← Chapters

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း ၁၉၄

Vol. 20 Ch. 194

194 01

အပိုင်း (၁၉၄) ဥက္ကဌရှန်၏ ဒေါသ

“ဟယ်လို ဟယ်လို နန်ကော နင် ရှိသေးလား။ ငါ ပြောတာ ကြားလား”

ဖုန်းထဲမှ နန်ကျဲ့၏ အသံ ထွက်လာကာ ကားထဲရှိ လူနှစ်ယောက်လုံးကို နှိုးလိုက်သည်။

နန်ကော၏ ခေါင်းများ တုန်လှုပ်သွားသည်။

“တစ်ခုခု ရှိနေသေးလို့။ သွားတော့မယ်နော်”

အခုတော့ သူမအစ်ကိုနှင့် စကားပြောရန် အချိန်မရှိတော့ပေ။

သူမသည် လက်တစ်ဖက်ဖြင့် ဖုန်းကို ချလိုက်ပြီး တစ်ခြား လက်တစ်ဖက်ဖြင့် ရှန်ရန်ချင်း၏ လက်ထဲရှိ ဗူးကို ဆွဲလိုက်သည်။

နန်ကောသည် အရင် ကျောင်းတုန်းက အားကစား ပွဲတွင် ပါဝင်ခဲ့သော အချိနိတုန်းက သူမ ထိုကဲ့သို့ ဘယ်တုန်းကမှ မသွက်လက်ခဲ့ဖူးကြောင်း ကျိန်ဆိုရဲသည်။

ရှန်ရန်ချင်း၏ မသိစိတ်က ရှောင်တိမ်းချင်သော်လည်း သူမ၏ လက်ချောင်းများက သူ့ကို ထိနေသေးသည်။ ဗူးမှာ သူ၏ လက်ထဲမှ ကျသွားပြီး အလယ် ခလုတ်ခုံပေါ်သို့ ကျသွားသည်။ ဖြေးညှင်းစွာ ကျသွားပြီး သူတို့၏ ခြေထောက်ပေါ်သို့ ရောက်သွားသည်။

လေထုက အေးခဲသွားသည်။

နန်ကော၏ လက်မှာ ဖုန်းကို ကိုင်ထားရင်း တုန်ခါနေသည်။ သူမ ဘယ်လို ကောက်ရမှာလဲ။ သူမ၏ ခေါင်းကို ငုံ့လိုက်လျှင်….

“မင်း ထွက်ပြီးမှပဲ ကောက်လို့ရမှာ”

သူမ၏ နားထဲတွင် ရှန်ရန်ချင်း၏ အသံကို ကြားလိုက်သည်။ နန်ကောသည် သူ့ကို နောက်ကျောပေးပြီး သူမ၏ မျက်လုံးများကို မှတ်ထားကာ မျက်ခွံများက ပြင်းထန်စွာ လှုပ်ခတ်နေသည်။

“မင်း မိုးရွာတာကို ကြည့်ချင်နေသေးလား။ ကိုယ်တို့ အရင် ပြန်ကြမလား”

သူသည် စောနက အပိုင်းသေးလေး အကြောင်းကို ဘာမှ မပြောပေ။

သူက အမြဲတမ်း ထိုကဲ့သို့ ငဲ့ညှာတတ်သည်။

သို့သော်လည်း သူဘာမှ မပြောဘူး ဆိုပေမဲ့ ဘာမှ မဖြစ်ဘူးလို့ ဆိုလိုတာတော့ မဟုတ်ပေ။

နန်ကောက သူမ၏ ပါးကို ထိလိုက်သည်။ ၎င်းမှာ သူ သောက်ပြီးသွားသော အချိန်ကထက်တောင် ပိုပူနေသည်။

မဟုတ်ဘူး။ ယခုက အဲဒါကို ဂရုစိုက်နေရမည့် အချိန် မဟုတ်ပေ။

သူမ၏ အိတ်ထဲတွင် ထိုကဲ့သို့ အရာမျိုးက ဘာကြောင့် ရှိနေရတာလဲ။

ထိတ်လန့် တုန်လှုပ်နေသော နန်ကော၏ ဖရိုဖရဲ စိတ်များက ပြေးဝင်လာကာ သံသယကို အမြန် ပိတ်ပင်လိုက်သည်။

သူမ မလာခင်က ယုနှင့် အတူရှိနေသည်။

ယုနှင့် တခြားလူများက ယနေ့ညတွင် အတူ ရှိနေသည်။ သူမ လုပ်စရာ ဘာမှ မရှိသောကြောင့် သူတို့နှင့် သွားခဲ့သည်။ သူတို့က စားသောက်ကြပြီး ကဒ်ကစားကြသည်။ အစားစားနေတုန်း သူမက ယုနှင့် အရင်းနှီးဆုံး ဖြစ်သည်။ သူတို့၏ ထိုင်ခုံများက အမြဲတမ်း ဘေးချင်းကပ် ရှိနေခဲ့သည်။ ဘယ်သူမှ မသိဘဲ သူမ၏ အိတ်ထဲကို တစ်ခုခု ထည့်ဖို့ ယုအတွက် လွယ်ကူသည်။

ထို့အပြင် အဲဒါ မတိုင်ခင်က သူမအတွက် အဲဒါကို ဝယ်ပေးနိုင်ကြောင်း ယုက လေးလေးနက်နက် ထုတ်ဖော်ပြခဲ့သည်။

ဟုတ်ပြီ ကိစ္စက ရှင်းသည်။

ယုယုကတော့ သေတော့မယ်။ သူမကို ပြဿနာ ရှာလိုက်သည်။

ယုယုဆီကို ချက်ချင်း ပြန်ပြီး လည်ပင်း ညှစ်သတ်ချင်သည်။

သူမက ထိုကဲ့သို့ လူမျိုးလားဟု ရှန်ရန်ချင်း တွေးသွားမလား။

“အဲဒါကို ကျွန်မ ဝယ်ခဲ့တာ မဟုတ်ဘူး။ အိတ်ထဲမှာ ရှိနေတာတောင် မသိဘူး”

နန်ကောက သူမ၏ မျက်နှာကို အုပ်လိုက်ပြီး သူမ၏ လက်ချောင်းများ ကြားမှ အသံထွက်လာသည်။

သူမ၏ အသံမှာ အလွန်ညင်သာနေပြီး အသက်ရှူသံ ပြင်းလုနီးပါး ဖြစ်သွားသည်။ မကျေနပ်ချက် အရိပ်အမြွက်များကိုသာ ကြားနိုင်သည်။

ရှန်ရန်ချင်းက စကား မပြောပေ။ မိုးရွာတာကို ဆက်ကြည့်ချင်တဲ့ ခံစားချက် မရှိတော့တာကို မြင်ပြီးနောက် မိုးမပက်တော့အောင် ကားတံခါးကို တင်လိုက်သည်။

ပြတင်းပေါက် ပိတ်‌လိုက်သည်နှင့် ကားထဲတွင် တိတ်ဆိတ်သွားသည်။ သူ၏ အသက်ရှူသံများ ကျယ်လာပြီး သူမ၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။

နန်ကောက နောက်ပြန်ဆုတ်လိုက်ပြီး မသိစိတ်က ရှောင်တိမ်း ချင်နေသည်။

အမှောင်ထဲတွင် ပထမ အခိုက်အတန့်၌ သူမ၏ ရည်ရွယ်ချက်များကို ခံစားနေဆဲဖြစ်ကာ သူ၏ ရင်ခွင်ထဲသို့ သူမကို ဖိလိုက်သည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်ကို ရွေ့ကာ ငုံ့လိုက်သည်။

သူ၏ အေးမြသော နှုတ်ခမ်းများက သူ၏ လည်ပင်း အနောက် အနှံ့ ပွတ်သက်ကာ သူမကို တုန်လှုပ်သွားစေသည်။

နန်ကောက အသက်ရှူ ထိန်းထားပြီး သူ တစ်ခုခု လုပ်ချင်နေတာဟု တွေးလိုက်ပြီး ဒုတိယ အနေဖြင့် သူမ၏ နောက်ရှိလူက ထပ်မံကာ မတ်မတ် ထိုင်လိုက်ပြီး သူ၏ နှုတ်ခမ်းများက သူမ လည်ပင်းနားမှာ ကျန်နေခဲ့သည်။

သူမ၏ လက်ကို ချလိုက်သည်နှင့် ထိုလူကလည်း သူမ၏ မျက်လုံးရှေ့တွင် သူ၏ လက်များကို ဆုပ်ကိုင်ထားသည်။ သူက ဗူးကို ကောက်လိုက်သည်။

နန်ကော။

194 02

“ဒီညက မင်း ဘယ်သူနဲ့ ညစာ စားခဲ့တာလဲ။ အဲဒါကို ဒီထဲ ဘယ်သူ ထည့်လည်း ဆိုတာ မင်းသိလား”

ထိုလူ၏ အသံက တည်ငြိမ်နေသည်။

နန်ကောက မော့ကြည့်လိုက်ပြီး ဖြေတော့မည့် အချိန်တွင် လမ်းဘေးမှ ကားတစ်စီး ဖြတ်သွားသည်။ တောက်ပနေသော ရှေ့မီးက နောက်ကြည့်မှန်ကို လင်းသွားစေပြီး မှန်ထဲတွင် ထုတ်ဖော်ပြောဆိုခြင်း မရှိသော လူတစ်ယောက်ကို တွေ့လိုက်သည်။

သူက သူမကို ကြည့်နေဆဲ ဖြစ်ပြီး မှန်ကို သတိ မပြုမိပေ။

မကြာမှီတွင် သူက တစ်ခုခုကို ခံစား‌နေရကာ မော့ကြည့်လိုက်သည်။ ထိုလူ၏ အနက်ရောင် မျက်လုံးများက တစ်ခုခုကို ဖုံးကွယ်ထားပုံ ပေါ်သည်။

သူတို့ မျက်လုံးချင်း ဆုံသွားသည်။ ရှန်ရန်ချင်းက အနည်းငယ် မျက်မှောင် ကြုတ်လိုက်ပြီး သူ၏ နှုတ်ခမ်း ပါးလေးကို ဖိလိုက်သည်။

မှန်ထဲတွင် သူ့မျက်လုံးထဲရှိ အေးစက်မှု၊ ဥပေက္ခာပြုမှု နှင့် ဒေါသများက ပျောက်ကွယ် မသွားပေ။

သူ စိတ်ဆိုးနေတာလား။

နန်ကော ကြောင်သွားသည်။

သူ စိတ်တိုနေတာ ဟုတ်လား။ ရှန်ရန်ချင်း စိတ်တိုနေသော အချိန်တွင် သူဘယ်လိုလဲ ဆိုတာ သူမ မသိပေမဲ့ ထိုအကြည့်များက အလွန် များလွန်းသည်။

မိန်းကလေး၏ အိတ်ထဲတွင် ကွန်ဒုံးလို အရာမျိုး ပေါ်လာပြီး ၎င်းမှာ ရည်းစားရှိသော ကောင်မလေး ဖြစ်သည်။ သူ စိတ်တိုသင့်သည်။

သူမသည် ချက်ချင်းပင် ငြိမ်သက်သွားပြီး အေးစက်နေသော ချွေးများ ထွက်လာသည်။ သူမက အမြန်လှည့်ကာ သူ့ကို ရှင်းပြလိုက်သည်။

“ကျွန်မ ကျွန်မ…..အဲဒါက ကျွန်မကို ရည်ရွယ်တာ ဖြစ်နိုင်ပေမဲ့ အဲဒါအတွက် သူ့ကို မတောင်းဆိုခဲ့ဘူး”

“အဲဒါ ယုယုပဲ။ ရှင် အရင်က သူ့ကို တွေ့ဖူးတယ်လေ။ အဲဒါက ကြုံရာ ကျပန်းကောင် မဟုတ်ပါဘူး။ သူ….ဟင်း…. သိပ်မကြာသေးခင်က ရှင့်ကို ဘယ်လို လက်ဆောင်မျိုး ပေးသင့်လဲလို့ သူ့ကို မေးလိုက်တယ်။ သူ အကြံ ပြုတာက ရှင်နဲ့ ကျွန်မ”

သူမ အနည်းငယ် စိတ်ရှုပ်ကာ ရှင်းပြချင်သော်လည်း အချို့ စကားလုံးများက ပြတ်သားလွန်းသောကြောင့် သူတို့ကို ပြောဖို့ရာ ရှက်နေသည်။

သူမသည် အသက်ပြင်းပြင်း ရှူကာ သူမ၏ မျက်လုံးများကို မှိတ်ပြီး သေခြင်းတရားကို အေးအေးဆေးဆေး ရင်ဆိုင်လိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက ကျွန်မ အတွက် ပြောတာ ဖြစ်ပေမဲ့ တကယ်တော့ ရှင့်အတွက် ဖြစ်နေတယ်။ အဲဒါက ရှင်သုံးဖို့ အတွက်”

“ကျွန်မ မလုပ်ဘူးလို့ သူ့ကို ပြောပေမဲ့ ကျွန်မတို့ ဒီည ညစာ စားနေတဲ့ အချိန်တုန်းက ကျွန်မ အိတ်ထဲကို သူ တိတ်တိတ်ကလေး ထည့်သွားခဲ့တာ”

“ကျွန်မ ကျွန်မ အဲဒါကို ဟိုတယ်နဲ့ စူပါမားကတ်တွေမှာပဲ တွေ့ဖူးတာ။ အရင်ကဆို ဘယ်တုန်းကမှ မထိရဲခဲ့ဘူး”

နန်ကော အလွန် စိတ်ဆိုးနေသည်။ သူမ ဘဝ တစ်လျှောက်လုံး အဲလို အရာတွေကို ဘယ်တုန်းကမှ မထိခဲ့ဖူးဘဲ သူမ ၎င်းတို့ကို မြင်သော အချိန်တွင် ခိုးသာ ကြည့်ရဲခဲ့သည်။

သူမ အဲဒါကို ဟိုတယ်ထဲတွင် တွေ့သော အချိန်က သူမ မစပ်စုရဲခဲ့ပေ။

အမြဲတမ်းလိုလို ထုပ်ပိုး‌မှုပေါ်ရှိ မိတ်ဆက်ခြင်းကို သူမ တွေ့သော အချိန်တွင် သူမ ရှက်သွားသည်။

ဘယ်လို မတရားမှုမျိုးလဲ။

ရှန်ရန်ချင်းက သူမ၏ ရှုပ်ပွနေသော တုန့်ပြန်မှုကို တုန့်ပြန်ခြင်း မပြုခဲ့ပေ။

နန်ကော၏ နှလုံးခုန်သံနှင့် သူမ၏ ခေါင်းပေါ်သို့ သွေးများ စီးကျလာသည်ကို အာရုံခံနိုင်သည်။ ဘယ်လို အရာမျိုးကြောင့် ထိုကဲ့သို့ ပြောင်းလဲသွားလဲ ဆိုတာကို သူမ နားမလည်နိုင်ပေ။

သူမ၏ အသံမှာ တဖြည်းဖြည်းနှင့် နူးညံ့လာသည်။ သူမက ဝမ်းနည်းစွာဖြင့် နှုတ်ခမ်းကို ဆူကာ ရုတ်တရက် ငိုချင်လာသည်။

ထိုကဲ့သို့ တွေးပြီး သူမ၏ မျက်လုံးများ အနီရောင် ပြောင်းသွားသည်။

အဲ့ဒီ မိုက်မဲတဲ့ ယုယု သေတော့မှာ။

မနက်ဖြန် သူမ ပြန်သော အချိန်တွင်တော့ သေချာပေါက် သူ့ကို သေအောင် ရိုက်လိမ့်မည်။ ယုယုကို သေအောင် ရိုက်ဖို့ ကူညီရန် သူမ၏ အစ်ကိုကို ခေါ်လိမ့်မည်။

အရိပ်တစ်ခု ကျလာသော အချိန်တွင် သူမသည် လှည့်ကာ ငိုလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် အသက်ရှူခြင်းကို ခံစားလိုက်နိုင်သည်။

ရှန်ရန်ချင်းက သူမ၏ မျက်လုံးကို နမ်းလိုက်သည်။

“မင်း ဘာလို့ ငိုနေတာလဲ”

မျက်ရည်များက သူမ၏ မျက်လုံးထဲတွင် စီးကျနေဆဲ ဖြစ်သည်။ သူ ထိုသို့ ပြောသော အချိန်တွင် နန်ကောသည် မငိုခင် လှည့်ကာ သူ၏ ခါးကို ဖက်လိုက်သည်။

ရှန်ရန်ချင်းက အထုပ်ကို ဘေးတွင် ထားကာ သူမကို ဖက်လိုက်သည်။

သူ၏ နှုတ်ခမ်းကို ဖိလိုက်ပြီး တစ်ခုခုကို ပြောချင်နေသော်လည်း သူ့ကိုယ်သူ ရပ်တန့်လိုက်သည်။

၎င်းမှာ အမှားတစ်ခု ဖြစ်သည်။ နန်ကောနှင့် ဘာမှ မဆိုင်ဘူးဆိုတာ သိသောကြောင့် သူမ ငိုနေဖို့ မလိုပေ။

သို့သော်လည်း ၎င်းက တကယ့်ကို အဆင်မပြေ ဖြစ်နေသေးသည်။

နန်ကောက အလွန် ပြင်းထန်စွာ ငိုနေသည်။ အစကတော့ သူအနည်းငယ် စိတ်ရှုပ် သွားသည်။

194 03

စောနက သူတို့ စကား ပြောနေတာကို ပြန်သတိ ရသွားတော့ ပြဿနာကို နောက်ကျမှ သဘောပေါက်သွားသည်။ သူက သူမကို တင်းတင်းကြပ်ကြပ် မြန်မြန် ဖက်လိုက်ပြီး သူမ မျက်နှာကို နှစ်သိမ့်ပေးကာ နမ်းလိုက်သည်။

နန်ကောက ပို၍ပင် ငိုလာပြီး တတွတ်တွတ် ရေရွတ်နေသည်။

ရှန်ရန်ချင်းက ရှင်းရှင်းလင်းလင်း မကြားရသော်လည်း သူမက မကောင်း ပြောနေတာဟု ခံစားနေရသည်။

သူ၏ နှလုံးသားများ အနည်းငယ် နာကျင်သွားသည်။ လက်ကိုင်ပုဝါဖြင့် သူမ၏ မျက်ရည်များကို သုတ်ပေးရင်း သူက ရှင်းပြလိုက်သည်။

“စောနက ကိုယ်က အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး”

“ယောင်ယောင် တစ်စက္ကန့်လေး တောင်မှ ကိုယ်မင်းကို သံသယ မဖြစ်ဘူး။ ကိုယ် နည်းနည်းတော့ ဒေါသ ဖြစ်‌မိပါတယ်။ ဒါပေမဲ့ ကိုယ်မင်းကို ဒေါသ ဖြစ်မိတာက မင်းရဲ့ အိတ်ထဲကို ဒီလို အရာမျိုး တစ်ယောက်ယောက်က ထည့်လိမ့်မယ်လို့ ကိုယ် မထင်ထားတာကြောင့်ပါ”

“မင်းက ဒါကို မသိပေမဲ့ ယောကျာ်းက ယောက်ျားပဲလေ။ တချို့လူတွေမှာ တစ်ခြား ဆန္ဒတွေ ရှိမှာ ကိုယ်ကြောက်တယ်”

“ကိုယ် နိုင်ငံခြားမှာ ကျောင်းတက်တုန်းက တချို့ ယောကျာ်းလေးတွေက မိန်းကလေးတွေကို တိတ်တဆိတ် ဒါမှမဟုတ် လူကိုယ်‌တိုင် ပေးကြတယ်။ အဲဒါမှာ အကြောင်းပြချက် နှစ်ခုရှိတယ်။ တစ်ခုက အရွယ်ရောက်ပြီးသားအတွက် အရိပ်အမြွက် ဖြစ်ပြီး တစ်ခြား တစ်ခုမှာ အရှက်တရား ဖြစ်သည်။

“သူတို့က အမျိုးသမီးတွေ အကြောင်းကို သီးသန့် ပြောကြပြီး သူတို့ရဲ့ ပါးစပ်တွေက အညစ်အကြေးတွေနဲ့ ပြည့်နေကြတယ်။ ဘယ်လို ရည်ရွယ်ချက်ကြောင့်ပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ အမြင်မှာတော့ အဲဒါက မိန်းကလေးတွေကို စော်ကားတာပဲ”

“စောနက ကိုယ်ဒေါသ ထွက်နေတာ အဲဒါကြောင့်။ မင်းကြောင့် မဟုတ်ဘူး”

******

All Chapters