အခန်း ၁၃၄
Vol. 14 Ch. 134
အခန်း (၁၃၄) သူမက ကျရှုံးသူတစ်ယောက်ဖြစ်သည်
"သူ(မ)က ဝေ့မိသားစုနဲ့ ဘာလို့ အတူတူ လိုက်လာရတာလဲ။ ဝေ့မိသားစုရဲ့ သားအကြီးဆုံးက မိန်းကလေးတွေနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့တာလေ၊ အခုတော့ သူ(မ)ကိုမှ ထူးထူးခြားခြား ဆက်ဆံနေတယ်"
"သူ(မ)ရဲ့ ရုပ်ရည်ကို ကြည့်စမ်း—သူ(မ)က တကယ်ပဲ ယောက်ျားတွေကို မြှူဆွယ်ဖို့အတွက် စေလွှတ်ခံရတဲ့ မြေခွေးနတ်ဆိုးမများလား။ ရှီဇီစုတစ်ယောက်နဲ့ သခင်လေးလော်တစ်ယောက်နဲ့ မလုံလောက်သေးလို့ အခု ဝေ့မိသားစုရဲ့ သားအကြီးဆုံးကိုပါ မြှူဆွယ်လိုက်ပြန်ပြီ"
"သူ(မ)က နောက်တစ်ယောက်နဲ့ စေ့စပ်လိုက်ပြီလို့ ကြားတာ မဟုတ်ဘူးလား"
"သူ(မ)ကို လက်ထပ်မယ့်သူက တကယ်ရှိသေးတာလား။ ဘယ်မိသားစုက ဒီလောက်အထိ ရဲတင်းပြီး ဒီလိုမိန်းကလေးမျိုးကို အိမ်ထဲ ခေါ်သွင်းရဲမှာလဲ"
"သတင်းတော့ ဘာမှ မထွက်လာသေးဘူး၊ ဒါပေမဲ့ သုံးလပိုင်းဆယ်ရက်နေ့ကျရင် ရှီဇီစုနဲ့ မင်းသမီးရှို့နင်းတို့ရဲ့ ခမ်းနားတဲ့ မင်္ဂလာပွဲ ရှိမယ်လို့ ကြားတယ်။ သူ(မ)က တကယ် လက်ထပ်တော့မှာလား။ သူ(မ)က ရှီဇီစုကို ရည်ရွယ်ချက်ရှိရှိနဲ့ ဒေါသထွက်အောင် လုပ်နေတာလို့ပဲ ငါထင်တယ်"
တစ်ယောက်တစ်ပေါက်နှင့် တိုးတိုးတိတ်တိတ် ပြောဆိုသံများ ထွက်ပေါ်လာပြီး အားလုံးနီးပါးမှာ မထီမဲ့မြင်ပြုသည့် အကြည့်များနှင့်အတူ ဖြစ်သည်။
"ကြည့်စမ်း၊ သူ(မ)က တကယ့်ကို ခေါင်းမာပြီးတွယ်ကပ်နေတယ်။ရှီဇီစုနောက်ကို အရှက်မရှိ လိုက်နေတာ"
"ရှီဇီစုဘေးမှာ မင်းသမီးရှို့နင်း ထိုင်နေတာတောင် သူ(မ)က အရှက်မရှိလိုက်လာတယ်"
"ဒီလောက်အထိ အရှက်မရှိတဲ့ သခင်မလေးမျိုးကို တကယ်ကို တစ်ခါမှ မမြင်ဖူးဘူး..."
တစ်စုံတစ်ယောက်က ခြံဝင်း၏ ဘယ်ဘက်ခြမ်းတွင်ရှိသော ပထမဆုံးထိုင်ခုံဆီသို့ လျှို့ဝှက်စွာ ငေးကြည့်လိုက်သည်။
ရွှယ်နင် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိတဲ့အခါ— စုကျန်း၊ မင်းသမီးရှို့နင်း၊ စုယွီနှင့် စုယင်တို့လည်း ထိုနေရာတွင် ရှိနေတာကို တွေ့လိုက်ရသည်။
လူတိုင်း သူမကို ထူးဆန်းစွာ ကြည့်နေကြတာ မထူးဆန်းတော့ပေ။
လူတိုင်း၏ အမြင်မှာ သူမက စုကျန်းကို ချစ်သော်လည်း မရနိုင်သော လူရွှင်တော်တစ်ဦးသာ ဖြစ်သည်။
နှစ်သစ်ကူးညတွင် စုကျန်း၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသည့် မြင်ကွင်းနှင့် ပေါင်းလိုက်သောအခါ သူမကို တုန်းကျင်းမြို့၏ အကြီးမားဆုံး ဟာသတစ်ခုအဖြစ် မခေါ်ဝေါ်သူ မရှိသလောက်ပင်။
ဝေ့ကျန့်လန်၏ ရင်ထဲတွင် သူမအတွက် စိတ်မကောင်းဖြစ်သွား၏။ သူက နှုတ်ခမ်းကို စေ့ထားကာ ရွှယ်နင်၏ရှေ့သို့ လမ်းလျှောက်သွားပြီး ထိုမကောင်းဆိုးဝါး အကြည့်များမှ သူမကို ကာကွယ်ပေးလိုက်သည်။
သူ့အမူအရာက အနည်းငယ် မကျေမနပ် ဖြစ်နေသည်။
"အခု ပြန်ကြရအောင်"
ရွှယ်နင်က သူ့အင်္ကျီလက်ကို ဆွဲကာ တိုးတိုးလေး ရယ်လိုက်သည်။
"အစ်ကိုဝေ့၊ ကိစ္စမရှိပါဘူး"
အတိတ်က ရွှယ်နင်သာဆိုလျှင် သူမ အားငယ်ပြီး ကြောက်ရွံ့နေမိမှာ သေချာတယ်။
ဒါပေမဲ့ အခုတော့ နှစ်ကြိမ်တိုင်တိုင် သေဆုံးပြီးနောက် သူမမှာ ကြောက်ရွံ့စရာ ဘာမှ မကျန်ရှိတော့ပေ။
ဒီလူတွေရဲ့ ဂုဏ်ဒြပ်များ ဘယ်လောက်ပဲ မြင့်မားပါစေ၊ သူတို့လည်း သာမန်လူသားများသာ ဖြစ်သည်။
အချို့အရာများကို ခဏတာ ရှောင်လွှဲနိုင်သော်လည်း ထာဝရ ရှောင်လွှဲ၍ မရနိုင်ပေ။
သူမက စိတ်အနှောင့်အယှက် မဖြစ်ဘဲ ပြုံးလျက် ဝေ့ကျန့်ယန်၏ ဘေးတွင် ကြော့ရှင်းစွာဖြင့် ခြံဝင်းထဲသို့ လျှောက်ဝင်သွားသည်။
သို့သော် ခြံဝင်းအလယ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် အေးစက်သော မျက်ဝန်းတစ်စုံနှင့် ဆုံတွေ့သွားတော့သည်။
သူမက အိမ်ရှင်ထိုင်ခုံဘေးတွင် ထိုင်နေသော လှပသည့် အမျိုးသမီးကို ကြည့်ရန် ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။
ထိုအမျိုးသမီးက ရွှေရောင်ချည်မျှင်များဖြင့် ပန်းပုံစံထိုးထားသော တရုတ်ရိုးရာ အပေါ်ထပ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး တိမ်တိုက်မင်္ဂလာပုံစံ ရှစ်ကွက်ပါသော အပြာရောင်မှိုင်း ဆင်စွယ်စကပ်ကို တွဲဖက်ဝတ်ဆင်ထားသည်။ သူမ၏ ချို့ယွင်းချက်မရှိသော ဘဲဥပုံမျက်နှာမှာ အလွန် ဂရုစိုက်ထားပုံရပြီး သွယ်လျသော မျက်ခုံးတန်းများနှင့် စိုစွတ်သော မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းများ ရှိသည်။ သူမ၏ မျက်ဝန်းနှင့် မျက်ခုံးအစွန်းများမှ အကြည့်တိုင်း၊ အပြုံးတိုင်းတွင် ဆွဲဆောင်မှုတို့ စီးဆင်းနေသည်။
အထူးခြားဆုံးမှာ သူမ၏ ဆံပင်ဖြစ်သည်— ကျက်သရေရှိသော ဆံထုံးကို ရိုးရှင်းစွာ ထုံးထားပြီး ဆံထိုးအနည်းငယ်ကိုသာ ပေါ့ပေါ့ပါးပါး ထိုးထားသော်လည်း မြို့ရိုးများကို ပြိုလဲစေနိုင်လောက်သည့် အလှတရားကို ပိုင်ဆိုင်ထား၏။
ထိုအမျိုးသမီးသည် အသက်သုံးဆယ်ကျော် အရွယ်သာ ရှိဦးမည်ဖြစ်ပြီး သူမ၏ လှုပ်ရှားမှုတိုင်းတွင် မြင့်မြတ်သော ဟန်ပန်များ လွှမ်းခြုံနေသည်။
သူမက ပွဲတက်ရောက်လာသော အမျိုးသမီးများအားလုံးကို သူမ၏ သြဇာဖြင့် အသာလေး ဖုံးလွှမ်းသွားနိုင်ခဲ့သည်။
ရွှယ်နင်သည် သူမကို ယခင်ကျင်းပခဲ့သော ပွဲတော်များ သို့မဟုတ် စုဝေးပွဲများတွင် တစ်ခါမှ မတွေ့မြင်ခဲ့ဖူးပေ။
သို့သော် ယခု သူမက အိမ်ရှင်ထိုင်ခုံ၏ ဘယ်ဘက်ခြမ်းတွင် ထင်ရှားစွာ နေရာယူထားပြီး တုန်းဖျင်မြို့စားကတော်ကြီးမှ အထူးလေးစားမှု ပြသထားသူ ဖြစ်မှန်း ထင်ရှားသည်။
အမြင့်ဆုံး အလွှာမှ ဤမျှ မြင့်မြတ်သော အမျိုးသမီးနှင့် သူမက ဘာမှ ပတ်သက်စရာ မရှိပေ။
(T/N-ဘယ်သူဖြစ်မလဲ ခန့်မှန်းမိလား)
ရွှယ်နင်သည် တစ်ချက်သာ အပေါ်ယံ လှမ်းကြည့်လိုက်ပြီးနောက် ဝေ့မိသားစုအတွက် သတ်မှတ်ထားသော နေရာတွင် ဝေ့ကျန့်ယန်နှင့်အတူ ဝင်ထိုင်လိုက်သည်။
ဝေ့ကျန့်လန်က ရှေ့ဆုံးတွင် ထိုင်နေပြီး သူမနှင့် ဝေ့ကျန့်ယန်က သူ့၏ ဘယ်ဘက်နှင့် ညာဘက်တွင် အသီးသီး ထိုင်ကြသည်။
သူတို့ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် လုစစ်လင်သည် ကောင်းကင်ပြာရောင် စစ်ဝတ်တန်ဆာကို ဝတ်ဆင်ထားလျက် ခြံဝင်းထဲသို့ ရဲရဲဝံ့ဝံ့ လျှောက်လှမ်း ဝင်ရောက်လာသည်။
ထိုစစ်သူကြီးငယ်မှာ အလွန်ပင် ချောမောခန့်ညားပြီး သြဇာအာဏာပါသော ဟန်ပန်ကို ပိုင်ဆိုင်ထားသည်။
သူ၏ ရိုင်းစိုင်းသွက်လက်သော မျက်ဝန်းတို့မှာ အေးစက်သော ကြယ်တာရာများကဲ့သို့ တောက်ပနေသည်။
ချက်ချင်းပင် ပွဲတက်ရောက်လာသော အမျိုးသမီးငယ်များ၏ အကြည့်များက သူ့ထံသို့ ရောက်ရှိသွားတော့သည်။
အရင်က ရွှမ်းယီနယ်စားမင်းအိမ်တော်၏ သမီးအကြီးဆုံး စုရှီးနှင့် လက်ထပ်ရန် စီစဉ်ထားသော်လည်း အကြောင်းတစ်ခုခုကြောင့် မိသားစုနှစ်ခုကြားမှ စေ့စပ်ကြောင်းလမ်းမှုမှာ ရုတ်တရက် ပျက်ပြားသွားခဲ့သည်ဟု ဆိုကြသည်။
စုမိသားစု၏ သမီးအကြီးဆုံးမှာ ရုတ်တရက် ပြင်းထန်စွာ ဖျားနာသွားပြီး ပြန်လည်သက်သာလာစေရန်အတွက် အိမ်တော်ဟောင်းသို့ ပို့ဆောင်ခံလိုက်ရသည်။
ထို့ကြောင့် စစ်သူကြီးလု၏ လက်ထပ်မည့်နေရာမှာ လစ်လပ်သွားခဲ့၏။
ဤခြံဝင်းထဲတွင် ဘယ်သူကများ ဉာဏ်မရှိဘဲ ရှိနေမလဲ။
လုမိသားစု၏ ဂုဏ်ဒြပ်မှာ မြင့်မားခြင်း မရှိသည့်အပြင် ယခင် ရွှယ်မိသားစု၏ ကိစ္စရပ်ကြောင့် အနည်းငယ် ထိခိုက်မှု ရှိခဲ့ပေမယ့်— ယခုအခါတွင် စစ်သူကြီးအိမ်တော်မှာ အခွံသက်သက်သာ ကျန်ရှိတော့ပြီး အိမ်တွင်း၌ အစေခံရင်းမြစ်မှ ရောက်လာသည့် မိန်းမတစ်ဦးသာ ရှိသော်လည်း စစ်သူကြီးလုသည် တကယ်ကို ထူးခြားပြောင်မြောက်ပြီး စွမ်းရည်ရှိသူတစ်ဦး ဖြစ်သည်။ အကယ်၍ သူသာ နောင်တစ်ချိန်တွင် စစ်မှုရေးရာ၌ အောင်မြင်မှုများ ရရှိခဲ့မည်ဆိုပါက သူ၏ အနာဂတ်မှာ အကန့်အသတ်မရှိ တောက်ပနေမှာဖြစ်သည်။
အမျိုးသမီးငယ်များက လုစစ်လင်ကို စောင့်ကြည့်နေကြသော်လည်း လုစစ်လင်၏ အကြည့်ထဲတွင်မူ ဝေ့ကျန့်ယန်နှင့် ရွှယ်နင်ဟူသော ညီအစ်မနှစ်ဦးသာ ရှိနေသည်။
"နင်တို့ လာမယ်ဆိုတာကို ငါ့ကို ဘာလို့ စောစောက မပြောပြတာလဲ"
လုစစ်လင်သည် ယနေ့တွင် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည်။ သူ၏ ထူထဲနက်မှောင်သော မျက်ခုံးတန်းများကို တွန့်ချိုးကာ ဝေ့ကျန့်ယန်ဘေးသို့ လျှောက်သွားပြီး ဝေ့ကျန့်လန်ကို လှမ်းပြောလိုက်သည်။
"အစ်ကိုဝေ့၊ ဒီနေ့ ကျွန်တော် တစ်ယောက်တည်း လာတာပါ။ အစ်ကိုတို့ မိသားစုနဲ့အတူ ဒီနေရာမှာ ထိုင်ခွင့်ပြုမလား"
ဝေ့ကျန့်ယန်က ကပျာကယာဖြင့် ငြင်းလိုက်သည်။
"မရပါဘူး၊ ဒီမှာ ထိုင်လို့ မရဘူး"
လုစစ်လင်က စနောက်ဟန်ဖြင့် မျက်ခုံး ပင့်လိုက်သည်။
"ဘာလို့လဲ။ သခင်မလေးဝေ့က ကျွန်တော့်ကို မကြိုက်လို့လား"
ဝေ့ကျန့်ယန်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး
"အဲဒါမဟုတ်ပါဘူး—"
လုစစ်လင်သည် စိတ်ကြည်လင်နေကာ ကြောင်တစ်ကောင်ကဲ့သို့ သူမကို စနောက်လိုက်သည်။
"သခင်မလေးဝေ့က ကျွန်တော့်ကို ကြိုက်တယ်ဆိုတော့ ဘာလို့ ဒီမှာ ထိုင်လို့ မရတာလဲ ဆိုတာကို ပြောပြလို့ ရမလား"
သူက "ကျွန်တော့်ကို ကြိုက်တယ်" ဆိုတဲ့ စကားလုံးကို တမင်တကာ အလေးပေး ပြောလိုက်သည်။
ဝေ့ကျန့်ယန်၏ မျက်နှာသည် ဒေါသကြောင့် နီရဲသွားသော်လည်း သူ၏ အရှက်မရှိသော အပြုအမူကို ဘာမှ မတတ်နိုင်ခဲ့ပေ။
"ရှင်—ရှင် ဘာလို့ ဒီလောက်တောင် လျှာသွက်နေရတာလဲ။ အစ်ကိုကြီး၊ သူ့ကို ကြည့်ပါဦး!"
ဝေ့ကျန့်လန်က အကူအညီမဲ့စွာ ခေါင်းခါလိုက်သည်။
"ရပါတယ်၊ ယန်ယန်၊ စစ်သူကြီးလုကို ဒီမှာ ထိုင်ခိုင်းလိုက်ပါ"
ရွှယ်နင်က မျက်လုံးလေးများကို ကွေးညွတ်လိုက်ပြီး ဝေ့ကျန့်ယန်ကို စနောက်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ဝေ့ကျန့်ယန်၏ မျက်နှာတစ်ခုလုံး ပန်းရောင်သန်းကာ နီရဲသွားပြီး သူမကိုယ်ကို ရွှယ်နင်အနီးသို့ တမင်တကာ တိုးကပ်လိုက်တော့သည်။
ရွှမ်းယီနယ်စားမင်းအိမ်တော်၏ ထိုင်ခုံနေရာ၌။
စုမိသားစုဝင်တို့၏ မျက်နှာအမူအရာမှာ တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။
စုယွီအတွက် နွေဦးတောအုပ်ပွဲတော်သို့ တက်ရောက်ခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ဝေ့ကျန့်ယန်—သူ့အနာဂတ်ဇနီးလောင်း—ကို ဒီနေရာမှာ တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
နှစ်သစ်ကူးပြီးနောက်တွင် ဝေ့မိသားစုနှင့် သူ၏ လက်ထပ်ရေးကိစ္စကို ဆွေးနွေးသင့်ပြီဖြစ်သည်။ နှစ်သစ်ကူးကာလအတွင်းတွင် သူကိုယ်တိုင် ဝေ့အိမ်တော်သို့ သွားရောက်ကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့၏။
ဝေ့ကျန့်ယန် စိတ်ချစေရန်အတွက် သူ့ကိုယ်ပေါ်တွင် အမြဲဆောင်ထားတတ်သော ကျောက်စိမ်းဆွဲသီးကိုပင် သူမအား ပေးထားခဲ့သည်။
ယခုတော့ သူ့အနာဂတ်ဇနီးလောင်းက သူ့ဆီ လာရောက်နှုတ်ဆက်ရန် ကြိုးစားခြင်း မရှိသည့်အပြင် အနီးအနားမှာ လူမရှိသကဲ့သို့ လုစစ်လင်နှင့် ပွင့်ပွင့်လင်းလင်း ကျီစယ်နေသည်။
မိန်းကလေးငယ်၏ ပါးပြင်ပေါ်ရှိ တက်ကြွလှပသော ရှက်သွေးဖြာမှုကို ကြည့်ရင်း သူ့၏ အနက်ရောင်မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ရှင်းပြ၍မရသော ဒေါသလှိုင်းတစ်ခု ရင်ထဲတွင် တက်ကြွလာသည်။
"ဒုတိယအစ်ကို၊ သူ(မ)က ဒီလိုမျိုး နေရာမျိုးကို လာရဲလိမ့်မယ်လို့ တကယ်မထင်ထားမိဘူး"
စုယွီသည် သူ့အကြည့်ကို ပြောင်းလိုက်ပြီးနောက် လက်ဖက်ရည်သောက်ရန် မျက်လွှာချထားသည့် ရွှယ်နင့်ထံသို့ ကြည့်လိုက်သည်။
"ရွှယ်နင်အကြောင်း ပြောနေတာလား"
စုချင်း၏ မျက်ဝန်းထဲတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီး သူမ၏ အထင်အမြင်သေးမှုမှာ မဖုံးကွယ်နိုင်လောက်အောင်ပင်။
မည်သို့ပင်ဖြစ်စေ၊ ရွှယ်နင်သည် တုန်းကျင်းမြို့၏ မင်းမျိုးမင်းနွယ်များကြားတွင် နာမည်ဂုဏ်သတင်း ပျက်ပြားနေပြီဖြစ်၍ သူမကို ဂုဏ်ပေးစရာ မလိုတော့ဟု စုချင်း ခံစားနေရသည်။
ထို့အပြင် ကျန်းကော်နယ်စားမင်းအိမ်တော်မှ သခင်မဝမ်လည်း ယနေ့တွင် ပွဲတက်ရောက်နေသည်။
ရွှယ်နင်ကဲ့သို့ လူမျိုးက သခင်မဝမ်၏ ရှေ့မှောက်တွင် ပေါ်လာရန်ပင် မထိုက်တန်ပေ။
"နောက်ထပ် ဘယ်သူဖြစ်ရမလဲ"
စုယွီ၏ မျက်လုံးများမှာ အေးစက်သွားသည်။ ရွှယ်နင်မှာ ပို၍ပို၍ ပြောင်းလဲလာတယ်လို့ သူ ခံစားရသော်လည်း အတိအကျ ဘာကို ပြောင်းလဲသွားလဲဆိုတာကိုတော့ သူ မသိနိုင်ပေ။
သူမနှင့် ရင်းနှီးသော ဝေ့ကျန့်ယန်ပင်လျှင် မကြာသေးမီက သူ့ထံမှ ပို၍ ဝေးကွာသွားခဲ့သည်။
ရွှယ်နင်က တကယ် ဂြိုလ်ဆိုးမ တစ်ဦးဖြစ်ပုံရတယ်။ သူမနှင့် နီးကပ်စွာ ပေါင်းသင်းတာက ကောင်းကျိုးမပေးဘူး။
နောက်ပိုင်း ဝေ့ကျန့်ယန်နှင့် စကားပြောဆိုပြီး ရွှယ်နင်နှင့် အဆက်အသွယ်ဖြတ်ရန် သူ အသေအချာ တိုက်တွန်းပြောဆိုရမယ်။
စုယင်ကတော့ အမြဲတမ်းအတိုင်း ထင်ရှားမှုမရှိဘဲ စုချင်း၏ဘေးတွင် ငြိမ်သက်စွာ ထိုင်နေသည်။ သူမ၏ အကြည့်တို့သည် ရွှယ်နင်၏ မျက်နှာပေါ်တွင် ခဏတာမျှ ရပ်တန့်နေပြီးနောက် အထင်အမြင်သေးစွာဖြင့် ပြန်လည်ရုပ်သိမ်းလိုက်သည်။
သူမ၏ အမြင်တွင် ရွှယ်နင်က အရာရာကျရှုံးသူတစ်ယောက်သာ ဖြစ်၏။
လော်ဝမ်ကျွင်းကဲ့သို့ ယောကျာ်းတစ်ယောက်ကိုပင် သူမ မသိမ်းပိုက်နိုင်ခဲ့ပေ။
သူမအကြောင်း ပြောရရင် သူမမှာ အာဏာမရှိ၊ သြဇာမရှိတဲ့ လီချန်ချဲ့လိုမျိုး ဆင်းရဲတဲ့ စာသင်သားတစ်ဦးနှင့် လက်ထပ်ရန်သာ ထိုက်တန်သည်။
သူမရဲ့ အစ်မအတွက် လက်စားချေမှု၏ တဝက်က ပြီးမြောက်သွားပြီ။
ကျန်ရှိနေတာ မင်္ဂလာပွဲ ကျင်းပမည့်နေ့အထိ စောင့်ဆိုင်းရမည်။
ရွှယ်နင်ကို ငရဲတွင်းထဲသို့ အပြီးအပိုင် ဆွဲချသွားမည်ဖြစ်ပြီး၊ တုန်းကျင်းမြို့မှာ မျက်နှာကို ပြန်မပြနိုင်တော့အောင် လုပ်ပစ်မယ်။