အခန်း ၄၁၁
Vol. 42 Ch. 411
🍋 Chapter 411
မိန်းကလေး နှစ်ယောက်၏ ပစ်ပယ်ခြင်းကို ခံလိုက်ရသော နေရာ၌ပင် ကျိုးထျန်း ကျန်ရစ်ခဲ့ပြီး စိတ်ပျက်လက်ပျက်ဖြင့်သာ ဖုန်းထိုင်ကစားနေတော့သည်။
‘ဒါက သက်သက်မဲ့ ငါ့ကို ပစ်မှတ်ထားတာပဲ’
ထိုညကတည်းက သူသည် လျိုမုယန်နှင့် မည်သည့် စိတ်ခံစားမှုဆိုင်ရာ ဖလှယ်မှုမျှ မရှိခဲ့ချေ။
သံယောဇဉ်ဟူသည် ပုံမှန် စကားပြောဆို ဆက်သွယ်နေမှသာ ဖြစ်ပြီး မဟုတ်ပါက ဝေးကွာသွားတတ်ပေလိမ့်မည်။
ယနေ့တွင်မူ ဘာပဲဖြစ်ဖြစ် သူမနှင့် သေသေချာချာ စကားပြောရမည်ဟု သူ ခံစားနေရသည်။
သူ ပျင်းရိနေသဖြင့် သူ၏ သောက်ဖော်သောက်ဖက် ဝတုတ်လေးထံသို့သာ ဖုန်းခေါ်ဆိုလိုက်တော့သည်။
သူ ဖုန်းခေါ်ခဲ့သော်လည်း ဝတုတ်လေးက ပြန်လည် ဖြေကြားခြင်း မရှိပေ။
ပုံမှန်ဆိုလျှင် ဝတုတ်လေးသည် ယခုကဲ့သို့ အချိန်မျိုး၌ အလွန် အားနေတတ်သဖြင့် အပြင်သွားရန် ခေါ်မည့်သူကိုသာ မျှော်လင့်နေတတ်ရာ ချက်ချင်း ဖုန်းကိုင်လေ့ရှိသည်။
လက်ရှိတွင် ဝတုတ်လေးသည် အရေးကြီးကိစ္စများဖြင့် အလုပ်ရှုပ်နေခြင်း မဟုတ်ဘဲ ချောင်ကျွင်းယန်နှင့် သူမ၏ ခင်ပွန်းတို့ထံမှ ပူးတွဲ ဆုံးမခြင်းကို ခံနေရခြင်း ဖြစ်သည်။
ချောင်ကျွင်းယန်သည် ကြိမ်လုံးတစ်ချောင်းကို ကိုင်လျက် ဝတုတ်လေးနောက်သို့ ဝင်းထဲ၌ လိုက်လံ ရိုက်နှက်နေခဲ့သည်။
"နင့်ကို အဘိုးရဲ့ လမ်းလျှောက်တုတ်ကို နောက်ကို မခိုးအောင် ဆုံးမရမယ်"
"နင့်ကို အိမ်ထောင်သည် အမျိုးသမီးတွေကို သွားပြီး မြူဆွယ်ဖို့ ငါ ဆုံးမရမယ်"
"ဒီနေ့ နင်ရဲ့ ခြေထောက်တွေကို ငါ ကျိုးအောင် ရိုက်ပစ်မယ်၊ ဒါမှ နင် အပြင်ထွက်ပြီး ချောင်မိသားစုရဲ့ သိက္ခာကို မချနိုင်မှာ"
ဝင်းထဲ၌ ပတ်ပြေးနေသော ဝတုတ်လေးသည် ပြန်လည် တိုက်ခိုက်ဝံ့ခြင်း မရှိဘဲ တုံ့ပြန်မှုမရှိဘဲ ထွက်ပြေးနေရုံသာ တတ်နိုင်ရှာသည်။
သို့သော် သူသည် ဝင်းထဲမှ ထွက်ပြေး၍မရချေ။
အဘယ်ကြောင့်ဆိုသော် အဘိုးအိုက ဝါးကုလားထိုင်တစ်လုံးကို ယူကာ တံခါးဝတွင် ပိတ်ဆို့ထိုင်နေသောကြောင့်ပင်။
"အဘိုး အဘိုးကလည်း ရက်စက်လိုက်တာ၊ တကယ်ပဲ မမကို ရိုက်ခိုင်းတယ်"
"ဟွန်း ဟွန်း ဟွန်း မျက်နှာပြာနဲ့ တောက်အာတွန်းက ဧကရာဇ်မြင်းကို ခိုးတယ်၊ မျက်နှာနီနဲ့ ဂွမ်ယုက ချန်ရှားမှာ တိုက်ပွဲဝင်တယ်"
အဘိုးအိုက သီချင်းတစ်ပုဒ်ကို ညည်းညူရင်း ခေါင်းကို ရမ်းခါနေကာ သူ၏ အကူအညီတောင်းသံများကို လုံးဝ လျစ်လျူရှုထားသည်။
"ယောက်ဖ မင်း မိန်းမကို မင်း ထိန်းပါဦး၊ သူ ငါ့ကို သတ်တော့မယ်"
အရပ်ရှည်ပြီး သန်မာထွားကြိုင်းသော ယောက်ဖဖြစ်သူက ဘာမှမပြောဘဲ ပြုံးနေခဲ့ပြီး ဝတုတ်လေး ထွက်ပြေးနိုင်မည့် တစ်ခုတည်းသော လမ်းကြောင်းသို့ တိတ်တဆိတ် ရွှေ့ဆိုင်းလိုက်သည်။
သူက ခြေထောက်ကို ဆန့်ထုတ်လိုက်ပြီး ဝတုတ်လေးကို အမိအရ ခလုတ်တိုက်လဲချလိုက်တော့သည်။
သို့သော် သူတို့က မိသားစုဝင်များ ဖြစ်ကြသဖြင့် လဲကျသွားသည်ကို ဒီအတိုင်း ကြည့်မနေနိုင်ချေ။
သူက လက်ဆန့်ထုတ်ပြီး ဟန်ချက်ပျက်သွားသော ဝတုတ်လေးကို ပြန်လည် ဆွဲထူလိုက်ရာ သူ၏ မျက်နှာနှင့် ကြမ်းပြင်တို့ ရင်းနှီးစွာ ထိတွေ့မိခြင်းမှ အောင်မြင်စွာ ကာကွယ်ပေးနိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ အခြားတစ်ဖက်သော လက်မောင်းက ဝတုတ်လေး၏ အင်္ကျီကော်လာနောက်ကို ဆွဲကိုင်ကာ အပေါ်သို့ ဆွဲတင်လိုက်ပြီး ပြင်းထန်သော အားဖြင့် ဝတုတ်လေး၏ လက်နှစ်ဖက်ကို ကျောနောက်သို့ လိမ်ချိုးလိုက်သည်။
ယောက်ဖဖြစ်သူက သူ့ထက် များစွာ ပိုမို သန်မာသည်မှာ ထင်ရှားပြီး ဝတုတ်လေး၏ လက်ကောက်ဝတ်နှစ်ဖက်စလုံးကို လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ ဆုပ်ကိုင်ကာ အခြားလက်တစ်ဖက်ဖြင့် သူ၏ ပုခုံးကို ဖိထားလျက် ကာကွယ်ရေး အနေအထား ဖြစ်သွားစေသည်။
"ယောက်ဖ မင်းက တကယ့်ကို ယုတ်မာတာပဲ၊ မင်း ငါ့အမနဲ့ ပေါင်းပြီး ငါ့ကို နှိပ်စက်ကြတယ်ပေါ့"
ဝတုတ်လေးက စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်သော်လည်း ဘာမှ မတတ်နိုင်တော့ပေ။
"ဟီးဟီးဟီးဟီး"
ချောင်ကျွင်းယန်က ကြိမ်လုံးကို ကြမ်းပြင်ပေါ်တွင် တရွတ်တိုက် ဆွဲလာသဖြင့် ကြမ်းတမ်းသော အသံတစ်ခု ထွက်ပေါ်လာပြီး ဝတုတ်လေးထံသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့သည်။
"ယောက်ဖ ငါ့ကို လွှတ်ပေးပါ၊ ငါ မင်းအပေါ် ရန်ငြိုးမရှိပါဘူး"
"အလကား စကားတွေ ပြောမနေနဲ့၊ မင်းက ယောကျာ်းဆိုရင် အသံမထွက်ဘဲ အရိုက်ခံစမ်း"
"ယောက်ဖ ငါ ပိုက်ဆံပေးပြီး အသက်ဘေးက ကယ်ခိုင်းလို့ရမလား၊ မင်းရဲ့ လျှို့ဝှက် ပိုက်ဆံစုဘူးကို ငါ ကူညီပြီး သိမ်းဆည်းပေးမယ်လေ"
"ဟင်"
ယောက်ဖဖြစ်သူက စက္ကန့်အနည်းငယ်ခန့် ဝေခွဲမရ ဖြစ်သွားသော်လည်း ဇနီးဖြစ်သူကို တစ်ချက် လှမ်းကြည့်ပြီးနောက် ချက်ချင်းပင် အော်ဟစ်လိုက်တော့သည်။
"ဘာလျှို့ဝှက်စုဘူးလဲ ဘာလျှို့ဝှက်စုဘူးလဲ"
"ငါက လျှို့ဝှက်စုဘူး သိမ်းတဲ့ ယောကျာ်းတွေကို အမုန်းဆုံးပဲ၊ အိမ်ထောင်သည် ယောကျာ်းတွေက သူတို့ရဲ့ လစာကတ်တွေကို ဇနီးသည်ဆီမှာပဲ အပ်ထားသင့်တာ မဟုတ်ဘူးလား"
ချောင်ကျွင်းယန်က ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး သူမ ခင်ပွန်း၏ သိနားလည်မှုအပေါ် စိတ်ကျေနပ်သွားခဲ့သည်။
ဝတုတ်လေးက ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်သည်။
"မင်းက မျက်နှာနှစ်မျိုးနဲ့ ကောင်ပဲ၊ အခုလို အရေးကြီးတဲ့ အချိန်မျိုးမှာ ငါ့ကို သစ္စာဖောက်တယ်ပေါ့၊ မမေ့နဲ့ဦး အဲဒီတုန်းက မင်းတို့နှစ်ယောက်ကို အဆင်ပြေအောင် လုပ်ပေးခဲ့တာ ငါပဲ"
ထိုစကားကို ကြားရသောအခါ ယောက်ဖဖြစ်သူက သူ၏ ဆုပ်ကိုင်မှုကို ပိုမို တင်းကျပ်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် မျက်ရည်တစ်စက် ဝဲတက်လာခဲ့သည်။
"ဒါတွေ အားလုံးက မင်းကြောင့်ပဲ မင်းလို ကံဆိုးတဲ့ ကောင်လေး"
အား အား
မိနစ်အနည်းငယ် ကြာပြီးနောက်တွင်မူ ကမ္ဘာကြီးက နောက်ဆုံး၌ တိတ်ဆိတ်သွားခဲ့တော့သည်။
ဝတုတ်လေးသည် ဝင်းထဲရှိ သစ်တိုပင်ကို ဖက်တွဲလျက် လွှတ်မပေးဘဲ ရှိနေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးစွန်းနေသော အစင်းကြောင်းများဖြင့် ပြည့်နှက်နေကာ အစိုးရသက်တော်စောင့်တပ်ဖွဲ့၏ ထောင်ထဲမှ လွတ်မြောက်လာသူနှင့် တူနေတော့သည်။
"မင်းလို အသုံးမကျတဲ့ကောင် မင်း ဘာလို့ မင်းရဲ့ သူငယ်ချင်းဆီက အတုမယူတာလဲ၊ သူက မင်းထက်တောင် ငယ်သေးတယ်၊ ဒါပေမဲ့ ကိစ္စအဝဝကို သူတစ်ယောက်တည်း ကိုင်တွယ်နိုင်နေပြီ"
ချောင်ကျွင်းယန်က ဒေါသတကြီး ပြောဆိုရင်း နောက်ပိုင်းတွင် ထပ်မံ အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် ကြိမ်လုံးကို ဝင်းထောင့်တစ်နေရာတွင် ထားလိုက်သည်။
"အား အား"
ဝတုတ်လေးက ဝံပုလွေတစ်ကောင် အော်ဟစ်နေသည်ထက်ပင် ပိုမို သနားစရာကောင်းအောင် ငိုကြွေးနေရှာသည်။
"နင်တို့ ငါ့ကို နှိပ်စက်ကြတယ်၊ ငါ ဆက်မနေချင်တော့ဘူး၊ နင်တို့ ငါ့ကို ဒီလိုမျိုး ရိုက်နှက်ထားတာ ငါ ဘယ်သူ့မျက်နှာ သွားပြရတော့မလဲ"
"ငါက မင်းကို အိမ်မှာပဲ ပိုနေစေချင်လို့ ရိုက်တာ"
ချောင်ကျွင်းယန်က အဘိုးအို၏ ဘေးသို့ အပြေးအလွှား သွားရောက်ကာ သူ၏ လက်ဖက်ရည်ကို ရိုသေစွာဖြင့် ထည့်ပေးလိုက်သည်။
အဘိုးအိုက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ကျိုးထျန်းက မြို့တော်မှာ ရှိနေသေးတာ၊ သူက ငါ့ကို ညစာစားဖို့ သေချာပေါက် ခေါ်ဦးမှာ”
“အခု ငါက အစင်းကြောင်းတွေနဲ့ မြင်းကျားတစ်ကောင်လို ရိုက်နှက်ခံထားရတော့ သူက ငါ့ကို သေချာပေါက် လှောင်ပြောင်တော့မှာပဲ ဝါး"
ဒုန်း~
အဘိုးအိုက သူ၏ ခြေထောက်ကို ရှောင်တိမ်းလိုက်သဖြင့် ဝတုတ်လေး၏ ဟန်ဆောင်ငိုကြွေးမှုကို ထိရောက်စွာ ရပ်တန့်သွားစေခဲ့သည်။
"ဝတုတ် နောက်ရက်ပိုင်းတွေမှာ အပြင်မသွားနဲ့တော့"
အဘိုးအိုက တည်ငြိမ်စွာ ပြောလိုက်သည်။
"ဟင်"
ဝတုတ်လေးက ခတ္တမျှ မှင်တက်သွားပြီးနောက် အဘိုးဖြစ်သူ၏ စကားနောက်ကွယ်တွင် နက်ရှိုင်းသော အဓိပ္ပာယ် ရှိနေသည်ကို သဘောပေါက်သွားခဲ့သည်။
အမှန်တကယ်တော့ သူက အဘိုးအိုနှင့် စကားပြောရန် ကြောက်ရွံ့တတ်သည်။
အဘယ်ကြောင့်ဆိုသော် အချိန်အတော်များများတွင် သူသည် အဘိုးဖြစ်သူ၏ စကားနောက်ကွယ်က အစစ်အမှန် ဆိုလိုရင်းကို နားမလည်သောကြောင့်ပင်။
"အပြင်မသွားနဲ့၊ ပြဿနာမရှာနဲ့၊ အိမ်မှာပဲ ပိုနေ"
အဘိုးအိုက ရည်ရွယ်ချက်ရှိရှိဖြင့် ထပ်လောင်း ပြောကြားခဲ့ရာ ဝတုတ်လေးက ခေါင်းငုံ့ကာ ခတ္တ စဉ်းစားနေခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှ နာကျင်မှုကိုပင် မေ့လျော့သွားခဲ့ရသည်။
ချောင်ကျွင်းယန်က မောင်ဖြစ်သူ၏ ဘေးသို့ လျှောက်သွားကာ ဆောင့်ကြောင့်ထိုင်လိုက်သည်။
"နာလို့လား"
နာတာပေါ့ နင်က ဘာမှတ်လို့လဲ၊ နင် ဘယ်လောက်အထိ ပြင်းပြင်းထန်ထန် ရိုက်ခဲ့လဲဆိုတာ နင်မသိဘူးလား။
ဝတုတ်လေးက ထိုသို့ ပြောချင်သော်လည်း ပါးစပ် မဟဝံ့သဖြင့် စိတ်ပျက်လက်ပျက်ဖြင့်သာ ပြောလိုက်ရသည်။
"နာတာပေါ့ တကယ့်ကို နာတာ"
"နာမှန်းသိရင် ကောင်းတာပေါ့၊ နောက်တစ်ခါ အပြင်ထွက်ပြီး အဲဒီ အိမ်ထောင်သည် အမျိုးသမီးတွေနဲ့ သွားပြီး မရှုပ်နဲ့တော့"
"အာ ဟုတ်ကဲ့ ကျွန်တော် သိပါပြီ"
ချောင်ကျွင်းယန်က သူ့ကို လုံးဝ မယုံကြည်သည်မှာ ထင်ရှားသဖြင့် သူမက ကြိုတင် ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။
"ဒီလိုပဲ တွေးကြည့်လိုက်လေ ငါကလည်း အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ပဲ၊ မင်း ငါ့အပေါ် သံယောဇဉ် ရှိလို့လား”
“တကယ်လို့ မင်း အဲဒီ အမျိုးသမီးတွေအပေါ် သံယောဇဉ် ရှိတယ်ဆိုရင် ဒါက ငါ့အပေါ် သံယောဇဉ် ရှိတာနဲ့ အတူတူပဲ မဟုတ်ဘူးလား"
ထိုစကားကို ကြားလိုက်ရသောအခါ ဝတုတ်လေး၏ စဉ်းစားဉာဏ်က လျင်မြန်စွာ လည်ပတ်သွားခဲ့ပြီးနောက် သူ၏ လက်မောင်းများနှင့် လည်ပင်းထက်တွင် ကြက်သီးမွေးညင်းများ ချက်ချင်း ထသွားခဲ့ရသည်။
"မမ ကျွန်တော် စိတ်ဒဏ်ရာ ရသွားပြီ"
"ဟွန်း ဒါဆိုရင်တော့ ငါလည်း စိတ်အေးရပြီ"
ချောင်ကျွင်းယန်က တစ်ရှူးတစ်ခုကို ထုတ်ယူကာ ဝတုတ်လေးထံ ပစ်ပေးလိုက်ပြီး သူ့ကို ချွေးသုတ်စေခဲ့သည်။
"ပြီးတော့ မင်း ယောက်ဖရဲ့ လျှို့ဝှက်စုဘူးက ဘယ်မှာလဲ၊ အခုချက်ချင်း ငါ့ကို ပြောပြစမ်း"
ယောက်ဖဖြစ်သူက ဇနီးသည်၏ နောက်ကွယ်မှနေ၍ သူ၏ မျက်နှာအမူအရာကို အလွန် ကြောက်မက်ဖွယ်ကောင်းအောင် ပြုလုပ်လျက် လက်များကို ခါယမ်းပြနေခဲ့သည်။
‘ဟွန်း မင်းက ရက်စက်မှတော့ ငါကလည်း ရက်စက်ရမှာပဲ’
"မမ ကျွန်တော် အသေးစိတ်ကို ပြောပြပါ့မယ်"
မိသားစုဝင်များသည် သဟဇာတဖြစ်ပြီး ပျော်ရွှင်စရာကောင်းသော အချိန်ကို ကုန်လွန်စေခဲ့ကြသော်လည်း မိနစ်အနည်းငယ် ကြာပြီးနောက်တွင်မူ ၎င်းတို့၏ ပျော်ရွှင်စရာ ဝင်းလေးအတွင်းမှ နောက်ထပ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။
ထို့အတူပင် မြို့တော်လေဆိပ်သို့ ဆိုက်ရောက်လာခဲ့သည့် အခြားသော မိသားစုတစ်စုမှာလည်း နွေးထွေးပျော်ရွှင်လျက် ရှိနေကြသည်။
"မစ္စတာဖရန်စစ် တရုတ်နိုင်ငံကို ကြိုဆိုပါတယ်"
ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် လေယာဉ်လှေကားခြေရင်းတွင် စောင့်ဆိုင်းနေခဲ့သည်။
ဖရန်စစ် မိသားစု ပေါ်လာသည်ကို မြင်သောအခါ သူက ဆီးကြိုရန် ချက်ချင်း ရှေ့သို့ တိုးသွားခဲ့သည်။
"ကြိုဆိုပါတယ် ကြိုဆိုပါတယ် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်"
ပန်းစည်းများ ကိုင်ဆောင်ထားသည့် ပျိုမေနှစ်ဦးစီသည် ဘေးတစ်ဖက်တစ်ချက်စီမှနေ၍ ကြွေးကြော်သံများကို ရွတ်ဆိုနေကြသည်။
ခေါင်းဆောင်ဖြစ်သူက ဖရန်စစ်ထံသို့ အပြေးအလွှား လျှောက်လှမ်းလာခဲ့ပြီး ပန်းစည်းတစ်ခုကို ကမ်းလှမ်းခဲ့သည်။
တစ်ချိန်တည်းမှာပင် ကြိုဆိုရေးအဖွဲ့သည် ထိုမိသားစု သုံးယောက်နှင့်အတူ တန်းစီလိုက်ကြပြီး ဓာတ်ပုံဆရာကလည်း အပြေးအလွှား ရောက်ရှိလာကာ မတူညီသော ထောင့်အမျိုးမျိုးမှ ဓာတ်ပုံများကို ရိုက်ကူးနေတော့သည်။
ဤကဲ့သို့သော စံသတ်မှတ်ချက် ကြိုဆိုရေး အခမ်းအနားများက ထိုမိသားစုအတွက် အလွန် ရိုးအီနေပြီဖြစ်ရာ အလွန် သဘာဝကျကျပင် လုပ်ဆောင်နိုင်ကြသည်။
"ဒါက ကျွန်တော့်ဇနီးပါ၊ ဒါကတော့ ကျွန်တော့်သမီး နိုရယ် ပါ၊ အော် သူက မကြာသေးခင်ကမှ တရုတ်ဘာသာစကားကို သင်ယူနေတာ၊ သူက တော်တော်လေး ကောင်းကောင်း ပြောတတ်တယ်"
"မင်္ဂလာပါ ကျွန်မနာမည် နိုရယ် ပါ"
နိုရယ်က နွေးထွေးသော အပြုံးတစ်ခုဖြင့် ချိုချိုသာသာ ပြောဆိုလိုက်သည်။
လေဆိပ်မှ ကြိုဆိုပြီးနောက်တွင်မူ ကိုယ်ပိုင် သက်တော်စောင့်အချို့ ဝန်းရံလျက် အနက်ရောင် ဇိမ်ခံကားကြီးအတွင်းသို့ ဝင်ရောက် ထိုင်လိုက်ကြသည်။
နေရာထိုင်ခင်း ရရှိသွားသောအခါ နိုရယ်က သူမ၏ ဖုန်းကို ချက်ချင်း ထုတ်ယူလိုက်ပြီး WeChat မှ စာတစ်စောင် ပေးပို့လိုက်တော့သည်။
‘ငါ ရောက်ပြီ’