အခန်း ၂၀၀
Vol. 20 Ch. 200
200 01
အပိုင်း (၂၀၀) နန်ကောရဲ့ ဦးလေး
နန်ကောသည် ထိုကဲ့သို့ အချိန်အခါမျိုးကို သဘောမကျဘဲ သူမ၏ ဦးလေးက သူ့အကျိုးအတွက် လုပ်နေတာကို သိသည်။
နောက်ဆုံးတော့ မြို့တော်၏ အသိုင်းအဝိုင်းထဲတွင် ချိတ်ဆက်မှု တစ်ခုတော့ ရှိရမည်။ သူ့ဦးငယ်လေး၏ မိဘများက အချိန်အတော်ကြာ ကွဲကွာနေခဲ့သည်။ သူ့အမေ အဖိုးက ဒေသခံ အသိုင်းအဝိုင်းတွင် အဆင့်အတန်း အနည်းငယ် ရှိပြီး မြေးတစ်ယောက်ပဲ ရှိတာကြောင့် သူ့ဘေးတွင် ထားကာ သူ၏ မျိုးရိုး အမည်ကို ရောင်းလိုက်သည်။
ယခု အချိန်ထိ သူမ၏ ဦးလေးက ကျန်းမြို့တွင် သုံးလေးနှစ် မျှသာ နေခဲ့ပုံ ပေါ်သည်။ သူ့ဘဝ အများစုကို မြို့တော်တွင် ကုန်ဆုံးခဲ့သည်။
သူ၏ အသက်ကို ကြည့်လျှင် သူမ၏ အငယ်ဆုံး ဦးလေးက ရှန်ရန်ချင်းနှင့် အသက်တူပုံ ပေါ်သည်။ သူမဦးလေး၏ အဖေနှင့် သူမ အဖိုးက ညီအစ်ကို အရင်းများ ဖြစ်ကြသော်လည်း သူတို့သည် ဆယ်နှစ်ကျော် ကွာတာကြောင့် သူက ငယ်ပါသေးသည်။
သူမနှင့် သူမ၏ အငယ်ဆုံး ဦးလေးမှာ အားလပ်ရက် အတွင်းတွင်သာ တွေ့ကြသည်။ ပြီးခဲ့တဲ့ သူမ အဖွား၏ မွေးနေ့ပွဲတုန်းက သူမ၏ ဦးလေး တစ်ခုခုကြောင့် နောက်ကျကာ မလာနိုင်ခဲ့ပေ။
သို့သော်လည်း သူတို့နှစ်ယောက်သည် သီးသန့် ဆက်သွယ်ကာ မကြာခဏ စကားစမြည် ပြောနေကြဆဲဖြစ်သည်။ သူမသည် အငယ်တန်းထဲတွင် အငယ်ဆုံးဖြစ်ပြီး မိန်းကလေး တစ်ဦးတည်း ဖြစ်သောကြောင့် သူမ၏ အငယ်ဆုံး ဦးလေးသည် အများအားဖြင့် သူမ တောင်းဆိုသော အရာအားလုံးကို လိုက်လျောပြီး အလွန် ရက်ရောသည်။
ပြီးခဲ့သောနှစ် နန်ကျဲ့ သူမကို အလွန်တင်းကြပ်လိုက်ကတည်းက သူမ၏ အငယ်ဆုံး ဦးလေးနှင့် စကား မပြောရဲတော့ပေ။
မဟုတ်လျှင် သူမ ကားအသစ် ဝယ်ခဲ့ပြီးတာ ကြာပြီ။
သူမ၏ စိတ်ထဲတွင် စိုးရိမ်စိတ်ဖြင့် နန်ကောက ဒရိုင်ဘာ၏ နောက်သို့ လိုက်သွားလိုက်သည်။ ဧည့်ခန်းထဲသို့ သူမ ဝင်လာသည်နှင့် အပြင်အဆင်က သူမကို ဆွဲဆောင်လိုက်သည်။ သူမသာ ကောင်းကောင်း မသိဘူးဆိုလျှင် နန်းတော်ထဲကို ဝင်သွားတယ်လို့တောင် တွေးမိလိမ့်မည်။
သူမကို တံခါးဝသို့ ပို့ပြီးနောက် ဒရိုင်ဘာက ပြန်သွားလိုက်သည်။ ဝိတ်တာက သူမကို အထဲသို့ ခေါ်သွားသည်။
သူမ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် နန်ကောသည် အထဲရှိ စကားပြောသံများကို ကြားလိုက်ရသည်။ အားလုံးမှာ ယောကျာ်းများသာ ဖြစ်သည်။
အတွင်းကျဆုံး လူနှစ်ဆယ်ကျော် ထိုင်နိုင်သော စားပွဲဝိုင်းကြီးရှိသော ဧရိယာသို့ သူတို့ ရောက်သွားသည်။ သို့သော်လည်း ဝတ်စုံပြည့် ဝတ်ထားသော အမျိုးသား ငါးဦးသာ ထိုနေရာတွင် ထိုင်နေကြသည်။
သူမ၏ အငယ်ဆုံး ဦးလေးသည် ဘယ်ဘက်ရှိ ဒုတိယ ထိုင်ခုံတွင် ထိုင်နေသည်။
“ဦးငယ်”
သူမ ပြောလိုက်သည်နှင့် သူမ၏ ဦးလေးက သူမ ရှိရာသို့ မော့ကြည့်လိုက်သည်။
နန်ကောက အနည်းငယ် ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
“ဒီမှာလား”
သူမ၏ အငယ်ဆုံး ဦးလေးက အမြန်ထကာ သူမကို လက်ယပ်ခေါ်လိုက်သည်။
“ယောင်ယောင် လာလေ”
သူမသည် ရှေ့ကို တိုးလိုက်ပြီး ကျိုးနွံစွာ ရပ်နေသည်။ သူမ၏ အငယ်ဆုံး ဦးလေးက သူမ၏ ပခုံးကို သူ၏ လက်ဖြင့် ဖတ်လိုက်ပြီး အပြုံးလေးနှင့် သူမကို တစ်ခြားလူများဖြင့် မိတ်ဆက်ပေးလိုက်သည်။
200 02
“ဒါက ငါ့အစ်ကို အကြီးဆုံးရဲ့ အငယ်ဆုံး သမီးလေ နန်ကောတဲ့။ သူမကို ငါ့လိုပဲ ယောင်ယောင်လို့ပဲ ခေါ်တယ်”
“ဒါ ငါ့ရဲ့ သူငယ်ချင်းကောင်းပဲ။ သူတို့ကို ဦးလေးလို့လဲ ခေါ်နိုင်တယ်”
နန်ကောက လက်ခံလိုက်သည်။
သူမ ဦးလေး၏ မိတ်ဆက်ပေးခြင်းကို ကြားပြီးနောက် ထိုင်လိုက်ပြီး ကျန်သော လေးယောက်မှာ သူ့ကလေးဘဝက သူငယ်ချင်းများ ဖြစ်ကြောင်း သိသွားသည်။ သူတို့ အားလုံးသည် စစ်စခန်း တစ်ခုတွင် အတူတကွ ကြီးပြင်းလာကြပြီး သူတို့၏ မိဘများကလည်း ကောင်းစွာ သိကြသည်။ ထို့ကြောင့် သူတို့၏ ဆက်ဆံရေးမှာ သာမန် သူငယ်ချင်းများနှင့် ဆက်ဆံ၍ မရနိုင်ပေ။
“ငါ့တူမလေးက အရမ်း အလားအလာကောင်းတယ်။ သူမကို ကြည့်ရတာ နည်းနည်းတော့ ရယ်စရာ ကောင်းနေပေမဲ့ သူမက တကယ်တော့ စမတ်ကြတယ်။ အနာဂတ်မှာ သူမ ဘွဲ့ရပြီးလို့ ငါ့တို့နဲ့ အတူ ရှိနေမယ် ဆိုရင် သူမကို ကူညီပြီး ဂရုစိုက်ပေးရမယ်နော်။ သူမက နန်မိသားစုရဲ့ ရတနာပဲ”
“ငါ့ရဲ့ နယ်မြေမှာ တစ်ခုခု ဖြစ်မယ်ဆိုရင် နောင်မှာ ငါ့ရဲ့ ဘိုးဘေးတွေကို နံ့သာပေါင်းစုံနဲ့ ပူဇော်ဖို့ ပါးတောင် ရှိမှာ မဟုတ်ဘူး”
သူမ၏ အငယ်ဆုံး ဦးလေးက အလွန်စကားပြော ကောင်းသူ ဖြစ်ကာ သူက နန်ကျဲ့နှင့် အလွန်တူသည်။ ထို့အပြင် သူတို့ရဲ့ အသက်ကလည်း သိပ်မကွာတာကြောင့် သူတို့၏ ဆက်ဆံရေးက အလွန်ကောင်းသည်။ သူမ၏ ဦးလေး အရင်း နှစ်ယောက်နှင့် နှိုင်းယှဉ်လျှင် နန်ကျဲ့နှင့် သူမ၏ ဦးငယ်လေးက ပို၍ အပြန်အလှန် ဆက်ဆံမှု ရှိကြသည်။
သူတို့ အပြန်အလှန် ဆက်သွယ်သော အချိန်တွင် သူမ၏ ဦးငယ်လေးသည် အသက်ကြီးသူ ပုံစံမရှိပေ။ တကယ်တော့ သူတို့ဟာ အမြဲတမ်းလိုလို တစ်ယောက်နဲ့ တစ်ယောက် ဦးလေးနှင့် တူလို မပြောဆိုကြပေ။ သူတို့က သူငယ်ချင်းများနှင့် တူသည်။ သူတို့က အတူတကွ စကားပြောနိုင် ကစားနိုင်ကြသည်။
နန်ကျဲ့သည် သူ့ဦးငယ်လေး၏ မကောင်းသော လွှမ်းမိုးမှုကြောင့် အလယ်တန်း ကျောင်းတုန်းက ဆေးလိပ် သောက်တာကို သင်ယူခဲ့သည်။ နန်ကျဲ့ သူ၏ ကိုယ်ပိုင်လုပ်ငန်းကို ပထမဆုံး စတင်ခဲ့သော အချိန်က သူ၏ ဦးလေးသည် လုပ်ငန်း၏ တစ်ဝက်တွင် ပါဝင်ခဲ့သည်။
သူမ၏ အငယ်ဆုံး ဦးလေးနှင့် နန်ကျဲ့က လူဆိုး လူသွမ်းများနှင့် တူသည်ဟု သူမအမေက သီးသန့်ပြောဖူးသည်။ မိုက်မဲတဲ့ ကောင်လေးနှစ်ယောက်က တူညီတဲ့ စိတ်နေစိတ်ထားနဲ့ ဆုံတွေ့တဲ့ အချိန်ကြရင် ကောင်းတဲ့အရာတွေကို လုပ်နိုင်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ သူတို့ အများစုကတော့ ကောင်းကျိုး မရှိကြဘူး။
ဒရိုင်ဘာ ပြောသလိုပင် ထိုစားပွဲက နန်ကော ထင်ထားသလောက် ကြောက်စရာ မကောင်းခဲ့ပေ။ သူတို့က သူမကို ကောင်းကောင်းဆက်ဆံကြပြီး အောက်တန်းကျသော အကြောင်းအရာများကို တမင်တကာ မရှာဖွေခဲ့ပေ။
လေးနက်သော ကိစ္စများကို သူတို့ ဆွေးနွေးသော အချိန်တွင် သူတို့က ကျွမ်းကျင်သော မေးခွန်းများကို သူမအား ရံဖန်ရံခါ မေးလေ့ရှိသည်။ သူတို့သည် သူမအတွက် ခက်ခဲစေသော အရာများကို လုပ်နေပုံ မပေါ်သော်လည်း အငယ်တန်းကို လမ်းပြနေပုံနှင့် ပိုတူသည်။
နန်ကောက စိတ်ရှုပ်မခံနိုင်ပေ။ ဖြေးဖြေးချင်းနှင့် သူမက ထိုလေထုကို နှစ်သက်လာသည်။
ထိုညတွင် တစ်ယောက်မှ အရက် မမှာထားပေ။ သူတို့ အတူတူ ထမင်းစားနေကြသည်။
အိမ်ပြန်လမ်းတွင် ကားထဲ၌ နောက်ဆုံးတော့ နန်ကောက ရဲရဲတင်းတင်း မေးလိုက်သည်။
“ဦးငယ်လေး သူတို့ထဲက လူတချို့က ဦးလေးကို ဘာလို့ Fourth Brotherလို့ ခေါ်ကြတာလဲ’’
ညစာစားပြီးနောက်တွင် လူနှစ်ယောက်က သူ့ကို ထိုသို့ ခေါ်လိုက်သည်။
“အသက်ကြောင့်။ အဲ့နှစ်ယောက်က ဦးလေးထက် နှစ်နှစ်ငယ်တယ်။ ဦးလေးတို့က အတူတူ ကြီးပြင်းလာကြတဲ့ ငယ်သူငယ်ချင်းတွေလို့ ပြောကြတယ် မဟုတ်ဘူးလား”
သူမ၏ ဦးငယ်လေးက ဆေးလိပ်ကို မီးညှိလိုက်ပြီး သူမ၏ မျက်နှာကို ညှစ်ရန် သူ၏ ခေါင်းကို စောင်းလိုက်သည်။
“နောက်နောင် ဦးလေး မရှိတော့တဲ့ အချိန် ဒီမှာလာပြီး လေ့လာတာ ဒါမှမဟုတ် အလုပ်လုပ်တာ ဆိုရင် ကူညီဖို့အတွက် သူတို့ကို ရှာလို့ ရတယ်လေ။ အော် ဟုတ်သားပဲ သူတို့ထဲက တစ်ယောက်ကတော့ ဒီမှာ မရှိဘူး။ အခွင့်အရေး ရှိမှပဲ သူ့ကို မင်းနဲ့ မိတ်ဆက်ပေးတော့မယ်”
“သူတို့ကို ရှာတာက ငါ့ကိုရှာတာနဲ့ အတူတူပဲဆိုတာ သတိရပါ။ ဘာမှ ရှက်စရာ မလိုဘူး”
“အမ် ဟမ်”
နန်ကော ခေါင်းညိတ်လိုက်သည်။
“မင်းနဲ့ ရှန်ရန်ချင်း ချိန်းတွေ့နေတုန်းပဲလား”
“အမ် ဟမ်”
“တောက်”
သူမ၏ ဦးငယ်လေးက ပါးစပ်ထဲတွင် စီးကရက်ကိုက်ကာ ရုတ်တရက် ရယ်လိုက်သည်။ ထို့နောက် သူမ၏ ရှေ့ကို ကိုင်းလိုက်ပြီး သူမကို လက်မ ထောင်ပြလိုက်သည်။
“မင်းက မိသားစုကို ဂုဏ်ယူရအောင် လုပ်လိုက်တာပဲ”
နန်ကော ဆွံ့အ သွားသည်။ သူက သူမကို ချီးမွမ်းနေတာလား။
“ပြီးခဲ့တဲ့ တစ်ခေါက် နန်ကျဲ့ ပြောခဲ့တဲ့ အချိန်တုန်းက ငါမယုံခဲ့ဘူး”
အစကတော့ ရှန်ရန်ချင်းက ညစာစားပွဲတုန်းက ချန်းအန်ရဲ့ ဥက္ကဌကို ရိုက်လိုက်တယ်လို့ ကြားတုန်းက သူအံ့ဩခဲ့သေးတယ်။ ထို့နောက် နန်ကျဲ့လည်း ပါဝင်ကြောင်း သူကြားပြီးနောက်တွင် အနည်းငယ် အံ့ဩသွားသည်။ နောက်ပိုင်း နန်ကျဲ့ကို မေးလိုက်သော အချိန်က ရှန်ရန်ချင်းက နန်ကောအတွက် လုပ်ခဲ့တာဟု ကလေးက ပြောတော့ သူ့ကို ပို၍ပင် အံ့ဩသွားစေခဲ့သည်။
ဆက်စပ်မှုကို လုံးဝ မစဉ်းစားနိုင်ပေ။
“ပြီးခဲ့တဲ့ တစ်ခေါက် အဖွားရဲ့ မွေးနေ့တုန်းက ဦးလေးလာရင် သူနဲ့ ဆုံဦးမှာ”
“ငါ ကြားတယ်”
200 03
သူမ၏ အငယ်ဆုံး ဦးလေးက ဆေးလိပ်ရှိ ပြာကို ခါချလိုက်သည်။ သူ၏ အသံမှာ ပို၍ ပေါ့ပါးနေပြီး ဒေသသံ လေယူလေသိမ်းဖြင့် တဖွဖွ ပြောနေသည်။
“ငါ အစကတော့ သူနဲ့ တွေ့ချင်ပေမဲ့ အဲ့ဒီနေ့က တစ်ခြား ကိစ္စ တစ်ခုခု ရှိလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ မကယ်နိုင်တော့ဘူး”
“အရင်က တစ်ယောက်နဲ့တစ်ယောက် မမြင်ဖူးဘူးလား”
“ဟင့်အင်း”
ခဏတာ ရပ်သွားပြီး သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ သူ့အမေနဲ့တော့ တွေ့ဖူးပြီးတော့ သူမက ငါ့အဖိုးဆီတောင် လာလည်သေးတယ်”
သူပြောနေသော အဖိုးမှာ သူမိခင်ဘက်မှ အဖိုး ဖြစ်သည်။
နန်ကောသည် သူမ၏ အံ့ဩခြင်းများကို မဖော်ပြမှီ သူဖြေးဖြေးချင်း ပြောနေတာကို ကြားလိုက်သည်။
“ဒါပေမဲ့ ငါ့အဖိုးက ဒေါသကြီးတယ်ဆိုပြီး နာမည်ကြီးတယ်။ သူက သူမကို လုံးဝ မကြိုက်ဘူး။ သူ့ကိုတောင် ဘယ်တုန်းကမှ တွေ့ခွင့် မပေးခဲ့ဘူး။ သူမကို မောင်းထုတ်ဖို့ သူက ငါ့ကို ပြောခဲ့သေးတယ်”
“တကယ်ပြောနေတာလား”
နန်ကော၏ မှတ်ဉာဏ်ထဲတွင် ရှန်ရန်ချင်း၏ အမေကို ကြည့်ရတာ အမြဲတမ်း ယုံကြည်မှု လွန်ကဲနေပုံပေါ်သည်။ သူမက တစ်ခြားလူများကို ငြင်းပယ်မည့်ပုံ ပေါ်သော်လည်း တစ်ခြား အကြောင်း မဟုတ်တာတော့ သေချာသည်။
“ငါက ဘာလို့ လိမ်ရမှာလဲ”
“ဘယ်အချိန်တုန်းကလဲ”
“မနှစ်ကပဲ။ အစောပိုင်း နှစ်များက သူ့အမေမှာ အဓိပ္ပာယ် အချို့ရှိကာ နောက်ခံ အချို့လဲ ရှိသည်။ ဒါပေမဲ့ ငါ ကြားတာတော့ သူမ ကွာရှင်းပြီး ပြည်တွင်း ဈေးကွက်တွေကို စွန့်လွှတ်ပြီး နိုင်ငံခြားကို ထွက်သွားတယ်တဲ့။ ပြီးခဲ့တဲ့ နှစ်တုန်းက သူမ နိုင်ငံခြားကို ပြန်လာပြီး ဖွံ့ဖြိုးတိုးတက်ချင်လို့ မြို့တော်ကို ပြန်လာချင်နေတာ။ အဖိုးရဲ့ အဆက်အသွယ်တွေကို သုံးပြီး တံတား ထိုးချင်ပေမဲ့ သူမကို ငြင်းခဲ့တာလေ”
“အဲဒီနောက်တော့ ငါ့ဆီ လာတော့တာပဲ”
“ဒါဆို သူ့ကို ကူညီလိုက်လား”
နန်ကောက မြန်မြန် မေးလိုက်သည်။
သူမ မေးပြီးပြီးချင်းမှာပင် သူမ၏ ဦးငယ်လေးက သူမ၏ ခေါင်းကို ခေါက်ကာ အပြုံးလေးနှင့် ပြောလိုက်သည်။
“ငါ အဆက်အသွယ် အချို့ ရှိပေမဲ့ တချို့ မသက်ဆိုင်တဲ့ လူတွေကို ကူညီပေးဖို့ ငါမအားနေဘူး”
“မင်း ရှန်ရန်ချင်းနဲ့ တွဲနေတယ်လို့ ငါကြားတဲ့ အချိန်တုန်းက ငါ့ရဲ့ စိတ်ကို ပြောင်းပြီး သူ့အမေကို စကားထပ်ပြောချင်လာတယ်။ ဒါပေမဲ့ နန်ကျဲ့ပြောတာက သူ့အမေနဲ့ မင်းက ဆက်ဆံရေး မကောင်းကြဘူးတဲ့။ ဘာလို့လဲ။ သူမက နင့်ကို မကြိုက်ဘူးလား”
နန်ကောက သူမ၏ နှာခေါင်းကို ထိလိုက်သည်။
“နည်းနည်းပါ။ သူ့အမေဆီက အပြုံးကို ရှန်ရန်ချင်းတောင်မှ မရနိုင်ဘူး”
“ကောင်းပါတယ်။ ငါနင့်ကို ကတိတွေ အများကြီး မပေးနိုင်ပေမဲ့ ဒီနယ်ပယ်မှာ ငါ မညှာတာသ၍ သူ့အမေ ဘာတစ်ခုမှ လုပ်လို့ရမှာ မဟုတ်ဘူး။ ငါ သူမကို သေချာ ထိန်းချုပ်ထားမယ်”
******