← Chapters

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆

Vol. 19 Ch. 186

186 01

အပိုင်း (၁၈၆) ငါ့ရဲ့ ကဒ်တွေကို စားပွဲပေါ်မှာ ထားလိုက်ပါ။

ဘွဲ့လွန် သင်ကြားရေး အတွက် တရားဝင် ဆုံးဖြတ်ချက် ချပြီးနောက်တွင် နန်ကောက စတင် ပြင်ဆင်နေပြီ ဖြစ်သည်။

အတန်း မရှိသော အချိန်တွင် သူမ၏ အချိန်အများစုကို ဖန်ယွမ်ယွမ်နှင့် စာကြည့်တိုက်ထဲတွင် အချိန်ဖြုန်းနိုင်သည်။

ထိုအရူး နှစ်‌ယောက်က မေဂျာများကို ဖြတ်ကျော်ထားသောကြောင့် တစ်ယောက်ကို တစ်ယောက် ကောင်းကောင်း စာနာကျသည်။

တစ်ပတ်တည်းတွင် နန်ကောသည် ရှန်ရန်ချင်းနှင့် အတူ နှစ်ည သုံးညလောက် အချိန်ဖြုန်းခဲ့သည်။

ညတိုင်း ထူးထူးခြားခြား ရင်းနှီးမှု ရှိသော တခြား စုံတွဲများနှင့် ယှဉ်လျှင်တော့ သူတို့နှစ်ယောက်က အများကြီး ပို၍ အပြစ်ကင်းသည်။

သူတို့၏ လှုပ်ရှားမှု အတိုင်းအတာမှာ အခြေခံအားဖြင့် စာသင်ပေးခြင်း ဖြစ်သည်။ ရှန်ရန်ချင်းက နန်ကောကို ကျူရှင်ပြနေသည်။

စာသင်ခြင်းထက် တခြားသော အပြန်အလှန် ဆက်သွယ်ခြင်းများ မရှိခဲ့ပေ။

နန်ကျဲ့ ဟိုင်မြို့တွင် နေပြီး လာလည်သော အချိန်တွင် သူတို့ နှစ်ယောက်၏ အပြန်အလှန် ဆက်သွယ်သော နည်းလမ်းကို တွေ့ရှိခဲ့သည်။ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိသည့် ရှန်ရန်ချင်းကို မချီးကျူးပဲ မနေနိုင်တော့ပေ။

နန်ကောနှင့် သူ၏ မွေးချင်း ဆက်ဆံရေးကို ဘေးဖယ်ထားပြီး ယောကျာ်းတစ်ယောက်၏ ရှုထောင့်မှ ကြည့်လျှင် ရှန်ရန်ချင်း အခုအချိန်ထိ ဘယ်လို သည်းခံနေလည်း ဆိုတာကို သူ စဉ်းစားလို့မရပေ။

သူ၏ ကောင်မလေးက သူနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ သူဘာမှ မလုပ်ဘူး ဆိုရင်တောင် အဆင်ပြေသော်လည်း သူက တကယ်ကို ဘာအချစ် အကြောင်းမှကို မပြောခဲ့ပေ။

လေထုက အလွန်ကောင်းမွန်သည်။ စိတ်ကူးယဉ် ဆန်သော အရာများကို လုပ်မည့်အစား သူတို့နှစ်ယောက်က တကယ်ကို စာလေ့လာနေကြသည်။

သာမန် လူသား တစ်ယောက်က ထိုကဲ့သို့ အရာမျိုးကို ဘယ်လို လုပ်နိုင်မှာလဲ။

နန်ကျဲ့သာ ရှန်ရန်ချင်း နေရာမှာဆိုလျှင် ချီယန်နှင့် ထိုကဲ့သို့ နေ့တိုင်း အပြန်အလှန် ဆက်‌သွယ်နေခဲ့ရလျှင် တည်တည် ငြိမ်ငြိမ် နေနိုင်လိမ့်မည် မဟုတ်ပေ။

ချီယန်ကို တွေးပြီး အလုပ်သမားနေ့ အားလပ်ရက် ချီယန်က သူ့ကို စပြီး တစ်ခါ ရှာဖွေခဲ့သေးသည်။

သူတို့ နှစ်ယောက်က တွေ့ပြီး ညစာစားကြသေးသည်။ နောက်အားလပ်ရက်အတွင်း တိဗက်ကို သူနဲ့ အတူ သေချာပေါက် လိုက်ပါလိမ့်မည်ဟု သူမက ပြောခဲ့သည်။

ချီယန်သည် တိဗက်ကို သွားဖို့ရာ သူ၏ ဇွဲကောင်းမှု အကြောင်းကို သိသည်။

သူ စာသင်နေချိန်တွင် နန်ကျဲ့က ထိုအကြောင်းကို တွေးလိုက်သည်။

သို့သော်လည်း အမျိုးမျိူးသော အရာများကြောင့် သူက မအောင်မြင်ခဲ့ပေ။

သူမ ကတိပေးသော အချိန်တွင် နန်ကျဲ့က ဟုတ် မဟုတ် မပြောခဲ့ပေ။

သို့သော်လည်း အလုပ်သမားနေ့ အားလပ်ရက်တွင် ချိန်းတွေ့ရမည့် ကိစ္စမှာ ပြီးဆုံးသွားသည်။ နောက်ရက် အနည်းငယ်တွင် ချီယန်က သူ့ထက် တကယ်ကို အလုပ်များသူ ဖြစ်သည်။ ၎င်းမှာ ဇွန် အစောပိုင်း ရောက်နေပြီ ဖြစ်သော်လည်း သူတို့ အခုထိ မတွေ့မိကြသေးပေ။

သူတို့သည် ရှန်ရန်ချင်းနှင့် နန်‌ကောထက် ပိုဆိုးသော ဆက်ဆံရေး ရှိပုံပေါ်သည်။

အနည်းဆုံးတော့ သူတို့က ရက်အနည်းငယ် ကြာပြီးတိုင်း တစ်ယောက်နှင့် တစ်ယောက် တွေ့နိုင်သေးသည်။

ဟိုင်တက္ကသိုလ်၏ တရားဝင် အားလပ်ရက်မှာ 25ရက်နေ့တွင် စတင်ခဲ့သည်။ ကျန်းမြို့သို့ ပြန်‌လာပြီးနောက် နန်ကောသည် နောက်ဆုံးတွင် အနည်းငယ် အနားယူနိုင်ခဲ့သည်။

သူအိမ်သို့ ရောက်ပြီး သိပ်မကြာခင်မှာပင် ယုက သူမကို ထမင်း ထွက်စားဖို့ ပြောလိုက်သည်။

နန်ကောက ထိုအကြောင်းကို သိပ်မတွေးပေ။ သူမသည် အဝတ်စားလဲကာ ထွက်လာလိုက်သည်။

သူမ ရောက်လာသော အချိန်တွင် သူတို့ နှစ်ယောက်တည်း ရှိနေတာကို သတိပြုမိသွားသည်။ အရင်က အားလပ်ရက် သူတို့ တွေ့ဆုံတဲ့ အချိန်ဆိုရင် အမြဲတမ်းလိုလို လူအများကြီး ရှိနေတတ်သည်။

ထိုင်ခုံ ယူပြီးနောက်တွင် တစ်ဖက်လူတွင် မကောင်းသော ခံစားချက်များ ရှိနေသည်ကို နန်ကော ခံစားမိသွားသည်။

“နင် ငါ့ကို ဘာလို့ ရှာတာလဲ”

သူမကို အကူအညီ တောင်းဆိုဖို့ ရှိတာကြောင့် သူတို့ပဲ စားနေတာလည်း ဖြစ်နိုင်တယ်။

“မရှိပါဘူး”

ယုယုက ဝန်ခံဖို့ရာ ငြင်းဆိုလိုက်သည်။ သူက မီနျူးကို ယူကာ သူမ၏ လက်ထဲကို ထည့်ပေးလိုက်သည်။

“မှာလေ။ နင်ကြည့်လိုက်။ ထမင်းအတူတူ စားရုံပါပဲ။ ဘာတွေများ ကြောက်စရာ ရှိလို့လဲ”

နန်ကောက သံသယ ဖြစ်စွာ မီနျူးကို ယူလိုက်သည်။

ကျန်းမြို့ကို ပြန်မသွားခင်က သူမသည် ရှန်ရန်ချင်းနှင့် အတူ စားခဲ့သည်။ သူမက အခု ဗိုက်သိပ်မစာသေးပေ။ ဟင်းပွဲ နှစ်မျိုးလောက် မှာပြီးနောက်တွင် သူမက ဝိတ်တာကို မီနျူး ပေးလိုက်သည်။

ဟင်းပွဲများ စောင့်နေချိန်တွင် ယုက သူမ၏ ဘွဲ့လွန် သင်ကြားရေး အကြောင်းကို မေးလိုက်သည်။

ထိုသို့ ပြောရင်း နန်ကောက ခေါင်းကိုက်သွားသည်။

“ပြီးခဲ့တဲ့ လတုန်းက ငါ မရပ်မနား စာကြိုးစားခဲ့တယ်။ ငါက တခြားလူ တစ်ယောက်လို ခံစားနေရတယ်”

186 02

နောက်ဆုံး စာသင်ချိန်နှင့် နှိုင်းယှဉ်လျှင် ထိုစာသင်နှစ်မှာ သူမ ထင်ထားတာထက် ပိုပင်ပန်းသည်။

“ဒါဆို။ မင်းက စွန့်လွှတ်ဖို့ စဉ်းစားနေတာလား”

ယုက သူမကို တမင်တကာ လှုံ့ဆော်လိုက်သည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

နန်ကောက စားပွဲကို စောင့်ချလိုက်သည်။ သူမ စိတ်ဓာတ် မကျတော့ပေ။ သူမက တိုက်ခိုက်ချင်သော စိတ်သဘောထားများဖြင့် ပြည့်နေသည်။

“ငါကိုယ့်ငါ အရူးဖြစ်အောင် လုပ်တာကို ကြည့်ဖို့အတွက် ငါ့အကိုက စောင့်နေတာ။ သူ့ကို ဘယ်လို နည်းနဲ့မှ ခွင့်မပြုနိုင်ဘူး”

အဲ့ဒီ အချိန်တုန်းကလဲ နန်ကျဲ့က လက်ခံခဲ့ပေမဲ့ သူသည် သူမကို ဒေါသ ထွက်နေဆဲ ဖြစ်ပြီး သူမနှင့် ဘယ်တုန်းကမှ စကား စမပြောခဲ့ပေ။

နန်ကျဲ့သည် ရှန်ရန်ချင်း၏ အိမ်သို့ သူမကို တွေ့ဖို့ရာ နှစ်ကြိမ်တိတိ လာခဲ့သော်လည်း သူက အမြဲတမ်း မထီမဲ့မြင် ပြုနေပုံ ပေါ်သည်။ ရှန်ရန်ချင်းက သူမကို အားပေးသော အချိန်တွင် နန်ကျဲ့က ပျော်ရွှင်စွာဖြင့် ဘေးမှ ရပ်ကာ သူမကို လှောင်ပြောင်နေသည်။

နောက်ပိုင်း ရှန်ရန်ချင်းက လာချင်သော်လည်း နန်ကောက တံခါးကို ပိတ်ဆို့ထားပြီး ရှန်ရန်ချင်းကို သူ့အတွက် တံခါး ဖွင့်ပေးဖို့ကို ငြင်းဆိုထားသည်။

ဘယ်လောက် စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းလဲ။

ဟင်းပွဲများ ချပြီးသည့် နောက်တွင် ယုက ဟင်းများကို သူမ၏ ပန်းကန်ထဲသို့ စိတ်အား ထက်သန်စွာ ထည့်ပေးနေသည်။

“မင်း ဝိတ်ကျသွားသလိုပဲနော်။ လာ များများစား”

နန်ကောက သူ၏ အဓိပ္ပာယ် မရှိသော စကားကို မယုံကြည်ခဲ့ပေ။ မကြာသေးမှီကမှ သူမက ကိုယ်အလေးချိန် မလျော့ဘဲ ၂ပေါင်တောင် တက်လာသေးတယ်။

အဲဒါလည်းပဲ ရှန်ရန်ချင်းကို ကျေးဇူးတင်ရမည်။

ကျောင်းမှာ နေတုန်းက သူမ အရမ်း ပင်ပန်းပြီး စားချင်စိတ်များ ပျောက်သွားမှာကို စိုးရိမ်သောကြောင့် သူမကြိုက်တဲ့ အစားအစာတွေကို ဝယ်ပေးပြီး ပို့ပေးခဲ့သည်။ သူမ သူနှင့် နေသော အချိန်အတွင်း မရိုးရအောင် သူမအတွက် ချက်ပြုတ်ပေးပြီး အရသာ ရှိတဲ့ အစားအသောက်တွေ စားဖို့ သူမကို ရံဖန်ရံခါ ခေါ်သွားတတ်သည်။

“မင်းကို ကြည့်ရတာတော့ ဝိတ်တက်သွားတဲ့ပုံ လုံးဝ မပေါ်ပါဘူး။ မင်း ဖြူဖျော့နေတယ်လို့တောင် ငါ ထင်တယ်”

ယုယုက မျက်နှာတည်ဖြင့် သူ၏ သွားများကို ဖြတ်ကာ လိမ်လိုက်သည်။

နန်ကောက သူ့ကို စိုက်ကြည့်ကာ ပြုံးလိုက်သည်။

“ငါက စာသင်ရတာကို ချစ်တယ်။ ငါ စာသင်ရတာကို ချစ်တယ်”

“ဟား ဟား ဟား”

ယုယုက ရယ်လိုက်သည်။ သူမအတွက် အစားအစာ အချို့ကို ကောက်ကာ မေးလိုက်သည်။

“စကားမစပ် မင်းရဲ့ အခန်းဖော်တွေ အားလုံးကော ဘွဲ့လွန် သင်ကြားရေးကို တက်ကြမှာလား”

“မဟုတ်ဘူး”

နန်ကောက ပြောလိုက်သည်။

“သူတို့ထဲက တစ်ယောက်က ဘွဲ့လွန် ကျောင်းသား တစ်ယောက်အဖြစ် အာမခံထားရပြီး ကျန်တဲ့ လူတွေကတော့ ကျွန်မနဲ့ အတူတူပဲ”

“တခြားတစ်ယောက်က ဘာဖြစ်လို့လဲ”

“မဟုတ်ဘူး။ သူမက အဲ့ကို မသွားဘူး”

“သူမက ဘွဲ့လွန် သင်ကြားရေးကို တက်မှာ မဟုတ်ဘူးလား။ ဒီခေတ်ကြီးမှာ လူတချို့က အဲဒါကို ရဖို့ မရွေးချယ်ကြတော့ဘူး။ သူမမှာ တခြား အစီအစဉ် ရှိလို့လား”

သူပြောမဲ့ အကြောင်းအရာကို ရှာဖို့ ပေါ့ပေါ့ပါးပါး မေးနေပုံ ပေါ်သည်။

နန်ကောသည် အစပိုင်းတွင် ထိုအကြောင်းကို သိပ်မတွေးပဲ သူနှင့် စကားပြောနေသည်။

သို့သော်လည်း သူတို့ စကား ပြောရင်းနှင့် သူမက တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။

သူမသည် စားနေတာကို ရပ်ကာ ဂရုတစိုက်နှင့် ထိုအကြောင်းကို တွေးလိုက်သည်။ သူမနှင့် ယုကြားရှိ စကားပြောတိုမှုတွင် သူမသည် အဓိက ဇာတ်ကောင် မဟုတ်ကြောင်း သူမ သတိပြုမိသွားသည်။

186 03

ယုသည် စုဟွေ့နှင့် ပတ်သက်သော မေးခွန်းများကို ဆက်မေးနေသည်။

ထိုအတွေး ဝင်လာပြီး နန်ကောသည် မတ်မတ် ထရပ်ကာ တစ်ဖက်ကို ကြည့်လိုက်သည်။

“ဘာလဲ”

ယုယုသည် သူမ၏ အကြည့်အောက်တွင် ထိတ်လန့်သွားပြီး သူ၏ တူများကို ချထားလိုက်သည်။ သူဘာတွေးနေလဲ ဆိုတာကို သူမ ရှာတွေ့သွားတာများလား။ ဟုတ်နေလား ဆိုတာကို သူသံသယ ရှိနေသည်။

နန်ကော၏ ဦးနှောက်ဖြင့်…..

သူမ၏ ထိုင်းမှိုင်းသော ဦးနှောက်ထဲတွင် ယုယုက အလွန် ယုံကြည်ချက် ရှိနေဆဲ ဖြစ်သည်။

“စုဟွေ့ အကြောင်းတွေကို ဘာလို့ မေးနေတာလဲ”

ယုတ္တိရှိရှိ ပြောရလျှင် သူတို့က ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။ အမြဲတမ်း လိုလို ယုသည် သူမနှင့် စကားပြောပြီး သူမပြောသော သူမ၏ အတန်းဖော် အကြောင်းကို ကြားနေရကာ သူဘာမှ မမေးပဲ ပေါ့ပေါ့ပါးပါး နေနိုင်ယုံသာ တတ်နိုင်သည်။

သို့သော်လည်း ဒီနေ့ကတော့ ကွဲပြားသည်။

ယုယုက သူမ ထိုကဲ့သို့ ပြတ်ပြတ်‌သားသား မေးလိမ့်မည်ဟု မမျှော်လင့်ထားပေ။

“ပြောပြလို့ရလား”

တစ်ခုခု လွဲနေတာကို သူမ သတိထားမိသွားသော အချိန်တွင် သူက ဖုံးကွယ်ထားဖို့ မကြိုးစားတော့ပေ။

“ငါ အဲ့လောက် မတုံးသေးဘူး”

နန်ကော၏ မျက်လုံးများ ပြူးသွားသည်။ သူမသည် နှေးကွေးသော်လည်း ဉာဏ်ကောင်းနေဆဲပင် ဖြစ်သည်။

“ငါက တကယ်ကို ကျောင်းသားကောင်း တစ်ယောက်ပါ”

ယုယုက ရယ်ကာ လက်မခံခဲ့ပေ။

“နင်က ဘာလို့ စုဟွေ့ အကြောင်းကို အရမ်း စိတ်ပူနေတာလဲ”

နန်ကောက သူ့ကို စစ်မေးလိုက်သည်။

“အရင်က နင်တို့ တွေ့ဖူးပြီးတော့ နောက်ဆုံး အကြိမ်တုန်းက ရန်ဖြစ်မလို ဖြစ်ခဲ့တာလေ”

သူ လူမှားပြီး မှတ်မိနေမှာကို စိုးသောကြောင့် အရင်က ဖြစ်ပျက်ခဲ့တာတွေကို သူမက ပြောပြနေသည်။

“ငါ သိတယ်”

ယုယုက မမေ့ပေ။

သို့သော်လည်း သူက ၎င်းကို ဘယ်လိုပြောရမလဲ မသိတော့ပေ။

“ဟုတ်တယ် ငါနင့်ကို ပြောပြမှာက အဲ့အကြောင်းပဲ။ ဒီအကြောင်းအရာတွေက နင့်အတွက်တော့ နည်းနည်းလေး များလွန်းနေနိုင်တယ်”

“အဆင်ပြေပါတယ်။ မကြာသေးခင်ကမှ ငါအများကြီး လေ့လာထားတာမလို့ ငါ့ရဲ့ CPUကတော့ လောင်လုနီးပါးပဲ။ နင့်ရဲ့ ကိစ္စက ဘာမှ မဟုတ်ဘူး။ ငါလက်ခံနိုင်ပါတယ်”

သူမ ပြောသလိုပင် ။

“ငါ့ကိုပြောပါ။ တကယ်လို့ ငါကြောက်ခဲ့တယ် ဆိုရင် ငါ့ကိုယ်ငါ အရှုံးသမား အဖြစ် ခံယူလိုက်မယ်”

“ကောင်းပြီ။ အဲဒါကို ပြောဖို့ မင်း ပြောတာနော်။ ငါပြောပြပြီးရင် မင်းငါ့ကို တိုက်ခိုက်တာ၊ ဆူတာ၊ လှောင်တာတွေ မလုပ်ရဘူးနော်”

ယုယုက သူမကို ကတိတောင်းလိုက်သည်။

နန်ကောက စဉ်းစား‌မနေပဲ သဘောတူလိူက်သည်။

ထိုသို့ တွေ့ပြီးနောက် ယုယုက သူ၏ လည်ချောင်းကို ရှင်းလိုက်သည်။

“ကောင်းပြီ ငါ့ရဲ့ကဒ်ကို စားပွဲပေါ်မှာ ထားလိုက်မယ်”

“အဲဒီတုန်းက ရန်ဖြစ်ပြီးတဲ့နောက် မင်းရဲ့ အခန်းဖော်နဲ့ ငါက သူငယ်ချင်းတွေ ဖြစ်သွားတယ်။ နောက်ဆုံးအကြိမ် နားလည်မှု လွဲပြီးကတည်းက ငါတို့ သီးသန့် ထပ်တွေ့ကြသေးတယ်။ ပြီးတော့ ငါတို့က သူငယ်ချင်း ဆက်ဆံရေးကို မတော်တဆ တည်ထောင်ခဲ့ကြတာ”

“ဟမ်”

ဒါက တကယ့်ကို သတင်းအချက်အလက် အကြီးကြီးပဲ။ နန်ကောသည် အခုထိ သူ၏ ပျံ့လွင့်မှုများကို မဖမ်းဆုပ်နိုင်သေးပေ။

“သူငယ်ချင်း ဆက်ဆံရေး အသစ်ဆိုတာ ဘာကို ဆိုလိုတာလဲ”

“အဲဒါ အမ် တခြားသဘောနဲ့ သူငယ်ချင်းလား”

“နင် ဘာကို ဆိုလိုတာလဲ”

သူမက နားမလည်သေးပေ။

“ငါ”

ယုယုက သူ၏ သွားများကို အံကြိတ်ပြီး သူ၏ မျက်လုံးများကို မှိတ်ကာ ခိုင်ခိုင်မာမာ ပြောလိုက်သည်။

“အကျိုးအမြတ် ရှိတဲ့ သူငယ်ချင်း”

******

All Chapters