← Chapters

အခန်း ၂၈၈

Vol. 15 Ch. 288

အခန်း ၂၈၈

Vol. 15 Ch. 288

အပိုင်း(၂၈၈) ခွဲထွက်လမ်းစဉ်နှင့် လမ်းစဉ်ကူးပြောင်းခြင်း၏ ဆက်စပ်မှု

ချူချယ်က ထိုင်ခုံပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်နေခဲ့သော်လည်း ထိုစာကြောင်းကို မြင်လိုက်ရသည့်အခါ သူ၏ ခန္ဓာကိုယ်က အလိုအလျောက် မတ်မတ်ဖြစ်သွားခဲ့သည်။

သူ၏ အမူအရာကလည်း အလွန် အလေးအနက် ဖြစ်သွား၏။

မီးခိုးတမန်တော် လမ်းစဉ်က ချန်းရီ၏ လမ်းစဉ်ဖြစ်သည်။

၎င်းက သဘာဝလွန်လမ်းစဉ်၏ အမျိုးအစားခွဲတစ်ခု ဖြစ်သည်။

ဤလမ်းစဉ်က တစ်ခါတစ်ရံတွင် အတော်လေး အသုံးဝင်ပြီး ဓားနတ်ဘုရား လမ်းစဉ်ထက်ပင် ပို၍ ထိရောက်မှု ရှိနေတတ်သည်။

ဥပမာအားဖြင့် တဝူမြို့တွင် ရှိနေစဉ်က ချန်းရီသည် မီးခိုးငွေ့ ပုံဖော်ခြင်းကို အသုံးပြုကာ မြူခိုးကျွန်များနှင့် ရင်ဆိုင်၍ အင်အားပြိုင်ခဲ့သည်။

ထို့အပြင် နတ်ဆင်ကျေးရွာတွင်လည်း ဝိညာဉ်ဆိုးများနှင့် ထပ်မံ၍ အင်အားပြိုင် တိုက်ခိုက်ခဲ့သေးသည်။

သူ၏ ဤအစွမ်းသာ မရှိခဲ့ပါက ထိုအကြိမ်နှစ်ကြိမ်လုံး ဤမျှ လွယ်ကူနေမည် မဟုတ်ပေ။

ထို့အပြင် ချန်းရီသည်လည်း ယာဉ်တန်း၏ တိုက်ခိုက်ရေးအင်အားစု တစ်ခု ဖြစ်နေသည်။ ဤအချက်က ချူချယ်ကို အလေးမထားဘဲ မနေနိုင်အောင် ဖြစ်စေခဲ့၏။

မှတ်စုစာအုပ်၏ ဤစာမျက်နှာကို တစ်လုံးချင်း သေချာဖတ်ရှုပြီးနောက် ချူချယ်က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။

တောက်... လမ်းစဉ် အစွမ်းပိုင်ရှင်တွေနဲ့ ပတ်သက်ပြီး ငါသိထားတာက တကယ်ကို နည်းလွန်းနေသေးတာပဲ။

ဤမှတ်စုစာအုပ်ထဲရှိ မှတ်တမ်းများအရ ဤအရူးသည် လွန်ခဲ့သော အချိန်က ယာဉ်တန်းတစ်ခုနှင့် ကြုံတွေ့ခဲ့ဖူးသည်။

ဤအထဲတွင် မှတ်တမ်းတင်ထားသော "သဘာဝလွန်လမ်းစဉ်၊ မီးခိုးတမန်တော် လမ်းစဉ်" နှင့် ပတ်သက်သည့် ဗဟုသုတများကိုလည်း ထိုယာဉ်တန်း ခေါင်းဆောင်၏ မှတ်စုစာအုပ်ထဲမှ ကူးယူထားခြင်း ဖြစ်သည်။

အစပိုင်းတွင် မည်သို့ ပျံ့နှံ့လာခဲ့သနည်း ဆိုသည်ကိုမူ အတည်ပြုရန် မဖြစ်နိုင်တော့ပေ။

ယခင်က နတ်ဆင်ကျေးရွာတွင် ရှိနေစဉ်က မီးခိုးတမန်တော် လမ်းစဉ်သည် အဆင့် (၃) သို့ ရောက်ရှိသည့်အခါ ခွဲထွက်လမ်းစဉ် သုံးခု ရှိလာမည်ဖြစ်ကြောင်း ထိုအဘိုးအို ပြောသည်ကို ကြားခဲ့ရသည်။

၎င်းတို့ထဲမှ တစ်ခုမှာ မူလ မီးခိုးတမန်တော် လမ်းစဉ် ဖြစ်ပြီး နောက်တစ်ခုက မြူခိုးသခင် လမ်းစဉ် ဖြစ်ကာ တတိယတစ်ခုကိုမူ မသိရသေးပေ။

အမှန်တကယ်တော့ မြူခိုးသခင် ဆိုသည်မှာ မည်သည့် ခွဲထွက်လမ်းစဉ်မှ မဟုတ်ပေ။

အကယ်၍ မဖြစ်မနေ သတ်မှတ်ရမည်ဆိုလျှင် ၎င်းကို လမ်းစဉ်ကူးပြောင်းခြင်းဟု ခေါ်ဆိုရမည် ဖြစ်သည်။

မီးခိုးတမန်တော် လမ်းစဉ်သည် အဆင့် (၃) သို့ ရောက်ရှိသောအခါ မြူခိုးသခင် အဖြစ်သို့ လမ်းစဉ်ကူးပြောင်းနိုင်သလို အခြားသော မသိရသေးသည့် လမ်းစဉ်တစ်ခု အဖြစ်သို့လည်း ကူးပြောင်းနိုင်သည်။

မြူခိုးသခင်နှင့် မီးခိုးတမန်တော်၊ ထို့အပြင် ထိုမသိရသေးသော လမ်းစဉ်။

ဤလမ်းစဉ် သုံးခုစလုံးသည် သဘာဝလွန်လမ်းစဉ်၏ အမျိုးအစားခွဲများပင် ဖြစ်ကြသည်။

"မြူခိုးသခင်" နှင့် "မီးခိုးတမန်တော်" တို့တွင် ဆင်တူသည့် အချက်အချို့ ရှိနေသောကြောင့် အချင်းချင်း အပြန်အလှန် လမ်းစဉ်ကူးပြောင်းနိုင်သည်။

မီးခိုးတမန်တော်နှင့် မြူခိုးသခင်တို့သည် လမ်းစဉ်ကူးပြောင်းနိုင်သော ဆက်စပ်မှုမျိုးသာ ဖြစ်ပြီး ခွဲထွက်လမ်းစဉ် ဆက်စပ်မှုမျိုး မဟုတ်ပေ။

တတိယမြောက် လမ်းစဉ်ကိုမူ လောလောဆယ် မသိရသေးချေ။

မြူခိုးသခင် ဆိုသည်မှာ လမ်းစဉ်အမည် ဖြစ်ပြီး လမ်းစဉ်အဆင့်အမည် မဟုတ်ပေ။

သွေးသား တိုက်တန် လမ်းစဉ်သည် အဆင့် (၂) သို့ ရောက်ရှိသည့်အခါ ခွဲထွက်လမ်းစဉ် နှစ်ခုကို ရွေးချယ်နိုင်သည်။

တစ်ခုက ခေါင်းနှစ်လုံး လူ့ဘီလူးကြီး ဖြစ်ပြီး နောက်တစ်ခုက စက္ခုဦးခေါင်း လမ်းစဉ် ဖြစ်သည်။

"ခေါင်းနှစ်လုံး လူ့ဘီလူးကြီး" နှင့် "စက္ခုဦးခေါင်း" တို့သည် လမ်းစဉ်အဆင့်အမည်များ ဖြစ်ကြသည်။

ယခင်က မပီပြင်ခဲ့သော ခွဲထွက်လမ်းစဉ်နှင့် လမ်းစဉ်ကူးပြောင်းခြင်းတို့သည် ဤအချိန်တွင် များစွာ ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။

ချူချယ်က အလွန် အံ့အားသင့်သော မျက်လုံးများဖြင့် ဖတ်ရှုနေခဲ့၏။

တစ်ချိန်တည်းမှာပင် ဤအခန်းကဏ္ဍတွင် မီးခိုးတမန်တော် လမ်းစဉ်သည် အဆင့် (၄) သို့ ရောက်ရှိသွားပါက နောက်ဆက်တွဲ လမ်းစဉ် ရှိတော့မည် မဟုတ်ကြောင်း ဖော်ပြထားသည်။

မီးခိုးတမန်တော် လမ်းစဉ်က မပြည့်စုံသော လမ်းစဉ်တစ်ခု ဖြစ်နေခဲ့သည် ဆိုပါလား။

ဤအချက်က ချူချယ်ကို နဖူးမှ ချွေးစေးများ ပြန်လာစေသည်အထိ အံ့အားသင့်သွားစေခဲ့သည်။

အကယ်၍ ချန်းရီသာ မြူခိုးသခင် လမ်းစဉ်သို့ ကူးပြောင်းခြင်း မရှိဘဲ မီးခိုးတမန်တော် လမ်းစဉ်အတိုင်း တိုက်ရိုက် ဆက်သွားမည်ဆိုပါက အဆင့် (၄) သည် သူ၏ အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်သွားနိုင်ပေသည်။

၎င်းမှာ "ဖြစ်နိုင်ခြေများသည်" ဟုသာ ဆိုထားသော်ငြားလည်း။

မဖြစ်သေးဘူး... ဤကိစ္စကို ချန်းရီအား သေချာပေါက် ပြောပြရမည်။ ကြိုတင် ပြင်ဆင်ထားမှသာ အဆင်ပြေပေလိမ့်မည်။

သို့သော် ဤမှတ်တမ်းထဲတွင် မီးခိုးတမန်တော် လမ်းစဉ်မှ ကူးပြောင်းနိုင်သော တတိယမြောက် လမ်းစဉ်၏ အမည်ကိုမူ အတိအကျ ဖော်ပြထားခြင်း မရှိပေ။

ယခင် နတ်ဆင်ကျေးရွာမှ ထိုအဘိုးအိုသည် "မြူခိုးသခင်" ဟူသော အမည်ကို သိရှိနေခြင်းမှာ ဤ "ခေါင်းဆောင်၏ မှတ်စုစာအုပ်" နှင့် သတင်းရင်းမြစ် အတူတူပင် ဖြစ်လိမ့်မည်ဟု ချူချယ်က အလွန် သံသယဝင်မိသည်။

ချူချယ်က ဤစာမျက်နှာကို ခေါက်၍ မှတ်သားထားလိုက်ပြီး ခဏနေလျှင် ချန်းရီအား ပြသရန် ဆုံးဖြတ်လိုက်သည်။

ယခင်ကကဲ့သို့ အဘယ်ကြောင့် ကူးမရေးထားသနည်း ဆိုလျှင် ဤ "ခေါင်းဆောင်၏ မှတ်စုစာအုပ်" ပိုင်ရှင်မှာ သေဆုံးသွားခဲ့ပြီ ဖြစ်ရာ ကူးရေးနေရန် မလိုအပ်တော့သောကြောင့်ပင်။

သို့သော် ထိုအချိန်မှာပင် ချူချယ်သည် ခြေသံအချို့ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။

သူက မှတ်စုစာအုပ်ကို အလျင်အမြန် သိမ်းဆည်းလိုက်သည်။

ချူချယ် လှည့်မကြည့်ရသေးခင်မှာပင် ချန်းရီ၏ စပ်ဖြဲဖြဲ အသံကို ကြားလိုက်ရသည်။

"ခေါင်းဆောင်ချူ... ကြည့်စမ်း... ငါ ဘယ်သူ့ကို ရှာတွေ့လာလဲလို့"

ချူချယ် လှည့်ကြည့်လိုက်သောအခါ ချန်းရီက ပြုံးဖြီးဖြီးဖြင့် အသားဖြူဖြူ လူဝကြီး တစ်ယောက်ကို ဆွဲခေါ်လာသည်ကို တွေ့လိုက်ရသည်။

ထိုလူဝကြီး၏ မျက်နှာပေါ်တွင် ညိုမည်းစွဲနေသော ဒဏ်ရာများ ရှိနေ၏။ သူ၏ မျက်နှာတွင် မကျေနပ်မှုများနှင့် မတရားခံရသည့် အမူအရာများ အထင်းသား ပေါ်လွင်နေသည်။ ခုနလေးတင် မနည်းမနော နှိပ်စက်ခံထားရသည့်ပုံပင်။

တဲအပြင်ဘက်တွင်လည်း ဆူညံသံများ မပြတ် ထွက်ပေါ်နေသည်။

"ကျွန်တော်မျိုးကြီး" နှင့် "အရှင်မင်းကြီး" စသည့် အသံများကို သဲ့သဲ့လေး ကြားနေရ၏။

ချန်းရီ တစ်ယောက်တည်း ဝင်လာခြင်း မဟုတ်ပေ။ သူ့နောက်တွင် ပြဿနာကို ပိုကြီးစေလိုသော ပန်းရောင်ဆံပင်နှင့် ကောင်မလေး တစ်ယောက်လည်း ပါလာသေးသည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မျက်နှာတွင် အလွန် ထူးခြားသော အတင်းအဖျင်း တစ်ခုကို ကြားလိုက်ရသကဲ့သို့ စိတ်လှုပ်ရှားမှုများ အပြည့် ရှိနေသည်။

"ဒီလူက..."

ချူချယ်က သံသယဖြင့် မေးလိုက်သည်။

"ခေါင်းဆောင်ချူ... ဒီကောင်က အရင်တုန်းက စိတ်ကူးယဉ်သမား လမ်းစဉ် အစွမ်းပိုင်ရှင်လေ"

"ပြောရရင်တော့... အရင် ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးရဲ့ တတိယထပ်က ကောင်က အတုကြီးဗျ"

"သူ့ရဲ့ ခန္ဓာကိုယ်အစစ်က တစ်ချိန်လုံး ဒီလောက်ထိ ပုန်းကွယ်နေတာကိုး"

"ဒီကောင် တကယ်ကို ပုန်းနိုင်တာပဲ"

ချန်းရီက တဟီးဟီးရယ်မောလိုက်ပြီး သူ၏ အမူအရာက အလွန် စိတ်ဝင်စားဖွယ် ကောင်းနေသည်။

အသားဖြူဖြူ လူဝကြီးက ချန်းရီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ကိုယ်တော်က ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့ ဘုရင်အစစ်ကွ... မင်းက ကိုယ်တော့်ကို ဒီလို ရိုင်းစိုင်းရဲတယ်ပေါ့လေ"

"တိတ်စမ်း"

ချန်းရီက ထိုလူဝကြီး၏ တင်ပါးကို ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်သည်။

"မင်း သေချာ စကားမပြောဘူးဆိုရင် ငါ မင်းကို အဝတ်တွေချွတ်ပြီး ကားပေါ်မှာ တိုက်ရိုက် ကြိုးတုပ်ထားလိုက်မယ်... ငါ့ရဲ့ နာမည်ကို မင်း ကြားဖူးမှာပါ"

လူဝကြီး၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။

ခုနက ယာဉ်တန်းမှ အသက်ရှင်ကျန်ရစ်သူများ ပြောသည်ကို သူ ကြားခဲ့ရသည်။ ဤမျက်လုံးတစ်ဖက်နှင့်လူက အကြောအမာဆုံးနှင့် ရက်စက်ကြမ်းကြုတ်မှု အရှိဆုံးဖြစ်သည်ဟု ဆိုကြသည်။

ချန်းရီ ကိုယ်တိုင်လည်း သူက ယာဉ်တန်းအတွက် အဖွဲ့ဝင်သစ်များ စုဆောင်းရာတွင် အကောင်းဆုံး လက်နက်တစ်ခု ဖြစ်နေကြောင်း ယခုမှသာ သိလိုက်ရသည်။

သို့သော် ချန်းရီက ဤကိစ္စကို လုံးဝ ဂရုမစိုက်ပေ။ လူတိုင်း၏ ချစ်ခင်မှုကို မရနိုင်လျှင်တောင် လူတိုင်း ကြောက်ရွံ့ရသူ ဖြစ်လာခြင်းကလည်း မဆိုးလှချေ။

"ကျွတ်ကျွတ်... အဆင့် (၃) လမ်းစဉ်ကို ရောက်နေပြီးတော့ တိုက်ခိုက်နိုင်စွမ်း နည်းနည်းလေးမှ မရှိတာကလည်း ထူးဆန်းလွန်းပါတယ်ကွာ"

"ဟမ့်... ကိုယ်တော်... ငါက အားကုန်သွားလို့ပါ... ဟိုအနက်ရောင်နဂါးသာ မရှိရင် မင်းတို့ ငါ့ကို ဖမ်းမိဖို့ မစဉ်းစားနဲ့"

သူက ဧကရာဇ်တစ်ပါး၏ လေသံဖြင့် ပြောရန် ပြင်လိုက်သော်လည်း ချန်းရီက တဟင်းဟင်းရယ်မောလိုက်သဖြင့် ချက်ချင်း စကားပြောင်းသွားလေသည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက လူဝကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ အဆီများကို ဓားအိမ်ဖြင့် ထိုးဆွကြည့်လိုက်ပြီး အလွန် စိတ်ဝင်စားနေသည့် အမူအရာကို ပြသနေသည်။

လူဝကြီး၏ မျက်နှာက တည်ကြက်သွားပြီး အနည်းငယ် ဩဇာတိက္ကမ ရှိလာကာ ပန်းရောင်ဆံပင်နှင့် ကောင်မလေးကို အော်ငေါက်လိုက်သည်။

"နင့်လို တောသူမကများ ကိုယ်တော့်ကို ဒီလို စော်ကားရဲတယ်ပေါ့လေ"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာ အလွန် ဒေါသထွက်သွားပြီး အသားဖြူဖြူ လူဝကြီးကို ပြေးဝင် ထိုးကြိတ်တော့သည်။

အချိန်အတော်ကြာပြီးနောက် အသားဖြူဖြူ လူဝကြီး၏ မျက်နှာပေါ်တွင် ဖူးယောင်နေသော ဒဏ်ရာများ ပိုများလာပြီး လူကလည်း ပို၍ ဝလာသကဲ့သို့ ဖြစ်သွားသည်။

ချူချယ်က သူတို့နှစ်ယောက်ကို စကားမဆိုနိုင်စွာဖြင့် ကြည့်နေလိုက်သည်။

"မင်းတို့နှစ်ယောက် ဆက်ရိုက်နေရင် ဒီလူ သေသွားလိမ့်မယ်"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက လူဝကြီးကို ခြေထောက်ဖြင့် တစ်ချက် ကန်လှဲလိုက်ပြီး ဒေါသတကြီးဖြင့် လှည့်ထွက်သွားသည်။

တောသူမတဲ့လား... ပန်းရောင်ဆံပင်နှင့် ကောင်မလေးက သူမကိုယ်သူမ ဖက်ရှင်ရေစီးကြောင်း၏ ရှေ့ဆုံးမှ ခေတ်မီသူ တစ်ယောက်ဟု အမြဲ မှတ်ယူထားခဲ့သည်။

သို့သော် ယခုတော့ သေနာဝတုတ် တစ်ယောက်၏ တောသူမဟု ခေါ်ဆိုခြင်းကို ခံလိုက်ရသည် မဟုတ်ပါလော။

အမှန်တော့ အသားဖြူဖြူ လူဝကြီး၏ အမည်ရင်းမှာ ဟွမ်တီ ဖြစ်သည်။

အဝါရောင် ဟွမ် နှင့် ညီလေး တီ ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။

ထိုအမည်က ဧကရာဇ် ဟူသော ဂုဏ်ပုဒ်နှင့် နည်းနည်းလေးမျှ သက်ဆိုင်ခြင်း မရှိပေ။

ဤလူဝကြီးက အလွန် သတ္တိနည်းကာ ပြဿနာများကို ကြောက်ရွံ့တတ်ပြီး ယခင်က သူ၏ သဘာဝလွန် အစွမ်းအားလုံးကို ထို ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး အပေါ်တွင်သာ အသုံးပြုခဲ့သည်။

ထို့ကြောင့် သူ့ထံတွင် မည်သည့် တိုက်ခိုက်ရေးစွမ်းရည်မျှ မရှိခြင်း ဖြစ်သည်။

ယခင်က ချန်းရီတို့ မြင်တွေ့ခဲ့ရသော အဖြူရောင်ဝတ်စုံနှင့် အမျိုးသားမှာ အမှန်တကယ်တော့ သူ ရှာဖွေထားသော ရုပ်သေးရုပ်သာ ဖြစ်သည်။

သို့သော် စိတ်ကူးယဉ်သမား လမ်းစဉ်၏ ဘေးထွက်ဆိုးကျိုးကမူ သူ့အပေါ် အမှန်တကယ် နက်ရှိုင်းသော သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။

ဤသို့ဖြစ်နေသည့်တိုင် ဤလူဝကြီးက သူကိုယ်သူ အမြင့်မြတ်ဆုံး ဧကရာဇ် တစ်ပါးအဖြစ် မှတ်ယူထားဆဲပင်။

ယခု လောလောဆယ် ဒုက္ခရောက်နေခြင်းသာ ဖြစ်သည်ဟု သူက ယူဆထား၏။

ဤကိစ္စနှင့် ပတ်သက်၍ ချူချယ်လည်း မည်သို့မျှ မပြောတတ်တော့ပေ။

"မင်း ရှေ့ဆက်ပြီး ဘယ်လို လုပ်ဖို့ စီစဉ်ထားလဲ"

ဟွမ်တီက သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက်မှ စကားစလိုက်သည်။

"ကိုယ်တော်က... ငါ အခုလောလောဆယ် ဘာအစီအစဉ်မှ မရှိသေးဘူး... အားအင်တွေ ပြန်ပြည့်လာရင် ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးကို ပြန်ပြီး ဖန်တီးရမယ်"

"ဒါပေမဲ့ ဒီလောက် လူအများကြီးကို ငါ တကယ် ခေါ်မသွားနိုင်ဘူး... ဒါကို မင်းတို့ပဲ ဒုက္ခခံပေးရလိမ့်မယ်"

"ငါနဲ့ လိုက်ချင်တဲ့ လူတွေကိုတော့ မင်းတို့ မတားဆီးဖို့ မျှော်လင့်တယ်"

"ပြီးတော့... ချန်ဟောင်လည်း ငါနဲ့ လိုက်ခဲ့ရမယ်"

ချူချယ်နှင့် ချန်းရီတို့က တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက်...

"ချန်ဟောင့်ကိစ္စကို သူကိုယ်တိုင်ပဲ ဆုံးဖြတ်လိမ့်မယ်... သူ့ကိစ္စကို မင်းဘာသာ သွားမေးလိုက်"

ဟွမ်တီ မသေသေးသည့် ကိစ္စက စခန်းအတွင်းရှိ အသက်ရှင်ကျန်ရစ်သူများကြားတွင် အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။

ထို နန်းတွင်းမိန်းမလျာကြီး ရှောင်တယ်ဇီ ဆိုလျှင် နှပ်တစ်ရှူးရှူး မျက်ရည်တစ်ရွှဲရွှဲဖြင့် ငိုကြွေးနေတော့သည်။

ချန်ဟောင်ကမူ အချိန်အတော်ကြာအောင် ကြောင်အမ်းနေခဲ့၏။

ထို့နောက် သူ၏ မျက်နှာက အနည်းငယ် မသာမယာ ဖြစ်သွားသည်။

အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားသည်။

ချန်းရီ၏ မိစ္ဆာပစ်ကပ်ကား သည်လည်း တစ်ညတာ ကုန်လွန်ပြီးနောက် မကြာမီ အဆင့်မြှင့်တင်ခြင်း ပြီးဆုံးတော့မည် ဖြစ်သည်။

ဆက်ရန်...

All Chapters