← Chapters

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃

Vol. 19 Ch. 183

183 01

အပိုင်း (၁၈၃) မင်းကို ဂုဏ်ယူပါတယ်။

အနီးအနားတွင် လူအများကြီး ရှိနေပြီး ကစားနေသော ကလေးများ၏ အသံကိုလည်း ကြားနိုင်သည်။

သို့သော်လည်း ရှန်ရန်ချင်းက သူမကို တိုက်ရိုက် နမ်းချလိုက်သည်။

အရင်ကတော့ ထိုအခြေအနေမျိုးတွင် သူ၏ ခံစားချက်များကို ဖော်ထုတ်ခဲသည်။ နန်ကောက သူ့ကို တမင်တကာ သွေးဆောင်ခဲ့တာ မဟုတ်ပေမဲ့ သူမကို အလွန် ပြင်းပြင်းထန်ထန် နမ်းဖို့ရာ မမျှော်လင့်‌ထားပေ။

အစကတော့ သူ့ထံမှ ပေါ့ပေါ့ပါးပါး အနမ်းတစ်ခုဟု သူမ ခံစားရပြီး အသက်ရှူဖို့ရာ လုံလောက်သည်။ တကယ်တော့ ရှန်ရန်ချင်းသည် ဘာဆန္ဒမှ မရှိသော ဘုန်းကြီးတစ်ပါး ဖြစ်သောကြောင့် သူ့အတွက် ထိုသို့ လုပ်ရန် မလွယ်ကူပေ။

အဆုံးတွင် သူမ ပုံဖော်ထားသည်ထက် ပို၍ပင် ထက်မြတ်နေလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူမ၏ မျက်လုံးကို ဖွင့်ကာ ကြည့်လိုက်သော အချိန်တွင် သူက တမင်တကာ ပိတ်ထားမှန်း သိလိုက်ရသည်။

သူမ၏ အောက်နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်သည်။ မနာကျင် သော်လည်း ထုံနေသည်။

သူက ဘာ အင်အားမှ မသုံးဘဲ ကိုက်နေသည်။ ဒါဟာ သူ့ရဲ့ ပုံမှန် စတိုင်ပါပဲ။

သို့သော်လည်း နန်ကော၏ အမြင်တွင် အလွန်မိုက်မဲနေသေးသည်။

သိပ်မဝေးသော နေရာတွင် ထိုမြင်ကွင်းကို မြင်ပြီး နန်ကျဲ့၏ နှလုံးခုန်သံများ ကျော်သွားသည်။

သူ၏ ရှုထောင့်က ကြည့်လျှင် ရှန်ရန်ချင်း၏ နောက်ကျောသာ မြင်နိုင်သည်။ နန်ကော၏ ခန္ဓာကိုယ်မှာ အလုံးစုံ ဖုံးကွယ်နေသည်။

သို့သော်လည်း သူတို့ နှစ်ယောက်လုံးက အရွယ်ရောက်ပြီးသားများ ဖြစ်သည်။ ထိုနှစ်ယောက် တောထဲတွင် ပုန်းပြီး ဘာလုပ်နေလဲ ဆိုတာကို သူမသိပဲ ဘယ်လို နေနိုင်မှာလဲ။

သူ စကား ပြောခါနီးတွင် ယွမ်ချီက သူ၏ ပါးစပ်ကို ပိတ်ကာ တခြား လက်တစ်ဖက်က သူ၏ လည်ပင်းနောက်မှ သိုင်းဖတ်ကာ လည်ချောင်းကို ပိတ်ထားသည်။

“အာ..”

“ရှစ်”

ယွမ်ချီက သူ့ကို နောက်သို့ ဆွဲထုတ်သွားသည်။

“အစ်ကိုနန် စိတ်အေးအေးထား။ စုံတွဲတစ်တွဲအတွက် ခဏတာက တရားမဝင်ဘူး”

သူက နန်ကျဲ့နှင့် ဝေးဝေး မသွားခင် ထိုလူက သူနှင့် နန်ကျဲ့၏ အစီအစဉ်ကို မြင်သွားပြီး ပြန်သွားဖို့ကို တွန်းအား ပေးလိုက်သည်။

စခန်းသို့ သူပြန်သွားသော အချိန်တွင် ဘာမှ မရှိပေ။ မျှော်လင့်ထားသလို ထိုနေရာတွင် ဘာမှ မရှိပေ။

နန်ကျဲ့က ထိုနေရာတွင် တစ်လမ်းလုံးကို လိုက်ကြည့်နေသည်။ ယွမ်ချီက ရွေးချယ်စရာ မရှိဘဲ လိုက်လာသည်။

“သွားမယ်။ ငါ ကျော်သွားတာလို့ မပြောခဲ့ဘူးနော်”

နန်ကျဲ့ ဆွံ့အသွားသည်။ သူဘာမှ မပြောတော့ပေ။

ယွမ်ချီက ပြောလိုက်သည်။

“ဒါပေမဲ့ မင်းလဲ အသံတောင် မထွက်နိုင်ဘူးလေ။ လင်မယားတွေကတော့ ခွဲလို့မရဘူး။ ရုတ်တရက် အော်လိုက်တာက မင်းအတွက် ဂုဏ်ယူစရာ ဖြစ်လိမ့်မယ်”

“မင်း ရပ်ကြည့်နေရတာကို စိတ်မကောင်း ဖြစ်နေမယ်လို့ ငါသိတယ်။ ဒါပေမဲ့ သူတို့လဲ ငယ်ရွယ်တဲ့ လင်မယားတွေပဲလေ ဟုတ်ပြီလား”

ညဘက်တွင် သူတို့ လေးယောက်သည် ကောင်းကင်၏ အောက်တွင် ထိုင်ကာ ကဒ်ကစား နေကြသည်။

ရှန်ရန်ချင်းသည် မာဂျောင်ကို အနည်းငယ် သိသော်လည်း ဖဲချပ် ကတ်ဂိမ်းကို တစ်ခါမှ မကစားဖူးပေ။ ကံကောင်း ထောက်မစွာဖြင့် သူသည် လျင်မြန်စွာ သင်ယူခဲ့သည်။ ယွမ်ချီက သူ့ကို တစ်ကြိမ် သင်ပေးပြီး နောက်တွင် သူက စတင်ကစားနိုင်သည်။

ထိုအလှည့်တွင် ရှန်ရန်ချင်းက အိမ်ရှင် ဖြစ်သည်။

သူက အတွဲတစ်တွဲဖြင့် ဂိမ်းကို စတင်လိုက်သည်။ နန်ကျဲ့က ခိုင်မာသော အတွဲကို တိုက်ရိုက် ချထားပြီး ယွမ်ချီက ကျော်သွားခဲ့သည်။ နန်ကော၏ အလှည့် ရောက်သော အချိန်တွင် သူတို့ကို မကြည့်ဘဲနှင့်တောင် နှစ်တွဲကို ဆွဲချလိုက်သည်။

နန်ကျဲ့၏ လက်များ လေထဲတွင် အေးခဲသွားသည်။ သူသည် ၎င်းကို သည်းခံခဲ့ပြီး သူမကို မဆူခဲ့ပေ။

“ဆက်လုပ်”

နန်ကောသည် နောက်ထပ်လေးခုတွဲကို ပစ်မချခင်မှာပင် ခဏတာ တုံ့ဆိုင်းသွားသည်။

နန်ကျဲ့၏ မျက်လုံးများ ပြူးလာသည်။

“နန်ကော မင်း ရူးနေလား”

183 02

သူတို့ နှစ်ယောက်လုံးက တစ်ဖက်တည်း မဟုတ်လား။ သူမက နှစ်ခုတွဲနဲ့ သူတို့ကို ဖြတ်ချပြီးမှ အိမ်ရှင် ရှန်ရန်ချင်းကို အတွဲတွေ ဘယ်လို ဆက်ပြီး ပေးနိုင်တာလဲ။

နန်ကောက အဖြေကို သိလျက်နှင့် မေးလိုက်သည်။

“ဘာလဲ။ ကျွန်မ ကစားရမဲ့ အလှည့် မဟုတ်ဘူးလား”

သူ၏ အမူအရာ မမှန်တာကို ကြည့်ကာ သူမ ပြောလိုက်သည်။

“ဒါဆို ဒီလေးတွဲကို ကျွန်မ ပြန်ယူရမလား။ အခု ငါ့ရဲ့ နှစ်စုံကို တားဖို့ တစ်ခုခု ရှိလား။ ဟမ် နင့်မှာ လေးခုရှိလား”

နန်ကျဲ့က ပြန်ပြောလိုက်သည်။

“ငါ့ဖင်ရှိတယ်”

ထို့ကြောင့် အိမ်ရှင်ကို တိုက်ခိုက်ရန် ကစားနည်းကို လေ့လာခဲ့သော ရှန်ရန်ချင်းက ကောင်းမွန်သော စတင်မှု တစ်ခုကို ရရှိခဲ့သည်။

သူက သူတို့ သုံးယောက်လုံးကို လက်တစ်ဖက်တည်းဖြင့် အနိုင်ယူခဲ့သည်။

နောက်နှစ်လှည့် ပြီးသော နောက်တွင် နန်ကျဲ့သည် သူ၏ ဘဝကို စိတ်မချ ဖြစ်ရသည်အထိ စုံတွဲ၏ နှိပ်စက်ခြင်းကို ခံလိုက်ရသည်။

နန်ကျဲ့က သူ၏ အင်္ကျီလက်ကို တင်လိုက်သည်။

“အခုကစပြီး ငါ လေးလေးနက်နက် လုပ်ရမယ်”

နန်ကျဲ့သည် ရှန်ရန်ချင်း၏ အနာဂတ် ယောက်ဖလောင်း အနေဖြင့် နောက်ဆုံး ဂုဏ်သိက္ခာကို ကာကွယ်ရမည်။

သူ့အနာဂတ် ယောက်ဖလောင်းက သူ့ကို အနိုင်ကျင့်တာကို ခွင့်မပြုနိုင်ဘူး မဟုတ်လား။

ထိုကဒ်ကို ကိုင်ထားကာ နန်ကောသည် သူမ၏ ဘွဲ့လွန် သင်ကြားရေး အကြောင်းကို တွေးကာ ပြောပြလိုက်သည်။

“စာမေးပွဲ ကျနေတာပဲ။ ဘွဲ့လွန် သင်ကြားရေးသာ မတက်ခဲ့ဘူးဆိုရင် နင့်လို လူတစ်ယောက်က ဘာလုပ်နိုင်မှာလဲ”

နန်ကျဲ့က ဘာကြင်နာ မှုမှ မပြခဲ့ပေ။

“ဒီခေတ်မှာ တက္ကသိုလ် ကျောင်းသားတွေ အလုပ်ရှာရတာ ဘယ်လောက် ခက်ခဲလဲ ကြည့်လိုက်ဉီး။ နင့်လို လူတစ်ယောက်က ငါ့ရဲ့ ကုမ္ပဏီမှာ ထူးထူးဆန်းဆန်း အလုပ်တွေပဲ လုပ်နိုင်တယ်”

နန်ကောက အသက်ရှူလို့ မရလုနီးပါး ဖြစ်သွားသည်။

“တကယ်တော့ ငါက ဟိုင်တက္ကသိုလ် ကပါ”

“နင့်ရဲ့ ရလဒ်တွေအရ ဟိုင်မြို့မှာ အချိန်ဖြုန်းခဲ့တဲ့ ပုံပဲ။ သင်ကြားရေး ဘွဲ့လွန်သာ မယူခဲ့ဘူးဆိုရင် ဘွဲ့ရပြီးရင်တောင် မင်းကိုငါ မလိုချင်ဘူး။ မင်း အဲဒါကို တကယ် မလုပ်နိုင်ဘူးဆိုရင် အစားအသောက်တွေ ဆက်သယ်လိုက်တော့”

နန်ကျဲ့သည် ထိုသို့ ပြောပြီး ကဒ်တစ်ခုတည်းဖြင့် ကဒ်သုံးခုလုံးကို တောက်လျှောက် ဆွဲချလိုက်သည်။

နန်ကော ခွန်းတုံ့ မပြန်နိုင်ခင်မှာပင် ရှန်ရန်ချင်းက တည်ငြိမ်စွာဖြင့် ရှန်ရန်ချင်းက တည်တည်ငြိမ်ငြိမ်ဖြင့် လေးကဒ်လုံးကို ချလိုက်သည်။

“ယောင်ယောင်က ဟွားရှန်း ဂရုမှာ အလုပ်လာလုပ်လို့ ရတယ်လေ”

နန်ကျဲ့သည် သူပြစ်ချလိုက်သော ကဒ်လေးခုကို ကြည့်လိုက်ပြီးနောက် ကျန်ကဒ်သုံးခုကို သူ့လက်ထဲတွင် ထားလိုက်သည်။ သူက ဒေါသကြီးသည်။

“ဟုတ်တယ် ဟွားရှန်း ဂရုမှာ အလုပ်သင် အနေနဲ့ ကျွန်မ သွားလို့ ရသေးတယ်”

နန်ကောသည် ယုံကြည်မှု အပြည့်ဖြင့် သူမ၏ ခါးကို မတ်လိုက်သည်။

နန်ကျဲ့က အော်လိုက်သည်။

“မင်း နောက်ဖေး တံခါးကနေ ဝင်တာမဟုတ်ဘဲ ပုံမှန် အင်တာဗျူး ဖြေပြီး ဝင်မယ် ဆိုရင် ဟွားရှန် ဂရုကို ဝင်နိုင်မယ် ဆိုတာ သေချာလား။ မင်း ရည်းစား မရှိဘဲနဲ့ အထဲကို ဝင်နိုင်လောက်အောင် ကံကောင်းနေတယ် ဆိုရင်တောင် အဲ့ဒီမှာ မင်းလို လူမျိုးက အနာဂတ် ရှိနိုင်မှာလား”

ထိုစကားလုံးက အနည်းငယ် မကျေနပ်စရာ ကောင်းသော်လည်း နန်ကောသည် ထိုအကြောင်းကို လေးလေးနက်နက် တွေးကာ သဘောတူလိုက်သည်။

သူ၏ စကားလုံးက ကြမ်းတမ်းသော်လည်း သူပြောတာ မှန်သည်။

အရင်က သူမ ဟွားရှန်း ဂရုကို အစားအသောက် သွားပို့ဖူးသည်။ သူမသည် တခြား ဌာနရှိ ဝန်ထမ်းများနှင့် မရင်းနှီးသော်လည်း ဥက္ကဌ၏ ရုံးခန်းရှိ ဝန်ထမ်းများနှင့် ကောင်းကောင်း သိသည်။

သူတို့၏ ပညာရေး နောက်ခံမှာ အားလုံး ကောင်းမွန်ကြသည်။

နှိုင်းယှဥ်ကြည့်လျှင် သူမသာ ဘွဲ့လွန် ပညာရေးကို ယူဖို့ မရွေးချယ် ခဲ့ဘူးဆိုလျှင် သူမ၏ ပညာရေး နောက်ခံမှာ သူမ၏ အစ်ကို ပြောသလို ဖြစ်နေလိမ့်မည်။ နောက်ခံမရှိဘဲနှင့် သူမ၏ ဘဝ ဘယ်နေရာမှာ ရှိနေမလဲ ဆိုတာတောင် မေ့သွားနိုင်သည်။

ဒါဆို သူမသာ ဟိုင်တက္ကသိုလ်က ဘွဲ့ရတစ်ယောက်သာ ဖြစ်ခဲ့လျှင်…။ ထိုကမ္ဘာတွင် ထူးချွန် ထက်မြက်သော သူတစ်ယောက်မှ မရှိခဲ့ဘူးပေ။

“အဲဒါကြောင့် ကျွန်မက ဘွဲ့လွန် ပညာရေး တက်ချင်‌တယ်လို့ ပြောတာပေါ့။ ဟွားရှန်းဂရု ဒါမှမဟုတ် နောက်ပိုင်းမှာ တခြားတစ်နေရာကို သွားဖို့ စဉ်းစားမယ်”

နန်ကျဲ့က သူ၏ မျက်ခုံးကို ပင့်လိုက်သည်။

“ဘာလို့လဲ။ သူက မင်းကို ဌာနရဲ့ မန်နေဂျာ ဒါမှမဟုတ် မင်းရာထူးတိုးရင် ဥက္ကဌဖြစ်‌အောင် သူ လုပ်ပေးနိုင်မှာ မလား”

“နန်မိသားစုက အရမ်းကို ကြီးမားပြီး စွမ်းအားရှိတယ်။ မင်းလို ရိုက်ချက်ကြီးတစ်ခုကိုတောင် ငါတို့က သင့်လျော်အောင် မနေနိုင်ဘူးလား’

ထိုနှစ်များ တစ်လျှောက်တွင် နန်ကျဲ့က နန်ကောအတွက် လမ်းခင်းပေးခဲ့သည်။ အစကတော့ နန်ကော၏ ပညာရေး အရည်အချင်းများက ပိုမို လှပနိုင်သည်ဟု သူမျှော်လင့်ထားသည်။ ပထမဦးစွာ အလုပ်ရှာရန် ထွက်လာသော အချိန်တွင် သူမ၏ မေဂျာက လိုက်လျော ညီထွေမှု သိပ်မရှိ‌ပေ။ ထို့ကြောင့် ဘွဲ့လွန် သင်ကြားရေး တက်ရောက်ဖို့ရာ သူမအတွက် လိုအပ်သည်။ ဘွဲ့ရပြီးသည့် နောက်တွင် သူက နန်ကောကို မိသားစု စီးပွားရေး လုပ်ငန်းတွင် ပါဝင်ခွင့် ပေးလိုက်သည်။

183 03

ဟွားရှန်းဂရုကို သွားဖို့ရာ လုံးဝ မလိုအပ်ပေ။

“အလုပ်လုပ်ဖို့ အိမ်ကို ပြန်တာက မင်းအတွက် ပိုမကောင်းဘူးလား။ အချိန်ကျလာပြီဆိုရင် ကုမ္ပဏီခွဲကို တာဝန်ယူဖို့ အတွက် တိုက်ရိုက် သွားလို့ရတယ်။ တတိယ အစ်ကိုနဲ့ ယှဉ်ရင် မင်းက ပိုပြီးသင့်တော်တယ်။ အဘိုးနဲ့ တခြား လူတွေကလည်း လက်ခံကြလိမ့်မယ်

“ဘာများ ကြောက်စရာ ရှိလို့လဲ”

သူက နန်မိသားစု၏ မျိုးဆက်ကို တာဝန်ယူထားသည်။ မိသားစု၏ ဒုတိယသား နန်ရှီလည်းပဲ ကော်ပိုရေးရှင်းတွင် အလုပ်လုပ်သည်။ တတိယ သားကတော့ စီးပွားရေးကို စိတ်မဝင်စားပေ။ ထို့အပြင် နန်ကောက သက်ဆိုင်ရာ ဘွဲ့ရရှ်ိထားသောကြောင့် သူမအတွက် ဆောင်ရွက်ရန် အခန်းကဏ္ဍများစွာ ကျန်နေသေးသည်။

ထိုသို့ ကြားပြီးနောက် နန်ကော၏ လက်ထဲရှိ ကဒ်များ တုန်ခါသွားသည်။ သူမသည် စက္ကန့် အနည်းငယ် စဉ်းစားကာ ရေရွတ်လိုက်သည်။

“တကယ်တော့ ကျွန်မလည်း တကယ် မသွားချင်ပါဘူး”

နန်ကျဲ့သည် ထိုကိစ္စများကို နန်ကောနှင့် ဘယ်တုန်းကမှ မဆွေးနွေးဖူးဘဲ နန်ကောက အချိန်ရှိသေးသည်ဟု အမြဲတမ်းလိုလို ခံစားနေရသည်။ သူမလည်းပဲ သူ့ကို ကောင်းကောင်းသိသင့်သည်။ သူက ဖွင့်မပြောခဲ့ဘူးဆိုလျှင်တောင် နန်ကောက သူ၏ ရည်ရွယ်ချက်နှင့် အစီအစဉ်များကို သိသင့်သည်။

တကယ်တော့ သူဘာကို ဆိုလိုလည်း ဆိုတာကို နန်ကော သိသော်လည်း သူမတွင် ထိုရည်ရွယ်ချက်များ မရှိခဲ့ပေ။

“မင်းရဲ့ မေဂျာနဲ့ အဲ့ဒီ ဘွဲ့လွန် သင်ကြားရေးကို တွေးကြည့်မယ် ဆိုရင် ဒီထက် သင့်တော်တဲ့ နည်းလမ်း ရှိမယ်လို့ မင်းထင်လား”

နန်‌ကောသည် ထိုနေ့က သူမ၏ အတန်းဖော် ပြောတာကို ရုတ်တရက် သတိမရခင် ခဏတာ တိတ်ဆိတ်သွားသည်။

ထိုအချိန်တုန်းက ဟိုင်တက္ကသိုလ်ရဲ့ စီးပွားရေးကျောင်းကို ဒေါသတကြီးနဲ့ လျှောက်တဲ့ အချိန်တုန်းက မေဂျာရွေးတဲ့အခါ နောက်ဆက်တွဲ အလုပ်အကိုင် ပြဿနာ အကြောင်းကို မစဉ်းစားခဲ့မိဘူး။

သူမမှာ နောက်ခံသာ မရှိဘူးဆိုရင် မေဂျာက ရှိယုံပဲ ရှိလိမ့်မယ်။ ထို့ကြောင့် သူမ၏ အတန်းဖော် ဖန်ယွမ်ယွမ်က တခြား မေဂျာ ယူဖို့ကို စီစဉ်ခဲ့တယ်။

အခုမှ ထိုအကြောင်းကို စဉ်းစားလျှင်လည်း သူမအတွက် မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် သူမ ထိုသို့ ပြောသော အချိန်တွင် တစ်ချိန်တည်းမှာ မျက်လုံးသုံးစုံက သူမကို ကြည့်လိုက်သည်။

သူမ အစ်ကိုက ကဒ်ကို ဘေးသို့ ပစ်လိုက်ပြီး ဘာတစ်ခုမှ မပြောဘဲ သူမ၏ နှုတ်ခမ်းကို ဖိလိုက်သည်။

ရှန်ရန်ချင်းက သူ၏ လက်ထဲရှိ ကဒ်ကို ဖယ်လိုက်သည်နှင့် သူ၏ အမူအရာက အရင်ကထက် ပို၍ လေးနက်လာသည်။

******

All Chapters