အခန်း ၁၈၅
Vol. 19 Ch. 185
185 01
အပိုင်း (၁၈၅) မင်းကိုယ်တိုင် ပိုမို ကောင်းမွန်တဲ့ အဆင့် ဖြစ်လာမယ်။
“အမ်”
သူ အားရပါးရ ပြောနေတာကို ကြည့်ပြီး နန်ကောက သူ့ကို မနှောက်ယှက်တော့ပေ။
“မင်း ဘယ်လိုထင်လဲ။ မင်း ဖျားယောင်းခံထားရတာလား”
တုံ့ဆိုင်းနေသော နန်ကောသည် သူမ၏ ရည်မှန်းချက်ကို သူ့ကို ပြောပြလိုက်သည်။
သူမ၏ စကားကို ကြားပြီးနောက် ယုယု ငြိမ်ကျသွားသည်။
“အဲဒါ အလုပ် မဖြစ်ဘူးလို့ မင်းထင်လား”
နန်ကောက ညင်သာစွာ မေးလိုက်သည်။
“မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး”
ယုယုက သူမ၏ စိတ်အား ထက်သန်မှု အားနည်းသွားမှာကို စိုးရိမ်သောကြောင့် လိမ္မာ ပါးနပ်စွာ ပြောပြချင်သော်လည်း ထိုအကြောင်းကို တွေးပြီး ဘယ်လို အကင်းပါးရမလဲ ဆိုတာကို သူ မသိသောကြောင့် သူ တိုက်ရိုက်သာ ပြောနိုင်တော့သည်။
“မင်း ဘာလို့ လူပြန် မဝင်စားတာလဲ”
“မင်းမှာ ဒီကျောင်းနဲ့ မေဂျာရဲ့ လိုအပ်ချက် ပြည့်စုံမှု မရှိဘူးလို့ ငါထင်တယ်။ ဒီအတိုင်းလေးပဲ ထားလိုက်ပါ။ ငါ့တို့ရဲ့ ရင်ထဲမှာ လက်ရွေးစင် စီနီယာ တစ်ယောက် ရှိပြီးသားပဲ။ ဒုတိယ အကြိမ် ကြိုးစားပြီးမှသာ သူဝင်လာခဲ့တာ။ မင်းအနေနဲ့ ဘာလို့ တခြား ကျောင်းကို မရွေးချယ်တာလဲ။ မင်း ငါ့ကို တကယ် စဉ်းစားသင့်တယ်”
“ငါလား။ ငါလည်းပဲ မဆိုးပါဘူး”
သူ၏ စကားကြောင့် နန်ကော အနည်းငယ် စိတ်ဆိုးသွားသည်။
“အဲဒါအပြင် အခုက စပြီး ငါလုံးဝ ပြင်ဆင်နိုင်တယ်။ ငါ့ကိုယ်ငါ အရမ်း ယုံကြည်မှု ရှိတယ်”
“အစ်ကိုနန်ရဲ့ ထောက်ခံမှုကော ရပြီလား”
“နင် ဘယ်လို ထင်လဲ”
“ငါ့ရဲ့ ခြေထောက်တွေတောင် အဖြေကို သိတယ်။ ဒီအတွက်တော့ သူဘယ်တော့မှ သွားမှာ မဟုတ်ဘူး”
“နင်သိတယ်ဆို ဘာလို့ မေးနေသေးလဲ”
“ဒါပေမဲ့ ဘယ်အရာကများ ဒီအကြံဉာဏ်အတွက် နင့်ကို တွန်းအား ပေးနေသေးတာလဲ”
“ဘာလို့ဆို ရှန်ရန်ချင်းက ငါ့ကို ထောက်ခံလို့လေ”
“အံ့ဩစရာ မရှိပါဘူး”
အသင်းဖော် အနေဖြင့် သူမက ယုံကြည်မှု ရှိခဲ့သည်။
ခဏတာ ရပ်သွားပြီးနောက် ယုယု၏ အသံမှာ လေးနက်လာသည်။
“အရိုးသားဆုံး ပြောရရင် ငါလည်းပဲ အရမ်း ဆန့်ကျင်တယ်။ အစ်ကိုနန် ဘယ်ကလာလည်း ဆိုတာကို ငါနားလည်တယ်။ သူက အနာဂတ်မှာ မင်းကို အေးအေးဆေးဆေး နေစေချင်တယ်။ ဘွဲ့လွန် ကျောင်းသားတစ်ယောက် အနေနဲ့ လေ့လာပြီး ဘွဲ့တစ်ခု ရစေချင်တာက မမှားဘူးလေ။ ငါ မင်းကိုလည်း နားလည်နိုင်ပါတယ်။ ငါသာဆိုရင်လည်း အတူတူပဲ ဖြစ်မှာပဲ။ လူမှုရေးအရ လက်ခံထားတဲ့ လမ်းကြောင်းကို မယူချင်တာနဲ့ အဲဒါကလည်း မမှားနေဘူး”
ဖုန်း၏ တခြားတစ်ဖက်တွင် စက္ကန့် အနည်းငယ် တိတ်ဆိတ်သွားသည်။ ယုယုက ကျိန်ဆဲလိုက်ကာ ရုတ်တရက် သွေးပူလာသည်။
“နန်ယောင်ယောင်။ အခုတော့ မင်းရဲ့ နှလုံးသား နောက်ကိုလိုက်။ ဘာပဲဖြစ်ဖြစ် မင်းတစ်ကြိမ်ပဲ အသက်ရှင်နိုင်တာ။ မင်း ယူချင်တဲ့လိုင်း ဘာလဲဆိုတာကို မင်း ဆုံးဖြတ်နိုင်တယ်။ ငါမင်းကို ထောက်ခံတယ်”
“စိတ်မပူနဲ့။ နောက်တစ်ချိန် အစ်ကိုနန် မင်းကို ရိုက်ရင် နှစ်ချက်လောက် ထိုးဖို့ ငါမင်းကို သေချာပေါက် ကူညီမယ်”
ထိုသို့ ကြားပြီး နန်ကောက ထိတ်လန့်နေသေးသည်။
“အူ ဟူး။ နင့်ကမှ အစ်ကိုအရင်းပဲ”
“သေတာပဲ။ မင်း မရနိုင်ဘူး ဆိုရင်တော့ အစ်ကိုနန်က မင်းကို ရိုက်ပြီး ငါပါ အတူတူ ခံရလိမ့်မယ်”
နန်ကောကို အစွမ်းကုန် အားပေးစကား ပြောပြီးနောက်တွင် ယုယုက ပြဿနာကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားသည်။
“ဒါဆို နင်နဲ့ ပါမောက္ခရှန်ရော ဘယ်လိုလဲ။ မင်းကို စိတ်ဓာတ်ကျအောင် ငါ မလုပ်ချင်ပေမဲ့ အရိုးသားဆုံး ပြောရရင် ဝေးကွာတဲ့ ဆက်ဆံရေးက ပြဿနာတွေ အများကြီးကို ဖြစ်စေတယ်”
မေးခွန်း ပြန်တက်လာကာ နန်ကော အနည်းငယ် စိတ်ရှုပ်သွားသည်။
“အဲဒါက ငါ့အပေါ်တော့ မသက်ရောက်နိုင်ဘူး”
185 02
နန်ကောက ကိစ္စများကို တွေးတောရာတွင် အမြင်မကျယ်သောကြောင့် မကြာခဏ ခံစားခဲ့ရသည်။ ယုယု သက်ပြင်းချလိုက်သည်။ ထိုအကြောင်းကို သူမ မတွေးထားကြောင်း သူသိသည်။
ဝေးကွာသော ဆက်ဆံရေးကို ရောက်သွားလိမ့်မည်ဟု သူမ သဘော မပေါက်တာတောင် ဖြစ်နိုင်သည်။
သူမ၏ ငယ်သူငယ်ချင်းမှာ တကယ်ကို သူမ၏ ငယ်သူငယ်ချင်း ဖြစ်သည်။ ယုယုက မှန်အောင် ခန့်မှန်းနိုင်သည်။
“ဥက္ကဌရှန်ကကော ဘာပြောလဲ”
“သူကတော့ အဆင်ပြေတယ်လို့ ပြောတယ်။ အဲဒါက ပြဿနာကြီးလို့ ငါကတော့ မထင်ဘူး ဟုတ်တယ်မလား။ ငါမြို့တော်ကို သွားပြီးရင် ငါတို့က တစ်ယောက်နဲ့ တစ်ယောက် မတွေ့နိုင်တော့တာမျိုးမှ မဟုတ်တာ။ ငါတို့က အခု တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်း လိုလို ဗီဒီယိုကော ခေါ်နိုင်တဲ့ ခေတ်မှာနေနေတာပဲလေ။ ငါတို့ တွေ့ချင်ရင်တောင် လေယာဉ်ကလည်း နှစ်နာရီဆို ရောက်ပြီလေ။ ငါတို့ တစ်ရေးတစ်မော အိပ်ပြီးတောင် နေလို့ရတယ်”
“အဲ့လိုဆိုပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဖို့ လိုအပ်ချက်ကတော့ နှစ်ယောက်လုံး အားနေဖို့ပဲ။ အခုက နင်တို့ တစ်မြို့တည်းမှာ ရှိနေတာကြောင့် နင်တို့ တစ်ပတ်မှာ နှစ်ကြိမ် သုံးကြိမ် တွေ့နေနိုင်တာလေ။ နင်သာ နိုင်ငံခြား ကျွန်းကို ရောက်သွားရင် နင်တို့ တစ်လမှာ တစ်ကြိမ် နှစ်ကြိမ်ပဲ တွေ့နိုင်တာလဲ ဖြစ်နိုင်တယ်။ နင် အဲ့လို လုပ်နိုင်တာ သေချာပြီလား။ မဟုတ်ဘူး ဥက္ကဌ ရှန် အဲ့လို လုပ်နိုင်တယ် ဆိုတာ နင်သေချာလား”
ရှန်ရန်ချင်းက နေ့တိုင်း မအားပေ။
နန်ကော၏ ကိုယ်ရေးကိုယ်တာကို ယုယု သိသည်။ သူမက အထူးတလည် တွယ်ကပ်မနေပေ။ ဒါပေမဲ့ ရှန်ရန်ချင်းကကော ဘယ်လိုလဲ”
အကြောင်းပြချက် အချို့အတွက် နန်ကောသည် သူမ ဒီနေ့ တွေ့ခဲ့သော နက္ခတ် ခွဲခြမ်းရေး အကြောင်းကို တွေးလိုက်သည်။
နှိုင်းယှဉ်ကြည့်လျှင် သူမ၏ ဇာတာက လွတ်လပ်မှုကို တောင့်တသည်။ သူမသည် အတားအဆီးကို မကြိုက်ဘဲ ပြင်ပ ကမ္ဘာကို နှစ်သက်သည်။ ရှန်ရန်ချင်းက သူမနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ သူက သူ၏ ချစ်သူနှင့် နေရတာကို နှစ်သက်ပြီး ၎င်းတို့နှင့် မခွဲခွာ ချင်ပေ။
ယုယုက သူမကို သတိ ပေးပြီးသည့် နောက်မှသာ ပြဿနာ၏ လေးနက်မှုကို နန်ကော သဘောပေါက်သွားသည်။
ဖုန်းချပြီးသည့် နောက်တွင် နန်ကောသည် လှဲချပြစ်လိုက်ပြီး အိပ်မပျော်နိုင်တော့ပေ။
ရုတ်တရက် တဲ၏ အပြင်ဘက်မှ အရိပ်မဲကြီး ပေါ်လာသည်။ တစ်ဖက်လူက သူမ၏ တဲကို ညင်သာစွာ ခေါက်လိုက်ပြီး အသံတိုးတိုးလေးဖြင့် သူမကို ခေါ်လိုက်သည်။
“နန်ကော”
၎င်းမှာ ရှန်ရန်ချင်း ဖြစ်သည်။
သူမသည် မထခင်မှာ ခဏတာ ကြောင်သွားသည်။
သူမ၏ ခေါင်းကို တဲထဲမှ တိုးထွက်လာပြီး အပြင်ဘက်တွင် ရပ်နေသော ရှန်ရန်ချင်းကို တွေ့လိုက်သည်။
“မင်း နိုးနေသေးတာလား”
“ဟုတ်တယ်”
ရှန်ရန်ချင်းက ထိုင်ချလိုက်သည်။
“မင်း အိပ်မပျော်ဘူးလား။ မင်းရဲ့ တဲကနေ ကိုယ် အသံကြားလို့လေ”
“အာ”
နန်ကော အနည်းငယ် ရှက်သွားပုံ ပေါ်သည်။
“ကျွန်မ ဖုန်းပြောနေလို့”
“အိပ်လို့ မရဘူးလား”
“နည်းနည်း”
“ဒါဆို မင်း ဘာလို့ ခဏလောက် ထွက်မထိုင်တာလဲ”
ဟု သူက အကြံပြုလိုက်သည်။
နန်ကော၏ မျက်လုံးများ တောက်ပလာကာ အပြင်ကို မြန်မြန် ထွက်လိုက်သည်။
ရှန်ရန်ချင်းက သူမအတွက် သူမ၏ ကုတ်အင်္ကျီကို ယူဖို့ရာ လက်ပြလိုက်သည်။
“ဒီမှာ နည်းနည်းအေးတယ်။မင်းရဲ့ ကုတ်အင်္ကျီ ဝတ်ခဲ့ဉီး”
နန်ကျဲ့နှင့် ယွမ်ချီ အနားယူနေတာကို အနှောက်အယှက်ဖြစ်မှာ စိုးရိမ်သောကြောင့် သူတို့နှစ်ယောက်က အနီးအနားရှိ ရေကန်နားကို သွားဖို့ ပြင်ဆင်လိုက်သည်။
၎င်းမှာ စခန်းချ နေရာ ဖြစ်ပြီး မီးများစွာ ဖွင့်ထားသည်။ နန်ကောက မကြောက်ဘဲ ရှန်ရန်ချင်း၏ နောက်သို့ နာခံစွာ လိုက်လာခဲ့သည်။
သူတို့ နှစ်ယောက်လုံးက ခုံတန်းရှည် တစ်ခုကို တွေ့ကာ ထိုင်ချလိုက်သည်။ ရှန်ရန်ချင်းက စကား အရင် ပြောလိုက်သည်။
“စောနက ကိုယ်လာတဲ့ အချိန် မင်းရဲ့ စကား အချို့ကို ကြားလိုက်တယ်”
“ဟမ်”
နန်ကော ကြောင်တောင်တောင်ဖြင့် မော့ကြည့်လိုက်သည်။
“မင်း ဘာတွေ စဉ်းစားနေတာလဲ”
“အို”
နန်ကောသည် သူ၏ အကြည့်ကို ရှောင်ရှားခဲ့သော်လည်း သူမဖြေသော အချိန်တွင် တုံ့ဆိုင်း မနေခဲ့ပေ။
“ကျွန်မ ဒီတက္ကသိုလ်ကို တက်ချင်နေတုန်းပဲ။ အစကတော့ ကျွန်မတို့ ဝေးကွာတဲ့ ဆက်ဆံရေး ဖြစ်သွားမှာကို သတိမထားမိပေမဲ့ အဲဒါက ကျွန်မတို့ အပေါ်မှာ သက်ရောက်မှု ရှိလိမ့်မယ်လို့ မတွေးမိသေးဘူး”
တကယ်တော့ နန်ကော၏ ပင်ကိုယ် စရိုက်မှာ နူးညံ့ပုံ ပေါ်သော်လည်း တကယ်တော့ သူမတွင် ကိုယ်ပိုင် အတွေးရှိသည်။ အထူးသဖြင့် သူမ အရွယ် ရောက်လာပြီး နောက်ပိုင်းတွင် သူမ၏ ပျိုမျစ် နုနယ်ခြင်းများကို ပိတ်ဆို့ထားပြီး သူမက လုံးဝ လွတ်လပ်နေခဲ့သည်။
185 03
သူမ ဆုံးဖြတ်ချက် ချထားသော အရာကို ဘယ်သူကမှ ပြောင်းလဲလို့ မရပေ။
ထို့ကြောင့် နှစ်ပေါင်းများစွာ ကြာပြီးသည့် နောက်တွင် သူမ ချခဲ့သော ဆုံးဖြတ်ချက် အများစုကို နန်ကျဲ့မှ အတည်ပြုပေးနေဆဲ ဖြစ်သည်။ အကြောင်းမှာတော့ သူပြောသော ဘယ်ကိစ္စမဆို နန်ကော နားမထောင်တာကို သူသိသောကြောင့် ဖြစ်သည်။
နန်ကျဲ့သည် ယနေ့ကဲ့သို့ အမြဲတမ်းလိုလို တစ်ခုခုကို ပြင်းပြင်းထန်ထန် ကန့်ကွက်လေ့ရှိသည်။
သို့သော်လည်း ထိုအချိန် သူငြင်းဆန်လျှင်တောင် အသုံးမဝင်ပေ။
“မြို့တော်မှာ ကျောင်းတက်ပြီး ချိန်းတွေ့တာက တစ်ယောက်နဲ့ တစ်ယောက် ပဋိပက္ခ ဖြစ်စေမယ်လို့ ဘယ်လိုမှ မထင်ဘူး။ ယုနဲ့ တခြား လူတွေက ဝေးကွာတဲ့ ဆက်ဆံရေးက မကောင်းဘူးလို့ ဘာကြောင့် ပြောလဲဆိုတာ နားကို မလည်ဘူး”
“ဒါပေါ့ ခဏလေး အတွင်းမှာ မင်းကို တစ်ကြိမ်ပဲ တွေ့ချင်တာ မဟုတ်ပေမဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင် အနာဂတ်အတွက် အလုပ် ပိုကြိုးစား ချင်သေးတယ်။ အရင်လို ပုံစံမျိုး ကျော်ဖြတ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး”
“ကျွန်မ အဲ့လို ပြောတယ် ဆိုရင်တော့ ရှင် စိတ်ဆိုးနိုင်တယ် ဆိုပေမဲ့ …..”
သူမ ပြောပြီးပြီးချင်းမှာပင် ဘေးနားမှ ရယ်မောသံ ထွက်ပေါ်လာသည်။ နန်ကော မျက်တောင် ခတ်လိုက်သည်။ သူနှင့် အကြည့်ချင်း ဆုံလိုက်သည်နှင့် သူမ၏ အမြင်များ အမှောင်ကျသွားသည်။
သူမသည် ရှန်ရန်ချင်း၏ ရင်ခွင်ထဲသို့ ဆွဲထည့်ခံရပြီး သူ၏ လက်က သူမ၏ ဆံပင်ကို ထိနေသလို ခံစားလိုက်ရသည်။ ၎င်းမှာ လေတိုက်ပြီး လွင့်နေသလို အလွန် နူးညံ့သည်။
“ကိုယ်က ဘာလို့ စိတ်ဆိုးရမှာလဲ။ မင်းမှာ ကိုယ်ပိုင် အစီအစဉ် ရှိတာက ကောင်းတဲ့ အရာပဲလေ။ လူတိုင်းက တစ်ယောက်နဲ့ တစ်ယောက် မှီခိုနေကြတာလေ။ ချစ်သူဘဝ မပြောနဲ့ လက်ထပ်ပြီးရင်တောင် မင်းအတွက် ပိုကောင်းတဲ့ အနာဂတ်ကို ဖန်တီးပေးပြီး မင်းကိုယ်တိုင် ပိုကောင်းတဲ့ ဗားရှင်း ဖြစ်လာတာကို တားဖို့ ကိုယ့်မှာ အကြောင်းပြချက် မရှိဘူး”
“မင်းကို ချစ်တယ်လို့ ပြောနေတာ မဟုတ်တာကြောင့် ကိုယ့်ရဲ့ ဘေးနားလေးမှာ အချစ်ရဲ့ နာမည်လေးကိုပဲ ထားချင်ခဲ့တာ။ မင်း ဘာပဲလုပ်လုပ် ကိစ္စမရှိဘဲ မင်းကို ထောက်ပံ့ပေးမယ်ဆိုတာ မင်းကို သိစေချင်တယ်”
“မင်း ကိုယ့်အတွက် ဘာကိုမှ စွန့်လွှတ်ဖို့ မလိုဘူး။ မင်း ပြောသလိုပဲ ပဋိပက္ခဖြစ်ဖို့ ဘာမှ မရှိဘူး”
“မင်းရဲ့ ကိုယ်ပိုင် အစီအစဉ်ကို ဆုပ်ကိုင်ထားနိုင်လို့ ကိုယ်လည်းပဲ ပျော်တယ်”
အချစ်ဆိုတာက တစ်ဖက်လူကို ထောင်ချောက်ဆင်ဖို့ ကိရိယာ တစ်ခု မဟုတ်ပေ။
ရွေးချယ်မှု လုပ်ပြီးနောက် နန်ကောက သူ့ကို ပစ်မထားခဲ့ပေ။
သူက ဒေါသမထွက်တာ ဒါမှမဟုတ် နာကျည်းနေတာလား။
အဲဒါက အဖြေမှန် ဖြစ်တာကြောင့်လား….။
******