← Chapters

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း (၁၃၅) ဆံထိုးလေးတစ်ခုမျှသာ

"ညီမလေးရွှယ်နင်က နွေဦးတောအုပ်ပွဲကို လာတာတောင် ဘာလို့ ရှီဇီကို လာမနှုတ်ဆက်တာလဲ"

ရှဲ့နင်းထန်၏ မျက်လုံးများက အပြစ်ကင်းစင်သော အမူအရာဖြင့် တဖျပ်ဖျပ် ခတ်သွားသည်။

"ရှီဇီ... ကျွန်မတို့ သူ(မ)ကို လှမ်းခေါ်လိုက်ရမလား။ ဘာပဲဖြစ်ဖြစ် သူ(မ)က ရွှမ်းယီနယ်စားမင်းအိမ်တော်ကလူပဲလေ။ ဝေ့မိသားစုနဲ့ သွားနေတာ အမြင်မတော်ဘူးမလား"

စုကျန်း၏ ချောမောသော မျက်နှာသည် ရွှယ်နင် ဝင်လာကတည်းက မှောင်မိုက်နေခဲ့၏။

အထူးသဖြင့် ဝေ့ကျန့်လန်ဘေးတွင် သူမ လိမ္မာရေးခြားရှိစွာ ရှိနေတာကို မြင်လိုက်ရသောအခါတွင် ဖြစ်သည်။

ဝေ့ကျန့်လန်က သူမကို ကြည့်နေသည့် အကြည့်များကလည်း သူ့ကို အတော်လေး နေရခက်စေသည်။

ရှဲ့နင်းထန်က သံသယဖြင့် တွေးတောကာ-

"ရှီဇီ၊ သူ(မ)က သခင်လေးလီနဲ့ လက်ထပ်ရမှာ မဟုတ်ဘူးလား။ အခု ဘာလို့ သခင်လေးဝေ့နဲ့ ဒီလောက် ရင်းနှီးနေရတာလဲ"

စုကျန်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူ့မျက်နှာထားက ရေခဲလွှာဖုံးလွှမ်းသွားသကဲ့သို့ အေးစက်သွားသည်။

"သူ(မ)ဘာသာ နေပါစေ"

ရှဲ့နင်းထန်က ဝမ်းနည်းနေဟန်ဖြင့် နှုတ်ခမ်းကို ကိုက်လိုက်သည်။

"ဒါပေမယ့်... သူ(မ)က တမင်သက်သက် လုပ်နေတာလား။ ပထမက သခင်လေးလီ၊ ပြီးတော့ သခင်လေးလော်၊ အခုက သခင်လေးဝေ့နဲ့... ပြီးတော့ သူ(မ) နွေဦးတောအုပ်ပွဲကို တမင်သက်သက်လာတာ... ရှီဇီ့ကို တွေ့ချင်လို့များလား"

စုကျန်း နှုတ်ခမ်းစေ့လိုက်သည်။ ရှဲ့နင်းထန်ပြောသလိုပင် ရွှယ်နင်က ဒီနေ့ စံအိမ်တော်ကနေ တမင်သက်သက် ထွက်လာတာ သူ့အတွက်ပဲ ဖြစ်ရမယ်။

သူမက သူ့အပေါ် ခံစားချက်ရှိနေသေးတယ်ဆိုတဲ့ အသိက သူ့ကို သဘာဝကျကျပင် ကျေနပ်စေ၏။

ဒါပေမဲ့ သူက ရွှယ်နင်ကို ချစ်ခင်ရမယ့် ညီမငယ်လေးတစ်ယောက်အဖြစ်ပဲ သဘောထားတယ်။

အရင်ကလို သူ့နောက်ကို ခွေးလေးတစ်ကောင်လို တစ်ကောက်ကောက် လိုက်နေတာမျိုးကိုတော့ သူ လုံးဝ မလိုချင်ဘူး။

ကံကောင်းစွာဖြင့် သူမက သူ့ထံ တက်တက်ကြွကြွ ချဉ်းကပ်မလာခဲ့ပေ။ မဟုတ်လျှင်... လူတွေဒီလောက်များနေတာ၊ သူ သူမကို မျက်နှာကောင်းပေးမှာ မဟုတ်ဘူး။

စုကျန်းသည် ရှုပ်ထွေးသော အကြည့်တို့ဖြင့် မျက်လုံးထောင့်ကို ပင့်ကြည့်လိုက်သည်။

"သူ(မ)ကို ဂရုမစိုက်နဲ့။ မင်းလိုချင်တာ ဝယ်ပြီးတာနဲ့ ငါတို့ ပြန်ကြမယ်"

ရှဲ့နင်းထန် အနည်းငယ် ပြုံးလိုက်သည်။

"ဟုတ်ကဲ့ပါ"

...

မကြာမီမှာပင် အစေခံအချို့ တွဲကူပေးထားသည့် သခင်မကြီးကျိုး ခြံဝင်းအတွင်းသို့ ဝင်လာသည်။

ယခုအခါ အသက်ခြောက်ဆယ်ကျော်နေပြီ ဖြစ်သော်လည်း သခင်မကြီးကျိုးက အလှအပထိန်းသိမ်းရာတွင် အထူးကျွမ်းကျင်သည်။

သူမသည် အပြာရောင် ပိုးထည်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး နဖူးစီးတွင် မြကျောက်ကြီးတစ်လုံးကို တပ်ဆင်ထားသည်။

သူမ၏ ဆံကေသာတွင် ပုလဲများနှင့် ကျောက်စိမ်းများဖြင့် အလှဆင်ထားပြီး အလွန်ကြွယ်ဝချမ်းသာသော အသွင်ကို ဆောင်နေသည်။

သူမ၏ မျက်လုံးများက တောက်ပကာ တက်ကြွနေပြီး သခင်မကြီးရှဲ့ထက် များစွာ ပို၍ ကျန်းမာသန်စွမ်းပုံရသည်။

ရွှယ်နင် သူမ၏ မျက်နှာလေးကိုလှည့်၍ သခင်မကြီးကို ကြည့်လိုက်၏။

သခင်မကြီးဘေးတွင် ရပ်နေသူမှာ ခန့်ညားပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။

ဧည့်သည်အများအပြားက ထိုအမျိုးသားအား ယဉ်ကျေးစွာ နှုတ်ဆက်ကြသည်။

သူကတော့ အာဏာကို ဂရုမစိုက်ဘဲ စီးပွားရေးလုပ်ငန်းများကိုသာ ဝါသနာပါသည့် တုန်းဖျင်ပေါ် ပင် ဖြစ်သည်။

အိမ်ထောင်မပြုဖူး၊ သားသမီးမရှိခဲ့ဖူး၍လားမသိ၊ တုန်းဖျင်ပေါ် ရှဲ့ကျင်သည် အထူးနုပျိုနေပုံပေါ်၏။

အိမ်တော်အသီးသီးမှ မြင့်မြတ်သောဆွေမျိုးများနှင့် ရောနှောနေချိန်တွင်ပင် သူက နှိမ့်ချလွန်းခြင်း၊ မောက်မာလွန်းခြင်းမရှိဘဲ ဂုဏ်ကျက်သရေရှိသော အသွင်အပြင်ကို ဆောင်ထားလေသည်။

သခင်မကြီးကျိုးသည် ပင်မထိုင်ခုံဆီသို့ လျှောက်သွားရင်း အားရပါးရ ရယ်မောလိုက်သည်။ မိန်းမလှလေးနှင့် စကားအနည်းငယ်ဖလှယ်ပြီးနောက် ပြုံးရွှင်စွာ ဝင်ထိုင်ကာ တက်ရောက်လာသည့် ဂုဏ်သရေရှိ ဧည့်သည်တော်များကို နှုတ်ဆက်လိုက်သည်။

ယဉ်ကျေးဖွယ်ရာ နှုတ်ခွန်းဆက်စကားများ အဆုံးတွင်တော့ နွေဦးတောအုပ်ပွဲကို တရားဝင် စတင်လိုက်လေသည်။

ဤသည်မှာ ရွှယ်နင်၏ ပထမဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်ပြီး ဝေ့ကျန့်ယန်နည်းတူ နွေဦးတောအုပ်ပွဲအပေါ် အထူးစပ်စုချင်စိတ် ဖြစ်နေမိသည်။

မကြာမီမှာပင် အကြည်ရောင် ဖန်သေတ္တာကြီးများကို ကိုင်ဆောင်ထားသည့် ကျက်သရေရှိသော မိန်းမလှလေးများ ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး ဂုဏ်သရေရှိ ဧည့်သည်တော်များရှေ့တွင် ရတနာများကို အစဉ်လိုက် ပြသကြလေသည်။

ပန်းဖွားများ ဆင်ယင်ထားသည့် ဖန်သေတ္တာထဲတွင် ဧရာမ ညလင်းပုလဲကြီးတစ်လုံး ရှိနေ၏။

ခိုဥအရွယ် သာမန်ညလင်းပုလဲများကိုပင် ရတနာအဖြစ် သတ်မှတ်ထားကြသော်လည်း ယခုပုလဲကြီးမှာမူ မိန်းကလေးငယ်တစ်ဦး၏ လက်သီးဆုပ်အရွယ်ခန့်ပင် ကြီးမားသည်။

စိတ်ဝင်စားသည့် သခင်မများက လေလံပြားများကို မြှောက်ထားကြပြီး နောက်ဆုံးတွင် ဟန်လင်ကျောင်းတော် ပညာရှိအမတ်၏ ဇနီးက ရွှေပြားငါးရာဟူသော မြင့်မားသည့်ဈေးဖြင့် ဝယ်ယူသွားခဲ့သည်။

ထို့နောက်တွင်တော့ ရတနာများ တစ်သီတစ်တန်းကြီး ဆက်တိုက်ထွက်ပေါ်လာပြီး အားလုံးမှာ လျင်မြန်စွာပင် ရောင်းချသွားရသည်။

ဝေ့ကျန့်ယန်သည် သူမသဘောကျသော ရှေးဟောင်းပန်းချီကားကို မဝယ်နိုင်ခဲ့သော်လည်း လုစစ်လင်ကတော့ ထူးဆန်းသော သင်္ကေတများ ထွင်းထုထားသည့် ကျောက်စိမ်းဆွဲပြားတစ်ခုကို ဝယ်လိုက်သည်။

ထို့နောက် လှည့်ကာ ကျောက်စိမ်းဆွဲပြားက မလှဘူးဟုဆိုပြီး ဝေ့ကျန့်ယန်၏ ရင်ခွင်ထဲသို့ ပေါ့ပေါ့ဆဆပင် ပစ်ပေးလိုက်၏။

"နင်နင်၊ နင့်အစ်ကိုလုကို ကြည့်ပါဦး။ မလိုချင်တဲ့ဟာတွေ အကုန် ငါ့ဆီ လာလာပစ်ပေးနေတယ်"

ဝေ့ကျန့်ယန်၏ မျက်နှာလေးသည် ပန်းသွေးရောင် သန်းသွားပြီး သူမ၏ သွယ်လျနုနယ်သော လက်များဖြင့် ကျောက်စိမ်းဆွဲပြားကို ကိုင်ထားကာ လွှင့်ပစ်ရမလား သိမ်းထားရမလား ဝေခွဲမရ ဖြစ်နေလေသည်။

စစ်တပ်မှ ယောက်ျားများမှာ သဘာဝအားဖြင့် ကြမ်းတမ်းပြီး ပွင့်လင်းကြသည်။

သို့သော် သူမက လက်မထပ်ရသေးသည့် အပျိုစင်မိန်းကလေးတစ်ဦး ဖြစ်၏— ယခုလို မသက်ဆိုင်တဲ့ ယောက်ျားတစ်ယောက်ဆီက ကျောက်စိမ်းဆွဲပြားကို လက်ခံရယူတာက ဘယ်လိုအဓိပ္ပာယ် သက်ရောက်သွားမလဲ။

ရွှယ်နင်လည်း လုစစ်လင်ဝယ်ပေးသည့် လက်ဆောင်ငယ်လေးတစ်ခု ရထားသည်။ သူမက နှုတ်ခမ်းလေးကိုအုပ်ကာ ခပ်ဖွဖွရယ်မောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ငွေပြားတစ်ရာတောင် တန်တာကို၊ ယန်ယန် သိမ်းထားလိုက်ပါ"

ဝေ့ကျန့်ယန်၏ နားရွက်များ နီရဲသွားသည်။ သူမ၏ သွယ်လျဖြူဝင်းသော လက်ချောင်းလေးများက ကျောက်စိမ်းဆွဲပြားကို အင်္ကျီလက်စွပ်ထဲသို့ အမြန်ထိုးထည့်လိုက်သည်။ မြန်ဆန်နေသော နှလုံးခုန်သံကို အနိုင်နိုင် ပြန်ထိန်းလိုက်ချိန်တွင် နောက်ထပ် ရတနာတစ်ခုကို ထုတ်ပြလာတာကို မြင်လိုက်ရသည်။

ဖန်သေတ္တာထဲတွင် တိမ်တိုက်ပုံစံ ကျောက်စိမ်းဆံထိုးတစ်ခု ရှိနေပြီး တစ်ခုလုံး ချောမွတ်ကာ တောက်ပသော အရောင်အဝါ ထွက်ပေါ်နေသည်။

အနီးကပ် သေချာကြည့်မည်ဆိုပါက တိမ်တိုက်ပုံစံများကြားရှိ အဟန့်များအတွင်း မှိန်ဖျော့ဖျော့ အနီရောင်အလင်းတန်းများ တောက်ပနေသည်ကိုပင် မြင်တွေ့နိုင်သည်။

လုစစ်လင်က မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်သည်။

"ဒါ အဒေါ့်ရဲ့ ဆံထိုးမဟုတ်ဘူးလား"

ရွှယ်နင် ငေးကြောင်သွားပြီး အတိတ်ကို သတိရသွားချိန်တွင် သူမ၏ နှလုံးသားက ရုတ်တရက် တင်းကြပ်သွားလေသည်။

"နွေဦးတောအုပ်ပွဲ" ဆိုတဲ့ စကားလုံးကို ရင်းနှီးနေသလို ခံစားနေရတာ မထူးဆန်းတော့ပေ။

သူမ၏ အရင်ဘဝက ဒီနေ့လိုနေ့မျိုးတွင် စုကျန်းက စားသောက်ပွဲမှ ကျောက်စိမ်းဆံထိုးတစ်ခုကို ဝယ်ယူကာ မင်းသမီးရှို့နင်းကို လက်ဆောင်ပေးခဲ့သည်။

သူမက ဆံထိုး၏ ဒီဇိုင်းကို မတော်တဆ မြင်တွေ့ခဲ့ရပြီး ထိုအရာမှာ သူမဖခင်က မိခင်ကို ပေးခဲ့သော ချစ်သက်လက်ဆောင်ဖြစ်ကြောင်း သိလိုက်ရ၏။

သူမ၏ မိဘများ စစ်မြေပြင်တွင် ကျဆုံးသွားပြီးနောက် သူမမိခင်၏ ဘဝတစ်လျှောက်လုံး အတူရှိခဲ့သော ထိုဆံထိုးလေးမှာလည်း အရိပ်အယောင်မျှမကျန် ပျောက်ကွယ်သွားခဲ့လေသည်။

မိဘများနှင့် အစ်ကိုဖြစ်သူထံမှ ကျန်ရစ်ခဲ့သော အမှတ်တရပစ္စည်းများမှာ အလွန်နည်းပါးတဲ့အတွက် မိခင်ဖြစ်သူ၏ ကျောက်စိမ်းဆံထိုးလေးကို ပြန်တွေ့ချိန်တွင် သဘာဝကျကျပင် သူမ ပြန်လိုချင်ခဲ့၏။

ထို့ကြောင့် သူမက အရှက်ကိုဘေးချိတ်ကာ စုကျန်းထံသွား၍ ဆံထိုးလေးကို ပြန်တောင်းပေးနိုင်မလားဟု တောင်းပန်ခဲ့တယ်... မင်းသမီးရှို့နင်းကို အခြားလက်ဆောင်တစ်ခုနှင့် အစားထိုးပေးပါမယ် ဆိုပြီးပေါ့။

ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက စုကျန်း ဘာပြောခဲ့သလဲ။

သူ့မျက်နှာအမူအရာက အေးစက်နေပြီး မျက်လုံးများတွင် လှောင်ပြောင်လိုဟန်များ ပြည့်နှက်နေခဲ့တယ်။

"ဒါက ဆံထိုးလေးတစ်ခုပဲ။ ရွှမ်းယီနယ်စားမင်းအိမ်တော်က မင်းအတွက် လက်ဝတ်ရတနာတွေ မလုံလောက်လို့လား"

နီရဲနေသော မျက်လုံးများဖြင့် သူမက ရှင်းပြရန် ကြိုးစားခဲ့သော်လည်း ထိုယောက်ျားက နားထောင်ပေးရန် စိတ်ရှည်သည်းခံခြင်း မရှိခဲ့ပေ။ သူက တင်းမာစွာပြောဆိုရင်း သူမကို နှင်ထုတ်ခဲ့သည်။

"ထွက်သွား"

သူ့အသံက အလွန်အေးစက်လွန်းလှပြီး ဆောင်းရာသီ၏ လေနှင့် နှင်းများထက်ပင် ပို၍ အေးခဲကာ ကရုဏာကင်းမဲ့လွန်းလှသည်။

ထို့အပြင် သူမ တိုက်ခဲ့သော နွေဦးအရက်ကြောင့် သူမအပေါ် ရွံရှာမှုမှလွဲ၍ အခြား မည်သည့်ခံစားချက်မှ မရှိခဲ့ပေ။

မင်္ဂလာပွဲရက်ကလည်း နီးကပ်လာပြီဖြစ်တာကြောင့် သူမ သူ့ကို ဒေါသမထွက်စေရဲဘူး။

သူမကိုယ်တိုင်ပဲ မင်းသမီးရှို့နင်းဆီကနေ ဆံထိုးကို ပြန်တောင်းရန် နည်းလမ်းရှာနိုင်တော့သည်။

သို့သော် ထိုအချိန်က မင်းသမီးရှို့နင်းသည် သူမနှင့် စုကျန်းတို့၏ စေ့စပ်ထားမှုကို မနာလိုဖြစ်နေခဲ့သည်— ဘယ်လိုလုပ် မင်းသမီးရှို့နင်းက ဆက်ဆံရလွယ်ကူသူ တစ်ယောက် ဖြစ်နေပါ့မလဲ။

သူမမိခင်၏ ဆံထိုးလေးကို ပေါ့ပေါ့ဆဆ ဆော့ကစားရင်း မင်းသမီးရှို့နင်းက သူမကို နှင်းတောထဲတွင် သုံးနာရီတိတိ ဒူးထောက်ခိုင်းခဲ့သည်။

သူမ၏ ဒူးများ ထုံကျင်လာပြီး စိတ်အာရုံများ ဝေဝါးလာသည်အထိ ဒူးထောက်ခဲ့ရသည်။

သုံးနာရီကြာပြီးနောက် စုကျန်းသည် အိမ်တော်အပြင်ဘက်မှ ပြန်ရောက်လာခဲ့၏။

သူမက မင်းသမီးရှို့နင်းနှင့် ကျောက်စိမ်းဆံထိုးတစ်ခုအတွက် စကားများခဲ့တယ်ဆိုတာ ကြားလိုက်ရတဲ့အခါ သူ့မျက်နှာက မှောင်မိုက်သွားပြီး အနားသို့ရောက်လာကာ သူမကို ကန်တော့သည်။

"ဒါက ကျောက်စိမ်းဆံထိုးလေးတစ်ခုပဲ။ ဒီလောက် ပြဿနာရှာလောက်တဲ့အထိ တန်လို့လား"

"နယ်စားမင်းအိမ်တော်က မင်းကို ပြုစုပျိုးထောင်ပေးခဲ့တာက ဒီလို အသေးအဖွဲကိစ္စလေးတွေအတွက် တခြားသူတွေနဲ့ ရန်ဖြစ်ပြီး အရှက်ကွဲဖို့ မဟုတ်ဘူး"

"ရှို့နင်းကို တောင်းပန်လိုက်!"

ထိုအချိန်က သူမ၏ မျက်နှာလေးမှာ ဖြူလျော့သွားခဲ့သည်။

လေနှင့် နှင်းများကြောင့် အေးခဲနေပြီး ခန္ဓာကိုယ်မှာ အားပျော့နေကာ ထုံကျင်နေပြီးဖြစ်သော ဒူးများမှာ သူ၏ အကန်ခံလိုက်ရမှုကြောင့် ပြင်းထန်စွာ နာကျင်သွားခဲ့သည်။

အအေးဒဏ်ကြောင့် တုန်ယင်နေရင်း သူမက အရာအားလုံးကို သည်းခံကာ စုကျန်းကို ပြောလိုက်၏။

"ကျွန်မ သူ(မ)နဲ့ စကားမများခဲ့ပါဘူး။ သူ(မ)က ကျွန်မကို ဒီမှာ ဒူးထောက်ခိုင်းထားတာပါ"

စုကျန်းက လှောင်ပြုံးပြုံးလိုက်သည်။

"မင်းသာ ရှို့နင်းကို ဒေါသမထွက်စေခဲ့ရင် သူ(မ)က ဘာလို့ မင်းကို ဒီမှာ ဒူးထောက်ခိုင်းပြီး အပြစ်ပေးရမှာလဲ"

သူမ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး စုကျန်းကို ဘယ်လိုရှင်းပြရမှန်း မသိတော့ပေ။ သူမ ခေါင်းခါယမ်းလိုက်ပြီး သူမ၏ နှလုံးသားထဲတွင် ခါးသီးမှုများ ပြည့်နှက်သွားလေသည်။

သူမ စကားမပြောနိုင်မီမှာပင် သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာ၏။

မင်းသမီးရှို့နင်းက အပြစ်ကင်းစင်တဲ့ အမူအရာဖြင့် သူမမိခင်၏ ကျောက်စိမ်းဆံထိုးကို ထုတ်ယူကာ စုကျန်းရှေ့တွင်-

"ရှီဇီအစ်ကို၊ ရွှယ်နင်က ဒီဆံထိုးကို ဒီလောက် သဘောကျမှန်း ညီမ တကယ်မသိခဲ့ဘူး။ သူ(မ)ကိုပဲ ပေးလိုက်ရမလား—"

စကားပြောရင်းနှင့်ပင် သူမက ဆံထိုးကို လှမ်းပေးလိုက်သည်။

ရွှယ်နင် စိတ်ထဲမှာ ဝမ်းသာမှုများ ပြည့်နှက်သွားပြီး ယူရန် လက်လှမ်းလိုက်၏။

သို့သော် ကျောက်စိမ်းဆံထိုးလေး မင်းသမီးရှို့နင်း၏ လက်ချောင်းထိပ်များဆီမှ ချော်ကျသွားတာကို သူမ ကူကယ်ရာမဲ့စွာ ကြည့်နေနိုင်ရုံသာ တတ်နိုင်ခဲ့သည်။

စူးရှသော "ခွပ်" ခနဲ မြည်သံနှင့်အတူ ခြံဝင်းအတွင်းရှိ ပြာလဲ့လဲ့ကျောက်ပြားခင်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး နှစ်ပိုင်းတိတိ ကျိုးပဲ့သွားလေတော့သည်။

All Chapters