← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း (၁၃၈) ကိုယ်ဝန်ဆောင်ခြင်းက သုံးနှစ်ခန့် အသိဉာဏ် ထိုင်းမှိုင်းစေခြင်း

ကျိုးချန်ဟွမ်၏ စိတ်ထဲသို့ ရဲတင်းသော အတွေးတစ်ခု ရုတ်တရက် ဝင်ရောက်လာပြီး သူ၏ လက်ချောင်း ထိပ်များမှာ ထိန်းမရနိုင်အောင် အနည်းငယ် တုန်ယင်သွားခဲ့လေ၏။

သူသည် ညီဖြစ်သူ ကျိုးချန်ယီအား စူးစိုက်စွာ ကြည့်လိုက်ရာ သူ၏ အကြည့်များမှာ ယခုအခါ စူးစမ်း လေ့လာမှုများဖြင့် လေးနက်နေခဲ့ပြီး ဩရှရှ အသံဖြင့် ပြောလိုက်လေသည်...။

"သူ့နာမည်က ကျိုးချန်ယဲ့ဆိုတာ မင်း တကယ် သေချာရဲ့လား..."

————————————

နောက်တစ်နေ့…။

ကျိုးချန်ယဲ့နှင့် သူ၏ မိသားစုသည် ဒုတိယအစ်ကို၏ အိမ်သို့ မနက်စောစောစီးစီး ရောက်ရှိလာခဲ့ကြလေ သည်။

"ဒေါက် ဒေါက် ဒေါက်..."

ခြံတံခါးသို့ ရောက်ရှိသောအခါ ကျိုးချန်ယဲ့သည် လက်ကိုမြှောက်၍ တံခါးကို ခေါက်လိုက်လေ၏။

ခြံဝင်းထဲတွင် ခြေသံများ မကြာမီ ထွက်ပေါ်လာခဲ့လေသည်။ ဒုတိယအစ်ကို ထျန်ချင်းလင်းက တံခါးဖွင့် ရန် အလျင်အမြန် လျှောက်လာခဲ့ပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်...။

"လာပြီ... လာပြီ..."

တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ကျိုးချန်ယဲ့သည် ကျောက်ခဲလေးကို ပွေ့ချီထားလျက် သူ၏ ညီမ ဖြစ်သူနှင့်အတူ တံခါးဝတွင် ရပ်နေသည်ကို မြင်တွေ့လိုက်ရလေ၏။

ဒုတိယအစ်ကို ထျန်ချင်းလင်းမှာ ချက်ချင်းပင် ပျော်ရွှင်မှုကြောင့် မျက်နှာလင်းလက်သွားခဲ့ပြီး ကလေး အနှီးထုပ်လေးကို လှမ်းယူကာ နွေးထွေးစွာ နှုတ်ဆက်လိုက်လေသည်...။

"ယောက်ဖ... ရှောင်ယာ... ဝင်လာခဲ့ကြ... ဝင်လာခဲ့ကြ..."

"ဒုတိယအစ်ကို..."

ကျိုးချန်ယဲ့က ပြုံးလျက် နှုတ်ဆက်လိုက်ပြီးနောက် ဇနီးဖြစ်သူအား တွဲကူပေးကာ ၎င်းတို့အားလုံး နောက်ဖေးခြံဝင်းဆီသို့ အတူတကွ လျှောက်သွားခဲ့ကြလေသည်။

သူတို့ ဧည့်ခန်းမထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ကျိုးချန်ယဲ့သည် သူ ယူဆောင်လာသော နို့မှုန့် နှစ်အိတ်ကို စားပွဲပေါ်တွင် ညင်သာစွာ တင်လိုက်ပြီး ရိုးသားကာ ဂရုစိုက်သော လေသံဖြင့် ပြော လိုက်လေသည်...။

"ဒုတိယမရီး... ဒီနို့မှုန့် နှစ်အိတ်ကို သိမ်းထားပြီး ရှောင်လန်ကို အာဟာရ ဖြည့်စွက်ဖို့ တိုက်လိုက်ပါ..."

ဒုတိယမရီး ကျောက်ရှောက်ထင်သည် စားပွဲပေါ်ရှိ ကလေးနို့မှုန့်ကို မြင်သောအခါ သူမ၏ မျက်လုံး များမှာ ချက်ချင်း အရောင်လက်သွားခဲ့သော်လည်း ထို့နောက်တွင် အနည်းငယ် အားနာသွားခဲ့လေ သည်...။

"အိုကွယ်... မတ်လေးရယ်... အဝေးကြီးကနေ လာရတာကို ဒီလောက် ဈေးကြီးတဲ့ ပစ္စည်းတွေ ဘာလို့ ယူလာရတာလဲ..."

ထိုကာလ၌ တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒကို စတင်နေပြီ ဖြစ်သော်လည်း နို့မှုန့် မှာ ရှားပါးကုန်ပစ္စည်းတစ်ခု ဖြစ်နေဆဲဖြစ်ပြီး ငွေသာမက လက်မှတ်များလည်း လိုအပ်ကြောင်း နား လည်ထားရန် အရေးကြီးလှပေသည်။

ငွေမှာ ရှာရလွယ်ကူသော်လည်း နို့မှုန့်လက်မှတ်များမှာမူ ရရှိရန် သိပ်မလွယ်ကူလှချေ။

ဒုတိယအစ်ကို ထျန်ချင်းလင်းသည် ဘေးတွင် ရပ်နေကာ စားပွဲပေါ်ရှိ နို့မှုန့်ကို ကြည့်ရင်း သူ၏ လက် များကို ထပ်ခါတလဲလဲ ဝှေ့ယမ်းလျက် ပြောလိုက်လေသည်...။

"ယောက်ဖ... ဒါက အရမ်းကို ဖြုန်းတီးရာကျလွန်းပါတယ်... မင်းရဲ့ ပစ္စည်းတွေကို ငါတို့ အမြဲတမ်း လက်ခံနေလို့ မဖြစ်ဘူးလေ..."

"ကျွန်တော်တို့တွေက မိသားစုဝင်တွေချည်းပဲလေ... အရမ်းကြီး အားနာနေစရာ မလိုပါဘူး..."

ကျိုးချန်ယဲ့က ပြုံးလျက် ပြောလိုက်လေသည်...။

"ရှောင်လန်က ကြီးထွားလာမယ့် အရွယ်ရောက်နေပြီဆိုတော့ သူမအတွက် နို့မှုန့် ပိုသောက်တာ ကောင်း ပါတယ်..."

ဒုတိယအစ်ကို ထျန်ချင်းလင်း၏ ရင်ထဲတွင် နွေးထွေးသွားခဲ့ပြီး သူ၏ မျက်လုံးများတွင် မျက်ရည်များပင် ဝဲတက်လာခဲ့လေသည်...။

"အဲ့ဒါဆိုရင်လည်း... အဲ့ဒါဆိုလည်း ငါ လက်ခံလိုက်ပါ့မယ်... ရှောင်လန်ရဲ့ ကိုယ်စား ရှောင်လန်ရဲ့ အန်တီ နဲ့ မတ်လေးကို ကျေးဇူးတင်ပါတယ်..."

ဘေးမှ ဤမြင်ကွင်းကို ကြည့်နေသော အမေကျောက်မှာလည်း ရောယှက်နေသော ခံစားချက်တို့ဖြင့် ပြည့်နှက်နေခဲ့လေ၏။

သူမသည် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိလေသည်၊ ယုံကြည်စိတ်ချရပြီး ချစ်ခင် ကြင်နာ တတ်သော မိသားစုထဲသို့ လက်ထပ်ဝင်ရောက်သွားရသဖြင့် သူမ၏ သမီးမှာ အလွန် ကံကောင်းလှပေ သည်။ ယခုဆိုလျှင် သူမအတွက် တစ်သက်တာ စိတ်အေးရပြီ ဖြစ်လေ၏။

စကားအနည်းငယ် ပြောဆိုပြီးနောက် ကျိုးချန်ယဲ့သည် ဒုတိယအစ်ကိုဖြစ်သူထံသို့ လှည့်ကာ ပြောလိုက် လေသည်...။

"ဒုတိယအစ်ကို... မီးဖိုချောင်ထဲ သွားကြစို့..."

"ဒီနေ့ ခင်ဗျားကို ကိတ်မုန့် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးမယ်... အရင်ဆုံး တစ်လုံးလောက် စမ်းပြီး လုပ်ကြည့်ကြတာပေါ့..."

"ကောင်းပြီလေ... မီးဖိုချောင်ကို ငါ ရှင်းလင်းထားပြီးပြီ..."

ဒုတိယအစ်ကို ထျန်ချင်းလင်းက အလျင်အမြန် ပြန်ပြောလိုက်လေသည်။

သူတို့နှစ်ဦး မီးဖိုချောင်ထဲသို့ တစ်ယောက်နောက် တစ်ယောက် ဝင်သွားကြပြီး ထျန်ရှောင်ယာကလည်း နောက်မှလိုက်ကာ ကူညီပေးချင်ခဲ့လေ၏။

ကျိုးချန်ယဲ့သည် လှည့်ကြည့်ကာ သူမကို ပြုံးပြလိုက်ပြီး လက်ကာပြလျက် ပြောလိုက်လေသည်...။

"မိန်းမ... မင်း အထဲမှာနေပြီး အန်တီနဲ့ ဒုတိယမရီးတို့နဲ့ စကားပြောနေလိုက်ပါ... ဒီနေရာက ကိစ္စတွေကို ကိုယ်ပဲ တာဝန်ယူလိုက်ပါ့မယ်..."

"ကောင်းပါပြီရှင်..."

ထျန်ရှောင်ယာက သူ့အား မျက်စောင်းတစ်ချက် ထိုးလိုက်သော်လည်း ဤကိစ္စကို ဆက်လက် အတင်း အကြပ် မလုပ်တော့ချေ။

ထို့ကြောင့် သူမသည် ကျောက်ခဲလေးကို ခေါ်ကာ အိမ်ထဲတွင် ဒုတိယမရီးနှင့် အမေကျောက်တို့နှင့်အတူ စကားစမြည် ပြောဆိုနေခဲ့လေတော့သည်။

မီးဖိုချောင်တံခါး ပိတ်သွားသည်နှင့် တစ်ပြိုင်နက် ဒုတိယအစ်ကို ထျန်ချင်းလင်းမှာ အနည်းငယ် ပျာယာ ခတ်သွားခဲ့ပြီး သူ၏ လက်များကို အဆက်မပြတ် ပွတ်သပ်လျက် ပြောလိုက်လေသည်...။

"ယောက်ဖ... ငါက ကို့ရို့ကားယား နိုင်တယ်... မသင်ယူနိုင်မှာကို စိုးရိမ်နေမိတယ်..."

ယခင်က ဆိုင်ရှိ မုန့်များအားလုံးကို သူ၏ ဇနီးဖြစ်သူကသာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သူက အလွန်ဆုံး ကူညီ ပေးရုံသာ ရှိခဲ့လေသည်။

သို့သော် ယခုအခါ သူ၏ ဇနီးဖြစ်သူမှာ မီးတွင်းကာလတွင် ရှိနေသဖြင့် ဤဝန်ထုပ်ဝန်ပိုးကို... သူကသာ ထမ်းဆောင်ရတော့မည် ဖြစ်ပေသည်။

ကျိုးချန်ယဲ့သည် သူ့ကြောင့် ရယ်ချင်သွားခဲ့ပြီး ဒုတိယအစ်ကို ထျန်ချင်းလင်း၏ ပခုံးကို ပုတ်ကာ ပြော လိုက်လေသည်...။

"ဒုတိယအစ်ကို... စိတ်မပူပါနဲ့... အဲ့ဒါက မခက်ခဲပါဘူး..."

"တစ်ဆင့်ချင်းစီ လုပ်သွားကြတာပေါ့... မီးအပူချိန်နဲ့ အချိုးအစားတွေကို မှတ်မိနေသရွေ့ အရသာက မဆိုးရွားနိုင်ပါဘူး..."

ဒုတိယအစ်ကို ထျန်ချင်းလင်းက အခိုင်အမာ ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်လုံးများတွင် မျှော်လင့် ချက်များ ပြည့်နှက်နေလျက်...၊

"ကောင်းပြီလေ... အဲ့ဒါဆိုရင် ဒီနေ့ ငါ ကြိုးကြိုးစားစား သင်ယူပါ့မယ်..."

အိမ်ထဲတွင်….။

လူတိုင်း ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေကြစဉ် ဒုတိယမရီး ကျောက်ရှောက်ထင်က ရုတ်တရက် ရှေ့သို့ ကိုင်းညွတ်ကာ မေးလိုက်လေသည်...။

"ရှောင်ယာ... ညီမလေး ကိုယ်ဝန်ရှိနေတဲ့အကြောင်းကို မိဘတွေကို ပြောပြီးပြီလား..."

ထိုစကားကို ကြားသောအခါ ထျန်ရှောင်ယာမှာ ခဏတာမျှ မှင်သက်သွားပြီးနောက် သူမ၏ နဖူးကို ရိုက်လိုက်ကာ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ဘဲ သက်ပြင်းချလိုက်လေသည်...။

"အိုကွယ်... သူတို့ ပြောကြတာ မှန်တယ်... ကိုယ်ဝန်ဆောင်တာက သုံးနှစ်လောက် အသိဉာဏ် ထိုင်းမှိုင်း သွားစေတယ်ဆိုတာ... ကျွန်မရဲ့ ဦးနှောက်ကတော့... ဒီလောက် အရေးကြီးတဲ့ ကိစ္စကိုတောင် မေ့သွားခဲ့ တာပဲ..."

"ဟားဟားဟား..."

ထိုစကားကို ကြားသောအခါ ကလေးထိန်းပေးနေသော အမေကျောက်မှာ ချက်ချင်းပင် ရယ်မောလိုက် လေသည်...။

"အဲ့ဒါဆိုရင်လည်း ချက်ချင်း သတင်းပို့ရမှာပေါ့... ခမည်းခမက်တို့ သိသွားရင် အရမ်း ဝမ်းသာသွားကြ မှာပဲ..."

"ဟုတ်ကဲ့ပါ... ကျွန်မ ပြန်ရောက်တာနဲ့ စာရေးပြီး ပို့လိုက်ပါ့မယ်..."

ထျန်ရှောင်ယာက ပြုံးလျက် ပြန်ပြောလိုက်လေသည်။

ထိုစဉ် ကလေးဆန်ပြီး မပီမသဖြစ်နေသေးသော အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်...

"မေ... မေ... မေ..."

အခန်းထဲရှိ လူအားလုံးက ခေါင်းလှည့်ကြည့်လိုက်ကြရာ အနှီးထုပ်ထဲရှိ ရှောင်မုန်လန်သည် သူမ၏ ပါးစပ်လေးကို ဖွင့်ကာ ပူဖောင်းများ မှုတ်နေသည်ကို မြင်တွေ့လိုက်ရလေ၏။

တစ်ချိန်တည်းမှာပင် ကျောက်ခဲလေးသည် သူ၏ လက်သေးသေးလေးများဖြင့် ပူဖောင်းများကို ပျော်ရွှင် စွာ လိုက်ဖောက်နေခဲ့လေသည်။ ရှောင်မုန်လန်က ပူဖောင်းတစ်ခု မှုတ်ထုတ်လိုက်တိုင်း သူသည် ဝဝကစ် ကစ် လက်လေးကို ဆန့်ထုတ်ကာ "ဖောက်" ခနဲ အသံမည်အောင် ဖောက်ခွဲလိုက်သဖြင့် လူတိုင်းကို ရယ်မောစေခဲ့လေသည်။

မကြာမီမှာပင် ကိတ်မုန့်၏ သီးသန့်ဖြစ်သော ချိုမြိန်သည့် မွှေးရနံ့တစ်ခုက အခန်းထဲသို့ လွင့်ပျံလာခဲ့လေ သည်။

ထျန်ရှောင်ယာသည် မနေ့ကမှ ၎င်းကို စားထားခဲ့သဖြင့် ထိုအရသာကို ကောင်းစွာ ရင်းနှီးကျွမ်းဝင်နေခဲ့ လေ၏။ သူမသည် ချက်ချင်း ပြုံးလိုက်ကာ ပြောလိုက်လေသည်...။

"အောင်မြင်သွားတဲ့ပုံပဲ... ကျွန်မတို့ မကြာခင် စားရတော့မယ်..."

ထင်ထားသည့်အတိုင်းပင် မိနစ်အနည်းငယ် ကြာပြီးနောက် ဒုတိယအစ်ကို ထျန်ချင်းလင်းသည် မီးဖို ချောင်ထဲမှ ပန်းကန်ပြားတစ်ချပ်ကို ဂရုတစိုက် သယ်ဆောင်လာခဲ့လေ၏။

ပန်းကန်ပြားပေါ်ရှိ ကိတ်မုန့်မှာ ဖြူဖွေးနူးညံ့နေပြီး ချိုမြိန်သော သစ်သီးရနံ့ ပါရှိသဖြင့် အခန်းထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် သွားရည်ကျချင်စရာပင် ကောင်းလှပေသည်။

သူသည် ကိတ်မုန့်ကို စားပွဲပေါ်တွင် ညင်သာစွာ တင်လိုက်ပြီး လူတိုင်းကို မြည်းကြည့်ရန် ခေါ်မည်ပြုစဉ် မှာပင် ရင်းနှီးသော ခြေသံတစ်ခုက ခြံတံခါးအပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်...။

ပစ္စည်းများ သွားပို့ရာမှ ပြန်လာသော ကျောက်တာ့ရှန်းပင် ဖြစ်လေ၏။

လွန်ခဲ့သော ရက်အနည်းငယ်က မိသားစု အများအပြားသည် မုန့်များကို မှာယူခဲ့ကြသဖြင့် ထျန်ချင်းလင်း က သူ၏ ယောက်ဖဖြစ်သူအား သွားပို့ရန် တောင်းဆိုခဲ့ရာ ထိုအရာက သူ့အတွက် ယာယီ ဝင်ငွေအရင်း အမြစ်တစ်ခုကိုလည်း ရရှိစေခဲ့ပေသည်။

"အစ်ကိုကြီး... ပြန်ရောက်ပြီလား..."

ယောက်ဖဖြစ်သူကို မြင်သောအခါ ဒုတိယအစ်ကို ထျန်ချင်းလင်းသည် ချက်ချင်းပင် နွေးထွေးစွာ နှုတ် ဆက်လိုက်လေသည်...။

"အစ်ကိုကြီး ရောက်လာတာ အချိန်ကိုက်ပဲ... ကျွန်တော် အခုလေးတင် ကိတ်မုန့်အသစ် လုပ်ထားတာ... လာပြီး မြည်းကြည့်ပါဦး... အရသာ ဘယ်လိုနေလဲလို့..."

ထိုသို့ ပြောဆိုရင်း သူသည် ဓားကို ကောက်ကိုင်လိုက်ကာ ကိတ်မုန့် တစ်တုံးကို လှီးဖြတ်၍ ပန်းကန်ပြား ပေါ်တွင် တင်လိုက်ပြီး ကျောက်တာ့ရှန်းအား ကမ်းပေးလိုက်လေ၏။

ကျောက်တာ့ရှန်းသည် ပန်းကန်ပြားကို ယူလိုက်သော်လည်း စားမည့်အစား ၎င်းကို နှာခေါင်းနားသို့ အရင် ဆုံး ယူဆောင်သွားကာ အနက်ရှိုင်းဆုံး ရှူရှိုက်လိုက်လေသည်။

သူ၏ မျက်လုံးများမှာ ချက်ချင်း အရောင်လက်သွားခဲ့ပြီး မတတ်နိုင်ဘဲ တိုးညှင်းစွာ သက်ပြင်းချ လိုက်လေသည်...။

"အရမ်း မွှေးတာပဲ... ဒီလောက် ဆွဲဆောင်မှုရှိတဲ့ ရနံ့မျိုးကို ကျွန်တော့် တစ်သက်မှာ တစ်ခါမှ မရှူဖူး ဘူး..."

အပူပေးအုတ်ကုတင်၏ အစွန်းတွင် ထိုင်နေသော ထျန်ရှောင်ယာမှာလည်း အလွန် ဝမ်းသာသွားခဲ့ လေသည်။

ဒုတိယအစ်ကိုက တကယ်ပဲ သင်ယူတတ်မြောက်သွားပုံရပေသည်။ ရနံ့နှင့် အသွင်အပြင်မှာ မနေ့က အာယဲ့ ပြုလုပ်ခဲ့သည်နှင့် တစ်ထပ်တည်းတူညီနေပြီး ပို၍ပင် သပ်ရပ်ကာ မျက်စိပသာဒ ဖြစ်နေသေး ပေသည်။

ကိတ်မုန့်ကို စိုက်ကြည့်လျက် အနီးတွင် ရပ်နေသော ဒုတိယမရီး ကျောက်ရှောက်ထင်က အလျင်အမြန် တိုက်တွန်းလိုက်လေသည်....။

"အစ်ကိုကြီး... မြည်းကြည့်ပါဦး... ဒါက ချင်းလင်း ပထမဆုံးအကြိမ် လုပ်တာလေ... ဒီလိုမျိုး ထွက်လာ လိမ့်မယ်လို့ ကျွန်မ ထင်တောင်မထင်ထားဘူး..."

အမေကျောက်က ပြုံးလျက် ခေါင်းညိတ်ကာ ချီးကျူးလိုက်လေသည်...။

"အရမ်းကို ချိုမြိန်တဲ့ အနံ့ပဲ... ထောက်ပံ့ရေးနှင့် အရောင်းသမဝါယမဆိုင်က ရောင်းတဲ့ မုန့်တွေထက် အများကြီး ပိုကောင်းသေးတယ်..."

All Chapters