြောင့် သူ ဘယ်လို ဖမ်းဆုပ်ရမလဲ ဆိုတာကို သိသည်။ သူသည် မြေပြင်ပေါ်တွင် ထိုင်နေသော နန်ကောကို လက်လှမ်းလိုက်သည်။

“အနီးအနားမှာ လမ်းလျှောက်နေတာလား”

မြေပြင်ပေါ်ရှိ ပုံရိပ်က မော့ကြည့်လာသည်။

ကောင်းကင်၏ အောက်တွင် တစ်ယောက်က ရပ်ကာ တစ်ယောက်က ထိုင်နေသည်။ ပထမတစ်ချက်မှာ သူတို့၏ အဝတ်အစား များက စုံတွဲ ဝတ်စုံနှင့် တူသည်။

နောက်ပိုင်းမှသာ နန်ကောက ၎င်းကို သတိပြုမိသည်။ ရှန်ရန်ချင်းက မနက် စောစောတွင် ဂျာကင် ဝတ်ထားသောကြောင့် အထဲရှိ တီရှပ်ကို သူမ မတွေ့ရပေ။

ဒီနေ့ သူမ အဝတ်အစား ရွေးဖို့ရာ တစ်ယောက်ယောက်က ကူညီပေးခဲ့တယ်လို့ တွေးပြီး တစ်ခုခုက သူမကို ထိလိုက်သည်။

“ရှင် ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်တာမလား”

“ဘာကိုလဲ”

ထိုလူက ရုတ်တရက် မေးခွန်းကြောင့် ကြောင်သွားသည်။

သူ၏ ခန္ဓာကိုယ်ကို နှိမ့်ကာ သူမနှင့် မျက်လုံးချင်း ဆုံဖို့ အကောင်းဆုံး ကြိုးစားခဲ့သည်။

နန်ကောက သူ၏ အဝတ်အစားကို ညွှန်ပြကာ သူမကို သူမ လက်ဟန်ခြေဟန် ပြလိုက်သည်။

တစ်စုံတစ်ယောက်က စိတ်အေးသွားကာ သိသိသာသာ ပြုံးလိုက်သည်။ သူသည် သူမ၏ အသံကို တုကာ ပြောလိုက်သည်။

“ဟမ် မင်း ရှာတွေ့သွားပြီပေါ့”

******

All Chapters