← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း (၁၃၉) ဟွာထင်က ထောင်ချီကာကွယ်၍ ယွန်းရှန်းက နှလုံးသားကို စောင့်ရှောက်ခြင်း

ဤသည်ကို မြင်သောအခါ ကျောက်တာ့ရှန်းသည် ဆက်လက်၍ အားနာမနေတော့ဘဲ ကိတ်မုန့်ကို တစ် ကိုက် ကိုက်စားလိုက်လေ၏။

နူးညံ့သောအထိအတွေ့နှင့် သိမ်မွေ့သောအချိုဓာတ်တို့က သူ၏ပါးစပ်ထဲတွင် အရည်ပျော်သွားခဲ့ပြီး သူ၏မျက်လုံးများမှာ ချက်ချင်း အရောင်လက်သွားခဲ့လေသည်။ သူက ထပ်ခါတလဲလဲ ခေါင်းညိတ် လျက်၊

"အရသာရှိလိုက်တာ... တကယ်ကို အရသာရှိတာပဲ... နူးညံ့ပြီး မွှေးပျံ့နေတာပဲ..."

ကျောက်တာ့ရှန်း၏ ကျေနပ်နေသော အမူအရာကို မြင်သောအခါ အခြားသူများလည်း မနေနိုင်တော့ဘဲ ကိတ်မုန့်တစ်တုံးစီ ယူကာ မြည်းကြည့်ရန် လက်လှမ်းလိုက်ကြလေတော့သည်။

"အိုကွယ်... ဒီကိတ်မုန့်က အရမ်းကို အရသာရှိတာပဲ... အရမ်းလည်း နူးညံ့ပြီး မွှေးပျံ့နေတာပဲ..."

အမေကျောက်သည် တစ်ကိုက် ကိုက်စားလိုက်ရာ သူမ၏ မျက်လုံးများ လင်းလက်သွားခဲ့ပြီး ထပ်ခါ တလဲလဲ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။

"ဒုတိယအစ်ကို... အစ်ကို့မှာ ဒီလို အရည်အချင်းရှိမယ်လို့ ကျွန်မ လုံးဝ မမျှော်လင့်ထားဘူး... ဒုတိယ မရီးထက်တောင် ပိုတော်နေသေးတယ်... ဟားဟားဟား..."

ထျန်ရှောင်ယာက ပြုံးလျက် ခေါင်းညိတ်ကာ ရိုးသားစွာ ချီးကျူးလိုက်လေသည်။

"ဟီးဟီး..."

ဒုတိယအစ်ကို ထျန်ချင်းလင်းက သူ၏ နောက်စေ့ကို ကုတ်ကာ ရိုးသားအအဟန်ဖြင့် ပြုံးလိုက်ပြီး၊

"ယောက်ဖရဲ့ လမ်းညွှန်ပြသမှုကြောင့်သာ ငါ အခုလို လုပ်တတ်သွားတာပါ..."

ကျိုးချန်ယဲ့က ပြုံးလိုက်ပြီး ရိုးသားစွာ ပြောလိုက်လေသည်...။

"ဒုတိယအစ်ကိုက တကယ်ကို ပါရမီပါတာပါ... သူက ကိစ္စတွေကို အရမ်း မြန်မြန် နားလည်တယ်... တခြားသူတွေဆိုရင် ဒီလောက် မြန်မြန် သင်ယူနိုင်မှာ မဟုတ်ဘူး..."

————————————

စည်ကားလှုပ်ရှားနေသော အချိန်များသည် လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး နေ့လယ်ခင်းသို့ ရောက်ရှိ လာခဲ့လေ၏။ ကျိုးချန်ယီသည် သူ၏ အစ်ကိုကြီး ကျိုးချန်ဟွမ်နှင့်အတူ သဘောတူထားသည့်အတိုင်း မုန့်ဆိုင်အပေါက်ဝသို့ ရောက်ရှိလာခဲ့လေသည်။

သူ၏ စိတ်ထဲတွင် ကမောက်ကမ ဖြစ်နေဆဲဖြစ်ပြီး အချိန်အတော်ကြာသည်အထိ သတိမဝင်နိုင်အောင် ဖြစ်နေခဲ့လေသည်။

သူ ပုံမှန် မုန့်လာဝယ်လေ့ရှိသော ဆိုင်ငယ်လေးသည် သူတို့နှင့် ကာလရှည်ကြာ ကွဲကွာနေခဲ့သော ဒုတိယ ဦးလေးနှင့် မည်သို့မည်ပုံ ဆက်စပ်နေနိုင်သည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေခဲ့ပေသည်။

ဤဇာတ်လမ်းမှာ မနေ့က စတင်ခဲ့ခြင်း ဖြစ်လေ၏။

သူ အစ်ကိုဖြစ်သူနှင့် စကားပြောဆိုပြီးနောက် မိဘများ အလုပ်ဆင်း၍ အိမ်သို့ ပြန်ရောက်လာသောအခါ မိသားစုဝင်များ အတူတကွ စုရုံးကာ ထိုကိစ္စကို ဆွေးနွေးခဲ့ကြလေသည်။

အဘိုးဖြစ်သူနှင့် ပတ်သက်၍မူ သူသည် အသက်အရွယ် ကြီးရင့်နေပြီဖြစ်ရာ ဤကဲ့သို့ ရုတ်တရက် ထိတ် လန့်မှုကို မခံနိုင်မည်စိုးသဖြင့် လောလောဆယ်တွင် သူ့အား ဖုံးကွယ်ထားရန်နှင့် စုံစမ်းစစ်ဆေးမှုများ ပြု လုပ်ပြီးမှသာ သူ့အား ပြောပြရန် စီစဉ်ထားခဲ့ကြခြင်းဖြစ်လေသည်။

သို့မှသာ သူ စိတ်ပျက်ရမည် မဟုတ်ပေ။

ထို့ကြောင့် သူ၏ အစ်ကိုကြီးသည် ထိုညမှာပင် ရှင်းဟွာ တက္ကသိုလ်၏ ကျောင်းအုပ်ကြီးထံသို့ ဖုန်းဆက် ခဲ့လေ၏။

ကျိုးချန်ယဲ့သည် ရှင်းဟွာ တက္ကသိုလ်မှ ကျောင်းသားတစ်ဦး ဖြစ်လေသည်။ သူ၏ အစ်ကိုကြီး၏ အဆက်အသွယ်များနှင့် အရည်အချင်းများအရ ရှင်းဟွာ တက္ကသိုလ် ကျောင်းသားတစ်ဦး၏ ကိုယ်ရေး မှတ်တမ်းကို ရယူရန်မှာ အနည်းငယ်မျှပင် မခက်ခဲခဲ့ချေ။

အဖေကျိုး (ကျိုးပေါက်ကျား) သည် ကိုယ်ရေးမှတ်တမ်းပေါ်ရှိ "ကျိုးပေါက်ကော်" ဟူသော စာလုံးသုံး လုံးကို မြင်လိုက်ရသောအခါ စက္ကူကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိလေတော့သည်။

ကျိုးမိသားစု၏ မျိုးဆက်အလိုက် အမည်ပေးစနစ်မှာ ဘိုးဘေးများခေတ်ကတည်းက သတ်မှတ်ပြဋ္ဌာန်း ထားခဲ့ခြင်း ဖြစ်လေ၏။

"ဟွာထင်က ထောင်ချီကာကွယ်၍ ယွန်းရှန်းက နှလုံးသားကို စောင့်ရှောက်ခြင်း..."

[ဟွာ] က ဖြောင့်မတ်စွာ ရပ်တည်ရန်၊ [ထင်] က မိသားစုကို လက်ဆင့်ကမ်းရန်၊ ကျွန်ုပ်တို့၏ သွေးသားကို ကာကွယ်၍ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းရန်၊ [ယွန်း(တိမ်တိုက်)] က မြင့်မားသော ရည်မှန်းချက် များကို ဖော်ပြရန်၊ [ရှန်း(နက်ရှိုင်း)] က မေတ္တာတရား ပြည့်ဝသော နှလုံးသားကို ဖုံးကွယ်ထားရန်၊ မိမိ၏ မိသားစုကို ကာကွယ်၍ မှန်ကန်သော လမ်းကြောင်းကို နှလုံးသားထဲတွင် သိမ်းဆည်းထားရန်ပင် ဖြစ်ပေ တော့သည်။

ရည်ရွယ်ချက်မှာ ကျိုးမိသားစု၏ မျိုးဆက်များအား ဖြောင့်မတ်မှန်ကန်ရန်၊ မိမိတို့၏ မိသားစု၊ ၎င်းတို့၏ နှလုံးသားနှင့် သွေးသားတော်စပ်မှုတို့ကို ကာကွယ်စောင့်ရှောက်ရန် သတိပေးဆုံးမခြင်းပင် ဖြစ်လေ၏။

ကိုယ်ရေးမှတ်တမ်းကို ဆက်လက် ဖတ်ရှုလိုက်သောအခါ အဖေကျိုးသည် အဘွားအမည် ကွက်လပ် တွင် "နင်ယောင်" ဟူသော အမည်ကို ရှင်းလင်းစွာ ရေးသားထားသည်ကို မြင်လိုက်ရသဖြင့် ပို၍ပင် အံ့ဩတုန်လှုပ်သွားခဲ့ရလေသည်။

ထိုခေတ်အခါက အဘိုးဖြစ်သူ၏ ဒုတိယဇနီး အမည်မှာ နင်ယောင်ပင် ဖြစ်လေ၏။

ဤအမည်နှစ်ခုကို ပေါင်းစပ်ကြည့်လိုက်ပါက ကျိုးချန်ယဲ့သည် သေချာပေါက် ကျိုးမိသားစု၏ မျိုးဆက် တစ်ဦး ဖြစ်ကြောင်း သံသယဖြစ်စရာပင် မလိုတော့ချေ။

————————————

အာရုံကြော တင်းမာမှုနှင့် မျှော်လင့်ချက်တို့ ရောယှက်နေလျက် ကျိုးညီအစ်ကို နှစ်ဦးသည် မုန့်ဆိုင်ထဲသို့ တစ်ယောက်နောက် တစ်ယောက် ဝင်ရောက်လာခဲ့ကြလေသည်။

ကျိုးချန်ယီက နှုတ်ဆက်ရန် အလျင်အမြန် ရှေ့သို့ လှမ်းသွားလိုက်ပြီး ရင်းနှီးသော အပြုံးတစ်ခုကို အတင်းဖန်တီးလျက် ၊

"သူဌေး... ကျွန်တော် ရောက်လာပြီ..."

အသံကို ကြားသောအခါ ဒုတိယအစ်ကို ထျန်ချင်းလင်းသည် မော့ကြည့်လိုက်ပြီး မနေ့က ရောက်လာခဲ့ သော ကျိုးချန်ယီ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေ၏။ သူ၏ မျက်နှာပေါ်တွင် နွေးထွေးသော အပြုံး တစ်ခု ချက်ချင်း လင်းလက်သွားခဲ့ပြီး အလျင်အမြန် ပြန်လည် နှုတ်ဆက်လိုက်လေသည်...။

"ရဲဘော်ကျိုး... နောက်ဆုံးတော့ ခင်ဗျား ရောက်လာပြီပဲ... မနေ့က ပြောထားတဲ့ မုန့်အသစ်လေး အသင့် ဖြစ်နေပါပြီ... အခုပဲ ယူလာခဲ့ပေးပါ့မယ်..."

ကျိုးချန်ဟွမ်သည် ဘေးတွင် ရပ်နေကာ ဆိုင်ကို သိမ်မွေ့စွာ အကဲခတ်ကြည့်နေခဲ့လေ၏။

ဆိုင်ငယ်လေးမှာ သန့်ရှင်းသပ်ရပ်နေသော်လည်း ထျန်ချင်းလင်း တစ်ဦးတည်းသာ ထိုနေရာတွင် အလုပ် လုပ်ကိုင်နေပြီး သူ အလွန် တွေ့ချင်နေသော ပုံရိပ်ကိုမူ မမြင်ရသေးချေ။

သူ၏ အကြည့်များက ထျန်ချင်းလင်းထံသို့ ပြန်ရောက်သွားသောအခါ သူ၏ မျက်လုံးများတွင် စိတ်ပျက် မှု အရိပ်အယောင်တစ်ခု ရှင်းလင်းစွာ ဖြတ်ပြေးသွားခဲ့လေသည်။

"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူဌေး..."

ထိုအခြေအနေကို မြင်သောအခါ ကျိုးချန်ယီ၏ ရင်ထဲတွင် အနည်းငယ် လေးလံသွားခဲ့သော်လည်း သူက ပြုံးလျက် အခြေအနေကို ပြေလည်စေရန် မေးလိုက်လေသည်...။

"ဒါနဲ့... အစ်ကိုချန်ယဲ့ ဒီနေ့ မလာဘူးလား..."

ထိုစကားကို ကြားသောအခါ ဒုတိယအစ်ကို ထျန်ချင်းလင်းမှာ ခဏတာမျှ ရပ်တန့်သွားပြီးနောက် သူ ဆိုလိုသည်ကို သဘောပေါက်သွားကာ ပြုံးလျက် ပြောလိုက်လေသည်...။

"ကျွန်တော့် ယောက်ဖကို ပြောတာလား... ရောက်နေတယ်လေ... နောက်ဖေးခြံဝင်းထဲမှာ..."

"ဒုတိယအစ်ကို... ရဲဘော်ကျိုး ရောက်နေပြီလား..."

သူ စကားပြော၍ပင် မဆုံးသေးမီ ကျိုးချန်ယဲ့၏ အသံက နောက်ဖေးခြံဝင်းထဲမှ ထွက်ပေါ်လာခဲ့လေ၏။

အမှန်တကယ်တော့ ကျိုးချန်ယဲ့သည် ဆိုင်ထဲမှ အသံအချို့ကို ကြားလိုက်ရသဖြင့် ကျိုးချန်ယီ ရောက် လာခြင်း ဖြစ်ရမည်ဟု တွေးလိုက်မိခြင်း ဖြစ်ပေသည်။

ဖခင်ဖြစ်သူ ယခင်က ပြောပြခဲ့ဖူးသည်များကို ပြန်လည်သတိရသွားပြီး ၎င်းတို့၏ အမည်များ တူညီနေမှု ကို တွေးမိသောအခါ ရဲတင်းပြီး ပြင်းပြသော ခန့်မှန်းမှုတစ်ခုက သူ၏ ရင်ထဲတွင် ရူးသွပ်စွာ ထွက်ပေါ်လာ ခဲ့လေသည်။

*တကာယ်လို့ ငါ ခန့်မှန်းတာသာ မှန်ခဲ့မယ်ဆိုရင်...*

တစ်ချိန်တည်းမှာပင် ကျိုးချန်ဟွမ်နှင့် ကျိုးချန်ယီတို့ နှစ်ဦးစလုံးသည် မော့ကြည့်လိုက်ကြလေ၏။

နူးညံ့သိမ်မွေ့သော မျက်နှာထားနှင့် အရပ်ရှည်ရှည် ခန့်ညားသော အမျိုးသားတစ်ဦးသည် နောက်ဖေး တံခါးမှတစ်ဆင့် ဖြည်းညင်းစွာ လျှောက်ဝင်လာခဲ့လေသည်။

သူတို့၏ အကြည့်များ ဆုံတွေ့သွားသည့် အခိုက်အတန့်တွင် ကျိုးချန်ဟွမ်မှာ ထိုနေရာ၌ပင် မှင်သက်သွား ခဲ့လေတော့သည်။

ထိုမျက်ခုံးများ၊ ထိုမျက်နှာသွင်ပြင်များ... သူတို့က တကယ်ကို တူလွန်းလှသည်... မယုံနိုင်လောက် အောင်ကို တူညီနေခဲ့ပေသည်။

သူ၏ ရုပ်ရည်မှာ အဘိုးဖြစ်သူ၏ ငယ်ရွယ်စဉ်ကာလကပုံစံနှင့် တစ်ထပ်တည်းတူညီနေပြီး ကျိုးမိသား စု၏ သွေးသားမျိုးဆက်နှင့် အတိအကျပင် တူညီနေခဲ့လေ၏။

ကျိုးချန်ယဲ့၏ အကြည့်များက တံခါးဝရှိ လူနှစ်ဦးထံသို့ ရောက်ရှိသွားခဲ့ရာ မနေ့ကတည်းက တွေ့ဆုံ ခဲ့ပြီးဖြစ်သော ကျိုးချန်ယီကို သူ မြင်တွေ့လိုက်ရလေသည်။

သူ၏ ဘေးတွင် ရပ်နေသော လူငယ်မှာ သပ်ရပ်သော စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ကာ မတ်မတ်ရပ်နေလျက် ခန့်ညားသော မျက်နှာသွင်ပြင် ရှိလေ၏။

၎င်းတို့၏ ဆင်တူသော မျက်နှာသွင်ပြင်များကို ကြည့်ရသည်မှာ သူတို့သည် သေချာပေါက် ညီအစ်ကို များ ဖြစ်ရမည်ပေ။

ကျိုးချန်ဟွမ်သည် ရှေ့သို့ လှမ်းသွားကာ သူ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လွင်လျက် လက်ကို ဆန့်ထုတ်လိုက်လေသည်...။

"ကျွန်တော့်နာမည်က ကျိုးချန်ဟွမ်ပါ... ရှောင်ယီရဲ့ အစ်ကိုကြီးပါ..."

"မင်္ဂလာပါ ရဲဘော်ကျိုး... ကျွန်တော့်နာမည်က ကျိုးချန်ယဲ့ပါ..."

ကျိုးချန်ယဲ့က လက်ကိုဆန့်ထုတ်ကာ သူ့အား ညင်သာစွာ လက်ဆွဲနှုတ်ဆက်လိုက်ပြီး သူ၏ မျက်လုံးများ ကို ပင့်ကာ ကျိုးချန်ဟွမ်၏ အကြည့်များကို အနည်းငယ်မျှပင် ထိတ်လန့်ခြင်းမရှိဘဲ ရင်ဆိုင်ကြည့်လိုက် လေ၏။

ထိုအစား သူသည် ရင်ဘတ်အဖွင့်ဖြင့် ပြုံးပြလိုက်ရာ သူ၏ မျက်လုံးများမှာ နူးညံ့ကာ နွေးထွေးနေပြီး စစ်မှန်သော လူကြီးလူကောင်းတစ်ဦး၏ အမူအရာကို ပြသနေခဲ့ပေသည်။

ကျိုးချန်ဟွမ်သည် အစပိုင်းတွင် အံ့ဩသွားခဲ့သော်လည်း ထို့နောက် သူ၏ ရင်ထဲတွင် ဖော်ပြ၍မရနိုင် သော ဂုဏ်ယူမှုတစ်ခု ပြည့်နှက်သွားခဲ့ကာ တိတ်ဆိတ်စွာ မချီးကျူးဘဲ မနေနိုင်ဖြစ်သွားခဲ့လေသည်...။

*မဆိုးဘူး... ကျိုးမိသားစုဝင်တစ်ယောက် ဖြစ်ရတာနဲ့ တကယ်ကို ထိုက်တန်ပါပေတယ်...*

ကျိုးချန်ယဲ့နှင့် မတွေ့ဆုံမီကတည်းက ရှင်းဟွာ တက္ကသိုလ်သို့ ဝင်ရောက်နိုင်သူ တစ်ဦးမှာ အတော်လေး တော်ရမည်ဖြစ်ကြောင်း ကျိုးချန်ဟွမ် သိရှိထားခဲ့လေ၏။

သို့သော် သူသည် စိုးရိမ်ပူပန်မှု အချို့ကို ရင်ဝယ်ပိုက်ထားဆဲ ဖြစ်လေသည်။ ယခုအခါ ဝမ်းကွဲညီဖြစ်သူ အား လူကိုယ်တိုင် တွေ့မြင်လိုက်ရသောအခါ သူသည် တည်ငြိမ်ပြီး နူးညံ့သိမ်မွေ့ကာ မာနလည်းမကြီး သလို မိမိကိုယ်ကိုယ် နှိမ့်ချခြင်းလည်း မရှိကြောင်း တွေ့ရှိလိုက်ရသဖြင့် သူ့အား စိတ်ပျက်စေခြင်း မရှိခဲ့ ချေ။

"ဒါက..."

သူတို့နှစ်ဦး အချင်းချင်း တိတ်ဆိတ်စွာ စိုက်ကြည့်နေကြပြီး ကိုယ်စီ အတွေးများထဲတွင် နစ်မြောနေကြ စဉ် ကျိုးချန်ယီ၏ တုန်လှုပ်နေသော အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ ခဏတာ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေ၏။

ကျိုးချန်ယဲ့နှင့် ကျိုးချန်ဟွမ်တို့သည် တစ်ချိန်တည်းမှာပင် ခေါင်းလှည့်ကြည့်လိုက်ကြရာ ကျိုးချန်ယီမှာ အံ့ဩတုန်လှုပ်နေသော အမူအရာဖြင့် ထျန်ချင်းလင်းအား မျက်လုံးပြူးကာ စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

တိတိကျကျ ပြောရလျှင် သူ ကိုင်ဆောင်ထားသော သစ်သီးနှင့် ကရင်မ် ကိတ်မုန့်ကို ဖြစ်လေ၏။

ဒုတိယအစ်ကို ထျန်ချင်းလင်းမှာ အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း ကျိုးချန်ယီ၏ အမူအရာကို မြင်သောအခါ သူ၏ စိတ်ထဲတွင် တိတ်တဆိတ် အလွန် ကျေနပ်နေခဲ့လေသည်။

အကယ်၍ သူ့တွင် အမြီးသာ ရှိမည်ဆိုပါက ယခုအချိန်တွင် ကောင်းကင်ယံ၌ သူ၏ အမြီးကို လှုပ်ယမ်း နေလောက်ပြီ ဖြစ်ပေသည်။

"ရဲဘော်ကျိုး... ဒါက ကျွန်တော်တို့ ဆိုင်ရဲ့ ထုတ်ကုန်အသစ်ဖြစ်တဲ့ သစ်သီး ကရင်မ် ကိတ်မုန့်ပါ..."

ထိုသို့ ပြောဆိုရင်း ဒုတိယအစ်ကို ထျန်ချင်းလင်းသည် ကိတ်မုန့်ကို ကောင်တာပေါ်တွင် ဂရုတစိုက် တင် လိုက်ပြီး ကိတ်မုန့်လှီးဓားဖြင့် တစ်တုံးကို လှီးဖြတ်ကာ ကျိုးချန်ယီထံသို့ ကမ်းပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်...။

"မြည်းကြည့်ပါဦး... ခင်ဗျား ကျေနပ်မှုရှိရဲ့လားလို့..."

All Chapters