← Chapters

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း ၁၉၂

Vol. 20 Ch. 192

192 01

အပိုင်း (၁၉၂) လုံလောက်တယ် လုံလောက်တယ်။

နန်ကော၏ ရင်ခုန်နေသော အတွေးများကို ရင်ဆိုင်ရတာ ရှန်ရန်ချင်း အတွက် ကျင့်သား ရနေပြီ ဖြစ်သည်။

သူက သူမကို ပွေ့ဖက်ထားကာ လမ်းပြန်လျှောက်လာသည်။ သူ၏ ခြေလှမ်းများက အရင်ကလောက် မမြန်တော့ပေ။

“ခြေလှမ်းတွေ မလွတ်စေနဲ့”

သူမကို လမ်းပြပြီး အဖြေပေးဖို့ရာ လှည့်လိုက်သည်။

“ဟုတ်တယ်။ အဲ့ဒီတုန်းက ကိုယ့်ကို ဘာလို့ သတိထားမိတာလဲ”

“ကောင်းပြီ”

နန်ကောက သူ၏ မေးခွန်းတွင် ဆို့နစ်သွားသည်။

“ရှင်က အဲဒီမှာ ရပ်နေတာလေ။ အဲဒါက သတိထားမိဖို့ မခက်ခဲပါဘူး”

၎င်းမှာ ဟာသ မဟုတ်သော်လည်း ရိုးရိုးသားသား အတွေးတစ်ခုသာ ဖြစ်သည်။

ထိုသို့ ကြားပြီးနောက် ထိုလူက ရယ်လိုက်သည်။

နန်ကော ရှက်သွားသည်။ နောက်ကွယ်တွင် ထိုစကားလုံးများက သူမကို အသံ မထွက်အောင် လုပ်ဖို့ အသုံးမဝင်ကြောင်း သူမ နားလည် သဘောပေါက်သွားသည်။

ပူလောင်နေသော သူမ၏ ပါးပြင်ကို ကုတ်လိုက်သည်။ သူမသည် ရှက်ရွံ့မနေဘဲ ခံစစ် လေသံဖြင့် ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ။ ကျွန်မက အမှန်တရား ပြောတာလေ။ ရှင် အဲဒီမှာ ရပ်နေတာကို ဘယ်သူက လျစ်လျူရှုနိုင်မှာလဲ။ ရှင်ရဲ့ ဦးတည်ရာကို တစ်ချက် ကြည့်လိုက်ပြီး ရှင့်ကို ချက်ချင်း သတိပြုမိတာလေ”

ရှန်ရန်ချင်းသည် ပြုံးပြီး ဘာမှ မပြောဘဲ သူ၏ ခေါင်းကိုခါလိုက်သည်။

နန်ကော အော်လိုက်သည်။ ၎င်းမှာ အပြုံးကြောင့် သူမ ဒေါသထွက်တာ ပထမဦးဆုံး အကြိမ် ဖြစ်သည်။

“ရှင်က အရမ်းကို မိုက်တယ်။ လုံလောက်ပြီ ဟုတ်ပြီလား”

ရှန်ရန်ချင်းက သူ အပြစ်ကင်းကြောင်းကို အော်ပြောလိုက်ချင်သည်။

“ကိုယ်က မမိုက်တော့ပါဘူး”

သူ၏ အပြုံးက ထိုသို့ ဆိုလိုခြင်း မဟုတ်တာ တကယ်ပင် ဖြစ်သည်။ အဲ့ဒီတုန်းက သူ့ကို ဆွဲဆောင်ခဲ့သည့် အတွက် နန်ကောက နောက်ပြောင်‌ခြင်း မပြုခဲ့ပေ။ ဘာလဲ….ဒါက ဘာလဲ။

“ကိုယ် ဝမ်းသာပါတယ်”

အထက်သို့ ပြန်တက်လာသော နန်ကော၏ နှုတ်ခမ်းထောင့်များ အောက်သို့ ပြန်ကျသွားသည်။

“ရှင်က ဘာကို ဝမ်းသာတာလဲ”

သူမသည် နားလည်ကောင်း နားလည်နိုင်သော်လည်း မသိသလို ဟန်ဆောင် နေဆဲဖြစ်သည်။ သူမသည် ၎င်းကို သူ့ဆီက ကြားချင်နေသည်။

“အဲဒီတုန်းက ပြတင်းပေါက်ကနေ ကြည့်နေရတာကို ဝမ်းသာပါတယ်။ Deodleတွေ အများကြီး ကြားထဲကနေမှ ကိုယ်တစ်ယောက်ထဲကိုပဲ မြင်ပေးလို့ ကျေးဇူးတင်ပါတယ်။ မင်းကိုယ့်ကို တားခဲ့တာပဲ….။ ကိုယ်မင်းကို ထီးပေးပြီးမှ စိတ်သက်သာရာ ရသွားခဲ့တယ်”

ပြောစရာ အများကြီး ရှိသည်။

သူက ရပ်လိုက်ပြီး ဆက်ပြောဖို့ရာ ကြိုးစားသော်လည်း နန်ကောက သူ့ထက် ပိုမြန်ကာ သူ့ကို တားလိုက်သည်။ ထိုစကားလုံးက အနည်းငယ် ပျော့ညံ့ပြီး သည်းမခံနိုင်တာကို သူမ ခံစားမိတာ ဖြစ်နိုင်သောကြောင့် သူမက ဆက်ပြီး ကြေးများကာ သူ့ကို ဆက်မပြောချင်တော့ပေ။

ရှန်ရန်ချင်းက ဒေါသမထွက်ပေ။ သူက ပြုံးပြီး သူမကို ဖက်ထားကာ သူမကို မှီလိုက်သည်။

သီးသန့် အခန်းကို ပြန်ရောက်ဖို့ ခရီးက အနည်းငယ် ဝေးပြီး ရှည်သေး‌သည်။

အဓိက အားဖြင့် ၎င်းမှာ နန်ကော၏ ပထမဆုံး အကြိမ် ဖြစ်သောကြောင့် ဖြစ်သည်။ ခြေလှမ်း သုံးလှမ်းတိုင်းကို ရပ်တန့်ပြီး ပတ်ဝန်းကျင်ရှိ ရှုခင်းနှင့် အဝေးက တရုတ် ပြဇာတ် တေးဂီတ၏ ဆွဲဆောင်ခြင်းကိုလည်း ခံရသေးသည်။

“မင်း ဒီနေရာကို ကြိုက်လား။ နောက်တစ်ခါမှ ကိုယ်မင်းကို တရုတ်ပြဇာတ် ကြည့်ဖို့ ခေါ်လာမယ် ဟုတ်ပြီလား”

နန်ကောက မြန်မြန် တုံ့ပြန်ကာ မော့ကြည့်လိုက်သည်။

“ရှင်က မကြာခဏ လာတာလား”

“အင်း တစ်ခြား နေရာတွေနဲ့ ယှဉ်ရင် ဒီကို မကြာခဏ ပိုလာဖြစ်တယ်”

ထိုနေရာက ရှန်ရန်ချင်း၏ စိတ်နေစိတ်ထားနှင့် တကယ့်ကို ကိုက်ညီသောကြောင့် နန်ကောက လုံးဝ မအံ့ဩပေ။ သူဒီမှာ ရှိသင့်သည်။

ကော်ရစ်တာမှာ ရှန်မိသားစု၏ အိမ်ဟောင်း တစ်နေရာနှင့် အလွန် ဆင်တူသည်။ ရှန်ရန်ချင်း ငယ်ငယ်တုန်းက သူ၏ သူငယ်ချင်းများနှင့် ထိုကော်ရစ်တာ တစ်လျှောက် ပြေးပြီး ဆော့နေမလား ဆိုတာကို ရှန်ရန်ချင်း မတွေးဘဲ မနေနိုင်တော့ပေ။ သို့သော်လည်း သူထိုအတွေးတွေးပြီး သိပ်မကြာခင်မှာပင် သူက ၎င်းကို ငြင်းဆိုလိုက်သည်။

192 02

သူက အလွန် နာခံတတ်သည်။ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူတို့ မိသားစုမှာ တင်းတင်းကြပ်ကြပ်ဖြင့် ကြီးပြင်းလာသည်ဟု သူမ ကြားဖူးသည်။ ရှန်ရန်ချင်းသာ ထိုသို့ လုပ်ရဲလျှင် သူ၏ အဖိုးက သူ့ကို လမ်းလျှောက်တုတ်ကောက်ဖြင့် ရိုက်လိုက်သည်။

“မင်း ကိုယ့်ကို ဘာလို့ အခုလို လိုက်ရှာတာလဲ”

သူမ၏ မျက်လုံးများ အနည်းငယ် ရှုပ်ထွေးသွားသည်။ သူမ မျက်လုံးထဲရှိ အကြည့်ကို ရှန်ရန်ချင်း နားမလည်တာ ရှားသည်။

သူမ၏ မျက်နှာပေါ်တွင် လျှို့ဝှက် ဆန်းကြယ်မှုဖြင့် သူမ၏ မေးစေ့ကို ပွတ်လိုက်သည်။

“ကျွန်မတို့ကြားက ကွာခြားတဲ့ အရာတွေကို ကျွန်မ သတိ ပြုမိတယ်”

“ဟမ်”

နန်ကောသည် သူမ ငယ်စဉ်ကတည်းက သူမနှင့် ထိတွေ့ဖူးခဲ့သည့် စည်းစိမ် ဥစ္စာများ၏ လွန်ကဲပြီး အလွန်အကျွံ လိုက်စားမှုတို့ကို ရည်ညွှန်းသည်။ သူမ၏ အဖိုးအဖွားများက မနှစ်သက်ဖူး ဆိုလျှင်တောင် သူမသည် နန်မိသားစု၏ မြေးမလေး ဖြစ်ပြီး နန်ကျန်းနင်၏ အဖိုးတန် သမီးလေး ဖြစ်နေသေးသည်။ အသိုင်းအဝိုင်းထဲရှိ သူမ၏ ရွယ်တူများက သူမနားသို့ လှည့်ပတ်နေကြလိမ့်မည်။

သူမ အစ်ကို၏ စွမ်းအားနှင့် အတူ ကျန်းမြို့ရှိ ချမ်းသာသော မိသားစု၏ အသိုင်းအဝိုင်းထဲတွင် တကယ့်မင်းသမီးလေး ဆိုတာကို သံသယ ဖြစ်စရာ မရှိပေ။ သူမကို သိသော သူများက စည်းမကျော်ရဲပဲ မျက်နှာသာ ပေးကြသည်။

သို့သော်လည်း သူမက ရှန်ရန်ချင်းထက် အနည်းငယ် နိမ့်နေသေးသည်။ သူက ခြားနားသော အခြေအနေတွင် ရှိနေသည်မှာ ရှင်းလင်းသည်။

ဆန္ဒအမျိုးမျိုးတွင် နက်နက်နဲနဲ ပါဝင်နေသော အသိုင်းအဝိုင်းရှိ ချမ်းသာသော ဒုတိယ မျိုးဆက်များနှင့် နှိုင်းယှဉ်လျှင် ရှန်ရန်ချင်းသည် ဘယ်သူမှ မထိနိုင်သော တောင်ပေါ်ရှိ နှင်းကြာပန်းနှင့် တူသည်။

ပတ်ဝန်းကျင်တွင် ဘယ်လိုပဲ ဖရိုဖရဲ ဖြစ်နေပါစေ။ သူက သန့်ရှင်းပြီး မညစ်‌ပတ်ပေ။

သူမ၏ ရှင်းလင်းချက်များကို ကြားပြီးနောက် ရှန်ရန်ချင်းက ရယ်လိုက်သည်။

“မင်းကိုယ့်ကို ဘယ်လောက် အထင်ကြီးလဲဆိုတာ ကိုယ် သတိမထားမိလိုက်ဘူး”

သူ၏ အသံက စိတ်အေးလက်အေးနှင့် သာယာနေသည်။

ထိုအချိန်တွင် နန်ကောက ရှက်ရွံ့ခြင်းကို မခံစားရတော့ပေ။

“ကိုယ်သိဖူးတဲ့ လူတွေနဲ့ မင်းက မတူဘူး”

သူက မယုံကြည်လောက်အောင် ရိုးရှင်းစွာ ခြားနားသည်။

မမြင်နိုင်သော စွမ်းအားများက သူမကို သူနှင့် နီးကပ်အောင် ဆွဲလိုက်သည်။

သူမက စူးစမ်းလိုစိတ် ရှိသော ကလေး ဖြစ်သည်။

“ကျွန်မတို့က မတူညီတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာကြတာလေ”

ရှန်ရန်ချင်းက ပင်ကွင်းလေး၏ ခေါင်းကို ပုတ်လိုက်သည်။

“ကိုယ်တို့က အဲ့လို မခြားနားပါဘူး”

၎င်းမှာ သူ ငယ်ငယ်ကတည်းက သင်ယူခဲ့ရသော ပညာရေး ဖြစ်သည်။ သက်ကြီးရွယ်အိုများက ပိုခေတ်မှီသည်။ သူ လုပ်နိုင်တာ ဘာမှ မရှိပေ။ သူ၏ မိသားစုက အမြဲတမ်း ထိုအရာကို ကြိုက်ခဲ့ကြသည်။ သူတို့က သူတို့၏ မျိုးဆက်သစ်များ အားလုံးကို အလွန် တင်းကြပ်ကြသည်။ သူတို့ အဘိုး ဆုံးသွားပြီးကတည်းက သူတို့ အနည်းငယ် စိတ်သက်သာ သွားကြသည်။

ဥပမာ သူ၏ ညီဝမ်းကွဲဖြစ်သည်။ သူ၏ ညီဝမ်းကွဲ မွေးပြီး သိပ်မကြာခင်မှာပင် သူ၏ အဘိုး ဆုံးပါးသွားသောကြောင့် သူ့အဖိုး၏ ဂရုစိုက်ခြင်းကို မခံခဲ့ရပေ။

“အရင်တစ်ခါ အိမ်ဟောင်းကို မင်းကို ကိုယ်ခေါ်သွားတဲ့ အချိန်တုန်းက ကိုယ်မင်းကို မိသားစု သစ်ပင်ကို ပြပြီး ဝန်းထဲကို လှည့်ပတ်ခိုင်းခဲ့‌တာလေ။ ဒီလိုမျိုး မိသားစုရဲ့ အငွေ့အသက်တွေကို မင်းလက်မခံနိုင်မှာပဲ ကိုယ်စိတ်ပူနေတာ”

“မဟုတ်ပါဘူး”

သူမက ဆန့်ကျင်ဘက်ဖြစ်ကာ ၎င်းကို နှစ်သက်သည်။

သူမက ထိုအကြောင်းကို လေးလေးနက်နက် တွေးနေသည်။ အနာဂတ်တွင် သူမက ရှန်ရန်ချင်းကို ကလေးလေး မွေးပေးထားလျှင် သိပ်မဆိုးပေ။

ရှန်ရန်ချင်း ငယ်ငယ်တုန်းက ဘယ်လိုမျိုးလဲ ဆိုတာကို သူမ အမြဲသိချင်နေသည်။ အချိန်ကို နောက်ပြန်ဆုတ်ဖို့ရာ စက်မရှိသောကြောင့် သူမက တစ်ခြား နည်းလမ်းကို အသုံးပြုနိုင်သည်။

ထိုသို့ တွေးပြီး သူမ၏ လက်ညှိုးကို ကိုက်ကာ ရှန်ရန်ချင်း၏ မျက်နှာ သွင်ပြင်ကို လျှို့ဝှက်စွာ ကြည့်လိုက်သည်။

အိမ်ဟောင်းတွင် ရှန်ရန်ချင်း၏ ငယ်ငယ်တုန်းက ပုံကို သူမ တွေ့ခဲ့သည်။ အများကြီး မရှိဘဲ လေးငါး ပုံသာ ရှိသည်။ သူတို့ အဖိုး ရှိတုန်းက အကုန်လုံးကို ယူသွားသည်ဟု ပြောကြသည်။

တစ်ခြား ဓာတ်ပုံများ မရှိပေ။

သူမ ဘာတွေ တွေးနေလဲဆိုတာ ရှန်ရန်ချင်းက မသိပေ။

“ကိုယ်တို့ ဒီမှာလေ။ အရင်က သူတို့ထဲက တချို့ကို မင်း မမြင်ဖူးသေးဘူးလေ။ သူတို့ အားလုံးက ဌာန ဆိုင်ရာ မန်နေဂျာတွေကြည့်ပဲ။ စိတ်မပူပါနဲ့ သူတို့အားလုံးက အရမ်းကို လွယ်ကူကြပါတယ်”

“ဟမ်။ ဒါဆို ကျွန်မ ဝင်မသွားသင့်ဘူးလား”

တစ်ခြား တစ်စုံတစ်ယောက် ရှိလိမ့်မည်ဟု နန်ကော မမျှော်လင့်ထားပေ။

192 03

အစကတော့ ဥက္ကဌ ရုံးခန်းရှိ ထိုရင်းနှီးသော လူများသာဟု သူမ တွေးထားသောကြောင့် သူမ တည့်တည့် သွားဖို့ရာ သက်တောင့်သက်သာ မရှိတော့ပေ။

“အဆင်ပြေပါတယ်”

ရှန်ရန်ချင်းက ပြုံးကာ ရှေ့သို့ သွားလိုက်သည်။ စားပွဲထိုးက သူတို့အတွက် တံခါး ဖွင့်ပေးလိုက်သည်။ သူ၏ လက်ကို သူမ၏ ခါးပေါ်တွင် ထားကာ သူမ၏ လက်ကို ကိုင်လိုက်သည်။

သူက အဆင်ပြေတယ်လို့ ပြောလျှင် တကယ်ကို အဆင်ပြေသည်။

နန်ကောသည် ထိုကဲ့သို့ အခြေအနေမျိုးတွင် ကြောက်စရာ မရှိပေ။

သူမက ပြုံးပြီး ပွင့်ပွင့်လင်းလင်း လမ်းလျှောက်လာသည်။

သူမသည် ဖန်သားပြင်ကို လှည့်ပတ် လျှောက်လာကာ စကားပြောတာကို ရပ်လိုက်သည်။ စားပွဲနှစ်လုံးရှိ လက်များကို သူတို့၏ ရှေ့တွင် ဆုပ်ကိုင်ကာ ရပ်နေသော လူများကို ကြည့်လိုက်သည်။ သူတို့ အားလုံး၏ မျက်နှာပေါ်တွင် ဖော်ရွေသော အမူအရာများဖြင့် သူမကို ရင်ဆိုင်နေကြသည်။ ထိုမြင်ကွင်းမှာ……

နန်ကော၏ ပါးစပ်ထောင့်မှာ အနည်းငယ် တွန့်သွားသည်။

ရှန်ရန်ချင်းလည်းပဲ စက္ကန့် အနည်းငယ် ကြောင်သွားသည်။ စားပွဲပေါ်ရှိ မထိရသေးသော ဟင်းပွဲများကို ကြည့်ပြီး ထိုအကြောင်းကို ဘယ်လို ပြောရမလဲ ဆိုတာကို မသိပေ။

“ခင်ဗျားတို့ကို အရင် စားနှင့်ဖို့ ပြောထားတယ်လေ”

“ကျွန်တော်တို့က ဘယ်လိုလုပ် အဲ့လို လုပ်နိုင်မှာလဲ”

သူတို့က ခြောက်သွေ့စွာ ပြုံးလိုက်ပေမဲ့ သူတို့၏ အကြည့်များက နန်ကောပေါ်သို့ ကျရောက်နေသည်။

လူတိုင်း၏ အကြည့်များကို သတိပြုမိကာ ရှန်ရန်ချင်းက မိတ်ဆက်ပေးလိုက်သည်။

“ဒါက ကျွန်တော့်ရဲ့ကောင်မလေး နန်ကော”

“အားလုံးပဲ တွေ့ရတာ ဝမ်းသာပါတယ်”

နန်ကောက သူမ၏ လက်ကို ဝှေ့ပြလိုက်သည်။

လူတိုင်းက သူမကို နှုတ်ဆက်လိုက်သည်။ အငွေ့အသက်များက နန်ကော ထင်ထားတာထက်ပင် ပို၍ လေးနက်နေသည်။

ရှန်ရန်ချင်းလည်းပဲ သူမကို ထိုင်ခုံ ဆွဲပေးရင်း သတိပြုမိသွားသည်။ သူက သူတို့ကို အေးအေးဆေးဆေး နေဖို့ ပြောလိုက်ပြီး အဆင်မပြေမှုများကို ချေဖျက်ရန် အစပျိုးလိုက်သည်။ နန်ကောလည်းပဲ အလွန်တက်ကြွနေပြီး ဘယ်ခေါင်းစဉ်မဆို ဖြေဆိုနိုင်သည်။ အချို့သော ပရော်ဖက်ရှင်နယ် ဘာသာရပ်များတောင်မှ သူမက ချောမွေ့စွာ ဖြေနိုင်သည်။ သူမက တစ်ချိန်လုံး တည်ငြိမ်နေပြီး အရာအားလုံးကို ပုံမှန်အတိုင်း ဆက်ဆံနေသည်။

သိပ်မကြာခင်မှာပင် ခေါင်းဆောင်များနှင့် စကားပြောရတာ အဆင်ပြေသွားသည်။

အဆုံးတွင်တော့ လူတချို့က ဝိုင်သောက်ချင်ကြသည်။ ယခုတွင် အသောက်သမား အများအပြား တက်ရောက်ခဲ့ကြသည်။ စားကောင်း သောက်ဖွယ်များ မှာထားသောကြောင့် မသောက်ရတာ သနားစရာ ကောင်းသည်။

ရှန်ရန်ချင်း ဘာမှ မပြောနိုင်ခင်မှာပင် နန်ကောက လက်ခံလိုက်သည်။

လေထုက ရိုးရှင်းလွန်းပြီး သူမလည်း အနည်းငယ် သောက်ချင်သည်။

သို့သော်လည်း ဝိုင်ဖြူကိုသာ မှာလို့ ရသောကြောင့် အနည်းငယ် ထူးဆန်းနေသည်။

အစကတော့ နန်ကောသည် မျက်မှောင်ကြုတ်ကာ တစ်ကြိုက်သာ ငုံလိုက်သည်။ အချိန် ကြာလာတာနှင့်အမျှ သူမလက်ထဲရှိ အဖြူရောင် ဝိုင်ခွက်ကလေးမှာ ရှန်ရန်ချင်း မကြည့်လိုက်သော အချိန်တွင် သူမ၏ ဗိုက်ထဲသို့ ရောက်သွားသည်။

******

All Chapters