← Chapters

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း (၁၃၁) စောစောလာခဲ့ပါ

အမေကျောက်သည် နောက်ဆုံးတွင် အနည်းငယ် စိတ်အေးသွားကာ သက်ပြင်းရှည်ကြီးတစ်ခုကို ချ လိုက်မိပြီး သူမ၏ မျက်လုံးများပင် အနည်းငယ် ပူနွေးလာခဲ့လေ၏။

"အဲ့ဒါဆိုလည်း ကောင်းတာပေါ့... ကောင်းပါတယ်လေ... ငါ့သမီးလေး ကိုယ်ဝန်ရှိကတည်းက ငါ့မှာ တစ်ရက်လေးတောင် စိတ်မအေးခဲ့ရဘူး... တို့တွေက အရမ်းဝေးတဲ့နေရာမှာ နေကြရတော့ ကူညီပေး ချင်ရင်တောင် လက်လှမ်းမမီနိုင်ဘူးဖြစ်နေတာ..."

ထိုအခြေအနေကို မြင်သောအခါ အမေထျန်က သူမ၏ ခမည်းခမက်ဖြစ်သူအား ပီကင်းသို့ သွားရောက် ၍ မီးတွင်းကာလအတွင်း ပြုစုစောင့်ရှောက်ပေးရန် ခပ်ပေါ့ပေါ့ပင် ပြောဆိုလိုက်လေသည်။

ထိုစကားကို ကြားသောအခါ အမေကျောက်မှာ ချက်ချင်းပင် စိတ်ပါသွားခဲ့လေ၏။ ထိုကလေးမလေးမှာ သူမ၏ သမီးအရင်း ဖြစ်နေလေရာ မည်သို့လျှင် မသွားချင်ဘဲ နေနိုင်မည်မဟုတ်ပေ။

သို့သော် အိမ်ရှိ အဘိုးကြီးနှင့် လုပ်စရာရှိသော ကိစ္စအဝဝကို တွေးပူနေမိခြင်းသာ ဖြစ်ပေသည်။

သူမအနေဖြင့် အိမ်ပြန်၍ တိုင်ပင်ဆွေးနွေးရန် လိုအပ်ကြောင်း ပြောမည်ပြုစဉ်မှာပင် ဘေး၌ ရပ်နေသော ချွေးမဖြစ်သူ လျူကျားဟွေ့က ပြုံး၍ အရင်ဆုံး ဝင်ပြောလိုက်လေသည်....။

"အမေ... စိတ်မပူပါနဲ့... ပီကင်းကိုသာ သွားလိုက်ပါ... အိမ်ကကိစ္စတွေကို ကျွန်မ ကြည့်ပေးထား ပါ့မယ်... ဘာပြဿနာမှ မဖြစ်စေရဘူးလို့ ကတိပေးပါတယ်..."

လျူကျားဟွေ့တွင်လည်း သူမ၏ ကိုယ်ပိုင် အစီအစဉ်များ ရှိနေခဲ့ပေသည်။ သူမ၏ ယောက်မဖြစ်သူ မိသားစုမှာ ပီကင်းတွင် အလွန် အဆင်ပြေနေကြောင်းနှင့် ထျန်မိသားစု၏ သမက်ဖြစ်သူမှာ တက္ကသိုလ် ကျောင်းဆင်းတစ်ဦးဖြစ်ကာ အလွန် အောင်မြင်နေကြောင်း သူမ ကြားသိထားခဲ့လေ၏။

နောင်တစ်ချိန်တွင် အကူအညီရနိုင်မည့် မျှော်လင့်ချက်ဖြင့် သူမ၏ ယောက်မဖြစ်သူနှင့် ပိုမို ရင်းနှီးလာ စေရန် ဤအခွင့်အရေးကို အသုံးချသင့်သည်ဟု သူမ တွေးတောမိခြင်ဖြစ်လေသည်။

အိမ်တွင်သာနေထိုင်ပြီး မြေကွက်ငယ်လေးတစ်ခုကိုသာ ပိုင်ဆိုင်ရခြင်းထက် ထိုသို့ ပြုလုပ်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

သူမ၏ မျက်နှာပေါ်တွင် သူမ၏ တွေးတောမှုများကို အနည်းငယ်မျှပင် အရိပ်အယောင် မပြခဲ့ဘဲ နူးညံ့ သိမ်မွေ့သော အပြုံးတစ်ခုကိုသာ ဖော်ပြထားလျက် အခြားသူအပေါ် စာနာနားလည်ပေးတတ်သူအသွင် ဖမ်းထားခဲ့လေသည်။

"ပြီးတော့ အမေနဲ့ ရှောင်ထင်တို့ အချင်းချင်း မတွေ့ရတာလည်း အတော်ကြာပြီဆိုတော့ အဲ့ဒါက ပြန်ဆုံဖို့ အခွင့်ကောင်းတစ်ခုပါပဲ..."

အသိဉာဏ်ရှိပြီး စာနာတတ်သော သူမ၏ ချွေးမကို ကြည့်ရင်း အမေကျောက်၏ စိုးရိမ်ပူပန်မှုများမှာ များစွာ ပြေလျော့သွားခဲ့လေတော့သည်။

သူမက ပြုံးလျက် လျူကျားဟွေ့၏ လက်ကို ပုတ်ပေးလိုက်ပြီးနောက် အမေထျန်ဘက်သို့ လှည့်ကာ ပေါ့ပါးသော လေသံဖြင့် ပြောလိုက်လေသည်...။

"ခမည်းခမက်ရေ... အဲ့ဒါဆိုလည်း သဘောတူလိုက်ပြီ... ရှောင်ထင်ရဲ့ မီးတွင်းကာလကို ပြုစုပေးဖို့ အတွက် ပီကင်းကို ကျွန်မ သွားလိုက်ပါ့မယ်..."

ကိစ္စရပ်များ ပြေလည်သွားသည်ကို မြင်သောအခါ အမေထျန်မှာ ပြုံးရွှင်မှုတို့ကို မထိန်းချုပ်နိုင်တော့ချေ။

သူမသည် ပီကင်းသို့ သွားရမည့် လမ်းကြောင်း၊ လက်မှတ် မည်သို့ဝယ်ရမည်၊ ဘတ်စ်ကားပေါ်မှ မည် သည့်နေရာတွင် ဆင်းရမည်နှင့် သူမ၏ ဒုတိယသားဖြစ်သူ၏ အိမ်လိပ်စာတို့ကို အသေးစိတ် ချက်ချင်း ရှင်းပြလိုက်လေတော့သည်။

အမေကျောက်နှင့် သူမ၏ ချွေးမတို့ ပြန်လည်ထွက်ခွာတော့မည့် အချိန်တွင် ၎င်းတို့ ပြန်လည် စားသုံးနိုင် ရန်အတွက် ပီကင်းမှ ယူဆောင်လာသော မုန့်အိတ်နှစ်အိတ်နှင့် အသားဟင်း နှစ်ပေါင်တို့ကို အမေထျန်က အထူးတလည် လက်ဆောင်အဖြစ် ပေးလိုက်လေ၏။

————————————

ပီကင်း…။

သူ၏ ယောက္ခမနှင့် ယောက်ဖတို့ ရောက်ရှိလာမည့် အချိန်အတိအကျကို သိရှိပြီးကတည်းက ဒုတိယ အစ်ကို ထျန်ချင်းလင်းမှာ ပြင်ဆင်မှုများဖြင့် အလုပ်များနေခဲ့ပေသည်။

သူသည် အိမ်ကို သန့်ရှင်းရေးလုပ်ကာ စောင်များကို နေလှန်းခဲ့ပြီး... အိမ်ရှိ စားပွဲပေါ်တွင်လည်း သန့်ရှင်း သော စားပွဲခင်းတစ်ခုကို ခင်းကျင်းထားခဲ့လေသည်။

အိမ်ထဲတွင် ဟိုဟိုဒီဒီ အလုပ်များနေသော သူမ၏ ခင်ပွန်းဖြစ်သူကို ကြည့်ရင်း ဒုတိယမရီး ကျောက် ရှောက်ထင်မှာ ရယ်ချင်စိတ်နှင့် သနားစိတ်တို့ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေခဲ့ကာ ပြောလိုက်လေ သည်...။

"ယောကျာ်း... တော်လောက်ပါပြီ... ကျွန်မတို့တွေက မိသားစုဝင်တွေချည်းပဲမို့ အရမ်းကြီး အတိအကျ လုပ်နေစရာ မလိုပါဘူး..."

သို့ရာတွင် ထျန်ချင်းလင်းကမူ အလေးအနက်ထားဆဲဖြစ်ပြီး လက်ထဲတွင်လည်း အဝတ်စဖြင့် အလုပ် များစွာ သုတ်သင်လျက် ပြန်ပြောလိုက်လေသည်...။

"အဲ့လိုလုပ်လို့ ဘယ်ဖြစ်မလဲ... အမေနဲ့ တခြားသူတွေက အဝေးကြီးကနေ လာကြတာလေ... ပြီးတော့ သူတို့ ပထမဆုံးအကြိမ် လာလည်တာဆိုတော့ တို့တွေက သေချာပေါက် ကောင်းကောင်းမွန်မွန် ဧည့်ခံ ရမှာပေါ့..."

ထိုသို့ ပြောဆိုနေစဉ်တွင်ပင် သူ၏ စိတ်ထဲ၌ တိတ်တဆိတ် တွက်ချက်နေမိလေ၏။ သူတို့ မိသားစု မွေး မြူထားသော ကြက်များနှင့် ဘဲများမှာ ဇနီးဖြစ်သူ မီးဖွားစဉ်ကာလအတွင်း အကုန်နီးပါး စားသုံးခဲ့ပြီးဖြစ် ရာ ကျန်ရှိနေသည်မှာ မရှိသလောက်ပင် ဖြစ်နေလေပြီ။

သူသည် အပြင်ထွက်၍ ထပ်မံ ဝယ်ယူရန် လိုအပ်နေပြီး အသားကောင်းကောင်း အနည်းငယ်ကိုလည်း သွားရောက် ဝယ်ယူရဦးမည်ဟု တွေးလိုက်လေသည်။

ယောက္ခမနှင့် ယောက်ဖဖြစ်သူတို့ ပထမဆုံးအကြိမ် လာလည်ခြင်းဖြစ်သဖြင့် ၎င်းတို့ အရှက်မကွဲစေရန် အတွက် ကောင်းမွန်သော ဟင်းလျာအချို့ကို ပြင်ဆင်ထားရမည် ဖြစ်ပေသည်။

သူ၏ ဟင်းချက်စွမ်းရည်မှာ သိပ်မကောင်းလှသဖြင့် ဤကိစ္စကို အမှားအယွင်း မဖြစ်စေချင်ခဲ့ချေ။

ထျန်ချင်းလင်းက ထိုသို့ တွေးတောနေစဉ် အပြင်ဘက်မှ ခြံတံခါး ပွင့်သွားသော အသံကိုကြားလိုက် ရလေသည်။

သူ မော့ကြည့်လိုက်သောအခါ ယောက်ဖဖြစ်သူ ဝင်လာသည်ကို မြင်တွေ့လိုက်ရလေသည်။

"ယောက်ဖ... ဘယ်လေနှင်လို့ ဒီနေရာကို ရောက်လာတာလဲ..."

ထျန်ချင်းလင်းက ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်လေသည်။

ကျိုးချန်ယဲ့က ပြုံး၍ လက်ကိုမြှောက်ပြလိုက်ရာ လျှော်ကြိုးဖြင့် ချည်နှောင်ထားသော ဝက်ခြေထောက် လေးချောင်းကို ကိုင်ဆောင်ထားလျက် လေထဲတွင် ညင်သာစွာ လွှဲယမ်းပြလိုက်လေ၏။

"ဒုတိယအစ်ကို... ဒုတိယမရီး အားပြန်ပြည့်စေဖို့ စွပ်ပြုတ်လုပ်သောက်လို့ရအောင် ဝက်ခြေထောက် နည်းနည်း ယူလာခဲ့တယ်..."

ထိုသို့ပြောဆိုရင်း သူသည် ခြံဝင်းထဲသို့ လျှောက်ဝင်လာခဲ့လေသည်။

ထျန်ချင်းလင်းက အလျင်စလို သွားရောက်ကြိုဆိုကာ ဝက်ခြေထောက်ကို ကျွမ်းကျင်စွာ လှမ်းယူလိုက် ပြီး ပြုံးဖြီးဖြီးဖြင့် ပြောလိုက်လေ၏...

"အိုး... ကျေးဇူးအများကြီးတင်ပါတယ် ယောက်ဖရာ... ဟီးဟီး... အဲ့ဒါဆိုလည်း ငါ အားမနာတော့ ဘူးနော်..."

သူ၏ ဒုတိယအစ်ကို၏ ပိုလွန်းသော အမူအရာကို ကြည့်ရင်း ကျိုးချန်ယဲ့က မတတ်နိုင်တော့သည့် အလား ခေါင်းကိုခါယမ်းလိုက်ကာ ရယ်မောလျက် ပြောလိုက်လေသည်...။

"ဒုတိယအစ်ကို... ခင်ဗျား ဟိုဟိုဒီဒီ အလုပ်များနေရအောင် ဘာကိစ္စကြီးတွေများ ရှိနေလို့လဲ..."

စကားပြောနေရင်းဖြင့် သူတို့နှစ်ဦးသည် ဧည့်ခန်းမထဲသို့ ဝင်ရောက်လာခဲ့ကြ၏။ ထျန်ချင်းလင်းက ဝက်ခြေထောက်ကို စားပွဲပေါ်တွင် တင်လိုက်ပြီးနောက် လှည့်ကာ ကျိုးချန်ယဲ့အတွက် ရေနွေးတစ်ခွက် ငဲ့ပေးလိုက်ရင်း ပြုံးလျက် ပြောလိုက်လေသည်...။

"ယောက်ဖ... ငါ့ယောက္ခမနဲ့ ယောက်ဖတို့က မနက်ဖြန် နေ့လယ်ကျရင် ပီကင်းကို ရောက်လိမ့်မယ်... မင်းနဲ့ ရှောင်ယာတို့ နေ့လယ်စာစားဖို့ ငါတို့ဆီ လာခဲ့ကြပါလား..."

"မိသားစုတစ်ခုလုံး စုံစုံလင်လင်နဲ့ ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် တတိယအစ်ကိုနဲ့ မရီးကိုလည်း နောက်မှ သွားပြောလိုက်ဦးမယ်..."

ထိုသို့ ပြောဆိုပြီးနောက် သူသည် သူ၏ နှာခေါင်းကို အနည်းငယ် ကသိကအောက်ဖြင့် ပွတ်သပ်လိုက် ကာ ချောင်းဟန့်လိုက်ပြီး လေသံကို လျှော့၍ ပြောလိုက်လေ၏...

"အင်း... မင်းနဲ့ ညီမလေး မနက်ဖြန် စောစောလာခဲ့ကြနော်..."

သူ၏ ဒုတိယအစ်ကို၏ မျက်နှာအမူအရာကို မြင်သောအခါ ကျိုးချန်ယဲ့က သူ မည်သည့်အရာကို ကြံစည် နေသည်ကို သိသော်လည်း ဖွင့်မပြောခဲ့ချေ။ သူသည် ပြုံးလိုက်ကာ ရေခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ငုံ သောက်လိုက်လေသည်။

"ကောင်းပါပြီ... မနက်ဖြန် ဟင်းချက်ဖို့အတွက် ခင်ဗျား စိတ်ပူနေစရာ မလိုပါဘူး... အစားအသောက် တွေ အသင့်ဖြစ်ဖို့ကိုသာ စောင့်နေလိုက်ပါ..."

ထျန်ချင်းလင်း၏ အတွေးများ ပေါ်လာသဖြင့် သူ၏ မျက်နှာမှာ နီမြန်းသွားခဲ့လေ၏။ သူသည် ဟက် ဟက်ပက်ပက် ရယ်မောလိုက်ပြီး ပြောလိုက်လေသည်...။

"ယောက်ဖ... မင်းက ငါ့ကို တကယ်နားလည်တာပဲ... မင်းရဲ့ စကားကြောင့် ငါ လုံးဝကို စိတ်အေး သွားပြီ..."

————————————

နောက်တစ်နေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့ပြီး ကျိုးချန်ယဲ့နှင့် သူ၏ ဇနီးတို့သည် ဒုတိယ အစ်ကို၏ အိမ်သို့ စောစောစီးစီး ရောက်ရှိလာခဲ့ကြလေသည်။

သူ၏ ဒုတိယအစ်ကိုမှာ ကောင်းစွာ ပြင်ဆင်ထားခြင်း မရှိမည်ကို စိုးရိမ်သဖြင့် ကျိုးချန်ယဲ့သည် သူ၏ စနစ်နေရာလွတ်ထဲမှ ဆယ်ကီလိုဂရမ် အလေးချိန်ရှိသော ကျင်းဟွာ ဝက်ပေါင်ခြောက် တစ်ခုလုံးကို အထူးတလည် ထုတ်ယူလာခဲ့လေ၏။

ဒုတိယမရီး ကျောက်ရှောက်ထင်သည် တောက်ပနေသော နီညိုရောင်နှင့် ကြီးမားလှသော ဝက်ပေါင် ခြောက်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့လေသည်။

သူမသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလာခဲ့ပြီး အံ့ဩဝမ်းသာစွာဖြင့် ထပ်ခါတလဲလဲ ကိုင်တွယ် ကြည့်နေမိခဲ့လေသည်...။

"ဟယ်... မတ်လေး... အဲ့ဒါက... အဲ့လောက်ကောင်းတဲ့ ဝက်ပေါင်ခြောက်လား... အဲ့ဒါက တော်တော် လေးကို ဈေးကြီးမှာပဲနော်..."

ကျိုးချန်ယဲ့က အမြန်လက်ကာပြလိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်...။

"ဒုတိယမရီး... ခင်ဗျား ဘာတွေပြောနေတာလဲ... ကျွန်တော်တို့တွေက မိသားစုဝင်တွေပဲလေ... အဲ့ဒါက တန်ဖိုးကြီးလား မကြီးဘူးလားဆိုတာကို ပြောနေစရာ မလိုပါဘူး..."

"ဒီဝက်ပေါင်ခြောက်ကို သူငယ်ချင်းတစ်ယောက်ဆီကနေ ရလာတာပါ... အဲ့ဒါက ကြော်စားရင် အရသာ ရှိသလို စွပ်ပြုတ်လုပ်သောက်ရင်လည်း တကယ်ကောင်းတယ်လို့ ကြားတယ်... ဒီနေ့ အဲ့ဒါကို ဘယ်လို အရသာရှိလဲဆိုတာ မြည်းကြည့်ကြတာပေါ့..."

ဤစကားကို ပြောလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် အပူပေးအုတ်ကုတင်ပေါ်မှ ကြည်လင်ပြတ်သားသော တုံ့ပြန်သံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

"စားမယ်... စားမယ်..."

ကျောက်ခဲလေးသည် ဆန်းဝါနှင့်အတူ ပူးကပ်နေလျက် အနှီးထုပ်ထဲမှ ရှောင်လန်အား စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေခဲ့လေသည်။

ဖခင်ဖြစ်သူက စားစရာဟု ပြောလိုက်သည်နှင့် သူ၏ မျက်လုံးများမှာ အရောင်လက်သွားခဲ့လေသည်။

သူသည် ပြုံးရွှင်စွာဖြင့် အပူပေးအုတ်ကုတင်၏ အစွန်းသို့ လေးဘက်ထောက်ကာ တွားသွားလာခဲ့ပြီး သူ၏ ပါးစပ်မှာ စိတ်လှုပ်ရှားမှုကြောင့် တံတွေးများ ကျလျက် အရသာရှိသော အစားအစာတစ်ခုခုကို တောင့်တနေသည်မှာ ထင်ရှားလှပေသည်။

ကျိုးချန်ယဲ့သည် ရှေ့သို့ အလျင်အမြန် လှမ်းသွားလိုက်ပြီး ကလေးငယ်လေးကို လှမ်းယူကာ သူ၏ ရင်ခွင်ထဲတွင် တင်းကြပ်စွာ ပွေ့ချီထားလိုက်ပြီး ပြုံးလျက် ချော့မော့လိုက်လေသည်...။

"အို... ငါတို့ရဲ့ ကျောက်ခဲလေးက အချိုတစ်ခုခုကို စားချင်နေတာလား... စိတ်မပူပါနဲ့... စိတ်မပူနဲ့... ခဏ နေရင် မင်းအတွက် ကြက်ဥပေါင်း ပေါင်းပေးမယ်နော်..."

"ဟားဟားဟား... ကျောက်ခဲလေးက တစ်ခုခုကို စားချင်နေတာလား..."

ထိုအချိန်မှာပင် တတိယအစ်ကို ထျန်အော်မိုရီသည် ရှောင်ထင်ကို ပွေ့ချီလျက် ခြံဝင်းထဲမှ လျှောက်ဝင် လာခဲ့လေ၏။ သူ ဝင်လာသည်နှင့်တစ်ပြိုင်နက် ကျောက်ခဲလေး၏ အငမ်းမရဖြစ်နေသော အမူအရာကို မြင်လိုက်ရသဖြင့် ပြုံးလျက် နောက်ပြောင်လိုက်လေသည်...

"လာပါဦး... မင်းရဲ့ တတိယဦးလေးက ဘာအရသာရှိတဲ့ စားစရာတွေ ယူလာသလဲဆိုတာ ကြည့်လိုက် ပါဦး..."

ထိုသို့ ပြောဆိုရင်း တင်းကျပ်စွာ ထုပ်ပိုးထားသော ဆီစိမ်စက္ကူထုပ်ကို စားပွဲပေါ်တွင် တင်လိုက်ပြီး နောက် သူ၏ သမီးဖြစ်သူအား ဆန်းဝါနှင့်အတူ ကစားနိုင်ရန်အတွက် အပူပေးအုတ်ကုတင်ပေါ်သို့ တင်ပေးလိုက်လေသည်။

တတိယအစ်ကို ထျန်အော်မိုရီက ပြုံးလျက် ဆီစိမ်စက္ကူထုပ်များကို တစ်ခုပြီးတစ်ခု ဖွင့်လိုက်လေ၏။ ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ သကြားရည်များ တောက်ပနေဆဲဖြစ်သော တောက်ပသည့် အနီ ရောင် ထန်ဟူလု အချို့ပင် ဖြစ်လေသည်။

သူသည် သစ်သားတံ နှစ်ချောင်းကို ကောက်ယူလိုက်ပြီး တစ်ချောင်းကို ဆန်းဝါအား ပေးလိုက်ကာ အခြားတစ်ချောင်းကို ရှောင်ထင်အား ပေးလိုက်ရင်း ပြုံးလျက် ပြောလိုက်လေသည်...။

"ရော့... ဒါလေးတွေကို ယူပြီး ဖြည်းဖြည်းစားကြနော်... အင်္ကျီတွေပေါ် ပေမသွားစေနဲ့ဦး..."

"ကျေးဇူးတင်ပါတယ် ဦးလေး..."

ဆန်းဝါက လိမ္မာစွာဖြင့် လက်ခံယူလိုက်ပြီး သူမ၏ မျက်လုံးလေးများမှာ ပြုံးရွှင်မှုကြောင့် မှိတ်ကျသွားခဲ့ လေ၏။

"ကျေးဇူးတင်ပါတယ် ဦးလေး..."

ရှောင်ထင်ကလည်း ထိုနည်းတူပင် ကြည်လင်ရွှင်ပျသော အသံလေးဖြင့် အော်ပြောလိုက်လေသည်။

All Chapters