← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း (၁၄၀) အနည်းငယ် စောလွန်းနေခဲ့ခြင်း

ကျိုးချန်ယီသည် သူ၏ လက်ထဲရှိ ကိတ်မုန့်ကို ကြည့်လိုက်လေ၏။ ၎င်းမှာ ဖြူဖွေးနူးညံ့ကာ အိစက်နေ လျက်ရှိပြီး အနည်းငယ် လှုပ်ယမ်းလိုက်ရုံဖြင့် ပြုတ်ကျလုမတတ် တုန်ခါသွားခဲ့လေသည်။

ဘေးဘက်မှ ကြည့်လိုက်လျှင် ရွှေဝါရောင် ကိတ်မုန့်အလွှာများကြားတွင် တောက်ပသော သစ်သီးတုံး လေးများကို ထည့်သွင်းထားပြီး အနီရောင်နှင့် အဖြူရောင် ဆော့စ်များကို ပါးပါးလေး သုတ်လိမ်းထား ကာ စိုစွတ်၍ ချိုမြိန်သော ရနံ့များ ထွက်ပေါ်နေခဲ့ပေသည်။

နေရောင်ခြည် ကျရောက်လာသောအခါ ဆော့စ်များမှာ တောက်ပစွာ အရောင်လက်သွားပြီး သစ်သီးတုံး လေးများကို ဝိုးတဝါး မြင်တွေ့ရလေသည်။ မမြည်းကြည့်ရသေးမီ မြင်လိုက်ရုံဖြင့်ပင် သွားရည်ကျချင် စရာ ကောင်းလှပေသည်။

ကျိုးချန်ယီသည် မနေနိုင်တော့ဘဲ အကြီးကြီး တစ်ကိုက် ကိုက်စားလိုက်လေတော့သည်။

ကိတ်မုန့် ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူ၏ မျက်လုံးများမှာ အလိုအလျောက် ပြူး ကျယ်သွားခဲ့ပြီး တစ်စက္ကန့်ခန့်ပင် မှင်သက်သွားခဲ့လေ၏။

ချိုမြိန်ပြီး မွှေးပျံ့ကာ ပါးစပ်ထဲတွင် အထူးပင် နူးညံ့ချောမွေ့လှသဖြင့် မုန့်အမျိုးမျိုးကို စားဖူးသူဖြစ် သည့်တိုင် ဤကိတ်မုန့်က သူ့အား တကယ်ပင် အံ့ဩသွားစေခဲ့ပေသည်။

"အရသာရှိလိုက်တာ... တကယ်ကို အရသာရှိတာပဲ..."

ကျိုးချန်ယီက ကိတ်မုန့်ကို စားရင်း အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။

ကျိုးချန်ယဲ့သည် သူ့အား ကြည့်ကာ နှုတ်ခမ်းထက်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာခဲ့သော် လည်း မည်သို့မျှ ထပ်မပြောတော့ချေ။

သူသည် ကောင်တာပေါ်မှ ကိတ်မုန့်တစ်တုံးကိုသာ ကောက်ယူလိုက်လေသည်... ၎င်းမှာ ဒုတိယအစ်ကို ဖြစ်သူ စောစောက လှီးဖြတ်ထားသော အတုံးဖြစ်လေ၏....။ ထို့နောက် အနီးတွင် ရပ်နေသော ကျိုးချန် ဟွမ်ထံသို့ ကမ်းပေးလိုက်ပြီး မေးလိုက်လေသည်...။

"မြည်းကြည့်ချင်လား..."

ကျိုးချန်ဟွမ်က လက်ဆန့်ထုတ်ကာ တည်ငြိမ်စွာ ယူလိုက်ပြီး အေးဆေးသော လေသံဖြင့် ပြန်ပြောလိုက် လေ၏...။

"ကျေးဇူးတင်ပါတယ်..."

"အို..."

ကျိုးချန်ဟွမ်သည် ကိတ်မုန့်ကို တစ်ကိုက် ကိုက်စားလိုက်ပြီး သတိမထားမိဘဲ တိုးညှင်းစွာ "အင်း..." ဟု အသံထွက်သွားခဲ့လေသည်။ သူသည် အစားအသောက် သို့မဟုတ် အချိုမုန့်များကို မည်သည့်အခါကမျှ မနှစ်သက်ခဲ့သော်လည်း ဤကိတ်မုန့်ကမူ... တကယ်ကို ကောင်းမွန်လှသည်ဟု စိတ်ထဲမှ တွေးလိုက်မိလေ၏။

"ဒါပဲ..."

ကျိုးချန်ယီသည် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး သူ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိနေခဲ့ပြီ ဖြစ် လေ၏..။ အန်တီဖြစ်သူ ရောက်လာသောအခါ သူမ၏ မာနကြီးမှုအတွက် သင်ခန်းစာပေးရန် ဤ ကိတ်မုန့်ကို အသုံးပြုမည်ဖြစ်ပြီး လူတွေကို ဘယ်လိုများ ထပ်ပြီး အနိုင်ကျင့်ရဲသေးသလဲဆိုတာကို ကြည့်ရမည် ဖြစ်ပေသည်။

ထို့နောက် သူသည် ဒုတိယအစ်ကို ထျန်ချင်းလင်းအား ကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်...။

"သူဌေး... ကျွန်တော် သစ်သီး ကရင်မ် ကိတ်မုန့် နှစ်လုံး... အာ မဟုတ်ဘူး သုံးလုံးလောက် မှာချင် ပါတယ်... အဲ့ဒါတွေကို ဒီနေ့ပဲ လတ်လတ်ဆတ်ဆတ် လုပ်ပေးလို့ ရမလား..."

"ရပါတယ်... ဘယ်နေ့လိုချင်လဲဆိုတာကိုသာ ပြောပါ... အဲ့ဒီနေ့ကျမှ လတ်လတ်ဆတ်ဆတ် လုပ်ပေးပါ့ မယ်... အမြဲတမ်း အလတ်ဆတ်ဆုံး ဖြစ်ရမယ်လို့ အာမခံပါတယ်..."

ဒုတိယအစ်ကို ထျန်ချင်းလင်းက အလျင်အမြန် ခေါင်းညိတ်ပြလိုက်လေသည်။

သူသည် ခဏတာမျှ ရပ်တန့်လိုက်ပြီးနောက် ထပ်ပြောလိုက်လေ၏...။

"အခု ကျွန်တော် လုပ်နေတဲ့ ကိတ်မုန့်က ခြောက်လက်မ အရွယ်အစားပါ... ဒါပေမယ့် တခြား အရွယ် အစားတွေလည်း လုပ်ပေးလို့ ရပါတယ်..."

"အဲ့ဒါဆိုရင်..."

ကျိုးချန်ယီ တုံ့ဆိုင်းနေစဉ်မှာပင် အေးစက်ပြီး တင်းမာသော အသံတစ်ခုက ဘေးမှ ရုတ်တရက် ဖြတ် ပြောလာခဲ့လေသည်။

"သူဌေး... ကျွန်တော် ခြောက်လက်မ အရွယ်အစား နှစ်လုံးနဲ့ လေးလက်မ အရွယ်အစား လေးလုံး လိုချင်ပါတယ်..."

ထိုသို့ ပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ကျိုးချန်ဟွမ်သည် ဘေးတွင် ရပ်နေသော ကျိုးချန်ယဲ့အား လှည့်ကြည့်လိုက်ပြီး ပြုံးလျက် မေးလိုက်လေ၏...။

"စကားပြောဖို့ အချိန်ရမလား..."

ကျိုးချန်ယဲ့က သူ့အား တစ်ချက်ကြည့်လိုက်ပြီး မည်သို့မျှ ထပ်မပြောတော့ဘဲ ခံစားချက်ကင်းမဲ့စွာ ပြန် ပြောလိုက်လေသည်...။

"ကျွန်တော်နဲ့ လိုက်ခဲ့ပါ..."

သူသည် လှည့်ကာ ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ လျှောက်သွားပြီး ကျိုးချန်ဟွမ်အား ဒုတိယအစ်ကို၏ နောက်ဖေးခြံဝင်းဆီသို့ တန်းတန်းမတ်မတ် ခေါ်ဆောင်သွားခဲ့လေ၏။ သူ၏ ခြေလှမ်းများမှာ အလောတ ကြီးလည်း မဟုတ်သလို နှေးကွေးနေခြင်းလည်း မရှိဘဲ မည်သည့် ခံစားချက်ကိုမျှ ဖော်ပြနေခြင်း မရှိ ခဲ့ချေ။

သူတို့ နောက်ဖေးခြံဝင်းတံခါးသို့ ရောက်ရှိသွားချိန်မှာပင် ထျန်ရှောင်ယာသည် ကျောက်ခဲလေးကို ခေါ် ကာ အိမ်ထဲမှ ထွက်လာခဲ့လေသည်။

မော့ကြည့်လိုက်သောအခါ ခင်ပွန်းဖြစ်သူက ဆိုင်ထဲမှ ထွက်လာပြီး သူ၏နောက်တွင် အေးစက်စက်နှင့် တင်းမာသော အမူအရာရှိသည့် သပ်ရပ်သော စစ်ဝတ်စုံဝတ် လူငယ်တစ်ဦး လိုက်ပါလာသည်ကို မြင် တွေ့လိုက်ရလေ၏။ သူမ၏ နှလုံးသားမှာ ရုတ်တရက် ခုန်ပေါက်သွားခဲ့ပြီး စိုးရိမ်တကြီး လှမ်းခေါ်လိုက် လေသည်...။

"အာယဲ့..."

ကျိုးချန်ယဲ့သည် ခြေလှမ်းရပ်တန့်သွားပြီး ဇနီးဖြစ်သူအား ကြည့်လိုက်ရာ သူ၏ မျက်လုံးများမှာ ချက် ချင်း နူးညံ့သွားခဲ့လေ၏။ သူက ညင်သာစွာ လက်ကာပြလိုက်ပြီး သူမအား စိတ်မပူရန် အချက်ပြလျက် ပြောလိုက်လေသည်...။

"ဘာမှမဖြစ်ပါဘူး... ကိုယ်တို့ စကားခဏလောက် ပြောကြမလို့ပါ... မင်း အိမ်ထဲဝင်ပြီး နားနေလိုက် နော်..."

ကျိုးချန်ဟွမ်သည် ထျန်ရှောင်ယာ၏ မျက်နှာပေါ်ရှိ သတိထားနေမှုနှင့် စိုးရိမ်ပူပန်နေမှုတို့ကို ချက်ချင်း သတိပြုမိသွားကာ သူ၏ အေးစက်ခက်ထန်သော စစ်သားအမူအရာကို အလျင်အမြန် ဖုံးကွယ်လိုက် လေသည်။

သူက နူးညံ့ပြီး ရင်းနှီးဖွယ်ကောင်းမည်ဟု သူထင်သော အပြုံးတစ်ခုကို အတင်းဖန်တီးလိုက်ကာ သိမ်မွေ့ သော လေသံဖြင့် ပြောလိုက်လေသည်...။

"ဒါက ခယ်မ ဖြစ်ရမယ်... မင်္ဂလာပါ... အစ်ကို့နာမည်က ကျိုးချန်ဟွမ်ပါ... ကျွန်တော်က ကျိုးချန်ယဲ့ရဲ့... အစ်ကိုကြီးပါ..."

သူသည် "အစ်ကိုကြီး" ဟူသော စကားလုံးကို အလွန် ရှင်းလင်းပြတ်သားစွာ အသံထွက်စေရန် သေချာ စေလျက် တမင်သက်သက် ခဏတာ ရပ်တန့်လိုက်လေ၏။

ထျန်ရှောင်ယာမှာ ခဏတာမျှ မှင်သက်သွားပြီးနောက် ကျိုးချန်ယဲ့အား သတိမထားမိဘဲ ကြည့်လိုက်ရာ သူမ၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်အချို့ ကျန်ရစ်နေဆဲ ဖြစ်လေသည်။

ထိုစကားကို ကြားသောအခါ ကျိုးချန်ယဲ့သည် သူ၏ မျက်လုံးများကို ပင့်ကာ ကျိုးချန်ဟွမ်ကို ကြည့် လိုက်ပြီး မျက်ခုံးအနည်းငယ် ပင့်လိုက်လေ၏။ သူသည် တုံ့ပြန်ခြင်းလည်း မရှိသလို ငြင်းဆန်ခြင်းလည်း မရှိခဲ့ရာ သူ ခုနက ပြောခဲ့သည်များကို တိတ်ဆိတ်စွာ သဘောတူလက်ခံလိုက်သည့်အလား ဖြစ်နေခဲ့ပေ သည်။

ထို့နောက် သူသည် ဇနီးဖြစ်သူထံသို့ လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီး ပြုံးလျက် ပြောလိုက်လေ သည်...။

"အိမ်ထဲ အရင်ဝင်ပြီး ကျောက်ခဲလေးကို သန့်ရှင်းရေး လုပ်ပေးလိုက်ပါဦး... ခဏနေရင် ကိုယ်တို့ အိမ်ပြန်ကြမယ်..."

"ကောင်းပါပြီရှင်..."

ထျန်ရှောင်ယာက ခေါင်းညိတ်လိုက်ပြီး ခင်ပွန်းဖြစ်သူ၏ မျက်နှာအမူအရာမှာ အတော်လေး တည်ငြိမ် နေသည်ကို မြင်သောအခါ သူမ အနည်းငယ် စိတ်အေးသွားခဲ့လေ၏။

သူမသည် ကျိုးချန်ဟွမ်အား ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီးနောက် ကျောက်ခဲလေးကို ခေါ်ကာ အိမ်ထဲသို့ ပြန်ဝင်သွားခဲ့လေသည်။

ကျိုးချန်ယဲ့က သူ၏ စောစောက ပြောဆိုချက်ကို ငြင်းဆန်ခြင်း မရှိသည်ကို မြင်သောအခါ ကျိုးချန်ဟွမ် ၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွတ်သွားခဲ့လေ၏။

"သွားကြစို့..."

ကျိုးချန်ယဲ့က ပြောလိုက်ပြီး လှည့်ကာ ကျိုးချန်ဟွမ်အား အရှေ့ဘက်ဆောင်ထဲသို့ ခေါ်ဆောင်သွားခဲ့လေ သည်။

သစ်သားတံခါးမှာ ညင်သာစွာ ပိတ်သွားခဲ့ပြီး အပြင်ဘက် ဆိုင်များမှ ဆူညံသံများကို တားဆီးလိုက်ရာ အခန်းထဲတွင် ချက်ချင်းပင် များစွာ ပို၍ တိတ်ဆိတ်သွားခဲ့လေ၏။

ကျိုးချန်ဟွမ်သည် အရှေ့ဘက်ဆောင်ရှိ ကုလားထိုင်ပေါ်တွင် မတ်မတ်ထိုင်နေခဲ့လေသည်။ အခန်းထဲ တွင် ဆန်နှင့် ဂျုံမှုန့်တို့၏ မွှေးပျံ့သော ရနံ့သင်းသင်းကို သူ ရရှိနေသော်လည်း သူ၏ ရင်ထဲတွင်မူ ကမောက်ကမ ဖြစ်နေခဲ့ပြီး စကားကို မည်သို့ စတင်ရမည်မှန်း မသိအောင် ဖြစ်နေခဲ့ပေသည်။

ကျိုးချန်ယဲ့သည် စားပွဲပေါ်ရှိ ရေနွေးဗူးကို ကောက်ကိုင်လိုက်ကာ ရေနှစ်ခွက် ငဲ့၍ စားပွဲပေါ်တွင် တင် လိုက်ပြီးနောက် ခွေးခြေခုံတစ်ခုကို ဆွဲယူကာ ပေါ့ပေါ့ပါးပါးပင် ထိုင်လိုက်လေ၏။

သူသည် သူ၏ မျက်နှာချင်းဆိုင်ရှိ လူကို မော့ကြည့်လိုက်ရာ သူ၏ အမူအရာမှာ ခံစားချက်ကင်းမဲ့နေခဲ့ပြီး ပြောလိုက်လေသည်...။

"ခင်ဗျား ပြောစရာရှိတာ ပြောပါ..."

"ရှောင်ယီ မနေ့က ပြန်သွားပြီးတော့..."

ကျိုးချန်ဟွမ်သည် သူ၏ နှုတ်ခမ်းထောင့်များကို ကွေးညွတ်လိုက်ကာ သူ့ကိုယ်သူ နူးညံ့သိမ်မွေ့ပုံပေါက် စေရန် ကြိုးစားလိုက်လေ၏။

သူ၏ အကြည့်များက ကျိုးချန်ယဲ့၏ မျက်နှာပေါ်သို့ ကျရောက်သွားခဲ့ပြီး သူ၏ လေသံတွင် ဖုံးကွယ်ထား ၍မရသော လွမ်းဆွေးမှု အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့လေသည်။

"ကျွန်တော့် အဘိုး ပီကင်းမှာ မိသားစုနဲ့ အခြေချပြီးတဲ့နောက် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူတို့ ကွဲကွာ ခဲ့တဲ့ နေရာကို လူတွေလွှတ်ပြီး အဆက်မပြတ် စုံစမ်းခိုင်းခဲ့ပေမယ့် ဘာသတင်းမှ မရခဲ့ဘူး..."

သူ ခဏတာမျှ ရပ်တန့်လိုက်ရာ သူ၏ လည်စေ့မှာ အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး ဆက်ပြောလေ သည်...။

"အဲ့ခေတ်အခါက ကမ္ဘာကြီးက အရမ်းကို ဖရိုဖရဲ ဖြစ်နေခဲ့တာလေ... ဒီလို အခြေအနေမျိုးမှာ ကိုယ်ဝန် ဆောင် အမျိုးသမီး တစ်ယောက်တည်းဆိုတော့..."

"ဒါကြောင့်... အားလုံးက နင်ယောင် အဘွား... အချိန်အတော်ကြာကတည်းက သေဆုံးသွားခဲ့ပြီလို့ ထင်ခဲ့ကြတာ..."

ကျိုးချန်ယဲ့၏ ရင်ထဲတွင် ရောယှက်နေသော ခံစားချက်များ ဖြစ်ပေါ်လာခဲ့ပြီး အဘိုးဖြစ်သူအပေါ် နာကြည်းမှုကြောင့် စူးရှသော နာကျင်မှုတစ်ခုလည်း ပါဝင်နေခဲ့သော်လည်း သူက စကားလုံး အနည်း ငယ်ကိုသာ ဖွင့်ဟပြောဆိုလိုက်လေသည်...။

"အဖေ့အသက် ဆယ်နှစ်အရွယ်မှာ ကျွန်တော့်အဘွား ဆုံးပါးသွားခဲ့တာ..."

ခံစားချက် ကင်းမဲ့နေသော ရိုးရှင်းသည့် စာကြောင်းလေး တစ်ကြောင်းက အခန်းထဲရှိ လေထုကို ချက်ချင်းပင် လေးနက်သွားစေခဲ့လေ၏။

ကျိုးချန်ဟွမ်က သူ့အား မော့ကြည့်လိုက်ပြီး ပို၍ပင် စိတ်မကောင်း ဖြစ်သွားခဲ့ရလေသည်။ သူ၏ လေသံ မှာ ပို၍ အရေးတကြီး ဖြစ်လာခဲ့ကာ ပြောလိုက်လေသည်...။

"အစ်ကိုတို့ မရှာချင်လို့ မဟုတ်ပါဘူး... တကယ်ကို လမ်းစ ရှာမတွေ့ခဲ့လို့ပါ..."

"အဲ့ဒီတုန်းက အစ်ကိုတို့တွေ အရမ်းကို ရုတ်တရက် ကွဲကွာသွားခဲ့ရတော့ လိပ်စာတွေ နာမည်တွေ အကုန်လုံး ရောထွေးကုန်တာ..."

"အဘိုးက ဒီကိစ္စအတွက် အရမ်းကို စိုးရိမ်ပူပန်ခဲ့ရလွန်းလို့ သူ့ဆံပင်တွေတောင် ဖြူကုန်တာ... သူ ဟို ဘက်ကို လူတွေ အဆက်မပြတ် လွှတ်ပြီး စုံစမ်းခဲ့ပေမယ့် အကြိမ်တိုင်းမှာ သူ စိတ်ပျက်ခဲ့ရတာ..."

"မကြာသေးမီ နှစ်တွေကျမှပဲ လက်တွေ့ကို လက်ခံနိုင်ခဲ့တာ..."

"အဲ့ဒါကြောင့် ခင်ဗျားက..."

ကျိုးချန်ယဲ့သည် ကျိုးချန်ဟွမ်ကို မော့ကြည့်လိုက်ရာ သူ၏ လေသံမှာ ပြန့်ပြူးပြီး ခံစားချက်ကင်းမဲ့နေ ကာ ပျော်ရွှင်မှု သို့မဟုတ် ဒေါသ တစ်စုံတစ်ရာကိုမျှ ဖော်ပြနေခြင်းမ့ရှိခဲ့ချေ။

"ကျိုးချန်ယဲ့..."

ကျိုးချန်ဟွမ်သည် သက်ပြင်းရှည်ကြီးတစ်ခုကို ရှူသွင်းလိုက်ပြီး သူ၏ လေသံမှာ ပို၍ လေးနက်လာကာ မေးလိုက်လေသည်...။

"ဒုတိယဦးလေးနဲ့ အန်တီတို့ကို ပီကင်းကို လာဖို့ ကျေးဇူးပြုပြီး တောင်းဆိုပေးနိုင်မလား..."

ကျိုးချန်ယဲ့မှာ အစပိုင်းတွင် အံ့ဩသွားခဲ့သော်လည်း ထို့နောက် သူ့အား မတတ်နိုင်သည့်အလား ကြည့် လိုက်ကာ မေးလိုက်လေသည်...။

"ဒီခေါ်ဝေါ်ပုံက...နည်းနည်း စောလွန်းနေပြီ မဟုတ်ဘူးလား..."

သူ၏ ဖခင်အရင်း နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော ကင်းကွာမှုနှင့် နာကြည်းမှုများကို စကားလုံး အနည်းငယ်ဖြင့် ပြေပျောက်သွားစေရန် မဖြစ်နိုင်ချေ။

ဝမ်းကွဲအစ်ကိုဖြစ်သူက မိမိ၏ မိဘများကို "ဒုတိယဦးလေး" နှင့် "ဒုတိယအန်တီ" ဟု ချက်ချင်း ခေါ်ဆို ခြင်းမှာ အနည်းငယ် လောလွန်းရာ ကျနေပေသည်။

ကျိုးချန်ဟွမ်က ခေါင်းခါယမ်းလိုက်ရာ သူ၏ အမူအရာမှာ လေးနက်နေပြီး သူ၏ လေသံမှာလည်း အထူးပင် ပြတ်သားနေခဲ့လေသည်...။

"မစောပါဘူး..."

"ဒုတိယဦးလေးက အဘိုးကို ခွင့်လွှတ်သည်ဖြစ်စေ မလွှတ်သည်ဖြစ်စေ၊ ဒါမှမဟုတ် အစ်ကိုတို့ရဲ့ ဆွေမျိုးတော်စပ်မှုကို အသိအမှတ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ သူက အစ်ကို့ရဲ့ ဒုတိယဦးလေး ဖြစ်နေတုန်းပါပဲ..."

"မင်းကလည်း အမြဲတမ်း ငါ့ရဲ့ ဝမ်းကွဲညီပါပဲ..."

ဤစကားများကို ကြားရသောအခါ ကျိုးချန်ယဲ့၏ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားခဲ့ပြီး တိတ် ဆိတ်သွားခဲ့လေသည်။ သူ၏ ရင်ထဲရှိ တင်းမာမှုများမှာ အမှန်တကယ်ပင် အနည်းငယ် လျော့ကျ သွားခဲ့လေ၏။

————————————

အိမ်အပြန်လမ်းတွင် ထျန်ရှောင်ယာသည် သားဖြစ်သူကို ပွေ့ချီထားသော ခင်ပွန်းဖြစ်သူအား မကြည့်ဘဲ မနေနိုင်အောင် ဖြစ်နေခဲ့လေသည်။

သူမ၏ နှုတ်ခမ်းများ အကြိမ်အနည်းငယ် လှုပ်ရှားသွားခဲ့သော်လည်း စကားလုံးများကို ပြန်လည်မျို ချလိုက်ပြီး တစ်စုံတစ်ရာကို ပြောချင်သော်လည်း မပြောနိုင်သည့်ပုံ ပေါက်နေခဲ့လေ၏။

ကျိုးချန်ယဲ့သည် ဇနီးဖြစ်သူ၏ အမူအရာ အသေးအမွှားလေးများ အားလုံးကို မြင်တွေ့လိုက်ရသဖြင့် မတတ်နိုင်ဘဲ ရယ်မောလိုက်ကာ သူမအား လှည့်ကြည့်လျက် ပြောလိုက်လေသည်...။

"မေးချင်တာရှိရင် မေးပါ... မျိုသိပ်မထားပါနဲ့..."

All Chapters