အခန်း ၁၈၉
Vol. 19 Ch. 189
189 01
အပိုင်း (၁၈၉) ချစ်စရာ ကောင်းတဲ့ အဆီကောင်လေး ဆိုရင်ရော ဘယ်လိုလဲ။
သူက ဟာသ ပြောနေသော်လည်း ယုယုက နန်ကောကို “ကုမ္ပဏီ အဆောက်အဦးသို့ ဒီအကြုံပြုချက်အတိုင်း နင်သွားလို့ ရတယ်လို့တော့ ငါထင်တယ်”
ပြန်လိုက်ပို့သော အချိန်တွင် သူက မနေနိုင်ဘဲ ပြောလိုက်သည်။
“တကယ် ပြောတာ”
နန်ကောက သူ၏ ထိုင်ခုံ ခါးပတ်ကို ချွတ်ရင်း ရပ်လိုက်သည်။
ယုယုက ဆက်ပြောလိုက်သည်။
“ဒါမှမဟုတ် ပိုပြီး လိမ္မာ ပါးနပ်ချင်တယ်ဆိုရင် ဥက္ကဌရှန်းအတွက် ကွန်ဒုံးဗူးပါ ဝယ်သွားပေးလို့ ရတယ်။ အဲဒါကိုလည်း လက်ဆောင်အဖြစ် ယူဆနိုင်တာပဲလေ။ ကျန်တာတွေကတော့ …..အပိုဆုလေ မဟုတ်ဘူးလား”
နန်ကော “…”
“နင့်ရဲ့ ဖင်ကို လိမ်လိမ်မာမာနဲ့”
ထိုအရာတွင် သူမသည် ဘယ်အရာကိုမှ လိမ္မာ ပါးနပ်စွာ မမြင်နိုင်ပေ။
နန်ကောသည် နီရဲနေသော မျက်နှာဖြင့် ကားထဲမှ ထွက်သွားပြီး တံခါးကို ပိတ်လိုက်သည်။
ယုယုသည် မကျေမနပ်ဖြင့် ကားပြတင်းပေါက်မှန်ကို ချကာ သူ့ကို နောက်ကျောပေးထားသော လူကို ကြည့်လိုက်သည်။ သူ၏ အသံကို မြှင့်ကာ ပြောလိုက်သည်။
“မင်း အဲဒါကို ဝယ်ဖို့ ရှက်နေတယ်ဆိုရင် ငါ့ကို ရှာလို့ရတယ်လေ။ ငါ မင်းကို ကူညီပေးမယ်။ လမ်းတစ်လျှောက်မှာ ဗူးတစ်ခုတော့ ငါ ဝယ်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် မင်းတခြားတစ်ခုခု လိုချင်တယ် ဆိုရင်တော့….”
သူ၏ အသံကို ကြားပြီး နန်ကောသည် သူမ၏ ခြေကျင်းဝတ် အဆစ်လွဲလုနီးပါး တုန်လှုပ်သွားသည်။
သူမက စူးစူးဝါးဝါး လှည့်ကြည့်လိုက်သည်။
“ယုယု နင် ငရဲပြည်ကို သွားလိုက်တော့”
နန်ကောသည် အလွန် ဒေါသထွက်ကာ သူ၏ ဒေါသများကို ထွက်ပေါက်ရအောင် ကားတံခါးကို ကန်လိုက်သည်။
“ငါ့အစ်ကို ပြောတာ မှန်တယ်။ နင်က ငါ့ကို လမ်းလွဲကို ခေါ်သွားမှာ။ ဘယ်လိုလူမျိုးက သူတို့ရဲ့ သူငယ်ချင်းကို ဒီလို အရာတွေ သင်ပေးလို့လဲ”
ယုယုသည် သူ့ကားကို ဂရုစိုက်ဖို့ရာ စိတ်အနှောက်အယှက် မဖြစ်နိုင်ပေ။ သူ့ကိုယ်သူ ကာကွယ်ဖို့ရာ အလုပ်ရှုပ်နေသည်။
“ကျေးဇူးပြုပြီး သူငယ်ချင်း အစစ်တွေကပဲ ဒီလိုမျိုး”
“ငါက အဲဒီလို ပြောတာပါ”
အဆုံးတွင် နန်ကော ထွက်ပြေးလုနီးပါး ဖြစ်ခဲ့သည်။
ဥက္ကဌရှန်၏ ရုံးခန်းထဲတွင် အတွင်းရေးမှူးသည် CEO၏ သီးသန့် ဓာတ်လှေကားထဲမှ ထွက်လာတာကို နန်ကော တွေ့လိုက်သည်။
“အစ်မနန်”
အတွင်းရေးမှူးသည် သူမ၏ လက်ထဲရှိ စာရွက်စာတမ်းများကို မြန်မြန်ပိတ်လိုက်ပြီး ရှေ့ကို လျှောက်သွားလိုက်သည်။ နန်ကော ခေါင်းညိတ်လိုက်သည်။
“ကျွန်မ အစ်ကို ရှိလား”
“ဟုတ်ကဲ့”
“ဆက်လုပ်ပါ။ ကျွန်မ ကိုယ့်ဘာသာကိုယ် သွားလိုက်မယ်”
“ကောင်းပါပြီ”
အတွင်းရေးမှူးက ပြုံးကာ သူမအတွက် လမ်းဖယ်ပေးလိုက်သည်။ သူမသည် နန်ကျဲ့၏ ရုံးခန်း ဝင်ပေါက်ကို ကြည့်ကာ တစ်ယောက်ယောက်ကို မုန့်နှင့် ကော်ဖီ ပြင်ပေးဖို့ရာ အကူအညီ တောင်းလိုက်သည်။
သူမသည် တံခါးကို သင်္ကေတဖြင့် ခေါက်လိုက်သည်။ သူမသည် အထဲမှ ဘာအသံမှ မကြားရခင် နန်ကောသည် တံခါးကို တွန်းဖွင့်ကာ ဝင်သွားသည်။
အသံကို ကြားပြီး နန်ကျဲ့က မော့မကြည့်ပေ။ သူက စခရင်ကို တည့်တည့် စိုက်ကြည့်နေသည်။
“ဘယ်လို ခေါက်ရမလဲ ဆိုတာ မသိဘူးလား”
နန်ကောသည် အပြုံးလေးနှင့် ပြေးဝင်လာပြီး သူမ လက်ထဲရှိ အိတ်ကို စားပွဲပေါ်တွင် ထားလိုက်ပြီး သူ့ရှေ့သို့ ညင်သာစွာ တွန်းပေးလိုက်သည်။
နန်ကျဲ့က ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး ရင်းနှီးသော အမှတ်တံဆိပ်ကို သတိပြုမိသွားသည်။ သူ၏ မျက်ခုံးကို ပင့်လိုက်ပြီး နောက်ဆုံးတွင် သူမကို မော့ကြည့်လိုက်သည်။
“ဘာမှ မဟုတ်ပါဘူး။ ငါ အခုပဲ ယုနဲ့ ဈေးဝယ် ထွက်လာတာ။ ငါ နင်နဲ့ အရမ်း လိုက်ဖက်တဲ့ အင်္ကျီကောင်း တစ်ထည်တွေ့လို့ နင့်အတွက် ဝယ်လာခဲ့တာ။ ချိန်းတွေ့တဲ့ အချိန် ဝတ်လို့ရတယ်”
နန်ကျဲ့သည် မောက်စ်ကို ချလိုက်ပြီး ပျင်းရိစွာဖြင့် နောက်ကို မှီလိုက်သည်။
သူ၏ မျက်လုံးကို ကျဉ်းလိုက်ပြီး မျက်နှာချင်းဆိုင်ရှိ လူကို အကဲဖြတ်လိုက်သည်။ စက္ကန့် အနည်းငယ် ကြာပြီးနောက် သူက နှာခေါင်းရှုံ့ကာ အိတ်ကို ပြန်တွန်းပေးလိုက်သည်။
“ငါ အဲဒါ မလိုဘူး”
တောက်။ သူမသည် လက်ဆောင်တစ်ခုဖြင့် ထူးခြားစွာ ပေါ်လာသောကြောင့် သူ့ထံမှ တစ်ခုခုကို လိုချင်နေတာ ဖြစ်မည်။
“နင် အဲဒါကို ဖွင့်တောင် မကြည့်ရသေးဘူးလေ။ အဲဒါက တကယ်ကို လှတယ်။ နင်သာ အဲဒါကို ဝတ်ပြီး အစ်မ ချီယန်ကို သွားတွေ့မယ် ဆိုရင် သူမက တကယ်ကို စွဲလမ်းသွားလိမ့်မယ်။ ငါ့ကို ယုံလိုက်”
189 02
“မလိုပါဘူး”
တစ်စုံတစ်ယောက်က ပခုံးကို တွန့်ကာ ပြောလိုက်သည်။
“အိတ်စွပ်ထားရင်တောင် ငါက ကြည့်ကောင်းတယ်။ ငါက သူမကို အဝတ်အစားနဲ့ မြူဆွယ်နေတယ်လို့ မင်းထင်နေတာလား”
နန်ကော ပြောစရာ စကားမဲ့သွားသည်။
သူ့ကို ဘာလုပ်မိလို့လဲ။
သို့သော်လည်း သူမ အစ်ကို၏ မျက်နှာထားကို ဂရုတစိုက် သတိပြုမိသည်။ ကောင်းရော အရေးကြီးတော့တဲ့ပုံ မပေါ်ဘူး။
အရေးကြီးဆုံး အရာမှာ သူ၏ အမိုက်စား မျက်နှာထား ဖြစ်သည်။
“မင်း ငါ့ကို ဘာလို့ ရှာတာလဲ”
“ငါက တကယ် အင်္ကျီ ပေးဖို့ပါပဲ”
နန်ကောက သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။
“ငါက နင့်ကို ဘာလို့ ရှာရမှာလဲ”
အတွင်းရေးမှူးက ဝင်လာကာ ကော်ဖီကို ချပေးလိုက်သည်။
သူ ထွက်သွားပြီးနောက်တွင် နန်ကျဲ့က ရေးတေးတေး ပြောလိုက်သည်။
“နင်ဘာတွေ တွေးနေလဲဆိုတာ ဘယ်လိုလုပ် နားမလည်ဘဲ နေမှာလဲ။ ငါဆီက ဘာမှ မလိုချင်ဘူးဆိုရင် နင် အင်္ကျီကို ဝယ်ပါ့မလား”
သူက အလုပ်လုပ်နေပြီး သူ၏ ဖုန်းကို ကြည့်ဖို့ရာ အချိန်မပေးနိုင်ပေ။ သူ ပြောလိုက်သည်နှင့် သူ၏ ဖုန်းကို ဖွင့်လိုက်ပြီး ဘေလ် အသိပေးချက် တစ်ခုကို ဖွင့်လိုက်သည်။ ၎င်းကို ဖတ်ပြီးနောက် သူက ကျိန်ဆဲလိုက်သည်။
“မင်း ငါ့ကို အဝတ်အစား ဝယ်ပေးဖို့ ငါ့ကဒ်ကို အလစ် သုတ်လိုက်တာလား”
“ငါတို့က မိသားစုတွေပဲလေ။ နင့်ပိုက်ဆံကလည်း ငါ့ပိုက်ဆံပေါ့”
နန်ကျဲ့က သူ ၎င်းကို ရွံရှာသည်ဟု ပြောသော်လည်း သူ၏ ခန္ဓာကိုယ်မှာ အလွန် ရိုးသားသည်။ အဆုံးတွင် သူက အိတ်ကို ယူကာ သူ၏ ဂျာကင်ကို ဝတ်ဖို့ မတ်တပ်ရပ်လိုက်သည်။
“အခုက ဇွန်လကုန်ပဲ။ နင် ငါ့ကို ဘာလို့ ဂျာကင် ဝယ်ပေးတာလဲ”
“အဲဒါက fall collectionက ဆိုတော့ အရင်ဆုံး သိမ်းထားပြီး အောက်တိုဘာလမှ ဝတ်လို့ရတယ်လေ”
နန်ကောသည် သူမ၏ မေးစေ့ကို ထိလိုက်ပြီး သူ့ကို မချီးမွမ်းပြ မနေနိုင်တော့ပေ။
“ငါ ပြောစရာ ရှိတယ်။ နင်က မော်ဒယ် ဝတ်ထားတာထက် ပိုကြည့်လို့ ကောင်းတယ်”
စောနက ယောကျာ်းလေး မော်ဒယ်မှာ ကြည့်ကောင်းသော်လည်း သူ၏ မျက်နှာမှာ နန်ကျဲ့နှင့် ယှဉ်လို့မရပေ။
နန်ကျဲ့သည် အစကတော့ အစွန်းရောက်သမား ဖြစ်သည်။ သူမ၏ စကားကို ကြားပြီးနောက် သူ၏ ပျော့ပျောင်းသော ဂုဏ်သတ္တိ များကို ချဲ့ထွင်ခဲ့ပြီး သူ၏ အမြှီးကို ကြည့်ရတာ ကောင်းကင်သို့ မြင့်တက်လုနီးပါး ဖြစ်ခဲ့သည်။
ကိုယ်လုံးပေါ် မှန်၏ ရှေ့တွင် ဘယ် ညာကြည့်ကာ ကျေနပ်စွာဖြင့် ပြုံးနေသည်။
“မင်းအစ်ကိုကို ကြည့်ကောင်းအောင် လုပ်တာ အဝတ်အစားတွေ မဟုတ်ဘူး။ ဂျာကင်ကို မြှင့်တင်ပေးတာက မင်းရဲ့ အစ်ကိုပဲ။ မင်းနားလည်လား”
နန်ကော မျက်လုံးများ ပြူးသွားကာ သံယောင် လိုက်နေဆဲ ဖြစ်သည်။
“ဟုတ်တယ်။ ဟုတ်တယ်”
၎င်းက ရိုးရှင်းစွာ ရယ်စရာ ကောင်းသည်။ သူမ အဖေ ဒါမှမဟုတ် ရှန်ရန်ချင်း၏ ရုံးခန်းထဲတွင် ထိုကဲ့သို့ မှန်ကြီးမျိုး ဘယ်တုန်းကမှ မတွေ့ခဲ့ဘူးပေ။
သူမ အစ်ကိုက တကယ့်ကို သာမန်လူ မဟုတ်ပေ။ ခေါင်းကနေ ခြေဖျားအထိ ဘယ်သူ့ကို မဆို သေလောက်အောင် ဆွဲချနိုင်သည် ဟူသော ယုံကြည်မှုကို ဖော်ထုတ်ပြနေပုံ ပေါ်သည်။
“အစ်ကို ငါ မေးခွန်းလေး မေးလို့ ရမလား”
“မေး”
မှန်၏ ရှေ့တွင် နန်ကျဲ့က သူ၏ အင်္ကျီလက်ကို လေးလေးနက်နက် ခေါက်တင်နေသည်။ သူက ထိုအကြောင်းကို တွေးထားပြီးသား ဖြစ်သည်။ အမျိုးသားနေ့ ရောက်လျှင် ၎င်းကို ချီယန်၏ အိမ်သို့ ဝတ်သွားလိမ့်မည်။ ၎င်းမှာ အထူး လေးနက်တာမျိုး မဟုတ်သော်လည်း ပုံကြီးချဲ့တာ မျိုးတော့ မဟုတ်ပေ။ ၎င်းက သင့်တော်သည်။
မှန်ထဲတွင် သူ့ကိုယ်သူ အနီးကပ် ကြည့်ဖို့ရာ ဘေးကို လှည့်လိုက်ပြီး ကျေနပ်စွာ သက်ပြင်းချလိုက်သည်။
ဒီလို ရုပ်ချောတဲ့ လူမျိုး ဘယ်မှာ ရှိနိုင်မှာလဲ။
ဟင်း….။ သူက သဘာဝ အလှတရား ဖြစ်သည်။
“ဘယ်လို မွေးနေ့ လက်ဆောင်မျိုးက ရှန်ရန်ချင်းလို လူမျိူးကို ပျော်ရွှင်စေမှာလဲ”
မနီးမဝေးရှိ သေသပ်စွာ လှုပ်ရှားနေသော လူတစ်ယောက်က ရုတ်တရက် လှည့်လာသည်။
“ရှန်ရန်ချင်းရဲ့ မွေးနေ့ပွဲလား”
“အမ် ဟမ်”
နန်ကော ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
“မကြာခင်”
“ငါ ဘာပေးသင့်တယ်လို့ ထင်လဲ”
နန်ကျဲ့က ထိုအကြောင်းကို တကယ် လေးလေးနက်နက် စဉ်းစားနေသည်။
“ဘာပေးမှာလဲ”
“ချစ်စရာ ကောင်းတဲ့ အဆီကောင်လေး ဆိုရင်ရော ဘယ်လိုလဲ”
189 03
နန်ကော ဆို့နစ်လုနီးပါး ဖြစ်သွားသည်။
“အလေးအနက် ထားပါ။ အဲ့အကြောင်းကို စဉ်းစားကြည့်။ အစ်မ ချီယန် ဆီက ဆိုရင် နင် ဘာလို ချင်လဲ”
“နင် ပေးတာ ဘာမဆို သူကြိုက်မှာပဲ မဟုတ်ဘူးလား”
သူမကို အရူးတစ်ယောက်ကဲ့သို့ နန်ကျဲ့က ကြည့်လိုက်သည်။
“နင် ဘာလို့ ဘယ်တုန်းကမှ ရည်းစား မထားဖူးတဲ့ ပုံစံ ဖြစ်နေရတာလဲ”
သူမ အစ်ကိုက ကျေနပ်ဖို့ကို စိတ်အားထက်သန်နေမှာ သေချာပေါက်ပဲ။
နန်ကောသည် နန်ကျဲ့ဆီမှ သင့်လျော်သော အဖြေကို ရှာမတွေ့သောကြောင့် နောက်မှ တခြား တစ်ယောက်ယောက်ကို မေးဖို့ရာ စီစဉ်လိုက်သည်။
သူမသည် အိမ်ပြန်ဖို့ ကားစီးရမှာ ဖြစ်သောကြောင့် ဘေးနားတွင် ထိုင်ကာ နန်ကျဲ့ အလုပ်ပြီးအောင် စောင့်နေလိုက်သည်။
သူမ ပျင်းနေတာကြောင့် သူ၏ စားပွဲပေါ်ရှိ စာရွက်စာတမ်းတွေကို ပေါ့ပေါ့ပါးပါး လှန်ကြည့်နေသည်။
“ဒါက ဘာလဲ”
ရုတ်တရက် သူမသည် ရပ်တန့်သွားပြီး ဓာတ်ပုံ အနည်းငယ်ကို တွေ့လိုက်သည်။
နောက်တစ်စက္ကန့်တွင် တခြားလူ၏ လက်တစ်ဖက်က သူမ လက်ထဲရှိ စာရွက်စာတမ်းကို လုယူလိုက်သည်။ နန်ကော မျက်တောင် ခတ်ကာ ဘာမှ မရှိတော့သည့် သူမ၏ လက်ကို ကြည့်လိုက်သည်။ ဆန့်ကျင်ဘက်သို့ လှမ်းကြည့်ပြီး သူမ၏ တုန့်ပြန်မှုမှာ ထက်ဝက်လောက် နှေးသွားသည်။
“လက်စွပ်လား”
“နင် လက်စွပ် ဝယ်ချင်နေတာလား”
ထိုသို့ ပြောပြီးနောက် နန်ကောက တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။ ဓာတ်ပုံထဲရှိ လက်စွပ်မှာ တစ်စုံ ဖြစ်ပုံပေါ်သည်။
သူမက စစ်မေးလိုက်သည်။
“စုံတွဲ လက်စွပ်လား”
“ငါ့ပစ္စည်းတွေ ကြည့်တာ ရပ်လိုက်တော့”
နန်ကျဲ့သည် စာရွက်စာတမ်းများကို အံဆွဲထည့်သို့ ထည့်လိုက်ပြီး မငြင်းဆန်ခဲ့ပေ။
ဟုတ်တယ် လက်စွပ်ပဲ။ နန်ကော ရုတ်တရက် ထလိုက်သည်။
“အစ်ကို နောက်မှပဲ အိမ်ကို ကိုယ့်ဘာသာ ပြန်လိုက်တော့။ ငါလည်း နောက်မှပဲ ကိုယ့်ဘာသာ ပြန်လိုက်တော့မယ်”
“နင် ဘယ်သွားမလို့လဲ”
“ဒါပေါ့ ဆိုင်ကို သွားပြီး စုံတွဲလက်စွပ် ကြည့်ဖို့ သွားမလို့လေ။ ဒီစိတ်ဝင်စားစရာ ကောင်းတာ ငါ့ကို ပေးလို့ ကျေးဇူးတင်တယ်”
******