← Chapters

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း ၁၉၃

Vol. 20 Ch. 193

193 01

အပိုင်း (၁၉၃) ဖော်မပြနိုင်သော အရာများ

နန်ကောက ချက်ချင်း မသောက်ခဲ့ပေ။ အနည်းငယ် ပူနေသေးသည်ဟု ခံစားရတာထက် နန်ကောသည် အစပိုင်းက အဆင်မပြေသလို ခံစားလိုက်ရသည်။

ဝိုင်ဖြူကို သူမ စသောက်လိုက်သော အချိန်တွင် အနည်းငယ် စပ်သည်။ သူမသည် အရင်က အိမ်မှာ သောက်ဖူးသော်လည်း အနည်းငယ် သောက်ပြီးနောက်တွင် သူမ၏ အဖေက သူမကို တားလိုက်သည်။

သူမ၏ အဖေက သူမကို စကား တစ်ခွန်းပြောပြီး ဝိုင်ဖြူ အများကြီး သောက်မိပြီး သူမကို အရက်နာ ကျလိမ့်မည်ဟု ပြောပြလိုက်သည်။

တစ်ခွက် သောက်ပြီးနောက် နန်ကောက နောက်တစ်ခွက် ငှဲ့ချင်သော်လည်း ရှန်ရန်ချင်းက တားလိုက်သည်။

“မင်း ထပ်မသောက်နိုင်တော့‌ဘူး။ မင်း တစ်ငုံပဲ သောက်နိုင်တယ်လေ”

ရှန်ရန်ချင်းသည် အရက် အလက်ဂျစ် ရှိသော်လည်း အရင်က မသောက်ဖူးသလို လုံးဝ မ‌တူပေ။ အရက် ပါဝင်မှုမှာ နံပါတ် တစ်ခုသာ မဟုတ်ပေ။

“ကျွန်မ အရက်ကိုတော့ ကောင်းကောင်း ကိုင်နိုင်ပါတယ်”

နန်ကောက သူမကိုယ်တိုင် ကာကွယ်လိုက်သည်။

“အရက် ပါဝင်မှုက အရမ်းများတယ်။ မင်း နောက်တစ်ခွက် သောက်မယ်ဆိုရင် ခဏနေ ဒီ သီးသန့် အခန်းရဲ့ အပြင်တောင် ထွက်နိုင်မှာ မဟုတ်ဘူး”

ရှန်ရန်ချင်းက ခြောက်လှန့်လိုက်ပြီးနောက် နန်ကောက သောက်တာကို ရပ်လိုက်သည်။

သူမ မသောက်ရဲတာကြောင့် မဟုတ်ပေ။ သူမတွင် ကိုယ်ပိုင် အတွေးရှိသော်လည်း သူမက ရှန်ရန်ချင်းကို မပြောရဲပေ။

သို့သော်လည်း ဝိုင်၏ သက်ရောက်မှုက ပြင်းထန်သည်။ ညစာ စားပြီးနောက်တွင် နန်ကောက မူးနေပြီး သူမ၏ ပါးလေးမှာ ပန်းရောင်ဖြစ်နေသည်။ သူမ မူးနေပုံ ပေါ်သည်။

ကံကောင်းထောက်မစွာဖြင့် ပြီးခဲ့‌သော တစ်ခေါက်က စုဟွေ့ အသည်းကွဲတာနှင့် နှိုင်းယှဉ်လျှင် ဒီတစ်ကြိမ်တွင် သူမက အနည်းငယ် ငြိမ်သက်နေသေးသည်။

သူမက အနည်းငယ် မူးနေသောကြောင့် နန်ကောသည် အရင်ကထက်တောင် ပို၍ တက်ကြွနေသေးသည်။ သူမ စကားပြောသော အချိန်တွင် သူမ၏ မျက်လုံးများက အံ့ဩဖွယ် တောက်ပနေသည်။ သူမက ပြုံးရင်းနှင့် သူမ၏ မျက်လုံးများကို ကျဉ်းလိုက်သည်။ သူမက ရှန်ရန်ချင်းကို မှီကာ တစ်ခစ်ခစ် ရယ်လိုက်သည်။ သူမ၏ ချစ်စရာ ကောင်းသော အမူအရာက လက်ရှိ အမျိုးသမီး ဝန်ထမ်းများ၏ မိခင်မေတ္တာကို နှိုးဆွ နေသည်။

သူမသာ သူတို့ သူဌေး၏ ကောင်မလေး မဟုတ်ဘူး ဆိုလျှင် သူတို့သည် နန်ကောနားသို့ သွားကာ သူမ၏ မျက်နှာကို ပွတ်သပ်ကြလိမ့်မည်။

“မင်း အိမ်ပြန်ရောက်တဲ့ အချိန် အဖွဲ့ထဲမှာ ပြောဖို့ သတိရဦး”

ရှန်ရန်ချင်းက မှတ်စု ယူဖို့နှင့် လူတိုင်း၏ ဘေးကင်းမှုကို အာမခံရန် လက်ထောက်ယွမ်ကို လက်ဟန်ခြေဟန်ဖြင့် ပြလိုက်သည်။

လက်ထောက်ယွမ်က ထီးကို ကိုင်ကာ သူ့အတွက် တံခါး ဖွင့်ပေးလိုက်သည်။

ရှန်ရန်ချင်းက နန်ကောကို ခရီးသည် ထိုင်ခုံသို့ ခေါ်လာခဲ့သည်။ သို့သော်လည်း သူထလိုက်သည်နှင့် နန်ကောသည် ထပ်မံ တွားသွားကာ ထီးအောက်မှ သူ၏ ခေါင်းကို ငုံထွက်လာသည်။ သူ၏ နောက်ရှိ ခေါင်းမိုးအောက်တွင် လူတစ်စုကို အားရပါးရ လက်လှမ်း ပြလိုက်သည်။

“ကျွန်မ အရင် ပြန်နှင့်မယ်နော်”

လူစုလူဝေးထဲရှိ တစ်စုံတစ်ယောက်က သူမ၏ ချစ်စရာ ကောင်းမှုကြောင့် မရယ်ဘဲ မနေနိုင်တော့ပေ။

လူတိုင်းက သူမကို လက်ပြန်ယမ်းပြလိုက်သည်။

နန်ကောက ရယ်လိုက်သည်။

“ညစာ အတွက် ကျေးဇူးတင်ပါတယ်။ နောက်တစ်ခါကျရင် ပင်လယ်စာ စားသောက်ပွဲနဲ့ အားလုံးကို ဧည့်ခံပါ့မယ်”

ရှန်ရန်ချင်းက အပြင်မှ သူမ၏ နောက်ကျောကို ဆွဲလိုက်သည်။

“ကောင်းပြီ ကောင်းပြီ ကောင်းပြီ။ သွားကြမယ်”

နန်ကောက တကယ်ကို မူးနေသည်။ ရှန်ရန်ချင်းက အနည်းငယ် ကြိုးစားကာ ခရီးသည် ထိုင်ခုံတွင်သာ သူမကို နေရာချထားလိုက်သည်။ ကားတံခါးကို ပိတ်ပြီးသွားသော အချိန်တွင် သူက ထွက်လာကာ သက်ပြင်းချလိုက်သည်။

လက်ထောက်ယွမ်က သူ့ကို ကားမောင်းသူ ထိုင်ခုံသို့ ထီးဖြင့် လိုက်ပို့ ပြီးသည့် နောက်တွင် သူ၏ လက်ထဲသို့ ထီးကို ထည့်ပေးလိုက်သည်။ ၎င်းမှာ နန်ကောဟာ ဖြစ်သည်။

ရှန်ရန်ချင်းက ၎င်းကို ယူလိုက်ကာ ကားထဲသို့ ထည့်လိုက်သည်။ သူတို့က မထွက်ခင် စကား အနည်းငယ် ဖလှယ်နေကြသည်။

193 02

လမ်းတစ်လျှောက်တွင် သူမ ကားမူးမှာ စိုးသောကြောင့် ရှန်ရန်ချင်းက ဖြေးဖြေးချင်း မောင်းနေသည်။

နန်ကောက သိသိသာသာ စိတ်လှုပ်ရှားသွားသည်။ သူမက ကားပြတင်းပေါက်ကို ချလိုက်ပြီး အပြင်ဘက် ရှုခင်းကို ကြည့်ကာ ရံဖန်ရံခါ သက်ပြင်းချနေသည်။

ရှန်ရန်ချင်းက သက်ပြင်းချကာ ပြတင်းပေါက်ကို ပိတ်လိုက်သည်။

“မိုးရွာလာပြီ။ မင်း အအေးမိလိမ့်မယ်”

သူ ခွင့်မပြုကတည်းက နန်ကောတွင် ရွေးချယ်စရာ မရှိသော်လည်း နှုတ်ခမ်းကို ဆူကာ အပြင်ဘက်ကို ကြည့်ရန် ပြတင်းပေါက်ကို မှီလိုက်သည်။

ကံမကောင်းစွာဖြင့် မိုးက ပြတင်းပေါက်ကို ပက်ပြီး လမ်း၏ ရှုခင်းမှာ အနည်းငယ် ခပ်ဝါးဝါး ဖြစ်နေသည်။ နန်ကော၏ စိတ်ဝင်စားမှုများ ရုတ်တရက် ပျောက်ဆုံးသွားကာ ခံစားချက် မဲ့နေသော အမူအရာသို့ ပြန်ရောက်သွားသည်။ သူမ လက်အောက်ရှိ ထိုင်ခုံ ခါးပတ်ကို ဆွဲကာ ပြောနေတာကို ရပ်လိုက်သည်။

၎င်းကို မြင်ပြီးနောက် ရှန်ရန်ချင်းက သူမကို ချော့ဖို့ရန်သာ တတ်နိုင်တော့သည်။

“ကိုယ် ဘာလို့ ပြတင်းပေါက်ကို နည်းနည်းလေး ချလို့ မရတာလဲ”

အရက်မူးနေသော နန်ကောက ရွှင်ပြခြင်း မရှိသော်လည်း သူမက လွယ်လွယ်လေး စိတ်တိုနိုင်သေးသည်။

ပင်ကွင်းလေးက သူ့ကို ဒေါသ တကြီးနှင့် စူးစူးဝါးဝါး ကြည့်နေသော်လည်း ဘာကိုမှ မပြောသေးပေ။

ရှန်ရန်ချင်းက သူမ၏ လက်ကို ဆုပ်ကိုင်ချင်သော်လည်း သူမက ရှောင်လိုက်သည်။ သူမ တကယ် စိတ်တိုနေတာကို သတိပြုမိပြီးနောက်တွင် ရှန်ရန်ချင်းက တကယ်ပင် သူမကို ဘာမှ ထပ်မပြောနိုင်တော့ပေ။ သူမ ဆန္ဒအတိုင်း ကြည့်နိုင်ဖို့ရာ သူက ခရီးသည် ပြတင်းပေါက်ကို ချပေးလိုက်သည်။

ကံကောင်း ထောက်မစွာဖြင့် မိုးက ထမင်းမစားခင်ကလောက် သိပ်မသည်းတော့ပေ။ သူက ဖြေးဖြေးချင်း မောင်းပြီး မိုးသည်းလာမည်ကို မစိုးရိမ်တော့ပေ။

“မင်း ကြည့်လို့ရတယ်။ ဒါပေမဲ့ ကောင်းကောင်းတော့ ထိုင်ရမယ်။ ကားပြတင်းပေါက်ကို မှီလို့ မရဘူး။ ကိုယ်ပြောတာ ကြားလား”

သူက စိတ်ပူနေ‌ဆဲဖြစ်ကာ သူမကို သူ့လက် ပေးလိုက်သည်။

“ကိုယ့်လက်ကို ကိုင်ထားတာ ပိုကောင်းလိမ့်မယ်။ ခါးပါတ်ကို ထပ်မဆွဲနဲ့တော့”

နန်ကောက သူမ၏ နှုတ်ခမ်းကို ဖိကာ သူ့ပြောတာကို နားထောင်ဖို့ ငြင်းပယ်လိုက်သည်။ ဂုဏ်ယူစွာဖြင့် သူမ၏ ခေါင်းကို လှည့်လိုက်သည်။

ရှန်ရန်ချင်း။

“မင်းကို ကြည့်ဖို့ ခွင့်မပြုတာ မဟုတ်ဘူးလေ။ ကိုယ်စိတ်ပူတာက မင်း……”

သူ၏ ပါးစပ်မှ ထွက်‌လာတော့မည့် စကားလုံးကို ဆွဲလိုက်သည်။ တကယ်တော့ သူထိုကဲ့သို့ ဆက်လုပ်နေလျှင် နန်ကော တကယ်ကို စိတ်ဆိုးလိမ့်မည်။

သူက ဒီလို ဒါမှမဟုတ် ဟိုလို လုပ်ဖို့ ခွင့်မပြုဘူးဟု ဂရုစိုက်သော လေသံဖြင့် အမြဲ ပြောတတ်သည်။

ထိုအခြေအနေမျိုးတွင် အချစ်က ချည်နှောင်မှုမျိုး ဖြစ်နေလိမ့်မည်။

ယနေ့ခေတ် မိဘများက သူတို့ သားသမီးများ၏ ကောင်းကျိုးအတွက် သူတို့ အမြဲတမ်း လုပ်နေကြသော်လည်း သူတို့ ကလေးများ၏ ကိုယ်ပိုင် ဆန္ဒကို ဘယ်တုန်းကမှ မမေးခဲ့ကြပေ။

ခဏ အကြာတွင် သူက လမ်းဘေးတွင် ကားရပ်လိုက်သည်။

ကားပြတင်းပေါက်ကို မပိတ်ဘဲ အပြင်ဘက်ရှိ မိုးရွာ သံကိုတောင် ရှင်းရှင်းလင်းလင်း ကြားနေရသည်။

နန်ကောက လက်ပိုက်လိုက်ပြီး သူ့ကို နောက်ကျော ပေးထားလိုက်သည်။ ကားရပ်သွားတာကို သူမ သတိပြုမိသော အချိန်တွင် သူမ ကြောင်သွားသည်။

သူမ စိတ်ရှုပ်နေသည်။ သူမ အကောင်းဆုံး စဉ်းစားဖို့ တွေးနေသည်။ ရလဒ် တစ်ခု ထွက်လာခါနီးတွင် အားတစ်ခုက အနောက်မှ သူမကို တိုက်ခိုက်လိုက်သည်။

သူမ သတိ ပြန်ဝင်လာသော အချိန်တွင် ရှန်ရန်ချင်းက သူမကို သယ်ကာ သူ့ပေါင်ပေါ်သို့ တင်လိုက်တာကို သတိပြုမိသွားသည်။

193 03

ကားမောင်းသူ ထိုင်ခုံရှိ ပြတင်းပေါက်မှာ ဖြေးဖြေးချင်း ကျသွားသည်။ ဒီနေရာက ရှုခင်းက သူမနားကထက် ပိုလှသည်။

သူတို့ လမ်းဘေးတွင် ရပ်လိုက်သည်နှင့် သူမ၏ ဘေးတွင် ပိတ်ထားသော ဆိုင်တစ်ဆိုင်သာ ရှိတော့သည်။ တစ်ခြား ဘာမှ မမြင်ရတော့ပေ။

“ရှင် ဘာလုပ်နေတာလဲ”

သူ၏ လုပ်ရပ်ကြောင့် နန်ကော လန့်သွားပြီး နီရဲနေသော မျက်နှာဖြင့် သူ့ကို တွန်းထုတ်လိုက်သည်။

ကားတစ်စီး ဖြတ်သွားတာ သို့မဟုတ် လူသွားလူလာသာ ရှိလျှင် ၎င်းမှာ ရှန်ရန်ချင်းလို လူတစ်ယောက် အတွက် ရဲရင့်သော လှုပ်ရှားမှု တစ်ခု ဖြစ်နေပြီဖြစ်သည်။

ဒါ ဒါ ဒါ

“မင်း ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် ဒီမှာပဲ ထိုင်လိုက်ပါ”

သူက သူမကို သွားခွင့်မပြုဘဲ သူ၏ လက်မောင်းကို သူမရှေ့တွင် ထားလိုက်သည်။ သူမက အစကတည်းက ပိန်ပြီး နွေရာသီတွင် အများကြီး သိပ်မဝတ်ဖြစ်ပေ။ သူမကို သူ့ပေါင်ပေါ်ကို တင်ထားရင်း လူ၏ လက်တစ်ဖက်က သူမ၏ ခါးကို ဖက်‌ထားနိုင်သည်။

နန်ကောက တွယ်အပ်နှင့် ဆေးထိုးအပ်ပေါ်တွင် ထိုင်နေသလို ခံစားနေရသည်။ သူမက ပြတင်းပေါက်ကို တစ်ချက် ကြည့်လိုက်သည်။ မိုးရွာတာကို ကြည့်ချင်တဲ့ ခံစားချက် ဘယ်လိုလုပ် ရှိတော့မှာလဲ။

မိနစ် အနည်းငယ်လောက် တွန့်ဆုတ်သွားပြီး‌ နောက်တွင် အိတ်ထဲမှ တုန်ခါသံအချို့ ထွက်ပေါ်လာသည်။

“ကျွန် ကျွန်မ ဖုန်း”

သူမက ၎င်းကို အခွင့်အရေး ယူကာ ဆင်းချင်နေသည်။ မမျှော်လင့်ထားဘဲ ရှန်ရန်ချင်းက ပိုမြန်သည်။ သူက စဉ်းစားရင်းဖြင့် သူမ၏ အိတ်ကို ထိလိုက်ပြီး ဖုန်းကို သူမအား ပေးဖို့ ထုတ်လိုက်သည်။

နန်ကော၏ ပါးစပ်ထောင့်မှာ တွန့်သွားသည်။ သူမက ၎င်းကို ဝန်ခံကာ ဖုန်းကို ကိုင်လိုက်သည်။

“ဟယ်လို အစ်ကို။ ဟုတ် ကျွန်မ ဒီည ပြန်မလာတော့ဘူး။ မနက်ဖြန်ညလည်း ပြန်မလာ ဖြစ်လောက်ဘူး”

နန်ကျဲ့က ဖုန်း၏ တစ်ခြားတစ်ဖက်မှ တစ်ခုခု ပြောလိုက်သည်။ ကြားဖြတ်ပြောခြင်း မရှိဘဲ နာခံစွာနားထောင်ရင်း နန်ကော၏ မျက်လုံးထောင့်များ ကျဆင်းသွားသည်။

မိုးရွာကာ လေတိုက်သောကြောင့် သူမ၏ မျက်လုံးများ ပိတ်နေသည်။ သူမက သုတ်နေသော်လည်း ပြောင်အောင် မသုတ်နိုင်ပေ။

“ကျွန်မ အိတ်ထဲမှာ တစ်ရှူးရှိတယ်”

သူမက ရှန်ရန်ချင်းကို တိုးတိုးလေး ပြောလိုက်သည်။

“ကောင်းပြီ”

သူက ကုန်းလိုက်ပြီး သူ၏ အားနေသော လက်တစ်ဖက်ဖြင့် သူမ၏ အိတ်ထဲကို ရှာလိုက်သည်။ အဆုံးတွင် သူက တစ်ရှူး၏ ထုပ်ပိုးမှုကို သေးသေးလေး တစ်ခုခုကို တွေ့ပြီး ထုတ်လိုက်သည်။

အလင်းရောင် ဖျော့ဖျော့လေး၏ အကူအညီဖြင့် ရှန်ရန်ချင်းက သူ၏ လက်ကို အနည်းငယ် မြှောက်လိုက်ပြီး ၎င်းပေါ်ရှိ စကားလုံးများကို မြင်အောင် ကြည့်လိုက်သည်။

နန်ကောသည် သူ၏ လှုပ်ရှားမှုကြောင့် ဆွဲဆောင် ခံလိုက်ရပြီး မသိစိတ်က သူ့ကို တစ်ချက် ကြည့်လိုက်သည်။

ထို့နောက် သူတို့ နှစ်ယောက်သည် စူပါမားကတ်ရှိ ငွေရှင်း ကောင်တာတွင် အမြဲတမ်းလိုလို မြင်တွေ့ရသော ဖော်မပြနိုင်သည့် အရာကို တွေ့လိုက်ရသည်။

၎င်းမှာ ဘောက်စ်သေးသေးလေး ဖြစ်သည်။ တစ်ချက်လေး ကြည့်လိုက်လျှင် ပီကေဟု ထင်ရနိုင်သည်။

သူတို့ နှစ်ယောက်လုံး အရင်က တစ်ခါမှ မသုံးဖူးသော်လည်း အရင်က မြင်ဖူးနေသည်။

ရုတ်တရက် နန်ကောက အသက်ပြင်းပြင်း ရှူလိုက်သည်။ နန်ကျဲ့ သူမ၏ နားထဲသို့ တီးတိုး ပြောနေဆဲ ဖြစ်သော်လည်း စကားတစ်လုံးကိုတောင် သူမ မကြားနိုင်ဆော့ပေ။

******

All Chapters