အခန်း ၁၄၂
Vol. 15 Ch. 142
အခန်း (၁၄၂) - လက်ဖက်ရည်ဆက်သခြင်း အခမ်းအနား
ရွှယ်နင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးလေးတစ်ခု ပေါ်လာသည်။
"တော်ပါတော့၊ ဒီနေ့က မင်းသမီးရှို့နင်းရဲ့ လက်ဖက်ရည်ဆက်သတဲ့ အခမ်းအနားလေ။ အသေးအဖွဲ ကိစ္စလေးတွေအတွက်နဲ့ ဒေါသမထွက်ပါနဲ့။"
ပေါင်ချန်က နာကြည်းစွာဖြင့် မေးလိုက်သည်။
"သခင်မလေး၊ သခင်မကြီးက သခင်မလေးကို တမင်သက်သက် လာခိုင်းတာလေ။ သခင်မလေး တကယ်ပဲ စိတ်မဆိုးဘူးလား"
"ဘာကို စိတ်ဆိုးရမှာလဲ။"
ရွှယ်နင်က ကြေးမုံပြင်ရှေ့တွင် ထိုင်ကာ ကျန်းမာတဲ့ အသွင်အပြင်သို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာသည့် သူမ၏ ပုံရိပ်ကို ကြည့်ရင်း နှုတ်ခမ်းထက်တွင် အပြုံးရေးရေးလေးတစ်ခု တွဲခိုနေဆဲပင်။
"စုကျန်းနဲ့ မင်းသမီးရှို့နင်းတို့ အရမ်းချစ်ကြတာက ငါ လိုလားတဲ့အရာပဲ။"
ဘာပဲဖြစ်ဖြစ် စုကျန်း အမြဲတမ်း ချစ်ခဲ့ရတဲ့သူက မင်းသမီးရှို့နင်းပဲလေ။
အရင်ဘဝတုန်းက သူမက သူ့ကို အတင်းအကျပ် ဖိအားပေးခဲ့ပြီး ကာမဆန္ဒကြွဆေးခတ်ကာ သူမကို လက်ထပ်ဖို့ အတင်းအကျပ် လုပ်ခဲ့တာဖြစ်သည်။
သူတို့၏ ဆယ်နှစ်တာ အိမ်ထောင်သက်တမ်းတစ်လျှောက်လုံး သူက သူမအပေါ် နွေးထွေးမှု တစ်စက်လေးတောင် မပြခဲ့ပေ။
အခုတော့ မင်းသမီးရှို့နင်းနှင့် မင်္ဂလာဦးည အပြီးမှာပဲ သူတို့နှစ်ယောက် အရမ်းချစ်ကြတယ်ဆိုတဲ့ ကောလာဟလတွေက ပြန့်နှံ့နေပြီ။
မင်းသမီးရှို့နင်းက စုကျန်း၏ ဖူးစာရှင်အစစ်ဆိုတာ ရှင်းနေတာပဲ။
မနေ့ညက သူ မင်းသမီးရှို့နင်းကို ဘယ်လောက်တောင် အလိုလိုက် ချစ်ခင်ခဲ့လဲဆိုတာကို သူမ နည်းနည်းလေးမှ ဂရုမစိုက်ဘူး။
ဒီလိုကိစ္စမျိုးတွေက အားကျစရာ တစ်စက်လေးမှ မကောင်းဘူး— နာကျင်ရသလို သက်တောင့်သက်သာလည်း မရှိဘဲ တစ်ခါတလေ ကိုယ့်ကိုကိုယ် ချုပ်တည်းထားရတာမျိုး။
စုကျန်းနှင့် ပတ်သက်ခဲ့ရသမျှ အရာတိုင်းက နာကျင်စရာချည်းမလို့ ပြန်တောင် မတွေးချင်တော့ပေ။
ဒီနာကျင်မှုတွေကို သူမ ငြီးငွေ့နေခဲ့တာ ကြာပြီ။
ရွှယ်နင်က အတွေးများကို ရုပ်သိမ်းလိုက်ပြီး မိခင်ဖြစ်သူ၏ ကျောက်စိမ်းဆံထိုးလေးကို ဆံထုံးတွင် ထိုးစိုက်လိုက်သည်။
နံနက်စာ မစားရသေးခင်မှာပင် ဝမ်ရှို့ဆောင်မှ အထိန်းတော်ကြီးယဲ့က သူမကို ကိုယ်တိုင်လာခေါ်သည်။
ပေါင်ချန်က ဒေါသတကြီး အံကြိတ်လိုက်၏။
"မင်းသမီးရှို့နင်း ယောက္ခမတွေကို လက်ဖက်ရည်ဆက်သတာက သခင်မလေးနဲ့ ဘာဆိုင်လို့လဲ။ အကြောင်းပြချက်တစ်ခုခုပေးပြီး မသွားတာ အကောင်းဆုံးပဲ။"
ရွှယ်နင်က ရယ်မောလိုက်သည်။
"ငါသာ မသွားရင် တခြားလူတွေက ငါ မနေ့ညက တစ်ညလုံး ငိုထားလို့ မျက်လုံးတွေ ဖောင်းအစ်နေပြီး ဒီနေ့ လူလုံးမပြရဲဘူးလို့ ထင်သွားကြမှာပေါ့။"
ပေါင်ချန် ဆွံ့အသွားတယ်။
"ဒါဆို နေမကောင်းဘူးလို့ အကြောင်းပြလို့ မရဘူးလား သခင်မလေး"
ရွှယ်နင်က ခေါင်းခါလိုက်ပြီး မတ်တတ်ရပ်ကာ ဝတ်ရုံကို ဝတ်ဆင်လိုက်သည်။ သူမ၏ မျက်နှာသွင်ပြင်က တည်ငြိမ်နေပြီး နူးညံ့သော အပြုံးတစ်ခုလည်း ရှိနေသည်။
"သူတို့ ငါ့ကို အနိုင်ကျင့်မှာကို နင် စိတ်ပူစရာ မလိုပါဘူး။ သခင်မကြီးရဲ့ ရည်ရွယ်ချက်က ငါ့နေရာ ငါသိအောင် သတိပေးချင်ရုံသက်သက်ပဲ— ငါက စုကျန်းရဲ့ သစ္စာဆိုထားတဲ့ ညီမ၊ မင်းသမီးရှို့နင်းရဲ့ ယောင်းမလေ။ ငါသာ သက်သေအဖြစ် မသွားဘူးဆိုရင် သူတို့က ငါ စုကျန်းအပေါ် မရိုးသားတဲ့ စိတ်ကူးတွေ ရှိနေတယ်လို့ စိုးရိမ်သွားနိုင်တယ်။"
ပေါင်ချန်က နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး စုမိသားစု၏ မောက်မာမှုကို မုန်းတီးနေသော်လည်း မတတ်နိုင်သလို ခံစားနေရသည်။
ရွှယ်နင်က အထိန်းတော်ကြီးယဲ့ကို ခဏစောင့်ရန်ပြောကာ မကြာမီ လိုက်လာမည်ဟု ပြောလိုက်သည်။
အပြင်ဘက်တွင် အအေးပတ်မှာကို စိုးရိမ်သဖြင့် ပေါင်ချန်က ရွှေရောင်ခြယ်ထားသော ပန်းပုလက်နွေးအိုးလေးကို သူမ၏ ရင်ခွင်ထဲသို့ ထည့်ပေးလိုက်သည်။
အရင်နှစ်က ရေထဲကျခြင်း၊ ဓားထိုးခံရခြင်းနှင့် ချောက်ကမ်းပါးပေါ်မှ ခုန်ချခြင်းစသည့် ဖြစ်ရပ်များကြောင့် ရွှယ်နင်၏ ခန္ဓာကိုယ်အခြေအနေမှာ အခြားသူများထက် ပို၍ အားနည်းနေသည်။
အခု နွေဦးအစောပိုင်းတွင် မနေ့ညက ကျဆင်းခဲ့သော နှင်းထုကြီးများက ယခုလေးတင် ရှင်းလင်းသွားခဲ့ပြီဖြစ်သည်။
သို့သော်လည်း စင်္ကြံလမ်းအပြင်ဘက်မှ လေပြေကတော့ အေးစိမ့်စိမ့် ရှိနေဆဲပင်။
နွေးထွေးသော အခန်းထဲမှ ထွက်လာသည်နှင့် ရွှယ်နင်က လည်ပင်းကို အနည်းငယ် ပုလိုက်ပြီး အထိန်းတော်ကြီးယဲ့နောက်မှ တိတ်တဆိတ် လိုက်ပါသွားသည်။
အထိန်းတော်ကြီးယဲ့က တစ်မူထူးခြားသော စိတ်သဘောထားရှိ၏။ သခင်မကြီးရှဲ့အနားတွင် နှစ်ပေါင်းများစွာ ခစားလာခဲ့သူဖြစ်တာကြောင့် သူမက အမြဲတမ်း တင်းမာပြီး အပြုံးကင်းမဲ့နေတတ်သည်။
ရွှယ်နင်က မျက်လွှာချကာ တည်ငြိမ်နေသော မျက်နှာအမူအရာဖြင့် ရှိနေတာကို မြင်တဲ့အခါ သူမ အနည်းငယ် ကျေနပ်သွားသည်။
အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန်ခန့် လမ်းလျှောက်လာပြီးနောက် ကျဉ်းမြောင်းသော လမ်းသွယ်လေးကို ဖြတ်ကာ စင်္ကြံလမ်းရှည်ကြီးကို ကျော်လွန်ပြီးချိန်တွင်တော့ ဝမ်ရှို့ခန်းမ၏ အဝင်ဝသို့ ရောက်ရှိလာကြသည်။
အထိန်းတော်ကြီးယဲ့ ချီယွင်ဆောင်သို့ ကိုယ်တိုင်သွားရောက်ခဲ့တာ ဒါ ပထမဆုံးအကြိမ်ပင်။ ချီယွင်ဆောင်နှင့် ဝမ်ရှို့ခန်းမကြား အကွာအဝေးက ဒီလောက်ဝေးကွာတာကို သူမ တစ်ခါမှ သတိမထားမိခဲ့ပေ။
ချီယွင်ဆောင်နှင့် မင်ယွဲ့ခြံဝင်းကြား အကွာအဝေးကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
အရင်တုန်းက ရွှယ်နင်တစ်ယောက် ရှီဇီအတွက် အစားအသောက်များ ပို့ပေးရန် မင်ယွဲ့ခြံဝင်းကို နေ့တိုင်းသွားရောက်ဖို့ အချိန်တွေ ဘယ်လိုများ ရခဲ့သလဲဆိုတာ အံ့သြစရာပဲ။
ဤမျှ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာနှင့် မြတ်နိုးမှုကြောင့် အထိန်းတော်ကြီးယဲ့ကဲ့သို့ ခပ်တည်တည်နေတတ်သူပင်လျှင် စိတ်ထဲမှ သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်ရသည်။
"ဒီနေ့က ရှီဇီနဲ့ မင်းသမီးရှို့နင်းတို့ လက်ထပ်တဲ့ မင်္ဂလာရှိတဲ့နေ့ပဲ။ ဘာကို ပြောသင့်တယ်၊ ဘာကို မပြောသင့်ဘူးဆိုတာ သခင်မလေး နားလည်လိမ့်မယ်လို့ ယုံကြည်ပါတယ်။"
ရွှယ်နင်က ညင်သာစွာ ပြုံးလိုက်သည်။
"စိတ်ချပါ အထိန်းတော်ကြီး။ အားနင် နားလည်ပါတယ်။"
အိမ်တော်မှ လူကြီးများ လုံးဝ စိတ်အေးသွားစေရန်အတွက် သူမက ဟန်ရေးပြရုံသက်သက်သာ လုပ်ဆောင်နေခြင်းဖြစ်သည်။
ရွှယ်နင်၏ စကားကြောင့် အထိန်းတော်ကြီးယဲ့က သူမကို ခြံဝင်းအတွင်းသို့ ခေါ်ဆောင်သွားလေသည်။
ဧည့်ခန်းမဆောင်ကြီးထဲတွင် စုမိသားစုဝင် အများအပြား နေရာယူထားကြပြီးဖြစ်၏။
ဒုတိယအိမ်တော်ခွဲနှင့် တတိယအိမ်တော်ခွဲမှ လူများလည်း ရောက်ရှိနေကြပြီ။
စုယင်ကတော့ ရောက်မလာခဲ့ပေ။ နွေဦးတောအုပ်ပွဲတွင် အရှက်ကွဲခဲ့ပြီးနောက် လူလုံးထွက်ပြရန် ရှက်ရွံ့နေခြင်း ဖြစ်နိုင်သည်။
သခင်မလျို၏ မျက်နှာက ဖြူဖျော့နေပြီး သခင်မတုန်းကတော့ သဘောကျနေဟန်ရှိကာ စုချင်းက သခင်မတုန်းဘေးတွင် မှီခိုနေရင်း သူမ၏ မျက်ဝန်းများတွင် လှောင်ပြောင်လိုသည့် အရိပ်အယောင်များ စွန်းထင်းနေသည်။
ကိုယ်လုပ်တော်နျဲ့က သခင်မကြီးရှဲ့၏ ဘေးတွင်ရပ်ကာ ပြုစုနေ၏။ ၎င်းနေရာမှာ တစ်ချိန်က သခင်မကျန်း ရယူခဲ့သော နေရာပင်။
သို့သော်လည်း သခင်မကျန်းက ယခု ပင်မအိမ်တော်၏ ထိုင်ခုံတွင် ထိုင်နေပြီး သူမဘေးတွင် အပြစ်ကင်းစင်ပုံရသော စုမန် ရှိနေသည်။
စုယွီ၏ မျက်နှာအမူအရာက တင်းမာနေပြီး သူ့ဘေးတွင် ထိုင်နေတဲ့ စုမိုင်ကတော့ အတွေးလွန်နေဆဲဖြစ်သည်။
စုမိုင်က မင်းသားရီနှင့်အတူ တုန်းကျင်းမြို့သို့ ပြန်ရောက်လာတာ ရက်အနည်းငယ်သာ ရှိသေး၏။ မြို့တော်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ရွှယ်နင်နှင့် လီချန်ချဲ့တို့ မကြာမီ လက်ထပ်တော့မည့် သတင်းကို ကြားလိုက်ရသည်။ ထိုအချိန်မှစ၍ သူက စုကျန်း၏ မင်္ဂလာစားသောက်ပွဲကိုပင် မတက်ရောက်ဘဲ သူ့ခြံဝင်းထဲတွင်သာ တံခါးပိတ်နေခဲ့သည်။ သူ့ကို ဘာဖြစ်သွားမှန်း ဘယ်သူမှ မသိကြပေ။
ရွှယ်နင်က မျက်လွှာချကာ ဧည့်ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာပြီး သခင်မကြီးရှဲ့ကို ရိုသေလေးစားစွာ ဂါရဝပြုလိုက်သည်။
ဘေးဖယ်ကြည့်နေသူများက သူမ၏ အမူအရာကို အကဲခတ်လိုက်ကြသည်။ ခရမ်းမှိုင်းရောင် ပန်းထိုးဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျက်သရေရှိကာ နူးညံ့သိမ်မွေ့သည့် အသွင်အပြင်က ကြင်နာယုယဖွယ်ကောင်းသော ဆွဲဆောင်မှုကို ထုတ်လွှင့်နေသည်။ ကြာပန်းလေးကဲ့သို့ နုနယ်လှပသော မျက်နှာပြင်ပေါ်တွင် ကျော့ရှင်းသော မျက်ခုံးလေးများက ပြေလျော့နေပြီး နှုတ်ခမ်းများကလည်း နွေးထွေးစိုပြည်နေကာ ဝမ်းနည်းပူဆွေးမှု သို့မဟုတ် စိတ်သောကရောက်နေသည့် အရိပ်အယောင် တစ်စက်လေးမှ မရှိပေ။တောက်ပကြည်လင်နေသော မျက်ဝန်းများက ခြောက်သွေ့နေပြီး မျက်ရည်တစ်စက်မျှပင် မရှိပါချေ။
သခင်မကြီးရှဲ့က သူမကို ခဏလောက် အေးစက်စက် စိစစ်ကြည့်ရှုလိုက်ပြီးနောက် ထရန် အချက်ပြလိုက်ကာ စုမန်၏ဘေးတွင် နေရာချပေးရန် အစေခံတစ်ယောက်ကို အမိန့်ပေးလိုက်သည်။
ရွှယ်နင်က သက်တောင့်သက်သာပင် ထိုင်လိုက်ပြီး စုမန်နှင့် တီးတိုးစကား အနည်းငယ် ဖလှယ်နေစဉ်မှာပင် အပြင်ဘက်မှ အစေခံမလေးတစ်ဦးက ကြေညာလိုက်သည်။
"ရှီဇီနဲ့ ဇနီးသည်တို့ ရောက်လာပါပြီ"
အားလုံး၏ မျက်နှာများ ချက်ချင်း လင်းလက်သွားပြီး မျက်လုံးနှင့် မျက်ခုံးစွန်းများတွင် အပြုံးများ ပေါ်လာကြသည်။
မင်းသမီးရှို့နင်းက နယ်စားမင်းအိမ်တော်တွင် အတန်ကြာ နေထိုင်ခဲ့ဖူးသဖြင့် အားလုံးနှင့် ရင်းနှီးပြီးသားပင်။
သို့သော်လည်း မင်္ဂလာဆောင်အပြီး နောက်တစ်နေ့တွင် ပြုလုပ်ရသည့် လက်ဖက်ရည်ဆက်သခြင်း အခမ်းအနားနှင့် မိသားစုဝင်များကို မိတ်ဆက်ပေးခြင်းက မလုပ်မဖြစ် လုပ်ရမည့် လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်နေဆဲဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ရွှယ်နင်က ဂရုမစိုက်ဘဲ အပြုံးရေးရေးလေးဖြင့် လိမ္မာရေးခြားရှိစွာ ထိုင်နေကာ စည်းမျဉ်းကျင့်ဝတ်များကို အပြည့်အဝ ထိန်းသိမ်းထားလေသည်။
စုကျန်းနှင့် မင်းသမီးရှို့နင်းတို့ လက်ချင်းချိတ်ကာ ဝင်ရောက်လာတဲ့အခါ သူမက မျက်လွှာကို အနည်းငယ် ပင့်လိုက်ပြီး အခြားသူများနှင့်အတူ ယနေ့၏ သတို့သမီးကို လေ့လာကြည့်ရှုလိုက်သည်။
မင်းသမီးရှို့နင်းက အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး၏ ဝတ်စားဆင်ယင်မှုမျိုးကို ဝတ်ဆင်ထားပြီး တစ်ချိန်က လွတ်လပ်စွာ ကျဆင်းနေသော ဆံပင်ရှည်များကို ယခုအခါ အမြင့်သို့ ဆံထုံး ထုံးဖွဲ့ထားသည်။
သူမ၏ ကျောက်စိမ်းရောင် အပေါ်ဝတ်ရုံရှည်၏ အနားသတ်များတွင် မြေခွေးဖြူမွေးများ တပ်ဆင်ထားပြီး မြစိမ်းရောင် စကတ်နှင့် အရောင်ဖျော့သော အင်္ကျီတို့ကို တွဲဖက်ဝတ်ဆင်ထားသည်။
သူမက ရင့်ကျက်တဲ့ အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုအပြည့်ဖြင့် အရပ်မြင့်မားသော အမျိုးသား၏ဘေးတွင် ကျော့ရှင်းစွာ လျှောက်လှမ်းလာပြီး သူမ၏ ခြေလှမ်းများက ပေါ့ပါးကာ ကိုယ်လုံးလေးက ယိမ်းနွဲ့နေသည်။ သူမ၏ အပြုံးနှင့် အကြည့်တိုင်းတွင် မင်္ဂလာဆောင်ခါစ သတို့သမီးတစ်ဦး၏ ရှက်သွေးဖြာမှုများ ပါဝင်နေသည်။
သူမ ဝင်လာစဉ် အမျိုးသားကို တစ်စုံတစ်ရာ တီးတိုးပြောလိုက်၏။
အရပ်မြင့်မားသော အမျိုးသားက ခေါင်းလှည့်ကာ သူမကို ကြည့်လိုက်သည်။
တစ်ညတည်းနှင့်ပင် ငယ်ရွယ်တဲ့ မိန်းမပျိုလေးက မိုးရေသောက်သုံးထားရသော နွေဦးပန်းလေးတစ်ပွင့်လို ဖူးပွင့်လာသကဲ့သို့ ဖြစ်နေပြီး မြတ်နိုးယုယခံရသော မိန်းမတစ်ဦး၏ ဆွဲဆောင်မှုကို ထုတ်ဖော်ပြသနေသည်။
အထိန်းတော်ကြီးများ၏ စကားများက အမှန်ဖြစ်ပုံပင်။
မနေ့က စုကျန်းသည် ရှဲ့နင်းထန်ကို တစ်ညလုံး အလိုလိုက် ချစ်ခင်ခဲ့သည်။
ဒါက သူ တကယ်ချစ်ရတဲ့သူအပေါ် ထားရှိတဲ့ ပုံစံမျိုးပဲ ဖြစ်ရမယ်— သူမအပေါ် ပြသခဲ့ဖူးတဲ့ အေးစက်မှုများ လုံးဝကင်းမဲ့နေပြီး သူ၏ နက်ရှိုင်းသော မျက်ဝန်းများက ထိုအမျိုးသမီးအတွက် နူးညံ့ကြင်နာမှုနှင့် ချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်နှက်နေတယ်။
အရင်ကဆိုလျှင် ဒီလိုမြင်ကွင်းမျိုးကို တွေ့လိုက်ရပါက ရွှယ်နင် သေချာပေါက် အလွန်အမင်း နာကျင်ရလိမ့်မယ်။
ယခုတော့ သူမ၏ ရင်ထဲမှာ ထူးထူးခြားခြား လှုပ်ခတ်မှု ဘာတစ်ခုမှ မခံစားရတော့ပေ။ စုကျန်း၏ အေးစက်စက် အကြည့်များနှင့် ဆုံမိချိန်တွင်သာ သူမက အပြုံးရေးရေးလေး တစ်ခု တုံ့ပြန်လိုက်သည်။
သူမနှင့် စုကျန်းကြားရှိ ဘဝနှစ်ဆက်စာ ရန်ငြိုးများက နောက်ဆုံးတွင် ပြေလည်သွားခဲ့ပြီ။
စုကျန်းနှင့် မင်းသမီးရှို့နင်းတို့ အချစ်တွေ၊ သဟဇာတဖြစ်မှုတွေနဲ့ အတူတကွ အိုမင်းရင့်ရော်သွားကြဖို့ သူမ ရိုးသားစွာ ဆုတောင်းပေးမိတယ်။
သူမ၏ မျက်ဝန်းထဲမှ ကောင်းချီးပေးမှုနှင့် ဝမ်းမြောက်မှုတို့က အစစ်အမှန်ပင်။
သို့သော် စုကျန်း ပြန်ပေးလာသော အကြည့်က စူးရှကာ ခပ်ကင်းကင်းနိုင်ပြီး မည်သည့် ကျေနပ်မှုမျိုးမှ မပါဝင်ချေ။
ရွှယ်နင်က ဘာကြောင့်မှန်း နားမလည်သော်လည်း ဂရုမစိုက်တော့ဘဲ အကြည့်ကို ညင်သာစွာ လွှဲဖယ်လိုက်သည်။
မင်္ဂလာမောင်နှံက လူအုပ်ကြီး၏ အကြည့်များကို လက်ခံရယူရန် ရှေ့သို့ တက်လာခဲ့ကြသည်။
အစေခံမလေးတစ်ဦးက ရေနွေးကြမ်း ပြင်ဆင်ပြီးဖြစ်ကာ ရှဲ့နင်းထန်၏ အနောက်တွင် ရပ်နေလေသည်။