← Chapters

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း ၁၈၇

Vol. 19 Ch. 187

187 01

အပိုင်း (၁၈၇)

နန်ကောက နားမလည်ပေမဲ့ ထိုစကားကို သူမ ကြားသော အချိန်တွင် သူမ အံ့ဩနေသေးသည်။

ကြောင်တောင်တောင်ဖြင့် သူမရပ်နေတာကို မြင်ကာ နန်ကောက သက်ပြင်းချလိုက်သည်။ သူမ ထိုနည်းလမ်းဖြင့် တုံ့ပြန်လိမ့်မည်ကို သူသိသည်။

“ငါက ပိုပြီး ညင်ညင်သာသာ ပြောချင်ပေမဲ့ မင်းက ငါ့ကို အောက်ဆုံးထိ ရောက်အောင် တိုက်တွန်းနေတာလေ”

“ဒါက ငါ့ရဲ့ အမှားလား”

နန်ကော၏ ပါးစပ်ထောင်မှာ ပြင်းထန်စွာ လှုပ်ခတ်သွားသည်။ သူက ဘာလို့ ဒီလောက်တောင် ယုတ္တိ မရှိရတာလဲ။ သို့သော်လည်း အခု သူနှင့် ငြင်းခုန်ဖို့ ခံစားချက် မရှိသေးပေ။ ထိုအရာက အဓိက မဟုတ်ပေ။

“နင် စုဟွေ့နဲ့ အိပ်နေတာလား”

“နင် ဘယ်လိုလုပ် ဒီလို ကောက်ချက် ချလိုက်တာလဲ”

ယုယု ပြောစရာ စကား မဲ့သွားသည်။

“ငါတို့က ပုံမှန် ဆက်ဆံရေးပဲ ရှိပါသေးတယ်။ ငါတို့ အလုပ်သမားနေ့ အားလပ်ရက်တုန်းကမှ အတူတူ ရှိခဲ့တာ။ ပြီးခဲ့တဲ့ အပတ်တုန်းကတောင် ငါတို့ တွေ့ခဲ့သေးတယ်”

“ဒါဆို နင်တို့ ချိန်းတွေ့နေတာလား”

“တကယ် မဟုတ်ပါဘူး။ ငါတို့က အကျိုးအမြတ်ရှိတဲ့ တိုက်ရိုက် သူငယ်ချင်းတွေပဲ”

“ဒီလို ဆက်ဆံရေးမျိုး သက်သက်ပဲ”

“နင်တို့က ဒီလို ဆက်ဆံရေးမျိုး ရှိနေပြီ။ အဲဒါကို သန့်စင်တယ်လို့ ဘယ်လို စဉ်းစားရမှာလဲ”

နန်ကောက သူမ၏ လက်မကို ကိုက်လိုက်ပြီး ကမ္ဘာသစ် တစ်ခုဆီသို့ တံခါး ပွင့်သွားသလို ခံစားလိုက်ရသည်။ ခဏတာ စဉ်းစားပြီးနောက် သူမက နားမလည်နိုင်တော့ပေ။

“အရင်က နင်တို့ ဆုံတဲ့ အချိန်တုန်းက တစ်ယောက်နဲ့ တစ်ယောက် မကြိုက်ကြဘူးမလား”

ထိုသို့ ပြောပြီးနောက် ယုယုက အော်လိုက်သည်။

“သူမက ငါ့ကို အရင်ကလည်း မကြိုက်ဘူး အခုလဲ မကြိုက်ဘူး”

“ဒါက ဘာလို့လဲ”

“ငါတို့ အချင်းချင်းရဲ့ ဝိဉာဏ်တွေကို မထီမဲ့မြင် ပြုထားပေမဲ့ ငါတို့ရဲ့ ခန္ဓာကိုယ်တွေက အရမ်းကို သဟဇာတ ဖြစ်နေသေးတာလို့ ငါအခု ပြောနေတာ မဟုတ်ဘူးလား”

နန်ကောက စိတ်ရှုပ်ထွေးစွာ အော်လိုက်သည်။

စုဟွေ့မှာ ကောင်လေး ထပ်ရသွားတာကို အိပ်စောင်ရှိ လူတိုင်းက သိသော်လည်း လူတိုင်းက သူတို့ကိုယ်တိုင် ခန့်မှန်းနေကြသည်။ စုဟွေ့က ထိုကိုယ်ရေးကိုယ်တာ ကိစ္စကို ပြောပြဖို့အတွက် အစပျိုးမှု မယူသေးသောကြောင့် ဘယ်သူကမှလည်း မမေးပေ။

စုဟွေ့က ရက်အနည်းငယ်လောက် နေ့တိုင်း ချိန်းတွေ့ဖို့ သွားသွားနေတာကို သူတို့ တွေ့ပြီး သူမတွင် ကောင်လေး အသစ် ရှိနေတာကို သူတို့ အလိုလို တွေးနေကြသည်။

သို့သော်လည်း ထိုကောင်လေးက ယုဖြစ်လိမ့်မယ် ဆိုတာကို သူတို့ ဘယ်တုန်းကမှ မမျှော်လင့် ထားခဲ့ပေ။

မဟုတ်ဘူး သူက သူမ၏ ကောင်လေး မဟုတ်ပေ။

သူမသည် ယုယုကို မော့ကြည့်လိုက်ပြီး သူတို့ နှစ်ယောက် အတူတူ ရှိနေသော မြင်ကွင်း အကြောင်းကို တွေးလိုက်သည်။

အာ……

တကယ်တော့ စောနက ယုယု ပြောသလိုပင် သူတို့၏ ဝိဉာဏ်များ တိုက်သွားမိခဲ့လျှင် အလျော့မပေးပဲ နှစ်ဖက်လုံးက ဒုက္ခရောက်ကြလိမ့်မည်။

သူတို့ အတွက်တော့ ချစ်သူ ဖြစ်ဖို့က တကယ်ကို မသင့်လျော်ပေ။

သူတို့၏ ကိုယ်ရည် ကိုယ်သွေးများက တစ်ယောက်နဲ့ တစ်ယောက် ဖြည့်စည်းပေးခြင်း တကယ်ကို မရှိပေ။ ထို့အပြင် သူတို့ နှစ်ယောက်လုံးက ချစ်သူ ဖြစ်သွားသော အချိန်တွင် ပို၍ အတားအဆီး မရှိ ဖြစ်လိမ့်မည်။

ပြတ်ပြတ်သားသား ပြောရလျှင် သူတို့ တစ်ယောက်ကို တစ်ယောက် တိုက်မိသွားလျှင် ၎င်းမှာ လူဖျင်းနှင့် လူသွမ်းများ ဖြစ်ကြသည်။

ဘယ်သူက ပိုသန်မာလဲ ဆိုတာ ပြောပြဖို့ ခက်သည်။

သို့သော်လည်း သူတို့က အတူတူ မဟုတ်ပေ။ ၎င်းမှာ ဖြူစင်တဲ့ ဆက်ဆံရေးမျိုး ဖြစ်သည်။ ဒုတိယ အတွေးအနေဖြင့် မကောင်းတဲ့ ကိစ္စ မဟုတ်ဘူးဟု နန်ကော ခံစားရသည်။

ယုယု ကောင်မလေး ပြောင်းတာ ဘယ်လောက် မြန်လဲ ဆိုတာကို သူမ သိသည်။ စုဟွေ့လည်းပဲ သူမ၏ ကောင်လေးအပေါ် မျှော်လင့်ချက် မြင့်မြင့်မားမား ရှိခဲ့သည်။

သူတို့ အေးအေးဆေးဆေး လမ်းခွဲလိုက်မယ် ဆိုရင် ကောင်းလိမ့်မယ်။ ဒါပေမဲ့ သူတို့ ပဋိပက္ခ တစ်စုံတစ်ရာ ရှိခဲ့လျှင် သူမအတွက် နှစ်ဖက်စလုံးကို ကူညီပေးဖို့ရာ မသင့်လျော်ပေ။

သူတို့ နှစ်ယောက်လုံး သဘောတူညီမှု ရပြီးကတည်းက နန်ကော သူတို့ကို မခွဲတိုင်တော့ပေ။

စုဟွေ့နှင့် ယုယု နှစ်ယောက်လုံးက အရွယ်ရောက်ပြီးသားများ ဖြစ်ကြသည်။ သူတို့က အချစ်ရေးနှင့် ဆန့်ကျင်ဘက် လိင်နှင့် ဆက်ဆံခြင်းတွင် တကယ်ကို ပို၍ သူမထက် အတွေ့အကြုံ ရှိကြသောကြောင့် သူမက ဘာမှ ပြောလို့မရပေ။

သူမသည် ကျန်ရှိနေသော အသီးဖျော်ရည် ခွက်တစ်ဝက်ကို တိတ်တဆိတ် သောက်လိုက်ပြီး စကား ပြောတာကို ရပ်လိုက်သည်။

ယုယုက စားပွဲကို ခေါက်လိုက်သည်။

သူ၏ ပန်းတိုင်းကို အခုမှ ရောက်သည်။

နန်ကောက သူမ၏ မျက်လုံးကို ပင့်ကာ သူမ၏ ပါးစပ်ထဲတွင် ပိုက်ကို ကိုက်ကာ သူ့ကို စကား‌မပြောချင်သော ပုံစံဖြင့် မော့ကြည့်လိုက်သည်။

“ငါ အခုထိ မပြီးသေးဘူး”

သူက ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်သည်။

187 02

“ငါပြောချင်တာက ငါတို့မှာ ဒီလို ဆက်ဆံရေးမျိုး ရှိနေသေးပေမဲ့ အနာဂတ်မှာ ငါတို့ တိုးတက် နိုင်သေးတယ်လို့ ထင်တယ်”

ထိုအချိန်တွင် နန်ကောက အလျင်အမြန် နားလည် သွားသည်။

“ဒါဆို နင်က ငါ့ကို ဘာလို့ ရှာတာလဲ”

“ငါ့ထက်ပိုပြီး နင်က သူမအကြောင်းကို ပိုသိမယ် ဆိုတာ သေချာတယ်လေ။ နင်က အသင့်လုပ်ထားတဲ့ စစ်ဘက်ဆိုင်ရာ အကြံပေးတစ်ဦး ဖြစ်တာကြောင့် ငါနင့်ကို ရှာတာလေ”

ယုယုမှာ ဘယ်သူကမှ မငြင်းဆန်ဖူးသော လူတစ်ယောက် ဖြစ်သည်။

သူဘက်က တစ်ဖက်လူကို ရန်မစရဲပေမဲ့ သူ တစ်စုံတစ်ယောက်ကို စိတ်ကူးယဉ်မိပြီဆိုလျှင် သူမကို ရအောင်ယူတတ်သည်။

နန်ကောက ထိုအကြောင်းကို ကောင်းကောင်းသိသည်။ ပိုအရေးကြီးတာက ယု၏ အချစ်ရေးမှာ ခဏတာသာ ဖြစ်သည်။ မိန်းကလေးကို ရရှိပြီးသည့် နောက်တွင် ဒုတိယ ခြေလှမ်းမှာ လမ်းခွဲဖို့သာ ဖြစ်သည်။

သူမကို ရည်းစားစကား ပြောဖို့ စီစဉ်ထားလျှင် သူမကို မြတ်နိုးတော့မည် မဟုတ်ပေ။

“နင် ငါ့ကို မေးတာဆိုရင် စုဟွေ့ကို လိုက်ဖို့ ငါနင့်ကို ဘယ်လိုမှ အကြံပေးမှာ မဟုတ်ဘူး။ လက်ရှိ အနေအနားကို ထိန်းထားနိုင်မယ် ဆိုရင် ငါဘာမှ မသိသလို နေပေးမယ်။ ဒါပေမဲ့ နင် နောက်ထပ် ဆက်သွားချင်တယ် ဆိုရင်တော့ တခြားတစ်ယောက်ကို ရှာတာ ပိုကောင်းလိမ့်မယ်”

“ငါ့ရဲ့ အရင်က မှတ်မိသလောက်ဆိုရင် စုဟွေ့ရဲ့ အရင်က ကောင်လေးတွေက နင်နဲ့ ဆန့်ကျင်ဘက်ပဲလို့ ထင်တယ်။ နင်က သူမရဲ့ အရသာနဲ့ လိုက်ဖက်တဲ့ပုံ မပေါ်ဘူး”

“သူမက ဆက်ဆံရေးကို ရှေ့ဆက်ဖို့လည်း ရည်ရွယ်ချက် မရှိဘူးလို့ ငါထင်တယ်။ နင်တို့ တစ်ယောက်နဲ့တစ်ယောက် သိနေသေးသ၍ သူမက နင့်ကို ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး။ သူမက ဆက်ဆံရေးကို အဝေးကြီး သွားဖို့ မမျှော်လင့် ထားဘူးလို့ ငါထင်တယ်။ သူမက ငါ့ကို အဆင်မပြေတဲ့ အနေအထားမျိုးမှာ ထားမှာ မဟုတ်တာကြောင့် အဲဒီအကြောင်းကို ငါ့ကိုပြောဖို့ မလိုအပ်ဘူးလို့ သူမ ထင်နေတာ ဖြစ်မယ်”

“ဘယ်လိုပဲ ဖြစ်ဖြစ် သူမ၏ ကိုယ်ရည်ကိုယ်သွေးကို ခွဲခြမ်း စိတ်ဖြာခြင်းအရ သူမ အဲ့လို တွေးနေတာ ဖြစ်နိုင်တယ်”

သူမ၏ စကားကို ကြားပြီးနောက် ယုယု၏ အမူအရာက အများကြီး ပြောင်းလဲမသွားပေ။ သူက မအံ့ဩသလို ဝမ်းလည်း မနည်းပေ။

ထိုကိစ္စက သူနှင့် ဘာမှ မဆိုင်သလိုပင် ဖြစ်သည်။

နန်ကောက ထိုကဲ့သို့ ဖြစ်မည်ကို သူသိသည်။ သူမက သက်ပြင်းချကာ ပြောလိုက်သည်။

“နင်တို့ နှစ်ယောက် အခုလို ဖြစ်နေရတာ အဆင်မပြေဘူးမလား။ တစ်ယောက်ကို တစ်ယောက် တာဝန်ယူဖို့ မလိုပါဘူး။ ကန့်သတ်ချက်တွေ ချည်နှောင် ထားတာတွေလည်း မရှိဘူး။ မင်းက လွတ်လပ်တယ်။ အဲဒါက မင်းအတွက်လည်း မကောင်းဘူး”

“နင်က ဘာလို့ ရှေ့ဆက်တိုးနေဦးမှာလဲ။ နောက်ထပ်ကော ဘာလဲ”

ယုယု၏ ပုံစံမှာ ထိုကဲ့သို့ လုပ်မှာ မဟုတ်ကြောင်း ရှင်းလင်းသည်။

သူ၏ “အချစ်” ဟု‌ ခေါ်သော အရာက လျင်မြန်စွာ ရောက်လာခဲ့သည်။ အရိုးသားဆုံး ပြောရလျှင် သူက သွေးဆောင် ဖြား‌ယောင်းခြင်း လုံးဝ မခံခဲ့ရပေ။ သူကသာ အမြဲတမ်း ကစားနေခဲ့သည်။ ၎င်းမှာ အပေါ်ယံသာ ဖြစ်သည်။

“နင့်ရဲ့ ရည်းစားဟောင်းတွေ အားလုံးက နင့်နောက်ကို အရင် လိုက်ခဲ့ကြတာလေ။ သူမရဲ့ သရုပ်ဆောင်မှုကို အနိုင်လိုချင်နေတဲ့ နင့်ရဲ့ ဆန္ဒကြောင့် ဖြစ်ပေမဲ့ နင် စုဟွေ့ကို တကယ် မကြိုက်ပါဘူး။ နင် သူမကို ရပြီးတဲ့ အချိန်ရောက်ရင် နင် ဘာကိုမှ စိတ်ဝင်စားမှာ မဟုတ်ဘူး။ အဲ့အချိန်ရောက်ရင် အရမ်း အဆင်မပြေ ဖြစ်နေလိမ့်မယ်။ တစ်ဖက်လူရဲ့ ခံစားချက်ကို ကစားရင် ဖောက်ပြန်မှုအတွက် လူအများရဲ့ ခဲနဲ့ ပစ်တာကို နင်ခံရလိမ့်မယ်။ ငါလည်းပဲ နင့်ကို ရွံမိလိမ့်မယ်”

သူ နားထောင်နေပုံ မပေါ်တာကို မြင်ပြီး နန်ကောက မျက်မှောင် ကြုတ်လိုက်သည်။

“ငါ ဟာသ ပြောနေတာ မဟုတ်ဘူး။ နင် သူမကို လိုက်ပြီး ပစ်ထားခဲ့ရင် ငါနင့်ကို တကယ် အဆက်အသွယ် ဖြတ်လိုက်မှာ”

သူတို့ နှစ်ယောက် အဆင်ပြေနေသ၍ အရာအားလုံးက သိပ်မပြင်းထန်ပါ။

သူတို့ထဲက တစ်ယောက်က တခြား ရည်ရွယ်ချက် ရှိနေရင်တော့ ကိစ္စမရှိပေ။ သူတို့က ပုံမှန် ဖြစ်စဉ် အတိုင်းသာ လိုက်နာကြရမည်။

လိမ်ညာပြီး တစ်ယောက် နှလုံးသား တစ်ယောက် ကစားနေတာက အဆိုးဆုံးပင် ဖြစ်သည်။

၎င်းမှာ ရွံမုန်းစရာ အကောင်းဆုံး အရာဖြစ်သည်။

ယုယုက ဘယ်တုန်းကမှ အစမပြုခဲ့သော်လည်း သူ၏ အတိတ်က အချစ်ရေး အားလုံးတွင် တစ်ဖက်လူက အစပျိုးပြီး ဖြတ်တောက်ခဲ့ခြင်းသာ ဖြစ်သည်။ ညှိနှိုင်းနေဖို့ နေရာ မရှိပေ။

ကျန်းမြို့၏ ဒုတိယ မျိုးဆက် အမွေဆက်ခံသူများထဲမှ ချမ်းသာသော အသိုင်းအဝိုင်းတွင် ယုယုသည် သေချာပေါက် ညစ်ညမ်းသော သားများထဲမှ တစ်ယောက် ဖြစ်သည်။ ကံကောင်းတာ တစ်ခုက သူသည် အမျိုးသမီးတိုင်းကို ပုံမှန် အတိုင်းသာ ချိန်းတွေ့ပြီး မလှည့်စားခဲ့ပေ။ စုဟွေ့နှင့် ထိုကဲ့သို့ လုပ်တာ ပထမဦးဆုံး အကြိမ် ဖြစ်သော်လည်း သူသည် အခုအချိန်ထိ တခြား ဘယ်သူ့ကိုမှ မတွေ့သေးသောကြောင့် အခြေအနေမှာ လက်ခံနေနိုင်သေးသည်။

အသိုင်းအဝိုင်းထဲရှိ ပလေးဘွိုင်း များနှင့် နှိုင်းယှဉ်လျှင် ယုယုသည် တကယ့်ကို သန့်စင်သည်ဟု ယူဆနိုင်သည်။

“ငါသိတယ် ငါသိတယ်”

ယုယုက သူ၏ မျက်လုံးများကို ငုံ့ကာ သူမကို တိုက်ရိုက် မကြည့်တော့ပေ”

“ငါ တစ်ခုခုကို ပြောဖို့ မေ့နေတာ”

နန်ကောက သူမ၏ နှုတ်ခမ်းကို ဖိလိုက်သည်။

“နောက်တစ်ကြိမ် ထပ်ပြီးတော့ အလေးအနက် ထားရမဲ့ အချိန် ရောက်လာပြီလို့ နင် မထင်ဘူးလား”

187 03

“ဘာလို့ ငါက အလေးအနက် ထားသင့်တာလဲ”

ယုယုက အော်ပြောလိုက်သည်။

“ငါ့ရဲ့ မိသားစု အခြေအနေက မင်းမသိတာမျိုး မဟုတ်‌ဘူးလေ”

နန်ကော ဆို့နစ်သွားသည်။

ယုယု ကောင်မလေး များစွာနှင့် ချိန်းတွေ့တာကို ယုယု မိဘများက သိသော်လည်း သူတို့က မမြင်ချင်ယောင် ဆောင်နေကြပြီး ရင်ထဲကို လုံးဝ မထည့်ကြပေ။ ၎င်းကို တိတ်တဆိတ် ခွင့်ပြုထားသည်ဟု ယူဆနိုင်သည်။ သူတို့၏ နှလုံးသားထဲတွင် ယုယု အတွက် အကောင်းဆုံး ဇနီးလောင်းကို ရွေးချယ် ထားပြီးပြီ ဖြစ်သောကြောင့် ဖြစ်သည်။

******

All Chapters