← Chapters

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း ၁၉၇

Vol. 20 Ch. 197

197 01

အပိုင်း (၁၉၇) မင်္ဂလာဆောင်တွင် လက်စွပ် လဲလှယ်ခြင်း

နေ့လည်ခင်းတွင် နန်ကော တဖြည်းဖြည်းချင်း နိုးလာသည်။

သူမက လှည့်ကာ သူမဘေးရှိ နေရာကို ကြည့်လိုက်သည်။ ရှန်ရန်ချင်းက မရှိတော့ပေ။

သူမက ထွက်လာကာ စောင်ကို ထိလိုက်သည်။ သူ့ဘက်က အနည်းငယ် အေးနေသည်။ သူ ခဏလောက် ထားခဲ့သင့်သည်။

နံရံပေါ်ရှိ အချိန်ကို ကြည့်လိုက်တော့ ၂နာရီ ရှိနေပြီ ဖြစ်သည်။

နန်ကော ခဏတာ ကြောင်သွားသည်။

သူမ ဘယ်လောက်တောင် ကြာအောင် အိပ်လိုက်တာလဲ။

မဟုတ်ဘူး သူမ ဘယ်အချိန်ကတည်းက အိပ်လိုက်တာလဲ။

သူမသည် မနေ့ညက အဖြစ်အပျက်ကို ဂရုတစိုက်နှင့် ပြန်စဉ်းစားကာ အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမ အနည်းငယ် ရှက်သွားသည်။

မနေ့ညက သူတို့၏ ပထမဆုံး အကြိမ်က အဝတ်လဲခန်းထဲတွင် ဖြစ်သည်။

သူတို့က လုံလုံလောက်လောက် ကြိုတင် ကစားထားပြီးသား ဖြစ်ကာ တစ်ခုခုကို ရဖို့ ရှိနေကြသော်လည်း ၎င်းမှာ ရှန်ရန်ချင်း တစ်ခုခုကို ထိန်းချုပ်ဖို့ ဆုံးရှုံးသွားတာကို မြင်ရတာ ပထမဆုံး အကြိမ် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် အဝတ်လဲခန်းမှာ ကျယ်ဝန်းပြီး ဆိုဖာပေါ်တွင် နေရာလုံလုံလောက်လောက် ရှိသည်ထက် ပိုသည်။ အမွှေးကော်ဇောကိုလည်း အသုံးပြုနိုင်သည်။

မကြာခင် သူတို့ အိပ်ခန်းသို့ ပြန်လာချိန်တွင် အစပိုင်းတော့ အလွန် ညင်သာကာ နှေးကွေးနေကာ ထိုကဲ့သို့ စိတ်မြန်ခြင်း မရှိပေ။ နောက်ပိုင်းတွင် သူမက သူ့ကို ကြားဖြတ်လိုက်သည်။ လက်ထဲရှိ အရာများ ထွက်သွားတာက လက်စွပ်နှင့် ဆုတောင်းစကားများကြောင့် သူစိတ်လှုပ်ရှားနေတာ ဖြစ်ကောင်း ဖြစ်နိုင်သည်။

စိတ်လှုပ်ရှားစရာ အကောင်းဆုံးကတော့ မနေ့ညက သူမ၏ ခေါင်းကို စောင်းလိုက်သော အချိန်တွင် သူမ၏ ခေါင်းဘေးတွင် သူ၏ လက်ရှိနေခြင်း ဖြစ်သည်။ ထိုလူ၏ လက်ပေါ်ရှ်ိ လက်စွပ်မှာ အထူးသဖြင့် ပျိုးပျိုးပြက်ပြက် ဖြစ်နေသည်။

သူမ၏ လက်ကိုတောင် တမင်တကာ ဆွဲဆုပ်လိုက်ပြီး သူ၏ လက်ချောင်းများဖြင့် ရောယှက်လိုက်သည်။ သူသည် သူမ၏ လက်ချောင်းပေါ်တွင် အမျိုးသမီး လက်စွပ်ကို ဝတ်ပေးသည့် တစ်ယောက်သော သူဖြစ်သည်။

သူတို့ နှစ်ယောက်က မင်္ဂလာဆောင် ခန်းမတွင် အတွေ့အကြုံရအောင် လက်စွပ်ကို ကြိုတင် လဲလှယ်ထားပုံ ပေါ်သည်။ သူမ ထိုသို့ တွေးလိုက်သည်နှင့် သူမ၏ မျက်နှာ နီလာကာ နှလုံးခုန်နှုန်း မြန်လာသည်။

သူမ ဘယ်အချိန် အိပ်သွားလဲ ဆိုတာ မမှတ်မိတော့ပေ။ ပြတင်းပေါက်၏ အပြင်ဘက်တွင် အရင်ကထက် မိုးပိုလင်းလာတာကို သူမ သတိထားမိကာ သူမ ဘာကိုမှ မကြားနိုင်တော့ပေ။

ထို့နောက် မနက်မိုးသောက်တွင် တစ်စုံတစ်ယောက်က ရှန်ရန်ချင်းကို ခေါ်လိုက်သည်။

သူတို့ နှစ်ယောက်လုံး နိုးလာသည်။ ခေါ်ဆိုမှု ပြီးဆုံးသွားသည့် နောက်တွင် သူမ ကြောင်သွားသည်။ ပြတင်းပေါက်၏ အပြင်ဘက် နေရောင် လင်းနေချိန်တွင် သူတို့နှစ်ယောက် အတွက် နောက်တစ်ကြိမ် ထပ်စဖို့ အခွင့်အရေး ရခဲ့သည်။

ထို့နောက် သူမက အခုအချိန်ထိ အိပ်ပျော်နေခဲ့သည်။

ရှန်ရန်ချင်း ထွက်သွားသော အချိန်ကိုတောင် သူမ သတိမပြုမိပေ။

မနေ့ညက ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို နန်ကော မတွေးရဲပေ။ သူမက စောင်ကို ဖက်လိုက်ပြီး သူမ ဘာမှ လုပ်စရာ မရှိတော့သလို အိပ်ရာထဲတွင် ဖြေးညှင်းစွာ လှည့်လိုက်သည်။

မလှုပ်ရှားတာက အဆင်ပြေပေမဲ့ သူမ တစ်ကြိမ် လှုပ်လိုက်သည်နှင့် နေရာတိုင်းတွင် မသက်မသာ ခံစားနေရသည်။

၎င်းမှာ အထူးနာကျင်ခြင်းတော့ မဟုတ်ပေ။ အနည်းငယ် မသက်မသာ ဖြစ်ခြင်းသာ ဖြစ်ပြီး သူမနှင့် ပတ်သက်သော ကွဲပြားမှု တစ်ခုခုကို အာရုံ ခံစားနိုင်သည်။

၎င်းမှာ ဖော်ပြဖို့ မလွယ်ကူပေ။

သို့သော်လည်း တစ်ခြားလူများ ဖော်ပြဿလို ချဲ့ကား ပြောဆိုခြင်း မဟုတ်သည်မှာ သေချာသည်။

သူမက ကြုံရာ တွေးလိုက်ပြီး ခဏ အကြာတွင် ထပ်အိပ်ပျော်သွားသည်။

အောက်ထပ်တွင် ရှန်ရန်ချင်းက ရင်းနှီးသော ကားတစ်စီး ဝင်လာတာကို တွေ့လိုက်ပြီး သူရှေ့တွင် မရပ်လိုက်ခင်အထိ စောင့်နေလိုက်သည်။

အန်တီဝမ်သည် သူမ၏ မျက်နှာပေါ်တွင် ယဉ်ကျေးသော အ‌ပြုံးနှင့် နောက်ထိုင်ခုံမှ ထွက်လာသည်။

“အန်တီ”

197 02

ရှန်ရန်ချင်း ရှေ့ကို တိုးသွားလိုက်သည်။

အန်တီဝမ်သည် သူမ၏ ဘေးရှိ ဒရိုင်ဘာဆီမှ အစားအသောက်များကို ယူကာ သူ့ကို ပေးလိုက်သည်။

“ဒါက အန်တီလုပ်ထားတဲ့ စွပ်ပြုတ်နဲ့ သက်ရှည်ခေါက်ဆွဲရယ် တစ်ခြားအရံဟင်းတွေလဲ ပါတယ်

အဲဒါက နှစ်ယောက်စာ။ မင်းနဲ့ နန်ကော အတွက် သင့်တော်တယ်”

“ကျေးဇူးတင်ပါတယ် အန်တီ။ ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်”

ရှန်ရန်ချင်းက တစ်ခုပြီး တစ်ခု ထုတ်လိုက်သည်။

မနက်စောစောတွင် သူ၏ အဖေက သူ့ကို ဖုန်းခေါ်ပြီး ဒီနေ့ သူအားမယ်ဆိုရင် အိမ်ဟောင်းကို ပြန်ပြီး ထမင်းစားဖို့ သူ့ကို ပြောခဲ့တယ်။

နန်ကော နိုးလာသော အချိန်က နေ့လည်ခင်းဖြစ်ပြီး ညဘက် စားသောက်ဆိုင်တွင် ဘိုကင် တင်ထားတာကို တွေးလိုက်ပြီး သူက ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သည်။

သူ၏ အဖေက သူ့ကို ဖိအားမပေးသော်လည်း အန်တီဝမ်က ဟင်းချက်စရာများကို ပြင်ဆင်ထားပြီး ဖြစ်သည်။ သူတို့က အစားအသောက်တွေကို အရင် ပြင်ဆင်ပြီး သူ၏ နေရာကို အစားပို့ပေးဖို့ အကြံရသွားသည်။

သူက အန်တီဝမ်ကို ဒုက္ခမပေးချင်သော်လည်း သူမက သူ့မွေးနေ့အတွက် တစ်ခုခု လုပ်ပေးချင်နေသည်ဟု သူ့အဖေက ဖုန်းထဲတွင် ပြောခဲ့သည်။

အန်တီဝမ်သည် အစကတည်းက အိမ်ဟောင်းမှ ဆယ်နာရီတွင် ထွက်ခွာ‌ခဲ့သောကြောင့် သူနှင့် နန်ကော နေ့လည်စာကို အချိန်မှီခဲ့သည်။ မနေ့ည သူမ သောက်ထားတာကြောင့် နန်ကောကို နေ့လည်ခင်း အထိ အိပ်သင့်တယ်လို့ ပြောပြီး နေ့လည်စာ စားပြီးမှ အိမ်ဟောင်းကို လာခဲ့မယ်ဟု အန်တီဝမ်ကို ပြောလိုက်သည်။

“အဲဒါက လုံးဝ ပြဿနာ မရှိပါဘူး”

အန်တီဝမ်က အိတ်သေးသေးလေး တစ်ခုကို ညွှန်ပြဿည်။

“ဒီထဲမှာ ပျားရည် နည်းနည်း ပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက်လောက်တုန်းက အန်တီ့ရဲ့ သူငယ်ချင်း တစ်ယောက် ယူလာပေးခဲ့တာ။ အဲဒါက အတော်လေး ကောင်းတယ်လို့ အန်‌တီထင်တယ်။ နှစ်အိုး ကျန်သေးလို့ မင်းအတွက် ယူလာပေးခဲ့တာ”

“မင်းက မသောက်နိုင်ပေမဲ့ နန်ကောက ငယ်သေးတော့ ပါတီပွဲတွေကို သူမ ကြိုက်နေတုန်းပဲ ရှိသေးတယ်။ တစ်ခါတစ်ရံမှာ အဲဒါက ရှောင်လွဲလို့ မရဘူး။ နောက်ပိုင်းကျရင် မင်း သူမအတွက် ပျားရည် အနည်းငယ် လုပ်ပေးလို့ရတယ်”

နန်ကော မူးနေတယ်လို့ ဖုန်းထဲမှာ ပြောတာကို အန်တီဝမ်ကြားကာ သတိပြုမိသည်။

သူမကို အလွန် ငဲ့ညှာလိမ့်မည်ဟု ရှန်ရန်ချင်း မမျှော်လင့်ထားခဲ့ပေ။

“ကောင်းပြီ တက်တော့လေ။ ခေါက်ဆွဲကို မြန်မြန် ထည့်ရမယ်လေ။ စလုတ်စခု နည်းနည်းတော့ ဖြစ်လိမ့်မယ် ဒါပေမဲ့ အရသာကိုတော့ မထိခိုက်စေနဲ့”

“တက်သွားတော့။ အန်တီလည်း အခု သွားတော့မယ်”

အန်တီဝမ်က သူ့ကို လက်ပြလိုက်ပြီး သူ့ကို မြန်မြန်တက်သွားဖို့ရာ လက်ဟန်ပြလိုက်သည်။

“အော် ဟုတ်သား ယန်ကျင်း ပျော်ရွှင်စရာ မွေးနေ့ ဖြစ်ပါစေနော်။ မင်းရဲ့ အလုပ်အကိုင်လဲ အဆင်ပြေပါစေ”

ထိုသို့ ကြားပြီးနောက် ရှန်ရန်ချင်းက ရပ်လိုက်သည်။

သူ နိုးလာသော အချိန်တွင် သူက တကယ်ကို ကောင်းချီးများစွာ ရရှိထားပြီး ဖြစ်သည်။

အတန်းဖော်များ၊ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ဝန်ထမ်းများ ဒါမှမဟုတ် အချို့ လုပ်ငန်းပါတနာများနှင့် ဆွေမျိုးများထံမှ ဖြစ်သည်။

ထိုအရာ အားလုံးက မက်ဆေ့ပို့ခြင်းမျိုး ဖြစ်သည်။

သို့သော်လည်း သူ၏ အမေ အရင်းက ဘာမှ မလုပ်ပေးပေ။

သူက နေသားကျနေပြီ ဖြစ်သည်။ သူက စိတ်ပျက်ခြင်း ဝမ်းနည်းခြင်းများ မရှိပေ။

သို့သော်လည်း အန်တီဝမ်၏ စကားကို ကြားသော အချိန်တွင် သူ၏ နှလုံးသား ထောင့်တစ်နေရာက တိတ်တဆိတ် ပြိုကျသွားသည်။

နန်ကော နိုးနေတာကို ရှန်ရန်ချင်း မသိပေ။

အန်တီဝမ် တစ်ခုပြီး တစ်ခု ပေးလိုက်သော အရာများကို ဘေးနားတွင် ထားလိုက်ပြီး သူ၏လက်ကို ဆေးကာ အခန်းသို့ တိတ်တဆိတ် ပြန်လာလိုက်သည်။

သူ ထွက်လာသော အချိန်နှင့် ယှဉ်လျှင် နန်ကော၏ ကိုယ်နေဟန်ထားက ပြောင်းလဲနေသည်။

သူ ထွက်လာသော အချိန်က ခေါင်းအုံးပေါ်တွင် ရိုကျိုးစွာ အိပ်နေဆဲ ဖြစ်သည်။ အခုတော့ သူမက စောင်ကို ဖက်ကာ ကွေးကောက်နေသည်။

သူက အလယ် လေအေးပေးစက်၏ အပူချိန်ကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။

၂နာရီ ထိုးနေပြီ ဖြစ်သည်။ သူမသာ ဆက်အိပ်နေလျှင် တကယ်ကို ညစာ စားချိန်မှသာ နိုးလိမ့်မည် ဖြစ်သည်။

မိနစ် အနည်းငယ် ရုန်းကန်ပြီးနောက် ရှန်ရန်ချင်းသည် နောက်ဆုံးတွင် အိပ်ရာဆီသို့ လျှောက်လာခဲ့သည်။

“ယောင်ယောင်”

နန်ကောက နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ပေ။ သူ ပြောလိုက်သည်နှင့် နိုးလာသည်။

ရှန်ရန်ချင်းက ကုတင်ဘေးတွင် ဒူးတစ်ချောင်းထောက်ကာ သူမ ပေါ်သို့ မှီလိုက်သည်။

“ထပြီးတော့ တစ်ခုခု အရင် စားလိုက်လေ။ အန်တီဝမ်တောင် ခုဏကပဲ စားစရာတွေ လုပ်ပြီး လာပို့သွားပြီ။ စားပြီးရင် ထပ်နားလို့ ရတယ်လေ”

197 03

သူက မျက်မှန် မတပ်ထားဘဲ အိပ်နေရင်း ဗြောင်အင်္ကျီ အဖြူရောင်ကို ဝတ်ထားသည်။ သူ့ကို ကြည့်ရတာ ဖက်ချင်စရာ ကောင်းသည်။

နန်ကောက တုံ့ဆိုင်း မနေဘဲ သူ၏ လက်ကို ဆွဲလိုက်သည်။ ရှန်ရန်ချင်းက သူမကို သူ၏ ရင်ခွင်ထဲသို့ ဆွဲလိုက်ပြီး သူမ တစ်ရေး တစ်‌မော အိပ်ပြီး နိုးလာတာကို စောင့်ဖို့ သူမ၏ ဘေးတွင် လဲလိုက်သည်။

“စောနက ရှင် ဘယ်သွားနေတာလဲ။ အန်တီဝမ်နဲ့ သွားတွေ့တာလား”

“အမ် ဟမ်။ သူ့ကို အောက်ထပ်မှာတောင် ခဏ စောင့်လိုက်ရသေးတယ်”

“အို”

နန်ကော မျက်မှောင် ကြုတ်လိုက်သည်။ သူမ အလွန် အိပ်ချင်နေဆဲဖြစ်သည်။

“အန်တီဝမ်က ခေါက်ဆွဲနဲ့ မင်းကြိုက်တဲ့ ဟင်း နည်းနည်း လုပ်လာပေးတယ်။ ပြီးခဲ့တဲ့ တစ်ခေါက် အိမ်ဟောင်းကို သွားခဲ့တဲ့ အချိန်တုန်းက သူမရဲ့ စွပ်ပြုတ်ကို ကြိုက်တယ်လို့ မင်းပြောခဲ့တယ်မလား။ ဒီနေ့တော့ ပါတယ်”

“သူမ ပြန်သွားပြီလား။ သူမ တက်လာပြီး မထိုင်ဘူးလား”

နန်ကော အနည်းငယ် အပြစ်ရှိသလို ခံစားသွားရသည်။

“ဟင့်အင်း။ မနေ့ညက မင်း မူးနေပြီး အခုချိန်ထိ မနိုးသေးဘူးလို့ ကိုယ် သူ့ကို ပြောလိုက်တာ”

ရှန်ရန်ချင်းက သူမကို ကျောခိုင်းလိုက်သည်။

“အဆင်ပြေပါတယ်။ ကိုယ် နိုင်ငံခြားကနေ ပြန်လာတုန်းက မင်းကို အိမ်ဟောင်းကြီးကို လည်ဖို့ ခေါ်သွားခဲ့တာလေ”

နန်ကော တကယ်ကို မလှုပ်ချင်ပေ။ အဆုံးတွင် ရှန်ရန်ချင်းက သူမကို မျက်နှာသစ်ဖို့ ခေါ်သွားခဲ့သည်။

သူမက သူ၏ ပခုံးပေါ်တွင် မှီလိုက်သည်။ အဝတ်လဲခန်းကို ဖြတ်သွားသော အချိန်တွင် သူမက မနေနိုင်တော့ပဲ နောက်ထပ် နည်းနည်း ထပ်ကြည့်လိုက်မိသည်။

ဆိုဖာနှင့် ကော်ဇောကို ဘာမှ မဖြစ်ခဲ့သလို သန့်ရှင်းရေး လုပ်ထားသည်။

သို့သော်လည်း တစ်ချက် ကြည့်လိုက်ရုံဖြင့် မနေ့ညက မြင်ကွင်းက သူမ၏ စိတ်ထဲတွင် မကစားဘဲ မနေနိုင်တော့ပေ။ အသံနှင့် ဗီဒီယို ဖိုင် ထပ်တူကျစေမည့် အရာမျိုး ဖြစ်သည်။ မနေ့က တစ်ညလုံး မိုးရွာနေခဲ့ပြီး အခန်းမှာ ရေငွေ့ အလွှာဖြင့် ဖုံးကွယ်နေပုံ ပေါ်သည်။ ၎င်းမှာ ဖရိုဖရဲဖြစ်ခြင်း၊ စိုစွတ်ခြင်း၊ ခပ်ဝါးဝါးနှင့် ပူအိုက်ခြင်း ဖြစ်သည်။

“ရှင် ဘယ်အချိန် အိပ်သွားတာလဲ”

ရှန်ရန်ချင်းက သူမကို သန့်ရှင်းရေး ကူလုပ်ပေးခဲ့သည် ဟူသော အထင်ကြီးမှုမျိုး ရှိနေသည်။ သူ ဘယ် အချိန် အိပ်ပျော်သွားလဲ ဆိုတာတောင် သူမ မသိပေ။

“ကိုယ် အချိန်ကို သတိ မပြုမိလိုက်ဘူး။ ရှန်ရန်ချင်းက သူမ၏ သွားတိုက်တံကို ကိုင်ထားသည်။

“ဒါပေမဲ့ ဒီနေ့ မနက် ဖုန်းသံကြောင့် ကိုနိုးလာတဲ့ အချိန်တုန်းက ကိုယ်တစ်နာရီလောက် အိပ်ပျော်သွားတယ်လို့ ထင်တယ်”

နန်ကောက သူ့ကို မယုံကြည်ဘဲ မော့ကြည့်လိုက်သည်။ သူမသည် ညတုန်းက အများဆုံး သုံးနာရီလောက်သာ အိပ်ခဲ့ရသည်။

လုံးဝ အိပ်‌မပျော်သောပုံ မပေါက်ပေ။ သူမထက် တစ်ဝက်တောင် မရှိပေ။

“ရှင့်ရဲ့ အသက်အရွယ အရ အများကြီး အိပ်မပျော်ထားဘူးဘဲ။ ဘာလို့ ကျွန်မထက် ပိုတက်ကြွတဲ့ ပုံ ပေါက်နေရတာလဲ”

ရှန်ရန်ချင်း “…”

******

All Chapters