← Chapters

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း ၁၉၆

Vol. 20 Ch. 196

196 01

အပိုင်း (၁၉၆) ပျော်ရွှင်စရာ မွေးနေ့ပါ။

ရှန်ရန်ချင်းက ကုတင်‌နားတွင် ပက်လက်လှန်ကာ မျက်နှာကျက်ကို တိတ်တဆိတ် ကြည့်နေသည်။ စက္ကန့် အနည်းငယ် ကြာပြီးနောက် တစ်ခုခုကို ဖြေးညှင်းစွာ စုပ်ယူလိုက်သလို ထုတ်ဖော်ကာ မေးလိုက်သည်။

“မင်း မအိပ်ချင်ဘူးလား”

“မဟုတ်ပါဘူး”

နန်ကောက မအိပ်ချင်ရုံသာ မကပဲ သူမ၏ ရှက်ရွံ့ခြင်းနှင့် စိတ်လှုပ်ရှားမှုကြောင့် သူမ၏ စိတ်များ အထူးတက်ကြွနေသည်။

“မင်းက ဘာလုပ်ချင်လို့လဲ။ ဇာတ်ကား ကြည့်မလား”

သူ မေးပြီးနောက် အခန်းထဲ၌ ငြိမ်ကျသွားသည်။

အမှောင်ထဲတွင် နန်ကော၏ မျက်လုံးများ အနည်းငယ် ချိန်ညှိကာ သူ၏ မျက်နှာကို မြန်မြန် ကြည့်လိုက်သည်။ ဒီလူက ဘာဖြစ်နေတာလဲ။ သူမ၏ သဲလွန်စက မသိသာလို့များလား။

မဟုတ်ဘူး ဒါကို အရိပ်အမြွက်လို့တောင် ယူဆလို့မရဘူးမလား။

သူ နားမလည်တာလား။

တစ်ခြား တစ်ခုခု လုပ်တာ …..ရုပ်ရှင် ကြည့်တာလို့ သူဘယ်လိုလုပ် တွေးနိုင်တာလဲ။

အမ်

“မင်းက ရုပ်ရှင် မကြည့်ချင်ဘူးလား။ စာအုပ် ဖတ်ရင်ကော ဘယ်လိုလဲ”

နန်ကော…

နောက်ထပ် ရေအေးတစ်ဗုံး သူမပေါ်သို့ လောင်းချကာ အေးခဲသွားစေသည်။

သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ဂနာ မငြိမ်မှုများ လုံးလုံး မငြိမ်းခင်တွင် သူမသည် စောင်ကို မကာ သူ၏ ဘေးတွင် ဒူးထောက်ရန် ထလိုက်သည်။

ရှန်ရန်ချင်း ကြောင်သွားသည်။ နောက် အခိုက်အတန့်တွင် သူသည် မတ်တပ် အနည်းငယ် ရပ်လိုက်ပြီး ဂရုတစိုက်ဖြင့်တောင် မီးဖွင့်လိုက်သေးသည်။

နွေးထွေးသော အလင်းရောင်၏ အောက်တွင် ရှန်ရန်ချင်းသည် နှုတ်ခမ်းကိုက်ကာ သူ့ကို ကြည့်နေသော မိန်းကလေးအား ကြည့်လိုက်သည်။ သူမ ဘာမှ မပြောသော်လည်း သူမ၏ မျက်လုံးထဲတွင် စိတ်ဆိုးခြင်းများ ပြည့်နေတာ ရှင်းလင်းသည်။

“ဘာဖြစ်လို့လဲ”

သူက ခေါင်းအုံးကို မှီကာ ထိုက်လိုက်သည်။ သူက ကုတင်ဘေး စားပွဲပေါ်ရှိ မျက်မှန်ကို ရှာကာ တပ်လိုက်သည်။

နန်ကောက သူမ၏ နှုတ်ခမ်းကို ဖိလိုက်ပြီး နီရဲနေသော မျက်နှာဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။

“ရုပ်ရှင် ကြည့်တာနဲ့ စာအုပ်ဖတ်တာက လွဲရင် တစ်ခြား ဘာမှ မစဉ်းစားနိုင်ဘူးလား”

ထိုလူ၏ နှုတ်ခမ်းပါးလေးများ အပေါ်အောက် လှုပ်သွားသော်လည်း သူဘာမှ မပြောနိုင်ပေ။

သူမက သူ့ကို စိတ်ရှည်စွာ လမ်းညွှန်ပေးလိုက်သည်။

“ဒါက အရမ်းကောင်းတဲ့ အချိန်နဲ့ လေထုပဲ။ အဲ့ဒီ လေးနက်တဲ့ ကိစ္စထက် တစ်ခြား မဖွယ်မရာ အတွေးတွေ မရှိဘူးလား”

ရှန်ရန်ချင်းက မော့ကြည့်လိုက်ပြီး သူ၏ မျက်မှန်အောက်ရှိ အနက်ရောင် မျက်လုံးထဲတွင် ထိတ်လန့်တကြား အရိပ်အယောင်များ ပေါ်လာသည်။

အစက နန်ကော၏ စကားကို သူကြားသော အခိုက်အတန့်တွင် သူနားလည်မှု လွဲသွားတာဟု ဝန်ခံလိုက်သည်။ နန်ကော အဲဒီလို ဆိုလိုတာ မဟုတ်ဘူးဟု သူ တွေးသောကြောင့် သူ မမေးခဲ့ပေ။

ထို့ကြောင့် သူမ အိပ်မပျော်လို့ ရုပ်ရှင် ကြည့်ချင်တာလားဟု သူက မေးလိုက်ခြင်း ဖြစ်သည်။

သို့သော် လက်ရှိ မိန်းကလေး တစ်ယောက် အတွက်တော့ ဆက်လက် မေးခွန်းထုတ်ရန် မလွယ်ကူလှပေ။ သူ၏ မျက်နှာ နီးမြန်းနေရာမှ သိသာသည်။

သူတို့ စနေကတည်းက ရှန်ရန်ချင်းက ထိုအကြောင်းကို တွေးခဲ့သည်။

သူက ဘုန်းကြီး မဟုတ်ပေ။

သူက တစ်ဖက်ကို လှမ်းကြည့်လိုက်ပြီး သူ၏ မျက်လုံးများ မှောင်သွားသည်။

နန်ကောသည် ခါတိုင်းလိုပင် ညအိပ်ဝတ်စုံ ဝတ်ကာ ရေချိုးခန်းထဲမှ ထွက်လာသည်။ သူမ၏ အောက်ဆုံး ကြယ်သီးမှားနေသည်မှာ သူမြန်မြန် ထွက်လာသောကြောင့် ဖြစ်နိုင်သည်။ ထို့အပြင် သူ့ကို မော့ကြည့်လိုက်ရာ ငန်းနှင့်တူသည့် အဖြူရောင် လည်ပင်း ထွက်လာကာ သူမ၏ ညှပ်ရိုးကြီး ပြူးထွက်လာပြီး…..

သူက ဘာမှ မပြောဘဲ သူ့ကို စိုက်ကြည့်လိုက်ပြီး နန်ကောကို စိတ်မသက်မသာ ဖြစ်သွားစေသည်။

196 02

အရင်ကတော့ ရှန်ရန်ချင်းက တစ်ယောက်ယောက်ကို ထိုကဲ့သို့ တိုက်ရိုက်ကြီး ဘယ်တုန်းကမှ မကြည့်ခဲ့ဖူးပေ။ ရှန်ရန်ချင်းတွင် သူမနှင့် အိပ်ချင်သော အတွေး တကယ် မရှိဘူးလားဟု သူမ တွေးမနေနိုင်တော့ပေ။

သူမက မဆွဲဆောင်နိုင်ဘူးလား။

နန်ကော၏ နှလုံးခုန်နှုန်းများ ကျော်သွားသည်။ သူမ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သည်။

ကောင်းပြီ စုဟွေ့နှင့် ယှဉ်လျှင် သူမက ရင့်ကျက်ပုံ မပေါ်ပဲ ဆက်စီကျခြင်း လှပခြင်းများလည်း မရှိပေ။

သို့သော်လည်း အများကြီး ကွဲပြားခြင်းမျိုး မဟုတ်ပေ။

လူတိုင်း၏ စိတ်ဝင်စားမှုကို အောင့်သက်သွားစေသော အတိုင်းအတာ တစ်ခုအထိတော့ မဟုတ်ဘူးမလား။

အတိတ်တုန်းက သူမကို ပိုးပမ်းကြသူတွေ အများကြီးပင် ဖြစ်သည်။

သူမ မှတ်မိနိုင်သည့် အချိန်မှ စ၍ သူငယ်တန်းတွင် သူမကို ချိုချဉ်ပေးသော ကောင်လေးများလည်း ရှိသည်။ သူမ ဂိမ်းကစားသော အချိန်တွင် အမြဲတမ်း အကျော်ကြားဆုံး ပြိုင်ပွဲဝင် ဖြစ်ခဲ့သည်။ နောက်ကျနေဖို့ နေနေသာသာ အတန်းထဲရှိ ကောင်လေးများ အားလုံးက သူမထံမှ ရွေးခံလိုကြသည်။

ယုပြောတာ တကယ်များ ဖြစ်နေမလား။ ရှန်ရန်ချင်းမှာ ပြဿနာ တစ်ခုခုများ ရှိနေတာလား။

ရှန်ရန်ချင်း စဉ်းစားနေတုန်းမှာပင် သူ၏ မျက်နှာချင်းဆိုင်ရှိ လူက သူ့ကို ကြည့်သော အကြည့်မှာ ပြောင်းလဲသွားတာကို သူရုတ်တရက် သတိပြုမိသွားသည်။ သူမ၏ မျက်နှာပေါ်တွင် သံသယ၊ အံ့ဩမှု၊ စိတ်ရှုပ်ထွေးမှု၊ သနားခြင်းနှင့် ကိုယ်ချင်းစာမှုများ တစ်လှည့်စီ ဖြစ်ပေါ်နေသည်။

နန်ကော၏ အကြည့်နောက်ကို လိုက်ကာ သူ၏ ခေါင်းကို ငုံ့လိုက်သည်။

သူ နားလည်သွားသော အခိုက်အတန့်တွင် ထိုလူ၏ နှုတ်ခမ်းမှာ အနည်းငယ် တွန့်သွားသည်။

နန်ကောသည် သူမ၏ ရှုပ်ထွေးနေသော စိတ်ခံစားချက်ထဲတွင် နှစ်မြှုပ်နေပြီး သူမ၏ မျက်နှာချင်းဆိုင်ရှိ လူက ထနေပြီ ဆိုတာကို သတိမထားမိလိုက်ပေ။

သူမ၏ ရှေ့ရှိ အလင်းရောင်က မှိန်သွားသည်။ နန်ကောက မျက်တောင် ခတ်လိုက်သော်လည်း သူမရှင်းရှင်းလင်းလင်း မမြင်ရခင်မှာပင် ရှန်ရန်ချင်းက သူမ၏ ခါးကို ဖက်ထားလိုက်သည်။ သူမသည် ခေါင်းအုံးနှင့် ဆန့်ကျင်ဘက် ဖြစ်ကာ အိပ်ရာပေါ်သို့ ပြန်လဲလျောင်းလိုက်သည်။ ထို့နောက် ထိုလူက ကိုင်းညွှတ်လာပြီး သူမနှင့် နီးကပ်လာသည်။

နန်ကော၏ သူငယ်အိမ်များ ကျုံ့သွားသည်။

ဒါ…ဒါ…ဒါ

ဒီလို အ‌ခိုက်အတန့်မျိုးမှာ ရှန်ရန်ချင်းက ဘယ်လို လျစ်လျူရှု ထားနိုင်မှာလဲ။

သူမ သူ့ကို ပေးထားသော အရိပ်အမြွက် အားလုံးနှင့် သူသာ ဘာမှ မလုပ်ဘဲ နေခဲ့လျှင် တကယ်ကို ပြဿနာ အကြီးကြီး ဖြစ်သွားလိမ့်မည်။

ထိုလူ၏ အနမ်းက မုန်တိုင်းကဲ့သို့ ခံစားနေရပြီး စောစောက ကားထဲရှိ အနမ်းထက် ပို၍ ပြင်းထန်နေသည်။ ခဏလောက်တော့ နန်ကောက သူ၏ နှုတ်ခမ်းလား အသားအရေလား ဆိုတာကို မပြောပြနိုင်တော့ပေ။

အတိုချုပ် ပြောရလျှင် သူထိမိသော နေရာတိုင်းတွင် မီးလောင်နေသလို ခံစားနေရသည်။

ရှန်ရန်ချင်းက တည်ငြိမ်ပြီး စိတ်ရှည်သည်။ သို့သော်လည်း အဆုံးတွင် သူသည် အိပ်မက်မှ လန့်နိုးသလို ရုတ်တရက် ရပ်တန့်သွားသည်။

“တစ်ခုခုယူဖို့ ကိုယ် အောက်ထပ်ကို သွားလိုက်ဦးမယ်”

“ဟမ်”

ထိုကဲ့သို့ အချိန်မျိုးတွင် သူ၏ တုံ့ပြန်မှုကြောင့် နန်ကော ကြောင်သွားသည်။

“ဘာယူမှာလဲ”

ရှန်ရန်ချင်းလဲ အခု မရပ်လိုက်ချင်တာ သိသာသည်။ သူမကို ကြည့်လိုက်သော အချိန်တွင် သူ၏ မျက်လုံးထဲရှိ အချစ်များ မှေးမှိန်နေသေးသည်။

“ကိုယ့်ကောင်မလေး ပေးခဲ့တဲ့ တစ်ခုခုလေ”

ရှန်ရန်ချင်းက သူ၏ နှုတ်ခမ်းကို ဖိလိုက်သည်။

196 03

တကယ်တော့ သူက နန်ကောထက် နှစ်အနည်းငယ် ပိုကြီးသည်။ သူမ၏ အသက်အရွယ်အရ နန်ကောက အလျင်လိုချင်သော်လည်း သူကတော့ မတူနိုင်ပေ။ သူမက ငယ်သေးပြီး သူတို့ နှစ်ယောက်လုံးကလည်း အခုမှ အစသာ ဖြစ်သေးသည်။ လိုအပ်သော ကြိုတင်ကာကွယ်မှုများကို သူလုပ်ရမည်။ ကောင်မလေးကို နောက်ရက် မနက်ကျရင် ဆေးမသောက်ခိုင်းနိုင်ဘူး မဟုတ်လား။ ၎င်းက သူမ၏ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သည်။

သူအိပ်ရာက ထတော့မှာကို မြင်ပြီး နန်ကောက သူမ၏ လက်ကို အသုံးပြုကာ ခိုအာလာ တစ်ကောင်ကဲ့သို့ သူ၏ ခြေထောက်ကို ဆွဲထားလိုက်သည်။

ထို့နောက် သူမက သူ၏ နားနားတွင် တိုးတိုးပြောလိုက်သည်။

“ကျွန်မ အဲဒါကို ယူလာခဲ့တယ်။ ကျွန်မရဲ့ အိတ်ထဲမှာ…..”

“ကောင်းပြီ ရှင့်ရဲ့ အဝတ်လဲခန်း”

ရေချိုးခန်းထဲမှ ထွက်လာပြီးနောက် သူမက ၎င်းကို အဝတ်လဲခန်းထဲရှိ ဆိုဖာပေါ်တွင် ထားလိုက်သည်။

သူမ ဖြေလိုက်သည်နှင့် သူမ ခါးပေါ်ရှိ ထိုလူ၏ လက်က သူမကို မြှောက်လိုက်သည်။

ဒီလိုနှင့် သူက သူမကို အဝတ်အစားဖရိုဖရဲနှင့် အဝတ်လဲခန်းဆီသို့ တန်းတန်းမတ်မတ် ခေါ်လာခဲ့သည်။ သူတို့ နှစ်ယောက် ထွက်မလာခင် အချိန်အတော်ကြာနေပြီး အဆုံးမရှိသော ညည်းညူသံကိုသာ ကြားနေရသည်။

သူတို့ အိပ်ရာသို့ ထပ်ပြန်သွားသော အချိန်တွင် ညသန်းခေါင် ကျော်နေပြီ ဖြစ်သည်။

နန်ကောသည် နံရံပေါ်ရှိ နာရီကို ကြည့်ကာ အလွန် အံ့ဩသွားပြီး ရှန်ရန်ချင်းကို အမြန် ရပ်တန့်လိုက်သည်။

“ခဏ ခဏလေး”

သူမက တစ်ခြား အရေးကြီးသော ကိစ္စကို မေ့နေသည်။

ရှန်ရန်ချင်းက စောင်ကို ဆွဲလိုက်ပြီး သူတို့ နှစ်ယောက်ပေါ်သို့ အုပ်လိုက်သည်။ သူက မလှုပ်ရှားပေ။ သူမ၏ အပေါ်မှ ထောက်လိုက်ပြီး သူမ၏ မျက်လုံးများကို ကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ”

သူ ပြောလိုက်သည်နှင့် သူ၏ အသံမှာ အနည်းငယ် တိုးသွားပြီး အသက်ရှူနှုန်းများဖြင့် ရောထွေးသွားသည်။

နန်ကောက သူ၏ မျက်လုံးထဲသို့ မကြည့်ရဲပေ။ သူမ၏ အကြည့်များ ကျဆင်းသွားသည်။ နောက်တစ်စက္ကန့်တွင် သူ၏ မျက်လုံးထဲကို ကြည့်ရတာ ပိုယဉ်ကျေးနေသည်ဟု သူမ ခံစားနေရသည်။

ထို့ကြောင့် သူမသည် သူ့ကို ကြည့်ကာ သူမ၏ လက်ဖြင့် ခေါင်းအုံး အောက်ကို ရှာလိုက်သည်။

အကြောင်းပြချက် အချို့ကြောင့် သူမက ထိုနေရာတွင် တိတိကျကျ ထားသော်လည်း တစ်ခြားတစ်ဖက်တွင် တွေ့လိုက်သည်။ မကြာခင်မှာပင် လက်စွပ်ဆို မပြောနှင့် ခေါင်းအုံးတောင် မူလနေရာတွင် မရှိတော့ဘူးဆိုတာကို သိပ်မကြာခင်မှာပင် သူမ သဘောပေါက်သွားသည်။

အကြောင်းအရင်းကို သူမ နက်နက်နဲနဲ နားမလည်နိုင်ပေ။

ရှန်ရန်ချင်း၏ အကြည့်က သူမ၏ လက်နောက်သို့ လိုက်သွားပြီး သူမ၏ လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေသည်။

သူမ ကတ္တီပါ ဗူးလေး ထုတ်လာတာကို သူမ ကြည့်နေသည်။ ၎င်းမှာ မလုံ့တလုံ အပန်းရောင်လေး ဖြစ်သည်။

လျှို့ဝှက်စွာဖြင့် ဖြေးဖြေးချင်း ဖွင့်လိုက်သည်။

“ကျွန်မ စီစဉ်ထားတာ နည်းနည်းလေး နောက်ကျသွားလို့ ရှင် ကျွန်မကို အပြစ်မတင်နိုင်ပေမဲ့ အရမ်းကြီးလည်း နောက်မကျပါဘူး”

သူမက ရှေ့ကို ပေးလိုက်သည်။

“ဒါက ရှင့်အတွက် မွေးနေ့ လက်ဆောင်။ ဒါပေါ့ ကျွန်မက အဲဒါကို အခွင့်ကောင်း ယူခဲ့တာလေ”

ဗူးထဲတွင် လက်စွပ် နှစ်ကွင်းရှိနေပြီး အကြီးတစ်ခု အသေးတစ်ခု ဖြစ်သည်။

196 04

သူမက အမျိုးသား လက်စွပ်ကို ထုတ်လိုက်ပြီး သူဖြေတာကို မစောင့်တော့ပေ။ သူမက သူ၏ လက်ကို ဆွဲလိုက်ပြီး သူ့ကို အတင်းအကြပ် ဝတ်ပေးလိုက်သည်။

သူမ၏ လက်ကို သူ၏ လည်ပင်းနားကို ချိတ်လိုက်ပြီး သူ့ကို တင်းတင်း ကြပ်ကြပ် ဖတ်လိုက်သည်။

“လူအများကြီးက ဒီနေ့ ရှင့်ကို ပျော်ရွှင်ခြင်းနှင့် အောင်မြင်ခြင်းအတွက် ဆုတောင်း ပေးကြလိမ့်မယ်။ ကျွန်မဆီက ဒါကို ရှင်ကြားဖို့ မလိုအပ်လောက်ဘူး”

“ကျွန်မဆုတောင်းက လာမဲ့ နှစ်တွေမှာ ပင်ကွင်းလေး အတွက် အထူးချွန်ဆုံး၊ ချောမော၊ ချစ်စရာ ကောင်းပြီး အနှစ်သက်ဆုံး အိမ်စောင့် ဆက်ဖြစ်ပါစေလို့ ဆုတောင်းပါတယ်နော်”

“ပျော်ရွှင်စရာ မွေးနေ့ပါ ရှန်ရန်ချင်း”

******

All Chapters