← Chapters

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း (၁၂၀) ဆရာ့အတွက် အလုပ်နေရာ စီစဉ်ပေးခြင်း

လွီရှန့်လီ၏ တောင်းဆိုမှုကို ကြားသောအခါ လျူအာကျူးက နှုတ်ဆိတ်သွားသည်။

သူ မှတ်မိသည်က မှန်ကန်ပါက နိုင်ငံထဲတွင် ရုပ်မြင်သံကြားစက်များ ရှိနေသည်မှာ အမှန်ပင် ဖြစ်သော်လည်း စက်မှုစွမ်းရည် မလုံလောက်မှုကြောင့် အဆင့်များစွာတွင် လူအင်အားကိုသာ အသုံးပြုရသဖြင့် ထုတ်လုပ်မှုအခြေအနေမှာ အလွန်နောက်ကျကျန်နေပြီး အရေအတွက်မှာလည်း အလွန်နည်းပါးလှသည်။

တစ်နှစ်လျှင် အလုံးနှစ်ရာ ထုတ်လုပ်နိုင်ခြင်းကပင် အမြင့်ဆုံးပမာဏဟု သတ်မှတ်ရလေသည်။

ဤမျှကျယ်ဝန်းသော နိုင်ငံကြီးတွင် တစ်နှစ်လျှင် အလုံးနှစ်ရာဆိုသည်မှာ မြို့ကြီးများရှိ စက်ရုံကြီးများနှင့် အစိုးရဌာနများအတွက်ပင် မလုံလောက်နိုင်ပေ။

ခရိုင်မြို့ငယ်လေးရှိ စက်ရုံတစ်ရုံက ရုပ်မြင်သံကြားစက် ဝယ်ချင်သည်တဲ့လား။

"အစ်ကိုလွီ... ခင်ဗျားတို့က နည်းနည်းတော့ လောနေပြီ... ခရိုင်အစိုးရဌာနမှာတောင် ရုပ်မြင်သံကြားစက် ရှိချင်မှရှိမှာကို ခင်ဗျားတို့က မျက်စိကျရဲတယ်နော်..."

လျူအာကျူးက စိတ်မရှည်စွာဖြင့် သတိပေးလိုက်သည်။

လွီရှန့်လီသည် ယုံကြည်မှုရှိစွာ ပြုံးလိုက်ပြီး အသံကိုနှိမ့်ကာ ပြောလိုက်လေသည်။

"မင်း မသိလို့ပါ... ခရိုင်ပါတီအတွင်းရေးမှူးနဲ့ ငါတို့စက်ရုံမှူးက တပ်ထဲက ရဲဘော်ဟောင်းတွေဖြစ်ပြီး ဆက်ဆံရေးလည်း အရမ်းကောင်းကြတယ်... ဒါကြောင့် ဘယ်လောက်ကြီးတဲ့ ကိစ္စဖြစ်ဖြစ် ငါတို့ ဖြေရှင်းနိုင်တယ်..."

လျူအာကျူး နားလည်သွားသော်လည်း ခေါင်းခါလိုက်ဆဲပင် ဖြစ်၏။

"ကျွန်တော် မကူညီချင်လို့တော့ မဟုတ်ပါဘူး... ဒါပေမဲ့ စီးပွားရေးဗျူရိုကလည်း ရုပ်မြင်သံကြားစက်တွေကို မျက်စိကျနေတာ ကြာလောက်ပြီ... ပစ္စည်းရောက်လာတာနဲ့ သူတို့က အရင်ဆုံး ဦးဦးဖျားဖျား ယူကြမှာပဲ... ကျွန်တော် မြို့ပြင်ထွက်ပြီး သွားမဝယ်ရင်တော့ မရနိုင်ဘူး..."

"မင်းက မြို့ပြင်ထွက်မလို့လား..."

လွီရှန့်လီသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“မင်း ပေကျင်းမြို့ကို ပြောင်းသွားဖို့ စိတ်ကူးနေတာတော့ မဟုတ်ပါဘူးနော်..."

ပေကျင်းမြို့သည် ခရိုင်မြို့နှင့် ကီလိုမီတာ တစ်ရာကျော်ခန့်သာ ကွာဝေးသည်။ ဤအကွာအဝေးမှာ နီးကပ်လွန်းသည်ဟု မဆိုသာသော်လည်း ဝေးလွန်းသည်ဟုလည်း မခေါ်ဆိုနိုင်ပေ။

လျူအာကျူးသည် အထည်အလိပ်စက်ရုံမှ ယွမ်တစ်ထောင်ကျော် ရရှိခဲ့သည့်အပြင် ရဲစခန်းမှ ပေးထားသည်များလည်း ရှိသေးရာ ပေကျင်းမြို့သို့ ပြောင်းသွားလျှင်ပင် ကောင်းမွန်စွာ နေထိုင်နိုင်ပေသည်။

သို့သော် လွီရှန့်လီ စိုးရိမ်နေသည်မှာ သူ ကောင်းစွာ နေထိုင်နိုင်ခြင်း ရှိမရှိဆိုသည်ကို မဟုတ်ဘဲ အသားဝယ်ယူရန် ဤခိုင်မာသော လမ်းကြောင်းကို ဆုံးရှုံးသွားမည်ကိုသာဖြစ်သည်။

လျူအာကျူးသည် အမြန်ပင် ရှင်းပြလိုက်သည်။

"ကျွန်တော် ပေကျင်းမြို့ကို ပြောင်းသွားဖို့ မစဉ်းစားဖူးပါဘူး... ဘယ်သူက အဲဒီကို သွားချင်မှာလဲ... မိသားစု တော်တော်များများက ပြွတ်သိပ်နေရပြီး မနက်တိုင်း အိမ်သာတက်ဖို့ နှစ်နာရီလောက် တန်းစီရတဲ့အပြင် အများသုံးအိမ်သာတွေဆီက စူးရှတဲ့ အနံ့အသက်တွေကိုပါ သည်းခံနေရတာ..."

သူ၏ ယခင်ဘဝက ပေကျင်းမြို့တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးသည်။ အိမ်သာတက်နေစဉ် နှာခေါင်းကိုပိတ်ထားလျှင်ပင် မကာကွယ်နိုင်သော ထိုစူးရှသည့် အနံ့ဆိုးများကြောင့် သူသည် အကြိမ်ပေါင်းများစွာ မူးမေ့လဲလုနီးပါး ဖြစ်ခဲ့ရဖူး၏။

အထူးသဖြင့် ပညာတတ်လူငယ်များသည် ကျေးလက်ဒေသများမှ မြို့ပေါ်သို့ ပြန်လည်ရောက်ရှိလာကြပြီးနောက် နေထိုင်စရာနေရာရရှိရန် တရားမဝင် တဲများ၊ အဆောက်အအုံများကို အမျိုးမျိုး တိုးချဲ့ဆောက်လုပ်ခဲ့ကြရာ ကားများ ဝင်ထွက်နိုင်သော လမ်းကြားများမှာ လူတစ်ယောက်ပင် အနိုင်နိုင် ဖြတ်လျှောက်ရသော လမ်းကျဉ်းလေးများအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

လွီရှန့်လီက သက်ပြင်းချလိုက်လေသည်။

"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... ပေကျင်းမြို့က သိပ်ပြီး ကောင်းမွန်လှတာ မဟုတ်ပါဘူး... ငါတို့ရဲ့ ခရိုင်မြို့လေးမှာ သီးသန့်ခြံဝင်းတွေ အများကြီးရှိတယ်... မင်းသာ ဆန္ဒရှိရင် ဒီနေရာမှာ သီးသန့်အဆောင်တစ်ခုရအောင် ငါစီစဉ်ပေးလို့ရတယ်... မင်း ဘယ်လိုပဲ နေချင်နေချင် အဆင်ပြေတယ်..."

လျူအာကျူးသည် အဆောင်တွင် မနေချင်ပေ။ သူ စကားလွှဲရန် ဟန်ပြင်လိုက်စဉ်မှာပင် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာလေသည်။

တံခါးအပြင်ဘက်မှ စားဖိုမှူးတစ်ယောက်သည် ပြုံးရွှင်သော မျက်နှာဖြင့် ဝင်လာလေသည်။

"ညွှန်ကြားရေးမှူး... ကျူးဇီက ဒ္တစ်ကြိမ် ယူလာတဲ့ အသားတွေက စုစုပေါင်း နှစ်ရာဆယ့်ခုနစ်ကျင်း ရှိပါတယ်..."

"ကောင်းပြီ... ဒါဆိုရင် ထုံးစံအတိုင်းပဲ တစ်ကျင်းကို ငါးယွမ်နဲ့ ခြောက်ဆယ်ဆင့် တွက်လိုက်... စုစုပေါင်း တစ်ထောင်နှစ်ရာဆယ့်ငါးယွမ် ဖြစ်မယ်... ငါ အခုပဲ ပြေစာရေးပေးလိုက်မယ်... မင်းသွားပြီး ညီလေးကျူးဇီအတွက် ငွေသွားထုတ်ပေးလိုက်ဦး..."

လွီရှန့်လီက အမြန်ပင် ပြောလိုက်လေသည်။

စားဖိုမှူးသည် သဘောတူလိုက်သော်လည်း ပြေစာကို ယူပြီးနောက် ထွက်မသွားပေ။ ထို့အစား သူသည် လျူအာကျူးကို ကြည့်ကာ စကားပြောရန် တုံ့ဆိုင်းနေလေသည်။

လွီရှန့်လီသည် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

"တခြား ကိစ္စရှိသေးလို့လား..."

"ကိစ္စလေး နည်းနည်းရှိလို့ပါ..."

စားဖိုမှူးသည် အနည်းငယ် အနေရခက်စွာဖြင့် ပြောလေသည်။

"ပြီးခဲ့တဲ့အကြိမ်က ငါ့ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့ ကျူးဇီ ဆေးနည်းနည်း ပေးခဲ့တယ်မဟုတ်လား..."

"ဘာဖြစ်လို့လဲ... ဆေးက မစွမ်းလို့လား..."

လျူအာကျူးသည် မတ်တတ်ရပ်လိုက်ပြီး စားဖိုမှူးကို စမ်းသပ်စစ်ဆေးပေးရန် ရည်ရွယ်လိုက်သည်။

သူ၏ ဆေးပညာစွမ်းရည်နှင့် ပတ်သက်လာလျှင် သူသည် ပေါ့ပေါ့ဆဆ မလုပ်ရဲပေ။

စားဖိုမှူးက အမြန်ပင် ပြောလေသည်။

"မဟုတ်ပါဘူး... မဟုတ်ပါဘူး... မဟုတ်ပါဘူး... ဆေးက အရမ်းစွမ်းလွန်းလို့ပါ... အဲ့ဆေးကို ရက်အနည်းငယ်လောက် သောက်ကြည့်တာ ခန္ဓာကိုယ်က အများကြီး သက်သောင့်သက်သာ ဖြစ်သွားတယ်... အရင်ကလို ရုတ်တရက် နာကျင်လာတာမျိုးတွေ မဖြစ်တော့ဘူး..."

ဤစကားကို ကြားသောအခါ လွီရှန့်လီက ချက်ချင်းပင် မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

"မင်း... အရင်တုန်းက မင်း ကျူးဇီကို မယုံကြည်ခဲ့ဘူးမဟုတ်လား... အခုတော့ ကျူးဇီရဲ့ အစစ်အမှန် စွမ်းရည်ကို သိသွားပြီမလား..."

စားဖိုမှူး၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှုနှင့် အားနာမှုများ ပေါ်လွင်နေလေသည်။

"ဒါ ကျွန်တော့်အမှားပါ... ကျွန်တော် ညီလေးကျူးဇီကို အထင်မသေးခဲ့သင့်ဘူး..."

"ကောင်းပြီ... မင်း တောင်းပန်ပြီးပြီဆိုတော့လည်း ထွက်သွားတော့လေ…”

လွီရှန့်လီက လျူအာကျူးနှင့် ဆက်၍ စကားပြောချင်နေလေသည်။

မည်သို့ပင်ဖြစ်စေ လျူအာကျူးသည် ဗဟုသုတကြွယ်ဝသူဖြစ်ရာ သူနှင့် စကားပြောရသည်မှာ အလွန်ပင် သက်သောင့်သက်သာရှိလှလေသည်။

"ကျွန်တော့်မှာ ကိစ္စရှိသေးလို့ပါ... ကျွန်တော့်မှာ စားဖိုမှူးလုပ်တဲ့ သူငယ်ချင်းတချို့ရှိတယ်... သူတို့လည်း ကျွန်တော်နဲ့ ရောဂါလက္ခဏာ အတူတူပဲ... တချို့ဆို ပိုတောင် ဆိုးသေးတယ်... အလုပ်တောင် သိပ်မလုပ်နိုင်ကြတော့ဘူး... ဒါကြောင့် ကျူးဇီများ သူတို့ကို အဲ့ဆေးစာရွက် သုံးခွင့်ပေးနိုင်မလားလို့ မေးချင်လို့ပါ..."

"ဪ... ကျူးဇီ... မပူပါနဲ့... သူတို့က ငွေပေးချင်ကြပါတယ်..."

စားဖိုမှူးက အမြန်ပင် အာမခံလေသည်။

ဤစကားကို ကြားသောအခါ လွီရှန့်လီက ဝင်ရောက်စွက်ဖက်ခြင်း မပြုတော့ပေ။

လျူအာကျူးသည် ခေါင်းခါလိုက်သည်။

"ကျွန်တော် နှမြောနေတာ မဟုတ်ပါဘူး... ဒါပေမဲ့ လူတိုင်းရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက မတူညီသလို ရောဂါရဲ့ အခြေအနေနဲ့ အကြောင်းရင်းတွေကလည်း ကွဲပြားတယ်လေ... ဒါကြောင့် ခင်ဗျားကို ပေးခဲ့တဲ့ဆေးက သူတို့နဲ့ ကိုက်ညီချင်မှ ကိုက်ညီမှာ... အကောင်းဆုံးကတော့ သူတို့ကို ခေါ်လာခဲ့ပြီး ကျွန်တော် သေချာစမ်းသပ်ပေးတာ ပိုကောင်းမယ်... ဒါပေမဲ့ ကျွန်တော် ဆေးဖိုးတော့ ယူမှာပဲ..."

"ဆေးဖိုးယူတာက မှန်ကန်ပါတယ်... ငါ အခုပဲ သူတို့ကို သွားခေါ်လိုက်ပါ့မယ်..."

စားဖိုမှူးက ဝမ်းသာအားရပြောကာ လှည့်ထွက်သွားလေသည်။

လွီရှန့်လီသည် လျူအာကျူးအား လက်မထောင်ပြလိုက်သည်။

"စကားပုံတစ်ခုက ဘယ်လိုပြောထားလဲ... သမားတော်တစ်ယောက်မှာ မိဘလို မေတ္တာရှိတယ်ဆိုလား..."

လျူအာကျူးသည် ရယ်မောလိုက်လေသည်။

"ကျွန်တော်တို့က ရွာသူရွာသားတွေချည်းပဲလေ... ပြီးတော့ ဒါက ကြီးကြီးမားမား ရောဂါလည်း မဟုတ်ပါဘူး... ကြုံတုန်းလေး ကူညီပေးရုံပါ... လိုင်စင်မရှိဘဲ ဆေးကုသမှုနဲ့ ဘယ်သူမှ လာမတိုင်သရွေ့ အဆင်ပြေပါတယ်..."

"ဟာ... ညီလေး... မင်းမှာ ဆေးကုသခွင့်လိုင်စင် မရှိသေးဘူးလား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မင်းအတွက် ဆေးကုသခွင့်လိုင်စင်ရအောင် ငါ အခုပဲ တစ်ယောက်ယောက်ကို အကူအညီတောင်းပေးမယ်... မင်းသာ ဆန္ဒရှိရင် ခရိုင်ဆေးရုံထဲကို ဝင်နိုင်အောင်ပါ တစ်ခါတည်း စီစဉ်ပေးမယ်..."

လွီရှန့်လီက အမြန်ပင် ပြောလိုက်သည်။

ယခုအခါတွင် သူသည် လျူအာကျူးအပေါ် ကြီးမားသော ကျေးဇူးတစ်ခု ပြုလုပ်ပေးချင်နေပြီး ထိုကျေးဇူးက လျူအာကျူးကို သူ၏အကြွေးကြီးကြီး တင်သွားစေမည့်အရာမျိုးကိုသာ အလိုရှိနေသည်။

ထိုသို့ဆိုလျှင် သူနှင့် လျူအာကျူးတို့ နှစ်ယောက်သည် ဆက်နွှယ်သွားမည် ဖြစ်သည်။

စက်ရုံမှူးတစ်ယောက်က လျူအာကျူးကဲ့သို့ လူငယ်တစ်ယောက်နှင့် မိတ်ဆွေဖွဲ့ရန် အစွမ်းကုန် ကြိုးစားနေသည်ဆိုသော သတင်းသာ ထွက်ပေါ်သွားပါက လူဘယ်နှယောက်လောက် မနာလိုဖြစ်ကြမည်ကို မည်သူမှ သိနိုင်မည်မဟုတ်ပေ။

လျူအာကျူးသည် ငြင်းဆန်လိုက်၏။

"ကျွန်တော့်မှာ လျူကျေးရွာက ဆရာတစ်ယောက်ရှိတယ်... ပြီးတော့ ပြည်သူ့ကွန်မြူနစ်အဖွဲ့မှာလည်း စာရင်းသွင်းထားတယ်... ကျွန်တော်က လျူကျေးရွာ ဆေးပေးခန်းက အလုပ်သင်တပည့်လို့ သတ်မှတ်ခံထားရတာပါ... ခင်ဗျား တကယ်ကူညီချင်ရင် ကျွန်တော့်ဆရာကို ခရိုင်ဆေးရုံဆီ ပြောင်းရွှေ့ပေးဖို့ ကူညီပေးပါ..."

တာ့ရွှယ်ထို၏ ဆေးပညာစွမ်းရည်မှာ ခရိုင်ဆေးရုံအတွက် လုံလောက်သည်ထက်ပင် ပိုနေသေးသော်လည်း ဝင်ရောက်ရန် အဆက်အသွယ်သာ မရှိခြင်းဖြစ်သည်။

သူ၏ဆရာသည် ဆေးရောင်းရငွေများကို ယူရန် အားနာနေသောကြောင့် သူသည် ဆရာ့အတွက် အလုပ်တစ်ခု စီစဉ်ပေးရမည်ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူသည် အသက်အရွယ်ရလာပြီဖြစ်ပြီး သားအကြီးဆုံး၏ ဘဝမှာလည်း သာမန်မျှသာရှိကာ အောက်တွင်လည်း ကလေးနှစ်ယောက် ကျန်ရှိသေးရာ အလုပ်တစ်ခု ရှာပေးခြင်းက သူတို့အတွက် အသက်ကယ်လမ်းတစ်ခု ဖြစ်လာပေမည်။

ထို့အပြင် လျူအာကျူးသည် သူ၏ ယခင်ဘဝက ဆရာ့ကို ဒုက္ခပေးခဲ့ပြီး ဆေးကျမ်းများကို မီးရှို့ကာ သေဆုံးစေခဲ့သူ မည်သူဖြစ်ကြောင်း မသိသော်လည်း ၎င်းမှာ ရွာထဲမှဖြစ်စေ၊ အနီးအနားရွာမှဖြစ်စေ တစ်ယောက်ယောက်ဖြစ်မည်မှာ သေချာသည်။

သူ့ကို ရွာနှင့် ဝေးရာသို့ ခေါ်သွားခြင်းက ပို၍ကောင်းပေမည်။ သူကိုယ်တိုင် လူသိရှင်ကြား မလုပ်သရွေ့ ခရိုင်မြို့မှလူများက သူသည် နန်းတွင်းသမားတော်ကြီးများ၏ မျိုးဆက်ဖြစ်ကြောင်းကို သိနိုင်မည် မဟုတ်ပေ။

ထို့အပြင် ထောက်ပံ့ရေးဌာနတွင် တစ်နေကုန် နေထိုင်ခြင်းဖြင့် သူ၏ သေဆုံးရမည့် ကံကြမ္မာကို ရှောင်လွှဲနိုင်လိမ့်မည် ဖြစ်သည်။

ဤတောင်းဆိုချက်ကို ကြားသောအခါ လွီရှန့်လီသည် အလွန်ဝမ်းသာသွား၏။

အကြောင်းမှာ လျူအာကျူးသည် နောက်ဆုံးတွင် သူ့အား တောင်းဆိုစရာ ကိစ္စတစ်ခု ရှိလာသောကြောင့်ဖြစ်၏။ ဤသည်မှာ ကျေးဇူးပြုခွင့်ပင်တည်း။

ထို့အပြင် လျူအာကျူးသည် ခရိုင်ဆေးရုံသို့ ဝင်ရောက်နိုင်သည့် ကောင်းမွန်သော အခွင့်အရေးကို ဆရာ့အတွက် စွန့်လွှတ်လိုက်ခြင်းက သူသည် သစ္စာစောင့်သိပြီး သံယောဇဉ်ကြီးမားသူဖြစ်ကြောင်း ပြသနေသည်။

ထိုသို့သော သူနှင့် မိတ်ဆွေဖွဲ့ရခြင်းသည် အကောင်းဆုံးသော အရာပင်ဖြစ်သည်။

လွီရှန့်လီ ပြန်လည်ဖြေကြားရန် နှောင့်နှေးနေသည်ကို မြင်သောအခါ လျူအာကျူးသည် ဤကိစ္စကို စီစဉ်ရန် ခက်ခဲမည်ဟု တွေးလိုက်မိပြီး တောင်းပန်သည့်ဟန်ဖြင့် ပြောလိုက်လေသည်။

"အစ်ကိုလွီကများ စီစဉ်ပေးနိုင်မယ်ဆိုရင် ဒီတစ်ကြိမ် ဝက်တွေကို ခင်ဗျားကို အလကားပေးလိုက်ပါ့မယ်..."

"ဒါ ဘယ်လိုစကားမျိုးလဲ..."

လွီရှန့်လီ၏ မျက်နှာမှာ တင်းမာသွားလေသည်။

"မင်းက ငါ လွီရှန့်လီကို မင်းရဲ့ အစ်ကိုတစ်ယောက်အနေနဲ့ သဘောထားသေးရဲ့လား... ငါ မင်းအတွက် ကိစ္စတစ်ခု လုပ်ပေးတာနဲ့ ဒီလောက်ကြီးမားတဲ့ လက်ဆောင်ကြီးကို ယူလိုက်ရင် ငါက လူဖြစ်နေဦးမလား..."

"ကောင်းပြီ... မင်းဆရာ ခရိုင်ဆေးရုံထဲကို ဝင်နိုင်ဖို့ကိစ္စ ငါ တာဝန်ယူတယ်... ခရိုင်ဆေးရုံရဲ့ ဒုတိယဆေးရုံအုပ်နဲ့ ငါက အရမ်းရင်းနှီးတာဆိုတော့ တစ်ယောက်ယောက်ကို အလုပ်သွင်းပေးဖို့ စီစဉ်တာက ပြဿနာမရှိပါဘူး..."

"ဒါနဲ့ မင်းဆရာရဲ့ ဆေးပညာက ဘယ်လိုနေလဲ... တကယ်လို့ ကောင်းတယ်ဆိုရင် သူ့ကို သမားတော်ကြီးတစ်ယောက်ဖြစ်အောင် စီစဉ်ပေးမယ်... သာမန်ပဲဆိုရင်တော့ ထောက်ပံ့ရေးဌာနကို စီမံခန့်ခွဲဖို့ အကြံပြုချင်တယ်... အဲဒီမှာက အမြတ်ပိုထွက်တယ်လေ..."

လွီရှန့်လီ၏ စကားကို ကြားသောအခါ လျူအာကျူးသည် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်လေသည်။ "ထောက်ပံ့ရေးအလုပ်ပဲ စီစဉ်ပေးပါ..."

သူသည် ဆရာ့၏ ဆေးပညာစွမ်းရည် မမီမည်ကို စိုးရိမ်ခြင်းမဟုတ်ဘဲ နိုင်ငံရေးအခြေအနေ ပြောင်းလဲသွားသည့်အခါ ဆရာ ပစ်မှတ်ထားခံရမည်ကိုသာ စိုးရိမ်မိခြင်း ဖြစ်လေသည်။

တကယ်လို့ ထောက်ပံ့ရေးဌာနမှာသာဆိုလျှင် တစ်နေကုန် လူနာများကို ရင်ဆိုင်စရာမလိုသလို လူများ၏ မှတ်မိခြင်းကိုလည်း လွယ်လွယ်ကူကူ ခံရမည်မဟုတ်ပေ။

ထို့အပြင် လျူအာကျူးရှိနေသရွေ့ ဆရာသည် ထောက်ပံ့ရေးဌာနကို စီမံခန့်ခွဲရာတွင် ကျရှုံးနိုင်ပါမည်လား။

သူ ဟင်းသီးဟင်းရွက်များ လိုချင်လျှင် သူက ဟင်းသီးဟင်းရွက်များ ပေးမည်ဖြစ်သည်။

သူ ကောက်နှံများ လိုချင်လျှင် သူက ကောက်နှံများ ပေးမည်ဖြစ်သည်။

သူ သစ်သီးများ လိုချင်လျှင် သူက သစ်သီးများ ပေးမည်ဖြစ်သည်။

အသားလိုချင်လျှင်မူ ပို၍ပင် များများစားစား ရှိနေသေးလေသည်။

လွီရှန့်လီသည်လည်း လျူအာကျူး၏ အတွေးများနှင့် ထပ်တူကျနေလေသည်။ သူသည် ဦးထုပ်နှင့် လည်စည်းကို ချက်ချင်း ကောက်ယူလိုက်ပြီး ပြောလိုက်သည်။ "ကော်ဖီလေး သောက်ပြီး ခဏလောက် နားနေဦး... ငါ့ကို နာရီဝက်လောက် စောင့်ပေး..."

"ခင်ဗျားမှာ လုပ်စရာကိစ္စ ရှိလို့လား... ဒါဆို ကျွန်တော် အရင် ထွက်သွားပေးမယ်... ခင်ဗျားကို အနှောင့်အယှက် မပေးတော့ဘူး..." လျူအာကျူးသည် ထွက်သွားရန် မတ်တတ်ရပ်လိုက်လေသည်။

လွီရှန့်လီသည် သူ့အား ထိုင်ခုံပေါ်သို့ ပြန်ဆွဲချလိုက်လေသည်။ "မင်းရဲ့ အစ်ကိုက မင်းကိစ္စကို သွားလုပ်ပေးမလို့လေ... အေးအေးဆေးဆေး စောင့်နေပါ..."

All Chapters