← Chapters

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း (၁၃၄) နောက်တစ်ကြိမ် ကိုယ်ဝန်ရလာခြင်း

အခန်းထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ကျောက်ခဲလေးသည် ဝက်ကလေးတစ်ကောင်ကဲ့သို့ ကုတင် ပေါ်တွင် အိပ်မောကျနေပြီး သူ၏ ပါးစပ်လေးမှာ တရွရွလှုပ်ရှားကာ နှုတ်ခမ်းကို သပ်နေသည်ကို မြင် လိုက်ရလေသည်။ သူ၏ပုံစံမှာ အလွန်တရာ ချစ်စရာကောင်းနေခဲ့ပေသည်။

ဇနီးဖြစ်သူမှာ ကုတင်စွန်းတွင် ထိုင်လျက် ခေါင်းငုံ့ကာ အဝတ်အစားများကို ချုပ်လုပ်နေခဲ့လေ၏။ ချုပ်ရိုး များမှာ သေးငယ်ပြီး စိပ်နေကာ သားဖြစ်သူအတွက် ဘောင်းဘီကို ဖာထေးပေးနေခြင်းမှာ ထင်ရှားလှပေ သည်။

ကျိုးချန်ယဲ့သည် အရောင်လွင့်ကာ ဖြူရော်နေပြီး ဒူးခေါင်းနေရာ၌ အနည်းငယ် စုတ်ပြဲနေသော ဘောင်းဘီကို ကြည့်ကာ မတတ်နိုင်သည့်အလား ခေါင်းကို ခါယမ်းလိုက်လေသည်။

ဤကလေးလေးသည် မတ်တတ်စရပ်နိုင်ကတည်းက မော်တာလေးတစ်ခုကဲ့သို့ တစ်ခဏမျှပင် ငြိမ် သက်နေခြင်း မရှိခဲ့ချေ။

လူကြီးတစ်ယောက်ယောက်က လက်ဆွဲပြီး လမ်းလျှောက်ပေးရတတ်ကာ လမ်းလျှောက်ရ ပင်ပန်းသွား သောအခါ ထိုနေရာ၌ပင် လှဲချလိုက်ပြီး အားမလိုအားမရ ညည်းတွားလျက် ရှေ့သို့ ဆက်လက် တွားသွား နေတတ်လေသည်။

အကောင်းပကတိ ရှိနေသော ဘောင်းဘီလေးများမှာ ရက်အနည်းငယ်မျှ ကြာပြီးနောက်တွင် စုတ်ပြဲသွား ခဲ့ရလေတော့သည်။ တကယ်ကိုပင် စုတ်ပျက်သတ်သွားခဲ့ခြင်း ဖြစ်ပေသည်။

ဇနီးဖြစ်သူကလည်း ထိုအဝတ်အစားများကို ပို၍ ကြာရှည်စွာ ဝတ်ဆင်နိုင်ရန် မျှော်လင့်ချက်ဖြင့် အားလပ်ချိန်ရတိုင်း ဖာထေးချုပ်လုပ်ပေးနေခဲ့လေ၏။

အမှန်တကယ်တော့ သူတို့ မိသားစုတွင် အဝတ်အထည်များ ရှားပါးနေခြင်း မရှိသည့်အပြင် သူကိုယ်တိုင် ကလည်း သားဖြစ်သူအတွက် အဝတ်အစား အတော်များများကို ပြင်ဆင်ပေးထားခဲ့ပြီး ဖြစ်လေသည်။

သို့ရာတွင် ဇနီးဖြစ်သူကမူ ၎င်းတို့ကို လွှင့်ပစ်ရန် နှမြောနေခဲ့ပေသည်။ သူမသည် အဝတ်အစားများ စုတ်ပြဲသွားတိုင်း ကောက်ယူ၍ ဖာထေးလေ့ရှိပြီး ဖာထေးလိုက်ပါက ခိုင်ခံ့ပြီး ကြာရှည်ခံဦးမည်ဖြစ် ကြောင်း အမြဲပြောဆိုတတ်လေသည်။

ကျိုးချန်ယဲ့သည် ကလေးကို အလွန် ချစ်ခင်မြတ်နိုးသော်လည်း သူမ အမြဲတမ်း ချွေတာတတ်သည်ကို သိ ထားသဖြင့် ဇနီးဖြစ်သူကို ပို၍ပင် ချစ်မြတ်နိုးခဲ့လေသည်။

သူ ဘာမျှ မတတ်နိုင်ခဲ့ချေ၊ အိမ်တွင် ဇနီးဖြစ်သူ၏ စကားမှာ ဥပဒေတစ်ခုကဲ့သို့ ဖြစ်နေပြီး သူမ၏ စကား ကို သူ အနည်းငယ်မျှပင် မလွန်ဆန်လိုခဲ့ပေ။ သူသည် သားဖြစ်သူကိုသာ တိတ်တဆိတ် အနစ်နာခံစေခဲ့ရ လေသည်။

ထျန်ရှောင်ယာသည် သူ ဝင်လာသည်ကို မြင်သောအခါ လုပ်လက်စ အလုပ်ကို ရပ်တန့်ခြင်း မရှိဘဲ မော့ ကြည့်ကာ ညင်သာစွာ ပြုံးလျက် ပြောလိုက်လေသည်...။

"အာယဲ့... ပြန်ရောက်ပြီလား..."

"အင်း..."

ကျိုးချန်ယဲ့က ပြုံးလျက် တုံ့ပြန်လိုက်ပြီး သူ ကိုင်ဆောင်ထားသော ပစ္စည်းများကို စားပွဲပေါ်တွင် ပေါ့ပေါ့ ပါးပါးပင် တင်လိုက်လေသည်။

သူသည် ပူနွေးနေသော ကြက်ဥတာ့တ်မုန့် တစ်ခုကို ကောက်ယူလိုက်ပြီး ဇနီးဖြစ်သူ၏ နှုတ်ခမ်းနားသို့ တေ့ပေးလိုက်ကာ နူးညံ့စွာဖြင့် ပြောလိုက်လေသည်...။

"အရင်ဆုံး ခဏနားလိုက်ပါဦး... ဆက်မချုပ်ပါနဲ့တော့... ဒါလေးကို မြည်းကြည့်ပါဦး... နွေးနေတုန်းပဲ..."

ထျန်ရှောင်ယာသည် သူမ၏ ပါးစပ်နားသို့ ရောက်လာသော ကြက်ဥတာ့တ်မုန့်ကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးလေးများမှာ လခြမ်းကွေးလေးများကဲ့သို့ ကွေးညွတ်သွားခဲ့သော်လည်း တိုးညှင်းစွာ ငြင်းဆန် လျက် ပြောလိုက်လေသည်...။

"ကျောက်ခဲလေးအတွက် ချန်ထားလိုက်ပါ... သူက ဒါကို အရမ်းကြိုက်တာ..."

ထိုစကားကို ကြားသောအခါ ကျိုးချန်ယဲ့သည် မည်သို့မျှ ထပ်မပြောတော့ဘဲ ကြက်ဥတာ့တ်မုန့်ကို ဇနီး ဖြစ်သူ၏ ပါးစပ်ထဲသို့ အလျင်အမြန် ခွံ့ပေးလိုက်ပြီး ငြင်းဆန်ခွင့် မရှိသော လေသံဖြင့် ပြောလိုက်လေ သည်...။

"ကိုယ့်စကားကို နားထောင်ပြီး စားလိုက်ပါ... နောက်ထပ် အများကြီး ကျန်ပါသေးတယ်... စားစရာနဲ့ ပတ်သက်ပြီး အရမ်း မနှမြောပါနဲ့... မင်း ကြိုက်သလောက်သာ စားပါ... မင်းနဲ့ ကလေးကို ကိုယ် ကောင်း ကောင်း ကျွေးမွေးပြုစုနိုင်တယ်ဆိုတာကို ယုံကြည်လိုက်စမ်းပါ..."

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ကုတင်ပေါ်ရှိ ကျောက်ခဲလေးသည် အနံ့တစ်ခုခုကို ရသွား သည့်အလား ဟိုဘက်ဒီဘက် လှူးလွန့်လာခဲ့လေ၏။

ရုတ်တရက် သူသည် လူးလှိမ့်လိုက်ကာ သူ၏ တင်ပါးလုံးလုံးလေးကို ထောင်လိုက်ပြီးနောက် "ဘုတ်" ခနဲ အသံနှင့်အတူ ခိုင်မြဲစွာ ထိုင်ချလိုက်လေသည်။

သူ၏ နှာခေါင်းလေးမှာ ရှုံ့ပွရှုံ့ပွ ဖြစ်သွားပြီး တစ်စုံတစ်ရာကို အတည်ပြုနေသည့်အလား မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့ရာ အလွန်ပင် ချစ်စရာကောင်းလှပေသည်။

ကလေးငယ်လေးသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ကျိုးချန်ယဲ့၏ လက်ထဲရှိ ကြက်ဥတာ့တ်မုန့်ကို မြင် လိုက်ရသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် လန်းဆန်းတက်ကြွသွားခဲ့လေသည်။

"စားမယ်... စားမယ်..." ဟု အော်ဟစ်လျက် သေးငယ်သော လက်နှင့် ခြေထောက်လေးများကို အသုံး ပြုကာ အတတ်နိုင်ဆုံး အမြန်ဆုံး တွားသွားလာခဲ့ပြီး တစ်လှမ်းမျှ နောက်ကျသွားပါက သူ၏ "အကြင်နာ ကင်းမဲ့သော" မိဘများက အကုန်စားပစ်လိုက်မည်ကို စိုးရိမ်နေသည့်ပုံပင် ဖြစ်လေသည်။

ကျိုးချန်ယဲ့သည် သားဖြစ်သူ၏ အငမ်းမရဖြစ်ကာ လောဘတကြီး ကြည့်နေသော အမူအရာကြောင့် ရယ်မောခြင်းကို မထိန်းနိုင်ဖြစ်သွားခဲ့လေ၏။

သူသည် ရှေ့သို့ အလျင်အမြန် လှမ်းလိုက်ပြီး သူ့ထံသို့ ခုန်အုပ်လာသော ဝဝကစ်ကစ် သားလေးကို ဖမ်းဆီးကာ ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်လေတော့သည်။

ထို့နောက် ရင်ဘတ်ရှိ အိတ်ကပ်ငယ်လေးထဲမှ သားဖြစ်သူ၏ သီးသန့် သွားရည်ခံ အဝတ်လေးကို ထုတ် ယူလိုက်ပြီး ပါးစပ်ထောင့်ရှိ သွားရည်များကို ဂရုတစိုက် သုတ်ပေးလိုက်ကာ နဖူးပေါ်ရှိ ချွေးစေးများကို လည်း သုတ်ပေးလိုက်လေ၏။

သူက ပြုံးလျက် ကလေး၏ နှာခေါင်းလေးကို ပုတ်ကာ ပြောလိုက်လေသည်...။

"မင်းက တကယ့် လောဘကြီးတဲ့ကောင်လေးပဲ... မင်းရဲ့ နှာခေါင်းက ခွေးတစ်ကောင်ထက်တောင် ပိုပြီး အနံ့ခံကောင်းသေးတယ်... အရသာရှိတဲ့ အနံ့ကို ရတာနဲ့ ချက်ချင်းကို ပြေးလာတော့တာပဲ..."

ထျန်ရှောင်ယာသည် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လွင်လျက် ဘေးမှ ကြည့်နေခဲ့လေ၏။

သူမသည် ချက်ချင်း ထလိုက်ကာ ရေနွေးကို ငဲ့ပြီး နို့မှုန့်တစ်ပန်းကန်ကို ဖျော်လိုက်လေသည်။ ထို့နောက် ၎င်းထဲသို့ ဝမ်ဝမ် မုန့်လုံးလေးများ တစ်ဆုပ်စာကို ထည့်ကာ နူးအိသွားသည်အထိ စိမ်ထားလိုက်ပြီး ယူ ဆောင်လာခဲ့လေသည်။

သူမက ကျိုးချန်ယဲ့အား ညင်သာစွာ ဆူပူလိုက်လေသည်...။

"သူ့ကို စမနေပါနဲ့တော့... ကလေးကို စိတ်ဆိုးအောင် လုပ်နေတာပဲ..."

သူမသည် လက်လှမ်း၍ သားဖြစ်သူ၏ နူးညံ့သော မျက်နှာလေးကို ညင်သာစွာ ထိတွေ့လိုက်ရာ သူမ၏ မျက်လုံးများတွင် နူးညံ့ကြင်နာသော အပြုံးတို့ ပြည့်နှက်နေခဲ့ပြီး တိုးညှင်းစွာ သွန်သင်လိုက်လေသည်...။

"ကလေးလေး... ဖြည်းဖြည်းစားနော်..."

ကျိုးချန်ယဲ့သည် ဇနီးဖြစ်သူအား လှည့်ကြည့်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်လေသည်...။

"မိန်းမ... စားပွဲပေါ်က ဟင်းတွေက အစိုးရပိုင် စားသောက်ဆိုင်ကနေ ကိုယ် ပါဆယ်ဆွဲလာတာ... အဲ့ဒီအ ထဲမှာ မင်း အကြိုက်ဆုံးဖြစ်တဲ့ ဝက်သား ချိုချဉ်နဲ့ ဝက်အူနှပ်တို့ ပါတယ်... ပူနေတုန်းပဲ ရှိသေးတယ်..."

"အင်း... မနေ့က ကျန်နေတဲ့ မန်ထိုမုန့် နည်းနည်း ရှိသေးတယ်... အဲ့ဒါတွေကို ကျွန်မ သွားနွှေးလိုက် ဦးမယ်... ခဏနေရင် စားကြတာပေါ့..."

သူမသည် စကားပြော၍ပင် မဆုံးသေးမီ ထမင်းချိုင့်ကို ယူကာ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့လေပြီဖြစ် လေသည်။

————————————

မကြာမီမှာပင် အငွေ့တထောင်းထောင်း ထနေသော အစားအစာများကို ပြင်ဆင်ပြီးစီးသွားခဲ့လေ၏။

မိသားစုဝင် သုံးဦးသည် ဧည့်ခန်းမရှိ စားပွဲတွင် ဝိုင်းဖွဲ့ထိုင်လိုက်ကြပြီး အခန်းထဲတွင် နွေးထွေးကာ မွှေးပျံ့ သော ရနံ့တို့ ပြည့်နှက်နေသဖြင့် သက်သောင့်သက်သာရှိသော လေထုတစ်ခုကို ဖန်တီးပေးနေခဲ့ပေ တော့သည်။

ကျိုးချန်ယဲ့သည် ဝက်အူ အတုံးတစ်တုံးကို ဇနီးဖြစ်သူ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ရာ သူ၏ မျက်လုံးများတွင် အလိုလိုက်မှုနှင့် ချစ်ခင်ကြင်နာမှုတို့ ပြည့်နှက်လျက်ရှိနေခဲ့လေသည်...။

"မြည်းကြည့်ပါဦး..."

"ရှင်လည်း စားလေ..."

ထျန်ရှောင်ယာက ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ ပန်းကန်ထဲရှိ ဝက်အူကို မစားမီ ခင်ပွန်း ဖြစ်သူ၏ ပန်းကန်ထဲသို့ ဝက်သားချိုချဉ် တစ်တုံးကို ကောက်ယူ၍ ထည့်ပေးလိုက်လေ၏။

ထိုအသားတုံးကို နှုတ်ခမ်းနားသို့ ယူဆောင်သွားပြီး တစ်ကိုက်မျှပင် မကိုက်ရသေးမီမှာပင် ပြင်းထန်သော အညှီနံ့တစ်ခုက သူမ၏ နှာခေါင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့လေသည်။

သူမ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး အစာအိမ်ထဲတွင် ချက်ချင်းပင် ကမောက်ကမ ဖြစ်သွားသလို ခံစားလိုက်ရကာ လုံးဝ ထိန်းချုပ်၍မရနိုင်သော အန်ချင်စိတ်တစ်ခုက လည်ချောင်းဆီသို့ တက်လာခဲ့လေ တော့၏။

"အွတ်..."

သူမ၏ မျက်နှာမှာ ချက်ချင်း ဖြူရော်သွားခဲ့ပြီး ဆက်လက်၍ တောင့်ခံမထားနိုင်တော့ချေ။

အော့အန်သံနှင့်အတူ သူမသည် ပါးစပ်ကို အလျင်အမြန် ဖုံးအုပ်ကာ အိမ်အပြင်ဘက်သို့ ပြေးထွက် သွားခဲ့လေတော့သည်။

"ရှောင်ယာ..."

သူ၏ နှလုံးသားမှာ လည်ချောင်းဝအထိ ရောက်လာသကဲ့သို့ ဖြစ်သွားခဲ့ပြီး စားသောက်ရန်ကိုပင် မေ့ လျော့သွားကာ သူမ၏ နောက်သို့ ခြေလှမ်းအနည်းငယ်ဖြင့် ပြေးလိုက်သွားခဲ့လေတော့သည်။

နံရံကိုမှီကာ ကိုယ်ကိုကိုင်းလျက် အော့အန်နေပြီး နေမထိထိုင်မသာဖြစ်မှုကြောင့် ပခုံးများ တုန်ယင်နေ သော ဇနီးဖြစ်သူကို မြင်လိုက်ရသောအခါ ကျိုးချန်ယဲ့၏ နှလုံးသားမှာ ဆုပ်နယ်ခံလိုက်ရသကဲ့သို့ နာကျင်သွားခဲ့ရလေသည်။

သူသည် အလျင်အမြန် ရှေ့သို့ တိုးသွားကာ လက်တစ်ဖက်ဖြင့် သူမ၏ ခါးကို ညင်သာစွာ ထိန်းကိုင်ပေး လိုက်ပြီး ကျောပြင်ကို ထပ်ခါတလဲလဲ ပွတ်သပ်ပေးရင်း စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်နေသော လေသံဖြင့် မေးလိုက်လေသည်...။

"မိန်းမ... အဆင်ပြေရဲ့လား..."

သူသည် သူ၏ စနစ်နေရာလွတ်ထဲမှ ရေနွေးတစ်ခွက်ကို အလျင်အမြန် ထုတ်ယူကာ ဇနီးဖြစ်သူ၏ နှုတ်ခမ်းနားသို့ တေ့ပေးလိုက်ပြီး ညင်သာစွာ ချော့မော့လိုက်လေသည်...။

"ရော့... ပလုတ်ကျင်းလိုက်ပါဦး... ခဏနေရင် သက်သာသွားလိမ့်မယ်နော်..."

ထျန်ရှောင်ယာသည် မောဟိုက်နေပြီး သူမ၏ မျက်နှာမှာ ဖြူရော်နေကာ အနည်းငယ် မိန်းမောနေဆဲပင် ဖြစ်လေ၏။

"ကျွန်မ... ကျွန်မ ဘာဖြစ်သွားမှန်းကို မသိဘူး... အဲ့ဒီအနံ့ကို ရလိုက်တာနဲ့တင် အန်ချင်စိတ် ဖြစ်လာ တာ..."

ကျိုးချန်ယဲ့သည် အခြေခံ ဆေးပညာ ကျွမ်းကျင်မှုများကို ရရှိပြီးကတည်းက သာမန်ရောဂါများကို တစ် ချက်ကြည့်ရုံဖြင့် ရောဂါရှာဖွေနိုင်ခဲ့လေသည်။

ခုနက သူ အလွန် ထိတ်လန့်နေခဲ့သော်လည်း ယခုအခါ ဇနီးဖြစ်သူအား အသေအချာ ကြည့်လိုက်သော အခါ သူမသည် နောက်ထပ် ကိုယ်ဝန် ရနေပြီဖြစ်ကြောင်းကို ရှင်းလင်းစွာ သိလိုက်ရလေတော့သည်။

ကျိုးချန်ယဲ့သည် သူမကို ထိန်းကိုင်ထားလိုက်ရာ သူ၏ မျက်လုံးများတွင် လေးနက်မှုနှင့် နူးညံ့ကြင်နာမှု တို့ ပြည့်နှက်နေခဲ့ပြီး သူ၏ တိုးညှင်းသော လေသံတွင်မူ ဖုံးကွယ်ထား၍မရသော ဝမ်းသာပျော်ရွှင်မှုတို့ အပြည့်ပါဝင်နေခဲ့လေတော့သည်...။

"မိန်းမ... မင်း နေမကောင်းဖြစ်နေတာ မဟုတ်ပါဘူး... မင်းမှာ နောက်ထပ် ကိုယ်ဝန် ရနေပြီ..."

ထျန်ရှောင်ယာသည် အံ့ဩမှင်သက်သွားကာ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရလေ၏။

သူမသည် သတိမထားမိဘဲ ပြားချပ်နေဆဲဖြစ်သော သူမ၏ ဗိုက်လေးကို လက်ဖြင့် လှမ်းကိုင်လိုက်ရာ သူမ၏ ပါးပြင်များမှာ ချက်ချင်း နီမြန်းသွားခဲ့ပြီး အသံမှာလည်း အနည်းငယ် တုန်ယင်နေခဲ့လေသည်...။

"ဘာ... ဘာပြောလိုက်တာလဲ... ကျွန်မ... ကျွန်မမှာ နောက်ထပ် ကိုယ်ဝန် ရှိနေပြီလား..."

"လုံးဝ မမှားနိုင်ဘူး..."

ကျိုးချန်ယဲ့က ပြတ်သားပြီး ဝမ်းသာပျော်ရွှင်နေသော လေသံဖြင့် ခေါင်းကို အခိုင်အမာ ညိတ်ပြလိုက် လေသည်...။

"ဆီညော်နံ့ကို ရပြီး မင်းရဲ့ တုံ့ပြန်မှုက ဒုတိယမရီးတို့ ကိုယ်ဝန်စရှိတုန်းက ပုံစံနဲ့ တစ်ထပ်တည်းပဲ..."

သူမမှာ ကိုယ်ဝန်ရှိနေသည်မှာ သေချာပေါက်ဖြစ်ပြီး သံသယဖြစ်စရာပင် မလိုတော့ချေ။

ထျန်ရှောင်ယာ၏ နှလုံးသားမှာ အံ့ဩမှုနှင့် မတတ်နိုင်မှုတို့ ရောယှက်နေလျက် တဒိုင်းဒိုင်း ခုန်နေခဲ့လေ ၏။ သူမ၏ နှာခေါင်းမှာ အနည်းငယ် ကျိန်းစပ်လာပြီး မျက်လုံးများတွင် ရုတ်တရက် မျက်ရည်များ ဝဲ တက်လာခဲ့လေသည်။

သူမသည် သူမ၏ ဗိုက်လေးကို သတိမထားမိဘဲ ငုံ့ကြည့်လိုက်မိကာ ဤမျှ မြန်မြန်ဆန်ဆန်ဖြင့် မိသားစု ထဲသို့ နောက်ထပ် အဖွဲ့ဝင်လေး တစ်ဦး ထပ်တိုးလာမည်ဟု မည်သည့်အခါကမျှ မျှော်လင့်မထားခဲ့ချေ။

အာယဲ့သည် သူမကို လာခေါ်ရန် လျောင်နင်ပြည်နယ်သို့ ပြန်လာခဲ့ပြီး သူမနှင့်အတူ လက်ထပ်စာချုပ် သွားလုပ်ခဲ့ကာ သူမအား ပီကင်းသို့တိုင်အောင် ခေါ်ဆောင်လာခဲ့လေသည်။

သူသည် သူမကို ကာကွယ်ပေးခဲ့ပြီး အလိုလိုက်ကာ သူမ နှစ်သက်သည့် အလုပ်ကို လုပ်နိုင်ရန် အပြည့် အဝ ထောက်ခံအားပေးခဲ့လေ၏။

သူမသည် ပရဒိသုဘုံသို့ ရောက်ရှိသွားသကဲ့သို့ ခံစားနေရပြီဖြစ်ပြီး မယုံနိုင်လောက်အောင် ပျော်ရွှင်နေခဲ့ ကာ နောက်ထပ် မည်သည့်အရာကိုမျှ တောင်းဆိုရန်ပင် မဝံ့ရဲခဲ့ချေ...။

သို့သော် မမျှော်လင့်ဘဲ ကံကြမ္မာက သူမကို ဤမျှကြီးမားသော အံ့ဩစရာတစ်ခု ပေးအပ်လာခဲ့ ပေသည်။

"ဒါပေမယ့်... ဒါက အရမ်းကို ရုတ်တရက်ဆန်လွန်းတယ်..."

သူမသည် ရင်ထဲတွင် ပျာယာခတ်မှုနှင့် နွေးထွေးမှုတို့ကို တစ်ပြိုင်နက်တည်း ခံစားရလျက် တိုးညှင်းစွာ ရေရွတ်လိုက်သော်လည်း သူမ၏ နှုတ်ခမ်းထောင့်များမှာ အလိုအလျောက် ကွေးညွတ်သွားခဲ့လေသည်။

ကျိုးချန်ယဲ့သည် သူမ၏ ပါးစပ်ထောင့်မှ ရေစက်များကို နူးညံ့စွာ သုတ်ပေးလိုက်ပြီး သူမကို အိမ်ထဲသို့ ဂရုတစိုက် ခေါ်ဆောင်သွားခဲ့ရာ သူ၏ လှုပ်ရှားမှုများမှာ ကျိုးပဲ့လွယ်သော ရတနာတစ်ခုကို ကိုင်တွယ်နေ သကဲ့သို့ ညင်သာလွန်းလှပေသည်။

"ငါတို့ မိသားစုထဲမှာ နောက်ထပ် ကလေးလေးတစ်ယောက် ထပ်ရလာတာ ကောင်းတာပေါ့... ကျောက်ခဲလေးလည်း နောင်ကျရင် အဖော်ရသွားတာပေါ့..."

"ဘာမှ တွေးမနေနဲ့... ဘာမှလည်း မလုပ်နဲ့တော့... အခုကစပြီး သေချာ အနားယူတော့နော်... မင်း ဘာ စားချင်လဲ ကိုယ် သွားဝယ်ပေးမယ်... ခက်ခဲပင်ပန်းတဲ့ အလုပ်တွေ အားလုံးကိုလည်း ကိုယ်ပဲ လုပ်ပေး မယ်..."

All Chapters