← Chapters

အခန်း ၄၀၉

Vol. 41 Ch. 409

အခန်း ၄၀၉

Vol. 41 Ch. 409

🍋 Chapter 409

ခွေးရိုက်ပြီး မယားခိုးသည့် ရန်ငြိုးနှင့် သမီးဖြစ်သူအား သတ်ရန် ကြံစည်သည့် ရန်ငြိုးမှာ ယောကျာ်းတစ်ယောက်၊ အထူးသဖြင့် အိမ်ထောင်သည် ယောကျာ်းတစ်ယောက်အတွက် အသည်းနာဆုံး အရာနှစ်ခု ဖြစ်ပေသည်။

ထို့ပြင် ကျိုးထျန်း၏ ဘေးတွင် ရှိနေသည့် လူမှာ သမီးဖြစ်သူ၏ မွေးနေ့ပွဲအတွက် သန်း ၁၀၀ ကျော်အထိ သုံးစွဲဝံ့သည့် သမီးအလိုလိုက် အဖေတစ်ဦး ဖြစ်နေပြန်သည်။

သမီးဖြစ်သူကို အန္တရာယ်ပြုမည့် ရန်ကျိ၏ အစီအစဉ်ကို ကြားလိုက်ရသောအခါ ထိုအသက်လတ်ပိုင်း အမျိုးသားသည် ချက်ချင်းထွက်ပြီး ကလဲ့စားချေချင်စိတ်ကို အစွမ်းကုန် ထိန်းချုပ်ထားရရှာသည်။

လိုက်ကာရှေ့ရှိ ဝတုတ်လေးသည် ရန်ကျိ၏ ပြောစကားကို မျက်လုံးများ ပြူးကျယ်လျက် အံ့သြတုန်လှုပ်စွာ နားထောင်နေပြီးနောက် မျက်နှာထက်တွင် ပြုံးဖြဲဖြဲ အမူအရာတစ်ခု ပေါ်လာခဲ့သည်။

ထိုလူနှစ်ယောက်အဖို့မူ ယင်းအပြုံးက ဝတုတ်လေးသည် ၎င်းတို့၏ လုပ်ရပ်အပေါ် သဘောကျနှစ်ခြိုက်ပြီး အလွန်အမင်း သဘောကျသွားသည့် လက္ခဏာဟု ထင်မှတ်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ဝတုတ်လေး၏ အပြုံးက လုံးဝ စစ်မှန်နေသည်ကို ၎င်းတို့ ခံစားမိသောကြောင့်ပင်။

ထိုကဲ့သို့သော စစ်မှန်သည့် ခံစားချက်ကို ဖုံးကွယ်ထား၍ မရနိုင်ချေ။

ထို့ပြင် ဝတုတ်လေးကိုယ်တိုင်ကလည်း မည်သည့်အရာကိုမျှ ဖုံးကွယ်ထားတတ်သူ မဟုတ်ပေ။

လွန်ခဲ့သည့် ဆယ်မိနစ်ခန့်က ပြောဆိုခဲ့သော စကားများက သူ၏ ထက်မြက်မှုကို ပြသနေပြီး သူ၏ သရုပ်ဆောင် အရည်အချင်းကို အမြင့်ဆုံးသို့ ရောက်ရှိစေခဲ့သည်။

"အစ်ကိုချောင် ဘယ်လိုလဲ၊ ငါ့အကြံက မလန်းဘူးလား"

"လန်းတယ် တကယ့်ကို လန်းတယ်၊ မင်းက ငါ့ထက်တောင် သာသေးတယ်"

လက်မထောင်ပြရင်း ထပ်ခါတလဲလဲ ချီးကျူး စကားဆိုခဲ့သည်။

"ဒါပေမဲ့ မင်းက အဲဒီ လာဘ်ထိုးထားတဲ့ ကောင်မလေးက ငါတို့ဘက် ပြန်လှည့်လာမှာကို မကြောက်ဘူးလား"

"ဘာကြောက်စရာ ရှိလဲ၊ အဲဒီလို ခေါင်းပြူထွက်လာတဲ့ ကောင်မလေးက ဘယ်လောက်အထိ အာဏာရှိမှာမလို့လဲ”

“သူက ငါတို့ဆီက ပိုက်ဆံ ယူထားပြီးပြီဆိုတော့ တစ်ဖွဲ့တည်း ဖြစ်နေပြီ၊ တကယ်လို့ သူက ငါတို့ကို နှောက်ယှက်ဖို့ ကြိုးစားရင် သူလည်း ပွဲသိမ်းသွားမှာပဲ"

ရန်ကျိက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"အရွယ်လည်း ငယ်သေးတော့ ဒီလို သုခဘုံမျိုးကို စွန့်လွှတ်ချင်မှာ မဟုတ်တာ သေချာတယ်၊ ဒါကြောင့် ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး"

"တကယ်လို့ ကျိုးထျန်း ဒါမှမဟုတ် ဘော့စ်ကျင်းက ဒါကို သိသွားရင်ကော"

ဝတုတ်လေးက စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။

"ဟားဟားဟား အစ်ကိုချောင် မင်း အများကြီး တွေးပူနေပြီ၊ ဒီကိစ္စကို ကောင်းကင်ရယ်၊ မြေကြီးရယ်၊ မင်းနဲ့ငါရယ်ပဲ သိတာ၊ ဒါ့အပြင် သက်သေမရှိဘဲ ဘာပြောပြော အလကားပဲမဟုတ်လား"

"ပြီးတော့ ငါက အစကနေ အဆုံးအထိ မျက်နှာ လုံးဝ ပြဖူးတာ မဟုတ်ဘူး၊ ငါ့ကို ရှာတွေ့နိုင်မယ့် နည်းလမ်း လုံးဝ မရှိဘူး"

ရန်ကျိက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"အော် ဒါဆိုရင်တော့ ကောင်းတာပေါ့၊ မင်း ဒီလို ပြောမှပဲ ငါလည်း စိတ်အေးရတော့တယ်"

ဝတုတ်လေးက ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူသည် ထရပ်ပြီး အခန်းထောင့်တစ်နေရာသို့ လျှောက်သွားကာ ထောင့်စွန်းမှ အဝတ်ဖြင့် ပတ်ထားသော အရာတစ်ခုကို ထုတ်ယူလိုက်သည်။

သူ့လက်ကို အသာအယာ ခါယမ်းလိုက်သောအခါ အပြင်ဘက်မှ အဝတ်စ ပြေလျော့သွားပြီး အတွင်း၌ ရှိသောအရာ ပေါ်လာခဲ့သည်။

၎င်းမှာ လမ်းလျှောက်တုတ်တစ်ချောင်း ဖြစ်သည်။

ယင်းကို မြင်သောအခါ ရန်ကျိက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"အစ်ကိုချောင် မင်း ဘာလုပ်မလို့လဲ"

"အော် ဒါက ငါ့အဘိုးရဲ့ လမ်းလျှောက်တုတ်လေ၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူ့မွေးနေ့မှာ အထက်လူကြီးတစ်ယောက်က လက်ဆောင်ပေးထားတာ”

“ငါ့အဘိုးက ဒါကို ပုံမှန်ဆို မသုံးဘူး၊ အထူးသဖြင့် ရာထူးကြီးတဲ့သူက ပေးထားတဲ့ လက်ဆောင်ဖြစ်လို့ လျှောက်ကိုင်သွားရင် မသင့်တော်ဘူးတဲ့၊ ကျိုးသွားမှာ စိုးလို့လေ"

ထိုစကားကို ကြားရသောအခါ လူနှစ်ဦးစလုံး၏ မျက်လုံးများ တောက်ပသွားကြသည်။

အထက်လူကြီးတစ်ယောက်၏ လက်ဆောင်ဟူသည် အဓိပ္ပာယ် လုံးဝ ကွဲပြားသွားသည်။

၎င်းက တန်ဖိုးမကြီးမားသော်လည်း ကိုယ်စားပြုသည့် အဓိပ္ပာယ်နှင့် မျက်နှာသာပေးမှုမှာမူ ဖြတ်တောက်၍မရနိုင်သော တန်ဖိုးရှိသည်။

"ငါက ဒါကို ခိုးယူလာတာ၊ ငါ့အဘိုးတောင် မသိဘူး၊ သူက ပုံမှန်ဆိုရင် ငါ့ဦးလေး ဝယ်ပေးထားတဲ့ လမ်းလျှောက်တုတ်ကိုပဲ သုံးတာ"

အမှန်တကယ်တော့ အဘိုးအို၏ ခြေထောက်များက ဒဏ်ရာရနေခြင်း မဟုတ်ဘဲ အသက်ကြီးဟန် ဆောင်နေခြင်းသာ ဖြစ်သည်။

၎င်းက အသက်ကြီးပြီး အသုံးမဝင်တော့သည့် အသွင်အပြင်ကို ပြသခြင်းဖြင့် သူ၏ သားသမီးများ ရာထူးကြီးကြီး ရရှိစေရန် အာမခံချက် ပေးသည့် စိတ်ဓာတ်မျိုး ဖြစ်သည်။

သူတို့မိသားစုသည် အဘိုးအို၏ သွန်သင်မှုအောက်တွင် အလွန် ရိုရိုကျိုးကျိုး နေထိုင်ကြသဖြင့် မျိုးဆက်အလိုက် အစိုးရ ရာထူးလမ်းကြောင်းတွင် အဆင်ပြေချောမွေ့ခဲ့ခြင်း ဖြစ်သည်။

လမ်းလျှောက်တုတ်ကို စားပွဲပေါ် တင်လိုက်သောအခါ ရန်ကျိနှင့် ချင်ယွမ်တို့သည် အနားသို့ တိုးကပ်လာပြီး ထိုမထူးခြားသော သစ်သားတုတ်ကို သေချာစွာ စစ်ဆေးကြည့်ရှုကြသည်။

အရေးကြီးပုဂ္ဂိုလ်များထံမှ လက်ဆောင်များသည် ရတနာများ သို့မဟုတ် ရွှေစင်များ စီခြယ်ထားသည့် တန်ဖိုးနည်း အရာမျိုး ဖြစ်မနေနိုင်ချေ။

ဤရိုးရှင်းသော သစ်သားတုတ်ကို အထင်မသေးသင့်ပေ။ ယင်း၏ အဓိပ္ပာယ်က အလွန် နက်ရှိုင်းသည်။

၎င်းသည် ထိုအရေးကြီးပုဂ္ဂိုလ်က ချောင်မိသားစုအပေါ် အသိအမှတ်ပြုခြင်းနှင့် ၎င်းတို့၏ သဘောထားအပေါ် စိတ်ကျေနပ်ခြင်းကို ကိုယ်စားပြုသည်။

၎င်းက အခြားသူများအား ပြသရန် အမူအရာတစ်ခုလည်း ဖြစ်ရာ အဘိုးချောင်ကဲ့သို့ လက်ဆောင်မျိုးကို လူတိုင်း မရရှိနိုင်ချေ။

ယင်းက အထက်လူကြီးများက အဘိုးချောင်ကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြောင်း ပြသနေသည်။

လက်ဆောင်ကို ချီးကျူးနေကြသည့် လူနှစ်ယောက်ကို ဂရုမစိုက်ဘဲ ဝတုတ်လေးက တံခါးဝသို့ လှည့်သွားကာ အတွင်းမှ ဂျက်ထိုးလိုက်ပြီး တံခါးလက်ကိုင်ကို ကုလားထိုင်တစ်လုံးဖြင့် ပိတ်ဆို့လိုက်သည်။

ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် သူသည် ထိုလူနှစ်ယောက်ထံ ပြန်လာခဲ့သည်။

"ဘယ်လိုလဲ အံဩဖို့ကောင်းတယ် မဟုတ်လား"

"ဒါပေါ့ ဒါက တကယ့် အံ့ဖွယ် ရတနာပဲ၊ ဒါကို ကြည့်ရုံနဲ့တင် မင်း အသက်ရှည် နိုင်တယ်"

ရန်ကျိက လမ်းလျှောက်တုတ်ကို မကာ မြန်မြန် ပြောလိုက်သည်။

"ဒါကြောင့် မင်းတို့ ကြည့်လို့ရပေမဲ့ မကျိုးစေနဲ့၊ မဟုတ်ရင် ငါ့အဘိုး စိတ်ဆိုးရုံတင်မကဘဲ အဲဒီ အရေးကြီးပုဂ္ဂိုလ်ရဲ့ နားထဲကို သတင်းရောက်သွားရင်"

သူတို့နှစ်ယောက်သည် သူ၏ စကားတစ်ဝက်ကိုသာ ကြားလိုက်ရသော်လည်း တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားခဲ့ရသည်။

"ငါတို့ သတိထားပါ့မယ်၊ လုံးဝ မကျိုးစေရဘူး"

ကိုင်တွယ်ရန် လက်လှမ်းလိုက်သည့် ရန်ကျိသည် ချက်ချင်းပင် လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။

"ဟုတ်တယ် ငါတို့ သတိထားရမယ်၊ မကျိုးစေရဘူး"

ထိုသို့ပြောရင်း ဝတုတ်လေးက လမ်းလျှောက်တုတ်ကို ကောက်ကိုင်လိုက်ပြီးနောက် သူ၏ လက်မောင်းကို အရှိန်ပြင်းစွာ လွှဲကာ အပေါ်သို့ မြှောက်လိုက်ပြီး လေတိုးသံနှင့်အတူ လမ်းလျှောက်တုတ်ကို ရန်ကျိ၏ ကြီးမားပြီး ထက်မြက်သော ခေါင်းဆီသို့ လွှဲရိုက်လိုက်တော့သည်။

ဖုန်း

"အား နာလှချည်လား!!!"

ရန်ကျိသည် သူ၏ခေါင်းကို အုပ်လျက် ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေတော့သည်။

ခေါင်းကို ပြင်းထန်စွာ ရိုက်နှက်ခံလိုက်ရသဖြင့် စဉ်းစားဉာဏ် ခတ္တ ပျောက်ဆုံးသွားပြီး ဝတုတ်လေးက သူ့ကို ဘာကြောင့် ရိုက်ရသနည်းဆိုသည်ကို စဉ်းစားရန် အချိန်မရှိတော့ပေ။

ဘေးတွင် ရပ်နေသည့် ချင်ယွမ်သည်လည်း အံ့အားသင့်သွားသော်လည်း ထိုကောင်လေးက လျင်မြန်စွာ တုံ့ပြန်ကာ ထရပ်ပြီး တံခါးဆီသို့ ပြေးရန် ကြိုးစားခဲ့သည်။

သို့သော် သူသည် ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးခင်မှာပင် လမ်းလျှောက်တုတ်က ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ဖုန်း

ဝတုတ်လေးက ချင်ယွမ်၏ ခြေသလုံးရိုးကို လက်ပြန်ဖြင့် ပြင်းထန်စွာ ပြန်လည် ရိုက်နှက်လိုက်သည်။

ထိုရိုက်ချက်တစ်ခုတည်းဖြင့် ချင်ယွမ်၏ နဖူးထက်တွင် ချွေးစေးများ ချက်ချင်း ဖုံးလွှမ်းသွားခဲ့ရသည်။

ခြေသလုံးရိုး နေရာသည် အဆီ သို့မဟုတ် ကြွက်သား လုံးဝမရှိဘဲ အရေပြားနှင့် အရိုးသာ ရှိသဖြင့် ဤရိုက်ချက်က သူ့ကို မတ်တတ်မရပ်နိုင်အောင် ဖြစ်သွားစေသည်။

ချင်ယွမ်သည် ပြင်းထန်စွာ နာကျင်နေရသော်လည်း သူ၏ စိတ်ကမူ ရှင်းလင်းနေဆဲပင်။

"ဘာလို့လဲ မင်း ဘာလို့ ဒါကို လုပ်တာလဲ"

"ဘာလို့လဲဟုတ်လား ငါက ရူးနေတဲ့ ခွေးနှစ်ကောင်ကို ရိုက်ဖို့ အကြောင်းပြချက် လိုသေးလို့လား"

ဝတုတ်လေးက သူ၏ လမ်းလျှောက်တုတ်ကို အနည်းငယ် ပုတ်လိုက်သည်။

"ငါ မင်းတို့ကို ပြောပြီးပြီလေ၊ ဒီလမ်းလျှောက်တုတ် ပျက်စီးသွားရင် မင်းတို့နှစ်ယောက် အကျိုးဆက်ကို မခံနိုင်ဘူးလို့၊ ဒါကြောင့် ငြိမ်ငြိမ်နေပြီး အရိုက်ခံစမ်း၊ မဟုတ်ရင် ငါ အဘိုးကို သွားတိုင်မှာကိုပဲ စောင့်နေလိုက်"

လိုက်ကာနောက်ကွယ်တွင် ထိုင်နေသည့် ကျိုးထျန်းက ခေါင်းကို အဆက်မပြတ် ညိတ်လိုက်သည်။

ဤဝတုတ်လေးသည် မကြာသေးမီက အများကြီး တိုးတက်လာပြီး ၎င်းတို့ကို နှစ်ဖက်ညှပ်ကာ ထွက်ပြေးစရာ လမ်းမရှိအောင်နှင့် ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေးမရှိအောင် ထိရောက်စွာ ပိတ်ဆို့ထားနိုင်သည်။

အကယ်၍ ထိုသူများ ပြန်လည်တိုက်ခိုက်လျှင်ပင် အခြေအနေက ပိုပြီး ဆိုးရွားသွားပေလိမ့်မည်။

ယခုမူ ဝတုတ်လေးသည် ဓားတစ်လက်ကို ကိုင်စွဲထားသကဲ့သို့ ဖြစ်နေပြီး အလိုရှိသူကို သတ်ဖြတ်နိုင်စွမ်း ရှိနေသည်။

"မင်းတို့ကို လိမ္မာအောင် ငါ သွန်သင်ရမယ်"

ဖုန်း ဖုန်း ဖုန်း

"မင်းတို့ တော်လွန်းလို့ ငါ ဆုံးမပေးရမယ်"

ဗုန်း ဗုန်း ဗုန်း

"မင်းက ငါ့အဘိုးရှေ့မှာ သားကောင်လို ဟန်ဆောင်ဝံ့သေးတယ်ဟုတ်လား မင်းကို သတ်ပစ်မယ်"

"မင်းက ငါ့ကို ကြံစည်ဝံ့တယ်၊ အခြားသူရဲ့ အသက်ကို သုံးပြီး အခြားသူကို သတ်ဖို့ ကြံစည်ဝံ့တယ်၊ မင်းတို့မှာ လူသားချင်းစာနာစိတ် ရှိသေးရဲ့လား"

"ဒီနေ့ မင်းတို့ကို ဘောင်းဘီထဲ ချီးပါချင်စိတ်ပေါက်အောင်အထိ ငါ မရိုက်နိုင်ရင် ဝမ်းချုပ်တယ်လို့ပဲ မှတ်လိုက်တော့"

ချွမ်း ချွမ်း ချွမ်း

ပြင်းထန်သော ရိုက်နှက်မှုအပြီးတွင် ကျိုးထျန်းသည် ရှေ့မှ နာကျင်စွာ အော်ဟစ်သံများကို နားထောင်နေခဲ့သည်။

မူလပထမတွင် သူသည် အလွန် စိတ်ကျေနပ်မှုကို ခံစားရသော်လည်း နောက်ပိုင်းတွင်မူ လူသေသွားမည်ကို စတင် စိုးရိမ်လာခဲ့သည်။

သို့သော် သူ့ဘေးတွင် ရပ်နေသည့် မစ္စတာကျင်း၏ မျက်နှာထက်တွင်မူ စိတ်ကျေနပ်သည့် အမူအရာ ရှိနေပြီး သူကိုယ်တိုင်ပင် ဝင်ရောက် ရိုက်နှက်ချင်နေသကဲ့သို့ အံကြိတ်ထားရှာသည်။

"ဟူး ပြီးသွားပြီ၊ တကယ့်ကို ကောင်းတာပဲ"

ဝတုတ်လေးက စိတ်ကျေနပ်စွာဖြင့် ပြုံးရွှင်နေပြီး သူ့ရှေ့ရှိ လူနှစ်ယောက်မှာမူ သွေးအိုင်ထဲတွင် လဲကျနေကြချေပြီ။

"စားပွဲထိုး လူနာတင်ကား ခေါ်လိုက်"

မြို့လယ်ခေါင်တွင် ရှိနေသဖြင့် လူနာတင်ကားက လျင်မြန်စွာ ရောက်ရှိလာပြီး သွေးအိုင်ထဲက လူနှစ်ယောက်ကို ချက်ချင်း ခေါ်ဆောင်သွားခဲ့သည်။

ကျန်ရှိနေသည့် အရာမှာ အခင်းဖြစ်ပွားရာနေရာကို သန့်ရှင်းရေးလုပ်ရန်သာ ဖြစ်သည်။

စားပွဲများ၊ ကုလားထိုင်များနှင့် ပန်းကန်ခွက်ယောက်များကို ဖယ်ရှားလိုက်ပြီး ကြမ်းပြင်ပေါ်ရှိ ဖုန်မှုန့်များနှင့် သွေးကွက်များကို သန့်စင်အောင် ပြုလုပ်လိုက်ကြသည်။

မည်သူမျှ ဘာဖြစ်သည်ကို မမေးမြန်းကြချေ။

မန်နေဂျာက မည်သည့် ကြီးမားသော ကိစ္စမျှ မဖြစ်ပျက်ခဲ့သကဲ့သို့ ပြုံးလျက် အမိန့်ပေးနေခဲ့သည်။

ကျိုးထျန်းက ၎င်းတို့နောက်သို့ လိုက်ရန် အမူအရာပြလိုက်ပြီး မစ္စတာကျင်းနှင့်အတူ လိုက်ကာနောက်ကွယ်မှ ထွက်လာခဲ့လိုက်သည်။

All Chapters