← Chapters

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း (၁၄၁) - ချစ်ခင်ကြသော ဇနီးမောင်နှံ

စုကျန်း၏ နှလုံးသားသည် ဓားဖြင့် အမွှန်းခံလိုက်ရသကဲ့သို့ နာကျင်သွားသည်။ သူ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တော့ ကြမ်းပြင်ပေါ်တွင် ထိုင်နေပြီး မျက်ရည်များ ရွှဲနစ်နေသော မိန်းကလေးကို တွေ့လိုက်ရသည်။ သူမ၏ သွယ်လျနုနယ်သော ကိုယ်လုံးလေးသည် လေတိုက်ခံရသည့် မိုးမခကိုင်းလေးလို ယိမ်းနွဲ့နေပြီး မျက်ရည်များ ပြည့်နေသော သူမ၏ မျက်ဝန်းဝိုင်းဝိုင်းလေးများက အလွန်သနားစရာကောင်း၏။

သူ မျက်စိမှိတ်လိုက်သည်နှင့် ငိုရှိုက်သံများက သူ့နားထဲတွင် တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားတော့သည်။

ဤထူးဆန်းတဲ့ မှတ်ဉာဏ်များက အိပ်မက်ဆိုးများကဲ့သို့ပင်။ သူ ဆက်ပြီး သည်းမခံနိုင်တော့ဘဲ တဆစ်ဆစ် ကိုက်ခဲနေသော နားထင်ကို ဖိနှိပ်လိုက်သည်။

"ဘယ်အချိန်ရှိပြီလဲ"

ရှဲ့နင်းထန်က စုကျန်းကို စူးစမ်းသလို ကြည့်လာသည်။ သူ့နဖူးတွင် ချွေးများ စို့နေတာကို မြင်တော့ သူမ၏ အင်္ကျီလက်စကို ဆွဲယူကာ သူ့အတွက် သုတ်ပေးလိုက်သည်။

"ရွှီးယင်ချိန် ရှိပါပြီ"

စုကျန်း၏ လည်ချောင်းက အလွန်အမင်း ခြောက်သွေ့နေသည်။ သူက ရှဲ့နင်းထန်ကို စိုက်ကြည့်ရင်း သူမ၏ မျက်နှာမှတစ်ဆင့် အခြားလူတစ်ယောက်၏ နုနယ်တဲ့ ပုံရိပ်ကို မြင်ယောင်နေမိသည်။

သူ၏ စူးရှပြီး ဖိနှိပ်မှုပါသော အကြည့်အောက်တွင် ရှဲ့နင်းထန်၏ ပါးပြင်များ နီရဲလာသည်။

"ရှီဇီ... ကျွန်မကို ဘာလို့ အဲဒီလို ကြည့်နေတာလဲ"

စုကျန်း၏ အကြည့်များက ဝေဝါးလာသည်။ အရက်မူးနေတာကြောင့်လား၊ အခြားအကြောင်းကြောင့်လား မသိ၊ သူ မျက်လုံးများကို မှိတ်လိုက်ပြီး ရှဲ့နင်းထန်ကို မေးလိုက်သည်။

"မင်း ဘယ်တွေ သွားနေတာလဲ"

"ကျွန်မ... ကျွန်မ မင်္ဂလာအခန်းထဲမှာ ရှီဇီ့ကို စောင့်နေခဲ့တာပါ"

အမျိုးသား၏ နက်ရှိုင်းသော မျက်ဝန်းများ ပွင့်လာပြီး သူ့အကြည့်များက ဝေဝါးဝါး ဖြစ်နေသည်။

"မင်္ဂလာပွဲကို မင်း ဘာလို့ မတက်ခဲ့တာလဲ"

"မင်္ဂလာပွဲ...?"

ရှဲ့နင်းထန်က နားမလည်နိုင်သလို ကြည့်လာသည်။

"ကျွန်မက သတို့သမီးလေ။ ဘာလို့ မင်္ဂလာပွဲကို တက်ရမှာလဲ"

မကြာမီမှာပင် စုကျန်း အလွန်အမင်း အရက်မူးနေကြောင်း သူမ သဘောပေါက်သွား၏။

သူ့နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ကွေးတက်သွားသည်။

"မင်းက ဘယ်လိုလုပ် သတို့သမီး ဖြစ်နိုင်မှာလဲ"

ရှဲ့နင်းထန်က ရှက်သွေးဖြာစွာ မျက်တောင်လေးခတ်ရင်း ချွဲနွဲ့နွဲ့ အသံလေး ပြောလိုက်သည်။

"ရှီဇီ... ဘာတွေ လျှောက်ပြောနေတာလဲ။ ဒီနေ့ ကျွန်မက သတို့သမီးလေ"

စုကျန်း တုံ့ဆိုင်းသွားပြီး သူ့အကြည့်များက ပို၍ စူးရှလာသည်။

သူက သူမ၏ မေးစေ့ကို ဆွဲကိုင်လိုက်ပြီး သူ၏ နက်ရှိုင်းသော မျက်ဝန်းများက သူမထံ စူးစိုက်ထားသည်။

"မင်း ငါ့ကို အဲဒီလောက်တောင် လက်ထပ်ချင်နေတာလား"

ရှဲ့နင်းထန်က ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်၏။

"ဟုတ်ကဲ့... ကျွန်မ အမြဲတမ်း..."

အမျိုးသား၏ အကြည့်များက ထွင်းဖောက်မတတ် စူးရှနေသည်။ သူမ စကားမဆုံးခင်မှာပင် သူ၏ ကြီးမားသော လက်တစ်ဖက်က သူမ၏ ခါးကို ဆုပ်ကိုင်ကာ အောက်သို့ ဖိချလိုက်သည်။

ရှဲ့နင်းထန်၏ မျက်နှာက ချက်ချင်းပင် နီမြန်းသွားပြီး ရင်တွေ အဆမတန် ခုန်လာသည်။

"ရှီဇီ... ဒီညက ကျွန်မတို့ရဲ့ မင်္ဂလာဦးညလေ... ကျွန်မအပေါ် ညင်သာပေးပါနော်..."

"အထိန်းတော်ကြီး ပေးထားတဲ့ စာအုပ်တွေကို ကျွန်မ ဖတ်ထားပေမယ့် နားမလည်သေးဘူး။ ကျွန်မကို သင်ပေးနိုင်မလားဟင်"

သူ့ဘက်မှ တုံ့ပြန်မှုကတော့ ကြမ်းတမ်းပြီး အင်အားပါသော အနမ်းတစ်ပွင့်သာ ဖြစ်သည်။

သူမကို နက်ရှိုင်းစွာ နမ်းရှိုက်လိုက်ပြီးနောက် သူမ၏ နူးညံ့မှုအပေါ် ဖိကပ်ကာ ဝင်သက်ထွက်သက်တိုင်းတွင် "ဂြိုလ်ဆိုးမလေး" ဟု ရေရွတ်နေသည်။

ဆူပူကြိမ်းမောင်းလိုသော စကားဖြစ်သော်လည်း သူ့လေသံက နူးညံ့ကာ အက်ကွဲနေ၏။

သူ့ထံမှ အရက်နံ့များ ထောင်းခနဲ ထွက်နေပြီး မကြာမီမှာပင် သူမကိုယ်တိုင်လည်း မူးလာသလို ခံစားလိုက်ရသည်။

ထူထဲသော ကုတင်လိုက်ကာစများကြားတွင် ပူလောင်ပြင်းပြသော ရင်းနှီးမှုက တဖြည်းဖြည်း ပျံ့နှံ့လာသည်။

စုကျန်း၏ အမြင်အာရုံက မြူခိုးများ ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်နေပြီး ရဲရဲနီသော စောင်ထူထူကြားတွင် ရွှယ်နင်၏ နီမြန်းနေသော မျက်နှာလေး ပေါ်လာသည်။

သူမ၏ အဝတ်အစားများက တစ်ဝက်တစ်ပျက် ကျွတ်လုဆဲဆဲဖြစ်နေပြီး ဖြူဝင်းကာ ပန်းရောင်သန်းနေသော ကိုယ်လုံးလေးက ကောက်ကြောင်းပေါ်ကာ ဆွဲဆောင်မှုရှိသည်။ ကျောက်စိမ်းကဲ့သို့ နုနယ်သော မျက်နှာလေးကလည်း ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပနေသည်။

သူမ၏ နီရဲသော နှုတ်ခမ်းလွှာလေးက အနည်းငယ် တုန်ယင်နေပြီး သွယ်လျကာ ညှို့ယူဖမ်းစားနိုင်သည့် ညှပ်ရိုးလေးက ဆွဲဆောင်မှုရှိစွာ တောက်ပနေတော့သည်။

မျက်ရည်များ ဝဲနေသော သူမ၏ မျက်ဝန်းဝိုင်းဝိုင်းလေးများက စိတ်ဝိညာဉ်ကိုပင် လှုပ်ခတ်သွားစေနိုင်လောက်သည့် အချစ်များကို သယ်ဆောင်ထား။

သူ ခေါင်းယမ်းလိုက်သည်။ တစ်ကိုယ်လုံး မီးလောင်နေသကဲ့သို့ ပူလောင်လာပြီး သူ့ကိုယ်သူ ဆက်၍ မထိန်းချုပ်နိုင်တော့ပေ။

သူ အောက်သို့ ငုံ့ကြည့်လိုက်ပြီး ပို၍ အလျင်လိုလာသည်။

အမျိုးသား၏ အပြုအမူတွင် ထူးဆန်းမှုတစ်ခုကို ခံစားလိုက်ရသဖြင့် ရှဲ့နင်းထန်၏ အသက်ရှူသံများ ပြတ်တောင်းပြတ်တောင်း ဖြစ်လာသည်။

အခန်းထဲမှာ ကာမဆန္ဒကို နှိုးဆွပေးတဲ့ နံ့သာတိုင် ထွန်းထားပေမယ့် သူ ဒီလောက်အထိ... ကြောက်စရာကောင်းမနေသင့်ဘူး...

သူမ၏ နီ‌ရဲသော နှုတ်ခမ်းလွှာလေး အနည်းငယ် ပွင့်ဟသွားပြီး စကားပြောရန် ပြင်လိုက်သော်လည်း အမျိုးသားက ကြီးစိုးလွှမ်းမိုးမှုအပြည့်ပါသော အနမ်းဖြင့် သူမကို ထပ်မံ အသံတိတ်သွားစေသည်။

သူ့အသက်ရှူသံများက မြန်ဆန်နေပြီး အကြည့်များက သိမ်းငှက်တစ်ကောင်လို စူးရှနေသည်။

သူ့အကြည့်အောက်တွင် သူမ သက်တောင့်သက်သာ မရှိသလို ခံစားလိုက်ရပြီး တံတွေးကို ဂနာမငြိမ်စွာ မျိုချလိုက်ရင်း သူမ၏ လက်သေးသေးလေးများက သူ့ခါးကို ထိတ်လန့်တကြား ဖက်တွယ်ထားလိုက်သည်။

ထိုအခိုက်အတန့်တွင် သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး နာကျင်စွာ အော်ဟစ်လိုက်မိ၏။

သို့သော်လည်း အမျိုးသားက ဘယ်လို သနားညှာတာမှုမှ မပြဘဲ သူ့ခါးက တင်းမာကော့တက်လာသည်။

ရှဲ့နင်းထန်၏ မျက်နှာက ချက်ချင်း ဖြူရော်သွားပြီး ခန္ဓာကိုယ်လည်း တောင့်တင်းသွားတော့၏။

မင်ယွဲ့ခြံဝင်းတွင် တစ်ညလုံး ဆူညံနေခဲ့ပြီး မီးဖိုချောင်ငယ်လေးထဲတွင် ရေနွေးများကို အကြိမ်ကြိမ် ကျိုချက်ခဲ့ရသည်။

ရွှယ်နင် တစ်ယောက်သာ အိပ်မက်တစ်ခုမှ မမက်ဘဲ နောက်နေ့ မိုးလင်းသည်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့သည်။

ပေါင်ချန်နှင့် ပေါင်ယွီတို့ ရေနွေးပန်းကန်ကို သယ်လာစဉ် ကုတင်ပေါ်တွင် ထိုင်နေသော ရွှယ်နင်ကို တွေ့လိုက်ရသည်။ မျက်လုံးများက မှေးစင်းဝေဝါးနေပြီး ကလေးတစ်ယောက်လို အိပ်ချင်မူးတူး ပုံစံလေးကြောင့် သူတို့ စိတ်ထဲကနေ သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။

အခြား ဘာကိုမှ ထည့်မတွက်လျှင်တောင် သူတို့ သခင်မလေး၏ ရုပ်ရည်သွင်ပြင်က အမှန်တကယ် ပြိုင်ဘက်ကင်း၏။

သူမကို မြင်ပြီး ဘယ်သူကများ မသနား၊ မချစ်ဘဲ နေနိုင်မှာလဲ။

ဒါပေမဲ့လည်း သူမရဲ့ ချစ်မြတ်နိုးမှုကို ယဉ်ပါးနေတဲ့ ရှီဇီဇီကတော့ သူမကို ဂရုမစိုက်ခဲ့ပေ။

သခင်မလေး၏ နူးညံ့ချစ်စရာကောင်းသော အမူအရာကို ရိုးအီနေပြီဖြစ်သော ပေါင်ချန်က တည်ငြိမ်စွာပင် မျက်နှာသုတ်ပဝါကို ရေစွတ်ကာ ကမ်းပေးလိုက်သည်။

"သခင်မလေး အိပ်လို့ပျော်ရဲ့လား"

"မနေ့ညက တစ်ရေးမှ မနိုးသလို၊ အိပ်မက်လည်း မမက်ဘူး"

ရွှယ်နင်က အနည်းငယ် ပြုံးရင်း ပြောလိုက်သည်။

"အိပ်ရေးဝတယ်ဆိုတဲ့ ခံစားချက်က ဒါမျိုးကိုး၊ တစ်ကိုယ်လုံး ပေါ့ပါးနေသလိုပဲ"

သခင်မလေး၏ အလှတွင် နစ်မျောနေဆဲဖြစ်သည့် ပေါင်ယွီက တုန်ယင်နေသော လက်များဖြင့် ရေဇလုံကို ကိုင်ထားရင်း ရွှယ်နင်၏ ဖြူဝင်းကာ ပန်းရောင်သန်းနေသော ပါးပြင်လေးများပေါ်တွင် အကြည့်များ တဝဲလည်လည် ဖြစ်နေသည်။

ဒီလိုမျိုးလှပမှုက အမှန်တကယ် ချစ်မြတ်နိုးချင်စရာ ကောင်းတယ်။

စုမိသားစုထဲမှ လူအများစုက ရွှယ်နင်ကို အထင်သေးကြသည်မှာ အဓိကအားဖြင့် သူမက မိဘမဲ့ဖြစ်နေသောကြောင့်ပင်။

ထို့အပြင် သူမ၏ အလှတရားကို မြင်သောအခါ ချီးကျူးလိုစိတ်အစား မနာလိုစိတ်နှင့် မကျေနပ်မှုတို့ကိုသာ ဦးစွာ ခံစားကြရ၏။

ဥပမာပြောရလျှင် ဒုတိယအိမ်တော်ခွဲမှ အကြီးဆုံးသခင်မလေးနှင့် ဒုတိယသခင်မလေး၊ တတိယအိမ်တော်ခွဲမှ စတုတ္ထသခင်မလေးတို့ပင်— သူတို့အားလုံးက သူမရဲ့ ရုပ်ရည်ကို မနာလိုဖြစ်နေကြတာ မဟုတ်လား။

ဒီလို ကောင်းမွန်တဲ့ သခင်မလေးကို ရှီဇီက မျက်ကွယ်ပြုထားတာတော့ တကယ့်ကို နှမြောစရာပဲ။

မနေ့ညက မင်ယွဲ့ခြံဝင်းရှိ ဆူညံပွက်လောရိုက်မှုများ ပြီးနောက် ယနေ့နံနက်စောစောတွင် အထိန်းတော်ကြီးအချို့က ချီယွင်ဆောင်အပြင်ဘက်တွင် ရှီဇီနှင့် ဇနီးသည်တို့၏ ချစ်ကြည်နူးမှုအကြောင်းကို တမင်သက်သက် ပြောဆိုနေကြသည်။

ချီယွင်ဆောင်က ကြားစေရန် တမင်ပြောနေကြမှန်း ဘယ်သူက မသိဘဲ နေမှာလဲ။

သူတို့၏ သခင်မလေး ကြားလျှင် ဝမ်းနည်းနေမလားဟု တွေးပူနေမိကြသည်။

ပေါင်ချန်က ရွှယ်နင်၏ မျက်နှာကို သစ်ပေးပြီးနောက် လှည့်ကြည့်လိုက်ရာ ပေါင်ယွီ ကိုင်ထားသော ရေဇလုံလေး စောင်းနေတာကို တွေ့လိုက်ရသည်။

"ပေါင်ယွီ၊ ဘာတွေ ငေးနေတာလဲ။ ဒီနေ့ ဘာနေ့လဲဆိုတာ မသိဘူးလား"

ပေါင်ယွီက အမြန် သတိပြန်ဝင်လာသည်။

"အို... ကျွန်မ ခဏလောက် အတွေးလွန်သွားလို့ပါ... မမပေါင်ချန်၊ စိတ်မဆိုးပါနဲ့နော်"

"နင် သွားရည်တောင် ကျနေပြီ"

ပေါင်ချန်က သူမ ဘာတွေးနေလဲဆိုတာကို အတိအကျ သိနေသဖြင့် ပြောလိုက်သည်။ ချီယွင်ဆောင်တွင် ရှိသူတိုင်း ခြံဝင်းတံတိုင်းအပြင်ဘက်မှ ပြောဆိုသံများကို ကြားခဲ့ရသည်။ သူမက စိတ်ရှုပ်စွာဖြင့် ပြောလိုက်၏။

"ရေဇလုံကို အရင် အပြင်ထုတ်သွားလိုက်"

ပေါင်ယွီ မျက်နှာနီမြန်းကာ ပြာယာခတ်သွားသည်။

"ဒါဆို ကျွန်မ စားစရာ သွားပြင်လိုက်ပါဦးမယ်"

ရွှယ်နင်က လက်ကို မြှောက်ကာ ပေါင်ချန်၏ လက်ကောက်ဝတ်ကို ညင်သာစွာ ဖိကိုင်လိုက်သည်။

"ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ ကောင်မလေးရယ်"

"ကျွန်မ ဒေါသထွက်တာ မဟုတ်ပါဘူး"

ပေါင်ချန်က ပြန်ဖြေလိုက်ပြီး သူမ၏ မျက်ဝန်းများ အနည်းငယ် နီရဲလာသည်။

"ဒီ အတင်းပြောတဲ့ အဘွားကြီးတွေ စကားပြောတာ အရမ်းလွန်လွန်းလို့ပါ"

ရွှယ်နင်က တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သော်လည်း မိုးလင်းစအချိန်တွင် သူမ၏ ခြံဝင်းအပြင်ဘက်မှ စကားပြောသံများကို သဲ့သဲ့လေး ကြားခဲ့ရသည်။

သို့သော်လည်း အိပ်မောကျနေခဲ့သဖြင့် သူတို့ ဘာတွေပြောနေလဲဆိုတာကို သေချာ မကြားခဲ့ရပေ။

ငိုလုဆဲဆဲဖြစ်နေတဲ့ ပေါင်ချန်ကို ကြည့်ရုံဖြင့် ထိုအထိန်းတော်ကြီးများက သူမကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့ကြောင်း ထင်ရှားနေသည်။

အချိန်ကို ကြည့်လိုက်ပြီးနောက် ရွှယ်နင်က ကုတင်ပေါ်မှ ဆင်းကာ စနောက်လိုက်သည်။

"နင့်ရဲ့ သခင်မလေးက နင့်ဘက်ကနေ ရပ်တည်ပေးရမလား"

ပေါင်ချန်က အဝတ်စင်ပေါ်မှ ခရမ်းမှိုင်းရောင် ဂွမ်းထိုးအင်္ကျီကို ယူကာ သူမကို ဝတ်ပေးလိုက်သည်။

"ကျွန်မ တကယ် ဒေါသထွက်တာ မဟုတ်ပါဘူး၊ နာကြည်းမိရုံပါ။ ရှီဇီက လက်ထပ်ပြီးသွားပြီလေ၊ ဒါပေမယ့် အပြင်က လူတွေကတော့—"

သူမက နှုတ်ခမ်းကို စူလိုက်ပြီး တံခါးပေါက်ရှိ လူရိပ်များဆီသို့ မေးဆတ်ပြလိုက်၏။

"သခင်မလေးက ရှီဇီကို လက်ထပ်ချင်လွန်းလို့ သေမတတ်ဖြစ်နေတာပါဆိုပြီး သခင်မလေးကို တမင်သက်သက် အရှက်ခွဲနေကြတုန်းပဲ။ အခု ကျွင်းကျူးက ရှီဇီနဲ့ လက်ထပ်လိုက်ပြီဆိုတော့ သခင်မလေး ဘယ်လောက်တောင် သနားစရာကောင်းအောင် ငိုနေမလဲဆိုပြီး ပြောနေကြတာ။ ရှီဇီက ကောင်းပါတယ်၊ ဒါပေမယ့် သူက ရွှေတုံးရွှေခဲကြီးမှ မဟုတ်တာ— ဒီသစ်ပင်တစ်ပင်တည်းမှာပဲ ကြိုးဆွဲချသေရမှာလား။ ဒါ့အပြင် သခင်မလေးက စေ့စပ်ထားပြီးသားလေ၊ နောက်ဆယ့်ငါးရက်ဆို မင်္ဂလာဆောင်ရတော့မှာ။ အဲ့ဒါကို သူတို့ ဘယ်လိုလုပ် မေ့သွားရတာလဲ။ မနေ့ညက ရှီဇီနဲ့ သူ့ဇနီးတို့ အရမ်းကို ချစ်ခင်ကြင်နာခဲ့ကြတယ်တဲ့— အဲဒါက သခင်မလေးနဲ့ ဘာဆိုင်လို့လဲ။ သူတို့လုပ်သမျှက အတင်းပြောတာပဲ၊ သူတို့ ပါးစပ်တွေက ကောလာဟလတွေ ဖြန့်ဖို့လောက်ပဲ အသုံးကျတယ်၊ အလကားနေရင်း အမုန်းခံနေကြတာ။”

All Chapters