အခန်း ၁၉၀
Vol. 19 Ch. 190
190 01
အပိုင်း (၁၉၀) ချစ်စရာ ကောင်းတဲ့ ကလေးလေးတွေ ပိုင်ဆိုင်နိုင်ပါစေ။
ရှန်ရန်ချင်းသည် သူ၏ မွေးနေ့ မတိုင်ခင် မြို့တော် Mမှ ထွက်ခွါဖို့ရာ စီစဉ်ထားသည်။ သူ၏ မွေးနေ့ပွဲကို နှစ်တိုင်း အချိန်မှန် ကျင်းပသော်လည်း ဝင့်ကြွားခြင်းများ မရှိပေ။ အရွှင်ပြဆုံး အချိန်မှာ သူငယ်ချင်း အနည်းငယ်နှင့် အစားစားသော အချိန်ဖြစ်သည်။
သို့သော်လည်း အခုတော့ နန်ကော ရှိနေပြီ ဖြစ်သောကြောင့် သူက တစ်ရက် ရွှေ့ဆိုင်းဖို့ရာ ဆုံးဖြတ်လိုက်သည်။ သူ၏ မွေးနေ့ ပြီးမှသာ ထွက်ခွါဖို့ရာ စီစဉ်ထားသည်။
သူ၏ မွေးနေ့ မတိုင်ခင် ရက်တွင် ဟွာရှန် ဂရု၏ ဥက္ကဌ ရုံးခန်းမှ သူ၏ မွေးနေ့ပွဲ ကျင်းပမည်ကို ရှန်ရန်ချင်း ရှာတွေ့သွားသည်။ လူတိုင်းက စိတ်လှုပ်ရှားနေကြပြီး သူ့ကို ကျွေးမွေး ပြုစု ချင်ကြသည်။
ဝန်ထမ်း တစ်ယောက်က သူ့တို့၏ သူဌေးကို ထမင်းဖိတ်ကျွေးဖို့ရာ ရှားပါးသည်။
တခြား သူဌေးသာ ဆိုလျှင် ဘယ်သူမှတောင် ထိုသို့ လုပ်ရဲကြလိမ့်မည် မဟုတ်ပေ။ ရှန်ရန်ချင်း သိသွားပြီးနောက်တွင် လူတိုင်း၏ ရည်ရွယ်ချက်ကို နားလည်သော်လည်း သူတို့ကို ချက်ချင်း ငြင်းပယ်လိုက်သည်။
“ကျွန်တော် အဆင်ပြေတယ်။ ဒါပေမဲ့ ကျေးဇူးတင်ပါတယ်။ ဒီည မိုးရွာမှာ။ အလုပ်သိမ်းပြီး စောစော ပြန်ကြပါ”
သူက တစ်ယောက်ယောက်ကို ငြင်းပယ်လိုက်သော အချိန်တွင်တောင် အလွန် နူးညံ့ပြီး ကြင်နာနေသေးသည်။ ၎င်းမှာလည်း ရှန်ရန်ချင်းကို လူတိုင်းက အလွန်သဘောကျသော အကြီးမားဆုံး အကြောင်းပြချက်လည်း ဖြစ်သည်။
ဥက္ကဌ၏ ရုံးခန်းထဲတွင် လူသစ်များ သိပ်မရှိပေ။ ရှန်ရန်ချင်းအတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော ဝန်ထမ်းဟောင်းများ ဖြစ်ကြသည်။ အစကတော့ ထိုပေါ်လာသော လုပ်ငန်းရှင်က သူတို့ အတွက် ခက်ခဲသော အရာများ လုပ်လိမ့်မည်ကို စိုးရိမ်နေကြသည်။
သို့သော်လည်း လူတွေက သူတို့ရဲ့ အလုပ်တွေကို ကောင်းကောင်း လုပ်နေသ၍ ထိုသူဌေးက သူတို့ကို ဘယ်တော့မှ ပြဿနာ ရှာမှာ မဟုတ်ဘူး ဆိုတာကို လက်တွေ့ သက်သေပြခဲ့သည်။
လူတိုင်းက ဥက္ကဌ၏ ရုံးခန်းတွင် ရှိနေသောကြောင့် ဟွာရှန် ဂရုတွင် ရှန်ရန်ချင်းနှင့် အဆက်အသွယ် အရှိဆုံး လူအုပ်စုဟု သူတို့က သတ်မှတ်ထားသည်။ ရှန်ရန်ချင်းက ဘယ်လို လူမျိုးလဲ ဆိုတာကို သူတို့က တိုက်ရိုက် မြင်နိုင်သည်။
ရှန်ရန်ချင်း ကဲ့သို့ ဂုဏ်သိက္ခာ ရှိသော စီးပွားရေး သမားမျိုးက မကြာခဏ အလွန် ချဉ်းကပ်နိုင်ကြောင်း အချိန်ကြာလာတာနှင့်အမျှ လူတိုင်းက နားလည်လာသည်။
ဟွာရှန် ဂရုတွင် အချိန်အတော်ကြာ အလုပ် လုပ်ပြီးနောက် ရှန်ရန်ချင်း ဒေါသတကြီးနှင့် ပျံသန်းလာသည်ကို သူတို့ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပေ။ သူ ဒေါသ ထွက်ခဲတာက အံ့ဩစရာ ဖြစ်သည်။ ရံဖန်ရံခါ လုပ်ငန်းခွင်တွင် ကြီးကြီးမားမား အမှားမျိုး ကြုံတွေ့လာမှသာ ဒေါသထွက်လေ့ရှိသညိ။
သူတို့ ဒီနေ့ သိလိုက်ရသောကြောင့် ရှန်ရန်ချင်းက ၎င်းကို ပြောသော အချိန်တွင် စားသောက်ဆိုင်ကို ဘိုကင်တင်လိုက်သည်။
သူ ငြင်းဆန်တာကို မြင်ရပြီးနောက် လူတိုင်းက လက်ထောက်ယွမ်ကို ကြည့်လိုက်ကြသည်။
လက်ထောက်ယွမ်ကို တစ်ခုခု ပြောရန် လူတိုင်းက မျက်စိကျနေသောကြောင့် သူ့တွင် ရွေးချယ်စရာ မရှိပေ။ သူက ရှန်ရန်ချင်းဆီသို့ အပြုံးလေးနှင့် လမ်းလျှောက်လာသည်။
“ဥက္ကဌရှန် လူတိုင်းက အစ်ကို့ကို ကျေးဇူးတင်ကြောင်း ဖော်ပြချင်နေကြတာလေ။ ဘာလို့ သူတို့ကို အခွင့်အရေး မပေးတာလဲ”
မြောင်မြောင်လည်း မနေနိုင်တော့ပဲ ထရပ်လိုက်သည်။
“ဟုတ်ပါတယ် ဥက္ကဌရှန်။ မနက်ဖြန်က အစ်ကို့ရဲ့ မွေးနေ့ ဖြစ်ပြီး မနက်ဖြန်မှာ အစ်မနန်နဲ့ ချိန်းတွေ့မှာလေ။ အဲဒါ အရမ်း ကောင်းတယ် ဆိုတာ ကျွန်မတို့ သိတယ် ပြီးတော့ အစ်ကို့ကိုလည်း မနှောက်ယှက်ရဲတာကြောင့် ဒီည တွေ့ဆုံဖို့ ကျွန်မတို့ စီစဉ်လိုက်တာပါ”
ဟွာရှန် ဂရု၏ ဥက္ကဌ ရုံးခန်းရှိ နှစ်ယောက်မှာ စကားပြော အလွန် ကောင်းကြသည်။ တစ်ယောက်မှာ လက်ထောက်ယွမ် ဖြစ်ပြီး နောက်တစ်ယောက်မှာ အတွင်းရေးမှူး မြောင်မြောင် ဖြစ်သည်။
သူတို့ ဘယ်လောက်တောင် စကားပြော ကောင်းကြသလဲ။ ကုမ္ပဏီ၏ နှစ်စဉ် ပါတီပွဲတွင် ရပ်တည်မှု အစီအစဉ် တစ်ခု ရှိခဲ့ပြီး အပြန်အလှန် ပြောဆိုခြင်းပင် ဖြစ်သည်။
သူတို့က နှစ်တိုင်း ဖျော်ဖြေခဲ့ကြပြီး ၎င်းမှာ အမြဲတမ်း အကြီးမားဆုံး အောင်မြင်မှု ဖြစ်ခဲ့သည်။
သူတို့က စပြောလိုက်ပြီး တခြားလူများက သံယောင်လိုက်သော အချိန်တွင် ရှန်ရန်ချင်းက မရဘူးလို့ ပြောလို့ တောင့်မခံနိုင်တော့ပေ။
“ငါ့ကို လက်ဆောင်ပေးပြီးတော့ မနှောက်ယှက်ကြနဲ့နော်။ အခုပဲ အတူတူ စားရအောင်။ ငါ့ကို ဘယ်သူမဆို တစ်ခုခု ပေးလိုက်ရင် မင်းတို့တွေနဲ့ နောက်ဆို ငါဘာမှ မစားတော့ဘူး”
သူ၏ စိတ်အေးလက်အေး အသံက လူတိုင်းကို ရယ်မောသွားစေသည်။
၎င်းမှာ ရှန်ရန်ချင်း၏ မွေးနေ့ ဆိုတာကို သူတို့ သိသွားသော အချိန်တွင် ဌာန ဆိုင်ရာ မန်နေဂျာ အချို့ကလဲ ပါဝင်ဖို့ရာ အော်ဟစ်နေကြသည်။ သူတို့ရဲ့ သူဌေးကို ဖားဖို့ ပြီးပြည့်စုံတဲ့ အခွင့်အရေးကို သူတို့ ဘယ်လို လက်လွှတ်ခံနိုင်မှာလဲ။ နောက်ဆုံးတွင် ရာထူးကြီး များစွာလည်း သွားခဲ့သည်။
သီးသန့်ခန်းထဲတွင် စားပွဲကြီး နှစ်လုံးဖြင့် ပြည့်နေသည်။
တခြားသော ခေါင်းဆောင်များနှင့် ထိုအစားအစာများက ထူးထူးဆန်းဆန်း ဖြစ်ဖို့ရာ မျှော်မှန်းထားသည်။
190 02
မျှော်လင့်ထားသလို ဟင်းပွဲများ ချပြီးသည့် နောက်တွင် ခေါင်းဆောင်က မတ်တပ် ထရပ်လိုက်သည်။
ရှန်ရန်ချင်းက မသောက်ဘဲ အမျိုးသမီး ဝန်ထမ်းများလည်း ရှိနေကာ မိုးရွာကာ အရမ်း နောက်ကျနေသောကြောင့် ထိုညတွင် ဘယ်သူမှ အရက် မသောက်ကြပေ။ ၎င်းမှာ တကယ့်ကို ညစာ စားပွဲသာ ဖြစ်သည်။
သို့သော်လည်း ထိုလူကြီးများက လုံးဝ ရပ်တန့် မသွားခဲ့ပေ။ သူတို့သည် စားဖို့ မထိုင်ခင် ရှန်ရန်ချင်းကို ဝိုင်အစား လက်ဖက်ရည်ဖြင့် ဧည့်ခံချင်ကြသည်။ သူ့ကို တစ်ယောက်ပြီး တစ်ယောက် ရွှင်မြူးစွာ ဂုဏ်ပြုနေကြသည်။ ရှန်ရန်ချင်းက သူတို့ကို မတားခဲ့ပေ။ ထိုသက်ကြီးရွယ်အိုများက ထိုကဲ့သို့ လုပ်ရတာ အကြိုက်ဆုံး ဆိုတာကို သူသိသောကြောင့် သူတို့၏ “စိတ်ဝင်စားမှု”ကို လျော့မသွားစေခဲ့ပေ။
လက်ဖက်ရည်က အရက်များဖြင့် ပြည့်နေတာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ အစကတော့ ဂုဏ်ပြု စကားများက အတော်လေး လေးနက်နေခဲ့သည်။ နောက်ဆုံးတော့ တစ်ယောက်ယောက်က ပြောလိုက်သည်။
“ပျော်ရွှင်ဖွယ် အိမ်ထောင်ရေး ဖြစ်ပါစေ။ ချစ်စရာ ကောင်းတဲ့ ကလေးလေးတွေ ပိုင်ဆိုင်နိုင်ပါစေ….”
သူ သီချင်း စာသားများ မှတ်သားဖူးသည်ကို သတိရသွားသောကြောင့် သူ၏ အသံမှာ ဆတ်ခနဲ ရပ်တန့်သွားသည်။
သူ၏ စကား ထွက်လာလာချင်းမှာပင် တစ်ယောက်ယောက်က ရယ်ချလိုက်သည်။ ဂုဏ်ပြုစကား ပြောသော လူက လက်ဖက်ရည် တစ်ခွက်ကို ကိုင်ပြီး ရှက်ကိုး ကှက်ကန်းဖြင့် ကျဉ်းထဲကျပ်ထဲတွင် ကိုးရိုးကားယား ရပ်နေသည်။
ရှန်ရန်ချင်းက စိတ်မဆိုးပေ။ သူက ပြုံးပြီး တစ်ဖက်လူကို အခွင့်အရေး ပေးလိုက်သည်။
“ဒီဆုတောင်းကို ကျွန်တော် အရမ်း ကြိုက်တယ်။ ဒါပေမဲ့ အခုတော့ တစ်ဝက်ပဲ လက်ခံနိုင်သေးတယ်။ ကျန်တဲ့ တစ်ဝက်ကိုတော့ ကျွန်တော့် မင်္ဂလာဆောင်ကျရင် မစ္စစ်နန်ကို ပေးဖို့ ခင်ဗျားကိုပဲ ဒုက္ခ ပေးရတော့မယ်”
တစ်ဖက်လူက စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချကာ ထပ်ကာတလဲလဲ သဘောတူလိုက်သည်။
သူ၏ စကားလုံးက လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။ ဥက္ကဌ ရုံးခန်းထဲရှိ လူတိုင်းက နန်ကောကို သိကြသည်။ တခြား သက်ကြီးရွယ်အို ခေါင်းဆောင်များက နန်ကောကို လူကိုယ်တိုင် မမြင်ဖူးကြပြီး သူမ၏ နောက်ခံကို မသိသော်လည်း သူမကို ကြားဖူးကြသည်။
အတိုချုပ် ပြောရလျှင် သူတို့၏ သူဌေးက တကယ်ကို နန်ကောနှင့် ပတ်သက်မှု ရှိပြီး ၎င်းကို သူတို့ အားလုံးက သိကြသည်။ သူတို့က နောက်ထပ် မမေးရဲကြပေ။ သူတို့ ဘယ်လောက်ပဲ သိချင်နေပါစေ ဥက္ကဌ ရုံးခန်းထဲရှိ လူများကို သိးသန့်မေးနိုင်သည်။
ရုန်းရင်းဆန်ခတ် ဖြစ်နေတာကို လျစ်လျူရှုကာ ရှန်ရန်ချင်းက လက်ဖက်ရည် တစ်ငုံ ငုံလိုက်ကာ သူ၏ လည်ချောင်းကို စိုစွတ်သွားစေခဲ့သည်။ သူက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
“ခင်ဗျားရဲ့ ကြင်နာတဲ့ စကားလုံးအတွက် ကျေးဇူးတင်ပါတယ်။ စားကြစို့။ ဟင်းပွဲတွေ အေးသွားတော့မယ်”
သူပြောလိုက်သည်နှင့် စားပွဲပေါ်ရှိ ဖုန်းစခရင် လင်းသွားတာကို သူသတိ မထားမိလိုက်ပေ။
အသံပိတ်ထားတာကြောင့် ရှန်ရန်ချင်းက ၎င်းကို ချက်ချင်း သတိ မထားမိပေ။ သူနှင့် အနီးဆုံးတွင် ရှိသော မန်နေဂျာက ဖုန်းခေါ်ဆိုသူ နာမည်ကို ကြည့်ကာ ကြောင်သွားသည်။
{ပင်ကွင်းလေး}
“ဥက္ကဌရှန် ဖုန်းလာနေတယ်။ အဲဒါက ပင်ကွင်းလေး ဆီက”
ဖုန်းခေါ်သူ၏ နာမည်ကြောင့် တုန်လှုပ်သွားသလို ပြောနေရင်းနှင့် သူ၏ အသံက နူးညံ့လာသည်။
တခြားလူများလည်း အတူတူပင် ဖြစ်သည်။
သဘာဝကျကာ ချစ်စရာ ကောင်းသော နာမည် ဖြစ်သည်။ အမ်…..
ဥက္ကဌ ရှန်က သူ၏ ဖုန်းစာအုပ်ထဲတွင် ချစ်စရာ ကောင်းသော နာမည်ကို ရေးထားခဲ့သည်။
ကောင်းပြီ။
သူတို့ ထိတ်လန့်တကြား တုန်လှုပ်နေချိန်တွင် ရှန်ရန်ချင်းက ပုံမှန် အမူအရာဖြင့် သူတို့ကို တိတ်တိတ်နေရန် လက်ဟန်ခြေဟန်ဖြင့် ပြလိုက်သည်။ သူ၏ တခြားလက်တစ်ဖက်က ဖုန်းကို ကိုင်ပြီးသား ဖြစ်နေသည်။ မကြာမီတွင် သူတို့ သူဌေး၏ အသံမှာ ပုံမှန်ထက် နူးညံ့စွာ ပြောင်းလဲသွားတာကို ကြားလိုက်ရသည်။ စကားတိုင်း၏ အဆုံးတွင် သူ၏ အသံမှာ ကျယ်လောင်နေသေးသည်။
“အင်း မိုးရွာနေတုန်းပဲ။ အရင်ကထင်တော့ နည်းနည်းလေး ပိုလေးလာတယ်။ မင်းအတွက် ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံ တွေ့လား။ ဒီနားက လမ်းမှာ ရိုက်ထားတာ။ ကိုယ် ဟွိုင်တောင်ရဲ့ လမ်းအလယ်ကို ဖြတ်သွားခဲ့တာလေ”
လူတိုင်းက ငြိမ်ကျသွားပြီး အဓိက ထိုင်ခုံတွင် ထိုင်နေသော လူကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေသည်။
ရှန်ရန်ချင်းက အမြဲတမ်း နူးညံ့ သိမ်မွေ့သော ပုံရှိကာ လူတိုင်းကို တန်းတူ ဆက်ဆံသည်။ သို့သော်လည်း ၎င်းက ခြွင်းချက် ဆိုတာကို သူတို့ သတိပြုမိသွားသည်။
ထိုလူက မျက်လွှာချလိုက်သည်။ ထိုအရာက သူ၏ လက်ရှိ စိတ်ခံစားချက်ကို ဖုံးကွယ် မထားနိုင်ပေ။
၎င်းမှာ သူတို့ ဘယ်တုန်းကမှ မမြင်ဘူးသော ဖော်မပြနိုင်သော စိတ်အခြေအနေ ဖြစ်သည်။
သူက သူမ ရှိနေတာကို နှစ်သက်တယ်။ သူမကို တုန်နေအောင် ချစ်ပြီး သူမကိုလည်း အားထားတယ်။
ဖုန်းထဲရှိ လူက ဘာပြောလဲ ဆိုတာ သူတို့ မသိသော်လည်း ရှန်ရန်ချင်း၏ မျက်ခုံးများ ပင့်သွားတာကို တွေ့ပြီး ရယ်မောလိုက်သည်။
“ကိုယ် မသောက်ပါဘူး။ တကယ်။ ကိုယ် ဘာမှ မမှာဘူး။ ပြီးတော့ သူတို့လည်းပဲ မသောက်…..။ကိုယ် မင်းကို ဗီဒီယိုကော ခေါ်ရမလား”
******