← Chapters

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း (၁၁၆) - မင်းသမီးယန်ရန်

ရွှယ်နင်က ခေါင်းညိတ်ပြလိုက်သည်။ အမွှေးတိုင်တစ်တိုင်စာခန့် ကြာပြီးနောက် ဝတ်စုံသေသပ်ပြီး တည်ကြည်သော အထိန်းတော်ကြီးနှစ်ဦး အတွင်းတံခါးမှ ထွက်လာကာ ရွှယ်နင်နှင့် ပေါင်ချန်ကို ပြောလိုက်သည်။

"ကျွန်မတို့ ကျွင်းကျူက အထဲဝင်ဖို့ ဖိတ်ခေါ်နေပါတယ်။"

ရွှယ်နင်သည် ထိုအထိန်းတော်ကြီးနှစ်ဦး၏ အနောက်မှ သိမ်မွေ့စွာဖြင့် လိုက်ပါသွားခဲ့သည်။

ဒုတိယမြောက်တံခါးကို ဖြတ်ကျော်ပြီးနောက်တွင် ဤစံအိမ်တော်ခွဲထဲ၌ အခြားကမ္ဘာတစ်ခု ရှိနေတာကို သူမ တွေ့ရှိလိုက်ရတော့၏။

ကျန်းနန်ပုံစံ ပန်းခြံမျိုးစုံ ရှိနေရုံသာမက ပြင်ပရေပူစမ်းတစ်ခုလည်း ရှိနေသေးသည်။

ရေပူစမ်းသည် ဆီးနှင်းများကျဆင်းနေသော မြေပြင်ပေါ်တွင် တည်ရှိပြီး၊ ဘေးပတ်ပတ်လည်၌ ထုဆစ်မွမ်းမံထားသော ကျယ်ဝန်းသည့် စင်္ကြံလမ်းလေးသွယ် ရှိကာ အပေါ်တွင်မူ တန်ဖိုးကြီးမားလှသော စုကျိုးပန်းထိုး ကန်မိုးလိုက်ကာများကို ဆင်ယင်ထားသည်။

ဤနေရာတွင် အပန်းဖြေသူများသည် နှင်းပွင့်များကို ကြည့်ရှုရင်း၊ ရေပူစမ်းစိမ်ကာ မုန့်ပြားအချို့ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ကြရာ... ထိုထက် ပိုမိုပျော်ရွှင်စရာကောင်းသောအရာ မရှိနိုင်တော့ပေ။

အထိန်းတော်ကြီးနှစ်ဦးက ရွှယ်နင်အား ရေပူစမ်းဘေးရှိ စင်္ကြံလမ်းသို့ ခေါ်ဆောင်သွားပြီးနောက် ရေကန်ထဲ၌ စိမ်နေသော မိန်းကလေးအား လေသံကို လျှော့၍ လျှောက်တင်လိုက်သည်။

"ကျွင်းကျူ... ဧည့်သည် ရောက်လာပါပြီ။ သူ(မ)က ရွှမ်းယီနယ်စားမင်းအိမ်တော်က ဖြစ်ပါတယ်။"

ထိုအခါမှသာ ရေပူစမ်းထဲမှ မိန်းကလေးငယ်သည် သူမ၏ မျက်နှာပေါ်ရှိ အဝတ်စကို ဖယ်ရှားလိုက်ပြီး အပူရှိန်ကြောင့် နီမြန်းကာ စိုပြည်နေသော ပါးပြင်လေးများ ပေါ်ထွက်လာသည်။

သူမ၏ မျက်နှာလေးမှာ လက်ဖဝါးတစ်ဝါးစာမျှသာ ရှိပြီး၊ ထူထဲကွေးညွတ်သော မျက်တောင်များနှင့်အတူ နက်မှောင်တောက်ပသော မျက်ဝန်းတစ်စုံ ရှိ၏။

သူမသည် အနည်းငယ် ပိန်ပါးပြီး၊ ပန်းပွင့်များ လွင့်မျောနေသော ရေပူစမ်းထဲတွင် စိမ်နေသည့်တိုင် သူမ၏ ထင်ရှားသော ညှပ်ရိုးများကို မြင်တွေ့နေရသည်။

သူမက ပျော်ရွှင်စွာ ပြုံးလိုက်တဲ့အခါ သူမ၏ ရဲရဲနီသော နှုတ်ခမ်းလေးများသည် နုနယ်လှပသော မက်မွန်ပွင့်နှစ်လွှာနှင့် တူလှသည်။

"သူ(မ)က ရွှမ်းယီနယ်စားမင်းအိမ်တော်က မိန်းကလေးလား?"

ရွှယ်နင်သည် မင်းသမီးယန်ရန်၏ ရုပ်ရည်ကို မြင်လိုက်ရသောအခါ ခဏလောက် ဆွံ့အမှင်သက်သွားခဲ့ရသည်။

ထို့အတူပင် မင်းသမီးယန်ရန်လည်း သူမကို မြင်မြင်ချင်း အံ့အားသင့်သွားခဲ့တာ သိသာသည်။

ရွှယ်နင်က သူမ၏ အမူအရာကို အမြန်ပြန်ထိန်းလိုက်ပြီး မင်းသမီးယန်ရန်အား ဂါရဝပြုလိုက်သည်။

"ရွှမ်ယီးနယ်စားမင်းအိမ်တော်က ရွှယ်နင်.. မင်းသမီးယန်ရန်ကို ဂါရဝပြုပါတယ်။ ညဉ့်နက်မှ လာရောက်နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်"

"အို..."

သူမကလည်း ရွှယ်ဆိုတဲ့ မျိုးရိုးအမည် တူနေတာကိုး။

ရွှယ်ယန်ရန်သည် ရေကန်ထဲမှ ရုတ်တရက် ထရပ်လိုက်ရာ၊ အစေခံမိန်းကလေးများနှင့် အထိန်းတော်များက ချက်ချင်းပင် အပြေးအလွှား ရောက်လာကြပြီး သူမ၏ သွယ်လျသော ခန္ဓာကိုယ်ကို ထူထဲသော စောင်တစ်ခုဖြင့် အလျင်အမြန် ပတ်ပေးလိုက်ကြသည်။

"အို... ကျွင်းကျူ... အအေးမိပါဦးမယ်။ တစ်ယောက်ယောက်... ဂျင်းပြုတ်ရည်နဲ့ ဆေးခွက်ကို အမြန်ယူခဲ့ကြစမ်း။"

ရွှယ်နင်သည် အခြားသူ၏ ခန္ဓာကိုယ်ကို ဒီလိုမျိုး မမြင်ဖူးတာကြောင့် ပါးပြင်လေးများ နီမြန်းသွားကာ ယဉ်ကျေးမှုအရ မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်မိသည်။

ရွှယ်ယန်ရန်က ရွှယ်နင်အား စူးစမ်းလိုစိတ်ဖြင့် စိုက်ကြည့်ရင်း အစေခံများကို အနောက်သို့ ဆုတ်သွားရန် လက်ဟန်ပြလိုက်သည်။ သူမက စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း စင်္ကြံလမ်းအတိုင်း ခြေဗလာဖြင့် လျှောက်လာခဲ့၏။

သူမ၏ ခန္ဓာကိုယ်က နုနယ်လွန်းပြီး ကျောက်စိမ်းကဲ့သို့ ဖြူစင်သော ခြေဖဝါးလေးများသည် အရိုးနှင့်အရေသာ ရှိတော့မတတ် ပိန်လှီလွန်းသည်။

သူမက ခေါင်းလေးကို စောင်းကာ ရွှယ်နင်း၏ အနားသို့ တိုးကပ်လာပြီး သူမ၏ လှပသော မျက်ဝန်းများကို သေသေချာချာ စစ်ဆေးကြည့်ရှုရင်း ပြောလိုက်သည်။

"အို... အစ်မကြီး... အစ်မက ကျွန်မနဲ့ သိပ်တူတာပဲ။"

ရွှယ်နင်သည် မင်းသမီးယန်ရန်၏ ရုပ်ရည်သွင်ပြင်က သူမနှင့် ဒီလောက်အထိ ထပ်တူကျလုနီးပါး ဆင်တူနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဒါဟာ မင်းသမီးနှင့် သူမ ပထမဆုံးအကြိမ် ဆုံတွေ့ခြင်းဖြစ်ပြီး၊ ဒီလိုမျိုး အနီးကပ် စိုက်ကြည့်တာ ခံနေရသဖြင့် သူမ အနည်းငယ် နေရခက်သွားကာ ပြောလိုက်သည်။

"ကျွင်းကျူ... ဒီနေ့ နှင်းတွေ သိပ်သည်းနေလို့ပါ။ ကျွန်မ ကျန့်ကော်ဘုရားကျောင်းမှာ အမွှေးတိုင်ထွန်း ဆုတောင်းဖို့ လာခဲ့တာ၊ မမျှော်လင့်ဘဲ နှင်းတွေ သည်းထန်ပြီး မြို့ထဲပြန်မယ့်လမ်း ပိတ်သွားလို့ပါ။ ကျွန်မကို ကျွင်းကျူရဲ့ စံအိမ်တော်ခွဲမှာ တစ်ညလောက် တည်းခိုခွင့်ပြုလို့ ရမလားဟင်?"

ရွှယ်ယန်ရန်က နှုတ်ခမ်းလေးကို ကွေးညွတ်ကာ ပြုံးလိုက်သည်။

"ရတာပေါ့။ အစ်မကြီးနဲ့ ကျွန်မက ဒီလိုမျိုး ရေစက်ရှိနေတာပဲ။ ဒီနေ့ နှင်းတွေသည်းလို့ ပိတ်မိနေတဲ့ လူတွေ အများကြီးရှိတာကို၊ အစ်မကြီးတစ်ယောက်တည်းပဲ ကျွန်မဆီကို ရောက်လာတာလေ။"

ရွှယ်နင်သည် မင်းသမီးယန်ရန်အား ကလေးတစ်ယောက်ကဲ့သို့ ဖြူစင်ရိုးသားပြီး အပြစ်ကင်းစင်သူတစ်ဦးဟု ခံစားလိုက်ရသဖြင့် ပြုံးမိသွားသည်။

"ကျေးဇူးတင်ပါတယ် ကျွင်းကျူ"

ရွှယ်ယန်ရန်က သူမ၏ မေးစေ့လေးကို ကိုင်ကာ မေးသည်။

"ဒါဆို အစ်မကြီးအတွက် အခန်းတစ်ခန်း ပြင်ဆင်ခိုင်းလိုက်မယ်။ ဒါပေမယ့် ဘယ်မှာထားရင် ကောင်းမလဲ... ကျွန်မအခန်းဘေးမှာပဲ ထားရင်ရော ဘယ်လိုလဲ?"

ရွှယ်နင်သည် မင်းသမီးယန်ရန်နှင့် ရင်နှီးမှုရရှိရန် ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်းဖြစ်တာကြောင့် နီးကပ်လေလေ ပိုကောင်းလေလေ ဖြစ်ပေသည်

"သိပ်ကောင်းတာပေါ့။ ကျွင်းကျူရဲ့ အခန်းဘေးမှာ နေရဖို့က အားနင် အလိုရှိဆုံးအရာပါပဲ။"

ရွှယ်ယန်ရန်၏ မျက်နှာလေးမှာ ချက်ချင်းပင် ဝမ်းသာအားရဖြင့် တောက်ပသွား၏။

"လူအများကြီးက ကျွန်မနဲ့ မကစားချင်ကြဘူး။ အစ်မကြီးတစ်ယောက်ပဲ... အစ်မက ကျွန်မနဲ့ တကယ်ကို မိတ်ဆွေဖွဲ့ချင်နေတာဆိုတာ ကျွန်မ ပြောနိုင်တယ်။"

မင်းသမီးယန်ရန်သည် ခန္ဓာကိုယ် နုနယ်ဖျားနာတတ်သဖြင့် လူတိုင်းက သူမအား ရှောင်ကြဉ်ကြတာကို သိထားရသဖြင့် ရွှယ်နင်၏ မျက်ဝန်းများထဲတွင် သနားဂရုဏာစိတ် အရိပ်အယောင်လေး ဖြတ်ပြေးသွားပြီး၊ သူမ၏ အပြုံးကလည်း ပိုမိုနွေးထွေးကာ စစ်မှန်လာခဲ့သည်။

"အကယ်၍ ကျွန်မက မင်းသမီးနဲ့ မိတ်ဆွေဖွဲ့ချင်တယ်ဆိုရင်၊ နောက်လည်း မင်းသမီးဆီကို ခဏခဏ လာလည်လို့ ရမလားဟင်?"

ရွှယ်ယန်ရန်က မျက်တောင်ခတ်လိုက်သည်။

"ဘာလို့မရရမှာလဲ? ကျွန်မက... လူတွေနဲ့ စကားပြောရတာကို အခုထိ သိပ်သဘောကျတုန်းပဲ။ ဒါပေမယ့် တခြားလူတွေက ကျွန်မကိုမြင်ရင် ကြောက်ရွံ့နေကြတာ ဒါမှမဟုတ်ရင် ဟန်ဆောင်ပန်ဆောင် လုပ်နေကြတာ။ ဘယ်သူမှ ကျွန်မကို စကားအစစ်အမှန် မပြောကြဘူး၊ အစ်မကြီးကတော့ မတူဘူးဆိုတာ ကျွန်မ မြင်ရုံနဲ့တင် သိတယ်။"

သူမက ရွှယ်နင်အပေါ် အရမ်းရင်းနှီးတယ်လို့ ခံစားရပြီး၊ ရွှယ်နင်၏ ပိုးထည်ရုပ်သေးရုပ်လေးကဲ့သို့ လှပနုနယ်သော ရုပ်ရည်ကို ကြည့်ကာ မချစ်ဘဲမနေနိုင်ပေ။

ယနေ့သည် နှစ်သစ်ကူးအကြိုည ဖြစ်၏။ ဤစံအိမ်တော်ခွဲထဲတွင် နှစ်သစ်ကူးကို တစ်ယောက်တည်း ကုန်လွန်စေရတာကြောင့် အထီးကျန်မပါဘူးဟု ပြောလျှင် လိမ်ရာကျလိမ့်မည်။

သူမသည် ရွှယ်နင်နှင့်အတူ ဖယောင်းတိုင်မီးအောက်တွင် ညဉ့်နက်သည်အထိ စကားစမြည် ပြောဆိုချင်သော်လည်း၊ နောက်ပိုင်းတွင် ဆောင်ရွက်စရာ အရေးကြီးကိစ္စရပ်များ ရှိနေသေးတာကို သတိရသဖြင့် သူမကိုယ်သူမ ထိန်းချုပ်လိုက်ရ၏။

သူမက ဂရုတစိုက်ဖြင့် အကြံပြုလိုက်သည်။

"အစ်မကြီး... ဒီမှာ ရေပူစမ်း အတူတူစိမ်မလား? အစေခံတွေ အခန်းပြင်ဆင်ပြီးတာနဲ့ အစ်မကြီး ချက်ချင်း သွားနားလို့ ရတာပေါ့။ အခုလောလောဆယ် လုပ်စရာလည်း မရှိသေးတော့... နှင်းတွေကြားထဲမှာ ကျွန်မနဲ့အတူ ရေပူစမ်းစိမ်ရင်း အပန်းဖြေရအောင်လေ။"

ရေပူစမ်းစိမ်ရန်အတွက် အဝတ်အစားများ ချွတ်ရမည် ဖြစ်၏။ ရွှယ်နင်သည် အခြားသူများရှေ့တွင် ရေတစ်ခါမှ မချိုးဖူးတာကြောင့် ခဏလောက် တွန့်ဆုတ်သွားကာ "မင်းသမီး..." ဟု ခေါ်လိုက်မိသည်။

ရွှယ်ယန်ရန်၏ မျက်နှာလေးမှာ ညှိုးငယ်သွားတော့သည်။

"အစ်မကြီးက မနှစ်သက်လို့လားဟင်?"

ရွှယ်နင်က ဗီဇအရ ချက်ချင်းပင် ငြင်းလိုက်၏။

"မဟုတ်ပါဘူး..."

"အစေခံတွေ!"

ရွှယ်ယန်ရန်က စိတ်လှုပ်ရှားစွာဖြင့် လှမ်းခေါ်လိုက်သည်။

"ငါ့အစ်မကြီး ရွှယ်နင်အတွက် ဝတ်ရုံတစ်ထည် ယူခဲ့ပေးကြစမ်း၊ ပြီးတော့ သူ(မ)ရဲ့ အစေခံမလေးကိုလည်း တခြားတစ်နေရာမှာ သွားပြီး ပျော်ပျော်ပါးပါး ကစားခိုင်းလိုက်။"

ပေါင်ချန်သည် လူအုပ်ကြီး၏ ခေါ်ဆောင်ရာသို့ ပါသွားတော့သည်။ အခြားရွေးချယ်စရာမရှိတော့သဖြင့် ရွှယ်နင်သည် ကာရံထားသော လိုက်ကာအနောက်သို့ ဝင်ကာ ထူထဲသော ရိုးရှင်းသည့် ဝတ်ရုံတစ်ထည်ကို လဲလှယ်လိုက်သည်။ သူမသည် အတွင်းခံအဝတ်အစားကို မချွတ်ရဲသဖြင့် ဝတ်ရုံပါးလေးကို ထပ်မံရစ်ပတ်ပြီးမှ ရေထဲသို့ လှမ်းဝင်ခဲ့သည်။

ဆီးနှင်းများ ကျဆင်းနေသော မြေပြင်ပေါ်တွင် ရာသီဥတုက အလွန်အမင်း အေးစက်သည်။ အေးစိမ့်နေသော သူမ၏ ခန္ဓာကိုယ်က ရေပူစမ်းထဲသို့ ရောက်ရှိသွားချိန်တွင် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထောင်ထလာ၏။

ရွှယ်ယန်ရန်က ရွှယ်နင်၏အနားသို့ ပျော်ရွှင်စွာ ရေကူးလာပြီး သူမအား အောက်သို့ ဆွဲချလိုက်သည်။

ရွှယ်နင်သည် ‌ကြိုတင်ပြင်ဆင်ထားခြင်းမရှိတာ

ကြောင့် ရုတ်တရက် အပူရှိန်များ ဦးခေါင်းဆီသို့ ပြင်းထန်စွာ ဆောင့်တက်လာသလို ခံစားလိုက်ရသည်။ ရေနွေးငွေ့များကြောင့် သူမ၏ ဖြူစင်ဝင်းပပြီး နုနယ်သော ပါးပြင်လေးများမှာ ချက်ချင်းပင် ရဲရဲနီသွားတော့သည်။

ရွှယ်ယန်ရန်က ရွှယ်နင်း၏အနားသို့ ပိုမိုတိုးကပ်လာပြီး မျက်လုံးလေးများကို အနည်းငယ် ဝိုင်းစက်သွားစေသည်။ သူမ၏ သွေးမရှိသလို ဖြူဖျော့ပြီး အပြာရောင်သန်းနေသော လက်ချောင်းလေးများက ရွှယ်နင်၏ နူးညံ့သော ရင်ဘတ်ဆီသို့ ညင်သာစွာ လှမ်းကိုင်ရန် ပြင်လိုက်သည်မှာ ဒီလောက်အထိ လှပသော အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်ကို ပထမဆုံးအကြိမ် မြင်ဖူးသည့်အလားပင်။

ရွှယ်နင်သည် ထိတ်လန့်သွားကာ ရွှယ်ယန်ရန် ပက်ဖြန်းလိုက်သော ရေစက်များကို မျက်နှာပေါ်မှ အလျင်အမြန် သုတ်လိုက်ရင်း ရင်ဘတ်ကို လက်ဖြင့် ကာကွယ်လိုက်မိ၏။

ရွှယ်ယန်ရန်က အံ့အားသင့်ကာ ရပ်တန့်သွားခဲ့ပြီး သူမ၏ မျက်ဝန်းများက ထူးထူးခြားခြား တောက်ပနေသည်။

ရွှယ်နင်သည် ထိုအကြည့်အောက်တွင် နေရခက်လာပြီး မျက်နှာတစ်ခုလုံး ပိုမိုပူထူလာသည်။

"မင်းသမီး... ဘာလုပ်မလို့လဲဟင်?"

ရွှယ်ယန်ရန်က စိတ်လှုပ်ရှားစွာဖြင့် ပြောတော့သည်။

"အစ်မကြီးရွှယ်နင်.. အစ်မရဲ့ ခန္ဓာကိုယ်က သိပ်လှတာပဲ။ ဒီနေရာက တကယ်ပဲ ဒီလောက်အထိ ကြီးထွားလာနိုင်တာလားဟင်? ဖြူစင်ပြီး နူးညံ့နေတာပဲ... ပြီးတော့ ဘာဖြစ်လို့ အဖြူရောင်ပတ်တီးစတွေ ရစ်ပတ်ထားရတာလဲ?"

ရွှယ်နင်က ပြန်ဖြေသည်။

"ကျွန်မ ဒဏ်ရာရထားလို့၊ အခုထိ လုံးဝမသက်သာသေးလို့ပါ"

ရွှယ်ယန်ရန်က အလောတကြီးပင် ပြောလိုက်၏။

"အာ... ဒါဆို အစ်မကြီး ရေထဲကနေ နည်းနည်း ထရပ်ကြည့်ပါလား"

ရွှယ်နင်က ဘယ်လိုလုပ် ထရပ်ရဲပါ့မလဲ။ ဘေးပတ်ပတ်လည်မှာ မရင်းနှီးတဲ့ အစေခံမိန်းကလေးများစွာက စောင့်ကြည့်နေကြတာ မဟုတ်လား။ သူမက အရှက်အကြောက်ကြီးသူဖြစ်သလို သူမ၏ သိက္ခာကိုလည်း တန်ဖိုးထားသူဖြစ်တယ်။

"မ... မဟုတ်တာ၊ အဆင်ပြေပါတယ်။ ဒဏ်ရာက အပေါ်ယံ အနာဖေး တက်နေပါပြီ။"

ရွှယ်ယန်ရန်က ရုတ်တရက် နှုတ်ခမ်းလေးကို ဆူလိုက်ပြီး၊ ခေါင်းငုံ့ကာ သူမ၏ရင်ဘတ်ကို ပြန်ကြည့်ရင်း မျက်ရည်ကျတော့မတတ် အမူအရာမျိုး ဖြစ်သွားသည်။

"ကျွန်မ ဘယ်လိုလုပ်ရမလဲ? ကျွန်မက သိပ်အရုပ်ဆိုးတာပဲ..."

သူမက ပိန်လွန်းသဖြင့် ရင်ဘတ်က ပြားချပ်နေပြီး အရိုးများပင် ထိုးထွက်နေကာ... ထိတွေ့လိုက်လျှင်လည်း မာကျောနေတာကြောင့် ရွှယ်နင်၏ ခန္ဓာကိုယ်ကဲ့သို့ နူးညံ့လှပသည့် အလှတရားမျိုး လုံးဝမရှိချေ။

ရွှယ်နင်သည် သူမ ဘာတွေးနေလဲဆိုတာကို ရိပ်မိသဖြင့် ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။

"မင်းသမီးက အသက်ငယ်လွန်းသေးလို့ပါ။ နောက်ထပ် နှစ်အနည်းငယ်ကြာရင် ကျွန်မလိုမျိုး ဖြစ်လာမှာပါ။"

ရွှယ်ယန်ရန်က အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသော မျက်ဝန်းများဖြင့် မော့ကြည့်လာပြန်သည်။

"တကယ်လား? ဒါဆို... ကျွန်မချစ်ရတဲ့သူကရော ကျွန်မရဲ့ ဒီလိုပုံစံကို သဘောကျပါ့မလားဟင်?"

ရွှယ်နင်သည် လီချန်ချဲ့ကို ရုတ်တရက် တွေးမိသွားကာ နှလုံးသားက ခဏမျှ ရပ်တန့်သွားခဲ့ရပြီးမှ နှုတ်ခမ်းကို ကွေးညွတ်ကာ ပြုံးပြလိုက်သည်။

"သူက မင်းသမီးကို တကယ် သဘောကျတယ်ဆိုရင်..

.. မင်းသမီးရဲ့ ဘယ်လိုပုံစံမျိုးကိုမဆို သူ အမြဲတမ်း မြတ်နိုးတန်ဖိုးထားနေမှာပါ။"

ရွှယ်ယန်ရန်၏ ပါးပြင်လေးများက အနည်းငယ် နီမြန်းသွားပြီး၊ သူမက ရွှယ်နင်ကို အနားသို့ ရုတ်တရက် ဆွဲခေါ်ကာ တီးတိုးမေးမြန်းလိုက်သည်။

"ဒါဆို... အစ်မကြီး... ယောက်ျားနဲ့ မိန်းမကြားက ဖြစ်တတ်တဲ့ ကိစ္စတွေကို အစ်မသိလားဟင်? အဲဒါက သိပ်နာကျင်ရလား? ပထမဆုံးအကြိမ်ဆိုရင် သိပ်ကို နာကျင်ရတယ်လို့ ကျွန်မ ကြားဖူးတယ်... အဲဒါ အမှန်ပဲလားဟင်? အမှန်အတိုင်းပြောရရင် ကျွန်မက နာကျင်တာကို သိပ်ကြောက်တာ။ ဒါပေမယ့် ကျွန်မ သဘောကျတဲ့သူနဲ့သာဆိုရင်တော့ ကျွန်မ အောင့်ခံနိုင်ပါတယ်"

ရွှယ်နင် ဆွံ့အသွားခဲ့ပြီး၊ မင်းသမီးယန်ရန်က ဒီလောက်အထိ ရိုးအပြီး အပြစ်ကင်းစင်ကာ အဲ့လိုစကားမျိုးကို အသံထွက်၍ ရဲရဲဝံ့ဝံ့ ပြောဆိုရဲလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိချေ။

All Chapters