အခန်း ၁၈၈
Vol. 19 Ch. 188
188 01
အပိုင်း (၁၈၈) ဥက္ကဌ ရှန်ကို မင်းကိုယ်မင်း ပေးဆပ်လိုက်
နန်ကောနှင့် စကားစမြည် ပြောပြီးသည့် နောက်တွင် ယုယုက သူ၏ အတွေးကို လုံးဝ လွှတ်ချလိုက်သည်။
ခဏတာ စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။ ကံကောင်း ထောက်မစွာဖြင့် နန်ကောက သူ့ကို တားလိုက်သည်။ မဟုတ်လျှင် ကိစ္စများက အနာဂတ်တွင် ကောင်းကောင်းမွန်မွန်နှင့် ပြီးဆုံးသွားနိုင်မှာ မဟုတ်ပေ။ အနာဂတ်တွင် နှစ်ဦးနှစ်ဖက် ထိခိုက်မှုနှင့် ပျက်စီးခြင်းများ ဖြစ်ပျက်မည့် မြင်ကွင်းကို မမြင်ရသည်မှာ အကောင်းဆုံး ဖြစ်သည်။
ညစာစားပြီးနောက်တွင် နန်ကောက ပြန်သွားဖို့ရာ အရေးမကြီးပေ။ သူမက ယုယုနှင့် ရပ်ကွက်ထဲကို လမ်းပတ်လျှောက်နေသည်။
“နွေရာသီ အားလပ်ရက်မှာ ဘာအစီအစဉ် ရှိလဲ”
အလုပ်သမားနေ့ အားလပ်ရက်နှင့် မတူပဲ စုဟွေ့က နွေရာသီ အားလပ်ရက် အတွင်း အိမ်သို့ ပြန်ချင်သည်။ ယုယုတွင်တော့ ဘာအစီအစဉ်မှ မရှိပေ။
နန်ကောသည် မော်ဒယ်ဝတ်စုံ အသစ်ကို ကြည့်ကာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူမ၏ ဘေးရှိ ကောင်တာ ဝန်ထမ်းကို ခေါင်းညိတ်ပြကာ အဝေးကို ကြည့်လိုက်သည်။
“နွေရာသီ အားလပ်ရက်အတွင်း မြို့တော်ကို သွားဖြစ်မယ်”
“ဟမ်”
ယုယု ကြောင်သွားသည်။
“အားလပ်ရက်ကိုလား”
“တကယ် မဟုတ်ဘူး”
နန်ကောက ဘီစကွတ်ကို ကိုက်လိုက်သည်။
“အနာဂတ်မှာ ဘွဲ့ရ ကျောင်းသား တစ်ယောက် အနေနဲ့ အဲ့ဒီကို လေ့လာဖို့ သွားရမှာ မဟုတ်ဘူးလား။ ငါ့ရဲ့ အငယ်ဆုံး ဦးလေးကလည်း အဲ့မှာ နေတာကြောင့် ကျောင်းနဲ့ နီးတဲ့ အိမ်ကို ရှာဖို့ ငါ့အစ်ကိုက သူ့ကို အကူအညီ တောင်းထားပေးတယ်။ ငါ့ဦးလေးက နှစ်နေရာ ရွေးထားပေးပြီး ဆုံးဖြတ်ချက် မချခင် သွားကြည့်ဖို့ ငါ့ကို ပြောထားတယ်”
“စောနေသေးတယ် မလား။ အဲဒါအပြင် နင် ဝင်တောင် မဝင်ရသေးဘူး။ နင် မဝင်နိုင်ဘူး ဆိုရင် အဓိပ္ပာယ် မဲ့နေမှာ မဟုတ်ဘူးလား”
ယုယုက စိတ်ပေါက်ကာ ပြောလိုက်သည်။
“အစ်ကိုနန် ပြောတော့ နင့်ကို မထောက်ပံ့ဘူး ဆိုပြီးတော့ အခုတော့ နင့်အတွက် အိမ်တောင် စရှာပေးနေပြီလား”
“အဲဒါ ငါ့အစ်ကို မဟုတ်ဘူး။ ငါ့ရဲ့ ဦးလေး အငယ်ဆုံးက ငါ့ကို ပေးချင်တာ။ ငါ့ဦးလေး ပြောတာက တကယ်လို့ ငါဝင်နိုင်ရင် သူငါ့ကို ပေးပြီး ငါက မဝင်နိုင်ဘူးဆိုရင်တော့ တခြားလူကို ရောင်းမယ်တဲ့”
ယုယု…
အစပိုင်းတွင် ကိစ္စကို သဘောပေါက် နားလည်သူမှာ နန်ကျဲ့ ဖြစ်သည်။ သူ၏ ဦးလေးက ထိုအကြောင်းကို ကြားသော အချိန်တွင် သူ့ကိုယ်သူ ယူသွားလိုက်သည်။ နန်ကျဲ့က ရွေးချယ်စရာ မရှိပေ။
သူ၏ အငယ်ဆုံး ဦးလေးမှာ နန်ကျဲ့ထက် သိပ်မကြီးသော်လည်း သူ့တွင် ဝါအရ အားသာချက် ရှိသည်။
“အဲ့ဒါအပြင် ငါရဲ့ အငယ်ဆုံး ဦးလေးကလည်း နောက်ကျနေပြီလို့ ပြောတယ်။ ပြုပြင် မွမ်းမံတာတွေ အပြီးသတ်ဖို့က အချိန်ကြာဦးမှာဖြစ်လို့ အခုက အချိန်ကောင်းပဲ”
“ဒါဆို နွေရာသီ အားလပ်ရက် အတွင်း ဥက္ကဌ ရှန်နဲ့ အပြင်ထွက်ဖို့ အစီအစဉ် မရှိဘူးလား”
“ငါ သွားချင်တယ် ဒါပေမဲ့”
ထိုသို့ ပြောပြီးနောက် နန်ကော၏ မျက်လုံးများ မှိန်သွားသည်။
“သူက နောက်တစ်ပတ်ကျရင် မြို့တော် Mကို သွားမှာလေ။ တစ်လလောက် ကြာမှ သူပြန်လာမှာလေ”
“ဟင်း”
ယုယု ကြည်နူးသွားသည်။ သူ၏ လက်ကို သူမ၏ ပခုံးပေါ်တွင် တင်ထားလိုက်ပြီး ရယ်နေတာကို မရပ်နိုင်တော့ပေ။
“မင်းက ငါ့ထက် အများကြီး ပိုကောင်းတာတော့ မဟုတ်ပါဘူး”
ထိုသို့ ကြားပြီးနောက် နန်ကောသည် သူ၏ ဘေးမှ စိုက်ကြည့်လိုက်ပြီး သူ၏ လက်မောင်းကို ဆိတ်လိုက်သည်။
ရယ်စရာ ဘာအကြောင်းများ ရှိလို့လဲ။
သူမသည် သူနှင့် စိတ်ညစ်နေသော်လည်း နန်ကော ဒီနေ့ စိတ်ပူပန် နေကြောင့် ယုယု သဘောပေါက်သည်။
“နင် ဘာတွေ စဉ်းစားနေတာလဲ”
“ရှန်ရန်ချင်းရဲ့ မွေးနေ့က မကြာခင် လာတော့မယ်။ သူ့ကို ဘာပေးရမလဲ ဆိုတာ စဉ်းစားလို့ မရသေးဘူး”
နန်ကောက မှေးထောက်ကာ သူ၏ မျက်နှာချင်းဆိုင်ရှိ သူ၏ အင်္ကျီကို ပြီးပြည့်စုံေသာ ပုံရိပ်ဖြင့် ပြသနေသည့် မော်ဒယ် ကောင်လေးကို ကြည့်နေသည်။
188 02
၎င်းမှာ ရှန်ရန်ချင်း အတွက်တော့ မသင့်တော်ပေ။ ၎င်းမှာ သူမ အစ်ကို ကိုင်တွယ်နိုင်သော ပုံစံမျိုး ဖြစ်သည်။
သူမက ထိုအင်္ကျီကို ဝယ်ရန် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ ၎င်းကို နောက်မှ နန်ကျဲ့၏ ကုမ္ပဏီသို့ ပို့ရန် စီစဉ်လိုက်သည်။
“အဲဒါက လွယ်ပါတယ်။ ပြီးခဲ့တဲ့ အချိန်တုန်းက လက်ဆောင်ရွေးဖို့ကို ငါကူညီခဲ့တာ မဟုတ်ဘူးလား။ ဥက္ကဌရှန် အဲဒါကို ကြိုက်တယ် မလား”
နန်ကော
ယုယုက သူမနှင့် ရန်ဖြစ်နေခြင်းကို ရပ်တန့်လိုက်သည်။ သူ၏ လက်ချောင်းများကို ရေတွက်လိုက်ပြီး သူမကို လေးလေးနက်နက် အကြုံပြုလိုက်သည်။
“ယောကျာ်းလေး တစ်ယောက်ကို လက်ဆောင်ပေးတဲ့ အချိန်မှာ လက်တွေ့ကျတဲ့ အရာတွေကိုပဲ ပေးသင့်တယ်။ အဝတ်အစား၊ ဖိနပ်၊ နာရီ၊ လည်စည်း စတာတွေ ရွေးချယ် စရာတွေ အများကြီး ရှိပါတယ်”
“ဒါပေမဲ့ နင် ပြောတာတွေ အကုန်လုံး ငါသူ့ကို ပေးပြီးသားတွေပဲ”
၎င်းမှာ သူမ၏ အကြီးမားဆုံး ခေါင်းကိုက်ခြင်း ဖြစ်သည်။
“ဒါဆို ပန်း ဒါမှမဟုတ် ဝိုင် ပို့ပေးမယ် ဆိုရင်ကော။ အဲဒါလည်း အတော်လေး ရိုမန်တစ် ဆန်တယ်မလား”
နန်ကောက ပခုံးတွန့်ကာ ပြုံးလိုက်သည်။
“တိုက်ဆိုင်လိုက်တာ။ သူက ရိုမန်တစ် ဆန်တာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာလေ”
သူက နှစ်ခုစလုံးနှင့် အလက်ဂျစ်ရှိသည်။
“ဒါဆို ဥက္ကဌရှန် က ပုံမှန်ဆို ဘာလုပ်တတ်လဲ။ သူ့ရဲ့ ဝါသနာတွေနဲ့ စလိုက်ရအောင်”
“သူ့ရဲ့ ဝါသနာ…”
နန်ကောသည် သူမ၏ မှတ်ဉာဏ်ထဲတွင် ချရေးထားသော အရာ အချို့ကို သတိရသွားပြီး သူမ၏ ခေါင်းကို ခါလိုက်သည်။
သူမ၏ အမူအရာက ယုယုကို သိချင်စိတ် ဖြစ်သွားစေသည်။ သူက သူမ၏ လက်မောင်းကို တွန်းကာ ဇွတ်မေးလိုက်သည်။
“အဲဒါက ဘာလဲ။ အဲ့အကြောင်း ငါ့ကို ပြောပြ”
“အရင်ကတော့ စစ်တုရင်ကစားရတာကို ကြိုက်တယ်လို့ သူပြောတယ်”
“ဒါဆို နင်သူ့ကို ဘာလို့ စစ်တုရင် အပိုင်းအစတွေ မပေးတာလဲ။ အရည်အသွေး မြင့်တဲ့ ကျောက်စိမ်းကို အသုံးပြုပြီး တစ်ဆက် လုပ်ပေးဖို့ အသိတစ်ယောက်ကို ငါရှာပေးနိုင်ပါတယ်”
“ဘယ်လောက်လဲ”
နန်ကောက မေးလိုက်သည်။
နန်ကောက ခဏတာ စဉ်းစားလိုက်ပြီး လက်ချောင်း အနည်းငယ်ကို ဆန့်ထုတ်လိုက်သည်။
“ဘာပဲဖြစ်ဖြစ် ဒီပမာဏ ပတ်ချာလည်တော့ ရှိသင့်တယ်လေ။ အဲဒါက ဈေးပေါတယ်ဆိုရင် သူ့ကို ပေးရတာ အဆင်မပြေ ဖြစ်နိုင်တယ်လေ”
“ဒီထက့် ပိုဈေးကြီးတာ ရှိသေးလား”
“ပိုဈေးကြီးတာ တစ်ခုခုလား”
ယုယု မျက်မှောင်ကြုတ်လိုက်သည်။
“အချိန် နည်းနည်း ယူရင်တော့ ပိုကောင်းတာ ရမှာပေါ့။ အဲဒါအပြင် ဈေးကွက်ထဲက အကောင်းဆုံး တစ်ခုကို အဲ့ဈေးနဲ့ ရနိုင်တယ်”
သူက တခြားနံပါတ် တစ်ခုကို သွက်သွက် လက်လက် ရွတ်ပြလိုက်သည်။
နန်ကောက အထင်အမြင်သေးစွာ သူမ၏ လျှာကို လိပ်လိုက်သည်။
ထိုအရာကို တွေ့ပြီး ယုယုက ပြုံးလိုက်သည်။
“မင်းမှာ ဘယ်လို မိသားစု နောက်ခံရှိတာလဲ။ အဲဒါက မင်းအတွက် မလုံလောက်ဘူးလား”
“အဲလို မဟုတ်ဘူး”
နန်ကော ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
“သူ့အိမ်မှာ စစ်တုရင်တွေ အများကြီး ရှိတယ်။ ငါပြီးခဲ့တဲ့ တစ်ခေါက် သွားခဲ့တုန်းက သူပိုင်တဲ့ ဈေးအသက်သာဆုံး တစ်ဆက်က မင်းပြောတာထက် အများကြီး ကုန်ကျတယ်”
သူမက အဲဒါကို သူ့ကို ဘယ်လို ပေးနိုင်မှာလဲ။
“အဲဒါအပြင် ဒီထက် ပိုဈေးကြီးတဲ့ အရာဆိုရင်လည်း ငါ မတတ်နိုင်ဘူး။ ငါ့ရဲ့ ဘဏ်ကဒ်ထဲမှာ ထည့်ထားလို့ ရပေမဲ့ ငါ့အစ်ကို ရှာတွေ့သွားရင် အဲဒါကို ရှင်းပြဖို့ ငါ့အတွက် လွယ်မှာ မဟုတ်ဘူး”
နောက်ဆုံး အကြိမ် သူမ နှစ်သန်း သုံးခဲ့တဲ့ အချိန်တုန်းက နန့်ကျဲ့သည် သူမ၏ နှာခေါင်းကို လက်ညှိုးထိုးပြီး မျှော်လင့်ချက်မဲ့ အချစ်ရေး သမားဟု သူမကို ကြိမ်းမောင်းခဲ့သည်။ ဒီတစ်ကြိမ်တွင် သူမ ခြောက်သန်း ခုနှစ်သန်းလောက်သာ သုံးလိုက်လျှင် နန်ကျဲ့က ရှန်ရန်ချင်းကို သေအောင် ရိုက်မှာမလား။
“အဲ့လို မဖြစ်နိုင်ပါဘူး”
ယုယုလည်းပဲ အသက်ပြင်းပြင်း ရှူလိုက်သည်။
“ရှန်ရန်ချင်းရဲ့ မိသားစုက မျိုးဆက် လေးခုအထိ ဩဇာ ညောင်းခဲ့ကြတာလေ။ သူသာဆိုရင် သူမိသားစုမှာ အသုံး မဝင်ဆုံးလူပဲ”
ယုယု။
ဘာလို့ ဒီလောက်အထိ စိတ်အနှောက်အယှက် ဖြစ်နေရတာလဲ
ရှန်ရန်ချင်း၏ လက်ရှိ ပိုင်ဆိုင်မှုမှာ အနည်းဆုံး ဆယ်ဘီလီယမ် ရှိသည်။ အဲဒါကို အသုံး မဝင်ဆုံးလို့ ဘယ်လို ယူဆနိုင်မှာလဲ။
188 03
“သူ့ရဲ့ဘိုးဘေးတွေ အထူးသဖြင့် သူ့ရဲ့ အဘိုးတွေ အားလုံးက ပညာတတ်တွေပဲ။ သူတို့က စစ်တုရင် ကစားရတာကို အကြိုက်ဆုံးပဲ။ ရှန်ရန်ချင်းက အဲဒါကို သူ့အဖိုးဆီက သင်ခဲ့တာ”
ထိုသို့ ကြားပြီးနောက် သူ့ကို စစ်တုရင် အပိုင်းအစများ ပေးတာ အကြံဉာဏ်ကောင်း မဟုတ်ဘူးလို့ ယုယု ခံစားမိသည်။ သူ၏ မိသားစုထဲက တစ်ယောက်ယောက်က စစ်တုရင် အကြောင်းကို အထူး သိသောကြောင့် ဈေးကြီးသော စစ်တုရင်ကို စုဆောင်းတာက ကောင်းသည်။ သို့သော်လည်း သူ၏ မိသားစုသည် ဈေးကွက်တွင် ဘယ်တုန်းကမှ မမြင်ဘူးသော ပစ္စည်းကောင်းများကိုသာ စုဆောင်းပြီး အများကြီး ရှ်ိသည်။ တကယ်တော့ သူ့ကို ထပ်ပေးဖို့ရာ မလိုပေ။
ဆိုင်ထဲမှ သူတို့ ထွက်လာပြီးသော အချိန်တွင် နန်ကောနှင့် ယုယု နှစ်ယောက်လုံး လေးလေးနက်နက် ကြည့်လိုက်သည်။
သူတို့ နှစ်ယောက်လုံး နာရီဝက်လောက် ဆွေးနွေးကြသော်လည်း သဘောတူညီမှု မရနိုင်ခဲ့ပေ။
ယုယု၏ အကြံပြုချက်တိုင်းကို နန်ကောက ငြင်းဆိုခဲ့သည်။ နောက်ဆုံးတွင် သူ၏ သည်းခံနိုင်စွမ်းများ ကုန်သွားသည်။
“မင်း မှန်ကန်တဲ့ လက်ဆောင်ကို မရွေးချယ်နိုင်ဘူးဆိုရင် သူကို မင်းကိုယ်မင်း ကိုယ်တိုင်သာ ပေးလိုက်တော့”
“ဟမ်”
နန်ကောသည် သူမ၏ ခြေလှမ်းများ ရပ်တန့်သွားပြီး သူ့ဘက်ကို အံ့ဩစွာဖြင့် လှည့်လိုက်သည်။ စက္ကန့် အနည်းငယ်လောက် မျက်လုံးချင်း ဆိုင်ပြီးနောက် သူမ၏ ကြည်လင်နေသော မျက်လုံးထဲတွင် တစ်ခုခု မွှေနှောက်သွားသည်။ သူမက နောက်ဆုံးတွင် သူ ဆိုလိုတာကို နားလည်သွားသည်။
“နင်၊ နင်၊ နင်”
နန်ကော၏ မျက်နှာသည် မြင်သာသာ အရှိန်ဖြင့် နီမြန်းသွားသည်။ သူမသည် ပါးစပ် အဟောင်းသား ဖြစ်နေပြီး အချိန်အတော်ကြာ စကားကို ဆုံးအောင် မပြောနိုင်တော့ပေ။
ယုယုသည် လက်တစ်ဖက်က ခါးထောက်ကာ သက်ပြင်းချလိုက်သည်။
“ဘာတစ်ခုမှ အလုပ် မဖြစ်လို့ ဥက္ကဌရှန် ကို နင့်ကိုယ်နင်သာ ပေးလိုက်တော့။ လူတိုင်း ပျော်ကြလိမ့်မယ်။ အစ်ကိုနန် ရှာတွေ့သွားရင်လည်း နင့်ကို အသေသတ်လိမ့်မယ်”
နန်ကော၏ ပါးစပ်ထောင့်များ ပြင်းထန်စွာ လှုပ်ယမ်းသွားသည်။
“နင့်ကို သေအောင် ခုတ်ထစ်လိုက်တာ ပိုကောင်းတယ် မလား”
ယုယု မျက်တောင် ခတ်လိုက်သည်။
“ငါ အကြံပြုပေးပြီးပြီလေ။ လက်ခံသည် ဖြစ်စေ လက်မခံသည်ဖြစ်စေ ပြီးတော့ ဘယ်လိုပဲ အပြစ်ပေးပေး အဲဒါက ငါနဲ့ မဆိုင်ဘူး”
သူက အပြစ်မတင်ကြောင်းကို ရှင်းပြလိုက်သည်။
“နင် ငါ့အစ်ကိုကို အဲ့လို ပြောလိုက်ရင် သူက နင် မြန်မြန်သေဖို့ အာမခံပြီး နင့်ကို မြန်မြန် ခုတ်ထစ် ပြစ်လိမ့်မယ်”
******