← Chapters

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း (၁၂၄) - အမြန်ဆုံး လက်ထပ်ကြစို့

သူမသည် လီချန်ချဲ့၏ သပ်ရပ်ချောမောသော မျက်နှာကို မော့ကြည့်လိုက်မိရင်း၊ ယွီမိသားစုအမှု၏ သက်သေအထောက်အထားများရှေ့တွင် စုကျန်းက သူမကို စွန့်ပစ်ရန် ရွေးချယ်ခဲ့ပုံကို ပြန်လည်တွေးတောမိကာ နှုတ်ခမ်းထောင့်တွင် ခါးသီးသော အပြုံးရေးရေးလေးတစ်ခု ပေါ်လာခဲ့သည်။

သူ့စိတ်ထဲမှာ သူမက အရေးမပါကြောင်း သိထားခဲ့ပေမယ့် ဒီလောက်အထိ အရေးမပါမှန်းကိုတော့ မသိခဲ့မိဘူး။

မဆန်းတော့ဘူး၊ အရင်ဘဝတုန်းက သူက သူမကို လက်ထပ်ပြီး အမတ်ချုပ်ကြီးရဲ့ ဇနီးအဖြစ် တင်မြှောက်ခဲ့ပေမယ့် သူမအပေါ် မည်သည့်အခါမျှ နူးညံ့ပျော့ပြောင်းမှု သို့မဟုတ် ကြင်နာယုယမှုမျိုး မပြသခဲ့ပေ။

သူမ အရင်ကလည်း ဒဏ်ရာဒဏ်ချက်များစွာ ရရှိခဲ့ဖူးတယ်။ ထိုအတိတ်ဘဝမှာ အိမ်တွင်းရေး၌ဖြစ်စေ၊ အိမ်တော်အပြင်ဘက်၌ဖြစ်စေ လူအများက သူမကို ပစ်မှတ်ထား နှိပ်စက်ခဲ့ကြ၏။

သို့သော် သူက သူမအတွက် ရှေ့ထွက်ကာကွယ်ပေးတာ မရှိ‌ချေ။ အတိုချုပ်ပြောရလျှင် အရာအားလုံးက အကြောင်းရင်းတစ်ခုတည်းကြောင့်ပင်။

သူမက မထိုက်တန်လို့ပါ။

သူ့ဇနီးဖြစ်လာဖို့အတွက် သူမက မရိုးသားတဲ့ နည်းလမ်းများကို အသုံးပြုခဲ့တာကြောင့် လူတိုင်းက ထိုအချက်ကို သုံးကာ သူမ၏ တစ်ဖက်သတ် စိတ်ကူးယဉ်မှုအပေါ် လှောင်ပြောင် ကဲ့ရဲ့နိုင်ခဲ့ကြတယ်။

စုကျန်း၏ ကာကွယ်မပေးမှု၊ သူ၏ လျစ်လျူရှုမှုနှင့် ပစ်ပယ်မှုတို့က သူမကို တုန်းကျင်းရှိ အထက်တန်းလွှာအမျိုးသမီးထုကြားမှာ ရယ်စရာတစ်ခုနှင့် ပစ်မှတ်တစ်ခု ဖြစ်စေခဲ့တယ်။ ကြီးကျယ်တဲ့ ပွဲလမ်းသဘင်တိုင်းမှာ တစ်စုံတစ်ယောက်က ရှေ့ထွက်ပြီး သူမကို နှိမ်ချတတ်ကြတယ်။ အချိန်ကြာလာသည်နှင့်အမျှ သူမက အိမ်ပြင်ထွက်ရန် ပိုမိုတွန့်ဆုတ်လာခဲ့ပြီး၊ မင်ယွဲ့ခြံဝင်းတွင် တစ်ယောက်တည်း အထီးကျန်စွာ နေထိုင်ရင်း ဘယ်တော့မှ အိမ်ပြန်မလာတော့မယ့် ခင်ပွန်းသည်ကို တစ်နှစ်ပြီးတစ်နှစ် စောင့်ဆိုင်းနေခဲ့ရုံသာ ရှိခဲ့၏။

ရွှယ်နင်၏ နှာခေါင်းလေး အနည်းငယ် နီရဲလာပြီး၊ မျက်ဝန်းထဲတွင် မျက်ရည်များ ဝိုင်းလျက် ပြုံးလိုက်မိသည်။

"ကျွန်မ နားလည်ပါပြီ။"

လီချန်ချဲ့က သူမ၏ မျက်နှာကို စိုက်ကြည့်ရင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"ငိုနေစရာမလိုဘူး။ မင်းကို နာကျင်အောင်လုပ်ခဲ့တဲ့ လူတိုင်း သေချာပေါက် ပြန်လည်ပေးဆပ်စေရမယ်။"

ရွှယ်နင်သည် သူမ၏ စိုစွတ်နေသော မျက်တောင်ရှည်များကို ပင့်ကြည့်လိုက်မိရင်း၊ သူမအတွက် စာနာခံစားပေးမည့်သူ ရှိနေတာကြောင့် အံ့အားသင့်သွားမိသည်။ သူမ စိတ်မလှုပ်ရှားမိဘူးလို့ ပြောရင် အလိမ်အညာပဲ ဖြစ်လိမ့်မယ်။

"သခင်လေးလီ... ရှင် ဘယ်လိုလုပ်ပြီး ဒီအောက်ကို ရောက်လာတာလဲ?"

လီချန်ချဲ့က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

"မင်း ပြန်ပေးဆွဲခံရတယ်ဆိုတာ သိရတော့ ကိုယ်နဲ့ ဖူရှန်းက မင်းကိုကယ်ဖို့ ထျန်းယွမ်တောင်ကို သွားခဲ့တာ။ အဲဒီအချိန်တုန်းက ကိုယ် ကမ်းပါးပေါ်မှာ ရှိနေရင်း မတော်တဆ ခြေချော်ကျလာတာ။"

ရွှယ်နင်က တိုးတိုးလေး ရယ်မောလိုက်သည်။

"ကောင်းကင်ကြီးက ကျွန်မကို ကယ်တင်ဖို့အတွက် သခင်လေးလီကို သီးသန့် စေလွှတ်လိုက်တာများလား?"

လီချန်ချဲ့က သူမကို နက်ရှိုင်းစွာ စိုက်ကြည့်ရင်း မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်သည်။

"အဲဒီလိုလည်း ပြောလို့ရတာပဲ။ ကိုယ်တို့ အပေါ်ပြန်ရောက်တာနဲ့ မင်းရဲ့အိမ်တော်ကို သွားပြီး လာရောက်စေ့စပ်ကမ်းလှမ်းတော့မယ်။"

ရွှယ်နင် ကြောင်အသွားပြီး၊ စကားဝိုင်းက ဘယ်လိုလုပ် ဒီအခြေအနေကို ရုတ်တရက် ကူးပြောင်းသွားလဲဆိုတာ နားမလည်နိုင်အောင် ဖြစ်သွားသည်။

လီချန်ချဲ့၏ အကြည့်များက စူးရှပြီး၊ ရွှယ်နင်၏ စိုစွတ်ကာ တိတ်ဆိတ်နေသော မျက်ဝန်းများနှင့် ဆုံတွေ့သွားသည်။

"ရွှယ်နင်.. နွေဦးတော်ဝင်စာမေးပွဲကြီး ပြီးတာနဲ့... ကိုယ်တို့ အမြန်ဆုံး လက်ထပ်ကြစို့။"

သူက သူမကို စုကျန်း၏ဘေးတွင် ဆက်ရှိနေခွင့်ပြုပြီး၊ သူမကိုယ်သူမ ထပ်ခါတလဲလဲ နာကျင်အောင် လုပ်ခွင့်ပေးတော့မှာ မဟုတ်ဘူး။

သူ သူမကို လက်ထပ်ပြီး အိမ်တော်သို့ ခေါ်ဆောင်လာပြီးပါက၊ သူမကို ကိုယ်တိုင်ကိုယ်ကျ ယုယစောင့်ရှောက်ပြီး ကျန်းမာဝဖြိုးလာအောင် ပျိုးထောင်ပေးမယ်။

ဂူအတွင်းမှာ ကျဉ်းမြောင်းပြီး မီးပုံရိပ်များက လှုပ်ခတ်နေသည်။ အပြင်ဘက်တွင် နှင်းကျသံများ တဖျောက်ဖျောက် ထွက်ပေါ်နေသော်လည်း၊ ဂူအတွင်း၌မူ နွေးထွေးသော နွေဦးနေ့ရက်တစ်ရက်ကဲ့သို့ ခံစားရစေသည်။

လီချန်ချဲ့၏ အသံသည် တိုးညင်းသာယာပြီး၊ သူ၏မက်မွန်ပွင့်ပုံစံ မျက်ဝန်းများက နက်ရှိုင်းကာ သံယောဇဉ်ကြီးမားသလို ထူးခြားစွာလည်း စစ်မှန်သည်။

ရွှယ်နင်၏ နှာခေါင်းလေး စူးခနဲ ဖြစ်သွားပြီး၊ မျက်ရည်များ စိုဆင်းလာခဲ့သည်။

"ကောင်းပါပြီ။"

...

လူပေါင်းများစွာက တောင်ခြေတွင် နေ့ညမပြတ် လိုက်လံရှာဖွေခဲ့ကြသော်လည်း၊ နှစ်ရက်နှင့် နှစ်ည ကုန်လွန်သွားသည့်တိုင်အောင် ဘယ်သူ့ကိုမှ ရှာမတွေ့သေးချေ။

ကမ်းပါးယံအောက်ခြေတွင်မူ မြင့်မားသော လှိုင်းလုံးကြီးများက ကျောက်ဆောင်ကမ်းခြေကို ရိုက်ခတ်နေသည်။ မတ်စောက်သော ကမ်းပါးယံကြီးသည် ထိုးထွက်နေသည့် ကျောက်ဆောင်ကျောက်ခဲများနှင့် ဆန်းပြားသော သစ်ပင်သစ်တောများဖြင့် ဖုံးလွှမ်းနေလေသည်။

ရွှယ်နင်ကဲ့သို့ နုနယ်သော မိန်းကလေးတစ်ဦးကို ထားဦး... ဗလတောင့်တောင့် အမျိုးသားတစ်ဦးပင် ဒီလောက် မြင့်မားတဲ့နေရာကနေ ပြုတ်ကျသွားပါက အသားစိပ်စိပ် ကြေမွသွားလိမ့်မည်။

အချိန်က အလွန်တန်ဖိုးရှိသဖြင့် ရွှမ်းယီနယ်စားမင်းအိမ်တော်မှ လူများသည် ကမ်းပါးအောက်ခြေတွင် နေ့ညမပြတ် မမောမပန်း လိုက်လံရှာဖွေခဲ့ကြသည်။

စုကျန်းသည် အနက်ရောင်ဝတ်ရုံကြီးကို ခြုံထားလျက် ကမ်းခြေတွင် ဂနာမငြိမ်စွာ မတ်တပ်ရပ်နေမိသည်။

မြူပိတ်နေသော နံနက်စောစောတွင် ကောင်းကင်မှ နှင်းဖွဲလေးများ ကျဆင်းနေသည်။ ကျယ်ပြောသော လော့မြစ်ကြီးမှာ မှောင်မိုက်မှုထဲတွင် ပုန်းအောင်းနေပြီး ရေစပ်သို့ ချဉ်းကပ်လာသမျှအရာအားလုံးကို ဝါးမြိုရန် အသင့်ရှိနေသည့် သားရဲကြီးတစ်ကောင်နှင့် တူပေသည်။

မော့ပိုင်သည် သစ်တောထဲမှ သုတ်သီးသုတ်ပျာ ပြေးထွက်လာပြီး ရှီဇီ၏ ချောမောသော မျက်နှာထက်က မောပန်းနွမ်းနယ်မှုများကို တစ်ချက် လှမ်းကြည့်လိုက်သည်။

"ဝေ့မိသားစုက စေလွှတ်လိုက်တဲ့လူတွေ အရှေ့ဘက်ကမ်းခြေကို ရှာဖွေလို့ ပြီးသွားပါပြီ။ အခု ဝေ့ကျန့်လန်ကိုယ်တိုင် သူ့လူတွေကို ဦးဆောင်ပြီး အနောက်ဘက်ကမ်းခြေကို သွားနေပါတယ်။ သခင်လေး... ကျွန်တော်တို့လူတွေပါ သခင်လေးဝေ့နဲ့ သွားပူးပေါင်းရမလား?"

စုကျန်းက မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်သည်။

"ငါတို့ဘာသာငါတို့ပဲ ရှာမယ်"

မော့ပိုင်က တုံ့ဆိုင်းနေ၏။

"ဒါပေမယ့် ဒီလောက်အထိ အချိန်ကြာသွားတာတောင် သခင်မလေးကို မတွေ့သေးဘူး..."

သူမအတွက် အသက်ရှင်ဖို့ မျှော်လင့်ချက် မရှိသလောက်ပဲ ဖြစ်လိမ့်မယ် ထင်တယ်။

သို့သော် ထိုစကားကို သူ အပြင်ထုတ်မပြောရဲခဲ့ပေ။

စုကျန်း၏ နက်မှောင်သော မျက်ဝန်းများ အုံ့မှိုင်းသွားသည်။

"ဒါဆိုရင်လည်း ဆက်ရှာကြစမ်း!"

မော့ပိုင်က အလျင်အမြန်ပင် ထပ်ဖြည့်ပြောလိုက်သည်။

"ဒီငယ်သား စဉ်းစားမိတာကတော့ သခင်မလေးရွှယ် ရေထဲကို ပြုတ်ကျသွားတာလည်း ဖြစ်နိုင်ပါတယ်။ လော့မြစ်ရဲ့ ရေစီးက အရမ်းသန်တာ။ အကယ်၍ သူ(မ) ရေထဲကျသွားရင် မြစ်အောက်ပိုင်းကို မျောပါသွားလောက်တယ်။ ကျွန်တော် လူတချို့ကို ခေါ်ပြီး မြစ်အောက်ပိုင်းတစ်လျှောက် သွားရှာရမလား?"

စုကျန်း၏ ချောမောသော မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားပြီး သူ့နှလုံးသား တင်းကြပ်သွားခဲ့သည်။

ရွှယ်နင် ရေမကူးတတ်မှန်း သူ သိတယ်။ အကယ်၍ သူမ အမှန်တကယ် ရေထဲကျသွားခဲ့ရင် သေချာပေါက် သေဆုံးသွားလိမ့်မယ်။

ဤမျှလောက်များပြားလှသော ရက်များအတွင်း ဝေ့ကျန့်လန်သည် လူများကို ရေထဲဆင်းရှာခိုင်းခဲ့သော်လည်း၊ သူကိုယ်တိုင်ကမူ ရေထဲဆင်းပြီး ရှာဖွေရန် တစ်ခါမှ ထုတ်မပြောခဲ့ချေ။

အကြောင်းရင်းမရှိသော မတင်မကျ ဂနာမငြိမ်မှုများက သူ့ကို ကိုက်ခဲဝါးမြိုနေပြီး၊ ဝေဝါးသော စူးရှစိုက်ဝင်သည့် နာကျင်မှုများက သူ့ကို အိပ်မရနိုင်လောက်အောင် နှိပ်စက်ညှဉ်းပန်းနေခဲ့သည်။

မဟုတ်သေးဘူး... အဲ့ဒါထက် ပိုတယ်— သူက လုံးဝကို အိပ်လို့မရတာ။

မျက်လုံးမှိတ်လိုက်တိုင်း ကမ်းပါးပေါ်မှ ခုန်ချသွားခဲ့သည့် ရွှယ်နင်၏ ပြတ်သားသော မျက်နှာအမူအရာကိုသာ မြင်ယောင်နေမိသည်။

ထိုအမျိုးသမီးငယ်၏ နီရဲကာ စိတ်ပျက်အားလျော့မှုများ ပြည့်နှက်နေသည့် မျက်ရည်ဝိုင်းနေသော မျက်ဝန်းများက သူ့ကို အိပ်မက်ဆိုးတစ်ခုပမာ ခြောက်လှန့်နေခဲ့သည်။

သို့သော် ယခု အခြားရွေးချယ်စရာ မရှိတော့ပေ။ ကမ်းခြေများကို သေသေချာချာ ရှာဖွေပြီးဖြစ်တာကြောင့် ရေထဲမဆင်းပါက သူတို့ ရှာဖွေတွေ့ရှိမယ့် တစ်ခုတည်းသောအရာမှာ ရွှယ်နင်၏ ရုပ်အလောင်းသာ ဖြစ်လိမ့်မယ်။

သူ မျက်လုံးများကို မှိတ်လိုက်စဉ် သူ့အသံက ပိုမိုနက်ရှိုင်းသွားခဲ့သည်။

"သွားရှာချေ။"

မော့ပိုင် အမိန့်နာခံကာ ထွက်ခွာသွားသည်။

စုကျန်းသည် သူ၏တောင့်တင်းနေသော ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်စဉ် ဦးခေါင်းတစ်ခုလုံး စူးခနဲ ကိုက်ခဲလာသည်။

သူက နာကျင်နေတဲ့ နားထင်များကို လက်ဖြင့် အသာအယာ နှိပ်လိုက်ရင်း ကမ်းပါးယံအထက်ဆီသို့ အကြည့်များကို နှေးကွေးစွာ လွှဲလိုက်မိသည်။

ကောင်းကင်ကြီးမှာ မှောင်မိုက်နေဆဲဖြစ်ပြီး ကမ်းပါးယံကြီးသည် မြူထုများအတွင်း ပုန်းအောင်းလျက် သားရဲကြီးတစ်ကောင်ကဲ့သို့ ရှိနေသည်။

ရွှယ်နင်က အဲ့ဒီကမ်းပါးပေါ်က ခုန်ချရဲလောက်အောင် ဘယ်နေရာမှ သတ္တိများ ရရှိခဲ့လဲဆိုတာကို သူ အမှန်တကယ်ပင် နားမလည်နိုင်ဘူး။

ဒီလောက် မြင့်မားသော ကမ်းပါးယံ၊ မတ်စောက်သော ကျောက်ဆောင်ကမ်းခြေများနှင့် အောက်ခြေမမြင်ရလောက်အောင် နက်ရှိုင်းသော လော့မြစ်..

ခုန်ချခြင်းက တမလွန်သို့သွားရာ လမ်းမှန်း သူမ သိထားပါလျက်နှင့်၊ သူ့ကို တောင်းပန်ဖို့ ငြင်းဆန်ခဲ့ပြီး၊ ဒီလိုအေးစက်တဲ့ စကားများကို တမင်သက်သက် ရေရွတ်သွားခဲ့တယ်။

သူမက သူ့ကို ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ!

သူမ သေသွားရင် သူ ဂရုစိုက်မယ်လို့များ ထင်နေတာလား!

စုကျန်း၏ နှုတ်ခမ်းပါးများ တင်းကျပ်စွာ စေ့ပိတ်သွားပြီး သူ့ဒေါသများကို ရှင်းလင်းစွာ ဖိနှိပ်ထားကာ၊ အသက်ရှူလိုက်တိုင်း သူ့ရင်ဘတ်ထဲတွင် နာကျင်နေသည်။

သူမ သေဆုံးစေဖို့အတွက် သူ ရည်ရွယ်ခဲ့တာ မဟုတ်ဘူး။

ယွီမိသားစုအမှု၏ သက်သေအထောက်အထားများက ဒုတိယမင်းသားရဲ့ အင်အားစုများနှင့် ပတ်သက်နေပြီး အရမ်းအရေးကြီးတယ်။

သူမအတွက်နဲ့... ဒီအထောက်အထားတွေကို သူ ဘယ်လိုလုပ်ပြီး ဒီအတိုင်း ပေးလိုက်နိုင်မှာလဲ?

သူမ ဘာလို့ နောက်ထပ် ခဏလောက် ထပ်မစောင့်နိုင်ခဲ့ရတာလဲ?

သူက အရန်အစီအစဉ်တစ်ခုကိုတောင် ပြင်ဆင်ထားပြီးသားပါ။

သူမရဲ့ အသက်ကို ဂရုမစိုက်သလို ဟန်ဆောင်ခဲ့တာက ဓားပြများကို လှည့်စားဖို့ပဲ ဖြစ်ပြီး— သူမကို အမှန်တကယ် သေစေဖို့ သူ ဘယ်တုန်းကမှ ရည်ရွယ်မထားခဲ့ဘူး.....

ဒါပေမယ့် သူမကတော့ ခုန်ချသွားခဲ့ဆဲပင်... ပြတ်သားစွာ၊ ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့်ပင်။

သူမ ခုန်ချသွားသည့် အခိုက်အတန့်မှာ သူ့နှလုံးသားက ရပ်တန့်မတတ် ဖြစ်သွားခဲ့ရတယ်ဆိုတာ သူ ဝန်ခံတယ်။

တစ်ခဏတာမျှ သူ၏ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာကနေ နာကျင်မှုကို ခံစားလိုက်ရပြီး၊ အရေးကြီးတဲ့ အရာတစ်ခု ဆွဲဆုတ်ဖယ်ရှားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရတယ်။

သူ ထိတ်လန့်တကြား ပြေးသွားခဲ့ပေမယ့် သူမ၏

ရဲ့ အဝတ်စွန်းလေးကိုတောင် ဖမ်းဆုပ်နိုင်ခဲ့ခြင်း မရှိဘူး။

တရားရေးဝန်ကြီးဌာနမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူပီပီ၊ သူက ထူးဆန်းတဲ့ အမှုအခင်းများစွာနှင့် သားကောင်များ သေဆုံးခဲ့သည့် ပုံစံအမျိုးမျိုးကို မြင်တွေ့ခဲ့ဖူးသည်။

ယုတ္တိကျကျ စဉ်းစားရလျှင် သူက အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းအပေါ် လျစ်လျူရှုနိုင်စွမ်း ရှိနေသင့်ပြီ ဖြစ်သော်လည်း၊ ယခုအချိန်တွင်မူ သူ့လက်များက အနည်းငယ် တုန်ယင်နေပြီး သူ့နှလုံးသားက ဟာလာဟင်းလင်း ဖြစ်နေသလို ခံစားနေရသည်။

...

ရွှယ်နင် အိပ်မက်တစ်ခု မက်နေခဲ့သည်။ ထိုအိပ်မက်ထဲတွင်၊ သူမက တောက်ပသော အနီရောင် မင်္ဂလာဝတ်ရုံကို ဝတ်ဆင်ထားပြီး ထူထဲသော ပိုးသားစောင်များထက်တွင် လဲလျောင်းနေသည်။

ထာဝရကာလတစ်ခုမျှ ကြာမြင့်သွားသကဲ့သို့ ခံစားရပြီးနောက်၊ တစ်စုံတစ်ယောက်က သူမအနားသို့ ချဉ်းကပ်လာခဲ့သည်။ သွယ်လျပြီး ကျောက်စိမ်းပမာ ဖြူဖွေးနေသော လက်ချောင်းများက သူမ၏ ဝတ်ရုံခါးစည်းကြိုးကို ဖြည်းညင်းစွာ ဖြည်ချလိုက်၏။

သူမ၏ ခန္ဓာကိုယ်သည် လှုပ်ရှား၍မရဘဲ၊ ထိုအမျိုးသား၏ လက်ဝါးကြီးများက သူမ၏ မင်္ဂလာအဝတ်အစားများကို တစ်လွှာချင်းစီ တဖြည်းဖြည်း ချွတ်ဖယ်နေတာကို ခံစားနေရသဖြင့် သူမရဲ့ ပါးပြင်များ အနည်းငယ် နီမြန်းသွားခဲ့သည်။

ထိုအမျိုးသားက သူ့လှုပ်ရှားမှုများကို ဆက်လုပ်နေပြီး၊ သူ့မျက်နှာမှာကတော့ အမြဲတမ်း ဝေဝါးနေခဲ့သည်။

မကြာမီတွင်ပင်၊ သူမ၏ ကိုယ်ပေါ်၌ အဝတ်အစား အနည်းငယ်မျှသာ ကျန်ရှိတော့၏။

ပါးလွှာသော နီရဲသည့် အတွင်းခံလေးတစ်ခုသာ သူမ၏ သွယ်လျကာ ဆွဲဆောင်မှုရှိသော ကိုယ်လုံးလေးပေါ်တွင် ကပ်တွယ်နေတော့သည်။

ရှက်ရွံ့မှုနှင့် ကြောက်ရွံ့မှုတို့ ရောယှက်နေသော ထိတ်လန့်မှုများက သူမကို လွှမ်းမိုးသွားခဲ့သည်။ ထိုလူက သူမအပေါ်သို့ ညင်သာစွာ ဖိချလိုက်တာကို ခံစားလိုက်ရချိန်တွင် သူမ၏ လက်ချောင်းများက စကတ်စကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။

သူ၏ ပူလောင်နေသော ခန္ဓာကိုယ်က သူမအပေါ် ဖိကျလာပြီး၊ သူ့လက်ဝါးကြီးများက အပေါ်သို့ ပွတ်သပ်ရွေ့လျားလာချိန်တွင် သူတို့နှစ်ဦး၏ ခန္ဓာကိုယ်များမှာ ရင်းနှီးစွာ ပူးကပ်ယှက်နွယ်သွားကြသည်။

သူ့ခန္ဓာကိုယ်မှ လောင်ကျွမ်းမတတ် အပူရှိန်သည် မင်္ဂလာဝတ်ရုံမှတစ်ဆင့် စိမ့်ဝင်လာပြီး သူမကို ခေါင်းအစ ခြေအဆုံး ပူလောင်သွားစေသည်။

သူမ လင်မယားအရာ ရင်းနှီးကျွမ်းဝင်မှုမျိုး မခံစားခဲ့ရတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့အတွက်၊ ထိုအမျိုးသားက သူမ၏ ရမ္မက်ဆန္ဒများကို အားစိုက်ထုတ်စရာမလိုဘဲ လှုံ့ဆော်နိုးကြားသွားစေသည်။

သူမ၏ ရင်တွင်း၌ ဒီမီးတောက်ကို ဘယ်သူက မီးမွှေးနေသလဲဆိုတာကို မြင်တွေ့နိုင်ရန် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကြည့်ဖို့ ရုန်းကန်နေစဉ် သူမ၏ ရင်ခုန်သံများ ရိုင်းစိုင်းစွာ မြန်ဆန်နေခဲ့သော်လည်း၊ နှုတ်ခမ်းများက သူ့ နှုတ်ခမ်းများဖြင့် ပိတ်လှောင်ခံလိုက်ရသည်။

သူ့လက်ဝါးကြီးများက သူမ၏ ခါးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး၊ သူ ရှိနေမှုက အေးစက်သော်လည်း မူးယစ်တက်ကြွစေကာ၊ နှုတ်ခမ်းပါးများက သူမ၏ လျှာကို ဖမ်းယူလိုက်ရင်း အနမ်းများကို ဖြည်းညင်းစွာ၊ ရည်ရွယ်ချက်ရှိရှိဖြင့် ပိုမိုနက်ရှိုင်းသွားစေသည်။

All Chapters