← Chapters

အခန်း ၄၀၈

Vol. 41 Ch. 408

အခန်း ၄၀၈

Vol. 41 Ch. 408

🍋 Chapter 408

အတည်ပြုချက် ရပြီးနောက် ရန်ကျိ သည် မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားလိုက်သည်။

"အစ်ကိုချောင် ဒါဆိုရင်တော့ ကျိုးထျန်း နောက်ယှက်နေတာကို စိုးရိမ်နေဖို့ မလိုတော့ဘူးလို့ ကျွန်တော် ထင်တယ်၊ သူ ကျွန်တော်တို့ကို ဘယ်လိုမှ တားဆီးနိုင်တော့မှာ မဟုတ်ဘူး"

"အာ အဲဒါ ဘာကို ဆိုလိုတာလဲ"

ဝတုတ်လေးက မိမိ၏ အပြစ်ကင်းစင်ပြီး နမော်နမဲ့နိုင်သော အမူအရာကို အစွမ်းကုန် ဖော်ပြလိုက်သည်။

"စဉ်းစားကြည့်လေ သူက ဒီလို ဘော့စ်ကြီးတစ်ယောက်ကို စော်ကားမိထားတာ၊ ထိခိုက်မှုမရှိဘဲ လွတ်မြောက်နိုင်ပါ့မလား"

"သူ အရင်က ဒီလောက်အထိ ထောင်ထောင်ထောင်ထောင် လုပ်နိုင်ခဲ့တာက မင်းတို့ ချောင် မိသားစုရဲ့ ဩဇာအာဏာကြောင့်လေ”

“အခုတော့ အဘိုးကိုယ်တိုင် စကားဆိုလာပြီဆိုမှတော့ သူက လမ်းဘေးခွေးလေခွေးလွင့် ဖြစ်သွားပြီပေါ့"

ဝတုတ်လေးက ခေါင်းခါယမ်းလိုက်သည်။

"မင်း သူ့အကြောင်းကို မသိသေးဘူး၊ ကျိုးထျန်း က အရမ်း ကလိန်ကကျစ်ကျတဲ့ လူမျိုးမလို့ ဒီလောက်နဲ့တင် လွယ်လွယ်နဲ့ ရှုံးနိမ့်သွားမှာ မဟုတ်ဘူး"

"သူ အရင်ကလည်း ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရဖူးတယ်၊ ဒါပေမဲ့ အားလုံးကို အောင်မြင်အောင် ဖြေရှင်းနိုင်ခဲ့တာချည်းပဲ၊ ဒီတစ်ကြိမ်လည်း ချွင်းချက်ဖြစ်မှာ မဟုတ်ဘူး ထင်တယ်"

"ဟဲဟဲ အစ်ကိုချောင် တွေးလွန်နေတာပါ၊ ဒီတစ်ကြိမ်တော့ ကျိုးထျန်း ကံကောင်းမှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်" ရန်ကျိ က ပြုံးလျက် ပြောဆိုလိုက်သည်။

"ဩော် မင်းက ငါမသိတဲ့ အချက်အလက်တစ်ခုခုကို သိထားလို့လား"

ဝတုတ်လေးက ဇဝေဇဝါဖြစ်ဟန်ဖြင့် အလေးအနက် မေးမြန်းလိုက်၏။

"ဟဲဟဲ!"

ရန်ကျိ က ဘာမှ ထပ်မပြောဘဲ တဟားဟားသာ ရယ်မောနေခဲ့သဖြင့် လူတိုင်းကို အလွန်အမင်း စိတ်မရှည် ဖြစ်စေခဲ့သည်။

ဘေးတွင် ရပ်နေသော ချင်ယွမ် ကလည်း ကလိန်ကကျစ်ကျသော အမူအရာဖြင့် လိုက်လံရယ်မောနေခဲ့သည်။

"မင်းတို့ တစ်ခုခု သိထားတာ သေချာတယ်၊ ငါ့ကို မြန်မြန် ပြောပြစမ်းပါ!"

ဝတုတ်လေးက အနည်းငယ် စိတ်လှုပ်ရှားနေသည့်အလား ရန်ကျိ ၏ လက်မောင်းကို လှမ်း၍ ဆွဲကိုင်လိုက်သည်။

"အစ်ကိုချောင် စိတ်မလောပါနဲ့၊ ဒါကိုတော့ ကျွန်တော် ပြောပြလို့မရဘူးလေ၊ ဟဲဟဲ"

သူ့ရယ်သံမှာ အလွန်ပင် ကာမဂုဏ်လိုက်စားသူတစ်ဦးကဲ့သို့ ရော်ရော်ဝါဝါနိုင်လှပြီး ရန်ကျိ ၏ စရိုက်မှန်ကို ဖော်ပြနေပေသည်။

သူက နှုတ်ဆိတ်နေလေလေ ပြောပြချင်စိတ် ပြင်းပြနေပြီး စနောက်နေခြင်းသာဖြစ်ကြောင်း ပို၍ ထင်ရှားလေလေ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကျိုးထျန်းသည် ယခင်ဖြစ်ရပ်နှစ်ခုမှတစ်ဆင့် သူ့စရိုက်ကို ကောင်းစွာ သဘောပေါက်ထားပြီးဖြစ်၍ ဖြစ်၏။

ကလိန်ကကျစ်ကျခြင်း၊ ပျင်းရိခြင်း၊ လောဘကြီးခြင်းနှင့် ယုတ်မာခြင်းတို့မှာ ပြောနေစရာပင် မလိုတော့ချေ။

အဓိကအချက်မှာ သူသည် ထောင်လွှားပြီး သူတစ်ပါးကို အထင်သေးတတ်ကာ မိမိကိုယ်ကိုယ် အမြဲတမ်း မှန်ကန်သည်ဟု ထင်မြင်ပြီး ကြွားဝါရခြင်းကို နှစ်သက်သူ ဖြစ်သည်။

သူ၏ ကြွားဝါမှုမှာ မျက်နှာပေါ်တွင်ပင် ဖုံးကွယ်ထား၍ မရနိုင်ဘဲ မိမိကိုယ်ကိုယ် အလွန် လိမ္မာပါးနပ်ကြောင်း ဖော်ပြနေသည့် လမ်းညွှန်စာအုပ်တစ်အုပ်ကို ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားလိုသည့်အလား ဖြစ်နေပေသည်။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့်တစ်ကြိမ်က ဝတုတ်လေးမှာ ပျားရည်ထောင်ချောက်ထဲသို့ ထောက်ချောက်ဆင်ခြင်း ခံရစဉ်ကလည်း ဤကောင်က ပထမဆုံး ခုန်ထွက်လာပြီး ဝတုတ်လေးအတွက် ပြဿနာကို ဖြေရှင်းပေးရန် ကမ်းလှမ်းခဲ့ဖူးသောကြောင့်ပင်။

ဝတုတ်လေးမှာ အနည်းငယ် ဦးနှောက်မပြေးဘဲ အစပိုင်းတွင် အပြည့်အဝ ယုံကြည်မိလုနီးပါး ဖြစ်ခဲ့သော်လည်း ကျိုးထျန်းကမူ မအချေ။

အကယ်၍ ၎င်းတို့က တိတ်တဆိတ် ပုန်းကွယ်နေပြီး မိမိတို့၏ အောင်မြင်မှုများကို ဖုံးကွယ်ကာ မျက်နှာလိုမျက်နှာရ ပြုလုပ်ခဲ့မည်ဆိုပါက သူက ယခုကဲ့သို့ လွယ်လွယ်ကူကူ သံသယဝင်မိမည် မဟုတ်ပေ။

သို့သော် ဤကဲ့သို့ တက်တက်ကြွကြွ ကြွားဝါခြင်းမှာ အလွန်ပင် သိသာလွန်းလှသည်။

ထို့ကြောင့် ကျိုးထျန်းသည် ရန်ကျိ ဘက်မှ အမှားအယွင်း ရှိလာလိမ့်မည်ဟု တွက်ချက်ထားခဲ့သဖြင့် ယနေ့တွင် ဤနေရာ၌ ထိုင်၍ ပြဇာတ်ကို နားထောင်ရန် ယုံကြည်မှုအပြည့် ရှိနေခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့် သူ့အစီအစဉ် အောင်မြင်သွားပြီးနောက်တွင် ရန်ကျိ အနေဖြင့် ဘယ်လိုလုပ် မကြွားဘဲ နေနိုင်ပါမည်နည်း။

ထို့အပြင် ဝတုတ်လေးနှင့် သူက အလွန် ရင်းနှီးကြသည်ဖြစ်ရာ ကျိုးထျန်းအပေါ် မိမိ၏ အပြည့်အဝ အောင်နိုင်မှုကို ပြောပြခြင်းက ရန်ကျိ အား ပိုမို၍ အောင်မြင်မှု ခံစားချက်ကို ရရှိစေမည်သာ ဖြစ်သည်။

ဤအချိန်တွင် ကျိုးထျန်းနှင့်အတူ လိုက်ကာနောက်ကွယ်တွင် ထိုင်နေသော ဘော့စ်ကျင်း မှာ ခန္ဓာကိုယ်ကို မတ်လိုက်မိသည်။

သူသည် ကျိုးထျန်း၏ ရည်ရွယ်ချက်ကို အပြည့်အဝ သဘောပေါက်သွားခဲ့ပြီဖြစ်ရာ သူ့မျက်နှာမှာ အလွန် တင်းမာနေပြီး အသက်ရှူသံများပင် ကမောက်ကမ ဖြစ်လာခဲ့ရသည်။

ကျိုးထျန်းကမူ ဘော့စ်ကျင်း အတွက် လက်ဖက်ရည်တစ်ခွက်ကို တိတ်ဆိတ်စွာပင် ထပ်မံ ငှဲ့ပေးလိုက်၏။

လိုက်ကာအပြင်ဘက်တွင် ဝတုတ်လေးမှာ အလျင်လိုနေသည့် အမူအရာဖြင့် ရန်ကျိ ၏ လက်မောင်းကို အားပြင်းစွာ လှုပ်ခါလိုက်သည်။

"အစ်ကိုရာ မင်း တစ်ခုခု သိထားတာ သေချာတယ်၊ ငါ စိတ်အေးလက်အေး ဖြစ်သွားအောင် ငါ့ကို မြန်မြန် ပြောပြစမ်းပါ"

ဝတုတ်လေးက ကျိုးထျန်း၏ ညွှန်ကြားချက်အတိုင်း ပြောဆိုလိုက်သည်။

ရန်ကျိ က ဝတုတ်လေး၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်လိုက်၏။

"စိတ်အေးလက်အေး?"

"စိတ်အေးလက်အေး ဖြစ်သွားပြီဆိုမှတော့ ငါ့ကို ယုံကြည်သွားပြီး အကျိုးအမြတ်တွေကို ရက်ရက်ရောရော လွှဲပေးတော့မှာပေါ့၊ ဒါဟာ အစစ်အမှန် ယုံကြည်မှုပဲ"

ရန်ကျိ က ချင်ယွမ် အား မျက်စတစ်ချက် ပစ်ပြလိုက်ရာ နောက်ဆုံးလူက ထရပ်လိုက်ပြီး တံခါးဝသို့ သွားရောက်စစ်ဆေးကာ စားပွဲထိုးများ မရှိကြောင်း သေချာအောင် ပြုလုပ်လိုက်သည်။

ကျိုးထျန်း ခဏ စိုးရိမ်သွားခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် သူက လိုက်ကာဘက်သို့ ဦးတည်မလာခဲ့ခြင်းဖြစ်၏။

သို့မဟုတ်ပါက အမိဖမ်းခြင်း ခံရပေလိမ့်မည်။

သူက သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် စိတ်အေးသွားခဲ့သည်။

ဤလူနှစ်ဦးမှာ ဝန်ခံတော့မည် ဖြစ်သည်။

ချင်ယွမ် က ခေါင်းညိတ်ပြလိုက်ပြီး မိမိနေရာသို့ ပြန်လာခဲ့သည်။

ရန်ကျိ က သိနားလည်စွာ ပြုံးလိုက်ပြီး ဝတုတ်လေးကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောပြလိုက်သည်။

"အစ်ကိုချောင် မင်းလည်း ကျိုးထျန်း ကို မုန်းတယ် မဟုတ်လား"

"ဟုတ်တာပေါ့ ငါ အရင်က သူ့ကို အသုံးဝင်တဲ့ အရည်အချင်းရှိသူတစ်ယောက်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ သူက ဒီလောက်အထိ ယုတ်မာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ပြီးတော့ အဓိကအချက်က ငါ့အဘိုးကိုယ်တိုင်က သူ့ကို စရိုက်မကောင်းဘူးလို့ ထင်နေတာပဲ"

"အဘိုးရဲ့ အမြင်က တကယ်ကို စူးရှတာပဲ!"

"ဟူး ငါက အစက သူ့ကို သူငယ်ချင်းအဖြစ် သဘောထားချင်တာ၊ ဒါပေမဲ့ အခုကြည့်ရတာ အဆက်အသွယ် ဖြတ်ရုံတင်မကဘဲ လုံးဝကို ဆက်ဆံရေး အပြတ် ဖြတ်ရတော့မယ်၊ မဟုတ်ရင် ငါ့အဘိုးကို ရှင်းပြဖို့ ခက်လိမ့်မယ်"

"ဟားဟားဟား အစ်ကိုချောင်၊ သေချာတာပေါ့၊ ကျွန်တော် နားလည်ပါတယ်၊ အဘိုးက ပညာရှိတစ်ဦးလေ၊ အရာရာကို မြင်တွေ့ဖူးသူဆိုတော့ သူ့စကားက ရွှေထက်တန်ဖိုးရှိတာမလို့ ငါတို့ နာခံရမှာပေါ့"

"ဒါကြောင့်မလို့ လွန်ခဲ့တဲ့တစ်ကြိမ်က ချင်ယွမ် ကို ခိုင်းပြီး မင်းအတွက် အဲဒီမိန်းမရဲ့ ပြဿနာကို ဖယ်ရှားပေးခဲ့သလိုမျိုး၊ ဒီတစ်ကြိမ်လည်း မင်းအတွက် ကျိုးထျန်း ဆိုတဲ့ ကြီးမားတဲ့ ခြိမ်းခြောက်မှုကို ဖယ်ရှားပေးလိုက်တာပေါ့"

"အာ အဲဒါ ဘာကို ဆိုလိုတာလဲ"

ရန်ကျိ ၏ မျက်နှာတွင် အတိုင်းအထက်အလွန် ထောင်လွှားသော အမူအရာ ထွက်ပေါ်လာခဲ့ပြီး အထက်စီးဆန်သော လေသံဖြင့် ပြောဆိုလိုက်သည်။

"ငါက မင်းထက် ခြေတစ်လှမ်း စောသွားပြီလေ၊ အဲဒီ ကျိုးထျန်း ကတော့ ဒီတစ်ကြိမ်မှာ သေချာပေါက် လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး"

"သူ့ရဲ့ ပြိုင်ဘက်က အဲဒီ ဥက္ကဋ္ဌကျင်း ပဲ"

"ဥက္ကဋ္ဌကျင်း ရဲ့ စွမ်းဆောင်ရည်က လုပ်ငန်းရှင်တွေကြားထဲမှာ ထိပ်တန်းပဲ၊ ပြီးတော့ မြို့တော်မှာလည်း ကြီးမားတဲ့ ဆက်ဆံရေးကွန်ရက် ရှိတယ်”

“မင်းတို့နဲ့ ဆက်ဆံရေးပဲ ရှိတဲ့ ကျိုးထျန်းနဲ့ မတူဘဲ ဥက္ကဋ္ဌကျင်း မှာက နေရာတိုင်းမှာ ဆက်ဆံရေး ရှိတာ"

ဝတုတ်လေးက ခေတ္တမျှ စဉ်းစားဟန် ဆောင်လိုက်ပြီးနောက် တုန်လှုပ်ချောက်ချားသွားသော အမူအရာကို ဖော်ပြလိုက်သည်။

"မင်း မင်း၊ ဒါဆို ကျိုးထျန်း နဲ့ ဥက္ကဋ္ဌကျင်း ကြားထဲက ကိစ္စက မင်းနဲ့ ပတ်သက်နေတာလား?!"

"သေချာတာပေါ့ ငါကိုယ်တိုင် လုပ်ခဲ့တာ!"

ရန်ကျိ က ထရပ်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလိုက်သည်။

ဝတုတ်လေးက သူ့လက်များကို အပြင်းအထန် တီးလိုက်တော့သည်။

ဖြောင်း ဖြောင်း ဖြောင်း၊ ဖြောင်း ဖြောင်း ဖြောင်း၊ ဖြောင်း ဖြောင်း ဖြောင်း

"ကောင်းတယ် အစ်ကိုရန်၊ မင်းက တကယ်ကို ဂုဏ်သရေရှိ မိသားစုက ဆင်းသက်လာသူပီသပါတယ်၊ မင်းရဲ့ အမြော်အမြင်ကို ငါ တကယ်ကို အားကျမိတယ်"

စိတ်ထဲမှ - ‘တောက် မင်း မျက်စိကန်းနေတာပဲ’

"ငါ မစဉ်းစားမိခင်ကတည်းက မင်းက ပြီးပြည့်စုံတဲ့ အစီအစဉ်တစ်ခုကို လုပ်ပြီးသားဖြစ်နေပြီ၊ မင်းက တကယ့်ကို ပညာရှိပဲ"

စိတ်ထဲမှ - ‘ငတုံးကောင်’

"ငါ အစ်ကိုရန်နဲ့ အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးရမယ်၊ မင်းက ငါ့အတွက် ကြီးမားတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းပေးခဲ့တာမလို့ ငါ တကယ်ကို ဝမ်းသာမိတာပဲ"

‘ နောက်မှ ငါ မင်းကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်လိုက်ဦး!’

ရန်ကျိ က ဝတုတ်လေးအား ငြိမ်သက်ရန် လက်ဟန်ပြလိုက်သည်။

သူ့အရည်အချင်းနှင့် စွမ်းရည်ကို လက်ခုပ်တီး ချီးကျူးခြင်းမှာ အဆင်ပြေသော်လည်း လက်ခုပ်သံ ကျယ်လွန်းပါက အခြား သီးသန့်အခန်းများရှိ ဧည့်သည်များကို နှောင့်ယှက်မိနိုင်ပေသည်။

နှိမ့်ချတတ်ရန် သိရှိနေခြင်းမှာပင် ချီးကျူးစရာ ဖြစ်နေပြီဖြစ်သည်။

ရန်ကျိ သာ မြေခွေးတစ်ကောင်ဖြစ်ပါက သူ့အမြီးမှာ ကောင်းကင်သို့ ထောင်တက်နေလောက်ပြီဖြစ်ရာ အလွန်အမင်း ထောင်လွှားနေခဲ့သည်။

ဝတုတ်လေးက ရန်ကျိ အား ဆွဲခေါ်လိုက်ပြီး နှစ်ဦးသား မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။

"အစ်ကိုရာ မင်း တကယ့်ကို ပြောင်မြောက်စွာ လုပ်ဆောင်ခဲ့တာပဲ! မင်း ဘယ်လိုလုပ်ခဲ့လဲဆိုတာကိုတောင် ငါ မသိဘူး၊ ငါ့ကို ပြောပြလို့ရမလား၊ ငါ့အတွက် သင်ခန်းစာတစ်ခု၊ အမြင်ကျယ်စေမယ့် ကိစ္စတစ်ခုအနေနဲ့ပေါ့"

"ဟားဟားဟား အစ်ကိုချောင်၊ မင်းကလည်း အားနာစရာကြီး၊ ဒါက ဘာမှမဟုတ်ပါဘူး၊ အနားကို တိုးလာခဲ့လေ၊ ငါ မင်းကို ပြောပြမယ်"

ဝတုတ်လေးက အနားသို့ တိုးကပ်သွားခဲ့ပြီး ရန်ကျိ က သူ့အစီအစဉ်ကို စတင်ရှင်းပြတော့သည်။

"အာ မင်းက ပြိုင်ပွဲကနေ ပြုတ်သွားတဲ့ ပြိုင်ပွဲဝင်ကောင်မလေးကို ငွေပေးပြီး ဝယ်ယူခဲ့တာကိုး!"

ဝတုတ်လေးက လိုက်ကာနောက်ကွယ်ရှိ လူနှစ်ဦး သေချာစွာ ကြားရစေရန်အတွက် တမင်တကာ အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်သည်။

"အစ်ကိုချောင် မအံ့ဩပါနဲ့၊ အသံကို နည်းနည်း လျှော့ပါဦး"

ရန်ကျိ က သူ့လက်ညှိုးကို ပါးစပ်ဝတွင် တင်၍ တိုးတိုးနေရန် အမူအရာ ပြလိုက်သည်။

"ဩော် ဩော် ဩော်၊ ငါ စိတ်လှုပ်ရှားသွားလို့ပါ၊ ဆက်ပြောပါဦး"

"ဘာလဲ မင်းက မမကျင်း မှာ မြေပဲဓာတ်မတည့်တဲ့ ရောဂါရှိတာကို သိထားလို့ အဲဒီကောင်မလေးကို ထမင်းဘူးရဲ့ အညွှန်းကို ပြောင်းခိုင်းခဲ့တာလား!"

"အသံ လျှော့ပါဦးဆို"

"မမကျင်း က သေမသွားတာကို မင်းက နှမြောနေတာပေါ့၊ မဟုတ်ရင် ကျိုးထျန်း က ဒီထက်ပိုပြီး ဆိုးတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်ရမှာမလို့လား!"

"ရှူး"

လူနှစ်ဦးမှာ လိုက်ကာအပြင်ဘက်တွင် စကားစမြည် ပြောဆိုနေကြစဉ် လိုက်ကာနောက်ကွယ်ရှိ ကျိုးထျန်းကမူ တည်ငြိမ်စွာပင် သူ့လက်ဖက်ရည်ကို မပြောင်းလဲသော အမူအရာဖြင့် သောက်နေခဲ့သည်။

သို့သော်လည်း သူ့ဘေးရှိ ဥက္ကဋ္ဌကျင်း ကမူ လက်သီးများကို တင်းတင်းဆုပ်ထားခဲ့ပြီး သူ့မျက်လုံးထောင့်များရှိ သွေးကြောများပင် ထင်းလာသည်။

All Chapters