← Chapters

ကျိတ်ကြံခြင်း

Vol. 15 Ch. 217

ကျိတ်ကြံခြင်း

Vol. 15 Ch. 217

ထိုအဖွဲ့ထဲ၌ ပါသော လူတစ်ဦးတစ်ယောက်ချင်းစီသည် အောင်မြင်ကျော်ကြားသော သူများ ဖြစ်ကြသည်။ သူတို့၏ မျက်လုံးများက စူးရှတောက်ပနေပြီး သူတို့ခန္ဓာကိုယ်မှ တည်ငြိမ်၍ ဂုဏ်သိက္ခာ ရှိသော အရောင်အဝါများ ထွက်ပေါ်နေသည်။ သူတို့မျက်နှာတွင် အပြုံးတို့ ချိတ်ဆွဲနေသော်လည်း လူတိုင်းအား စိတ်လှုပ်ရှားကာ ရင်တဒိတ်ဒိတ် ခုန်စေလေသည်။ သူတို့ ပိုင်ဆိုင်ထားသော အရှိန်အဝါအား မည်သည့် သာမန်လူမှ မယှဉ်နိုင်ပါ။

“အဲ့ဒါ ထိုက်ရှန်းပဲ၊ QQ Music ရဲ့ အယ်ဒီတာချုပ်ပေါ့”

“လခွမ်း ကျန်းစုနဲ့ ကျဲ့ကျန်းက သူဌေးကြီးတွေတောင်မှ ဒီကို ရောက်နေတာလား၊ အဲ့ဒါ ဆရာလုံလေ၊ ဖိနပ်ဘုရင်ပေါ့”

“ကျန်းစုနဲ့ ကျဲ့ကျန်းတင် မကဘူးကွ၊ ကျူးဟိုင်နဲ့ ကွမ်ကျိုးက သူဌေးတွေလည်း ဒီရောက်နေတယ်”

“ဒီတစ်ခေါက် ပွဲက တော်တော်ကြီးတာပဲကွ၊ အဲ့ကြယ်ပွင့်တွေအားလုံး ရောက်လာလိမ့်မယ်လို့ ငါ လုံးဝ သိမထားဘူး”

“မဆိုးလောက်ဘူးကွ၊ သူတို့ထဲက တစ်ချို့က နံပါတ်တစ် ကြယ်ပွင့်တွေ မဟုတ်ပင်မယ့် အနည်းဆုံးတော့ သူတို့က ဒုတိယအဆင့်တွေ”

ပြောဆိုသံများက နေရာတကာ၌ ထွက်ပေါ်နေပြီး သူတို့က လူတိုင်း၏ အာရုံစိုက်ခြင်း ခံနေရသည်။ ထို့ကြောင့် အာရုံက ရဲ့လင်းချန်အပေါ် မရောက်တော့ချေ။ နှစ်ဖက်လုံး၏ အရေးပါမှုက နှိုင်းယှဉ်၍ ရနိုင်သည့် အရာ မဟုတ်ပေ။ ဝူကျွင့်ကျယ်သည် ဒေါသထွက်နေသော်လည်း အရေးပါသော ပုဂ္ဂိုလ်များအားလုံး၏ ရှေ့တွင် ဒေါသကို ဖြေမချရဲပေ။

“ယီးပဲ ခွေးမသား၊ ရှိုးပွဲပြီးမှ မင်းနဲ့ငါ တွေ့မယ်”

သုန်မှုန်နေသော ဝူကျွင့်ကျယ်သည် ရဲ့လင်းချန်အား ကျိတ်၍ မာန်မဲလိုက်ပြီးမှ အဝေးသို့ ထွက်သွားသည်။

ကျန်လူများကလည်း ရဲ့လင်းချန်အား ပြုံးတုံ့တုံ့နှင့် ကြည့်ပြီး သူ့အနောက်မှ လိုက်သွားကြသည်။

ရဲ့လင်းချန်သည် သူတို့မျက်လုံးထဲတွင် ရယ်စရာ တစ်ခုထက် မပိုပေ။ ပွဲတစ်ချို့ ကြည့်ရသည်က သူတို့အတွက် အပျင်းပြေပြီး ကြည့်ပျော်သည်ဟုသာ သဘောထားကြသည်။ သူ့ရဲ့ကျဆုံးခန်းအတွက်မူ ကံကောင်းသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် ဘယ်သူမှ သူ့ကို အရေးမစိုက်သောကြောင့်ပင်။

“မင်းတော့ သွားပြီ”

ဟဲယွမ်သည် ရဲ့လင်းချန်၏ ကံဆိုးမှုအပေါ် ဝမ်းသာနေလေသည်။ သူက ရဲ့လင်းချန်ကို အားရဝမ်းသာစွာ ကြည့်နေပြီးမှ သခင်လေးဝူနှင့် အမီလိုက်ရန် ခြေလှမ်း ခပ်သွက်သွက် လျှောက်၍ ထွက်သွားသည်။ သူ့အမူအရာက ချက်ချင်း ခယဝပ်တွားဟန်သို့ ပြောင်းလဲသွားလေသည်။

“ကျောင်းသားရဲ့ နင် ဝူကျွင့်ကျယ်ကို မကြောက်ဘူးလား”

ရှုဝမ်ချင်က ရဲ့လင်းချန်ကို တအံ့တဩ ကြည့်နေသည်။ အစမှအဆုံးတိုင် သူမ ရဲ့လင်းချန်မှ မည်သို့သော သွေးပျက်မှုမျိုးကိုမှ သူမ မခံစားမိပါ။

ဖြစ်နိုင်ချေက နှစ်ခုတည်းသာ ရှိသည်။ တစ်ခုမှာ သူက မောက်မာ၍ အကြောက်တရား ကင်းမဲ့သူ ဖြစ်နေသောကြောင့် ဖြစ်ပြီး နောက်တစ်ခုမှာ သူက ဝူကျွင့်ကျယ်ကို လုံးဝ အလေးအနက် မထားခြင်းပင်။

ရဲ့လင်းချန်က ငတုံး မဟုတ်ပါ။ လက်ရှိအခြေအနေအရ ဝူကျွင့်ကျယ်က သာမန်လူ မဟုတ်မှန်း သိသာလှသည်။ ထို့ကြောင့် ပထမဖြစ်နိုင်ချေကို ပယ်ထားလိုက်နိုင်ပေသည်။ သို့ရာတွင် ဒုတိယ ဖြစ်နိုင်ချေကလည်း အလွန် မဖြစ်နိုင်ချေ များနေ၏။

“ကျွန်တော်က ဘာလို့ ကြောက်ရမှာလဲ”

ရဲ့လင်းချန်က အရေးမစိုက်ဟန်ဖြင့် ခေါင်းခါလေသည်။

“သူကသာ ကျွန်တော့်ကို ကြောက်သင့်တာ”

ထိုအချိန်တွင် လူတိုင်းက မတ်တပ်ရပ်၍ VIP များ ဝင်လာသည်ကို ကြည့်နေကြသည်။ အချိန်နှင့်အမျှ ဘေးပတ်လည်မှ စကားသံများက ထိတ်လန့်အံ့ဩသံများဖြင့် ပြည့်နေသည်။ VIP တိုင်းက သူတို့မျက်နှာတွင် အပြုံးကို မှတ်ကျောက်တင်ထားသကဲ့သို့ ပြုံးနေကြလေသည်။

ထိုVIP များ နေရာမှာ မထိုင်သေးသရွေ့ ဘယ်သူမှ မထိုင်ရဲကြသည်က သဘာဝပင်။

ထိုအချိန်တွင် ဝူကျွင့်ကျယ်က လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဘေး၌ ရပ်နေပြီး နှစ်ယောက်လုံးက VIP အဖွဲ့ကို တလေးတစား ကြည့်နေကြသည်။

“မင်း ကြည့်ရတာက ပျော်မနေတဲ့ပုံပဲ၊ ဘာဖြစ်တာလဲ”

လူလတ်ပိုင်းအရွယ် အမျိုးသားက ညင်သာစွာ မေးလာသည်။

“ကျွန်တော် ငါးဆာနူ တစ်ကောင်နဲ့ တွေ့လာလို့ပါ၊ သူက အတုတွေ ဝတ်လာပြီးတော့ နောက်ဆုံးပေါ် မော်ဒယ်လ်ကို ဝတ်ထားတာပါလို့ ပြောနေလိုက်သေးတယ်၊ ဒါပေမဲ့ သူက ရှုဝမ်ချင်နဲ့ တော်တော်လေး ရင်းနှီးတဲ့ပုံ ပေါ်တယ်၊ ကျွန်တော် သူ့ကို ခုနလေးတင် ပညာပြလာတာ၊ စကားနဲ့ပဲပေါ့”

ဝူကျွင့်ကျယ်က အထင်သေးဟန်ဖြင့် နှုတ်ခမ်းကို မဲ့ရွဲ့ပြသည်။

“မင်း သူ့ကို ပါးစပ်နဲ့ပဲ ပြောခဲ့ရတာလား၊ ဒါဆို မင်း သူ့ကို ကိုယ်ထိလက်ရောက် ဘာမှမလုပ်ရသေးဘူးဆိုတဲ့ သဘောလား”

“ဟင့်အင်း အဲ့လို အမှိုက်မျိုးအတွက်နဲ့ ကျွန်တော့် ဂုဏ်သိက္ခာ အပျက်မခံနိုင်ဘူး”

“ကောင်းတယ်၊ မင်း သည်းခံနိုင်ပြီး ဒေါသကြောင့် အသိစိတ် မထွက်အောင် ထိန်းနိုင်တယ်ဆိုရင် ဒါ ရင့်ကျက်လာတဲ့ သဘောပဲ၊ မဟုတ်ရင် ငါ တော်တော် စိတ်ပျက်မိမှာ”

“ကျစ် … ခွေးက ကျွန်တော့်ကို လာကိုက်ရင် ကျွန်တော်က ပြန်ကိုက်စရာလား”

ဝူကျွင့်ကျယ်က သရော်လိုက်သည်။

“ဒါပေမဲ့ ကျွန်တော် အဲ့ခွေးကို နောက်မှ သတ်မှာ”

“လူကြီးလူကောင်းတစ်ယောက်က လက်စားချေဖို့ ဆယ်နှစ်အချိန်ယူရမယ်ဆိုရင်လည်း ယူတယ်၊ အချိန်တန်ရင် ဒီလို ပုရွက်ဆိတ်မျိုးကို မင်း ကြိုက်တဲ့အချိန် နင်းသတ်လို့ ရတယ်၊ အဲ့တော့ ဒေါသထွက်နေစရာ မလိုဘူး”

လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ်လိုက်ပြီးမှ မျက်မှောင်ကြုတ်သွားသည်။

“ရှုဝမ်ချင်က သူနဲ့ ရင်းနှီးတာလား”

“တစ်ယောက်က ဆရာမ၊ နောက်တစ်ယောက်က ကျောင်းသားတဲ့၊ သူတို့က စကားပြောလိုက်၊ ရယ်လိုက်နဲ့”

ထိုအကြောင်း ပြောလိုက်သည်နှင့် ဝူကျွင့်ကျယ်၏ အမူအရာက သုန်မှုန်လာသည်။

“ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုက အခုတလော နောက်ဆုံးပေါ် ယာဉ်မောင်းနည်းပညာကို စမ်းသပ်နေတယ်၊ အဲ့ဒါ အောင်မြင်တာနဲ့ သူတို့က အော်တိုမိုဘိုင်း လုပ်ငန်းနယ်ပယ်မှာ ခေါင်းဆောင်တွေ ဖြစ်လာမှာ၊ အဲ့အခါကျရင် သူတို့က နိုင်ငံတစ်ခုလုံးတင် မကဘူး၊ တစ်ကမ္ဘာလုံးမှာ လွှမ်းမိုးနိုင်တဲ့ အဆင့်အတန်း ရှိလာလိမ့်မယ်”

လူလတ်ပိုင်းအရွယ် အမျိုးသား၏ စကားကြောင့် ဝူကျွင့်ကျယ်၏ မျက်လုံးများ အရောင်တောက်လာပြီး အသက်ရှူသံ မြန်ဆန်လာသည်။

သူတို့၏ ကျန်းနန် သားရေလုပ်ငန်းသည် ဝမ်ရုံလုပ်ငန်းနှင့် ယှဉ်လိုက်လျင် ဘာမှမဟုတ်ချေ။ အကယ်၍ သူသာ ရှုဝမ်ချင်ကို ပိုးပန်းနိုင်ပါက သူတို့သည် အဆင့်အတန်းမြင့်သော လူတန်းစား၏ အဆင့်အမြင့်ဆုံးသူများ ဖြစ်လာပေလိမ့်မည်။ ထိုသို့ဆိုလျင် သူတို့ လုပ်ချင်တာ မှန်သမျှကို စိတ်ရှိသကဲ့သို့ လုပ်နိုင်လေပြီ။

ထိုကိစ္စ၏ အဓိက အခရာမှာ ရှုဝမ်ချင် ဖြစ်သည်။ သူမက အကောင်းဆုံးထဲမှ အကောင်းဆုံးပင်။ သူတို့သည် တစ်ဖက်လူ၏ ပိုက်ဆံနှင့် အသွင်အပြင်ကို ကျေနပ်စွာ အရယူနိုင်ပြီး ကိုယ်ပိုင် အကျိုးအမြတ်ကို ဖြည်းဖြည်းချင်း တည်ဆောက်နိုင်ပေသည်။

ဝူကျွင့်ကျယ်ကို ကြည့်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးလိုက်သည်။

“ရှုဝမ်ချင်ရဲ့ နောက်ခံကို တော်တော်လေး လျှို့ဝှက်ထားတာ၊ အဲ့ဒါကို သိဖို့ ငါ တော်တော်လေး အားထုတ် လိုက်ရတယ်၊ မင်း ဘာဆက်လုပ်သင့်လဲဆိုတာ ငါ သင်ပေးဖို့ မလိုဘူးလို့ ထင်တာပဲ ဟုတ်တယ်မလား”

“စိတ်မပူပါနဲ့ အဖေ”

ဝူကျွင့်ကျယ်၏ မျက်လုံးတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူ၏ ဆုံးဖြတ်ချက်က မြင့်မားပြီး အေးစက် ပြတ်သားသည်။

“ကျွန်တော့်ကို တားရဲတဲ့ ဘယ်သူ့ကိုမဆို ကျွန်တော် ဖျက်ဆီးပစ်မှာ”

သူတို့ တံခါးဝကို ကြည့်လိုက်သည်နှင့် ချက်ချင်း ခန္ဓာကိုယ်များ တောင့်ခနဲ ဖြစ်သွားပြီး မျက်လုံး အရောင် လက်လာသည်။

“အဖေ အဲ့ဒါ Vatti ရဲ့ ခေါင်းဆောင် ဒီဇိုင်နာ ကျားတိ မဟုတ်လား၊ ဆရာကျား မဟုတ်လား”

“ဟုတ်တယ်၊ ဆရာကျားက ပုံမှန်ဆို ဒီလိုပွဲတွေ မတက်ဘူး၊ သူ့ကို ဒီနေ့ ဒီမှာ တွေ့ရလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

လူလတ်ပိုင်းအရွယ် အမျိုးသားက မယုံနိုင်ဟန်ဖြင့် ပြောလေသည်။ သူ့မျက်လုံးများက အရောင်တောက်နေပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ပွဲပြီးတာနဲ့ ငါတို့ သူ့ဆီသွားပြီး နှုတ်ဆက်ရမယ်၊ အဲ့အခါကျရင် မင်းရဲ့ စကားနဲ့ အပြုအမူတွေကို သတိကပ် ထားပါ၊ မင်း ဆရာကျားဆီမှာ အမြင်ကြည်အောင် လုပ်ထားရမယ်”

“အဖေ စိတ်ချပါ”

ဝူကျွင့်ကျယ်က ခေါင်းညိတ်လိုက်သည်။

ကျန်းနန်၏ ဂုဏ်သတင်းနှင့် အခြား ထုတ်လုပ်မှုတို့နှင့် ပူးပေါင်းရာတွင် ယုံကြည်စိတ်ချခံရခြင်းတို့သည် သူတို့က Vatti ၏ ကုန်ကြမ်း ထောက်ပံ့သူများ ဖြစ်နေသည့် အချက်ကြောင့်ပင်တည်း။ သူတို့၏ တည်ရှိမှုတစ်ခုလုံးက Vatti အပေါ် မှီခိုနေပြီး ပြီးခဲ့သည့် နှစ်များအတွင်း Vatti ကို စိတ်ကျေနပ်အောင် မျက်နှာလုပ်ခြင်းက သူတို့၏ ထိပ်တန်း ဦးစားပေး အလုပ်ပင်။

အရေးပါသော ပုဂ္ဂိုလ်များ တစ်ယောက်ပြီး တစ်ယောက် ဝင်လာသည်နှင့် ခန်းမ၏ အခြေအနေက ပို၍ သိက္ခာကြီးကာ တင်းမာလာသည်။ ခန်းမတစ်ခုလုံး သူတို့၏ အရှိန်အဝါတို့ဖြင့် ပြည့်နှက်လာသည်ဟု ထင်မှတ်ရပြီး လူတစ်ချို့မှာ အသက်ရှူရ ခက်လာကြသည်။

ထိုသူများထဲတွင် ဂီတနယ်ပယ်၏ အချက်အချာဖြစ်သော QQ Music၊ Kugou Music၊ NetEase Music တို့၏ တာဝန်ရှိသူများ ပါရှိသည်။ ဖက်ရှင်နယ်ပယ်၏ အဓိကကို ကိုယ်စားပြုသည့် အဝတ်အထည် အမှတ်တံဆိပ်များ ဖြစ်သော Vatti၊ Coach၊ MK နှင့် အခြားသော အမှတ်တံဆိပ်များ လူများလည်း ပါရှိလေသည်။ ထို့အပြင် လုပ်ငန်း နယ်ပယ် အသီးသီးမှ VIP ဧည့်သည်များစွာ ပါရှိသေးသည်။

သို့သော် တဖြည်းဖြည်းနှင့် လူတိုင်း တစ်ခုခု ထူးခြားနေသည်ကို သတိထားမိစ ပြုလာသည်။ ကျားတိ၏ ဘေး၌ ခုံလွတ်တစ်လုံး ရှိနေသည်။

*ဒါက …*

လူတိုင်း၏ စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာပြီး အလွန် ဖြစ်နိုင်ချေမရှိဟု တွေးမိလာသည်။

*ဆရာကျားက တစ်ယောက်ယောက်ကို စောင့်နေတာလား*

*ဘယ်သူက ဆရာကျား စောင့်နေတာကို ခံရဖို့ ထိုက်တန်တာလဲ၊ သီးသန့် အလွတ်ထားတာတဲ့ ခုံတစ်လုံးဆိုတော့ အဲ့လူက ပေါ့သေးသေး မဟုတ်ဘူးပဲ*

ဤနေရာရှိ အခြားသော အမှတ်တံဆိပ်များကြားတွင် Vatti က အကြီးမြတ်ဆုံး သင်္ကေတ ဖြစ်လေသည်။ အလွန်ဆုံး အချို့သော အမှတ်တံဆိပ်များက ၎င်းနှင့် ယှဉ်နိုင်ရုံမျှလေးသာ ရှိသည်ဟု သတ်မှတ်နိုင်၏။ ဒါက နောက်ထပ် အရေးပါသော လူတစ်ယောက် ရောက်လာရန် ရှသေးသည့် သဘောလေလား။

ဝူကျွင့်ကျယ်နှင့် သူ့ဖခင်သည်လည်း သတိထားမိသည်။ သူတို့ စတင်၍ ဗျာများစ ပြုလာသည်။

အထူးသဖြင့် ဝူကျွင့်ကျယ်၏ ဖခင်ပင်။ သူသည် စိတ်ထဲ၌ ရူးမတတ် တွေးတောနေ၏။ သူသည် ကျားတိကို မျက်နှာလုပ်ရုံမျှနှင့် မရပ်နိုင်ပါ။ သူ့အနီးအနားမှ လွှမ်းမိုးနိုင်သော သူများ’ အကြောင်းကိုပါ သိထားသည်က အကောင်းဆုံးပင်။

ဟဲယွမ်သည် ဝူကျွင့်ကျယ်၏ အနောက်၌ ရပ်နေပြီး အသာ ပြုံးနေ၏။ ယနေ့ သခင်လေးဝူနှင့် တွေ့လိုက်ရခြင်းက သူ့အနေဖြင့် အဆက်အသွယ်ကို အသုံးချ၍ အမြင့်သို့ တက်လှမ်းနိုင်ပြီး နောင်တွင် မြင့်မားသော နေရာတစ်နေရာ ရနိုင်လောက်သည်။

All Chapters