← Chapters

အခန်း (၂၈၄၅-၂၈၄၆)

Vol. 285 Ch. 2845-2846

အခန်း (၂၈၄၅-၂၈၄၆)

Vol. 285 Ch. 2845-2846

အခန်း (၂၈၄၅) - လင်ယောင်ဘက်က ငါတို့ကို လာတိုက်တာများ ဖြစ်မလား

​ရှူလုံ မဟာကောင်းကင်အရှင်၏ ထိုမေးခွန်းနှင့် ပတ်သက်၍ ဖန့်ချန်မှာ ဆန်းနယဲ့ စစ်မြေပြင်တွင် ရှိနေစဉ်ကပင် စေ့စပ်သေချာစွာ တွေးတောထားခဲ့ပြီး ဖြစ်သည်။

​ကောင်းကင်ငါးပါးနယ်မြေအနေဖြင့် အခြားသော နတ်ဘုရားအင်ပါယာများကို ရင်ဆိုင်ရာတွင် ရှိသည့် တစ်ခုတည်းသော အားသာချက်မှာ သူပင်ဖြစ်သည်။

​ထို့အတူပင် အကြီးမားဆုံး အားနည်းချက်မှာလည်း သူပင် ဖြစ်နေသည်။

​ကြေးနီသူတော်စင်နန်းတော်တွင် အရံကိုယ်စားလှယ်လူသစ်များ မခေါ်ယူမီကဆိုလျှင်...

​ဖန့်ချန်သည် အကောင်းဆုံးနည်းလမ်းဖြစ်သလို အလက်တွေ့အကျဆုံး နည်းလမ်းကိုသာ ရွေးချယ်ခဲ့မည် ဖြစ်သည်။

​ကောင်းကင်ငါးပါးနယ်မြေတွင် ကျဲနယဲ့အဆင့်မြင့် ပုဂ္ဂိုလ်များ လုံလောက်စွာ ရှိလာမှသာ ရှေ့သို့ တစ်လှမ်းတိုးရန် ရွေးချယ်မည် ဖြစ်သည်။

​"အကြီးကဲ ဒီကိစ္စရဲ့ အဓိကသော့ချက်က ကြေးနီသူတော်စင်နန်းတော်မှာ ရှိပါတယ်"

​ဖန့်ချန်က တွေးတောရင်း ပြောသည်။

"ကျွန်တော်က အခု ကြေးနီသူတော်စင်နန်းတော်ရဲ့ အရံအဖွဲ့ဝင် ဖြစ်နေပြီဆိုတော့ တကယ်တမ်းကျ ကျွန်တော်ကိုယ်တိုင် ထွက်လာစရာ မလိုပါဘူး။

​အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာက ကျွန်တော် ဒီမှာ ရှိနေမှန်း သိထားသရွေ့ သူတို့အနေနဲ့ ဘယ်တော့မှ ရှေ့တိုးပြီး အခြေခံအုတ်မြစ် တိုက်ပွဲကို စတင်ရဲမှာ မဟုတ်ပါဘူး။

​အလားတူပါပဲ၊ အကယ်၍ ကျွန်တော် နောင်တစ်ချိန်မှာ ကမ္ဘာကြီးသူတော်စင် အဆင့်ကို ရောက်ရှိသွားပြီး ဆန်းနယဲ့ စစ်မြေပြင်ကနေ ထွက်လာခဲ့ရင်တောင်...

​ကြေးနီသူတော်စင်နန်းတော် အဖွဲ့ဝင်ဆိုတဲ့ ဒီအမှတ်အသားက ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။

​ကျွန်တော် အထွတ်ထိပ်တာအိုအဆင့်ကို ရောက်ရှိသွားတဲ့အခါ အဖွဲ့ဝင်အစစ် ဖြစ်လာနိုင်မှာပါ။

​အဲဒီအခါကျရင် ဆန်းနယဲ့ စစ်မြေပြင်သာ ဆက်ရှိနေဦးမယ်ဆိုရင် ကောင်းကင်ငါးပါးနယ်မြေအနေနဲ့ တခြားသော နတ်ဘုရားအင်ပါယာတွေကို လုံးဝ စိုးရိမ်စရာ မလိုတော့ပါဘူး။"

​"ကြေးနီသူတော်စင်နန်းတော်..."

​ရှူလုံ မဟာကောင်းကင်အရှင်မှာ သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

​နေရာရှိ တရားစီရင်ရေး အရာရှိများမှာလည်း စိတ်သက်သာရာ ရသွားကြသည်။

​ကောင်းကင်ငါးပါးနယ်မြေ၏ လက်ရှိ အခြေခံအုတ်မြစ်မှာ အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာထက် နိမ့်ကျနေသည်မှာ အမှန်ပင်ဖြစ်သည်။

​သို့သော် အချို့သော အချက်များတွင်မူ သူတို့မှာ အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာထက် အဆပေါင်းများစွာ သာလွန်နေလေပြီ။

​...

​...

​ရွှေဟွေးကျောင်းတော် နယ်မြေ။

​အောက်ခြေရှိ သူတော်စင်များမှာ ယနေ့ မည်သည့်နေ့ရက် ဖြစ်သည်ကို မသိကြပေ။

​ကျောင်းသားများမှာ ပုံမှန်အတိုင်းပင် ကျင့်ကြံနေကြပြီး ကျင့်စဉ်ဆိုင်ရာ အတွေ့အကြုံများကို ဖလှယ်နေကြသည်။

​ဆရာများမှာလည်း ပုံမှန်အတိုင်းပင် တာဝန်ဝတ္တရားများကို ထမ်းဆောင်နေကြသည်။

​သို့သော် ရုတ်တရက်ဆိုသလိုပင် သူတို့အားလုံးမှာ စွမ်းအားတစ်ခု၏ ဆွဲဆောင်မှုကို ခံလိုက်ရသည်။

​တစ်ယောက်ပြီးတစ်ယောက် လေထုထဲသို့ ပျံသန်းတက်လာကြပြီး ကောင်းကင်ယံတွင် ရပ်တန့်ကာ အဝေးတွင် ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အလင်းတန်း (၂၇) ခုကို ငေးမောကြည့်နေကြသည်။

​ကျောင်းတော်အသီးသီးမှ ကျောင်းတော်အုပ်ကြီးများနှင့် ကျောင်းအုပ်များ၏ အမူအရာမှာ အလွန်ပင် တည်ကြည်လေးနက်လာသည်။

​ကံကောင်းသည်မှာ အကြီးအကဲအချို့ ချက်ချင်းပင် ပေါ်လာပြီး သူတော်စင်များ၏ စိတ်ဓာတ်ကို တည်ငြိမ်အောင် ထိန်းထားပေးလိုက်သည်။

​လူသားကျောင်းဆောင်ဘက်တွင်မူ ဇောင်ဟွမ်နှင့် ဇောင်ဟွေ့တို့သည် ထိုအလင်းတန်း (၂၇) ခုကို တွေးတောရင်း ကြည့်နေကြပြီး ဖန့်ချန် ထွက်ခွာသွားစဉ်က မှာကြားခဲ့သည့် စကားများကို ပြန်အမှတ်ရနေသည်။

​နာလန်ချိုဟုန်နှင့် တာဝန်ကျ သူတော်စင်များမှာလည်း မိမိတို့လက်အောက်မှ ဆရာများနှင့်အတူ လေထုကို ခွဲကာ ရောက်ရှိလာကြသည်။

​"ကျောင်းတော်အုပ်ကြီး၊ကျောင်းအုပ်ကြီး၊ ဟိုမှာ..."

​ထိုသူတော်စင်များသည် ရောက်ရောက်ချင်းပင် စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

​ယခု မြင်ကွင်းမှာ ရွှေဟွေးကျောင်းတော်ကို အတိုက်ခံရတော့မည့် ပုံစံမျိုး ဖြစ်နေသည်။

​"စိတ်မပူကြပါနဲ့၊ ပုံမှန် အခြေအနေတစ်ခုပါ"

​ဇောင်ဟွမ် က တည်ငြိမ်စွာ ပြောသည်။

​ထိုသူတော်စင်များမှာမှ စိတ်အေးသွားကြသော်လည်း စိတ်ထဲတွင်မူ ပို၍ စူးစမ်းချင်စိတ်များ ဖြစ်ပေါ်လာသည်။

​"ကျောင်းတော်အုပ်ကြီး၊ကျောင်းအုပ်ကြီး၊ တာဝန်ကျသူတော်စင်၊ ဆရာတွေ... အကုန်လုံး ရောက်လာကြပြီ။"

​ချိုင်််စစ်ရှို့က အပေါ်ကို တစ်ချက်မော့ကြည့်ပြီးနောက် ဘေးနားရှိ ကျောင်းသားများကို အမြန်ပြောသည်။

​"မင်းတို့ ပြောကြည့်ဦး၊ လင်ယောင်ဘက်က ငါတို့ကို လာတိုက်တာများ ဖြစ်မလား"

​"ဖြစ်နိုင်ပါ့မလား..."

​ဒီဂျွန်းတောင်မှ ကျောင်းသားများမှာ အချင်းချင်း ကြည့်လိုက်ကြသည်။

​လူကျိုးဝမ် ကလည်း ခေါင်းခါသည်။

​"ဖြစ်နိုင်ခြေ နည်းပါတယ်။ နိဗ္ဗာန်တားမြစ်နယ်မြေ ပေါ်လာတာနဲ့တင် ကောင်းကင်ငါးပါးနယ်မြေကြားက အငြိုးအတေးတွေကို ခေတ္တရပ်ထားကြပြီ။ လင်ယောင်ဘက်က ငါတို့ကို ရုတ်တရက် ဘာလို့ လာတိုက်မလဲ။

​ပြီးတော့... ချင်းမင်နယ်မြေက လူကြီးတွေကလည်း လင်ယောင်ကို ငါတို့ ရွှေဟွေးကျောင်းတော်အထိ ဒီလောက် လွယ်လွယ်နဲ့ လာတိုက်ခွင့်ပေးမှာ မဟုတ်ဘူး။"

​ထိုအချိန်တွင်ပင် ကရုဏာတောင်မှ ကျောင်းသားအဖွဲ့များလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာသည်။

​ချိုင်စ်ရှို့ က ထိုဘက်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးများ အရောင်လက်သွားသည်။

​"ကရုဏာတောင်ဘက်က သိကောင်းသိလိမ့်မယ်၊ ဘယ်သူ သွားမေးကြည့်မလဲ"

​"မင်းပဲ သွားလိုက်ပါ၊ မင်းကလည်း ကရုဏာတောင်ကနေ ဆင်းလာတာပဲလေ"

​မိုရှဲ့ က တွေးတောရင်း ပြောသည်။

​ချိုင်စစ်ရှို့ခဏမျှ ကြောင်သွားပြီး ကရုဏာတောင်ဘက်ကို လှမ်းကြည့်ကာ ခါးသီးစွာ ရယ်မောလိုက်သည်။

​"အဲဒီ ကျောင်းသားတွေကို ငါ မမှတ်မိတော့ဘူး၊ ငါနဲ့ တစ်ခေတ်တည်း ဖြစ်ခဲ့တဲ့သူတွေက..."

​သူ စကားကို ဆက်မပြောတော့ပေ။

​သူနှင့် တစ်ခေတ်တည်း ဖြစ်ခဲ့သော ကျောင်းသားမှာ ဖန့်ချန် ဖြစ်ကြောင်း ကျောင်းသားအားလုံး သိကြသည်။

​ယခုအချိန်တွင် ဖန့်ချန်မှာ လူသားကျောင်းဆောင်ဘက်၌ မရှိ၊ ရှိနေပါက သူ၏ ပုံရိပ်ကို အခုလောက်ဆို မြင်နေရပြီ ဖြစ်သည်။

​လူသားကျောင်း‌ဆောင်ဘက်မှ ကျောင်းသားများသာမက ကျောင်းတော် အသီးသီးတွင်လည်း ထိုအကြောင်းအရာများကိုပင် ဆွေးနွေးနေကြသည်။

​ကံကောင်းသည်မှာ ထိုအလင်းတန်း (၂၇) ခုမှာ အန္တရာယ်ပြုမည့်ပုံ မရှိဘဲ တောက်ပနေရုံသာ ဖြစ်သည်။

​ထို့ကြောင့်လည်း ရွှေဟွေးကျောင်းတော်ဘက်တွင် ရှုပ်ထွေးမှုများစွာ မဖြစ်ပွားခဲ့ပေ။

​ရုတ်တရက်ဆိုသလိုပင် အတွင်းနယ်မြေတစ်ခုမှာ လေထုထဲမှ ပေါ်လာသည်။

​ထို့နောက် ဟေးဆန်းထွက်ပေါ်လာသည်။

​နေရာရှိ အကြီးအကဲများမှာ ထိုမြင်ကွင်းကို မြင်သည်နှင့် ချက်ချင်းပင် ရှေ့သို့တက်၍ လက်အုပ်ချီလိုက်ကြသည်။

​"ကျောင်းတော်အုပ်ချုပ်သူကို ဂါရဝပြုပါတယ်။"

​"ကျောင်းတော်အုပ်ချုပ်သူ အဲဒါ ဘာဖြစ်တာလဲခင်ဗျာ"

​အကြီးအကဲတစ်ဦးက ဂါရဝပြုပြီးနောက် အလင်းတန်း (၂၇) ခုရှိရာကို လက်ညှိုးထိုးကာ မေးလိုက်သည်။

​"ဘာမှ မဖြစ်ပါဘူး၊ ဒါ နိဗ္ဗာန်တားမြစ်နယ်မြေတွေပါ။ ငါတို့ ရွှေဟွေးကျောင်းတော်မှာ နောက်ထပ် နိဗ္ဗာန်တားမြစ်နယ်မြေ (၂၇) ခု ထပ်ရတော့မှာ။

​နောင်ကျရင် ငါတို့ ရွှေဟွေးကျောင်းတော် ကျောင်းသားတွေအတွက်ပဲ သီးသန့် ဝန်ဆောင်မှုပေးတော့မှာ။"

​ဟေးဆန်း က ရယ်မောကာ ပြောသည်။

​နိဗ္ဗာန်တားမြစ်နယ်မြေ (၂၇) ခု

ထိုအချက်အလက် မတိုင်ခင်က ဆန်းနယဲ့ စစ်မြေပြင်အကြောင်းမှာ အလွန် တင်းကျပ်စွာ လျှို့ဝှက်ထားခဲ့သည်။

​ထို့ကြောင့် ရွှေဟွေးကျောင်းတော်မှ အကြီးအကဲများပင်လျှင် ဤကိစ္စကို ကောင်းကောင်း မသိကြပေ။

​တစ်ခါတစ်ရံ ကြားမိလျှင်လည်း အမှန်အမှား ရောထွေးနေသော သတင်းများသာ ဖြစ်သည်။

​ယခု ဟေးဆန်း၏ စကားကြောင့် သူတို့မှာ သံသယဝင်သွားကြသည်။

​သူတို့မှာ အလင်းတန်းများ၏ အရင်းအမြစ်ကို သံသယဖြစ်သလို၊ ကျောင်းတော်အုပ်ချုပ်သူပြောသည့် စကား၏ ယုံကြည်ရမှုနှုန်းကိုလည်း သံသယဝင်နေကြသည်။

​"မင်းတို့ မယုံဘူးလား အခု ပြောပြလိုက်ရင်လည်း ဘာမှ မဖြစ်ပါဘူး။"

​ဟေးဆန်း က ပြုံးလိုက်ပြီး ဆန်းနယဲ့စစ်မြေပြင်အကြောင်း အကုန်အစင် ထုတ်ပြောလိုက်သည်။

​နေရာရှိ အကြီးအကဲများနှင့် ကျောင်းတော်အုပ်ကြီးများသည် ထိုစကားများကို နားလည်သဘောပေါက်ရန် အချိန် နာရီဝက်တိတိ ကြာသွားသည်။

​"ဆိုလိုတာက... ဖန့်ချန် ဆန်းနယဲ့ စစ်မြေပြင်ကို သွားပြီး တခြား ကျဲနယဲ့ အဆင့်မြင့်သူတွေဆီကနေ အတွင်းနယ်မြေ (၁၀၇) ခုကို အနိုင်ယူလာခဲ့တာပေါ့..."

​"အခု (၂၇) ခုက ငါတို့ ရွှေဟွေးကျောင်းတော်မှာ နေရာချထားဖို့လား "

​"ရှူး"

​သူတို့မှာ ငယ်ရွယ်သူများရှေ့တွင် အမြဲပင် တည်ငြိမ်၍ စူးရှသော အတွေးရှိသူများ ဖြစ်ကြသော်လည်း...

​ယခုအချိန်တွင်မူ အံ့အားသင့်လွန်းသဖြင့် အသက်ရှူသံများပင် ပြင်းထန်သွားရသည်။

စွမ်း​အားကြီးလိုက်တာကွာ

​လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀၀) ကျော်အတွင်းမှာ သူတို့မသိလိုက်ဘဲ နောက်ကွယ်ကနေ ဒီလောက်တောင် ဖြစ်ပျက်ခဲ့လိမ့်မယ်လို့ မထင်ထားခဲ့မိပေ။

​သို့သော် အံ့အားသင့်ပြီးနောက် စိုးရိမ်စိတ်အချို့လည်း ဝင်လာသည်။

​သူတို့၏ အတွေးကို ရိပ်မိပုံရသော ဟေးဆန်း က တည်ငြိမ်စွာ ပြောသည်။

​"အခုကတော့ တစ်လှမ်းချင်းစီပဲ သွားရမှာပါ။ လက်ရှိ အခြေအနေက အရင်ကလို တည်ငြိမ်အေးချမ်းတဲ့နေ့ရက်တွေနဲ့ ယှဉ်ရင် အန္တရာယ်တွေ ပြည့်နှက်နေပေမဲ့...

​ဒါဟာ အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။ ဒီမျိုးဆက်သစ်တွေအတွက် အခွင့်အရေးတစ်ခုပါပဲ။"

​ထိုစကားမှာ ပင်လယ်ပြင်ကို တည်ငြိမ်စေသည့် ဆေးလုံးတစ်လုံးကဲ့သို့ပင် ဖြစ်ပြီး နေရာရှိ သူတော်စင်များကို စိတ်သက်သာရာ ရသွားစေသည်။

​ထိုအချိန်တွင် အတွင်းနယ်မြေ နောက်တစ်ခု ထပ်ပေါ်လာသည်။

​ရှူလုံ မဟာကောင်းကင်အရှင် နှင့် ဖန့်ချန်တို့ အတွင်းနယ်မြေထဲမှ ထွက်လာကြပြီး အလင်းတန်း (၂၇) ခုကို ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။

​"အလင်းတန်းတိုင်းက နိဗ္ဗာန်တားမြစ်နယ်မြေ တစ်ခုစီကို ကိုယ်စားပြုတယ် "

​"ရှေးဟောင်း သူတော်စင်ဧကရာဇ်ရဲ့ သွေးတွေက ခွဲဝေဖို့ လုံလောက်ပါတယ်"

​"ဒီအတိုင်း ဆက်သွားရင် နောက်ထပ် နှစ်ပေါင်းသောင်းဂဏန်းလောက် အခြေခံအုတ်မြစ်ကို စုဆောင်းနိုင်ရင် အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာကိုတောင် ငါတို့ လုံးဝ ကျော်တက်သွားနိုင်လိမ့်မယ်"

​အကြီးအကဲငါးပါး၏ မျက်ဝန်းထဲတွင် ခံစားချက်များ ပြည့်နှက်နေသည်။

​ရှူလုံ မဟာကောင်းကင်အရှင် က ဟေးဆန်း ကို တစ်ချက်ကြည့်ကာ -

​"မင်း ခရီးက တော်တော် မြန်တာပဲ"

​ဟေးဆန်း က ရယ်မောကာ ဂါရဝပြုပြီး စကားကို နိဗ္ဗာန်တားမြစ်နယ်မြေဘက်သို့ ပြောင်းလိုက်သည်။

​"ရှူလုံ မဟာကောင်းကင်အရှင်၊ အရှင်အမြင်အရဆိုရင် ငါတို့ ရွှေဟွေးကျောင်းတော်က နောင်တစ်ချိန် ကျောင်းသားရွေးချယ်တဲ့အခါ စံနှုန်းကို အနည်းငယ် လျှော့ချလိုက်ရင် မကောင်းဘူးလား"

​"မင်းက ရွှေဟွေးကျောင်းတော်ရဲ့ ကျောင်းတော်အုပ်ချုပ်သူ ပဲ၊ ဒီကိစ္စတွေကို မင်းပဲ ဆုံးဖြတ်ပါ၊ ငါက ဒီလိုကိစ္စမျိုးတွေ မကျွမ်းကျင်ဘူး။"

​ရှူလုံ မဟာကောင်းကင်အရှင် က တည်ငြိမ်စွာ ပြောသည်။

​ဟေးဆန်း က စကားကြားသည်နှင့် ခေါင်းညိတ်လိုက်ပြီး သူကိုယ်တိုင် စဉ်းစားကာ -

​"ဒါဆို နောင်လာမယ့် ကျောင်းသားသစ် အရေအတွက်ကို အဆ (၁၀) လောက် တိုးလိုက်တော့မယ်..."

​အခန်း (၂၈၄၆) - သူတို့ကို ကမ္ဘာလောက အတွေ့အကြုံသစ်များ သွားရောက်ကြည့်ရှုစေခြင်း

​ရွှေဟွေးကျောင်းတော်၌ ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းမျိုးမှာ အခြားသော ကျောင်းတော်ခြောက်ခုတွင်လည်း တစ်ပြိုင်နက်တည်း ဖြစ်ပျက်နေလေသည်။

​မငြိမ်မသက်နယ်မြေ။

​ထက်မြက်တောက်ပသော အလင်းတန်း (၂၀) ခု ကျဆင်းလာသည့်အခါတွင်...

​တိတ်ဆိတ်နေသော အသက်ရှူသံများမှာ ရုတ်တရက် လှုပ်ရှားလာပြီး တစ်ခဏချင်းတွင်ပင် ထိုအလင်းတန်းများ၏ အနီးအနားသို့ ပေါ်လာကြသည်။

​"ငါပြောမယ်... ကောင်းကင်ငါးပါးနယ်မြေဘက်က သဘောပေါက်သွားပြီး ငါတို့ကို အပြီးသတ်ရှင်းထုတ်ဖို့ ပြင်နေတာများ ဖြစ်မလား"

​အတွင်းနယ်မြေတစ်ခုထဲမှ ပေါ့ပေါ့ဆဆ လေသံတစ်ခု ထွက်ပေါ်လာသည်။

​"မဖြစ်နိုင်ပါဘူး၊ ကောင်းကင်ငါးပါးနယ်မြေဘက်က ငါတို့ရဲ့ တပည့်တွေကို နိဗ္ဗာန်တားမြစ်နယ်မြေထဲ ဝင်ခွင့်ပေးထားတာကို၊ ဘာလို့များ အခုအချိန်မှာ ငါတို့ကို တိုက်ခိုက်ရမှာလဲ"

​ရှန်ကျောက် သူတော်စင်၏ အမူအရာမှာ အေးစက်နေသည်။

​ထိုသို့ ပြောဆိုသော်လည်း သူ၏ မျက်ဝန်းထဲတွင်မူ သံသယအရိပ်အယောင်အချို့ ရှိနေသည်။

​နေရာရှိ သူတော်စင်များမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။

​သူတို့၏ ကျင့်စဉ်အဆင့်ဖြင့် ထိုအလင်းတန်း (၂၀) ၏ အန္တရာယ်ရှိမှုကို အနည်းငယ် ရိပ်မိနေကြသည်။

​အနည်းဆုံးတော့ သူတို့အနေနဲ့ အလွယ်တကူ ကပ်သွားလို့ မရပေ။ နီးကပ်သွားပါက ဘေးအန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရမည့်အလား ခံစားနေရသည်။

​"ခန့်မှန်းမနေကြနဲ့တော့။"

​လုကျိုးယွမ် က သူတော်စင်များကို ကျောပေးကာ လက်ကိုနောက်ပစ်၍ ရပ်နေသည်။

​"ဒါက မင်းတို့အတွက် အကျိုးရှိမယ့်ကိစ္စပါ၊ အဆိုးဘက်က မဟုတ်ပါဘူး။"

​နေရာရှိ သူတော်စင်များမှာ အရင်ဦးဆုံး ထိတ်လန့်သွားကြသည်။ မိမိတို့ရှေ့တွင် ရှိနေသူမှာ မည်သို့ ပေါ်လာမှန်း မသိလိုက်ပေ။ သို့သော် နောက်တစ်ခဏတွင် လုကျိုးယွမ်၏ ပုံပန်းသဏ္ဍာန်ကို မှတ်မိသွားကြပြီး ချက်ချင်းပင် လေးစားသမှုဖြင့် ရိုသေလိုက်ကြသည်။

​"အကြီးကဲ ရောက်လာပါပြီလား။"

​ရှန်ကျောက် သူတော်စင်မှာ အံ့ဩစွာဖြင့် မေးသည်။

​လုကျိုးယွမ်မှာ ထိုအလင်းတန်း (၂၀) ရှိရာဘက်ကိုသာ ဆက်လက်ကြည့်နေသည်။

​"မင်းတို့ မြင်နေရတာက နိဗ္ဗာန်တားမြစ်နယ်မြေတွေပါ။ အခုတော့ ဒီနယ်မြေတွေကို ဖြည်းဖြည်းချင်း နေရာချထားပေးရမှာမို့ အချိန်နည်းနည်းတော့ ကြာလိမ့်မယ်။"

​"နိဗ္ဗာန်တားမြစ်နယ်မြေ"

​သူတော်စင်များမှာ အချင်းချင်း ကြည့်လိုက်ကြပြီး မျက်ဝန်းထဲတွင် သံသယနှင့် စိုးရိမ်မှုများ ပြည့်နှက်နေသည်။

​ရှန်ကျောက် သူတော်စင်က အလိုအလျောက်ပင် မေးလိုက်သည်။

"အကြီးကဲက ကောင်းကင်ငါးပါးနယ်မြေက နိဗ္ဗာန်တားမြစ်နယ်မြေတွေကို ဒီကို ရွှေ့ပြောင်းယူလာပေးတာလား"

​"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

​"အကယ်၍သာ ဒီလိုဆိုရင် ကောင်းကင်ငါးပါးနယ်မြေဘက်မှာ ကောင်းကင်ပြိုမတတ် ရှုပ်ကုန်မှာပေါ့။"

​လုကျိုးယွမ်မှာ ရယ်မောခြင်းကို မထိန်းနိုင်ဘဲ ပြောသည်။

​သူတော်စင်များမှာ အချင်းချင်း ကြည့်လိုက်ကြပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်ကြသည်။

​အရင်ကဆိုလျှင် အရှေ့ရှိ ပုဂ္ဂိုလ်ကြီးက မငြိမ်မသက်နယ်မြေအတွက် စကားအနည်းငယ် ဝင်ပြောပေးကာ ကောင်းကင်ငါးပါးနယ်မြေ၏ တိုက်ခိုက်မှုကို ရပ်တန့်ပေးခဲ့သည်မှာပင် ကျေးဇူးတင်စရာ ဖြစ်နေပြီ။

​သူက ဘယ်လိုလုပ်ပြီး ကောင်းကင်ငါးပါးနယ်မြေရဲ့ နိဗ္ဗာန်တားမြစ်နယ်မြေကို ဒီနေရာအထိ ပို့ပေးပါ့မလဲ။

​ဒါဆိုရင် သူပြောတဲ့ နိဗ္ဗာန်တားမြစ်နယ်မြေတွေက ဘယ်ကလာတာလဲ။

​"အတိုချုပ်ပြောရရင် ဒီနိဗ္ဗာန်တားမြစ်နယ်မြေတွေက ဖန့်ချန်က ဆန်းနယဲ့ စစ်မြေပြင်ကနေ တိုက်ယူလာခဲ့တာပါ။ စုစုပေါင်း (၁၀၇) ခုရှိပြီး ကောင်းကင်ငါးပါးနယ်မြေက ရှိပြီးသားတစ်ခုနဲ့ ပေါင်းရင် (၁၀၈) ခု ဖြစ်သွားမှာ။"

​"ရွှေဟွေးကျောင်းတော်ကို (၂၇) ခု ခွဲပေးထားပြီး၊ ကျန်တဲ့ ကျောင်းတော်ခြောက်ခုကို (၁၀) ခုစီ ခွဲပေးထားတယ်။"

​"နောက်ထပ် (၂၀) ကျန်နေသေးတာကို ဖန့်ချန်က မင်းတို့ မငြိမ်မသက်နယ်မြေကို ပို့ပေးမယ်လို့ ပြောတာမို့ အခုလို မြင်နေရတဲ့ မြင်ကွင်း ဖြစ်လာတာပေါ့။"

​လုကျိုးယွမ် က အေးဆေးစွာ ပြောသည်။

​"ဖန့်ချန်"

​"သွေးရွာခန်းမက 'ဝူရှီး' ကို ပြောတာလား"

​"ချီကွမ်းယီကို အနိုင်ယူခဲ့တဲ့သူလား"

​နေရာရှိ သူတော်စင်များမှာ အချင်းချင်း ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် ရှန်ကျောက် သူတော်စင်ထံသို့ အကြည့်များ ရောက်သွားသည်။

​အဘယ်ကြောင့်ဆိုသော် ထိုသူတော်စင်များထဲတွင် ဖန့်ချန်နှင့် ထိတွေ့ဖူးသူမှာ သူတစ်ယောက်တည်း ရှိသောကြောင့် ဖြစ်သည်။

​ရှန်ကျောက် သူတော်စင်သည် ခဏမျှ တိတ်ဆိတ်နေပြီးမှ အသေးစိတ်ကို မေးမြန်းလိုက်သည်။

​လုကျိုးယွမ် ကလည်း စကားအနည်းငယ်ဖြင့် ရှင်းပြလိုက်သည်။

​သူတော်စင်များမှာ ကြားပြီးနောက်တွင် တိတ်ဆိတ်သွားကြသည်။

​ရုတ်တရက် သူတော်စင်တစ်ဦးက ရယ်မောလျက် ပြောသည်။

​"ဖန့်ချန်ကလည်း သွေးရွာခန်းမရဲ့ သူတော်စင်တွေက ကောင်းကင်ငါးပါးနယ်မြေထက် ပိုတော်တယ်လို့ ထင်နေတာပဲ။"

​ကျန်သူတော်စင်များမှာ ဘာမှမပြောသော်လည်း မျက်ဝန်းထဲတွင်မူ အပြုံးများ ပေါ်လာသည်။

​တစ်လခန့် ကြာပြီးနောက်...

​နေရာအနှံ့ရှိ အလင်းတန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

​နိဗ္ဗာန်တားမြစ်နယ်မြေ တစ်ခုပြီးတစ်ခုမှာ သူတော်စင်များ၏ မျက်စိရှေ့တွင် ပေါ်လာသည်။

​ဒီအချိန်ကျမှသာ သူတို့ရှေ့က မြင်ကွင်းမှာ အိပ်မက် မဟုတ်ကြောင်း ယုံကြည်သွားကြသည်။

​...

​...

​ရွှေဟွေးကျောင်းတော်။

​လူသားကျောင်းဆောင်။

​"ဒါက မင်း ပုံမှန်ကျင့်ကြံနေတဲ့ နေရာလား"

​ရှူဖူ က ပြုံးလျက် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ ပြောသည်။

​"တော်တော်လေးကို ရိုးရှင်းတာပဲ။"

​"သူတော်စင်တွေမှာ အတွင်းနယ်မြေ ရှိတော့ ဒီလိုနေရာမျိုးကို သိပ်အာရုံမထားမိတော့ဘူးဗျ။"

​ဖန့်ချန် က ရယ်မောပြောသည်။

​"ဒါလည်း ဟုတ်တာပါပဲ။"

​ရှူဖူ ခေါင်းညိတ်ပြီး လက်ကိုမြှောက်လိုက်ရာ ကြယ်တာရာမျက်ရည်များမှာ ဖန့်ချန်၏ ရှေ့သို့ ရောက်လာသည်။

​"သာမန်အဆင့် ကြယ်တာရာမျက်ရည် (၅၂) လုံး။"

​"အဆင့်တစ် ကြယ်တာရာမျက်ရည် (၄၇) လုံး။"

​"မင်း စစ်ဆေးကြည့်လိုက်ဦး။"

​ဖန့်ချန် စိတ်ထဲတွင် တွေးလိုက်ပြီး လက်ဖြင့် အလင်းစက်များကို အမြန်ပင် ဖမ်းယူလိုက်သည်။

​အရေအတွက်မှာ မှန်ကန်သည်။ အဆင့်တစ် ကြယ်တာရာမျက်ရည် (၄၇) လုံးမှာလည်း သူအရင်က သုံးခဲ့သည့်အတိုင်းပင် ဖြစ်သည်။

​သူက ကြယ်တာရာမျက်ရည်များကို သိမ်းဆည်းလိုက်ပြီး လက်အုပ်ချီကာ -

​"ကျေးဇူးတင်ပါတယ် စခန်းတာဝန်ခံကြီး။"

​"ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး၊ ဒါတွေက မင်းကိုယ်တိုင် တိုက်ယူလာခဲ့တာတွေလေ။"

​ရှူဖူ က ရယ်သည်။

"မင်း အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာကို အခြေခံအုတ်မြစ် တိုက်ပွဲ စတင်တော့မယ်လို့ ကြားတယ်နော် "

​"ဟုတ်ပါတယ်၊ ဒါပေမဲ့ ဆန်းနယဲ့ စစ်မြေပြင်ရဲ့ စည်းကမ်းတွေကို ကျွန်တော် သိပ်နားမလည်သေးလို့ပါ။"

​ဖန့်ချန် က ပြောသည်။

​"ဆန်းနယဲ့ စစ်မြေပြင်ရဲ့ စည်းကမ်းက ရှုပ်ထွေးတာ မဟုတ်ပါဘူး။"

​ရှူဖူ က ပြောသည်။

"မင်း တိုက်ပွဲစတင်ချင်ရင် ငါ့ဆီကို လာလျှောက်ထားရုံပဲ။

​ငါလည်း တခြားသူတွေကို ကူညီပြောပေးလို့ ရတယ်။

​အဲဒီအခါကျရင် မင်းတို့ ကောင်းကင်ငါးပါးနယ်မြေနဲ့ အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာတို့ကြားမှာ အခြေခံအုတ်မြစ် တိုက်ပွဲ ဖြစ်လာလိမ့်မယ်။

​နောက်ပိုင်းတော့ စည်းကမ်းအတိုင်း ဆက်လုပ်သွားရမှာပဲ။"

​"ဒါဆိုရင်လည်း စခန်းတာဝန်ခံကြီးကိုပဲ အားကိုးရမှာပါပဲ။"

​ဖန့်ချန် လေးလေးစားစား ဂါရဝပြုသည်။

​"ဘာမှ အားနာစရာ မလိုပါဘူး၊ ငါနဲ့ မင်းရဲ့ ဆရာနဲ့က အရင်ကတည်းက ခင်မင်ခဲ့ကြတာပါ။ အခုလို အရည်အချင်းရှိတဲ့ တပည့်ကောင်းတစ်ယောက်ကို မွေးထုတ်ပေးနိုင်တာကို မြင်ရတာ ငါတကယ်ကို ဝမ်းသာပါတယ်။"

​ရှူဖူ က ပြုံးလျက် ပြောသည်။

​ဖန့်ချန် ခဏမျှ ကြောင်သွားပြီး -

"ကျွန်တော့် ဆရာက..."

​"ဟူး... မင်းရဲ့ ဆရာက အရာရာမှာ ကောင်းပေမဲ့ ကြေးနီသူတော်စင်နန်းတော်မှာ ရှိတုန်းက နည်းလမ်းအချို့တော့ ရှိခဲ့သားပဲ။

​ဒါပေမဲ့ သူက... သိပ်ကြောက်လွန်းအားကြီးနေတာ။

​နောက်ဆုံးတော့ ကြေးနီသူတော်စင်နန်းတော်ကနေ အထုတ်ခံရပြီး ဆန်းနယဲ့စစ်မြေပြင်ကနေလည်း မောင်းထုတ်ခံလိုက်ရတယ်။

​မင်းကတော့ မင်းဆရာလိုမျိုး မဖြစ်စေနဲ့။

​နောက်ပိုင်း ကြေးနီသူတော်စင်နန်းတော်ထဲ ဝင်ဖြစ်ရင် အပေါ်က စီစဉ်တာတွေကို သေချာ နားထောင်၊ မဟုတ်ရင်တော့..."

​ရှူဖူ စကားမဆုံးခင်မှာပင် ခေါင်းကိုသာ ခါလိုက်သည်။

​ဖန့်ချန် အနည်းငယ် ရိပ်မိသွားသည်။

​သူ ပြောနေတာ လုကျိုးယွမ် ကို ပြောတာလား

​လုကျိုးယွမ် ကို သူ့ရဲ့ ဆရာလို့ ထင်နေတာလား

​"ဒီလူကတော့ ကြေးနီသူတော်စင်နန်းတော်ကို ရောက်ဖူးတာပဲ၊ နောက်ပြီး အထုတ်ခံလိုက်ရတာလား သူတော်စင်ဧကရာဇ် နန်းတော်နဲ့ အသက်ပေး မတိုက်ချင်လို့လား"

​ဖန့်ချန် အတွေးဝင်သွားသည်။

​"ကောင်းပြီ၊ မင်းတို့ အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာနဲ့ တိုက်ပွဲစတော့မယ်ဆိုရင် ဒီက ကျဲနယဲ့အဆင့်မြင့်သူ အားလုံးကို ခေါ်လာခဲ့၊ ငါ မင်းတို့ကို အတွေ့အကြုံသစ်တွေ သွားကြည့်စေရမယ်။"

​"မင်းတို့ နောက်ထပ် နိဗ္ဗာန်တားမြစ်နယ်မြေတွေ အများကြီး ထပ်တိုက်နိုင်လာလိမ့်မယ်။"

​ရှူဖူ က ပြောသည်။

"ငါ ဒီမှာပဲ စောင့်နေမယ်၊ လူခေါ်သွားလိုက်တော့။"

​ဖန့်ချန်မှာ ချက်ချင်း မလှုပ်ရှားသေးပေ။

​ရှူဖူ မျက်မှောင်ကြုတ်ကာ -

"ဘာဖြစ်လို့လဲ၊ ထူးခြားတာ ရှိလို့လား"

​"စခန်းတာဝန်ခံကြီး၊ ကောင်းကင်ငါးပါးနယ်မြေမှာ ကျဲနယဲ့အဆင့်မြင့်သူက ကျွန်တော်တစ်ယောက်တည်း ရှိတာပါ။"

​ဖန့်ချန် က တွေးတောရင်း ပြောသည်။

"ကျန်တဲ့ ဆန်းနယဲ့ သူတော်စင်တွေကတော့ အပြင်မှာ စောင့်နေကြပါတယ်၊ အခုချက်ချင်း သွားလို့ ရပါတယ်။"

​ရှူဖူ မှာ ကောင်းကောင်း မကြားလိုက်သလို ဖြစ်သွားသည်။

"မင်း အခုနက ဘာပြောလိုက်တာလဲ"

​"ကျန်တဲ့..."

​"အပေါ်က စာကြောင်း"

​"ကောင်းကင်ငါးပါးနယ်မြေမှာ ကျဲနယဲ့အဆင့်မြင့်သူက ကျွန်တော်တစ်ယောက်တည်း ရှိတာပါ။"

​"မင်းတစ်ယောက်တည်းပဲ ရှိတာ"

​ရှူဖူ အံ့ဩသွားသည်။

​ဖန့်ချန် စကားမပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။

​ရှူဖူ၏ အမူအရာမှာ ပို၍ ထူးဆန်းလာပြီးနောက် ရယ်မောလိုက်သည်။

​"မင်းတစ်ယောက်တည်းပဲ ရှိတာလား... ဒါဆိုရင် ဒီတစ်ခေါက် ဆန်းနယဲ့ စစ်မြေပြင် ဖွင့်တာက မင်းရဲ့ဆရာနဲ့လည်း ဘာမှ မသက်ဆိုင်ဘူးပေါ့။

​ရလဒ်ကတော့ ဆန်းနယဲ့ စစ်မြေပြင်ကို အခုမှ ထိတွေ့ခါစ နယ်မြေကနေ မင်းလို ကြေးနီသူတော်စင်နန်းတော်ရဲ့ အရံကိုယ်စားလှယ် တစ်ယောက် ပေါ်လာတာ၊ ဒီနယ်မြေက တကယ့်ကို ကံကောင်းတဲ့ နေရာပဲ။"

​သူ ရယ်မောရင်း ခေါင်းခါလိုက်သည်။

"အဆင်ပြေပါတယ်၊ မင်းတစ်ယောက်တည်း ဆိုရင်လည်း ရတာပဲ၊ အပြင်မှာ ပါလာတဲ့သူတွေက ဘာလုပ်ဖို့လဲ"

​"သူတို့ကို ကမ္ဘာလောက အတွေ့အကြုံသစ်တွေ သွားကြည့်စေဖို့ပါဗျာ။"

All Chapters