← Chapters

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း (၁၁၉) - ဓားပြများ

ရွှယ်နင် နိုးလာချိန်တွင် ခေါင်းထဲ၌ ထိုးကိုက်နာကျင်နေပြီး အမြင်အာရုံများကလည်း ဝေဝါးနေသည်။

သူမက ရောင်ကိုင်းပြီး နာကျင်နေသော နောက်စေ့ကို စမ်းကြည့်လိုက်ကာ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တဲ့အခါ အနည်းငယ် ဟောင်းနွမ်းပျက်စီးနေသော တဲအိမ်လေးတစ်ခုထဲတွင် ရောက်နေကြောင်း တွေ့လိုက်ရ၏။

သစ်သားတံခါးတစ်ချပ်က အတွင်းခန်းနှင့် အပြင်ခန်းကို ပိုင်းခြားထားသည်။ စုတ်ပြဲနေသော တံခါး၏အပြင်ဘက်တွင်မူ ကြမ်းတမ်းသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ကြီးမားသော ဓားရှည်ကြီးများကို ကိုယ်စီကိုင်ဆောင်ထားကြသည့် ဗလတောင့်တောင့် ယောက်ျားကြီးအချို့က သစ်သားစားပွဲတစ်လုံးကို ဝိုင်းရံလျက် ကြောက်မက်ဖွယ်ကောင်းအောင် ထိုင်နေကြသည်။

စားပွဲပေါ်တွင်တော့ ဝိုင်၊ အသားနှင့် သစ်သီးပန်းကန်များ ရှိနေသည်။

ထိုလူတွေက သောက်စားရင်း စကားပြောနေကြ၏။

"ဘာလို့ ခေါင်းဆောင် ပြန်မလာသေးတာလဲဟ?"

"သွားရပြန်ရနဲ့ အချိန်တော်တော် ယူရဦးမှာပေါ့။"

"မင်းသမီးကြီးက သူ(မ)သမီးကို တကယ် ဂရုစိုက်မစိုက် ဆိုတဲ့အပေါ်မှာပဲ မူတည်တာပါ။ အကယ်၍ သူ(မ)သာ တကယ်ဂရုစိုက်ရင် ငွေတုံး သန်းအနည်းငယ်လောက်ကတော့ ပြဿနာ မဟုတ်ပါဘူးကွာ!"

"ဟားဟားဟား... အဲဒီငွေတွေရလာရင် ငါတို့ ညီအစ်ကိုတွေ ကျန်းဟူ(သိုင်းလောက) မှာ လွတ်လွတ်လပ်လပ် သွားလာပြီး စိတ်ကြိုက် နေလို့ရပြီဟေ့!"

"ဒါပေမယ့် အထဲက နုနုနယ်နယ် မိန်းကလေးနှစ်ယောက်က တော်တော်လေး ဆင်တူနေတာပဲ။ ဘယ်တစ်ယောက်က မင်းသမီးလဲ?"

"မင်းသမီးက ခန္ဓာကိုယ်နုနယ်ပြီး ဖျားနာတတ်တယ်လို့ ငါကြားထားတယ်—"

"သူတို့နှစ်ယောက်လုံးက နေမကောင်းတဲ့ပုံစံတွေချည်းပဲ။တစ်ယောက်က နည်းနည်း ပြည့်ဖြိုးပေမယ့် အခြားတစ်ယောက်ကတော့ အရိုးနဲ့အရည်ချည်း ကျန်လောက်အောင်ကို ပိန်လွန်းတယ်။"

"ဘယ်လိုပဲဖြစ်ဖြစ် နှစ်ယောက်လုံးကတော့ အရမ်းလှပတဲ့ မိန်းမချောလေးတွေချည်းပဲ။ ငါတော့ ပျင်းလာပြီကွာ... အထဲဝင်ပြီး နည်းနည်းလောက် သွားပျော်ပါးလိုက်ဦးမယ်—"

ထိုစကားများကို ကြားလိုက်ရသောအခါ ရွှယ်နင် တစ်ကိုယ်လုံး တုန်ရီသွားပြီး ရုတ်တရက် အသိစိတ်အပြည့်အဝ ပြန်လည်ဝင်ရောက်လာခဲ့သည်။

သို့သော်လည်း အပြင်ဘက်မှ အခြားအမျိုးသားတစ်ဦးက ပြောလိုက်၏။

"လောင်စစ်... လျှောက်ပြီး ပြဿနာမရှာနဲ့။ ခေါင်းဆောင်က ငွေတွေနဲ့ သူလိုချင်တာကို မရမချင်း ဘယ်သူမှ သူတို့ကို မထိရဘူးလို့ မှာထားတယ်! မင်းသာ သူတို့ကို လက်ဖျားနဲ့ သွားထိလိုက်ရင် ခေါင်းဆောင်ပြန်လာတဲ့အခါ မင်းကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်လိမ့်မယ်!"

"အေးပါကွာ၊ အေးပါ... ဆက်ပွစိပွစိလုပ်မနေနဲ့တော့။ ငါ နည်းနည်း ထပ်စောင့်လိုက်ပါ့မယ်။ ငွေတွေရလာပြီဆိုတာနဲ့ ငါ့အလှည့်ပဲ!"

လူကြမ်းကြီးများ ငြိမ်ကျသွားကြပြီး သူတို့၏ ရယ်မောသံများနှင့် ပျော်ရွှင်စွာ ဆူညံနေမှုများက တဖြည်းဖြည်း တိတ်ဆိတ်သွားတော့သည်။

အတွင်းခန်းလေးတွင် ပြတင်းပေါက်မရှိဘဲ မှေးမှိန်သော အလင်းရောင်ပေးနေသည့် ဆီမီးခွက်ငယ်လေး တစ်ခုသာရှိရာ၊ အပြင်ဘက်တွင် နေ့ဖြစ်နေသည်လား ညဖြစ်နေသည်လား ခွဲခြား၍ပင် မရနိုင်ပေ။

ရွှယ်နင်က လှုပ်ရှားရန် ကြိုးစားလိုက်တဲ့အခါ သူမ၏ လက်နှင့် ခြေထောက်များကို တုပ်နှောင်ထားကြောင်း သတိပြုမိသွား၏။ ကြိုးများက သူမ၏ လက်ကောက်ဝတ်များကို နာကျင်စွာ ဖိကြိတ်နေသည်။

သူမက အကြိမ်အနည်းငယ်မျှ ရုန်းကန်ကြည့်သော်လည်း ကြိုးထုံးများက ပို၍သာ တင်းကျပ်လာသဖြင့် သူမ နာကျင်စွာ မျက်နှာမဲ့လိုက်ရသည်။

သူမက ဘေးပတ်ပတ်လည်ကို ဝေ့ဝဲကြည့်လိုက်တဲ့အခါ နောက်ဆုံးတွင်တော့ အခြားထောင့်တစ်နေရာ၌ လဲလျောင်းနေသော ရွှယ်ယန်ရန်ကို မြင်တွေ့လိုက်ရသည်။

ရွှယ်ယန်ရန်သည် စိမ်းပြာရောင် ပျိုနီပန်းများ ထိုးထားသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ သူမ၏ မျက်နှာက ဖြူဖျော့နေကာ နဖူးတွင်လည်း ပွန်းပဲ့ရောင်ကိုင်းနေသည်။ သူမ၏ အခြေအနေမှာလည်း ရွှယ်နင်းထက် များစွာ ပိုကောင်းမနေခဲ့ချေ။

အပြင်ဘက်မှ စကားပြောသံများကို အကဲခတ်ကြည့်ရသမျှ၊ သူတို့က ညတွင်းချင်းပင် ဓားပြဂိုဏ်းတစ်ဂိုဏ်း၏ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပုံပေါ်၏။

သူတို့က ငွေကိုသာ လိုချင်ကြပြီး မင်းသမီးကြီးကိုလည်း စိုးရိမ်ကြောက်ရွံ့နေကြသဖြင့်၊ လောလောဆယ်တွင်တော့ သူတို့ကို အန္တရာယ်ပြုလိမ့်မည် မဟုတ်ပေ။

အနည်းငယ် စိတ်အေးသွားရပြီးနောက် ရွှယ်နင်သည် ရွှယ်ယန်ရန် ရှိရာဆီသို့ တရွေ့ရွေ့သွားရန် ကြိုးစားလိုက်သည်။

"မင်းသမီး... မင်းသမီး... ထပါဦး။"

ရွှယ်ယန်ရန်၏ မျက်တောင်လေးများ တဖျပ်ဖျပ်ခတ်သွားသည်။

"နာလိုက်တာ... ဒါ ဘယ်နေရာလဲဟင်?"

စည်းစိမ်ချမ်းသာများကြားတွင် ကြီးပြင်းလာခဲ့ရတာကြောင့် သူမက ဒီလိုမျိုး မာကျောတဲ့ ကြမ်းပြင်ပေါ်တွင် တစ်ခါမှ မအိပ်ခဲ့ဖူးချေ။ သူမ စိတ်ဆိုးဒေါသထွက်တော့မည့်ဆဲဆဲတွင်၊ ရွှယ်နင်၏ ဖရိုဖရဲဖြစ်နေသော ဆံပင်များနှင့် ညစ်ပေစွန်းထင်းနေသော မျက်နှာကို မြင်လိုက်ရတဲ့အခါ သူမ၏ ရင်ထဲတွင် ထိတ်လန့်မှုများ ချက်ချင်း ဝင်ရောက်လာတော့သည်။

"အစ်မကြီးရွှယ်နင်"

ရွှယ်နင်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

"စကားမပြောနဲ့ဦး"

ရွှယ်ယန်ရန်ကလည်း အပြင်ဘက်မှ ယောက်ျားကြီးများ၏ အသံများကို ကြားလိုက်ရသဖြင့် လုံးဝ အေးခဲတောင့်တင်းသွားသည်။

တစ်သက်လုံး အယုအယခံ၊ အကာအကွယ်ပေးခံလာခဲ့ရသူပီပီ၊ ဒီလိုအခြေအနေမျိုးကို သူမ ပထမဆုံးအကြိမ် ရင်ဆိုင်ကြုံတွေ့ရခြင်းပင်။

မကြာမီမှာပင် ရွှယ်ယန်ရန်၏ မျက်ဝန်းများ နီရဲလာပြီး ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများ ရောယှက်နေသော မျက်ရည်ပေါက်ကြီးများက ပါးပြင်ထက်တွင် ခိုတွဲလာခဲ့သည်။

"အစ်မကြီးရွှယ်နင်... ကျွန်မတို့ အခု ဘာဆက်လုပ်ကြမလဲဟင်? အစ်မကြီး ဒီမှာရှိနေလို့သာ တော်တော့တယ်၊ မဟုတ်ရင် ကျွန်မ ဘယ်လောက်တောင် ကြောက်နေမိမလဲ မသိဘူး။"

ရွှယ်ယန်ရန်က ပိုမိုတိုးကပ်လာရန် ကြိုးစားလိုက်ပြီး ကလေးငယ်တစ်ဦးလိုမျိုး ရွှယ်နင်၏ဘေးတွင် ခွေခွေလေး ကပ်နေသည်။

ရွှယ်နင်ကိုယ်တိုင်လည်း ကြောက်ရွံ့နေမိသော်လည်း၊ ရွှယ်ယန်ရန်ထက် ဆယ်စုနှစ်တစ်ခုကျော်မျှ ပိုမိုအသက်ရှင်နေထိုင်ခဲ့ဖူးသူဖြစ်တာကြောင့် လတ်တလောတွင်တော့ တတ်နိုင်သမျှ တည်တည်ငြိမ်ငြိမ် ရှိနေအောင် ထိန်းထားနိုင်သည်။

"သူတို့က ငွေလိုချင်လို့ ကျွန်မတို့ကို ဖမ်းလာတာ ဖြစ်နိုင်တယ်။ မင်းသမီးကြီးဆီကို သတင်းပို့ဖို့ လူလွှတ်လိုက်ပြီဆိုတော့ ကျွန်မကို ကယ်ဖို့ မကြာခင် လူရောက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်—"

သူမက စကားကို ခဏရပ်ကာ တစ်စုံတစ်ခုကို စဉ်းစားလိုက်ပြီးမှ "မင်းသမီးကို ကယ်ဖို့ပေါ့" ဟု ဖြည့်စွက်ပြောလိုက်သည်။

ဓားပြများက ငွေကိုသာ လိုချင်ကြောင်း သိလိုက်ရသောအခါ ရွှယ်ယန်ရန်က သက်ပြင်းပေါ့ပေါ့လေး ချလိုက်သည်။

"စိတ်မပူပါနဲ့ အစ်မကြီး။ မယ်တော်က သိပ်ချမ်းသာတာမလို့ အစ်မကြီးကိုလည်း သေချာပေါက် ကယ်တင်ပေးပါလိမ့်မယ်။"

ရွှယ်နင် ပြုံးလိုက်ပြီး လီချန်ချဲ့ အခုအချိန် ဘယ်နေရာမှာ ရှိနေလဲဆိုတာ မေးချင်စိတ် ပေါ်လာသည်။

သို့သော် မင်းသမီးယန်ရန်၏ အပြစ်ကင်းစင်ပြီး ရိုးသားဖြူစင်သော မျက်နှာလေးကို ကြည့်ကာ သူမ မမေးရက်နိုင်အောင် ဖြစ်သွားခဲ့သည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရွှယ်ယန်ရန်ကိုယ်တိုင်ကပင် မျက်ဝန်းများ နီရဲလာကာ စတင်ပြောလာသည်။

"အစ်ကိုအားချဲ့သာ ဒီမှာရှိနေရင် ကျွန်မကို ဘာမှဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး။"

ရွှယ်နင် အံ့ဩသွား၏။

"သူက မင်းသမီးနဲ့ အတူတူ ရှိနေခဲ့တာ မဟုတ်ဘူးလား?"

ရွှယ်ယန်ရန်က နှာခေါင်းရှုံ့လိုက်သည်။

"အစ်မကြီးကရော အစ်ကိုအားချဲ့ကို သိလို့လားဟင်?"

"သိသလိုလိုပါပဲ။"

ရွှယ်နင်က အနေရခက်စွာဖြင့် တုံ့ဆိုင်းနေခဲ့သည်။

"သူက ကျွန်မရဲ့ အစ်ကို လုစစ်လင်ရဲ့ သူငယ်ချင်းအရင်းကြီးလေ..."

"အော်... အဲဒီလိုကိုး။"

ရွှယ်ယန်ရန်က သံသယမဝင်တော့ပေ။ ယခုအချိန်တွင် သူတို့နှစ်ဦးစလုံး ဒုက္ခရောက်နေကြသဖြင့် သူမက ရွှယ်နင်အပေါ် အရင်ကထက် ပို၍ပင် အားကိုးနေမိသည်။

"သူ ကျွန်မကို စိတ်ဆိုးပြီး ထွက်သွားတာလေ။ အကုန်လုံးက ကျွန်မအမှားပါ... ကျွန်မ သူ့ကို အဲဒီအရာ မပေးခဲ့သင့်ဘူး!"

"ရှူး—"

ရွှယ်နင်က သူမ အရမ်းစိတ်လှုပ်ရှားသွားမှာကို စိုးရိမ်သဖြင့် တားလိုက်သည်။

"ဘာအရာကိုလဲ?"

ယခုအခါတွင် ရွှယ်ယန်ရန်သည် နောင်တများ တသီတတန်းကြီး ရနေပြီး နှုတ်ခမ်းများပင် တုန်ယင်နေသည်။

"အဲဒါကလေ... ယောက်ျားလေးနဲ့ မိန်းကလေး အတူတူအိပ်ပြီး ကလေးရစေနိုင်တဲ့ အရာမျိုးပါ..."

ရွှယ်နင် တစ်ခဏမျှ ဆွံ့အသွားပြီးမှ သဘောပေါက်သွားတော့သည်။ အမြဲတမ်း စည်းကမ်းကြီးပြီး တည်ကြည်တဲ့ သခင်လေးလီက ဘာကြောင့် လက်မထပ်ရသေးခင် မင်းသမီးကို သွားရောက်ထိတွေ့ခဲ့ရတာလဲဆိုသည့် အကြောင်းရင်းပင်။

ဒါပေမဲ့ မင်းသမီးရဲ့ မျက်နှာအမူအရာကို အကဲခတ်ကြည့်ရသမျှ၊ သခင်လေးလီ မကြာခင် လက်ထပ်တော့မယ်ဆိုတာကို သူမ လုံးဝ မသိထားခဲ့ဘူးလား? ဒါမှမဟုတ် သူမရဲ့ အပြစ်ကင်းစင်မှုကို ကာကွယ်ပေးဖို့အတွက် သခင်လေးလီက သူမကို ဖုံးကွယ်ထားခဲ့တာများလား?

ထားလိုက်ပါတော့၊ ဒါက သူတို့ကိစ္စပဲလေ။ သူမအနေနဲ့ သိပ်ပြီး ဝင်မစွက်ဖက်တာ အကောင်းဆုံးပဲ။

ဘယ်လိုပဲဖြစ်ဖြစ်၊ သခင်လေးလီနဲ့ လက်ထပ်ပြီးတာနဲ့ တစ်ပြိုင်နက် သူမ အမြန်ဆုံး ကွာရှင်းပစ်မှာပဲလေ။

သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးလေးတစ်ခု ပေါ်လာပြီး မင်းသမီးကို နှစ်သိမ့်ပေးလိုက်သည်။

"ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့ မင်းသမီးရယ်။ ကျွန်မတို့ ဘာမှမဖြစ်ပါဘူး။ မင်းသမီးရဲ့ အစ်ကိုအားချဲ့က မင်းသမီး ပျောက်နေတာကို မကြာခင် သတိထားမိပြီး ကယ်ဖို့ ရောက်လာမှာပါ။"

ရွှယ်ယန်ရန်၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေပြီး တုပ်နှောင်ခံထားရသော သူမ၏ လက်များက ရွှယ်နင်၏ အင်္ကျီလက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလေသည်။

"ကျွန်မ ပျောက်သွားတာကို သိရင် သူ သေချာပေါက် ကယ်ဖို့လာမှာပါ။"

ရွှယ်နင်ကလည်း သဘောတူလိုက်သည်။

"ဟုတ်ပါတယ်... သူ သေချာပေါက် လာမှာပါ"

ဒါပေမဲ့ ထိုအချိန်တုန်းက ရွှယ်နင် မသိခဲ့ပေ။

သူမပါ မင်းသမီးနှင့်အတူ ပြန်ပေးဆွဲခံလိုက်ရကြောင်းကို သိလိုက်ရချိန်တွင်၊ အမြဲတမ်း တည်ငြိမ်အေးဆေးလေ့ရှိတဲ့ လီချန်ချဲ့တစ်ယောက် ရူးမတတ် ဖြစ်သွားခဲ့ရတယ်ဆိုတာကိုပေါ့။

...

အချိန် မည်မျှ ကုန်လွန်သွားသည် မသိ။ အပြင်ဘက်မှ လူတစ်ယောက် ဟောက်သံ စတင်ထွက်ပေါ်လာသည်။

ရွှယ်နင်သည် ကြိုးများကို ဖြည်ရန် ကြိုးစားလိုက်သော်လည်း လူမိသွားခဲ့၏။

ထိုလူက သူမကို ပါးအကြိမ်ကြိမ် ရိုက်ချလိုက်ရာ၊ သူမ မူးဝေသွားပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။

ရွှယ်ယန်ရန်သည် ထိတ်လန့်တကြား အော်ဟစ်လိုက်သော်လည်း၊ ဓားပြက သူမကိုလည်း ချမ်းသာမပေးခဲ့ပေ။

ထိုလူက ခန္ဓာကိုယ်နုနယ်သော ရွှယ်ယန်ရန်ကို ရိုက်သတ်မိမှာကို စိုးရိမ်သဖြင့် ရွှယ်နင်သည် သူမ၏ရှေ့မှ ဝင်ကာကွယ်လိုက်ရာ၊ ရက်ရက်စက်စက် အကြိမ်ကြိမ် ကန်ကျောက်ခံလိုက်ရသည်။

"သေချင်နေတာလား! ထပ်ပြီး ထွက်ပြေးဖို့ ကြိုးစားကြည့်လိုက်လေ! နောက်တစ်ခါဆိုရင်တော့ မင်းကို သေတဲ့အထိ လုပ်ပစ်မယ်!"

သူမ၏ ရင်ဘတ်တစ်ခုလုံး ပြင်းထန်စွာ နာကျင်နေသည်။ သူမက ခါးကိုင်းကာ သွေးများ အန်ချလိုက်ရပြီး၊ သူမ၏ နှုတ်ခမ်းများလည်း ရောင်ကိုင်းကာ သွေးခြေဥနေသည်။

ကံကောင်းထောက်မစွာဖြင့် ဓားပြများသည် သူတို့ လိုချင်တဲ့အရာကို မရသေးတာကြောင့် လတ်တလောတွင်တော့ သူမကို ဆက်ပြီး အန္တရာယ်မပြုရဲကြပေ။

သူတို့က ရွံရှာဖွယ်ကောင်းအောင် သူမ၏ ခြေသလုံးများကို အကြိမ်အနည်းငယ်မျှ စမ်းသပ်ပွတ်သပ်သွားရုံသာ ပြုလုပ်ခဲ့ကြသည်။

ရွှယ်နင်က သွားကို တင်းတင်းကြိတ်ထားလိုက်၏။ သူမ၏ နူးညံ့လှပသော မျက်နှာလေး ဖရိုဖရဲ ဖြစ်နေလေလေ၊ ပို၍ ဆွဲဆောင်မှု ရှိလေလေ ဖြစ်နေသည်။

လေပြင်းတစ်ချက် ဝင်ရောက်လာရာ အရိုးထဲထိအောင် စိမ့်ခနဲ အေးစက်သွားစေသည်။

ထိုလူ၏ ကြမ်းတမ်းသော လက်ချောင်းများက ရွှယ်နင်၏ ခြေသလုံးသားထဲသို့ ရက်စက်စွာ ဖိနစ်ဝင်သွား၏။

"တောက်... မင်းလို အလှလေးက ငါ့ကို ရူးခါသွားအောင် လုပ်နေတာပဲ။ ငါ့ရင်ထဲက မီးတွေ တောက်နေပြီ။"

ရွှယ်နင် တစ်ကိုယ်လုံး တုန်ယင်နေပြီး သူမ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်သည်။

"ငါ့အနားကနေ ထွက်သွား!"

ကံကောင်းသည်ဟုဆိုရမည်၊ နောက်ဆုံးတွင်တော့ သူ ဘာမှထပ်မလုပ်ရဲခဲ့ပေ။ သူက တံခါးကို ဆောင့်ပိတ်ကာ ဒေါသတကြီး ထွက်သွားလေသည်။

ရွှယ်ယန်ရန်၏ ခန္ဓာကိုယ်သည် မူလကတည်းက နုနယ်လွန်းတဲ့အတွက် ယခုအခါတွင် သူမက တိုးတိတ်စွာ ရှိုက်ငိုနေသည်။

"အစ်မကြီးရွှယ်နင်.. ကျွန်မ သိပ်ကြောက်တာပဲ... ဘာလို့ အစ်ကိုအားချဲ့ ကျွန်မကို လာမရှာသေးတာလဲဟင်... ကျွန်မ အရမ်းကြောက်နေပြီ..."

All Chapters