အခန်း ၁၈၂
Vol. 19 Ch. 182
182 01
အပိုင်း (၁၈၂) အတူတကွ မွေးဖွားခြင်း
၎င်းမှာ အားလပ်ရက် ဖြစ်သောကြောင့် ထိုစခန်းချ နေရာတွင် လူတော်တော်များသည်။ အုပ်စုတိုင်းတွင် လူသုံးယောက်မှ ငါးယောက်အထိ ရှိကြသည်။ တောထဲမှ ရယ်မောသံများ ထွက်ပေါ်နေသည်။
နန်ကောနှင့် ရှန်ရန်ချင်းသည် ကျောက်လမ်းပေါ်တွင် ဘေးချင်းကပ် ငြိမ်သက်စွာ လမ်ူလျှောက်နေကြသည်။
အနီးအနားတွင် တခြားအတွဲများက လက်ကိုင်တာ ဒါမှမဟုတ် ဖက်ထားတာကို ယောင်ဝါးဝါး မြင်နိုင်သည်။ နှိုင်းယှဉ်ကြည့်လျှင် သူတို့ နှစ်ယောက်က အတော်လေး ဝေးကွာ လွန်းသည်။
ရှန်ရန်ချင်းက ၎င်းကို မြန်မြန် သတိထားမိသွားသောကြောင့် နန်ကော၏ လက်ကို ကိုင်ရန် အစပျိုးကာ သူမကို သူ့ဘက်သို့ ဆွဲလိုက်သည်။
သူတို့သည် အလွန် မျက်စိ ဖမ်းစားပြီး လမ်းသွားလမ်းလာ၏ အကြည့်များက သူတို့ ပေါ်သို့ တဝဲလည်လည် ဖြစ်နေသည်။
နန်ကောက စိတ်မဝင်စားပေ။ ဆုပ်ကိုင်ထားသော သူမ၏ လက်ကို ရွှေ့လိုက်ပြီး သူမ၏ လက်သန်းလေးက သူ့လက် နောက်ဘက်ကို ပွတ်သပ်ပေးနေသည်။
ရှန်ရန်ချင်းက သူ၏ ခေါင်းကို ငုံကာ
“ဟမ်”
စားပွဲပေါ်တွင် သူ၏ မျက်မှန် ကျန်နေခဲ့ပြီး ယူမလာခဲ့မိပေ။
သူမ နီးကပ်လာသော အချိန်တွင် နန်ကောသည် သူ၏ မျက်လုံးထဲကို မော့ကြည့်လိုက်ပြီး သူမ၏ ရုပ်ပုံ ရောင်ပြန်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ရှန်ရန်ချင်း သူမကို စကားပြောသော အချိန်တိုင်းတွင် သူသည် သူမ၏ မျက်လုံးများကို လေးလေးနက်နက် ကြည့်နေလိမ့်မည်။
သို့သော်လည်း သူ သူမကို ထိုကဲ့သို့ ကြည့်သော အချိန်တိုင်းတွင် သူမ ဘာပြောရမှန်း မသိပေ။
သူမသည် အဝေးသို့ ကြည့်ကာ ဘာမှ မဖြစ်သလို ဟန်ဆောင်နေသည်။
“မင်းရဲ့ မွေးနေ့က မကြာတော့ဘူး မလား”
စကားပြောဖို့ အကြောင်းအရာကို ရှာနေသလို သူမ၏ အသံက ပေါ့ပါးနေသည်။
ရှန်အိမ်တော်တွင် သူမ နောက်ဆုံး အကြိမ် ရှိခဲ့တုန်းက ရှန်ရန်ချင်း၏ အဖေပြောတာကို သူမ မတော်တဆ ကြားလိုက်ရသည်။
သို့သော်လည်း သူက လကိုသာ ပြောပြီး ရက်အတိအကျကို မပြောခဲ့ပေ။
သိပ်မကြာခင်မှာ ဖြစ်လိမ့်မည်ဟု သူမက တွေးနေသည်။
ရှန်ရန်ချင်းက သူမ၏ နောက်သို့ လိုက်ကာ သူမ၏ လက်ကို မလွှတ်ဖို့ သတိပေးလိုက်သလို သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
“စောပါသေးတယ်”
နန်ကောက ခေါင်းညိတ်လိုက်သည်။
“နောက်လမှလား”
“ဟုတ်တယ်”
ရှန်ရန်ချင်း ပြုံးလိုက်သည်။
“ဒါပေမဲ့ အဲဒါက ဇွန်လကုန်မှ”
အခုမှ မေလ အစောပိုင်းသာ ဖြစ်ပြီး သူ၏ မွေးနေ့က ဇွန်လ နောက်ဆုံးရက်မှ ဖြစ်သည်။
နှစ်လ လိုသေးသည်။
နန်ကောက တွက်ချက်ကြည့်ကာ နားလည် သဘောပေါက်လာသည်။
“အံ့ဩစရာ မရှိပါဘူး”
“ဘာ”
ရှန်ရန်ချင်းက သူမ စကား၏ ဒုတိယ တစ်ဝက်ကို ရှင်းရှင်း လင်းလင်း မကြားလိုက်ပေ။
“ရှင်က ကရကဋ်ရာသီဖွားလား”
နန်ကောက ထိုအကြောင်းကို တွေးပြီး ရှန်ရန်ချင်း၏ ပင်ကိုယ်စရိုက်မှာ ကရကဋ်ရာသီဖွားနှင့် ကိုက်တယ်ဟု ကောက်ချက် ချလိုက်သည်။
ရှန်ရန်ချင်းက နက္ခတ်အကြောင်းကို သိပ်မသိပေ။
“ဒီနက္ခတ်နဲ့ ပြဿနာ ရှိနေတာလား”
မိန်းမငယ်လေးများက သူတို့၏ အသက်အရွယ်တွင် လုပ်စရာ မရှိသော အချိန်၌ အနည်းနှင့် အများတော့ နက္ခတ် ခွဲခြမ်းစိတ်ဖြာမှုကို ဖတ်ကြလိမ့်မည်။ သူက ပေါ့ပေါ့ပါးပါး ပြောသော အချိန်တွင် နန်ကောက သူ့အတွက် ချက်ချင်း ခွဲခြမ်း စိတ်ဖြာလိုက်သည်။
“ဒါပေမဲ့”
နန်ကောက ဆတ်ခနဲ ရပ်လိုက်သည်။ သူမက သူ၏ လက်ကို လွှတ်ကာ သူ့ရှေ့တွင် မတ်တပ် ရပ်လိုက်သည်။ သူ့ကို ကြည့်လိုက်သော အချိန်တွင် သူမ၏ မျက်လုံး၌ သံသယများဖြင့် ပြည့်နေသည်။
ရှန်ရန်ချင်းက ရပ်ကာ သူမ၏ မျက်လုံးများကို ကြည့်လိုက်သည်။
သူ၏ လုပ်ရပ်များကို အတုယူကာ စိတ်ရှုပ်ထွေးစွာဖြင့် သူ၏ ခေါင်းကို စောင်းလိုက်သည်။
“ဒါပေမဲ့ ဘာဖြစ်လဲ”
“ကျွန်မတို့ရဲ့ နက္ခတ်က တကယ်ကို မကိုက်ညီဘူးဘဲ။ နားလည်အောင် ပြောရမယ်ဆိုရင် ငါတို့က အတူတူ မရှိသင့်ဘူး”
ရှန်ရန်ချင်း “…”
182 02
သူ ကြောင်သွားတာကို မြင်ရပြီး သူက သူမကို မယုံကြည်ဘူးဟု နန်ကော တွေးသောကြောင့် သူမ၏ ဖုန်းကို ထုတ်လိုက်ပြီး ရှာပြလိုက်သည်။ ထို့နောက် သူ့ကို ဝက်ဘ်စာမျက်နှာအား ပြလိုက်သည်။
“ကြည့် ကျွန်မတို့ နက္ခတ်ရဲ့ ကိုက်ညီမှုက အနိမ့်ဆုံးမှာပဲ။ သူတို့က လုံးဝ အစွန်းနှစ်ဖက် ဖြစ်နေတာ”
နေရောင်သည် သူမ၏ ခေါင်းအထပ်ရှိ သစ်ကိုင်းနှင့် သစ်ရွက်များ၏ ကြားမှ ဖြာကျလာကာ သူမ၏ ဖုန်းမျက်နှာပြင်ပေါ်သို့ တိုက်ရိုက် တောက်ပနေသည်။ သူက စတင်ကာ အမြင်ကျဉ်းလာသည်။ ဖန်သားပြင်၏ ရောင်ပြန် ဟပ်မှုနှင့် အတူ သူ၏ မျက်လုံးကို ကျဉ်းကာ ခဏတာ ကြည့်လိုက်သည်။ သူက ကိုက်ညီမှုကို တိတိကျကျ မမြင်ရဘဲ စာကြောင်း တစ်ကြောင်းကိုသာ တွေ့ရသည်။
{အနာဂတ်ကတော့ သိပ်မသေချာဘူး။ နှစ်ဦးနှစ်ဖက် အနေနဲ့ သူငယ်ချင်း ဖြစ်ဖို့က ပိုသင့်တော်တယ်}
ထိုအရာများကို ဘယ်လို စီစစ်ရမလဲ ဆိုတာကို ရှန်ရန်ချင်း မသိသော်လည်း ၎င်းမှာ အလွန်ရယ်စရာ ကောင်းသည်ဟု သူမ ခံစားနေရသည်။
သူ၏ အကြည့်ကို အမြန်ရုတ်သိမ်းလိုက်ပြီး ဂရုတစိုက် ဖတ်ချင်စိတ် မရှိတော့ပေ။
ဖြေလျော့နေသော သူတို့၏ လက်တွေကို ကြည့်ပြီး သူ၏ အောက်နှုတ်ခမ်းကို ဖိကာ တုံ့ပြန်လိုက်သည်။
“ကိုယ်ကတော့ အဲဒီလို မထင်ပါဘူး”
တခြားတစ်ဖက်တွင် နန်ကောက သူ၏ ခေါင်းကို ငုံ့ကာ ဖုန်းစခရင်ကို နှိပ်နေသည်။ သူက ခွဲခြမ်း စိတ်ဖြာခြင်း ဆောင်းပါးကို တကယ်ပင် လေးလေးနက်နက် ဖတ်နေသည်။
“ဒါပေမဲ့ အဲ့လို ရေးထားတာက အဓိပ္ပာယ် ရှိတယ်လို့ ကျွန်မ ထင်တယ်”
နန်ကောသည် ထိုကဲ့သို့ အရာမျိုးကို ဖတ်ရတာ ကြိုက်ပြီး သူမ၏ အတန်းဖော်နှင့် ထိုအကြောင်းကို မကြာခဏ ပြောကြသည်။
ရှန်ရန်ချင်းက ပြောလိုက်သည်။
“ဒါက လူတချို့ အတွက်ပဲ ဖြစ်လိမ့်မယ်”
ခဏတာ ရပ်သွားပြီးနောက် သူက ဇွတ်တရွတ် ပြောလိုက်သည်။
“ကိုယ်တို့တော့ မပါနိုင်ပါဘူး။ ကိုယ် အဲဒါကို လက်မခံဘူး”
ထိုသို့ ကြားပြီးနောက် နန်ကောက အံ့ဩစွာ မော့ကြည့်လိုက်သည်။
သူမ၏ မှတ်ဉာဏ်ထဲတွင် ရှန်ရန်ချင်းက သူမ၏ ရှေ့တွင် အလွန်နူးညံ့သောကြောင့် ဒေါသ မထွက်ပုံ ပေါ်သည်။ ထိုကဲ့သို့ ခက်ထန်သော သဘောထားမျိုးက သူ့အတွက် ရှားပါးသည်။
အရင်တုန်းက ဘယ်လိုပဲ သူ မကြိုက်သော ကိစ္စ ဖြစ်ပါစေ တိုက်ရိုက် ငြင်းလိမ့်မည် မဟုတ်ပေ။
ထိုလူက သူ၏ နှုတ်ခမ်းပါးလေးကို တင်းတင်းကြပ်ကြပ် ဖိကာ မျက်မှောင် ကြုတ်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ဘာအပြုံးမှ မရှိပေ။
သူ စိတ်တိုနေတာလား။
မဖြစ်နိုင်ဘူးမလား။
နန်ကော၏ နှလုံးခုန်သံများ ကျော်သွားသည်။
သူမက မျက်တောင် ခတ်ကာ သူ့ကို စမ်းသပ်လိုက်သည်။
ရှန်ရန်ချင်းက သူ၏ ခေါင်းကို အဝေးသို့ မလှည့်ခင် တစ်စက္ကန့်လောက် သူမကို စိုက်ကြည့်ကာ ဘာမှ မပြောတော့ပေ။
နန်ကော ဆွံ့အသွားသည်။ ဘုရားရေ သူမ သင်္ဘောပေါ် တက်သွားရသလိုပင် ဖြစ်သွားသည်။
အတော်ကြာ တိတ်တဆိတ် ရပ်နေပြီး နောက်တွင် ယိမ်းနွှဲ့နေသော သစ်ပင်၏ အရိပ်က သူတို့၏ အရိပ်ပေါ်သို့ ဖုံးလွှမ်းသွားသည်။ နန်ကောက သူမ၏ ခေါင်းကို ကုတ်လိုက်သည်။ သူမ ဘယ်လိုရှင်းပြရမလဲ ဆိုတာကို တုန့်ဆိုင်းနေတုန်းမှာပင် ဘေးရှိ သူမ၏ လက်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်သည်။
“အဲ့ဒီ အကြောင်းအရာတွေက ဒေတာတွေကို ပံ့ပိုးတာ ဖြစ်နိုင်တယ်။ အဲဒါတွေရဲ့ တည်ရှိမှုကို ကိုယ် မငြင်းနိုင်ဘူး။ ဒါပေမဲ့ အဲ့ဒီ ဆောင်းပါးက ကိုယ်တို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်လိမ့်မယ်လို့တော့ မထင်ဘူး”
နန်ကောသည် သူ့ကို ပြောပြနေတဲ့ အချိန် ဒါမှမဟုတ် သူ့ကို ဖတ်ပြနေတဲ့ အချိန်မှာ နက္ခတ်၏ ခွဲခြမ်း စိတ်ဖြာခြင်းကို အခိုင်အမာ ယုံကြည်နေပုံ ပေါ်သည်။
ရှန်ရန်ချင်းက အနည်းငယ် ပျာယာခတ်သွားကာ သူမ တကယ် နှစ်မြှုပ်သွားမှာကို ကြောက်နေသည်။
သူ၏ စကားကို ကြားပြီးနောက် နန်ကောက မပြုံးခင်မှာ ခဏတာ ကြောင်သွားသည်။
“ရှင် ဘာလို့ ရုတ်တရက်ကြီး အရမ်းပြင်းထန် လာတာလဲ။ ဟင်း…..မျှော်လင့်ထားသလိုပဲ ကျွန်မတို့ကြားက မျှော်လင့်ချက်က အနည်းနဲ့ အများတော့ ကွာဟချက်ရှိတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အကြိုက်က ရှင့်ကို လုံးဝ မထိခိုက်စေပါဘူး”
“အဲဒါက ဖျော်ဖြေမှု သက်သက်ပဲ။ ဘယ်သူက အဲဒါကို တကယ် ယုံမှာလဲ”
သူမသည် သူ၏ ခါးကို ဖက်ကာ သူ၏ ရင်ခွင်ထဲ၌ သူမ၏ ခေါင်းကို မော့လိုက်သည်။
“ဒီအတွက်ကြောင့်နဲ့တော့ ကျွန်မ ရှင့်ကို ဘယ်တော့မှ ထားမသွားဘူး”
“အဲဒါက အရမ်း မှော်ဆန်တယ်လို့ ထင်တာကြောင့် ဒါကို ရှင်နဲ့ ဆွေးနွေးချင်တယ်။ ကျွန်မတို့ အတူရှိနေဖို့ ကံကြမ္မာက တစ်နည်းနည်းနဲ့ ပေါ်လာတာ မဟုတ်ဘူးလား”
“ကျွန်မ ရှင်နဲ့ အတူရှိရတာကို ကြိုက်တယ်”
ကျွန်မတို့က ကောင်းမွန်တဲ့ ကိုက်ညီမှုတော့ မဟုတ်ပေမဲ့ တကယ်တော့ ရှန်ရန်ချင်း ကျွန်မတို့က ကောင်းကင်ဘုံက ဖန်ဆင်းပေးတဲ့ ကိုက်ညီမှုပဲ”
မိန်းကလေးသည် သူမ ပြုံးလိုက်သော အချိန် အထူးသဖြင့် နောက်ဆုံး စကားကို သူမ ပြောလိုက်သော အချိန်တွင် သူမ၏ မျက်လုံးများ တောက်ပလာသည်။
ထိုလူက ဖြေးညှင်းစွာ အသက်ရှူသွင်းလိုက်ပြီး သူမကို သူ၏ ရင်ခွင်ထဲသို့ ဆွဲထည့်ရန် ရှေ့သို့ ကိုင်းလိုက်သည်။
182 03
သူသည် ဘာကိုမှ မပြောသော်လည်း ထိုပွေ့ဖက်မှုက စကားလုံး အများကြီးကို ဖော်ပြနေသည်။ သူ့အင်္ကျီထောင့်သို့ ညင်သာစွာ ဆွဲမသွင်းခင် အချိန်အတော်ကြာ နန်ကောက သူ့ကို စိုက်ကြည့်နေသည်။
မိန်းကလေးက သူ၏ နှုတ်ခမ်းကို ဖိကာ ရှက်သွားသည်။ သူမက သူ၏ မျက်နှာကို အကြာကြီး ကြည့်နေသည်။
သူမ၏ ရှက်ရွံ့ခြင်းထဲတွင် မျှော်လင့်ခြင်း အရိပ်အမြွက်များ ရှိနေသည်။
လေထုမှာလည်း ကောင်းမွန်နေသည်။
နန်ကောသည် သူ အချိန်အတော်ကြာ မလှုပ်ရှားတာကို တွေ့ကာ အနည်းငယ် စိုးရိမ်သွားသည်။ သူမက သူ၏ အဝတ်အစားကို ထပ်ဆွဲလိုက်သည်။
“ဒီအချိန်မှာ တစ်ခုခုကို ဖော်ပြသင့်တယ်လို့ မထင်ဘူးလား”
သူမ ကြည့်ဖူးသော ရုပ်မြင်သံကြား ဒရမ်မာရှိ ပြကွက်များအရ သူမ ထိုသို့ ပြောပြီးသည်နှင့် တစ်ဖက်လူက အချို့သော ရဲ့ရင့်မှုနှင့် ပြင်းထန်သော လှုပ်ရှားမှုများ ပြုလုပ်သင့်သည်။
“ဘာကိုလဲ”
ရှန်ရန်ချင်းက နှစ်ပေါင်းများစွာ ဘုရားကျောင်းတွင် ဝတ်ပြုဆုတောင်းနေသော ဗုဒ္ဓနှင့် တူသည်။ သူမကို သူကြည့်သော အချိန်တွင် သူ၏ မျက်လုံးထဲတွင် ဘာဆန္ဒမှ မရှိပေ။
နန်ကော၏ မျှော်လင့်ချက်ကြီးများ ကွယ်ပျောက်သွားသည်။
ဘာမှ နားမလည်ဘူး ဆိုရင်တောင် သူ မေးသင့်သည်။ သူမ၏ ကောင်လေးက သူမထက် ပို၍ အပြစ်ကင်းစင်သည်။ ဒါက တခြားလူရဲ့ ပြဿနာလား ဒါမှမဟုတ် သူမပဲလား။ သူတို့ နောက်ဆုံးအကြိမ် တွေ့တုန်းက စနမ်းခဲ့ကြပြီ မဟုတ်လား။
အခု သင်ပေးဖို့ အတွက် သူမက အစပျိုးသင့်သလား။
သို့သော်လည်း ပြဿနာမှာ သူမသည် ယခင်က မြင်ဖူးယုံသာ ရှိသည်။ ဘယ်ကစရမလဲ ဆိုတာကို သူမ မသိပေ။
သူမ ဘယ်လို လုပ်ရမလဲ စဉ်းစားနေတုန်းမှာပင် သူမ၏ ရှေ့ရှိ အလင်းရောင်က မှောင်သွားသည်။ သူမ၏ မှေးစေ့ကို ကိုင်ကာ မော့လိုက်သည်။ သူမ၏ ကြောင်တောင်တောင် အကြည့်အောက်တွင် ရှန်ရန်ချင်းသည် သူ၏ ခေါင်းကို ငုံ့ကာ သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်သည်။
******